Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-30 03:53:06

နိုင်ငံရေး အကျဉ်းသား ၅၄ ဦးအား ဂုဏ်ပြု ထောက်ပံမည့် အခမ်းအနား ကျင်းပမည်
burma.irrawaddy.org
“နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ပတ်ဝန်းကျင်မှာ ခေါင်းမော့ပြီး နေနိုင်ဖို့ အတွက် စိတ်ဓာတ် ခွန်အားပေးတဲ့ ပုံစံမျိုးနဲ့ ဒီလို ဂုဏ်ပြုတာပါ။ ဒီလိုမျိုး ဒီလူတွေ ကျဆုံးသွားရတာရဲ့ အဓိက တရားခံကို ကျနော်တို့ ကလည်း ဖော်ထုတ် ချင်တယ်”

ဒုဗိုလ်နှင်းအောင်နှင့်မစားလိုက်ရသောကြက်သားဟင်း Second Lt. Hnin Aung

အမှတ်(၁)၊ လသာယောင်္ကျားလေး အထက်တန်းကျောင်း၊ ရန်ကုန်တွင် ၁၉၇၁-၇၂ ခုနှစ်၌ နှင်းအောင်နှင့်ကျွန်ုပ် အတန်းတူ၊ ကျောင်းတက်ခဲ့သည်။ သူ B-ခန်း၊ ကျွန်ုပ်က A-ခန်းဖြစ်သည်။ သူက လူကောင်သေးပြီး သိမ်မွှေ့လှသည်။ ခင်မင်စရာကောင်းသော အေးအေးနေသည့် ကျောင်းသားဖြစ်ည်။ ကျွန်ုပ်မှာ ကြမ်းတမ်း၊ မာကြောပြီး၊ သူနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။ ၁၅နှစ်သား အရွယ်ဖြစ်သည်။

ကျွန်ုပ်သည် အောင်ဆန်းသူရိယအထက်တန်းကျောင်းတွင် ဝန်ထမ်းတစ်ဦးအား ထိပါးမှုကြောင့် ကျောင်းထုတ်ခံရပြီး ကျောင်းပြောင်းလာရသူဖြစ်သည်။ သူကတော့ ဖခင်ဖြစ်သူ စစ်ဗိုလ်၊ ရန်ကုန်စစ်ရုံးပြောင်းရွှေ့လာရသဖြင့် ကျောင်းပြောင်းလာရသည်။ နှစ်ယောက်သား ဆုံတွေ့၊ သူငယ်ချင်းဖြစ်ရသည်။

ရန်ကုန်မြို့တွင် မူလတန်းကျောင်းများစွာရှိရာ၊ အတန်းတစ်ခုတွင် ထောင်နှင့်ချီသော ကျောင်းသားများရှိသည်။  ၈တန်၊ ၉တန်းရောက်လာကြသည်။  အထက်တန်းကျောင်းတွင် စာတော်သူများသာ A-ခန်း၊ B-ခန်းများတွင် နေရာချထားခံရသည်။ ကျွန်ုပ်တို့ ၁၀တန်းစာသင်ခန်းပေါင်း ၂၀ရှိသည်။ အကယ်၍ ကျောင်းသားသည် အေ၊ ဘီ အခန်းများတွင် နေရာချထားမခံရပါက ၁၀တန်းအောင်ပြီး နာမည်ကြီးတက္ကသိုလ်၊ ဥပမာ ဆေး၊ စက်မှု စသည်တို့တက်ခွင့်ရရန် မဖြစ်နိုင်သလောက်ပါ။

သူနှင့်ကျွန်ုပ်တို့ ၂ယောက်၊ ကျောင်းသားသစ် ဖြစ်သော်လည်း ထိပ်တန်းအတန်းများတွင် နေရာချထားခံရပါသည်။ ထိပ်တန်းကျောင်းသား အများစုမှာ တရုပ်၊ အိန္နိယအနွယ် များဖြစ်ကြသည်။ ကျွန်ပ်ဖခင်သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှနု၏ ခင်ပွန်း ဗိုလ်မှုးကြီးနှင့် သိကြွမ်းသောကြောင့် ကျွန်ုပ်အတန်းကောင်း နေရာရခဲ့သည်။ သူ၏ဖခင် လုပ်သက်ရင့်ဗိုလ်မှုးသည်လည်း ရန်ကုန်စစ်တရားရုံးတွင် ပြောင်းရွှေ့တာဝန်ချခံရသောသူဖြစ်သည်။ နောက်ပိုင်းတွင် သူဖခင်နှင့်ကျွန်ုပ်ဖခင်တို့သည် ဂျပန်ခေတ် ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ဒုတိယကမ္ဘာစစ်က အတူအမှုထမ်းခဲ့ကြသည်ဟု သိခဲ့ရသည်။

ကျွန်ုပ်တို့ သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသည်။ ကျွန်ုပ်အိမ်သည် ရန်ကုန်၊ ပန်းပဲတန်းတွင်ရှိပြီး၊ သူတို့အိမ်သည် ရန်ကုန် ကုန်ဈေးတန်းတွင်ရှိသည်။ သိပ်မဝေးလှပါ။ ဒါလဟိုဇီလမ်းတွင်ဖြစ်သည်။ ယခု မြန်မာ့ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ငယ်စဉ်ကျောင်းသားဘဝဖြစ်သည်။ သူတို့အတန်းမှသူ့သူငယ်ချင်းများ၊ ကျွန်ုပ်၏ သူငယ်ချင်းများ အတူသွားလာလှုပ်ရှား၊ ကျောင်းသားဘဝ၊ သူငယ်ချင်းကောင်းများဖြစ်ခဲ့ကြသည်။

လသာ အ.ထ.က(၁) ၊ ၂၀၀၀ ခုနှစ်မြင်ကွင်း

ကျွန်ုပ်တို့ကျောင်းမှာ ရန်ကုန် တရုပ်တန်းနှင့်လည်းကပ်နေသည်။ အိန္နိယများနေထိုင်ရာနှင့်လဲ နီးသောကြောင့်၊ တရုပ်၊ အိန္နိယကျောင်းသားများစွာ ရှိသည်။ မြန်မာကျောင်းသားများမှာ လူနည်းစုဖြစ်နေသည်။ ကျွန်ုပ်တို့သည် ဘောလုံးအသေအလဲ ကစားကြသူများဖြစ်သည်။ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ဦးဝိစာရလမ်းရှိ ကွန်ဗွိုင်းခမ်းမတွင် ဘောလုံးသွားကစားလေ့ရှိသည်။

မိုဃ်းသည်းထန်စွာ ရွာချိန်များတွင်လည်း ဘောလုံးကစား မပျက်ပါ။ တုံချမ်းပြီး၊ မောပန်းစွာ ဘောလုံးကစားကြသည်။ သိမ်ကြီးဈေး ဘလောက်ဒီ၊ ဘုရားလမ်းများသည်လည်း အိမ်အပြန်ခရီးဖြစ်သည်။ မိုဃ်းသည်းထန်စွာ ရွာတိုင်း သိမ်ကြီးဈေး၊ အမိုးများပေါ်မှာ ရေလုံးကြီးများကျလာသည်မှာ ရေတခွန်လို ဖြစ်နေပါသည်။

