မတ်လ ၁ ရက် ၂၀၁၃ ခုနှစ် စနေနေ့ လက်ပံတောင်းတောင်ဒေသမှာ သပိတ်မှောက်မည် ************…

မတ်လ ၁ ရက် ၂၀၁၃ ခုနှစ် စနေနေ့ လက်ပံတောင်းတောင်ဒေသမှာ သပိတ်မှောက်မည်
*************************************
ဦးပိုင်-၀မ်ဘောင်နှင့် အာဏာပိုင်တို့ ပူးပေါင်းပြီး ဒေသခံလူထုအပေါ် ဖိနှိပ်အမြတ်ထုတ်မှုများကို ဆန့် ကျင်ရှုတ်ချရန် နေ့ လည် ၁ နာရီမှ ညနေ ၅ နာရီအထိ လက်ပံတောင်းတောင် ဒေသခံများ သပိတ်မှောက် ဆန္ဒပြကြမည်။

အနယ်နယ် အရပ်ရပ်မှလည်း လက်ပံတောင်းတောင်ဒေသရှိ မတရားမှု၊ ရက်စက်ယုတ်မာမှုများ၊ ဘာသာရေး အဆောက်အဦးများအပါအ၀င် ဒေသခံတို့ ၏ အိုးအိမ်များ ယာမြေများကို ဖျက်ဆီးနေမှုများကို ဆန့် ကျင်ကန့် ကွက်ရန် ဖိတ်ခေါ်အပ်ပါသည်။

အရေးတော်ပုံ အောင်ရမည်။
ကျေးဇူးရှင် လယ်သမားများကို ကာကွယ်ဝိုင်းရံကြ။

People's Rallying Cry's Facebook Wall 2014-02-28 19:02:33


Timeline Photos
သာပေါင်းမှာ လယ်သမား ၁၄ ဦး ထောင်ချခံရ

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာက တောင်သူ ၁၄ ယောက်ကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေမှာ ၀င်ရောက်စိုက်ပျိုးတဲ့အတွက် ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ ကျော်နင်းမှုပုဒ်မ ၄၄၁ နဲ့ သာပေါင်းမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။

အစိုးရက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ပေးနေပြီကြားလို့ လယ်ပြန်လည်ရရှိဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြလျှောက်ထားပြီးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ၀င်ရောက်လုပ်ကိုင်တာလို့ သပြေကျွန်းကျေးရွာက အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင် ဒေါ်အေးမြိုင်က ပြောပါတယ်။

"၂ဝ၁၃၊ ၂ လပိုင်းက နိုင်ငံတော်ကိုပြန်ပြီးတော့ မြေစာရင်းတို့၊ အုပ်ချုပ်ရေးမှူးတို့ကို တင်ပြီးပြန်လျှောက်တောင်းတယ်၊ တောင်းတော့ ၆ လပိုင်း ၁၃ ရက်နေ့က သာပေါင်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရယ်၊ ရဲမှူးများရယ် ခေါ်ပြီးတော့ ဒီလူတွေကို ယာယီလုပ်ဆောင်ပါ၊ ဘယ်သူ့ကိုမှ အပိုင်အဆိုင်မဟုတ်ဘူး၊ အပေါ်စီးကနေကျလာတော့မှ သူတို့ဆုံးဖြတ်ပေးမယ်လို့ အဲလိုအမိန့်ရှိတယ်၊ ပါးစပ်အမိန့်နဲ့ပဲပေါ့"

ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်က အဲ့ဒီကျေးရွာက လယ်ယာမြေ ဧက ၂၀၀လောက်ကို ရေနက်ကွင်း လယ်ယာမြေ စီမံကိန်းအတွက် ဧရာရွှေဝါကုမ္ပဏီက သိမ်းယူခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ၂၀၀၁ ခုနှစ်အထိ ကုမ္ပဏီနဲ့ လယ်သမားတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်ရာကနေ ကုမ္ပဏီကိုပေးသွင်းရမယ့် အကြွေးမကျေလို့ဆိုပြီး အကျိုးတူလုပ်ပိုင်ခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီ အကျိုးတူလုပ်ခဲ့တဲ့ လယ်ယာမြေတွေကို ကုမ္ပဏီက တခြားဒေသခံတွေကို ပြန်ရောင်းချခဲ့ပြီး ကုမ္ပဏီက လယ်မြေတွေ ရောင်းချပေးခဲ့သူတွေက အခုလို လယ်သမားတွေကို တရားစွဲတာဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပိတ်လိုက်တဲ့ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရက အဲဒီဆေးရုံ ၂ ခုကို ပိတ်လိုက်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ ကုတင် ၂၀၀ ဆံ့ ဆေးရုံအသစ်ကို ဖွင့်လိုက်တယ်လို့ သိရပါတယ်။ အခု အသစ်ဖွင့်လိုက်တဲ့ ဆေးရုံက မြို့နဲ့ဝေးတဲ့အတွက် သွားလာရခက်ခဲပြီး ကုန်ကျစရိတ်လည်းများတာကြောင့် အရင်ရှိခဲ့တဲ့ ဆေးရုံ ၂ ခုကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုရတာလို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ လပွတ္တာမြို့ခံ ဦးကြည်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပိတ်လိုက်ပြီးတဲ့နောက် မြို့နဲ့ ၃မိုင်လောက်ဝေးတဲ့ သုံးမိုင်မြို့သစ်မှာ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးကို ဖွင့်လှစ်လိုက်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

People's Rallying Cry's Facebook Wall 2014-02-28 19:02:19

https://fbcdn-profile-a.akamaihd.net/hprofile-ak-prn2/t5/211062_158797964140471_1007174586_s.jpg

The Voice Weekly
လယ်သိမ်းခံ တောင်သူများ လယ်မြေ ပြန်လည်ရရှိရေး ကော်မတီ စတင်ဖွဲ့စည်း ရွှေဘို၊ ဖေဖော်ဝါရီ ၂၇ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာတွင် ဇီးကုန်းအမှတ် (၁) သကြားစက်ရုံအတွက် သိမ်းယူထားသည့် လယ်ယာမြေများ ပြန်လည် ရရှိရန် လယ်သိမ်းခံ ကျေးရွာငါးရွာမှ လယ်သိမ်းခံ တောင်သူများ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ဆုံ၍ လယ်ယာမြေ ပြန်လည် ရရှိရေး ကော်မတီ စတင်ဖွဲ့စည်းခဲ့ကြောင်း လယ်သိမ်းခံ တောင်သူများက တညီတညွှတ်တည်း ပြောကြားသည်။ ကန့်ဘလူမြို့နယ် အတွင်းရှိ ထန်းတပင်၊ ပုပ္ပါး၊ သလဲဦး၊ ပျဉ်းတော်၊ ချောင်းကံရွာများမှ လယ်မြေဧက ၈၈၈ ဒသမ ၁၃ ဧကကို အမှတ် (၁) ကြံစိုက်ပျိုးရေး တပ်က ၁၉၉၉ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး စီမံကိန်းမှ လွတ်သည့်လယ်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထိ တောင်သူများ လယ်ယာလုပ်ကိုင်ခဲ့ရာ လက်ရှိ စိုက်ပျိုးထားသည်များကို ရပ်တန့်ထားရန် အကြောင်းကြားစာများ ရောက်ရှိလာကြောင်း ပျဉ်းတော်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကြောင့် တောင်သူများ ညီညွှတ်မှု ရှိရန်နှင့် မြို့နယ်မြေယာ စီမံခန့်ခွဲမှု ကော်မတီနှင့် မတ်လ ၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်၍ တောင်သူများအနေနှင့် မတ်လ ၉ ရက်နေ့အထိ စောင့်ဆိုင်းပေးရန် လယ်ယာမြေ ပြန်လည်ရရှိရေး လှုပ်ရှားသူ ဦးကျော်သင်းက ပြောကြားသည်။

People's Rallying Cry's Facebook Wall 2014-02-28 19:01:03

https://scontent-a.xx.fbcdn.net/hprofile-ash2/l/t5/1087016_459386844101959_1475728914_s.jpg

