War torn village – N Hk Ga, Kachin, 26-27th Sept 2013

အင်ခါဂါးရွာသို့ သွားရောက်ခဲ့သည့် သိက္ခာတ်ာရဆရာ လမာယော် နှင့် အင်တာဗျူး (ဆရာမဒေါင်ညွယ် အင်ခါဂါးကျေးရွာကို သွားရောက်ခဲသည့် သိက္ခတော်ရ ဆရာ လမာယော်ကို ကချင်လို မေးမြန်ထားသည်ကို မြန်မလို  ဘာသာပြန်ထားပါသည်။)   Interview with Rev.  Lama...

အင်ခါဂါးရွာသို့ သွားရောက်ခဲ့သည့် သိက္ခာတ်ာရဆရာ လမာယော် နှင့် အင်တာဗျူး

(ဆရာမဒေါင်ညွယ် အင်ခါဂါးကျေးရွာကို သွားရောက်ခဲသည့် သိက္ခတော်ရ ဆရာ လမာယော်ကို ကချင်လို မေးမြန်ထားသည်ကို မြန်မလို ဘာသာပြန်ထားပါသည်။)

Interview with Rev.  Lama Yaw (KBC) on 28 September, 2013  who went to N Hka Ga on 26-27 September 2013
မချမ်းဘော့ကြိုးတံတား
အင်ခါဂါးကို ကျွန်တော်တို့ ဘာသာရေးအဖွဲ့က သွားနိုင်ဖို့အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမဲ့မသွားနိုင်ခဲ့ဘူး။ အင်ခါဂါး ဒေသကို သွားလာရေး အားလုံးပိတ်ဆို့ထားဟာ ဒီနေ့ စက်တင်ဘာ (၂၈) ရက်ဆိုရင် (၁) ပြည့်ပြီ။ သူတို့နဲ့ ပတ်သက်ပြီး သတင်းတွေကို အမျိုးမျိုးကြားနေရတယ်။  မချမ်းဘော့မြို့က ကြံခိုင်းရေးပါတီတွေနှင့်  ရ၀မ်ရိုးရာယဉ်ကျေးမှုကော်မတီတွေလည်း အင်ခါဂါးဒေသခံတွေကို သွားရောက် ကူညီပေးဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနိုင်းပြီး အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့သူတို့ကိုလည်း အာဏာပိုင်တွေက ပေးမသွားခဲ့ဘူး။ တိုက်ပွဲဖြစ်ပြီး တစ်လပြည့်ဖို့ (၂) ရက်အလိုမှ ကျွန်တော်တို့သွားနိုင်ခဲ့တယ်။


ပူတာအို မတက်ခင် ကျွန်တော်တို့လည်းဒီမှာ တိုင်းမှူးနဲ့ အလွတ်တမ်းတွေ့  တဲ့အခါ အင်းခါးဂါကိစ္စ   ပြောဖြစ်ခဲ့တယ်။ ကျွန်တော်တို့ပူတာအိုရောက်တော့ ဗျူဟာမှူးနဲ့ အရင်တွေ့တယ်။ ဗျူဟာမှူးနှင့် ခရီးစဉ်မှာ လိုက်ပါမည့် အမည်စာရင်းတွေပေးကြတယ်။    ကျွန်တော်တို့အင်ခါဂါးရွာကိုသွားမယ် ဆိုတာသိတော့  မချမ်းဘော့မြို့က ကြံခိုင်းရေးပါတီတွေနှင့်  ရ၀မ်ရိုးရာယဉ်ကျေးမှုကော်မတီတွေလည်း အတူလိုက်ပါလိုကြောင်း ကမ်းလှမ်းလို့အတူသွားဖြစ်ခဲ့ကြတယ်။     
ဗျူဟာမှူးနဲ့တွေ့ပြီးနောက်တစ်နေ့မနက်က ကျွန်တော်တို့ မြစ်ကြီးနားကနေ သယ်ဆောင်ခဲ့သည် ပစ္စည်းတွေ၊ ပူတာအိုဇုံနယ် နှစ်ခြင်းအသင်းတော်က စုစည်းထားသည့် ပစ္စည်းတွေ၊ မန္တာလေး ကချင်ရိုးရာနှင့် ယဉ်ကျေးမှုအဖွဲ့မှ လာကူညီထားတဲ့ ပစ္စည်းအချို့ရယ် အကုန်ယူသွားပြီး စက်လှေနှစ်စီးနဲ့ အင်ခါးဂါးကျေးရွာကို သွားတယ်။

ပထမ လှေမှာတော့ စ.ရ.ဖ  အဖွဲ့ရယ်၊ ရ၀မ်ရိုးရာနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့တွေနဲ့  ဒန်ဂူးတန်ဦးဆောင်သော ရ၀မ်ပြည်သူ့စစ်ခေါင်းဆောင်တွေစီးကြတယ်။ သူတို့က (၈)ရောက်လောက်စီးကြတယ်။


 ကျွန်တော်တို့ အသင်းတော် အဖွဲ့က (၈) ယောက်နှင့် စက်လှေဆရာ ၂ ဦး ကနောက်ကလှေနဲ့ပါ။ သွားရောက်ကူညီမည့် ပစ္စည်းအပြည့်နဲ့ ပေါ့။ အင်ခါဂါးကျေးရွာ စက်လှေဆိပ်ကို ရောက်တော့ ကျွန်တော်တို့ကို ရွာမှာရှိနေတဲ့ မြန်မာစစ်ဗိုလ်တွေကိုယ်တိုင် ဖော်ဖော်ရွှင်ရွှင်လာကြိုကြတယ်။ တည်းခိုမည့်နေရာလည်း သူတို့ပဲလိုက်ပြတယ်။