ထိုသို့မိုဃ်းသည်းထန်ချိန်တွင် ကျွန်ုပ်ဘောင်းဘီကို ချွတ်ပြီး၊ မိုးရွာထဲ ကိုယ်လုံးတီးကစားသည်။ သူငယ်ချင်းများကို ကျွန်ုပ်နှင့်အတူလာကစားရန် စိမ်ခေါ်သည်။ မင်းအောင်လှိုင်မှာ ထိုကဲ့သို့ ခပ်မိုက်မိုက်၊စွန့်စားကစားမှုကို အမြဲငြင်းဆန်လေ့ရှိသည်။ သူ့ခန္တာကိုယ်သေးငယ်မှုကြောင့် ထိခိုက်ဒဏ်ရာဖြစ်သွားနိုင်ပါသည်။ အောင်ဆန်းခန်းမရှိ ဂျူဒိုကလပ်တွင် ကျွန်ုပ်တို့ ဂျူဒိုသင်တန်း အတူတက်ကြသည်။ လေ့ကျင့်ကစားခဲ့ကြသည်။ ကျွန်ုပ်တို့ ရင်းနှီးစွာနေထိုင်၊ကစားခဲ့ကြသည်။ 

ရန်ကုန်မြို့မြေပုံ ၊ ၂၀၀၅ခုနှစ်

နောက်ပိုင်းတွင် ကျွန်ုပ်နှင့် မင်းအောင်လှိုင်တို့ ကမ္ဘာခြားသော ဘဝအခြေအနေကို နားလည်သိရှိလာရသည်။ ကျွန်ုပ်ဖခင်သည် လက်နက်ချအလင်းဝင် ကွန်မြူနစ်ဖြစ်ပြီး၊ ကိုးကွယ်မှုဘာသာမရှိသူဖြစ်သည်။ သူ့ဖခင်မှာ ဗုဒ္ဓဘာသာကိုင်းရှိုင်းစွာ ကိုးကွယ်သူဖြစ်သည်။ သူ့ဖခင်၏ အားလပ်ချိန်အများစုမှာ အိမ်မှဘုရားခန်းတွင် တရားထိုင်နေသည်ကို တွေ့သဖြင့်၊ ကျွန်ုပ်အတွက် အထူးအဆန်း၊ အံ့ဖွယ်ဖြစ်နေပါသည်။

သူ့၏ သား (၄)ယောက်ကို ချစ်သောဖခင်ဖြစ်သော်လည်း၊ စည်းကမ်းကျပ်တည်းစွာ နေထိုင်စေသည်။ ကျွန်ုပ်၏ သူငယ်ချင်း နှင်းအောင်မှာ သားအကြီးဆုံးဖြစ်ပြီး၊ ညီ(၃)ဦးနှင့် ညီမငယ်တစ်ဦးလည်း ရှိသည်။ သူတို့မောင်နှမများမှာ ညဖက် အပြင်ထွက်ခွင့်မရပါ။ သူတို့ထံလာသော သူငယ်ချင်းများကို သေချာစွာစစ်ဆေးသည်။ သို့မှသာ မှားယွင်းသော အုပ်စုများမှ သူတို့မောင်နှမတတွေ လွတ်ကင်းမည်ဖြစ်သည်။

သူတို့ မိခင်သည် ဖခင်ထက် တော်တော်ငယ်ရွယ်သည်။ အချက်ပြုတ်အလွန်ကောင်းလှပြီး ကျွန်ုပ်တို့သူငယ်ချင်များကို တနေ့လုံးအိမ်မှာဖိတ်ခေါ်ပြီး ကျွေးမွေးပါသည်။ နေ့လည်စာ၊ ထမင်းဟင်းကောင်းများ၊ အချို၊ အလှော်များ အရသာရှိလှပေသည်။ ကျွန်ုပ်သဘောပေါက်လာသည်မှာ သူတို့သည် သားသမီးများကို အိမ်မှာပဲနေစေပြီး၊ အပြင်ထွက်မလည်စေချင်ကြောင်း သိလာရသည်။ သားယောင်္ကျားလေးများ အပြင်ထွက်ပြီး လျှောက်လည်သည့်အကျင့်ကို မလုပ်စေချင်ပဲ မျက်စိအေက်၊ မိမိအိမ်မှပဲ ကစားစေလိုသည်။

စိတ်ဝိညာဉ်လွတ်လပ်သော ကျွန်ုပ်ကဲ့သို့ ယောင်္ကျားကလေးမှာ အိမ်တွင်းအောင်းပြီး တနေ့လုံးနေရသည်မှာ စိတ်ကျဉ်းကျပ်သည်။ ကျောင်းပိတ်ရက်တချို့တွင် သူတို့အိမ်သို့မသွားချင်သော်လည်း သူတို့အိမ်အကျယ်ကြီးဆီကို သွားလည်ရသည့်အတွက် ပျော်ရွှင်မိသည်။ အစားအသောက်ကောင်းကောင်းလည်း စားရသည်။ သူတို့မှာ စတီရီယိုကက်ဆက်တစ်ခုလည်း ရှိသည်။ ကျွန်ုပ်အိမ်မှာ ရေဒီယိုတစ်ခုပဲနားထောင်ရသည်။ ထိုခေတ် ဆိုရှယ်လစ်အစိုးရတွင် ချမ်းသာသော မိသားစု၊ ရာထူးကြီးသောမိသားစုများသည် စတီရီယိုကက်ဆက် ပိုင်ဆိုင်ကြသည်။ အသံသွင်း၊ ကက်ဆက်ခွေများ နားထောင်နိုင်သည်။ မြန်မာပြည်တွင် တယ်လီဗီးရှင်းကို ၁၉၈၀မှ ရရှိသောကြောင့် ၁၉၇၀ ခေတ်ကာလက၊ တီဗွီမရှိသေးပါ။

ကျွန်ုပ် နာမည်ကျော် စတီရီယိုသီချင်များ နားထောင်ချင်လျှင် လဘက်ရည်ဆိုင်မှဖွင့်သော သီချင်းများကို ပိုက်ဆံအကုန်ခံ၊ လဘက်ရည်သောက်ပြီး နားထောင်ရသည်။ သွားလေ့လည်းမရှိပါ။ ထိုခေတ်က စတီရီယိုအဆိုကျော် စိုင်းထီးဆိုင် အလွန်နာမည်ကြီးလှပါသည်။ နှင်းအောင်၏ ဖခင်သည် ထိုအချက်ကို သဘောပေါက်သည်။ တန်ဘိုးကြီးသော ကက်ဆက်ခွေများကို ဝယ်ပြီး၊ သူ့သားများနှင့်သူငယ်ချင်းများ အိမ်မှာပဲနေထိုင်၊ နားထောင်ဖို့ စီစဉ်ထားသည်။ သူတို့သားသမီးများကို သိပ်ချစ်သောကြောင့်၊ အပြင်မသွားစေပဲ သူတို့မျက်စိအောက်မှာပဲ တတ်နိုင်သမျှ အတူနေထိုင်၊ ကစားစေသည်။ 

စိုင်းထီးဆိုင်

ကျွန်ုပ်ဖခင်ကတော့ သားဖြစ်သူကို အိမ်မှာနေအောင်လဲမကြိုးစား၊ မတင်းကျပ်၊ ကျွန်ုပ်ကြိုက်သလို သွားလာခွင့်ပေးထားပါသည်။ ကျွန်ုပ်၁၀နှစ်သားအရွယ်ကတည်းက ၅နှစ်တာ စစ်လေ့ကျင့်ရေးကျောင်းတွင် ထားရစ်ခဲ့ပါသည်။

တိုရင်းသာ ရေးရမည်ဆိုလျှင် ကျွန်ုပ်တို့ ၁၀တန်းစာမေးပွဲ ၁၉၇၂ တွင် အောင်မြင်ခဲ့ပြီး ကွန်ုပ် ဆေးတက္ကသိုလ် နှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်များ ဝင်ခွင့်ငြင်းပယ်ခံရပြီး၊ အာအိုင်တီ RIT (Rangoon Institute of Technology) ရန်ကုန်စက်မှုတက္ကသိုလ် ဝင်ခွင့်ရခဲ့သည်။ သူကတော့ ရန်ကုန်တက္ကသိုလ် RUSU (Rangoon Arts and Science University) ဓါတုဗေဒအဓိကဘာသာရပ်ဖြင့် ဝင်ခွင့်ရပြီး၊ မင်းအောင်လွင်ကတော့ ဥပဒေအဓိကနဲ့ RASU ဝင်ခွင့်ရခဲ့ပါတယ်။