Myanmar Online News
သီလဝါအထူးစီးပွားရေးဇုံမှ သိမ်းဆည်းခံ လယ်သမားများက လယ်တစ်ဧက ငွေကျပ်သိန်း ၃၀၀ တောင်းဆိုမည် Friday, February 28, 2014 ကေဇူး| သောကြာနေ့၊ ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ရန်ကုန်၊ မဇ္ဈိမ။ ။ သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းအတွက် လယ်မြေ သိမ်းဆည်းခံ လယ်သမားများက လယ်တစ်ဧကလျှင် သိန်းသုံးရာ လျော်ကြေးပေးရန် တောင်းဆိုမည်ဟု ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၈ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရေးအတွက် သိမ်းဆည်းခံရသော လယ်မြေများကို လျော်ကြေးပေးရာတွင် ကာလပေါက်ဈေး၏ ထက်ဝက်ခန့်ကို တောင်းဆိုမည်ဟု ယင်းတို့ကပြောသည်။ “အခုရတာက သီးနှံလျော်ကြေးပဲဖြစ်တယ် မြေအတွက် မရတဲ့အတွက် မြေယာလျော်ကြေး တစ်ဧကကို သိန်း ၃၀၀ နှုန်းနဲ့ တောင်းဆိုမှာပါ။ မပေးရင် ဖယ်မပေးနိုင်ပါဘူး”ဟု ယင်းသတင်းစားရှင်းလင်းပွဲတွင် သီလဝါအထူးစီးပွားရေးဇုံ နယ်မြေအတွင်း အလွမ်းဆွတ်ရွာက လယ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြလှိုင်က ပြောသည်။ သီလဝါအထူးစီးပွားရေးဇုံစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ဟက်တာ ၂၄၀၀ အတွင်းရှိ လယ်သမားများအနက် ဟက်တာ ၄၀၀အတွင်းရှိ လယ်သမားများက ပြောင်းရွေ့ကာ လျော်ကြေးများရယူပြီးဖြစ်သော်လည်း ကျေနပ်နိုင်ခြင်းမရှိဟု ဆိုသည်။ “သူတို့ပေးတဲ့လျော်ကြေးကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လက်မှတ်ထိုးပြီးယူခဲ့ရပါတယ်။ ဒါပေမယ့် ဒီလျော်ကြေးငွေဟာ တရားမျှတမှုမရှိတဲ့အတွက် ဆက်တောင်းဆိုမှာပါ”ဟု လျော်ကြေးရယူပြီးသူ ၆၈ဦး ကိုယ်စား ကိုကျော်ဝင်းကပြောသည်။ တောင်သူများအနေဖြင့် ၂၀၁၃ခုနှစ်အတွင်းက အထူးစီးပွားရေးဇုံ တာဝန်ရှိသူများထံက လျော်ကြေးရယူခဲ့ပြီး လယ်တစ်ဧကလျှင် သီးနှံလျော်ကြေး နှစ်သိန်းခွဲရရှိပြီး နေအိမ်များဖယ်ရှားပေးရသဖြင့် ကာလတန်ဖိုး ငွေ၂၅ သိန်းတန်ဖိုးရှိ နေအိမ်များ ရရှိခဲ့သည်ဟု ယင်းတို့က ဆိုသည်။ လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်း နယ်မြေတွင် လယ်မြေတစ်ဧကကို သိန်း ၆၅၀ခန့် ပေါက်ဈေးရှိသည်ဟုလည်း သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် လယ်သမားများကဆိုသည်။ ဟက်တာ ၂၀၀၀ရှိသည့် သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်းကို ပထမအဆင့် ဟက်တာ ၄၀၀ စီမံကိန်းပြီးမည့် ၂၀၁၅ခုနှစ်မှစတင်ရန် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက လျာထားသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုံအတွက် မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများကို ၂၀၁၄ခုနှစ် မတ်လ ၃ရက်တွင် အစုရှယ်ယာများကိုလည်း စတင်ရောင်းချတော့မည်ဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း စုစုပေါင်းဟတ်တာ ၂၄၀၀အတွက် လယ်မြေဧက ၅,၉၃၀ကို အသုံးပြု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့ရှိ အလွမ်းဆွတ်ကျေးရွာ၊ ပျားကုန်းကျေးရွာ၊ သီလဝါကျေးရွာ၊ ဖလန်းကျေးရွာ၊ တပ်ရာကုန်းကျေးရွာနှင့် သီတာမြိုင်ကရပ် ရပ်ကွက်မှ လယ်ယာမြေများ သိမ်းဆည်းထားခြင်းဖြစ်သည်။ Mizzima – News in Burmese