ရွာသားတွေနှင့်တွေ့ပြီးနောက် သူတို့ပြောပြတာကတော့   ကျွန်တော်တို့မရောက်လာခင်ထိ   ရွာက အိမ်တိုင်းမှာ စစ်သားတွေရှိတယ်။ ညလည်းအတူတူအိပ်ရတယ်။ သင်းအုပ်ဆရာအိမ်တွေမှာတော့ အရာရှိတွေအိပ်တယ်။ စစ်သားတွေက ဒေသခံတွေကို ဘယ်မှမသွားခိုင်းဘူး။ တောင်ယာသွားမယ် ဆိုလည်း စစ်သားတွေက လုံခြုံရေးပေးမယ်ဆိုပြီး အတူတူသွားရတယ်။ စပါးတွေလည်း အခုက ကြိတ်လို့မရတော့ဘူး။ ရိတ်သိမ်းချိန်လွန်သွားလို့ စပါးကို ကြိတ်လိုက်ရင် ဆန်မထွက်လာဘူး။ အမှုန့်တွေပဲထွက်လာတယ်။ ဒေသခံတွေက စစ်သားတွေပါရင်တောင်ယာကို မသွားရဲကြောင်းတောင်းဆိုပြီးသွားသော်လည်း  တပ်ကနောက်ကနေ လိုက်လာကြတယ်-  

ရွာသားတွေက တောင်ယာကို ဆက်မသွားရဲတော့သာကြောင့် စပါးရိတ်သိမ်းမှုကို ဆက်မလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။  အခုကျွန်တော်တို့ ရောက်ခါနီးမှ စစ်သားအချို့ကို တောကိုပို့လိုက်တာတဲ့။ ညဆိုရင်သူတို့ဘယ်မှသွားလို့မရဘူး။ အပေါ့အပါးတာင် ခွင့်မပြုချင်ဘူး။ အိမ်ပြင်ထွက်လို့ကို မရဘူး။

အင်ခါဂါးကျေးရွာမှ သင်းအုပ်ဆရာ ဦးရမ်မိုင်ကိုတော့(၄) ရက်တိတိ  ကြိုးချည်ပြီး နှိပ်စက်မှုတွေ လုပ်ခဲ့တယ်။ ထမင်း ၃ နပ် မကျွေးဘူးတဲ့။    သူ့ဆီမှာ အရင်တုန်းက သေနတ် တိုမီး သေနတ်မိလို့တဲ့။ အဲဒီသေနတ်က ဟိုအရင်က အစိုးရ ပြည်သူ့စစ်လုပ်တုန်းကတည်းကကိုင်ခဲ့တဲ့  တိုမီးသေနတ်ဖြစ်တယ်။ဘယ်လောက်ပဲရှင်းပြပြ   သူ့ကို (၄)ရက်တိတိ  ကြိုးတုတ်ထားပြီး သေနတ်တွေနဲ့ရိုက်တယ်။ ခြေသလုံးတွေကို သံလုံးနဲ့ကြိတ်ပေးတယ်။ အဲလိုဝိုင်းနှိပ်စက်ထားကြတော့ သူအခုထိတောင် လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်သေးဘဲ အိပ်ရာထဲလဲ နေရရှာတယ်။ သူ့ကို  ခလရ (၁၃၇) ဒုတပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ပြီး နှိပ်စက်တာလို့ပြောတယ်။ ဟိုတလောကဆို လမ်းတောင် မလျှောက်နိုင်ဘူးတဲ့။ အခုနောက်ပိုင်းဆို တပ်ကခဏခဏ လက်ဆောင်တွေနဲ့လာပြီး တောင်းပန်တာတွေ လုပ်တယ်တဲ့။ 

သူ့ကိုသွားတွေ့လိုက်မှာကို စိုးရိမ်လို့ ထင်တယ် – ရွာကိုသွားဖို့ခွင့်မပြုခဲံတာ။ အခုမှသွားခိုင်းတယ်။ စစ်တပ်ကလွဲလို့ အပြင်ကအဖွဲ့အစည်းတွေ သွားတာက ကျွန်တော်တို့အဖွဲ့ ပထမဆုံးပဲ။

ကျွန်တော်တို့ရောက်တော့ စာသင်ဆောင်မှာ ပါလာတဲ့ တပ်ကဦးဆောင်ပြီး ထောက်ပံ့ပစ္စည်းပေးအပ်ပွဲလုပ်တယ်။ ကျွန်တော်တို့ကို ကြိုတဲ့အဖွဲ့က ခလရ (၁၃၈)တပ်ရင်းမှူးနဲ့ (၁၃၇)ဒုတပ်ရင်းမှူးတို့ကိုယ်တိုင်ပဲ။ နောက်တော့ဒေသခံတွေကိုခေါ်စုပြီး   
တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင် ပေးပို့တဲ့ ဆန်အိတ် (၂၀) လက်ခံရရှိတဲ့ အခမ်းအနား     ဆိုပြီး နောက်ခံစာသားထိုးပြီး ပေးအပ်ကြတယ်-   ကျွန်တော်တို့ပါလာတဲ့ပစ္စည်းတွေကို တပါတည်း ဒေသခံတွေကိုပေးခဲ့ရတယ်။  ဒေသခံတွေရဲ့မျက်နှာမှာ အခုထိပြုံးတဲ့အရိပ်အယောင်မတွေ့ရဘူး။ အားလုံးက ငိုတဲ့မျက်နာနဲ့။ သူတို့ကြိတ်ပြီးငိုနေကြတယ်။

 နောက်တနေ့မနက်တော့ စာသင်ကျောင်း ရှေ့က မြက်ခင်းပေါ်မှာ ဆုတောင်းပွဲလုပ်ခဲ့ကြတယ်။ တပ်ကအရာရှိတွေလည်းပါတယ်။ ဆုတောင်းပွဲအပြီး စစ်တပ်ကလည်း ဒေသခံတွေ ကိုစကားအနည်းငယ်ပြောချင်တယ်ဆိုပြီးပြောတယ်။ `ကဲအခု ကျွန်တော်တို့လူလည်းအရမ်းများတယ်။ ဌာနဆိုင်ရာနဲ့ဘာသာရေးခေါင်းဆောင်တွေလည်း အားလုံးစုံနေတယ်။ အားလုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် — ကျွန်တော်တို့ဒီတပ်ရင်း နှစ်ခုက မိန်းကလေးတွေကအဓ္ဓ ပြုကျင့်တာတွေ ရိုက်နှိပ်စက်တာတွေ ရှိရင်  အခုပြောရအောင်ဆိုပြီး ရွာသားတွေကို ပြောတယ်။     