ကျွန်ုပ်သည် DSA (Defence Service Academy) စစ်တက္ကသိုလ် ရူးသောလူငယ်ဖြစ်သည်။ ၁ဝတန်းအောင်သည်နှင့် ချက်ခြင်း စစ်တက္ကသိုလ်ဝင်ခွင်ကို မင်းအောင်လှိုင်နှင့်အတူတကွ လျှောက်သည်။ ဘာသာတရားကိုင်းရှိုင်းလှသော နှင်းအောင်ကတော့ စစ်ဗိုလ်ဖြစ်ဖို့  မြန်မာလက်နက်ကိုင် တိုင်းရင်းသားတွေနဲ့တိုက်ရတဲ့  ပြည်တွင်းစစ်ကို စိတ်မဝင်စားပါဘူး။

ကျွန်ုပ်ဖခင်မှာ စစ်ဗိုလ်သင်တန်း ဝင်ခွင့်အတွက် ခွင့်မပြုပါဘူး။ ဒါကြောင့် ဆန္ဒကြီးလှတဲ့အတွက် ရိုးရိုးစစ်သားအဖြစ် စစ်ထဲဝင်လိုက်ပါသည်။ စစ်သင်တန်းတက်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားက ခြေလျှင်တပ်ရင်းတခုမှာ တာဝန်ကျပါသည်။ ရူးသွပ်သည့် လူငယ်တစ်ဦဘဝပါ။

မင်းအောင်လှိုင်အဖို့ စစ်တက္ကသိုလ်ဝင်ခွင့်ရရေးအတွက် အဆင့်ဆင့် ကြိုးစားနေရချိန်မှာ စစ်ရူးနေသော ကျွန်ုပ်ကတော့ ကချင်ပြည်နယ်၊ လီဒိုလမ်းမနဲ့ တရုပ်နယ်စပ်တွေမှာ အသက်ဖက်ထုပ်ပြီး သာမန်စစ်သားဘဝနဲ့ တာဝန်ထမ်းဆောင်နေခဲ့ပါသည်။ ၁၉၇၄ခုနှစ်တွင် စစ်တပ်မှထွက်လာပြီး၊ အိမ်ပြန်လာခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်တိုက်ပြီး မသေလိုပါ။ သူများအသက်ကိုလဲ မသတ်ချင်လိုတော့ပါ။

၂နှစ်တာ ရှေ့တန်းစစ်မျက်နှာတွင် အချိန်ကုန်ခဲ့ပြီး၊ ရန်ကုန်ပြန်ရောက်လာသောအခါ ရန်ကုန်မြို့သည် ပြောင်းလဲသွားသည်။ မင်းအောင်လှိုင် စစ်တက္ကသိုလ်ကို တတိယအကြိမ်ဝင်ခွင့် ကြိုးစားရပြီးမှ ရရှိသွားသည်။ နှင်းအောင်၏ ညီအငယ်ဆုံး ယောင်္ကျားကလေး တိုးတိုးအောင်၊ ၁၀တန်းအောင်ပြီး သူနှင့်အတူတကွ ကျွန်ုပ် RIT ရန်ကုန်စက်မှုတက္ကသိုလ်တက်ခွင့်ရသည်။ ကွန်ုပ် ပထမနှစ်မှ ကျောင်းပြန်တက်ရသည်။

နှင်းအောင်၏ ညီငယ်နှစ်ယောက်မှ အောင်ကြီးနှင့် အောက်ကြူ ဟုခေါ်သော အမွှာညီအစ်ကို ဖြစ်သည်။ သူတို့၂ယောက်စလုံး မနှစ်က ၁၀တန်းအောင်ပြီး၊  စစ်တက္ကသိုလ် DSA ဝင်ခွင့်လျှောက်ကြသည်။ အမွှာညီအစ်ကို ဆိုသော်လည်း စရိုက်လက္ခဏာ လုံးဝခြားနားကြပေသည်။

အောင်ကြီးသည် ပျော်ပျော်ပါးပါး၊ နေတတ်ပြီး ပြုံးရွှင်ရယ်မောပြီး နေတတ်သည်။ ဟာသ၊ ရယ်စရာများလည်း ပြောလေ့ရှိသည်။ သို့သော အောင်ကြူမှာ အမြဲသတိရှိရှိ၊ စဉ်းစာနေတတ်ပြီး ငယ်ငယ်ကတည်းက  ပြုံးရယ်ခဲလှသည်။ စစ်တက္ကသိုလ်သည် အမွှာညီအစ်ကို နှစ်ယောက်စလုံးတက်ခွင့် မရဟု သိထားသဖြင့် အောင်ကြူ စစ်တက္ကသိုလ်ရနိုင်သည်ဟု ကျွန်ုပ် တွေးဆခဲ့သည်။ ကျွန်ုပ်ထင်သကဲ့သို့ အောင်ကြူ စစ်တက္ကသိုလ် ဝင်ခွင့်ရရှိပြီး သူ၏ဖခင် ဗိုလ်မှုးသန်းလွင်ကဲ့သို့ စစ်ဗိုလ်ဖြစ်လာသည်။

နှင်းအောင် ဖခင် ဗိုလ်မှုးသန်းလွင်သည် လုပ်သက်များစွာရှိပြီး၊ ဗိုလ်မှုးအဆင့်ဖြင့် ရာထူးမတက်သော်လည်း စီနီယာအရာရှိဖြစ်သည်။  စနစ်ကျသောစစ်ဗိုလ်ဖြစ်သည်။ အမိန့်အထူးနာခံသောသူဖြစ်ပြီး၊ ဘာသာရေးအလွန်ကိုင်းရှိုင်းသူဖြစ်သည်။ ကျွန်ုပ်တို့ကိုလည်း သူ့အိမ်အလည်လာစဉ် စကားပြောခဲလှသည်။ ဂရုမစိုက်ပါ။ အကြိမ်ပေါင်းမြောက်များစွာ သူတို့အိမ်သွားလည်သော်လည်း မှတ်မှတ်ရရ ၂ကြိမ်သာလျှင် ကျွန်ုပ်ကို သူစကားပြောခဲ့သည်။

တကြိမ်မှာ ကျွန်ုပ်တို့ ဧည့်ခန်းတွင် ထိုင်နေကြသည်။  ဗိုလ်မှုးသန်းလွင်သည် သူ့၏ ဘုရားခန်းမှ ရုတ်တရက်ထွက်လာပြီး မှတ်စုစာအုပ် ဟောင်းနွမ်းတစ်ခုကို စိတ်ဝင်စားစွာနှင့် ကျွန်ုပ်တို့ကို ပြသည်။ စကားပြောခဲ့သည်။ သူ ဗမာ့လွတ်လပ်ရေးတပ်မတော် တာဝန်ထမ်းဆောင်စဉ်က စစ်အရာရှိမိတ်ဆွေများရဲ့ လက်မှတ်များထိုးထားတဲ့ စာအုပ်အကြောင်းပြောသည်။ ပျဉ်းမနားတွင် ၁၉၄၆ မှ ၁၉၄၇အတွင်း ဒုတိယကမ္ဘာစစ်ပြီးစ အချိန်ကာလဟု ဆိုသည်။