People's Rallying Cry's Facebook Wall 2014-02-28 18:58:32


Timeline Photos
ပြောင်းရွှေ့ပေးမယ့်နေရာ သမီးကလေးရွာသားတွေ လက်မခံ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စုကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ၀ယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြဘူးလို့ ပြောပါတယ်။

သမီးကလေး ကျေးရွာသားတွေကို ပြန်လည်နေရာချထားပေးဖို့ တစ်ဧက ကျပ်၂၂ သိန်းနှုန်းနဲ့ ၀ယ်ထားပြီးဖြစ်ကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

"ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အစီအမံပဲ အကုန်အကျခံတာ၊ ဒီတခေါက်သွားမေးတဲ့အခါမှာ အကုန်လုံး သူတို့လိုက်မယ်လို့ ပြောတာလေ၊ ဘာဖြစ်လို့လဲဆိုတော့ တို့က ပိုက်ဆံနဲ့ အကုန်အကျခံဝယ်ရမယ်၊ မင်းတို့မလိုက်ဘူးဆိုရင်တော့ ငါတို့ကလည်း ဝယ်စရာအကြောင်းမရှိဘူး၊ အဲတော့ အကုန်လုံး လိုက်မယ်ပြုမယ်ဆိုရင်တော့ ငါတို့ဒါကို စီမံမယ်ဆိုပြီးတော့ သူတို့ဝမ်းသာအားရပါပဲ"

မြေ၀ယ်ယူထားတဲ့နေရာဟာ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးဘေး ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ၀ယားကျေးရွာမှာ ဖြစ်ပါတယ်။

အဲဒီမြေနေရာဟာ သူတို့လုပ်ကိုင်စားသောက်ဖို့အတွက် အဆင်မပြေနိုင်တာကြောင့် မပြောင်းရွှေ့လိုတာဖြစ်ကြောင်း လှည်းကူးမြို့နယ် အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ သမီးကလေးရွာသား ကိုခင်လွင်က ပြောပါ တယ်။

"ကျနော့် မိသားစု အကုန်လုံးပေါ့ တစ်ရွာလုံးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လုံးဝစိတ်မပါဘူးခင်ဗျ၊ ဘာကြောင့်လည်းဆိုတော့ ချပေးတဲ့နေရာတွေက ကျနော်တို့ လုပ်ကိုင်စားသောက်ဖို့နေရာ မရှိဘူးခင်ဗျ၊ ကျနော့်အနေအထားနဲ့ ပြောရင်တော့ အဲဒီနေရာကိုရောက်သွားရင်တော့ လက်နှစ်ဘက်ကို ရိုက်ချိုးသလိုပဲဖြစ်မှာပဲ"

ရွာသားတွေဟာ လက်ရှိခိုလှုံနေရတဲ့ အောင်သဒ္ဓိဘုန်းကြီးကျောင်းကနေ လာမယ့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့သိရပါတယ်။