သူပြောပြီးနောက် ဒေသခံတွေက ၅ မိနစ်လောက်တိတ်သွားတယ်။ ဘယ်သူမှဘာမှ မပြောကြဘူး။ စကားတစ်ခွန်းမှ ထွက်မလာဘူး။ 

တချို့ဒေသခံတွေက ငိုနေကြတယ်။ မျက်ရည်ခိုးပြီးသုတ်နေကြတယ်။   ဘယ်သူမှမမေးတော့တဲ့နောက် ကျွန်တော်က မေးခွန်းတစ်ခုမေးတယ်။ သင်းအုပ်ဆရာကို တပ်ဘက်က အမြင်မရှင်းခင်ထိ ညှင်းပန်းနှိပ်စပ်မှုတွေ တော်တော်ပြုလုပ်ခဲ့ဆိုတာ ဟုတ်ပါသလားလို့မေးတော့…အစပိုင်းက မေးမြန်းစစ်ဆေးမှုတွေတော့ လုပ်ခဲ့တယ်ဆိုပြီးပဲ ဖြေတယ်။ ညှင်းပန်းနှိပ်စက်မှု မလုပ်ခဲ့ပါဘူးလို့တော့မပြောကြဘူး။ ရွာသားတွေနှင့် လွတ်လွတ်လပ်လပ် စကားပြောခွင့်မသာခဲ့ဘူး။ ကျွန်တော်တို့ ဘယ်သွားသွားသူတို့လိုက်ပါတယ်။ စားအတူ သောက်အတူ ပဲ။  တပ်အရာရှိတွေက  တချိန်လုံး ရယ်ရယ်မောမောနဲ့ပဲ။ 

ကျွန်တော်တို့က ဒဏ်ရာရနေတဲ့ သင်းအုပ်ဆရာဦးရမ်မိုင်ကိုခေါ်သွားချင်တယ်။ ဒါပေမဲ့ရွာမှာက အူတက်နာတာနဲ့၊ နှလုံးရောဂါဖြစ်တာနဲ့ဒေသခံ (၁၇)ယောက်လောက် ရှိနေတယ်။ သူတို့အားလုံးကိုခေါ်သွားပြီး ဆေးကုပေးဖို့  တပ်ရင်းမှူးတွေကို ပြောတော့၊ တပ်ရင်းမှူးလည်း အထက်ကိုပြန်တင်ပြတယ်။ ဒါပေမဲ့ကျွန်တော်တို့ သူတို့ကို မခေါ်လာနိုင်ခဲ့ဘူး။ မခေါ်လာခိုင်းတဲ့အကြောင်းအရင်းကိုသူတို့ ပြန်ပြောတယ်။ စက်လှေမလုံလောက်ဘူးတဲ့။ သူတို့မနက်ဖြစ်တဖက်ခါ ဒီဒေသခံတွေကို လွတ်လွတ်လပ်လပ်သွားလာခိုင်းမယ်လို့ပြောတယ်။ အခုကစက်လှေလည်း (၄)စီးပဲရှိတယ်။ ကျွန်တော်တို့စီးလာတာက (၂)စီး နဲ့ နောက်(၂)စီးက တပ်ကစီးရမှာတဲ့။


ကျွန်တော်တို့တက်လာတော့ အင်ခါဂါးကျေးရွာ အထက်က အင်ခိုင်ယန်ဆိုတဲ့ကျေးရွာက ဒေသခံတွေက ကျွန်တော်တို့စက်လှေတက်လာတော့ ဒေသခံတွေ (၂၃)ရောက်စက်လှေဆိပ်ကို ရောက်လာကြတယ်-သူတို့ကို ကျွန်တော်တို့ခေါ်လာတယ်။ ဒါတောင် သူတို့ အများကြီးကျန်သေးတယ်။သူတို့ဒေသခံတွေ အားလုံးရွာမှာ မနေရဲကြတော့ဘူး- စစ်ပြန်ဖြစ်လာရင်ဆိုပြီး –    ခေလာနိုင်သူအားလုံးကို အခုနောင်ခိုင်စစ်ရှောင်စခန်းမှာပဲထားထားပေးတယ်။ အခုဆိုရင် ထိုခန်းမှာ (၄၄) ယောက်ရှိပြီ-အားလုံးနီးပါးက အင်ခိုင်ယန်ရွာကဖြစ်ကြတယ်။  အင်ခါဂါးရွာကတော့ မပါသလောက်ဘဲ။


အခုလောလောဆယ်ဆယ် သူတို့လိုအပ်တာက အစားအသောက်တွေနဲ့ အ၀တ်အစားတွေ။ ကျန်းမာရေးကုသမှုတွေလည်းအများကြီးလိုတယ်။ အများကြီးဂရုစိုက်ပေးရမယ်။ကျွန်တောတို့ (KBC) စစ်ရှောင်းစခန်းတာဝန်ခံတွေလည်းပါလာတော့ သူကထိုစခန်းမှာရှိတဲ့လူတစ်ဦးကို နှစ်သောင်းကျပ်ပေးထားခဲ့တယ်။ အခုက  နောင်ခိုင်နဲ့ မချမ်းဘော့က အသင်းတော်တွေ  ပေါင်းပြီးကော်မတီဖွဲ့ထားကြတယ်။ လူများလာရင်တော့ မချမ်းဘော့ကိုပြောင်းမှာ။

-ဒီမှာရောက်လာတဲ့ဒေသခံတွေ အတွက်တော့ သိပ်မပိုရတော့ဘူး။ ဒါပေမဲ့ကျွန်တော်တို့ စိုးရိမ်ရတာတစ်ခုက အင်ခါဂါးကျေးရွာဒေသခံတွေကို ဒီဘက် သွားခိုင်းမလား မသွားခိုင်းဘူးလားဆိုတာ မသိဘူး။ အခုသွားလာလို့ရပြီလို့တော့ပြောတယ်။ ဒါပေမဲ့စက်လှေတွေအားလုံးလည်း စစ်တပ်ဘက်က သိမ်းထားတယ်။ ထိုကိုသွားဖို့က စက်လှေတစ်လမ်းပဲရှိတာလေ။ သွားလာလို့ရပြီဆိုလည်း စက်လှေတွေက သူတို့လက်ထဲမှာဆိုတော့ မသေချာဘူး။ အထက်ရွာကလည်း စစ်ပြန်ဖြစ်မှာကြောက်လို့ သူတို့လည်း အရမ်းပြောင်းချင်ကြတယ်။ သူတို့ကို လာကြိုဖို့ မတတ်နိုင်ဘူး။ သနားစရာ တောမှာ ဒီတိုင်းပဲ ကြောက်ကြောက်နဲ့နေနေကြတယ်။

