<p style=" margin: 12px auto 6px auto; font-family: Helvetica,Arial,Sans-serif;…

<p style=” margin: 12px auto 6px auto; font-family: Helvetica,Arial,Sans-serif; font-style: normal; font-variant: normal; font-weight: normal; font-size: 14px; line-height: normal; font-size-adjust: none; font-stretch: normal; -x-system-font: none; display: block;”> <a title=”View FM Fact _last Edition on Scribd” href=”http://www.scribd.com/doc/149120094/FM-Fact-last-Edition” style=”text-decoration: underline;” >FM Fact _last Edition</a> by <a title=”View Ko Hset’s profile on Scribd” href=”http://www.scribd.com/kset_1” style=”text-decoration: underline;” >Ko Hset</a></p><iframe class=”scribd_iframe_embed” src=”//www.scribd.com/embeds/149120094/content?start_page=1&view_mode=scroll&access_key=key-19ryercdunj8ct80nemb&show_recommendations=true” data-auto-height=”false” data-aspect-ratio=”0.772922022279349″ scrolling=”no” id=”doc_78609″ width=”100%” height=”600″ frameborder=”0″></iframe>
Regime’s Land Grabbing Facts


FM Fact _last Edition
www.scribd.com
Scribd is the world’s largest social reading and publishing site.

Uncategorized

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-31 16:40:14


The Irrawaddy’s Blog: နိုင်/ကျဉ်း လွှတ်မယ့် သမ္မတ ဦးသိန်းစိန် ကတိတည်ခဲ့ရဲ့လား ( ရုပ်/သံ)
blog.irrawaddy.org
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။ အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်…

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-31 13:47:42

http://profile.ak.fbcdn.net/hprofile-ak-prn2/t5/260864_100002661318840_304632433_s.jpg

Political Prisoner
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏ လက်ရှိဆောင်ရွက်လျှက်ရှိသော နိုင်/ကျဉ်း ထောက်ပံ့ရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာသင်တန်းများကို အောက်ပါ ဖုံးနံပါတ်များတွင် ဆက်သွယ်နိုင်ပါသည်။

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-31 13:12:35

http://profile.ak.fbcdn.net/hprofile-ak-prn2/t5/1119182_100001415170202_257060838_s.jpg

Akyaw Situ
၁၉၆၂မှစတင်၍ မြန်မာ့နိုင်ငံရေးအပြောင်းအလဲများအတွက် တိုက်ပွဲဝင်ရင်း ဖမ်းဆီးအကျဉ်းချထားခြင်းခံခဲ့ရသော နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကိုယ်ရေးသမိုင်းပြုစုရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများထံ တွေ့ဆုံကောက်ယူစုဆောင်း ခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိရာ ၂၉.၁.၂၀၁၄ တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကော်မတီဝင်များဖြစ်သော ဦးလှဌေး၊ ဦးထွန်းကြည်နှင့် အဖွဲ့သည် ဒလ၊ကော့မှုး၊ကွမ်းခြံကုန်း မြို့နယ်များရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် သွားရောက် တွေ့ဆုံ စာရင်းကောက်ယူကြပါသည်။ မင်္ဂလာတောင်ညွန့်၊ မှော်ဘီ၊ သံလျှင်၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တွံတေး၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များနှင့် ယုဇနဥယာဉ်မြိ့တော် တို့တွင်လည်းဆောင်ရွက်လျှက်ရှိပြီး အခြား မြို့နယ်များတွင် ဆက်လက်ကောက်ယူသွားမည်ဖြစ်ပါသည်။ ဆက်သွယ်လိုပါက- ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့-FPPs) ၀၉ ၄၉၂ ၅၅၀၂၄ ဦးလှဌေး (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့-FPPs) ၀၉ ၄၃၀ ၉၄၂၅၉

People's Rallying Cry's Facebook Wall 2014-01-29 12:48:06


Timeline Photos
ဒီ ပိုစ်ကို အပန်းမကြီးရင် ပြီးအောင်ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျား

“ဒီရွာမှာက ကလေးတွေကိုမကျွေးနိုင်ရင် မိဘကသတ်ပစ်ပြီးချောင်းထဲကို ပစ်ချကြတာ ဘုန်းဘုန်းရောက်ခါစက ချောင်းထဲမှာ
ကလေးတွေကိုတွေ့ ရတာအများကြီးပဲ ၊ မိဘတွေကလည်းပညာမတက်ကြဘူးလေ… ”

ဒီစကားဟာ… ပဲခူးတိုင်း ကြို့ ပင်ကောက်မြို့ နယ်ရှိ ဘော်ဘင်ဆည်အနီး သင်္ခရိုင်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးသောဆရာတော် အရှင်သုမန က မိန့် ကြားထာ့းတာပါ……

ဒီသင်္ခရိုင်မိဘမဲ့ ဘုန်းတော်ကြီးကျောင်းကိုဆရာတော်အရှင်သုမန က ကရုဏာတရားကြီးမားစွာထူထောင်ခဲ့ ပြီး ၄၅ ရက်သား ကလေးငယ်မှစတင်ကာ ၁၃ နှစ် အထိ ကလေးငယ် ၂၀၀ ကျော် ကိုကယ်တင်ထားတယ်လို့ သိရပါတယ်…..

ဘုန်းတော်ကြီးကျောင်းကိုခိုင်မာသောငွေပဒေသပင်မရှိ ဘဲ ပံ့ ပိုးထားတာကတော့ ဒေသခံ ရပ်မိရပ်ဖ အချို့ နဲ့ မြို့ နယ်စည်ပင်ဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ ဝင်များ မှ တက်နိုင်သလောက်လေး ထောက်ပံ ကြည့်ရူ့ထားကြပါတယ်….

ကလေးငယ်များရဲ့ အခက်အခဲ ကိုလည်း အနည်ငယ် ပြောချင်ပါသေးတယ်… ကလေးအယောက်နှစ်ရာကျော်အတွက် တစ်လကို သိန်း နှစ်ဆယ် ကျော် ကုန်ကျစရိတ်ရှိပါတယ်.. (ကလေးငယ်တစ်ဦးအတွက် တစ်နေ့ ကို 300 ~ 500 အတွင်းပါ……)

ကလေးငယ်တွေစားရတာလည်း ငရုပ်သီးကြော် ဟင်းရည် ကျဲကျဲ နဲ့  လည်ပင်းနင်လောက်အောင် မာသော ဆန်ကြမ်းထမင်းကိုသာ နေ့ စဉ်ရက်ဆက် စားရပါတယ်…..