People's Rallying Cry's Facebook Wall 2014-02-28 18:58:11


Timeline Photos
သို့
ဝန်းကြီးချုပ် ဦးသာအေး
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊
မုံရွာမြို့။
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ သောကြာနေ့။
အကြောင်းအရာ။ ။မုံရွာအခြေစိုက် သတင်းမီဒီယာများ သတင်းစာကျင့်ဝတ်သိက္ခာများနှင့်အညီ လွတ်လပ်စွာ သ
တင်းရယူခွင့် ရရှိနိုင်ရေးအတွက် တင်ပြခြင်း။
၁။ အထက်ဖော်ပြပါ အကြောင်းအရာနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာမြို့နယ် တရားရုံးတော်တွင် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ကြာသာပတေးနေ့၊ မနက် ၁၁ နာရီအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေနှင့် ပတ်သက်သည့် အရေးကိစ္စအား ပါဝင်ဆက်နွယ်နေသည်ဟုဆိုကာ သက်ဆိုင်ရာမှ ဖမ်းဆီးချုပ်နှောင်ထာသော ကိုသော်ဇော် ဆိုသူ အ ဆိုပါ တရားရုံးမှ ရုံးထုတ်စစ်ဆေးခဲ့ပါသည်။
၂။ ထိုသို့ ရုံးထုတ်စစ်ဆေးသည့် သတင်းအား မုံရွာအခြေစိုက်သတင်းသမားများမှ ပြန်ကြားပေးနိုင် ရန် သတင်းစာကျင့်ဝတ် သိက္ခာများနှင့်အညီ အဆိုပါ တရားရုံးသို့ သွားရောက်၍ သတင်းရယူခဲ့ကြပါသည်။ ထိုသို့ သ တင်းရယူရာတွင် တရားရုံးရှိ ရုံးဝန်ထမ်းတချို့နှင့် သက်ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများမှ သတင်းသမားများအား ဓာတ်ပုံ ရိုက်ကူးယူခွင့်၊ အသံဖမ်းယူမှတ်သားခွင့်၊ တွေဆုံမေးမြန်းခွင့်များကို ပြုလုပ်ခြင်းမလုပ်ရန် တားမြစ်ပြောဆိုခဲ့ကြသည်။
၃။ ထို့ကြောင့် ယင်းကဲသို့ တားမြစ်ခြင်းနှင့်ပတ်သက်၍ တားမြစ်သူအား သတင်းသမားများမှ အဘယ်ကြောင့် တားမြစ်ရသလဲ..။ တားမြစ်မှုအား လိုက်နာမှုမရှိခဲ့ပါလျင် ဘယ်လိုပြစ်မှုထိုက်သလဲ ..စသဖြင့် ပြန်လည်မေးမြန်းခဲ့ပါသည်။ ထိုအချိန်တွင် တာမြစ်သူမှ လိုက်နာခြင်းမရှိခဲ့ပါက တရားရုံးမထီမဲ့မြင်မှုထိုက်ကြောင်း ရှင်း ပြပြောဆိုခဲ့ပါသည်။ အဆိုပါ အခြေအနေများကြောင့် သတင်းရယူရန်သွားရောက်ခဲ့ကြသော သတင်းသမားများသည် တရာားဥပဒေအား လေးစာလိုက်နာစွာဖြင့် သတင်းရယူခြင်းလုံးဝ(လုံးဝ)မရှိတော့ဘဲ ၎င်းတရားရုံးမှ ပြန်ထွက်ခွာသွား ခဲ့ကြပါသည်။
၎။ သတင်းသမားများ၏ သတင်းရယူရန်သွားရောက်ခဲ့သည့် အဆိုပါ တရားရုံတွင် ကိုသော်ဇင် ဆိုသူအား တွေ့ဆုံရန်နှင့် ၎င်း၏ စစ်ဆေးချက်အား ကြားနာရန် လက်ပံတောင်းဒေသမှ ဒေသခံတောင်သူ လူအင်အား သုံးဆယ်ထက်မနည်း လာရောက်ခဲ့ကြသည်ဟု သတင်းသမားများမှ မြင်တွေ့ခဲ့ရပါသည်။ ထိုသူတို့မှ ၎င်းတို့ဝတ်ဆင် ထားသော အပေါ်ကိုယ်ထည်များပေါ်တွင် ကိုသော်ဇင်၏ ဓာတ်ပုံပါ အေဖိုးစက္ကူအရွယ် ပိုစတာများကို ကိုယ်စီကိုယ်ငှ အပ်ချိတ်ဖြင့် ချိတ်ဆွဲထားကာ ဆန္ဒထုတ်ဖော်မှုတစ်ရပ်ပြုလုပ်ခဲ့ကြပါသည်။ ယင်းအရာမှာ တရားရုံးတော်အား မထီမဲ့ မြင်ပြုရာရောက်စေသည်ဟု ဥပဒေအရ သိသာနိုင်ပါသည်။ သို့သော် ယင်းကိစ္စအား မည်သို့မျှပင်ဆောင်ရွက်ခြင်းမရှိဘဲ သတင်းသမားများမှ စောင့်ထိန်းအပ်သော သတင်းစာကျင့်ဝတ်သိက္ခာနှင့်အညီ သတင်းရယူရန်လာရောက်သည့်အခါ တားမြစ်ချက်များ အကြောင်းပြချက်များဖြင့် အဆိုပါ တရားရုံးမှဲပြုမူပြောဆိုခဲ့ခြင်းသည် ပြုပြင်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လျော်ညီမှုမရှိကြောင်း သိရှိရပါသည်။
၅။ သို့ပါ၍ နောက်နောင်တွင် ထိုကဲသို့ အခြေအနေများ ဖြစ်ပွားမှုမရှိစေရန် အဆိုပါ တရားရုံးတော်နှင့် မုံရွာအခြေစိုက် သတင်းသမားများ ညှိနှိုင်းဆောင်ရွက်၍ လွတ်လပ်စွာ သတင်းရယူခွင့် သက်ဆိုင်ရာမှ ပြုပေးနိုင်ပါရန် ရိုသေစွာ တင်ပြ အပ်ပါသည်။
မုံရွာအခြေစိုက် သတင်းသမားများ ကွန်ယက်

