ဗမာပြည် တနံတလျားရှိ မူလလယ်ပိုင်ရှင် လယ်သမားများ၏ ငြိမ်းချမ်းစွာဖြင့် ထွန်းတုံးတိ…

ဗမာပြည် တနံတလျားရှိ မူလလယ်ပိုင်ရှင် လယ်သမားများ၏ ငြိမ်းချမ်းစွာဖြင့် ထွန်းတုံးတိုက်ပွဲဆင်နွှဲနေခြင်းများကို အကြမ်းဖက် ဖြိုခွင်းပြီး လယ်သမားများကို ဖမ်းဆီးထောင်ချသည့်၊ လယ်သမားအရေး ကူညီသူများကို ဖိနှိပ်အကျဉ်းချ တရားစွဲဆိုသည့် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် လက်နက်နှင့် အာဏာကို ခုတုံးလုပ်ပြီး တိုင်းသူပြည်သားတို့ ကို ညှင်းဆဲသတ်ဖြတ် ခြိမ်းခြောက်နေသည့် တပ်မတော်နှင့် ၎င်း၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်အား ပြင်းပြင်းထန်ထန် ကန့် ကွက် ရှုတ်ချလိုက်သည်။

အရပ်သားအရေခြုံ ရွှေရည်စိမ် ဒီမိုကရေစီ အစိုးရ ကျဆုံးပါစေ။
လူသတ် တပ်မတော် ကျဆုံးပါစေ။

ကန့် ဘလူတွင် ထွန်တုံးတိုက်ပွဲဝင် လယ်သမားထုအား စစ်တပ်မှ သေနတ်ဖြင့် အချက်လေးဆယ်ကျေ…

ကန့် ဘလူတွင် ထွန်တုံးတိုက်ပွဲဝင် လယ်သမားထုအား စစ်တပ်မှ သေနတ်ဖြင့် အချက်လေးဆယ်ကျော် ပစ်ဖောက်ပြီး ၀ိုင်းဝန်းပိတ်ဆို့ ထားသည့်အရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီးမှ တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝ (လုံးဝ) မရှိဘဲ တိမ်းရှောင်နေသည်။

BREAKING NEWS!!! (အရေးပေါ် ကြားဖြတ်သတင်း) ***************************************…

BREAKING NEWS!!! (အရေးပေါ် ကြားဖြတ်သတင်း)
************************************************************
ရွှေဘိုခရိုင် ကန့် ဘလူမြို့ က ထွန်တုံးတိုက်ပွဲဝင် သပိတ်မှောက် လယ်သမားတွေကို စစ်တပ်က သေနတ် ၄၈ ချက် ပစ်ဖောက်ပြီး လယ်ကွင်းထဲမှာ ၀ိုင်းထားပါတယ်။

“ စစ်သား ၁ဝဝ ကျော်လောက်က ကျွန်တော်တို့ တောင်သူတွေ ထွန်ယက်နေတာကို ဝိုင်းထားတယ်။ ကျွန်တော်တို့ ထွန်နေတဲ့ ကွင်းထဲက ဆောက်ထားတဲ့ တဲလေးထဲမှာ ဝင်နေရတယ်။ ဘယ်မှမထွက်ရဘူး။ သူတို့ကို ကြောက်လို့ကုတ်နေရတယ်။ အပေါ့ အလေးတောင် မသွားရဲဘူး။ ကျွန်တော်တို့ ထွန်တာကို လာကူညီတဲ့ သူတွေရှိတယ်။ အဲ့ဒီကူညီတဲ့သူတွေထဲမှာ သားသည်အမေတွေပါတယ်။ အခုသူတို့တွေ ဒီတဲထဲမှာ ပိတ်မိနေတယ်။ ကလေးတွေက ရွာထဲမှာ ကျန်ခဲ့တယ်။ နံနက် ၆ နာရီ လောက် ကတည်းက ခုချိန်ထိနေနေရတယ်။ ထမင်းကို ဆားဖြူးပြီးတော့ စားနေရတယ်"ဟု ကိုစောမွန်က ပြောသည်။