ထိုစာအုပ်မှ ကျွန်ုပ်ဖခင် ရေးထိုးထားသော လက်မှတ်ကို ပြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှ ဂျပန်ဗမာ့တပ်မတော်ကို အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီး ဆာ ဝီလျှံစလင်း အမှတ်၁၄ တပ်မဟာထံ လွှဲအပ်လိုက်သည်။ ဗမာ့တပ်မတော်အင်အား စစ်သည် နှစ်သောင်းသည် ပျဉ်းမနားသို့ ချီတက်သွားပြီး အင်္ဂလိပ်တို့ထံတွင် လက်နက်ဖျက်သိမ်း၊ ပူးပေါင်းလိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်မှုးသန်းလွင်နှင့် ကျွန်ုပ်ဖခင်မှာ သွေးသောက်၊ စစ်သား၊ ညီအစ်ကိုများဖြစ်သည်။ ထို့ကြောင့် သူက ကျွန်ုပ်အား အသိအမှတ်ပြု ပထမဆုံး၊ စကားပြောဆိုခြင်းဖြစ်သည်။ နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ထို မှတ်တမ်းစာအုပ်အကြောင်းကို အစိုးရပိုင် မြဝတီမဂ္ဂဇင်းတွင် ရေးသားထုတ်ဝေခဲ့သည်။

ထို မှတ်စုစာအုပ်အကြောင်း ပြောပြပြီးသည့်နောက် ထုံးစံအတိုင်း ဘုရားခန်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ နောက်ထပ် စကားထပ်မံမပြောဖြစ်တော့ပါ။ နှစ်အနည်းငယ်ကြာသောအခါ သူ့ကို အရပ်ဖက်ဖက် ရုပ်ရှင်ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွန်ကြားရေးမှုးအဖြစ် ပြောင်းရွှေ့ခန့်ထားခံရသည်။

ထို့အပြင်၊ မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ရသောကြောင့် နိုင်ငံခြားရုပ်ရှင်၊ ပြည်တွင်းရုပ်ရှင် ဘယ်ရုပ်ရှင်ကားမဆို သူကိုယ်တိုင် ကြည့်ပြီး၊ ဆိုင်းထိုး ခွင့်ပြုမှသာလျှင် မြန်မာပြည်တွင် ပြသခွင့်ရပါသည်။ ရုပ်ရှင်ကားတိုင်းကို အစအဆုံးကြည့်ရသည့် ထိုအလုပ်မှာ သူအတွက် ငရဲခန်းအလုပ်ပင်ဖြစ်သည်။ ထိုအလုပ်မလုပ်ခင်က သူ့ဘဝတွင် ရုပ်ရှင်အလွန်ကြည့်ခဲလှသူ ဖြစ်သည်။

တနေ့တွင် ကျွန်ုပ်တို့ သူ့ထံပြေးသွားပြီး ဟောလီဝု ရုပ်ရှင်ကားအရှည်ကြီး “Harold Robin’s The Adventurer” ဇတ်ကားကို သူ၏ ရုံးတွင်ကြည့်ကြသ&

ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ၈၈ လူထုလှုပ်ရှားမှုကြီး ၂၅ နှစ်ပြည့် အမှတ်တရအစီအစဉ် & တရုပ်အရေးအခင်းနှင့်နှိုင်းယှဉ်ချက်

ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် (Min Ko Naing) (2013 in Review)

ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် 
မင်းကိုနိုင် ။ ဒီဇင်ဘာ ၊ ၂၀၁၃

(ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ၈၈ လူထုလှုပ်ရှားမှုကြီး ၂၅ နှစ်ပြည့် အမှတ်တရအစီအစဉ်ကို “ငွေရတု”ဟူသောစကားလုံးသုံးစွဲမှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။
အစိုးရဝန်ကြီးတချို့လည်း ဖိတ်ကြားချက်အရ ထိုအစီအစဉ်သို့ တက်ရောက်လာခြင်းသည်လည်း အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး မိုးမခမီဒီယာက ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် တွေ့ဆုံမေးမြန်းရာ သူက လိုတိုရှင်း ဖြေကြားခဲ့ပြီး ၈၈ စိတ်ဓာတ် ရှင်သန်မှုအကြောင်းကိုလည်း ပြောပြခဲ့သည်။ အပေါ်ပုံမှာ ရန်ကုန်မြို့ရှိ  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးအတွင်း ရိုက်ကူးထားသောပုံဖြစ်သည်)

၁၉၈၈ အရေးတော်ပုံကို ပြည်သူလူထုရဲ့ တကယ့် အရေးပါတဲ့ အောင်ပွဲ၊ ပြည်သူလူထုရေးတဲ့သမိုင်းလို့ ကျနော်တို့က သဘောထားတယ်။
ဒါက ဘုရင်ကိုသတ်တဲ့သူက ဘုရင်ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ ကမ္ဘာ့စံချိန်တင်လောက်အောင် သမ္မတ သုံးဆက်ကို ပြည်သူက ရက်ပိုင်းအတွင်း ဖြုတ်ချနိုင်တယ်ဆိုတာ အဲဒါက အောင်ပွဲမဟုတ်လို့ ဘာပွဲဖြစ်ရမှာလဲ။
ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ချက်ချင်းမရောက်တာက ဒုတိယအပိုင်းလေ။ ဒါကြောင့် ကျနော်တို့က ငွေရတု ဆိုတဲ့ စကားလုံးကို ကျကျနနကို စဉ်းစားပြီးတော့ တလေးတနက်ကို သုံးလိုက်တာပါ။
ဝန်ကြီးဦးအောင်မင်းကို ဖိတ်လို့၊ သူတို့ အခမ်းအနားတက်လို့ သူတို့တောင်မှ အရေးတော်ပုံကြီးကို တကယ် အသိအမှတ်ပြုတဲ့စကားမျိုး ပြောရပြီလေ။ ကျနော်က အဲဒီလက္ခဏာဘက်ကပဲ ကြည့်တယ်၊
ရှစ်လေးလုံးအတွက် ပြတိုက် ကျနော်တို့တိုင်းပြည်မှာ ရှိသင့်တယ်၊ နိုင်ငံတော်ကနေပြီးတော့ တလေးတစားနဲ့ တမြတ်တနိုးလုပ်တဲ့ပြတိုက်မျိုး ဖြစ်သင့်တယ်။ တချိန်ချိန်မှာ ကိုယ်စားပြုနေတဲ့ အစိုးရတရပ်ရပ်က အသိအမှတ်ပြုတယ် ဆိုရင် နောက်အစိုးရတွေလည်း ဆက်ပြီး အသိအမှတ်ပြုမယ်၊ ဆိုလိုတာက အစိုးရကမတည်မြဲဘူးဗျာ၊ ကျနော်ပြောချင်တာက နိုင်ငံတော်၊ နိုင်ငံတော်ကနေပြီး ဂုဏ်ပြုရတဲ့ အထိမ်းအမှတ် တခုလည်း ဖြစ်ရမယ်၊ ပြတိုက်လည်း ဖြစ်ရမယ်၊
အဲဒီအတွက်ဆိုရင် ရှစ်လေးလုံးဟာ တကယ့် တိုင်းပြည်အတွက် အရေးပါတဲ့ အပြောင်းအလဲ၊ နောက်ပြီးတော့ ပြည်သူလူထုကြီး ချိုးခဲ့တဲ့ အချိုးအကွေ့ ဆိုတာ သူတို့ အသိအမှတ်ပြုတာ၊ ကျနော်တို့လိုချင် အသိအမှတ်ပြုမှုကိုပဲ။
၈၈ စိတ်ဓာတ်က ရိုးရိုးလေးပါ၊ ဖိနှိပ်ချုပ်ခြယ်တာရယ်၊ အခွင့်ထူးခံတာရယ် – အဲဒီနှစ်ခုကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့ တွန်းလှန်ကြတာပေါ့။ တွန်းလှန်ကြတဲ့နေရာမှာ ကျနော်တို့က ထပ်ပြီးတော့ ပိုပြီးတော့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံရတယ်၊ အဲဒါတွေကို ထပ်ကျော်လွှားပြီးတော့ ရင်ဆိုင်ကြတယ် ဆိုတော့ အဲဒီစိတ်ဓာတ်မျိုးဟာ ယာယီလက္ခဏာအရ ငုတ်လျှိုးရတဲ့ကာလတွေ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ဆက်ပြီး သယ်ဆောင်နိုင်တာ သေချာတယ်ဗျ။
ဒီနေ့အထိ လူတွေရဲ့ နိုးကြားမှု တက်လာတာတွေကိုကြည့်၊ အဲဒါတွေက ပြောရမယ်ဆိုရင် ကာလတခုပဲ အာဏာ ကြမ်းကြမ်း သုံးပြီးတော့ တားဆီးထားလို့ ရမယ်၊ ထာဝရတော့ ဘယ်လိုမှ မရဘူး၊ နောက်ဆုံးတော့ လူတွေအားလုံး နားလည်တာက ၈၈ ဆိုတာ ဓမ္မ နဲ့ အဓမ္မ အားပြိုင်တာပဲ။ အဲဒီအားပြိုင်မှုက နောက်ဆုံးမှာ ဓမ္မက အနိုင်ရစမြဲပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ နိယာမကြီးဖြစ်နေလို့။ တခုပဲ ရှိတယ်၊ ဒါက ကြာတတ်တယ်၊ အင်အား မပြည့်စုံသေးသရွေ့ ကြာတတ်တယ်၊ အဲဒါကို ကျနော်တို့လူထု နားလည်ပါတယ်။
အခုက နောက်မျိုးဆက်တွေက ကျနော်တို့ပေးနိုင်တာက – ၈၈ ဆိုတာ  ပြည်သူလူထုလှုပ်ရှားမှုဖြစ်တယ်၊ ဒါကြောင့်မို့ တစုတဖွဲ့ကောင်းနဲ့ လုပ်လို့ မရဘူး၊
တမျိုးသားလုံး ဟန်ချက်ညီညီလုပ်နိုင်မှ အပြောင်းအလဲတခု ဆိုတာ  ဖြစ်လာမယ် ဆိုတဲ့အနှစ်ကိုတော့ ကျနော်တို့ ပေးနိုင်ရလိမ့်မယ်၊ ကျနော်တို့မှာလည်း တာဝန်ရှိတယ်၊ နောက်မျိုးဆက်တွေမှာလည်း ခံယူဖို့ တာဝန်ရှိပါတယ်။
==========================================
၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့
နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။