အင်ခါဂါးရွာသားတွေပြောတယ်။သူတို့တပ်မတော်သားတွေက ဒေသခံတွေရဲ့ ပစ္စည်းတွေ အိမ်မွေး တိရိစ္ဆာန်တွေဘာမှ မယူပါဘူးလို့ ဒေသခံတွေကို ခံဝန်ကတိထိုးခိုင်းထားတယ်။

 ဒေသခံတွေပြောတာတော့ စစ်ဗိုလ်အိပ်တဲ့အိမ်ရယ်၊ သင်းထောက်အိမ်ရယ် ကျောင်းဆရာအိမ်ရယ် စုပေါင်း(၃) အိမ်ကလွဲပြီး ကျန်ရွာသားအားလုံးရဲ့ ပစ္စည်းဥစာတွေဘာတစ်ခုမှမရှိတော့ဘူး။   အသင်းတော်က ဆယ်ဖို့တဖို့အလှူငွေလည်း ပျောက်နေပြီ။  အသင်းတော်မှ စပါးတွေလည်း ကုန်ပြီ။ကြက်တွန်သံတောင် မကြားရတော့ဘူး။


အခုအချိန်မှာသူတို့အတွက်အရေးကြီးဆုံးက သူတို့ကို ရွာကနေ အမြန်ဆုံးရွှေ့ပြောင်းနိုင်ဖို့ပဲ။ စစ်တပ်နဲ့အတူနေတဲ့ ဘ၀ကနေ လွှတ်မြောက်ဖို့။ သူတို့လွှတ်လွှတ်လပ်လပ် သွားလာနေထိုင်စားသောက်နိုင်ဖို့ပဲ။ ဒေသခံတွေက စစ်သားတွေ သူတို့ရွာတွေ အိမ်တွေမှာလာနေတာကိုမလိုလားကြဘူး။ အားလုံးက ကြောက်စိတ်တွေဝင်နေကြပြီ။  စိတ်ဏ်ရာတွေ တော်တော်ရနေကြတာတွေ့ရတယ်။

အင်ခါဂါး နောက်ခံအကျဉ်း
===============

အင်ခါဂါးကျေးရွာသည် မချမ်းဘော့မြို့မှစက်လှေဖြင့် အစုန် ၂ နာရီခန့် နှင့် အဆန် (၄)နာရီခန့်သွားရသည် ရေလမ်းခရီးတစ်ခုတည်းတာရှိသော ရေလမ်းခရီးဖြစ်ပြီး ထိုရေခရီးမှာလည်း ရေကြောင်း အတော်ကြမ်းတမ်းတော့ ခရီးဖြစ်သည်။ ထိုရေးလမ်းတစ်လျှောက်ရေတံခွန်များ၊ ကျောက်ဆောင်များ ၊ ရေ၀ဲများ နှင့်ပြည့်နက်နေသည့် လမ်းခရီးတစ်ခုလည်းဖြစ်သည်။

လက်ရှိရွာမှရှိနေတဲ့လူဦးရေက ကျား(၅၃)၊ မ (၃၀) စုစုပေါင်း ၅၃ ယောက်ဖြစ်တယ်။  လူလတ်ပိုင်းအပိုင်းစုက ရွာကို မပြန်ရဲသေးကြသေးသဖြင့် ဆက်လက်တိမ်းရှောင်နေကြသည်ဟု သိရတယ်။


ရွာမှာ မူလတန်းကျောင်းရှိတယ်။ ဆရာမ တစ်ဦးပဲရှိတယ်။  ကျောင်းသား (၉) ဦး-

အင်ခါဂါးကျေးရွာမှ ရွာသူရွာသားများသည် ရွာမှာစစ်သားတွေနဲ့အတူနေခြင်း၊  အိမ်မှာအတူနေနေရခြင်းမှ လွတ်မြောက်ဖို့နဲ့   စစ်ဖြစ်တဲ့နေရာဖြစ်တော့ ဘေးကင်းရာသို့  သွားနိုင်ဖို့က  သူတို့၏အလိုလားဆုံးနှင့် အလိုအပ်ဆုံးပဲ။ စစ်တပ်က သူတို့ရွာသားတွေကို ကြည့်ရှု့စောင့်ရှောက် ပေးနေကြောင်းပြောနေသော်လည်း ရွာသားများအတွက် ငရဲခံ နေရတာထက်ဆိုးပါတယ်။ 

ရွာသားတွေ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နိုင်ဖို့က  အားလုံးဝိုင်းဝန်းလုပ်ဆောင်မှဖြစ်မယ်။ အဖွဲ့တိုင်းက တတ်နိုင်သလောက်လုပ်ဆောင်မှ ဖြစ်တော့မယ်။      တစ်ဦးတစ်ယောက် တစ်ဖွဲတည်းနဲ့တော့ ခက်ခဲမှုတွေရှိတယ်။ အားလုံးဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။



Free Burma Info's Facebook Wall 2013-09-30 16:44:44


Timeline Photos
ရမ်းဗြဲမြို့နယ် ၂၄ နာရီ မီးရရေး ဒေသခံများ ဆန္ဒပြ

ရခိုင်ကမ်းလွန်ဒေသမှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ရမ်းဗြဲမြို့နယ်ကိုလည်း ၂၄ နာရီမပြတ် လျှပ်စစ်မီးပေးရေးအတွက် ရမ်းဗြဲမြို့နယ်ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ကျောက်ဖြူမြို့နယ်ကို မီးပေးနေပြီ ဖြစ်တာကြောင့် ရမ်းဗြဲမြို့နယ်မှာလည်း လျှပ်စစ်မီး ရရှိရေး တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ရမ်းဗြဲမြို့ခံ ဦးထွန်းကြည်က ပြောပါတယ်။