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာက ဒေသခံတောင်သူ ၁၆ ဦး၏ သိမ်းဆည်ခံလယ်ယာမြေဧက (၃၁၉)ဧက၊ ကွင်းအမှတ် (၈၅၅/က) အမည်ပေါက် ကွင်းကို ၁၉၉၁-၉၂ခုနှစ်က စစ်ကိုင်းတိုင်း အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်က သိမ်းဆည်းခဲ့သည်။

(Mizzima သတင်း)

လယ်သမားတွေကို စစ်တပ်က သေနတ်နဲ့ ပစ်ပြီး ၀ိုင်းထားသည်

ထွန်တုံးတိုက်ပွဲဝင်နေသည့် နေရာတွင် စစ်တပ်က သေနတ် ၄၈ချက် ပစ်ဖောက်ခဲ့ဟုဆို

Written By မြတ်မင်း  မန္တလေး၊ မဇ္ဈိမ။           ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာတွင် စစ်တပ်က သိမ်းဆည်းမြေ ဧက ၃ဝဝကျော်ကို ပြန်ရရန် ဇွန်လ ၈ရက်မှ စကာ ထွန်တုံးတိုက်ပွဲ ဝင်

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-06-30 11:33:49

http://profile.ak.fbcdn.net/hprofile-ak-xpf1/t1.0-1/s100x100/10346471_488877474580620_6191133342445720646_n.jpg

Thein Aung Myint

၂၀၁၄ ဇွန်-၃၀ တရားရုံးအမိန့် ချ မိုးမိမိုးထိရွှေလုပ်သားများကိုသွားရောက်ကူညီခဲ့တဲ့ ကိုရာဇာ(မုံရွာ)ပါ ၅ဦးကို ယနေ့ ရမည်းသင်းတရားရုံးမှ ပုဒ်မ ၅၀၅(ခ)ဖြင့်ထောင် ၆-လ ပုဒ်မ ၁၄၃နဲ့ ထောင်၃လချမှတ်ပြီး ပေါင်း၉-ဟုပြောပါသည်။ ချုပ်ရက်ရှိပါက ချုပ်ရက်ခံစားစေဟုလည်ပါရှိသည်ဟု ကိုရာဇာမှ ထောင်သို့ ပြန်မခေါ်မှီ နေလည် ၃:၁၅ မိနှစ်က ကျွန်တော့စီ ဖုန်းလှမ်းဆက်၍ သိလိုက်ရပါသည်။ ထို့ အတူ ရွှေလုပ်သား ၇-ဦးကိုလည်း ပုဒ်မ-၃၃၂ နဲ့ ထပ်မံတရားစွဲပြန်ပြီဟုလည်း ပြောပြသွားပါတယ်။ ကိုရာဇာနှင့် ဖုန်းနဲ့ စကားပြောခွင့်ရချိန်မှာ ကိုရာဇာ ပြည်သူတွေကို ဘာပြောခြင်ပါလည်းဟု မေးခွန်းတစ်ခုမေးမြန်ရာ ကိုရာဇာပြောသွားတာက "အစိုးရအပေါ် ပြည်သူယုံကြည်အားကိုးထိုက်သော တရားစီရင်ရေးတရပ်ဖြစ်ထွန်းရန်လိုအပ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ခုပုဒ်မနဲ့ သူတို့ ဟာလွဲပြီးတရားစွဲခံရတာဖြစ်ပါတယ်။ လာဖြစ်လို့ လည်းဆိုရင် နိုင်ငံမှာ စုဝေးစီတန်းနည်းဥပဒေဆိုတာရှိတယ်။ သူတိုပဲ စုဝေးစီတန်းဥပဒေထုပ်ပြန်ပီး ခုလို ၅၀၅(ခ)နဲ့ တရားစွဲတာကိုက ဒီမိုကရေစီဖေါ်ဆောင်နေပါတယ်ဆိုတဲ့အစိုးရစကားဟာ ရီစရာဖြစ်နေတယ်။ ကိုယထုပ်ပြန်တှဲု့ပဒေ ကိုယ်မလေးစားသလိုဖြစ်နေတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေရော ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကိုဖိနိပ်ထားတဲ့ ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ပုဒ်မ-၁၈ကို လုံးဝဆန့် ကျင်ပါတယ်" ဟုပြောသွားပါတယ်။ ကိုရာဇာသည် (၁၄-၁-၂၀၁၄)ရက်နေ့ က စတင်အဖမ်းခံရပြီး ယခု ရမည်းသင်းထောင် တိုက်-၁ အခန်း-၄ တွင်ရှိနေပီး ကျမ္မာရေးကကောင်းမွန်၍ အစားအသောက်တော့ ခက်ခဲသည်ဟုပြောပြသွားပါသည်။ ကိုရာဇာနှင့်အတူ ယနေ့ ရမည်းသင်းတရားရုံးမှ အမိန် ချခံရသူများမှာ ၁။ ကိုရာဇာ ၂။ ကိုအောင်ဆန်းလင်း ၃။ ကိုဝင်းအောင် ၄။ ကိုမင်းဇော်ဦး ၅။ ကိုမြင့်အောင် တို့ ဖြစ်ပါသည်။