– See more at: http://moemaka.com/archives/34685#comment-16028

Comment (Ngunjawa 2)
ရှစ်လေးလုံးပုံစံ တရုပ်ပြည် Tiananmen Square protests of 15 April 1989 – 4 June 1989
 တရုပ်ပြည်ကို အနောက်နိုင်ငံပုံစံ ပြုပြင်ပြောင်းလဲလိုတဲ့ ခေါင်းဆောင် Hu Yaoband နေရာ၊ ကျောက်ဇီယန် Zhao Ziyang နဲ့ အစားထိုးပြီးခဲ့ပါတယ်။ သိပ်မကြာခင်မှာ Hu Yaoband ကွယ်လွန်သွားပြီး ဈာပနကို အကြောင်းပြု ၁၉၈၉မှာ တရုပ်ပြည် မြို့ကြီးပေါင်း ၄၀၀ကျော်မှာ မြန်မာပြည် ရှစ်လေးလုံးလိုပဲ တရုပ်တနိုင်ငံလုံးဆန္ဒပြကြပါတယ်။ တရုပ်အစိုးရ ပြုပြင်ပြောင်းလဲမှုကြောင့် ၂နှစ်အကြာမှာ ကုန်ဈေးနှုန်း ၃၀% တက်လာပြီး၊ လခစား ဝန်ထမ်းတွေ လစာနဲ့မလောက်ခြင်း၊ ပြုပြင်ပြောင်းလဲမှုမှာ အစိုးရထိပ်ပိုင်းလူများ လာဘ်စားမှုနဲ့ ဆွေမျိုးများစီးပွားလုပ်မှု corruption and nepotism အရမ်းကြီးမားလာတဲ့အတွက် ဖြစ်ပါတယ်။

 တရုပ်ပြည် သိပ္ပံနည်းပညာတက္ကသိုလ် ပါမောက္ခ Fang Lizhi ဦးဆောင်တဲ့ ကျောင်းသား၊ဆရာအုပ်စုများ နဲ့ တတိုင်းပြည်လုံး အုံကြွမှုကြောင့် ဆန္ဒပြသူ သန်နဲ့ချီပြီး ပီကင်းမြို့က Tiananmen Square ကို တရုပ်ဝန်ကြီးချုပ် ကျောက်ဇီယံ စာနာမှုပြခဲ့ပါတယ်။ တိန်ရှောင်ဖိန့် ဦးစီးတဲ့ တရုပ်အစိုးရ က ကျောက်ဇီယန်ကို ဖယ်ရှားပြီး၊ စစ်တပ်နဲ့နှိမ်နင်းဖို့လုပ်ပါတယ်။ လက်မခံတဲ့ စစ်ဗိုလ်ချုပ်ကြီး ၇ဦးကိုလည်း ဖယ်ရှားလိုက်ပါတယ်။ လူအသေပျောက်နည်းပါးစွာနဲ့ စစ်အုပ်ချုပ်ရေးကြေညာပြီး အနောက်နိုင်ငံစတိုင် ပါတီစုံဒီမိုကရေစီတောင်းဆိုမှု နှိမ်နင်းလိုက်ပါတယ်။

 ကျောက်ဇီယံလည်း ၁၅နှစ်ကြာ အကျယ်ချုပ်ခံရပြီး၊ ၂၀၀၅မှာ ကွယ်လွန်ပါတယ်။ သူ့မှတ်တမ်းတိတ်ခွေကို စာအုပ်ထုတ်ပြီး The Secret Journal of Premier Zhao Ziyang. 306-page ဟောင်ကောင်မှာ တရုပ်၊ အင်္ဂလိပ်ဘာသာများနဲ့ ဖြန့်ဝေခဲ့ပါတယ်။ တရုပ်ပြည်မမှာတော့ စာအုပ်ထုတ်ဝေခွင့်မရပေမဲ့၊ အွန်လိုင်းဒေါင်းလုပ် ဖတ်နိုင်ပါတယ်။ ပါမောက္ခ Fang Lizhi လည်း အမေရိကန်သံရုံးမှာ ပြေးဝင်ပြီး ခိုလှုံခွင့်တောင်းတာ တစ်နှစ်အကြာ တရုပ်ပြည်ကထွက်ခွာခွင့်ရပြီး၊ အနောက်နိုင်ငံတက္ကသိုလ်များမှာ ပါမောက္ခအလုပ်နဲ့ Activist လုပ်ဆောင်ရင်း အမေရိကန်မှာနေထိုင်ပါတယ်။ ၂၀၁၂ ကွယ်လွန်ပါတယ်။ ကျောင်းသားခေါင်းဆောင်၊ တတ်သိပညာရှင်များစွာလည်း ထိမ်းသိမ်းခံရခဲ့ပါတယ်။ အမေရိကန်အစိုးရက စီးပွားရေးပိတ်မဲ့အရေးတွေကြောင့် ပြန်လွှတ်ခဲ့ပါတယ်။ အများစုဟာ အခုချိန်ထိ အနောက်နိုင်ငံတွေမှာပဲ ရှိနေပါသေးတယ်။ ပြန်လာခွင့်ရှောက်သူများကိုလည်း လစ်လျူထားဆဲ ဖြစ်ပါတယ်။ ၂၀၁၀ မှာ နိုဘယ်ဆုရတဲ့ Liu Xiaobo ကိုလည်း ပြည်ပထွက်ခွင့်မပေးပါဘူး။ အခုလည်း တရုပ်ပြည်ပါတီစုံ ဒီမိုကရေစီအားပေးတဲ့ တက္ကသိုလ်ပါမေက္ခများကို အလုပ်ကထုတ်ပယ်နေကြဆဲ ဖြစ်ပါတယ်။ ကွန်မြူနစ်တစ်ပါတီပဲ ဒီမိုကရေစီဆက်လုပ်မဲ့ သဘောပါ။