ရမ်းဗြဲမြို့အပါအဝင် မြို့နဲ့အနီးဝန်းကျင် ကျေးရွာအတော်များများက ဒေသခံတွေပါပူးပေါင်းပြီး လျှပ်စစ်မီးရဖို့ တောင်းဆိုတာဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတွေကပြောပါတယ်။ ရမ်းဗြဲမြို့ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရက ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးထားပြီး အိမ်ထောင်စုတစ်စုကို လျှပ်စစ်အား ၁၀ ယူနစ် သုံးစွဲခွင့်ပေးရာမှာ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်း ပေးဆောင်ရပါတယ်။ ၁၀ ယူနစ်ထက်ပိုသုံးရင် ပိုတဲ့ယူနစ်အတွက် တစ်ယူနစ်ကို ကျပ် ၆၀၀ နှုန်းနဲ့ ပေးဆောင်နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

Uncategorized

နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသော ဦးကိုကိုလှိုင်နှင့် ဦးသူရစိုးတို့အား နို…

နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသော ဦးကိုကိုလှိုင်နှင့် ဦးသူရစိုးတို့အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ ကျန်းမာရေးကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။


Emergency Healthcare Support for former political prisoners
နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသော ဦးကိုကိုလှိုင်နှင့် ဦးသူရစိုးတို့အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ ကျန်းမာရေးကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။

People's Rallying Cry's Facebook Wall 2013-09-30 08:31:09


လယ်တီသိမ်နဲ့ကျောင်းထိန်းသိမ်းရေးလှုပ်ရှားမှု သဘောတူညီမှု (၃)ချက်ရရှိ
လက်ပန်တောင်းဒေသက လယ်တီဆရာတော်ကြီး သိမ်နဲ့စေတီကို ကြေးနီစီမံကိန်း နယ်မြေကနေ ထိန်းသိမ်းရေးအတွက် မန္တလေးတိုင်း အမရပူရမြို့နယ်ကနေ လက်ပန်တောင်းတောင်ခြေအထိ လမ်းလျှောက်ချီတက်လာသူတွေဟာ မနေ့ညက စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား ဓမ္မာရုံမှာ တညနားပြီး ဒီနေ့မနက်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှနှိုင်းရာ မနက်ပိုင်းက အဆင်မပြေခဲ့ပါ။ အဲဒီ့မှာ စစ်ကိုင်း(၃) အမျိုးသားလွှတ်တော် NLD အမတ် ဒေါက်တာမြင့်နိုင်က ကြားဝင်ဆွေးနွေးခဲ့ပြီး အခုနေ့လယ်မှာ သဘောတူညီမှု အချက်(၃)ချက် ရရှိထားကြောင်း သိရပါတယ်။ သဘောတူညီမှုတွေကတော့ အကြမ်းအားဖြင့် (၁) လယ်တီသိမ်နဲ့စေတီကို မူလနေရာကမရွှေ့ရေး လွှတ်တော်ကို တင်ပြဆွေးနွေးစဉ် မည်သည့်အကြောင်းနဲ့မျှ မပျက်စီး၊ မပြောင်းရွှေ့ပါ၊ (၂) ဘုရားဖူးပြည်သူ(၅)ယောက်ထက်မပို ဖူးမျှာ်နိုင်ရန် (၃ရက်အတွင်း ခွင့်ပြုမိန့်တောင်းရမည်)၊ (၃) စက်တင်ဘာ ၂၉ ရက်န့က မန္တလေးကနေ လမ်းလျှောက်ချီတက်လာသူတွေကို အရေးယူမှု မပြုရန် တို့ ဖြစ်ကြပါတယ်။ အခုလက်ရှိ အချိန်မှာ အဲဒီ့အချက်တွေကို လက်မှတ်ရေးထိုးနိုင်ဖို့ ဌာနဆိုင်ရာက ကွန်ပျုတာစာစီနေတာကို စောင့်ဆိုင်းနေကြကြောင်း အဲဒီ့မှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က (ဒေသစံတော်ချိန် – ၃၀ စက်တင်ဘာ ၂၀၁၃ – နေ့လယ် ၂း၃၀) ပြောကြားပါတယ်။ သတင်းဓါတ်ပုံ – အိမ်ခိုင်မြဲ

AAPP-B provided Educational Assistance to Zayar Oo (Released on 13 Jan 2012 from…

AAPP-B provided Educational Assistance to Zayar Oo (Released on 13 Jan 2012 from Sittwe prison) on 27, Sep 2013.
အေအေပီပီမှ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုဇေယျာဦးအား ပညာရေးထောက်ပံ့ငွေ ပေးအပ်နေစဉ်။ ၂၇ စက်တင်ဘာလ ၂၀၁၃။


Educational Assistance for former political prisoners

ချီတက်လမ်းလျှောက်သူများနှင့် အာဏာပိုင်များ တံခါးပိတ် ဆွေးနွေးနေပါတယ်။ ညအိပ်တည်းခ…

ချီတက်လမ်းလျှောက်သူများနှင့် အာဏာပိုင်များ တံခါးပိတ် ဆွေးနွေးနေပါတယ်။ ညအိပ်တည်းခိုရာ ဓမ္မာရုံအနီး လုံထိန်းများ အင်အားထူထပ်စွာ ပိတ်ဆို့ တပ်ချထားပါတယ်။ ၀င်မရ ထွက်မရ ပိတ်မိနေပါတယ်။ ချီတက်ပွဲ အဆုံးသတ်မည့် အလားအလာ ရှိနေပါတယ်။

လက်ပံတောင်းတောင်အနီးရှိ လယ်တီဆရာတော်ဘုရားကြီး၏ သာသနိက အမွေအနှစ်များ မပျောက်ပျက်ေ…

လက်ပံတောင်းတောင်အနီးရှိ လယ်တီဆရာတော်ဘုရားကြီး၏ သာသနိက အမွေအနှစ်များ မပျောက်ပျက်ရေးအတွက် လမ်းလျှောက်ချီတက် တောင်းဆိုသူများမှာ အချိန်မရွေး အကြမ်းဖက် ဖမ်းဆီးခံရဖွယ် ဖြိုခွင်းခံရဖွယ် ရှိပါသည်။ မိဘပြည်သူ အပေါင်းမှ အင်တိုက်အားတိုက် ၀န်းရံစောင့်ရှောက်စေလိုပါသည်။