ည အိပ်ရင်လည်း ဒီလိုချမ်းအေးလှတဲ့ ဆောင်းတွင်းမျိုးမှာ အင်မိုးသွပ်ကာ တဲ ထဲမှာ စောင်အလုံအလောက်မရှိဘဲ အေးစက်စက်အိပ်စက်ရပါတယ်…

မိဘမဲ့ ကလေးငယ်များထဲမှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်များလည်းပါဝင်တာဖြစ်လို (မရိုသေစကား ) အပျိုဖော်ဝင်စအချိန်ဖြစ်လို့  အလွန် ကိုဒုက္ခ များနေမှာပါ….. မိန်းကလေးဆောင်သီးသန့် လည်းမရှိပါဘူး ….

ထိုကျောင်းရှိရာရွာသို့ ရောက်ရန် မှာလည်းကြို့ ပင်ကောက်မြို့ 
မော်တော်ကားအသွားနိုင်ဆုံးနေရာမှတစ်ဆင့် ဆိုင်ကယ်ဖြင့် မိုင် ၂၀ ခန့် ကို ဆိုင်ကယ်ဖြင့် (၂)နာရီကြာ ခက်ခက်ခဲခဲ သွားရသောကြောင့် ကျန်းမာရေးအခက်အခဲလည်း ရှိနေပါတယ်..

ဒီလိုအခက်အခဲများစွာရှိနေသော နေရာသို့ ကျွန်တော်တို့ ၏နိုင်ငံပေါင်းစုံမှ အမာခံ Fans အလှုရှင်များစုပေါင်းပြီးအ၀တ်အထည်များ ဆေးဝါးများ အခြေခံစားသောက်ကုန်များ သွားရောက်လှုဒါန်းဖို့ စီစဉ်ထားပါတယ်…

ရန်ကုန်မှ ဖေဖော်ဝါရီလ 23 ရက်နေ့ တွင် နေ့ ချင်းပြန်ခရီး ထွက်ခွာမှာ ဖြစ်ပါတယ်… ကျွန်တော်တို့ မှ တက်နိုင်သလောက်
တစ်ပိုင်တစ်နိုင်လှုဒါန်းမှာဖြစ်လို့  မိမိတို့ တက်နိုင်သလောက်
အလှုငွေများအလှုပစ္စည်းများ လှုဒါန်းလိုပါက စေတနာ အနည်းအများမဆို
ကုသိုလ်ပါဝင်လှုဒါန်းနိုင်ပါတယ်ခင်ဗျား……

ကလေးငယ်များရဲ့ တစ်ဘ၀ လုံးစာကို မကယ်တင်နိုင်ရင်တောင်
မှကလေးငယ်များရဲ့ တစ်နေ့ စာ ပျော်ရွင်အားတက်မှု လေးကိုပေးချင်ပါတယ် ခင်ဗျား…..

အဆင်ပြေစွာလှုဒါန်းနိုင်ရန်အတွက် ကျွန်တော် အန်ကယ်စိုင်းမှ ရုံးပိတ်ရက်များတွင် အလှုရှင်များအဆင်ပြေနိုင်သောနေရာသို့  လိုက်လံ ကောက်ခံပေးပြီး ကုသိုလ်မျှဝေသွားပါ့မယ်ခင်ဗျား….

လှုဒါန်းလိုသူများ နှင့် ကိုယ်တိုင်လိုက်ပါလို သူများ ကြိုတင်ပြီးကားစီစဉ်ရမည်ဖြစ်သောကြောင့်
(၂၀.၂.၂၀၁၄ )နေ့ ကိုနောက်ဆုံးထားပြီး ဆက်သွယ်ပေးပါရန် ရိုသေစွာပန်ကြားအပ်ပါတယ်ခင်ဗျား….

ဦးကျော်ကျော် (KH စက်မှု လုပ်ငန်း ) Ph- ၀၉ ၂၅၀၀ ၂၈၀၀၃
ဖူးဖူး -၀၉ ၇၃၀၈၇၀၅၅
စိုင်းမင်းထက် (Admin-အန်ကယ်စိုင်း ) Ph-၀၉ ၃၁၂ ၈၈၀၈၁

Photo copy from မမိုးသူ (လူငယ်မြန်မာပရဟိတအသင်း)

Myanmaalinn

People's Rallying Cry's Facebook Wall 2014-01-29 12:45:49

https://fbcdn-profile-a.akamaihd.net/hprofile-ak-prn1/t5/1075985_178173252377878_1948077646_s.jpg