 မြန်မာပြည် ၁၉၈၈ အပြီးမှာ တရုပ်ပြည် ၁၉၈၉ အရေးခင်းဖြစ်ပါတယ်။ တရုပ်အရေးခင်း ခေါင်းဆောင်များဟာ တရုပ်အစိုးရအဖွဲ့ထဲပါဝင်ခွင့်မရပေမဲ့ သူတို့ကြောင့် တရုပ်ပြည်က corruption and nepotism လျော့နည်းသွားခြင်းဖြစ်ပါတယ်။ ယခု ၂၀၁၃ မြန်မာပြည်က ရှစ်လေးလုံးခေါင်းဆောင်အချို့ကတော့ လွှတ်တော်မှာရောက်နေပြီး၊ တရုပ်ပြည်ထက် အခြေအနေ ပိုကောင်းလာပါစေ၊ လာဘ်စားမှုနဲ့ဆွေမျိုးများစီးပွားရေးကြီးစိုးမှု corruption and nepotism ကို ဘယ်လိုကျော်လွှားနိုင်မယ်ဆိုတာ စောင့်မျှော်နေပါတယ်။ 

Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-28 08:40:43

http://profile.ak.fbcdn.net/hprofile-ak-prn2/1118463_600205625_1149439580_s.jpg

Tin Hlaing
နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်နှင်းပပ ရဲ့ သား ILO ဥက္ကဋ္ဌ နဲ့ ဘန်ကောက်မှာတွေ့ ဆုံဖို့ ကြိုးစားခဲ့တဲ့.. ILO အမှုတွဲလို့ ခေါ်တဲ့.. အကျဉ်းကျသူများထဲမှာ အသက်အငယ်ဆုံး ထောင်ဒါဏ် ၂၁ နှစ်ကျခဲ့သူ – ဖိုးထောင် (ခ) အောင်နိုင်သူ (၂၆ – နှစ် ) ဟာ မနေ့ က ( ၂၆.၁၂.၁၀၁၃)နေ့ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ် – မနက်ဖန် ( ၂၈.၁၂. ၂၀၁၃ ) နေ့ မှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ် နံနက် ၁၁ နာရီမှာ ချမ်းမြသာစည်မြို့ နယ် ၊မြောက်ရွာသစ် ၄၂ လမ်းဂုံးကျော် တောင်ဖက် လမ်း ၈၀ × ၈၁ ကြား ဒေါ်နှင်းပပ နေအိမ်မှ စတင်ထွက်ခွါမှာ ဖြစ်လို့  – လိုက်ပါပို့ ဆောင်နိုင်ပါရန်…….

Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-27 07:53:23

Kyaw Gyi AB’s Photos
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ဆင်းသက်လာသော တိုက်ပွဲအဆင့်ဆင့်တွင် ကျရာတာဝန်ထမ်းဆောင်ရင်း
အကျဉ်းထောင်
စစ်ကျောရေးစခန်း များတွင် အသက်စွန့် သွားခဲ့ကြသော ဆိုတဲ့
ဂုဏ်ပြုပွဲ သတင်းလေးပါ…..

စာရင်းမှာတွေ့ ရတာက ကျွန်တော့် ဘဝနဲ့  ဆက်စပ်နေတဲ့…
ရာပြည့် ခေါ် ခင်မောင်တင့်(မန္တလေး)

သူ့ ကို ထောက်လှမ်းရေးက တပ်ကြပ်ကြီးပါ ဆိုပြီး
ABSDF မြောက်ပိုင်း ပါဂျောင်မှာ စစ်ကျောရေး လုပ်တော့ နောက်အလှည့်ကျမဲ့ ကျွန်တော်က ထိုင်ကြည့်နေခဲ့ရဖူးတယ်
သူ့  မိသားစုကို ကျွန်တော်လွတ်မြောက်စဉ်မှာ မြင်တွေ့ ခဲ့ရတဲ့ အနေအထားအရ ဆွမ်းသွပ်လိုက်ပါလို့ ကျွန်တော်ပြောခဲ့ဖူးတယ်
မိသားစုက အိပ်မက်မပေးသေးလို့  ဆွမ်းမသွပ်ခဲ့ သလို အံ့သြလောက်အောင် သေတွင်းက ရုန်းထွက်ခဲ့တယ်
ဆက်ပြီးတော့လဲ
သူလုပ်စရာကို လုပ်လို့  ထောင်အနှစ် ၂၀ ကျတယ်
သူ့ အမှုတွဲက ကျွန်တော့်ကို ရအောင် ပုတ်ထုတ်ထားခဲ့ပြန်တယ်
သူဟာ အိုးဘို အကျဉ်းထောင်တွင်းမှာ ကျဆုံးတယ်

အခုလို ဂုဏ်ပြုပွဲမှာ…..
ကျွန်တော်လဲ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ဆင်းသက်လာသော တိုက်ပွဲအဆင့်ဆင့်တွင် ကျရာတာဝန်ထမ်းဆောင်ရင်း
ပါဂျောင်လူသတ်ပွဲအတွင်းမှာ အသက်စွန့် သွားကြသော ရဲဘော် ရဲမေ များကိုလဲ ဘယ်စာရင်းမှ မပါ ဘယ်မှတ်တမ်းမှ မဝင်လဲ …
ရာပြည့် နဲ့  ထပ်တူ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ် — with <a href=”http://www.facebook.com/tunoo.khaing?viewer_id=0″ data-ft=”{&quot;tn&quot;:&quot;;&quot;}” data-hovercard=”/ajax/hovercard/user.php?id=100003889646447&amp;extragetparams=%7B%22directed_target_id%22%3Anull%2C%22viewer_id%22%3A0%7D”>Tun Oo Khaing</a> and 16 others.

Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-25 14:32:35

http://profile.ak.fbcdn.net/hprofile-ak-ash2/1119398_100004290814296_2013644237_s.jpg

Former Political Prisoners
ကျဆုံးနိုင်ငံရေး အကျဉ်းသားများအားဂုဏ်ပြုပွဲ ======================== ၈၈အရေးတော်ပုံမှ ဆင်းသက်လာသော တိုက်ပွဲ အဆင့်ဆင့်တွင် ကျရာတာဝန်ထမ်းဆောင်ရင်း အကျဉ်း ထောင်နှင့် စစ်ကြောရေးစခန်းများတွင် ကျဆုံးသွားခဲ့သော နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့(FPPS)နှင့်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့က ဂုဏ်ပြုမည့် အစီစဉ်အတွက်ကျဆုံးနိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများအား ဆက်သွယ်ဆောင်ရွက် ရာ တွင်၂၀.၁၂ ၂၀၁၃ခုနှစ်၌ ဆက်သွယ်ရရှိသော စာရင်းမှာ ၆၅ဦးဖြစ်ပါသည်၊အဆိုပါ၆၅ဦးအနက် ပထမအ သုတ် အဖြစ်၅၅ဦးကို ၂.၁.၂၀၁၄နေ့တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီ ခန်းမ၌ နေ့လည် ၁နာရီအချိန်တွင် အခန်းအနားဖြင့် ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ကြောင်းနှင့်ကျန်ရှိသူများနှင့် နောက်ထပ်ဆက် သွယ်လာ သော မိသားစုများ အားဒုတိယ အသုတ်အနေဖြင့် ဆက်လက်၍ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျှက်ရှိ ကြောင်း၊ပထမအသုတ်အဖြစ်ပေးအပ်မည့်ကျဆုံးအကျဉ်းသားများစာရင်အားကြည့်ရှုလိုပါက Formaer Political Prisoners and Political Prisoner (facebook) ပထမအသုတ်အဖြစ်ဂုဏ်ပြုပေးအပ်မည့်သူများစာရင်း (ရွေးချယ်ပြီး)

မြန်မာပီအာစနစ် Permanent Resident Card (Green Card) in Myanmar

 A permanent residence card is the solution for people who wish to regularly visit to stay in Myanmar for a longer period. It is perfect for people that wish to retire in Myanmar and for other people who want to stay in Myanmar without a work permit.
At point c, item 1, article 13 Ordinance on immigration, migration, residence of foreigners in Myanmar dated 28th April 2012, foreigners who are temporarily residing in Myanmar in one of following cases are considered and approved of permanent residence:
Wife, husband, child, father, mother of Myanmar citizen permanently residing in Myanmar
Permanent Residence Card has unlimited validity, every 3 years, the card holder will have to update their Permanent Residence card. The card holder also can use this card as an unlimited visa to come to Myanmar.

Apply for new Permanent Residence Card

Required documents:
  1. 02 application forms for permanent residence (Form N7, attached with 04 passport photos 3 cm x 4cm).
  2. 02 curriculum vitae statements of the applicant (Form N10)
  3. 02 judicial record copies approved by competent public authority of the country where such person is a citizen or of the country where such person permanently resides.
  4. Diplomatic note of competent public authority of the country where such person is a citizen requesting for approval of such person’s permanent residence in Myanmar (Attached with a transfer note of Myanmar diplomatic agency).
  5. 02 copies of passport.
  6. 02 copies of visa or temporary alien card valid at the time of submitting documents, 02 copies of immigration declaration.
  7. 02 copies of documents to prove being wife, husband, child, father, mother of Myanmar citizen permanently residing in Myanmar.
  8. 02 guarantee letters for foreigners temporarily residing in Myanmar (Form N9) confirmed by People’s Committee of ward, commune, attached with 02 copies of Identity card, family record of the guarantor. The guarantor and the guarantee must show documents to prove having legal houses or legal financial sources to ensure having house and life for the guarantee.
Above documents (except for application for permanent residence, diplomatic note, passport, visa) must be translated into Myanmar and certified or legalized as regulated.
Where to apply for Permanent Residence card: The Immigration Department of the city where the foreigner lives.
Returning result: Within 6 months, Immigration Department must consider and confirm whether they accept to issue the Permanent Residence card or any changes/ additional documents required. After confirmation, the Immigration Department will have to issue the Permanent Residence card within 5 working days.

Renew, change, update Permanent Residence card

Every 03 years, Permanent Residence Card holder must bring their card to present at Immigration Department of the province, city directly under the Central Government, when presenting he/she must show permanent Residence card and submit photos to change for new card.
In case he/she wishes to change the contents of the permanent residence card, the residence card holder must submit the application to Immigration Department of the resident place. The procedures are as follows:
  1. 01 statement request for changing permanent residence card (Form N8, attached to 02 3×4cm photos) confirmed by local public security of the residence place.
  2. 01 copy of passport (bring original to compare)
  3. 01 original old permanent residence card.
Period of returning result: 05 business days since the date Immigration Department received valid documents.
Note: In case of reissue due to loss, the procedures are the same as change Permanent Residence card and submission of 01 statement of the reason for loss.
Period of returning results is within 14 business days.
If you don’t believe – see the reference:
http://www.expat.vn/permanent-residence-card
မြန်မာပြည်ပြန်ဖို့ ပြည်ပရောက်မြန်မာများ အခက်ခဲမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်။ အလွန်ပြန်ချင်ပေမဲ့လည်း ဗီဇာအခက်အခဲကြီးက တိုးလို့မရအောင်ဖြစ်နေပါတယ်။

၁။ အစိုးရဝန်ထမ်းဟောင်းများကို ဝန်ထမ်းပြေးလို့ သတ်မှတ်ပြီး လာဘ်တောင်းနေတဲ့ လေဆိပ်၊ ဝန်ကြီးဌာနဆိုင်ရာများရှိပါသေးတယ်။

၂။ ပညာတော်သင် ထွက်သွားပြီး ပြန်မလာသူများကိုလည်း နိုင်ငံတော်စီးပွားပျက်စေတဲ့အမှုမျိုး (နိုင်ငံတော်ပုန်ကန်မှုပြီးရင် အမြင့်ဆုံးအပြစ်ဒဏ်ပေးမဲ့ပုဒ်မနဲ့) စောင်နေသလိုဖြစ်နေပါတယ်။

၃။ နိုင်ငံခြား ကျောင်းတက်၊ အလုပ်လုပ်ဖို့ ထွက်ခွာရင်း ပြည်ပနိုင်ငံသားအဖြစ် မဖြစ်မနေ ခံယူလိုက်ရသူများ

အစရှိသူ မြန်မာနိုင်ငံမှ ထွက်ခွာလာသူများကိုလည်း ဗီဇာလျှောက်ရင် ဟိုကြပ်သည်ကြပ်နဲ့၊ တချို့ဆို သံရုံးအင်တာဗျူးမှာ အနိုင်ကျင့်မေးခွန်းတွေမေးပါတယ်။ မခံနိုင်လို့ ပြန်ပြောရင် ဗီဇာမပေးပဲ ညစ်ထားတဲ့ သံရုံးစည်းမျဉ်းတွေ မကျော်နိုင်သေးပါဘူး။ ဗီဇာလာလျှောက်သူကို..ဘာကြောင့်နိုင်ငံရေးခိုလှုံရပါသလဲ၊ ဘာကြောင့် မြန်မာနိုင်ငံသားအဖြစ်က စွန့်ရပါသလဲ ဆိုတဲ့ မေးခွန်း၊ အင်တာဗျူး… မလုပ်သင့်ပါဘူး။

ပြီးတော့ ဗီဇာရပြီး မြန်မာပြည်တွင်းဝင်သွားရင် နောက်ခံဘက်ဂရောင်း မရှိပါက ပြည်တွင်းမှာ အနိုင်ကျင့်ခံရပြန်တယ်။ အနည်းဆုံး လေဆိပ်အထွက် အင်မီဂရေးရှင်းမှာ ဟိုမေး၊ သည်မေးနဲ့ လုပ်ချင်တာမျိုးတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။

အောက်ပါကျေငြာချက်ကိုလည်း ဖေ့စ်ဘုတ်မှာတွေ့လိုက်ပါတယ်။

ပြည်တွင်းပြည်ပ ပူးပေါင်း ဆောင်ရွက်ရေး ကျောင်းသားများ သိစေရန် ။
ခေါင်းဆောင်ဆိုသူများ မပါရှိ စေရ ။ တိုက်ပွဲဝင် ရဲဘော်များသာ ဖြစ်သည် ။ ရန်သူ့ထံ ဒူးထောက် အညံ့ခံချင်း မဟုတ်ပါ ။ တိုက်ပွဲက မပြီသေးပါ ။ ကားပါမစ်လဲ မယူပါ ။ ဆက်လျှက် ချီတက် တိုက်ပွဲဝင်ရန် ပြည်တွင်းပြည်ပ ပူးပေါင် ဆောင်ရွက်ခြင်းသာ ဖြစ်ပေသည် ။