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-02-28 15:22:45


AAPP-B VISITING TO BOGALAY
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီဘီ) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဘိုကလေးမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် သွားရောက်တွေ့ဆုံပြီး အေအေပီပီဘီ ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားများစာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီဘီ) ၏ တွဲဘက်အတွင်းရေးမှူ…

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီဘီ) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဘိုကလေးမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် သွားရောက်တွေ့ဆုံပြီး အေအေပီပီဘီ ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားများစာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။


AAPP-B VISITING TO BOGALAY
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီဘီ) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဘိုကလေးမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် သွားရောက်တွေ့ဆုံပြီး အေအေပီပီဘီ ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားများစာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

ရခိုင်မတိုင်မီ MSF ၏ လုပ်ငန်းများ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း ရပ်ဆိုင်းခံခဲ့ရ

(နိရဉ္စရာ- ၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄) နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (AZG) ရဲ့ လုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း မခံရမှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က စပြီး ရပ်ဆိုင်းခံခဲ့ရသည်ဟု...

ဦးဖြိုးမင်းသိန်းနှင့် ရီပိုတာဂျာနယ်ကို တရားစွဲမည်ဟု သမီးကလေးရွာသားများက ပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ၂၃-၁-၂၀၁၄ ထုတ် ရီပိုတာဂျာနယ် စာမျက်နှာ (၁၈) နှင့် (၁၉)တွင် သတင်းေ ထာက် အောင်ရဲနောင် ရေးသား ထားသော လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ““ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်...

ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှုအပေါ် ဝေဖန်

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်လုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းများမှာ ငြိမ်းချမ်းရေးဆု ရရှိချင်သည့်အတွက် အဖွဲ့အစည်း များများပါအောင် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း အာဏာရ...

အေရှားဝေါလ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီက ကွမ်းခြံကုန်း၌ တည်ဆောက…

အေရှားဝေါလ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီက ကွမ်းခြံကုန်း၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် အစိုးရ၏ ခွင့်ပြုချက်မရပါက တည်ဆောက်မည်မဟုတ်ဟု ဆို အေးရှားဝေါလ်ကုမ္ပဏီခွဲဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်းအဆင့်သာ ရှိသေးပြီး အစိုးရ၏ခွင့်ပြုချက်...

လေ့ကျင့်ရေးတပ် သေနတ်ပစ်ကွင်းနှင့်မလွတ်၍ အဖျက်ခံရသည့် အုတ်ဖိုရွာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စု အုတ်ဖိုကျေးရွာသည် ဖေဖော်ဝါရီ ၄ ရက် သမီးကလေးရွာဖျက်ပြီးနောက် ယင်းအုတ်ဖိုရွာလည်း တစ်ရက်တည်း အဖျက်ခံခဲ့ရသည်။ ၎င်းရွာသည် မြို့နယ်မှ တရားဝင် အိမ်ထောင်စုဇယား၊ နိုင်ငံသားကတ်များ...