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အလယ်ပြန်တင့်တယ်ရန် ဒေါ်အောင်ဆန်းစုကြည် အဆိုတင်သွင်း ပညာရေးနှင့်ပတ်သတ်သောအဆိုကို ဒေါ်အောင်ဆန်းစုကြည်က “ကျမအနေနဲ့ အရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အကြောင်းလေးကို ရှင်းပြချင်ပါတယ်။ကျမတို့နိုင်ငံဟာ ပညာရေး အဆင့်အတန်းအမတန်လိုနေတယ်ဆိုတာကတော့ ဘယ်သူမှငြင်းမဲ့ ကိစ္စမဟုတ်ပါဘူး။ပညာရေးနဲ့ပတ်သတ်ပြီးဆိုလို့ ရှိရင်အရေးကြီးတာက ဒီနေ့တင်လုပ်ရမဲ့ ကိစ္စမဟုတ်ပါဘူး ၊မနေ့တနေ့တည်းက လုပ်ရမဲ့ကိစ္စဖြစ်ပါတယ်။ခုချိန်မှာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုဖြောင့်ဖြူးဖို့အတွက် ကူညီချင်တဲ့စေတနာရှိတဲ့ သူတွေကလည်းပါဝင်ပြီးတော့ ကူညီချင်တဲ့ အနေအထားမှာ ရှိနေတုန်း ဒီအခွင့်အရေးကို လက်မလွတ်အောင် ယူရမယ်လို့ ကျမ ယုံကြည်ပါတယ်၊အခု ပညာရေးမြှင့်တင်ရေး နဲ့ပတ်သတ်လို့မနက်တုန်းက ဒေါက်တာစိုးရင်ပြောသွားခဲ့တာလည်းကြားရပါတယ်၊ လှိုင်တက္ကသိုလ်ကျောင်းပြောင်းသွားတဲ့ အခါမှာ campus life ပေါ့ ၊ကျမကတော့ ဒါကို တက္ကသိုလ်ပရ၀ဏ်အတွင်းလို့ပဲ ဘာသာပြန်ချင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ အတွေ့အကြုံဆိုတာဟာ စာသင်းခန်းထဲမှာနဲ့ မလုံလောက်ပါဘူး၊ စာသင်ခန်းထဲမှာပဲသင်ပေးလိုက်တဲ့ပညာတွေဟာ မလုံလောက်ပါဘူး၊တက္ကသိုလ်ကျောင်းသူကျောင်းသားများအနေနဲ့ လူမှုရေးနဲ့ပတ်သတ်လို့ အရည်အချင်းတွေဖြည့်ဆည်းဖို လိုပါတယ်၊ဒီလို အရည်အချင်းတွေ ရဖို့ဆိုတာဟာ တက္ကသိုလ် ပရ၀ဏ်အတွင်းဘ၀ဟာ အရေးကြီးပါတယ်၊ကျမတို့ ရန်ကုန်တက္ကသိုလ်ဟာ သမိုင်းအရ ပညာရေးဘက်မှတွင် မဟုတ်ဘူး၊နိုင်ငံရေးဘက်မှာလည်း အင်မတန်မှ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ မွေးထုတ်ပေးခဲ့ပါတယ်။တက္ကသိုလ်များဟာ စံချိန်မီလို့ရှိရင် ဒီလိုပဲဖြစ်ရမှာပါ၊နိုင်ငံတကာမှာကြည့်လိုက်ရင် အထင်ရှားဆုံးတက္ကသိုလ်တွေ က နိုင်ငံ့ခေါင်းဆောင်တွေ အသီးသီးဖော်ထုတ်ပေးလိုက်တာအများကြီးရှိပါတယ်၊ ကျမတို့နိုင်ငံမှာလည်းတချိန်တခါတုန်းက ဒီလိုဖြစ်ခဲ့ပေမဲ့ အခြေအနေဟာအများကြီး ပြောင်းသွားပါပြီ၊အခုပြန်ပြီးပြောင်းလဲလို့ရတဲ့ အချိန်မှာပြန်ပြီးပြောင်းလဲရမယ်လို့ ကျမ ယုံကြည်ပါတယ်။ရန်ကုန်တက္ကသိုလ်မှာ ဆိုလို့ရှိရင် အစတုန်းကပညာရှင်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ဆွေးနွေးပြီးတော့ ပညာအရည်အသွေးမြင့်နိုင်တဲ့ အနေထားရှိခဲ့ပါတယ်။ဝိဇ္ဇာသင်တဲ့သူက ၀ိဇ္ဇာသင်ပြီးတော့ သိပ္ပံသင်တဲ့သူက သိပ္ပံပဲသင်မယ် ၊တခြားဘာသာရပ်တွေကိုဒီလိုပဲခွဲခြားမယ်ဆိုရင် လူတစ်ယောက်ရဲ့အရည်အချင်းတွေကပြည့်စုံတယ်လို့ပြောလို့မရပါဘူး၊ ဒါကြောင့်ကျမတို့ဟာ တက္ကသိုလ် ပရ၀ဏ်ဘ၀ ရှင်သန်ရေးဆိုတာဟာ ကိုယ့်ဘာသာမတူတဲ့၊ကိုယ်ယူတဲ့ ဘာသာမတူတဲ့ကျောင်းသားအချင်းချင်းမှာလည်း နှီးနှော ဖလှယ်နိုင်ေ အာင်လို့၊ပြီးတော့လည်းဘ၀တစ်သက်တာအတွက် မိတ်ဖြစ်ဆွေဖြစ်ပေါင်းသင်းနိုင်အောင်လို့ဆိုတာလဲ အများကြီးပါပါတယ်၊ကျမတို့ ဒီလိုဗဟိုကျတဲ့ တက္ကသိုလ်တက္ကသိုလ် တစ်ခု အင်မတန်မှ အရည်အသွေးမြင့်တဲ့နေရာတစ်ခုလို့ဆိုတာမှာ၊ဒီလိုနေရာတစ်ခုကို သုညကနေစပြီးဖန်တီးမဲ့နေရာမှာရဖို့ဆိုတာမလွယ်ပါဘူး၊ဒါပေမဲ့ရန်ကုန်တက္ကသိုလ်မှာတော့ အခြေခံရှိပြီးသားလို့ ကျမတို့ဒီလိုမြင်ပါတယ်၊တချိန်တခါတုန်းက အင်မတန်မှအစဉ်အလာကောင်းခဲ့ပြီးတော့၊အခုလည်းပြန်ပြီးတော့ပြုပြင်မယ် ၊ မွမ်းမံမယ်ဆိုလို့ရှိရင် အရင်တုန်းကလို အရည်အသွေးတွေမြင့်လာနိုင်မယ့် အနေအထားတစ်ခုရှိပြီးသား။ ဒီမှာကျမတစ်ခုပြောတဲ့ အခါမှာ နေရာဆိုတာ ပထ၀ီအရ တည်နေရာကိုပြောတာမဟုတ်ပါဘူး၊အဆောက်အအုံကိုပြောတာပါ၊ဒေါက်တာစိုးရင်ပြောသွားတာမှာ လှိုင်တက္ကသိုလ်ရဲ့ အနေအထားကိုပြောသွားပါတယ်၊အင်မတန်မှကောင်းမွန်တဲ့ အနေအထားဖြစ်တယ်၊တက္ကသိုလ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ကိုက်ညီတဲ့အနေအထား တစ်ခုဖြစ်တယ် ဆိုတာကို ပြောသွား ပါတယ်၊အခုလှိုင်တက္ကသိုလ်ကို ဘယ်လိုနည်းနဲ့သုံးစွဲနေလဲဆိုတာကို ဒုပညာရေးဝန်ကြီး ဦးဘရှိန်ရှင်းသွားတာကာတော့ဌာနဆိုင်ရာတွေရှိတယ်ဆိုတာတော့ ရှင်းသွားပါတယ်၊ ဒါပေမဲ့ကျမသိပ်ပြီးတော့မရှင်းပါဘူး၊ဒီဟာတွေဟာ ဘွဲ့ကြိုကျောင်းသူကျောင်းသားတွေ အတွက်လား၊ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေ အတွက်လားဆိုတာသိပ်ပြီးတော့ မရှင်းပါဘူး၊ကျမအမြင်မှာတော့ဒါဟာ ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေအတွက်လို့ထင်ပါတယ်၊တက္ကသိုလ်မှာတကယ့်ကို တက္ကသိုလ်ဘ၀ကိုနားလည်ဖို့ တက္ကသိုလ်ဘ၀ ရဲ့သင်ခန်းစာတွေကိုယူနိုင်ဖို့ဆိုတာ ဘွဲ့ကြိုကျောင်းသားတွေ အဆင့်ကပိုပြီးယူနိုင်တာဖြစ်ပါတယ်၊ အဲကြောင့်၇န်ကုန်တက္ကသိုလ်လို့ ကျမပြောတဲ့အခါမှာ တည်နေရာအရ ကန့်သတ်မှုမထားပဲနဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မဝေးလှတဲ့လှိုင် နဲ့ ဆက်ပြီး လုပ်ဖို့သင့်ရင်လည်း လုပ်လို့၇အောင်လို့ ဒါကိုရှင်းအောင်လို့ ကျမပြောသွားတာပါ၊နို့မိုဆိုရင် အရင်တုန်းက