ချီတက်လမ်းလျှောက်သူများကို ၀န်းရံစောင့်လျှောက်ပေးခြင်းဖြင့် ကုသိုလ်ဒါန ပြုကြရန် သာသနာ့အကျိုးသယ်ပိုးရန် အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါသည် မိဘပြည်သူ အပေါင်းတို့ ။

People's Rallying Cry's Facebook Wall 2013-09-29 17:36:57


လက်ပတောင်းဒေသသို့ လမ်းလျှောက်သူများစစ်ကိုင်းတွင်တားဆီးခံရ
လက်ပန်တောင်းတောင်ခြေရှိလယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ မန္တလေးမြို့ အမရပူရမြို့ နယ်မှစတင်လမ်းလျှောက်ထွက်ခွာလာခဲ့ သောလက်ပတောင်းဒေသခံများနှင့် ရန်ကုန်မြို့ မှတက်ကြွလှုပ်ရှားသူများပါဝင်သောအဖွဲ့ ဝင်အင်အား ၅၀ ခန့် ကို စစ်ကိုင်းမြို့ အဝင် ဧရာဝတီတံတား(ရတနာပုံ) အဆင်းတွင်လုံခြုံရေးတပ်ဖွဲ့ ဝင်များဆက်မသွားရန်တားဆီးရာမှ အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ ပါတယ်။ တက်ကြွလှုပ်ရှားသူ ကိုသန့် စင်နှင့် ဦးဘမြင့် တို့ ကို လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ကဖမ်းဆီးရန်ကြိုးပမ်းရာမှ အခုလိုဖြစ်ပွားခဲ့ ခြင်းဖြစ်ပါတယ်။စစ်ကိုင်းခရိုင်မှတာဝန်ရှိသူအချို့ နှင့် ညှိနှိုင်းပြီးနောက်ဖမ်းဆီးခံရသူများကိုပြန်လွှတ်ပေးခဲ့ ပြီး ယခုအခါအဆိုပါအဖွဲ့ သည် ကောင်းမှုတော်ဘုကြီးအနီး စိန်ရတနာ ဓမ္မာရုံတွင်ညအိပ်ရပ်နားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ ဓာတ်ပုံ -တေဇလှိုင်/ဧရာဝတီ

People's Rallying Cry's Facebook Wall 2013-09-29 17:35:46

https://fbcdn-profile-a.akamaihd.net/hprofile-ak-ash1/373038_161087474023583_605662580_s.jpg

ThanLarWaddy Times
“မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန မနက်ဖြန် (30-9-2013)နေ့တွင် လုံခြုံရေးတိုးမြှင့်ရန်စီစဉ်နေ” မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး သည် မန္တလေးမြို့ လက်ပန်းတောင်းတောင်သို့ လမ်းလျှေက်ချီတက်လာ ကြသော ရဟန်းရှင်လူပြည်သူများအား တားဆီးရန်အတွက် မနက်ဖြန် (30-9-2013)နေ့တွင် မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် မြို့နယ်တည်ငြိမ်အေးချမ်းရေးကော်မတီဝင်များအား အသင့်ရှိရန် ယနေ့အစည်းအဝေးပြုလုပ်ညွန်ကြားနေကြောင်း မုံရွာမြို့နယ်အုပ်ချုပ်ရေးရုံး နှင့် နီးစပ်သူတစ်ဦးက သလ္လာဝတီတိုင်းမ်ကို အတည်ပြုပြောကြားခဲ့သည်။

People's Rallying Cry's Facebook Wall 2013-09-29 15:28:27


မန္တလေးက လက်ပန်တောင်းတောင်ကို ချီတက်သူတွေ စစ်ကိုင်းမှာတညနား
လယ်တီသိမ်ကို ကာကွယ်ဖို့ဆိုပြီး လက်ပန်တောင်းတောင်ကို မန္တလေး အမရပူရမြို့နယ်ကနေ လမ်းလျှောက်ချီတက်လာသူတွေဟာ စစ်ကိုင်း ကောင်းမှုတော် ဘုရားနား စိန်ရတနာ ဓမ္မာရုံကျောင်းမှာ ညအိပ် ရပ်နားနေပါတယ်။ လက်ပတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစု တွေဟာ မန္တလေးမြို့ ငွေငါးကျောင်းတိုက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး စုံစမ်းရေး ကော်မရှင် တင်ပြချက်တွေနဲ့ သံဃာတော်တွေရဲ့ ၀ိနည်းတော် လုပ်ထုံး လုပ်နည်းများအတိုင်း ထိန်းသိမ်းပေးဖို့ စက်တင်ဘာ ၂၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။ အမရပူရမြို့နယ်ကနေ လမ်းလျှောက်ချီတက်ခဲ့ရာမှာ စစ်ကိုင်းအ၀င် လုံခြုံရေးတွေ တားဆီးမှုအချို့ရှိခဲ့ပေမယ့် အဖမ်းအဆီးမရှိ ဆက်လျှောက်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းဓါတ်ပုံ – အိမ်ခိုင်မြဲ

People's Rallying Cry's Facebook Wall 2013-09-29 15:28:02


Timeline Photos
မန္တလေးက လက်ပန်တောင်းတောင်ကို ချီတက်သူတွေ စစ်ကိုင်းမှာတညနား

လယ်တီသိမ်ကို ကာကွယ်ဖို့ဆိုပြီး လက်ပန်တောင်းတောင်ကို မန္တလေး အမရပူရမြို့နယ်ကနေ လမ်းလျှောက်ချီတက်လာသူတွေဟာ စစ်ကိုင်း ကောင်းမှုတော် ဘုရားနား စိန်ရတနာ ဓမ္မာရုံကျောင်းမှာ ညအိပ် ရပ်နားနေပါတယ်။

လက်ပတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစု တွေဟာ မန္တလေးမြို့ ငွေငါးကျောင်းတိုက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး စုံစမ်းရေး ကော်မရှင် တင်ပြချက်တွေနဲ့ သံဃာတော်တွေရဲ့ ၀ိနည်းတော် လုပ်ထုံး လုပ်နည်းများအတိုင်း ထိန်းသိမ်းပေးဖို့ စက်တင်ဘာ ၂၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