ရေပေါ်သောင်ကမ်းပြို ပြောင်းရွှေ့ကွက်သစ် မသမာမှုများတိုင်ကြား

တိုက်ကြီး၊ ဖေဖော်ဝါရီ ၂၆ ရေပေါ်သောင် ကျေးရွာအုပ်စုသည် မြကျွန်းသာ၊ သဲရိုး၊ ရေပျံ အစရှိသည့် ရွာခွဲပေါင်း ၁၀ ရွာဖြင့် ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း တည်ရှိ၍ အဖျောက်ဒေသ ၁၄...

အားကစားကွင်းမြေနေရာ အဆောက်အအုံ ဆောက်လုပ်မည့် ကိစ္စတွင် စံတော်ချိန်သတင်းစာထုတ်ဝေသူ ပါဝင်ပတ်သက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ အမှတ်၂၉ရပ်ကွက်ရှိ အားက စားကွင်း မြေနေရာ၌ အဆောက် အအုံ ဆောက်လုပ်မည့် ကိစ္စတွင် စံတော်ချိန် သတင်းစာထုတ်ဝေသူ ဦးကိုကိုလေးပါဝင် ပတ်သက်နေကြောင်း အဆိုပါ...

IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ

(နိရဉ္စရာ- ၂၈ ဖေဖေါ်ဝါရီလ ၂၈) / ခိုင်ထူးမြတ် International Republican Institute ( IRI) မှ ရခိုင်နိုင်ငံရေးသမားများကို စစ်တွေတွင် ယမန်နေ့က သင်တန်းပို့ချခဲ့သည်။ ၎င်းသင်တန်းသို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ...

မီဒီယာများကိုကြောက်၍ ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည်မဟုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ မီဒီယာများအား ကြောက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စများအား ဖြေကြားတော့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၂...

ကျန်းမာရေး အာမခံစနစ် စတင် အကောင်အထည် ဖော်ရန် စီစဉ်

ရန်ကုန် ဖေဖော်ဝါရီ ၂၇ မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် နိုင်ငံတကာအဆင့်မီ အထူးကု ဆေးခန်းကြီးများ အပြိုင်အဆိုင် ပေါ်ပေါက်လာသကဲ့ သို့ ရောဂါပြင်းထန်သော လူနာများအတွက် ဆေးကုသ စရိတ်များသည်လည်း တဖြည်းဖြည်း မြင့်မားလာရာ လူနာ ရှင်များအတွက်...

နိုင်ငံသား အမည်ခံ ပြည်ပလုပ်ငန်းရှင်များကို စိစစ်အရေးယူပေးရန်နှင့် မြန်မာလုပ်ငန်းရှင်များ တက်လာသည်ကို မြင်ချင်သည်ဟု ဦးတေဇပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ကျောက်မျက် လုပ်ငန်းများအတွင်း နိုင်ငံသား အမည်ခံလျက် ၀င်ရောက် လုပ်ကိုင်လျက်ရှိသည့် ပြည်ပ လုပ်ငန်းရှင်များအား စိစစ်အရေး ယူပေးစေလိုကြောင်း အစိုးရနှင့် နီးစပ်သူဟု ပြောဆိုနေကြ သည့် မြန်မာနိုင်ငံ ကျောက်မျက်တူးဖော်ရေး...

ဦးဆန်းဆင့်၊ ဦးတေဇတို့နှင့် တိုင်းမှူး မလိခရေလယ်နတ်ကျွန်းစေတီ ရွှေထီးတော်တင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ HTOO GROUP ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ဦးစီး၍ ဒေသခံ တိုင်းရင်းသူ တိုင်းရင်းသားများ၏ ကောင်းမှု ကုသိုလ်ဖြင့် မလိခမြစ်အတွင်း တည်ထားကိုးကွယ်သည့် ရေလယ်နတ်ကျွန်း စေတီတော် အထက်...