ရန်ကုန် ၀ိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ်ပရ၀ဏ် အတွင်း မှာပဲလုပ်စေချင်တဲ့ ထင်မြင်ချက် ဖြစ်သွားမှာ ပါ၊တက္ကသိုလ်တစ်ခုတည်းမှာ ဘာသာရပ်မျိုးစုံသင်နိုင်ရမယ်၊သုတေသနပြုနိုင်တဲ့ အခြေအနေတွေ ရှိရမယ်၊သုတေသန ပြုတဲ့ နေရာမှာဆရာတွေ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ အနေအထားရှိ၇မယ်၊အဲဒိတော့မှ ဆရာ၊ဆရာမတွေကြားထဲမှာလည်းသံယောဇဉ်ဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်းပိုပြီးတော့သိကြသွားတယ်၊နောက်ပြီးတော့ရေရှည်မှာဆက်ပြီးတော့ သုတေသနလုပ်ငန်းတွေလုပ်ဖို့ဆိုတာလည်းပိုပြီးတော့ အဆင်ပြေသွားပါတယ်၊ ဒါကြောင့် ကျမတို့နိုင်ငံမှာပညာရေးအဆင့်မြှင့်ဖိုဆိုလို့ရှိရင် တစ်နေရာကသတ်သတ်မှတ်မှတ်လုပ်လို့ရှိရင်ကောင်းမယ်ကျမထင်ပါတယ်၊မကြာခင်ကာလတုန်းကကျမတို့ကော်မတီ များအစည်းအဝေးမှာလည်းပညာရေးဆိုင်ရာကော်မတီက ပြောသွားတာရှိပါတယ်၊နေရာတိုင်းမှာ မလုပ်နိုင်ရင်တောင် စတဲ့နေရာလေးက ဖြစ်နိုင်အောင်လုပ်ရမယ်ဆိုတာကို တင်ပြသွားတာ အင်မတန်မှန်ပါတယ်၊ရန်ကုန်တက္ကသိုလ်က လုပ်မယ်ဆိုရင် အင်မတန်မှထိရောက်နိုင်ပါတယ်၊တက္ကသိုလ်တစ်ခုရဲ့ အင်္ဂါရပ်ပေါင်းစုံနဲ့ညီအောင်လို့ကျမတို့ ဘယ်လိုပြန်လုပ်မလဲ၊ကျမတို့နိုင်ငံမှာ အမှန်ပြောရရင် နိုင်ငံတကာတက္ကသိုလ်တွေကို အဆင့်မီတဲ့ တဲ့တက္ကသိုလ်ဆိုတာ အခု လုံးဝမရှိတော့ပါဘူး၊ အရင်တုန်းကတော့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ အနေအထားမှာရှိခဲ့ပါတယ်။အဲဒီတော့ ဒီတက္ကသိုလ်ကို ပြန်လည်မွမ်းမံပြီးတော့ ပြုပြင်မယ်ဆိုတာ ကျမက အဆောက်အအုံတွေတင်ပြောတာမဟုတ်ပါဘူး၊သင်နည်းစနစ်တွေ၊ဖွဲ့စည်းပုံတွေ၊နောက်ပြီးတော့ ကျောင်းသူကျောင်းသားများရဲ့ဘ၀ကိုကြေညာထားရပါမယ်၊တက္ကသိုလ်ဆိုတာဟာ ကျောင်းသူကျောင်းသားများကို ဗဟိုပြုတဲ့နေရာသာဖြစ်ရပါမယ်၊ဗဟိုပြုတဲ့ ကျောင်းသူကျောင်းသားများဟာလည်းဘွဲ့ကြိုကျောင်းသူကျောင်းသာတွေဖြစ်ဖို့ အရေးကြီးပါတယ်၊ဒီလိုဖြစ်နိုင်ဖို့ကျမကဒီလိုပြုပြင်မွမ်းမံဖို့တိုက်တွန်းတာဖြစ်ပါတယ်၊အခု အချိန်မှာ ကျမတို့ ပညာရေးနဲ့ပတ်သတ်လို့ထောက်ပံ့ချင်တဲ့ အလှူရှင်တွေက အများကြီးကမ်းလှမ်းလာတာရှိပါတယ်။ကမ်းလှမ်းတာကိုသတ်သတ်မှတ်မှတ်ဘယ်လိုလုပ်မယ်၊ဘာလုပ်ချင်သလဲ၊ရတဲ့ပံ့ပိုးငွေကိုဘယ်လို သုံးမလဲဆိုတာကို အလှူရှင်တွေက တိတိကျကျသိချင်ပါတယ်၊ဒီဟာတွေကို ခွဲပြီးတော့ သုံးလိုက်မယ်ဆိုတစ်ခါတစ်လေ ဆိုရင် ဟိုနည်းနည်းဒီနည်းနည်းနဲ့ ဘာမှ အရာမရောက်နိုင်တဲ့အခြေအနေဖြစ်သွားပါတယ်၊ ရန်ကုန်တက္ကသိုလ်လိုတစ်နေရာထဲမှာ သေသေချာချာကြီးကြပ်ပြီး အောင်မြင်အောင်လုပ်မယ်ဆိုရင် အလှုရှင်တွေကလည်း အားတက်မယ်။နောက်ပြီတော့ ကူညီပံ့ပိုးချင်တဲ့စိတ်တွေလည်းဖြစ်လာမှာပါ ။မကြာခင်တုန်းကဆိုတာ ၁၀ စု နှစ်အတွင်းမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလျောက်ခဲ့တဲ့ တစ်ချို့နိုင်ငံတွေမှာစောစောပိုင်းက မျှော် လင့်ချက်တွေ မဖြစ်လာတဲ့ အခါကြတော့ အလှုရှင်များဟာ စိတ်ပျက်သွားတဲ့ အနေအထားရှိပါတယ်၊သူတို့ ဂရုဏာသက်ခြင်းဟာလျော့လျော့သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ပေးလိုက်တဲ အကူအညီတွေဟာ အဟောသိခံ ဖြစ်သွားတာများလို့၊ကျမတို့ နိုင်ငံဟာဒီလိုမဖြစ်အောင် အင်မတန်မှ သတိထားရမှာပါ၊ရန်ကုန်တက္ကသိုလ် တစ်နေရာကိုထိထိမိမိနဲ့ အဆင့်မြှင့်တက္ကသိုလ်ကြီးဖြစ်အောင်လုပ်ပေးနိုင်မယ်ဆိုရင် အလှူရှင်တွေကလည်းအားတက်ပြီးနောင်ဆက်ပြီးတော့ ထောက်ပံ့ချင်တဲ့ အနေအထားမှာရှိ မှာပါ၊အခုကမ္ဘာမှာရှိတဲ့ အကောင်းဆုံးအဆင့်မြင့်ဆုံးတက္ကသိုလ်တွေကလည်း ဒီလိုစီမံကိန်းမျိုးကိုဝိုင်းဝန်းပြီးကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတာလည်း ကျမသိရပါတယ်။ဒါကြောင့်အခွင့်အရေးရှိတုန်းကို ကျမတို့ရဲ့နိုင်ငံရဲ့ အဆင့်မြှင့်ပညာရေးဒီထက်ဒီထက်ပိုပြီးမြင့်အောင်၊ကမ္ဘာ့စံချိန်မီနိုင်ဖို့အတွက်ကျမဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူများနဲ့ လွှတ်တော်အတွင်းက ကော်မတီ၊ ကော်မရှင် အဖွဲ့ အဖွဲ့ဝင်များ၊ဘာသာရေးကျွမ်းကျင်သူများနောက်ပြီးတော့ အသိပညာ အတတ်ပညာရှင်များ အားလုံးစုပေါင်းပြီးတော့ကြီးကြပ်ပြီး လုပ်သွားမယ်ဆိုလို့ရှိရင်၊မြန်မြန်ဆန်ဆန် နဲ့ ဒီစီမံကိန်းကို စနိုင်မှာပါ၊ခုခေတ်ဆိုတာ မြန်မြန်ဆန်ဆန်လုပ်မှ လည်းအထမြောက်ပါတယ်၊အချိန်ဆွဲနေရင် ကူညီချင်တဲ့သူတွေက စိတ်ပါဝင်စားမှုလျော့သွားတက်ပါတယ်၊ကျမအနေနဲ့ ပြည်ထောင်စု အစိုးရဟာဦးဆောင်ပြီးတော့ ဒီလိုကြီးကြပ်ရေးအဖွဲ့ပေးပြီးတော့ ရန်ကုန်တက္ကသိုလ်ပြုပြင်မွမ်းမံရေးနဲ့ အဘက်ဘက်ကနေပြီး အရင်တုန်းကလို တက္ကသိုလ်ကြီး၊ကမ္ဘာ့ အလည်မှာ လျှမ်းလျှမ်းတောက် ပညာရေးဌာနကြီး၊တက္ကသိုလ်ကြီးဖြစ်သွားအောင်လို့ ပြည်သူပြည်သားတွေက ဖြစ်စေချင်တယ်လို့ကျမယုံကြည်ပါတယ်၊အဲဒီယုံကြည်ချက်အရ ဒိအဆိုကိုတင်သွင်းတာဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြောကြားခဲ့သည်။ အောင်ထက် ( NYK )