ကျနော်နဲ့ ဆက်သွယ် ပါရန် ။
ရဲဘော်ကြီး ဘီစီ
နယ်သာလန် ( ဟော်လန် )
ဖုန်း – 0031302011015
ဝန်ကြီးဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ နိုင်ငံတကာလှည့်ပြီး ၂၀၁၃ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ဆို မြန်မာပီအာ Permanent Resident စနစ်လုပ်နိုင်အောင် ကြိုးစားနေပါတယ် ..ပြောကြားချက်များ အခုအခါ အကောင်ထည်မဖေါ်နိုင်ဖြစ်နေပါတယ်။ ဒီတော နိုင်ငံခြားက မြန်မာများ ပြန်လာရင် မတရားညစ်ပြီး၊ အာဏာပြ၊ တရားစွဲဆိုခြင်း၊ လေဆိပ်အထွက်ကျမှ နောက်နေ့လေယာဉ်နဲ့ပဲ လိုက်ပါ အစ်ကို/အစ်မ လို့ပြောပြီး ချန်ထားရစ်စေခြင်းများ၊ လာဘ်တောင်းဖို့ ကြိုးစားခြင်းများအတွက့်  မြန်မာပြည်တွင်းမှာ အဖွဲ့အစည်းတစ်ခုက လုပ်ပေးဖို့လိုနေပြီဖြစ်ပါတယ်။ စိုးရိမ်သူများ မြန်မာပြည်အလည်ပြန်လိုရင် ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတခုဆီ ကြိုတင်စာရင်းပေးထားပြီး လေဆိပ်က တရားဝင်လာကြိုတဲ့အထိ လုပ်ပေးဖို့ လိုနေပါပြီ။

အထူးသဖြင့် ပြိုလဲနေတဲ့ မြန်မာ့တရားရုံး၊ တရားဥပဒေနဲ့ လူတွေကို ငွေညှစ်တတ်သူများ လုပ်စားနေချိန်မှာ၊ ပြည်ပက အလည်ပြန်လာမဲ့ မိတ်ဆွေများအတွက် ကူညီဖို့ အဖွဲ့အစည်းတစ်ခု လိုနေပါတယ်။ အကြံအဖန်အဖွဲ့လည်း မဖြစ်ဖို့အရေးကြီးပါတယ်။ ကုလသမဂ္ဂ UN, EU refugee အဖွဲ့အစည်းများက လုပ်နိုင်ရင်တော့ အတိုင်းထိ အလွန်ပါပဲ။

အောက်ဖေါ်ပြပါ ကြေငြာချက်ကတော့ ဗီယက်နမ်နိုင်ငံပြုပြင်ပြောင်းလဲမှုမှာ အလွန်အရေးကြီးလှတဲ့ ယုံကြည်မှုကို ရယူတဲ့ ဗီယက်နမ်ပြန်လာသူများအတွက် ပီအာစနစ်ဖြစ်ပါတယ်။ မြန်မာလို့ အမည်ပြောင်းလိုက်ခြင်းဟာ မျှော်လင့်ချက်ကြီးဖြစ်ပါတယ်ခင်ဗျာ….။
End…

Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-25 06:00:15

http://profile.ak.fbcdn.net/hprofile-ak-prn2/1076890_100002599957808_1984937117_s.jpg

Treser Suu
လူထုအတွက်မခင်သန္တာအောင် ၂၆.၅.၂၀၁၃နေ့မှစ၍လယ်သမားများရှေ့မှ မားမားမက်မက်ရပ်၍ကျောင်းဆရာမ ဖြစ်လင့်ကစားထွန်တုန်းတိုက်ပွဲစဉ်နွဲရင်း အချုပ်ကြခဲ့ရာထောင်အတွင်းဆောင့်ရှောက်မှု့ အားနဲသဖြင့်အောက်ပိုင်းကျိုးသွားခဲ့ပြီး ဒီကနေ့နေ့လည်၁၂နာရီတွင်ရက်စက်စွာ(၃နှစ်၃လတိတိ) သာစည်မြို့နယ်တရားသူကြီးဒေါ်သိန်းဟန်မှ ပုဒ်မ၄၁၃.၅၀၅(ခ).၅၀၅(ဂ).အမှု၁ ပုဒ်မ၄၁၃.၅၀၅(ခ).၅၀၅(ဂ).အမှု၂ ပုဒ်မ၄၄၇.၁၈၉.၁၁၄.၆/၁.အမှု၃ မတရားစွဲဆိုထောင်ချခဲ့ပါသည်ဟု မခံမရက်နိုင်သောလယ်သမား ခေါင်းဆောင်များမှဤသို့ပြောပြခဲ့ကြသည်:-)

Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-25 05:46:06

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် တောင်းဆိုသူတဦး ထောင် ၃ လ ချမှတ်ခံရ
burma.irrawaddy.org
ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ရန်ကုန်မြို့တွင် လမ်းလျှောက် ဆန္ဒပြခဲ့သော Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင် ကို အာဏာ ပိုင် များက ယနေ့ အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း မိသားစုဝင် တဦးက ပြောသည်။

Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-24 15:45:06

ထွန်း ထွန်း’s Photos
ပုဒ် မ ၁၈ သတင်း စာ ရှင်း လင်း ပွဲ ။
ပုဒ် မ ၁၈ ။ ၅၀၅ ခ သည် နိုင် ငံ တော် မှ ထုတ် ပြန် ထား တဲ့  ရည် ရွယ် ချက် မှာ အ ခြား နိုင် ငံ များ တွင် လွတ် လပ် စွာ ဆ န္ဒ ပြ သူ တွေ ကို လုံ ခြုံ ရေး ကို အ စိုး ရ မှ ကာ ကွယ် ပေး ထား ပေ မဲ့  ။ မြန် မာ အ စိုး ရ မှ ကာ ကွယ် ပေး ရ မည် အ စားဆ န္ဒပြ သူ များ ကို ပြန် လည် တ ရား စွဲ ခြင်း သည် ပုဒ် ၁၈ ။ ၅၀၅ ခ ဥ ပ ဒေ သည် ဖိ နိုပ် မူ ပြု ထား သည် ဥ ပ ဒေ ဖြစ် ကြောင်း နှင့် လက် ရှိ အ ကျဉ်း ထောင် များ တွင် နိုင် ငံ ရေး အ ကျဉ်း သား ပေါင်း ၂၀၀ ရှိ နေ ပါ သည်ဟု aapp မှ ကို တိတ် မှ ပြော ဆို ခဲ့ သည်

Assistance Association for Political Prisoners (Burma)'s Facebook Wall 2013-12-24 15:12:40

လွတ်လပ်ရေးနေ့တွင် ဆန္ဒထုတ်ဖော်ရန် အဖွဲ့အစည်း ၅၉ဖွဲ့ ခွင့်ပြုမိန့်တောင်းခံထား | The Myanma Age…
www.mmanewsagency.com
မြန်မာ့ခေတ်သတင်းအေဂျင်စီသည် နေ့စဉ်ဖြစ်ပေါ်နေသော သတင်းများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသော သတင်းဌာနဖြစ်သည့်အပြင် အခြား သတင်းမီဒီယာဌာနများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နေသော သတင်းအေဂျင်စီ ဖြစ်သည်။