အမရပူရမြို့နယ်ကနေ လမ်းလျှောက်ချီတက်ခဲ့ရာမှာ စစ်ကိုင်းအ၀င် လုံခြုံရေးတွေ တားဆီးမှုအချို့ရှိခဲ့ပေမယ့် အဖမ်းအဆီးမရှိ ဆက်လျှောက်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်းဓါတ်ပုံ – အိမ်ခိုင်မြဲ — in Sagaing.
DVB

People's Rallying Cry's Facebook Wall 2013-09-29 15:27:19


Timeline Photos
လယ်တီသိမ်ကာကွယ်ရေး ချီတက်ပွဲ ကောင်းမှုတော်ဘုရားတွင် ညအိပ်နားမည်

၂၉-၉-၂၀၁၃ ညနေ ၆ နာရီ ၃၀ မိနစ် ၊ Ko Han Win Aung
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖြိုဖျက်ခံရတော့မည် လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် စေတီတော်အားထိန်းသိမ်းကာကွယ်ရန် မန္တလေးမြို့မှနေ လက်ပန်တောင်းတောင်ခြေအထိ ချီတက်လာရာ စစ်ကိုင်းကောင်းမှုတော်ဘုရားကို ရောက်ရှိခဲ့ပါသည်၊ အချိန်မှာ ညနေ (၆) နာရီကျော်ပြီဖြစ်သောကြောင့် လမ်းခရီးဘေးအန္တရာယ်များကို ရှောင်လွဲနိုင်ရန် ကောင်းမှုတော်ဘုရားတွင် ညအိပ်နားမည် ဖြစ်သည်။ မနက်ဖြန်မနက်တွင် ချီတက်ဆန္ဒပြမှုကို လက်ပန်တောင်းတောင်ခြေထိ ဆက်လက်ချီတက်မည် ဖြစ်သည်။ စစ်ကိုင်းမြို့ရှိ ပြည်သူများ၏ အားပေးကူညီမှုကို အထူးကျေးဇူးတင်ရှိပါသည်။ ညအိပ်နားမှုတွင် စစ်ကိုင်းမြို့ရှိ ဒီမိုကရေစီအင်အားစုများမှ ကူညီပေးမည်ဟု သိရသည်။

ဆက်သွယ်ရန်ဖုန်း၊
09420787366 , 0933098204 , 0973023157 , 0931383860

Yamoun Nar

သူတော်ကောင်းယောင်ဆောင်နေသော စစ်အစိုးရမှ ၎င်းတို့ အကျပ်အတည်း ကြုံလာတိုင်း လူမျိုးရေး…

သူတော်ကောင်းယောင်ဆောင်နေသော စစ်အစိုးရမှ ၎င်းတို့ အကျပ်အတည်း ကြုံလာတိုင်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်အောင် လုပ်ဆောင်ကာ နိုင်ငံရေးအကျပ်အတည်းမှ လမ်းလွှဲရန် ကြိုးစားသည်မှာ ထုံးစံဖြစ်ပါသည်။

သို့ ဖြစ်ပါ၍ ပြည်သူအပေါင်းတို့ အနေဖြင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့် မှုများအား နားမယောင်ကြဘဲ တိုင်းပြည်တွင် အမှန်တကယ် ဖြစ်ပေါ်နေသည့် အထွေထွေ လူမှုဒုက္ခများ လူထုအကျပ်အတည်းများကို ပြည်သူလူထု၏ အင်အားကို ကောင်းစွာ အသုံးချပြီး ဖြေရှင်းရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ပြည်တင်းလျင် မင်းမခံနိုင် ဆိုသည့် စကားအတိုင်း မင်းဆိုးမင်းညစ်တို့ ၏ အာဏာစက်မှ လွတ်မြောက်ရေး ပြည်သူအပေါင်းမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုပါသည်။

* လယ်တီသိမ်ကာကွယ်ရေး ချီတက်ပွဲကောင်းမှုတော်ဘုရားတွင် ညအိပ်နားမည် * ၂၉-၉-၂၀၁၃ ညနေ…

* လယ်တီသိမ်ကာကွယ်ရေး ချီတက်ပွဲကောင်းမှုတော်ဘုရားတွင် ညအိပ်နားမည် *

၂၉-၉-၂၀၁၃ ညနေ ၆ နာရီ ၃၀ မိနစ် ၊
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖြိုဖျက်ခံရတော့မည် လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် စေတီတော်အားထိန်းသိမ်းကာကွယ်ရန်မန္တလေးမြို့မှနေ လက်ပန်တောင်းတောင်ခြေအထိချီတက်လာရာ စစ်ကိုင်းကောင်းမှုတော်ဘုရားကို ရောက်ရှိခဲ့ပါသည်၊ အချိန်မှာ ညနေ (၆) နာရီကျော်ပြီဖြစ်သောကြောင့် လမ်းခရီးဘေးအန္တရာယ်များကို ရှောင်လွဲနိုင်ရန် ကောင်းမှုတော်ဘုရားတွင် ညအိပ်နားမည် ဖြစ်သည်။ မနက်ဖြန်မနက်တွင် ချီတက်ဆန္ဒပြမှုကို လက်ပန်တောင်းတောင်ခြေထိ ဆက်လက်ချီတက်မည် ဖြစ်သည်။ စစ်ကိုင်းမြို့ရှိ ပြည်သူများ၏ အားပေးကူညီမှုကို အထူးကျေးဇူးတင်ရှိပါသည်။ ညအိပ်နားမှုတွင် စစ်ကိုင်းမြို့ရှိ ဒီမိုကရေစီအင်အားစုများမှ ကူညီပေးမည်ဟု သိရသည်။

ဆက်သွယ်ရန်ဖုန်း၊
09420787366 ,
0933098204 ,
0973023157 ,
0931383860

Ko Han Win Aung

မန္တလေးမှ လက်ပံတောင်းဒေသသို့ ချီတက်လာသော အမျိုးဘာသာ သာသနာကို ကယ်တယ်စောင့်ရှောက်မည…