People's Rallying Cry's Facebook Wall 2014-06-30 09:49:51

Timeline Photos
ရထားလမ်းစီမံကိန်းကြောင့် ရှေးအမွေအနှစ်တွေ မပျက်စေလို

ရခိုင်ပြည်နယ်က စစ်တွေ၊အမ်း၊မင်းဘူး ရထားလမ်းစီမံကိန်းကို ရှေးဟောင်း ဇုန်နယ်နမိတ်တွေနဲ့ လွတ်ကင်းအောင် ဖြတ်သန်းဖောက်လုပ်ပေးဖို့ မြောက်ဦးမြို့ခံတွေက တောင်းဆိုလိုက်ပါတယ်။

မြောက်ဦးမြို့မှာ ဒေသခံတွေ နဲ့ ရှေးဟောင်းသုတေသနအဖွဲ့က တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးစဉ်မှာ တင်ပြတောင်းဆိုလိုက်တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြောက်ဦးမြို့ခံ ဒေါ်ခင်သန်းက ပြောပါတယ်။

"ကျမတို့က ရှေးဟောင်းအမွေအနှစ်နဲ့ မည်သည့်နေရာကအဆို ကျမတို့လက်ကနေပြီး ဒေသခံတွေက သဘောတူတယ်လို့ ပြောခဲ့ပါတယ် ဒါကြောင့်မို့လို့ ရှေးဟောင်းအမွေအနှစ်နဲ့ လွတ်ဖို့ မလွတ်ဖို့ရယ်၊ နောက်တစ်ခါ အဲ့ဒီဟာမှာ သွားတဲ့နေရာမှာလည်း ပညာရှင်တွေနဲ့ ဆုံးဖြတ်လိုက်တာသည် ပိုပြီးတော့မှ ကောင်းမယ်၊ မြေပြင်နဲ့ မြေပုံနဲ့ ဆုံးဖြတ်နေလို့ကတော့ မရဘူး မြေပုံကနေကြည့်ကြည့်ပြီး ဆုံးဖြတ်ရင် မြေပြင်အနေအထားမှာ တစ်ခုခုပေါ်လာရင် တစ်ခါ အခတ်အခဲနဲ့ ရင်ဆိုင်ရမယ်၊ ဒါကြောင့်မို့လို့ ပညာရှင်တွေနဲ့ ဆင်းပါလို့ပဲ အကြံပြုခဲ့တယ်"

စစ်တွေ၊ အမ်း၊ မင်းဘူး မီးရထားလမ်းဟာ ရခိုင်လူမျိုးတွေရဲ့ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး စတဲ့မြို့ကို ဖြတ်သန်းဖောက်လုပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ရထားလမ်းစီမံကိန်းကြောင့် ဝေသာလီမြို့ရိုးတွေ ထိခိုက်ပျက်စီးသွားတဲ့အတွက် ရထားလမ်းဖောက်လုပ်တာကို ရပ်နားပြီး ဇုန်နယ်နမိတ်နဲ့လွတ်ကင်းအောင် ဖောက်လုပ်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စု အစိုးရထံ မြို့ခံတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ပြခဲ့ကြပါတယ်။