People's Rallying Cry's Facebook Wall 2014-01-29 12:44:57


Timeline Photos
ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်သော နိုင်ငံတကာဆိုရှယ်လစ် လူငယ် သမဂ္ဂ မှ
( ၄ ) ရက်တာ နိုင်ငံရေးသင်တန်းတက်ရောက်ရန် လူ့ဘောင်သစ်လူငယ် နှင့် ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်း ကော်မတီ) များမှ ကိုယ်စားလှယ်များ ယနေ့ (29-1-2014) နေ့တွင် ထွက်ခွာပြီ ဖြစ်ပါသည် ။

ဗကသများအဖွဲ့ချုပ် မှ ဗဟိုလုပ်ငန်းကော်မတီ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင် နှင့် ဘဏ္ဍာရေးမှူး မဟန်နီဦး တို့ တက်ရောက်မည် ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး ကော်မတီ
ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(၇၇)နှစ်မြောက်အထိမ်းအမှတ် ဗကသများအဖွဲ့ ချုပ် ဗဟိုလုပ်ငန်းကော်မတီ ၏ သဝဏ်လွှာ

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-29 09:33:58


DVB -29-01-2014 ဦးဘိုကြည်နှင့်တွေ့ဆုံမေးမြန်းခန်း
DVB TV -29-01-2014 ဦးဘိုကြည်(တွဲဖက်အတွင်းရေးမှုး မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း) နှင့်တွေ့ဆုံမေးမြန်းခန်း တင်ဆက် – ဒေါ်မင်းဇော် ရိုက်က…

အစိုးရကိုယုံကြည်စိတ်ချမှုမရှိသေး၍ နိုင်ငံရေးပုဒ်မများဖြင့်အကျဉ်းကျခံခဲ့ရသူအချို့…

အစိုးရကိုယုံကြည်စိတ်ချမှုမရှိသေး၍ နိုင်ငံရေးပုဒ်မများဖြင့်အကျဉ်းကျခံခဲ့ရသူအချို့ နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းပေးရန်ငြင်းဆန်
+++++++++++++++++++++++++++++++++++++++++++++++++++++++