မန္တလေးမှ လက်ပံတောင်းဒေသသို့ ချီတက်လာသော အမျိုးဘာသာ သာသနာကို ကယ်တယ်စောင့်ရှောက်မည့် ပြည်သူလူထုအား စစ်အာဏာရှင် အစိုးရ၏ လက်မရွံ့ လုံထိန်းတပ်များမှ အကြမ်းဖက်နေပါပြီ။

မြန်မာနိုင်ငံတ၀ှမ်းမှ ပြည်သူလူထုအပေါင်း ပူးပေါင်းပါဝင်ကြပါ။

Free Burma Info's Facebook Wall 2013-09-29 05:44:27

https://fbcdn-profile-a.akamaihd.net/hprofile-ak-ash2/1117404_100001065379191_6855859_s.jpg

Khin Mgoo
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကြောင့်မကြာခင်ဖြိုဖျက်ခံရတော့ရှေ့ဟောင်းသာသနိကအဆောက်အအုံများကိုကာကွယ်စောင့်ရှောက်ပေးရန်ယနေ့နေ့လယ်တွင်မန္တလေးမြို့မှ လက်ပန်တောင်းတောင်ခြေလယ်တီဆရာတော်ဘုရားကြီးသိမ်အထိချီတက်ဆန္ဒပြမည့်သူများကိုရဲများခေါ်ဆောင်သွားသည်၊၊ဆန္ဒပြပွဲတွင်ပါဝင်နိုင်မှု ဖြင့်ရန်ကုန်မှမန္တလေးမြို့သို့ရောက်ရှိနေသောဦးဘမြင့်နှင့်ဦးဇော်ဝင်းတို့နှစ်ဦးကိုမြို့နယ်အုပ်ချုပ်ရေးမှုးနှင့်ရဲများမှစစ်ဆေးစရာရှိသည်ဟုပြောဆို၍ယနေ့မနက်၁၀နာရီ၁၀မိနစ်ခန့်ကခေါ်ဆောင်သွားခြင်းဖြစ်သည် ၂၉-၁၀-၂၀၁၃ မန္တလေး ဆက်သွယ်ရန်ဖုန်း၀၉၄၂၁၀၆၃၂၁၀

Uncategorized

Free Burma Info's Facebook Wall 2013-09-29 04:52:25


Timeline Photos
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။

ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

Uncategorized

Free Burma Info's Facebook Wall 2013-09-29 04:52:00


Timeline Photos
အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းကဲ့သို့ ကော့သောင်းထောင် အတွင်းရှိ အကျဉ်းဦးစီး ၀န်ထမ်းများအားလုံး ၃၀ ကျော်ကို ပြောင်းရွှေ့လိုက်သည့်အပြင် အဆိုပါ ထောင်အတွင်း၌ ထောင်ဝန်ထမ်းများနှင့် အကျဉ်းကျ အကျဉ်းသားအချို့ စည်းကမ်းလျော့ရဲမှုများကြောင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်းများကိုလည်း ဆောင်ရွက်နေကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကော့သောင်းအကျဉ်းထောင်အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်းမှ ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက "ကော့သောင်းအကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေ အကုန်လုံးကို အခြားထောင်တွေမှာ ပြောင်းပြီး တာဝန်ပေးထားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အကျဉ်းဦးစီး ၀န်ထမ်းတွေကို အခြားထောင်တွေမှာ တွဲဖက်ပြီးတော့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်" ဟု စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

"ခုံဖွဲ့ပြီး စစ်ဆေးတာ ပြီးသွားပြီ။ ဒီစစ်ဆေးချက်တွေကို ပြည်ထောင်စု ၀န်ကြီးဆီ တင်ပြထားတယ်။ ဘယ်လိုဆက်လက် ဆောင်ရွက်မယ် ဆိုတာတော့ မသိရသေးဘူး။ ဒါပေမဲ့ ၀န်ကြီးဌာန အနေနဲ့ ထိထိရောက်ရောက် အရေးယူ သွားမယ်ဆိုတာတော့ သိရတယ်" ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြားသည်။

ကော့သောင်းအကျဉ်းထောင် အတွင်းရှိ အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင်ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားပြီး အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့ ထောင်ဖြစ်ကြောင်း သိရသည်။

Uncategorized

လက်ပံတောင်းတောင်ရှိရာ အရပ်ရှိ လယ်တီဆရာတော်ဘုရားကြီး၏ သမိုင်းဝင် သာသနာ့ အမွေအနှစ်…

လက်ပံတောင်းတောင်ရှိရာ အရပ်ရှိ လယ်တီဆရာတော်ဘုရားကြီး၏ သမိုင်းဝင် သာသနာ့ အမွေအနှစ်များ ၀ိသမလောဘသားတို့ နှင့် စစ်အာဏာရှင်များ၏ ဖျက်စီးခြင်း မကြာမှီ ခံရတော့မည် ဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းမှ ကျရောက်လာသော သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြရန် အလို့ ငှာ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ပြည်လုံးကျွတ် တောင်းဆိုတိုက်ပွဲဝင်ကြရပါမည်။

လက်ပံတောင်းတောင်အနီးတွင် ကြေးနီစီမံကိန်းကြီး ဆက်လက်လည်ပတ်မည် ဆိုပါက ထိုဒေသရှိ အခြား ရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများ အထိန်းအမှတ်များလည်း ပျောက်ပျက် ပျက်စီးကုန်မည် ဖြစ်ပါသည်။

အမျိုးဘာသာ သာသနာအတွက် ကြားကြားသမျှသော တိုင်းသူပြည်သား အပေါင်းတို့ ညီညွတ်စွာ တိုက်ပွဲဝင်ကြပါစို့ ။

ဗမာပြည်သည် ဒို့ ပြည်
လက်ပံတောင်းတောင်ကို ဒို့ ပိုင်သည်
လယ်တီဆရာတော့်အမွေ ဒို့ အမွေ
သာသနာ့အမွေ ထိန်းသိမ်းရေး ဒို့ အရေး
ဂုတ်သွေးစုပ်သူ တရုတ် မောင်းထုတ်ပစ်
Wanbao GET OUT!
စစ်အာဏာရှင် အစိုးရ ကျဆုံးပါစေ။