Written by:
ခင်ငြိမ်းသစ်

နယ်မြို့များတွင် နေထိုင်ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း အချို့က အစိုးရက ပြန်လည်ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ခံရာတွင် စာရင်းပေးရန်အတွက် ငြင်းဆိုခဲ့မှုများရှိကြောင်း သာယာဝတီတွင် နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကောက်ခံသူ ဦးကျော်နိုင်ဦးက The Daily Eleven သို့ ပြောကြားသည်။

ဦးကျော်နိုင်ဦးက “ကျွန်တော်စာရင်းကောက်တာ အယောက် ၄၀ လောက်တော့ရှိပြီ။ တချို့ကတော့ ရာခိုင်နှုန်း အရမ်းတော့မများဘူး။ သူတို့ကတော့ စာရင်းပေးဖို့ကို တွန့်ဆုတ်နေတဲ့သဘောမှာ ရှိပါတယ်။ တကယ်လို့ အစိုးရက နောက်ပြန်လှည့်လိုက်ရင် သူတို့ဒီနိုင်ငံရေးအကျဉ်းသား စာရင်းမှာ ပါနေတာကြောင့် အရေးယူခံရမှာလည်း ကြောက်နေကြတယ်။ မိသားစုတွေကလည်း နိုင်ငံရေးနဲ့ မပတ်သက်စေချင်တော့ဘူး” ဟု ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား အများစုအနေနှင့် ယခင်အစိုးရလက်ထက်က များစွာဖိနှိပ်ခံခဲ့ရပြီး မိသားစုများ၏ စားဝတ်နေရေးကို ထိခိုက်စေရန် အာဏာပိုင်များ၏ ဖိအားပေးခြင်းကို ခံခဲ့ကြရသည်ဟုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားသည်။ ယခုအချိန်အထိ နယ်မြို့များတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဆက်လက်ဖိနှိပ်မှုများ ရှိနေဆဲဖြစ်ကြောင်းကို ဦးကျော်နိုင်ဦးက “ကျွန်တော်နဲ့တွေ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တချို့ဆိုရင် အခုအချိန်အထိ လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့တောင် ငြင်းပယ်ခံနေရတာရှိတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါလာရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက သူတို့လုပ်ဆောင်မယ့် လူမှုရေးလုပ်ငန်းတွေကို ပိတ်ပင်မှာစိုးရိမ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ အတူတူမလုပ်ရဲတဲ့သူတွေ ရှိတယ်လို့ ကျွန်တော်တို့သိရတယ်” ဟု ပြောကြားသည်။

ပဲခူးတိုင်းအရှေ့ခြမ်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်းကောက်ခံသူ ဦးဘိုတောက်ကလည်း ၎င်းတွေ့ကြုံချက်အရ အချို့လူများအနေနှင့် စာရင်းပေးသွင်းရန် ကြောက်ရွံ့မှုများ ရှိနေကြောင်းနှင့် အထူးသဖြင့် တောဘက်တွင် ပိုမိုတွေ့ရသည့် အကြောင်းကိုလည်း ပြောကြားသည်။

စာရင်းကောက်ယူသူများ၏ တွေ့ရှိ ချက်အရ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုမှာ စီးပွားရေး မပြေလည်မှုများကို လက်ရှိခံစားနေရပြီး နိုင်ငံသားများတန်းတူဖြစ်ရမည့် အခွင့်အရေးများလည်း ဆုံးရှုံးနေကြရကြောင်း သိရသည်။
စာရင်းကောက်ယူရာတွင် တာဝန်ခံသူ တစ်ဦးဖြစ်သည့် ဦးကျော်နိုင်ဦးက “ကျွန်တော်တို့ စာရင်းသွားကောက်တော့ သူတို့က မျှော်လင့်တယ်ပေါ့နော်။ ဘာတွေအကူအညီ ပေးနိုင်မလဲပေါ့။ သူတို့က ထောင်ထဲမှာနေခဲ့ရတဲ့ အချိန်တွေအတွင်းမှာ သူတို့ရဲ့ မိသားစုတွေက အပြင်မှာ အလုပ်လုပ်လို့မရအောင်လို့ အာဏာပိုင်တွေက နှောင့်ယှက်တာကို ခံခဲ့ရတယ်။ သူတို့ပြန်လွတ်လာပြီး နောက်ပိုင်းလည်း အာဏာပိုင်တွေက ဆက်တိုက်ဖိအားပေးခဲ့တယ်။ အဲဒီလို အခြေအနေမျိုးကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ခံစားခဲ့ရတယ်။ အထူးသဖြင့် အစိုးရကို ထိပ်တိုက်ရင်ဆိုင်ခဲ့သူတွေပေါ့” ဟုပြောကြားပြီး ယခင်အစိုးရ လက်ထက်က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများအနေနှင့် ပညာဆက်လက်သင်ယူခွင့် ဆုံးရှုံးသွားခဲ့ရပြီး မိသားစုကျောထောက်နောက်ခံ မကောင်းသူများအတွက် ပိုမိုခက်ခဲသည့် ဘ၀အခြေအနေကို ရင်ဆိုင်နေရသည့် အကြောင်းကိုလည်း ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် တရားစီရင်ခံရရာတွင် မျှတမှုမရရှိခဲ့သည့်အပြင် ယခုအချိန်အထိ တရားစီရင်ရေးကဏ္ဍတွင် မျှတမှုမရှိသေးကြောင်းကိုလည်း ပြောကြားသည်။ တရားရုံးတွင် လာဘ်ပေးလာဘ်ယူမှုများတွင် ကျယ်နေဆဲဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့်လည်း တရားရုံးများနှင့် သက်ဆိုင်သည့် တရားသူကြီးများ၊ ရှေ့နေ၊ ရှေ့ရပ်များနှင့် ရင်မဆိုင်လိုကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများဘ၀ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က “ဘ၀ပြန်လည်ထူထောင်ဖို့အတွက် အသက်မွေးမှုသင်တန်းတွေကို ပေးနေပါတယ်။ အရေးကြီးတာက အဲဒီသင်တန်းတွေကို ပြီးဆုံးအောင်တက်ဖို့ လိုပါတယ်။ ကိုယ်ဝါသနာပါတဲ့ သင်တန်းကို ရွေးချယ်တက်ရောက်ပြီး ပြီးဆုံးအောင် သင်ကြားမှသာလျှင် ဘ၀ကို ပြန်လည်ထူထောင်နိုင်မှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ဦးဝင်းတင် ဖောင်ဒေးရှင်းကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးနေတာရှိတယ်။ နိုင်ကျဉ်းသားသမီး ပညာရေးအတွက်လည်း ဦးဝင်းတင်ဖောင်ဒေးရှင်းနဲ့ အေအေပီပီကနေ ပေးနေတဲ့ ပညာသင်ထောက်ပံ့ကြေးတွေ ရှိတယ်။ အလှူရှင်တွေ အနေနဲ့က ရော့အင့် ငွေဘယ်လောက်ဆိုတာမျိုး ပေးမှာတော့မဟုတ်ဘူး။ ကျွန်တော်တို့ အခုလုပ်နေတဲ့ ဘ၀ပြန်လည်ထူထောင်ရေးဆိုတာက တတ်နိုင်သမျှ လုပ်နေတဲ့သဘော ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀ပြန်လည်ထူထောင်ရေးကို လုပ်ပေးဖို့လိုတယ်။ သူတို့လုပ်ပေးရင်တော့ ပြည့်ပြည့်စုံစုံ လုပ်နိုင်တာပေါ့” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားစာရင်းအား မည်သူမှတိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသေးသလို အစိုးရကလည်း နိုင်ငံရေးအကျဉ်းသားများအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းများလည်း မရှိသေးကြောင်း သတင်းရရှိသည်။
EMG

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-27 13:32:15


Mobile Uploads
ရွှေကျင်မြို့နယ်တောင်ပိုင်းကျေရွာက ၁၇/၁ နှင့်ထောင်ကျပြီးပဲခူထောင်တွင်သေဆုံးသွားခဲရသော နိုင်ငံရေးအကျဉ်းသားဟောင် ကိုမောင်ဆန်း ဇနီး မနီနီ အကျဉ်းသာဟောင်းစရင်းဖြည့်ပေးနေတာပါ

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-25 06:58:26


Timeline Photos
နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဘောက်ဂျာ လွတ်မြောက်ပြီ

သောကြာနေ့၊ ဇန်နဝါရီလ 24 ရက် 2014 ခုနှစ်
သတင်း – ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ဒေါ်ဘောက်ဂျာကို ယနေ့ ၂၄ ရက်တွင် တရားရုံးအမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပုဒ်မ ၃ ခုဖြင့် စွဲဆိုထားရာမှ ဆေးထိုးအပ်ကိုင်မှု ပုဒ်မ ၃၃ တွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ပြီး ကျန်အမှုများ တွင် အပြစ်မရှိကြောင်း ဖားကန့်မြို့နယ် တရားရုံးကသောကြာနေ့ နေ့လည် ၁၂ ခွဲချိန်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ပုဒ်မ ၃ ခုဖြစ်တယ် အဲဒီထဲက ယစ်မျိုး ၃၃ ပုဒ်မ က အကျလို့ သူတို့လုပ်ပေးတယ်၊ သူတို့က ကွင်းလုံးကျွတ် လုပ် ပေးတော့ သူတို့ကို တရားပြန်စွဲလာမှာကိုကြောက်လို့ထင်တယ် အမှုတခုကိုညှိအောင်လုပ်ပေးတာဟုတ် တယ်၊ ဒေါ်ဘောက်ဂျာကအခုအပြင်ထဲမှာ ရောက်နေပြီ” ဟု ဖားကန့် NDF ပါတီအတွင်းရေးမှူး ဒေါ် ဒိုင်စေး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဒေါ်ဘောက်ဂျာ ကို ၂၀၁၃ ဇူလိုင်လ ၁၈ နေ့ညနေက မြစ်ကြီးနားမြို့ သူမနေအိမ် (NDF ပါတီရုံး) မှ ဖားကန့် ရဲစခန်းသို့ ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး ဖားကန့်မြိုနယ် တရားရုံးက ဒေါ်ဘောက်ဂျာအား လူသေမှု ပုဒ်မ ၃၀၄ (က)၊ ဆေးထိုးအပ်ကိုင်သည့်အမှု ပုဒ်မ ၃၃ နှင့် မြန်မာနိုင်ငံဆေးဝါးအက်ဥပဒေ အထူး ပုဒ်မ ၄၁ ကို တရားလို ရဲအုပ်ကျော်မြ၀င်း အမှုစွဲဆိုလိုက်ခြင်းဖြစ်သည်။

NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအား စွဲဆိုထားသည့်အမှုများကို တရားစီရင် အမိန့်ချ မှတ်ခြင်း မရှိကြန့်ကြာနေခြင်းကြောင့် အချုပ်ခန်းတွင် ၆ လနီးပါး အချုပ်ကျခံခဲ့ကြောင်းသိရှိရပါသည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လူကြိုက်များခဲ့သူ ဖြစ်သည်။

ဟူးကောင်းဒေသက မြေအသိမ်းခံရသော ဒေသခံများအတွက် ဆောင်ရွက်ခဲ့သောကြောင့်လည်း အစိုးရမှ မျက်မုန်းကျိုးမှု ခံရသူ အဖြစ် အများက အသိအမှတ်ပြုထားသူ ဖြစ်သည်။

ဇန်န၀ါရီလဆန်းပိုင်း၌ သမ္မတဦးသိန်းစိန် ထုတ်ပြန်ခဲ့သော နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် အမျိုး သားဒီမိုကရေစီအင်အားစု NDF ပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ အမှုပါဝင်သက်ဆိုင်ခြင်းမရှိခဲ့ ပါ။ — with <a href=”http://www.facebook.com/zau.bawm” data-ft=”{&quot;tn&quot;:&quot;;&quot;}” data-hovercard=”/ajax/hovercard/user.php?id=1730872849&amp;extragetparams=%7B%22directed_target_id%22%3Anull%7D”>Zau Bawm</a> and 49 others.

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-24 10:36:32


Bauk Ja slams ‘bogus charges’ of Kachin court | DVB Multimedia Group
www.dvb.no
Lead StoryNewsPoliticsBauk Ja slams ‘bogus charges’ of Kachin courtKachin land rights activist Bauk Ja, pictured in November 2012. (PHOTO: Edward Chung Ho)By KO HTWE 24 January 2014 Print EmailTweet Email This Story : Your NameYour EmailReciever EmailYour MessageSend StoryActivist Bawk Ja, standing…

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-01-23 09:03:50


Mobile Uploads
Visiting AAPPB — <i class=”_agk img sp_yyozbu sx_3915f0″></i>feeling <span>great</span> with <a href=”http://www.facebook.com/nobleaye.nab” data-ft=”{&quot;tn&quot;:&quot;;&quot;}” data-hovercard=”/ajax/hovercard/user.php?id=100004420929795&amp;extragetparams=%7B%22directed_target_id%22%3Anull%7D”>Nobleaye Nab</a> and 12 others at Assistance Association for Political Prisoners – Burma.
whole Thai cuisine for dinner after missing for almost about a month

https://www.facebook.com/pages/Stand-Up-for-Human-Rights-and-Democracy-in-Burma/…

https://www.facebook.com/pages/Stand-Up-for-Human-Rights-and-Democracy-in-Burma/170764199673405


Stand Up for Human Rights and Democracy in Burma
Welcome to those dedicated to bridging ethnic, religious and political divides and nurturing peaceful coexistence in Burma. This page was conceived to mobilize support for the event below, which commemorated the 4th anniversary of Burma’s 2007 “Saffron Revolution.” However not until the inalienabl…

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ၁၃၀၀ ပြည့် အေ…

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ
၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာ

သမိုင်းဝင် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးသည် ယနေ့အချိန်တွင် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။
လူထု လူတန်းစားပေါင်းစုံပါဝင်သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးသည် မြန်မာ့သမိုင်းတွင် ပထမဆုံးပေါ်ပေါက်ခဲ့သော လူထုတိုက်ပွဲကြီးပင်ဖြစ်သလို ကျောင်းသုံးစာအုပ်တွင် ပြဌာန်းခဲ့ရတဲ့အထိ သမိုင်းတင်သည့် အရေးတော်ပုံကြီးလည်းဖြစ်ပေသည်။
ထိုအချိန်က ကိုလိုနီပိုင် ဘီအိုစီရေနံကုမ္ပဏီသည် အလုပ်သမားများကို ဖိနှိပ်ကာ အလုပ်သမားအခွင့်အရေးများကို နည်းမျိုးစုံနှင့် ချိုးဖောက် ပိတ်ပင်ခဲ့သည်။ တနေ့အလုပ်ချိန် ၈ နာရီ ထက်ပို၍ ၁၄ နာရီလောက်ခိုင်းပြီး အချိန်ပိုလုပ်ခမပေးခြင်းအပြင် လုပ်ခ လစာမှာလည်း မိသားစုအတွက် ထမင်းပင် ၀အောင်မစားနိုင်သည့် အခြေအနေများရှိခဲ့သည်။ ရေနံမြေတွင် အလုပ်လုပ်နေရသော်လည်း မီးခွက်ထွန်းစရာ ရေနံဆီပင် လုံလောက်စွာ မရရှိခဲ့ပေ။ ထို့အပြင် အလုပ်သမားများကို အခန့်မသင့်လျှင် ချက်ချင်းထုတ်ပစ်သည်များလည်း ရှိခဲ့သည်။
ချောက်ရေနံမြေမှ အလုပ်သမားများသည် မိမိတို့၏ နစ်နာမှုများ၊ ရပိုင်ခွင့်များ၊ ချိုးဖောက်ခံနေရသော လူ့အခွင့်အရေးများကို တောင်းဆို တိုက်ပွဲဝင် သပိတ်မှောက်ခဲ့ရာမှ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်လာရပေသည်။ အာဏာပိုင်များက ခြိမ်းခြောက်မှု၊ ဟန့်တားမှု၊ ဖမ်းဆီးမှုများပြုလုပ်ခဲ့သော်လည်း သပိတ်မှာ ပို၍အားကောင်းလာခဲ့သည်။
သခင်ဖိုးလှကြီးခေါင်းဆောင်သော အလုပ်သမားများသည် ရေနံမြေမှ မိုင် ၄၀၀ ရှည်သော ရန်ကုန်မြို့သို့ ခရီးရှည် လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြသည်။ ချီတက်ရာလမ်းတလျှောက်မြို့ရွာများမှ လူထုများ ထပ်မံပါဝင်လာခဲ့ခြင်း၊ ဒို့ဗမာအစည်းအရုံးမှ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ခဲ့ခြင်း၊ ကျောင်းသူကျောင်းသားများ ပါဝင်လာခြင်း၊ လယ်သမားများပါဝင်လာခြင်းတို့ကြောင့် တတိုင်းပြည်လုံး ပျံ့နှံ့သွားခဲ့သည်။
၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှသည် မြန်မာပြည်သူများ နိုးကြားလာခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှု၏ အခြေခံကောင်းလည်းဖြစ်သည်ဟု ဆိုရပေမည်။ ထိုလူထုတိုက်ပွဲ၏ အံတုတွန်းလှန်မှု၊ ဇွဲသတ္တိ၊ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုတို့သည် နောင်လာ နောင်သားများအတွက် အတုယူဖွယ် စံနမူနာလည်းဖြစ်ခဲ့သည်။
ဒုတိယအရေးတော်ပုံကြီးဖြစ်သော ၁၃၅၀ ပြည့် ရှစ်လေးလုံး အရေတော်ပုံကြီးသည်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ကို ရှေ့ဆောင်ပေးခဲ့ပေသည်။
သို့သော် ယနေ့အချိန်ကာလတွင်လည်း ပြည်သူများ လွတ်မြောက်ရေးအတွက် တိုက်ပွဲများဆက်လက်ဆင်နွှဲနေရဆဲပင်ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် မိမိတို့သည် ၁၃၀၀ ပြည့်အရေးတော်ပုံစိတ်ဓာတ်၊ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်တို့ကို မြဲမြံစွာ စွဲကိုင်လျှက် အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားရန်လိုအပ်ပေသည်။
ကျနော်/ကျမတို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း အနေနှင့်လည်း ထိုလှုပ်ရှားမှုများအတွင်း ကျရာနေရာမှ တတ်စွမ်းသ၍ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုကျင်းပသည့် ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနားတွင် ကတိပြုရင်း ဤသ၀ဏ်လွှာအား ပေးပို့အပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
၂၂၊ ၁၊ ၂၀၁၄


Diamond jubilee of 1300 revolution.(22nd Jan 2014)