People's Rallying Cry's Facebook Wall 2014-06-30 09:49:31

ဝမ်ပေါင်ကုမ္ပဏီ ဆန္ဒပြ ဝန်ထမ်းနဲ့ ဆက်သွယ်မေးမြန်းချက်

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံဘွဲ့ ရတွေကို အငယ်တန်းအော်ပရေတာ သင်တန်းတက်စေပြီး အလုပ်ခန့်ရာမှာ လစာ ညှိုနိုင်းမရဖြစ်နေတာ သုံးလ ရှိသွားပြီလို့ သိရပါတယ်။ ၀မ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို ဇွန်လ ၃

People's Rallying Cry's Facebook Wall 2014-06-30 09:49:11

Timeline Photos
စာသင်ကျောင်း ၃၉ ကျောင်း တိုက်ပွဲများကြောင့် ပိတ်ခဲ့ရ

ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စစ်ရေးအခြေ အနေတွေကြောင့် အခြေခံပညာ စာသင်ကျောင်း ၃၉ ကျောင်း မဖွင့်လှစ်နိုင်ဘူးလို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားလိုက် ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် မဖွင့်လှစ်နိုင်တာဖြစ်တယ် လို့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုပါတယ်။

"တစ်ပြည်နယ်လုံးမှာ ဆိုလို့ရှိရင် အစိုးရထိန်းချုပ်တဲ့ နယ်မြေမှာ အခုစစ်ကြောင့် ပိတ်ရ တဲ့ကျောင်းပေါ့နော် ၃၉ ကျောင်းရှိတယ်၊ ကျမတို့ ခါတိုင်းခန့်မှန်းတွက်ထားတာဆို ကျေုာင်းသားပေါင်း ၂၀၀၀၀ နီးပါးရှိတယ်၊ သူတို့က နယ်မြေရှောင်တိမ်း လာတဲ့ အခါကျတော့ IDP ကမ့်တွေကို ရောက်သွားကြတယ်လေ ရွာသားတွေလည်း မရှိကြတော့တဲ့အခါ ကျတော့ ကျောင်းကလည်း အလိုလို ပိတ်သွားတဲ့ ပုံစံဖြစ်တယ်"

ပိတ်ထားရတဲ့ စာသင်ကျောင်းတွေဟာ မိုးမောက်၊ ဝိုင်းမော်၊ ချီဖွေ၊ မန်စီ၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ဖားကန့် စတဲ့မြို့နယ်တွေမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ဇွန်လ ၉ရက် နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရနဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူဦးရေ တစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

People's Rallying Cry's Facebook Wall 2014-06-30 09:48:56

Master Sports စက်ရုံက အလုပ်သမား ၈၀၀ အလုပ်ပြုတ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်(၃) မှာရှိတဲ့ Master Sports ဖိနပ်စက်ရုံက အလုပ်သမား ၈၀၀ လောက်ဟာ စက်ရုံပိတ်လိုက်တဲ့အတွက်ကြောင့် အလုပ်လက်မဲ့ ဖြစ်နေပါတယ်။ ဒီနေ့ အလုပ်သမားကိုယ်စားလှယ်တွေ နဲ့ မြို့နယ် အလုပ်သမားရုံးက တာဝန်ရှိသူတွေဟာ အလုပ်သမားတွေ နစ်နာကြေး ရဖို့အတွက် ညှိနှိုင်းခဲ့ပေမယ့် အဖြေမထွက်သေးဘူးလို့ သိရပါတယ်။ အဲဒီစက်ရုံကနေ အားကစားဖိနပ်တွေ ထုတ်လုပ်တာဖြစ်ပြီး ကိုရီးယားနိုင်ငံကို တင်ပို့တာ လို့သိရပါတယ်။ Photo:Sann Maw Aung / RFA

People's Rallying Cry's Facebook Wall 2014-06-30 09:47:45

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpa1/t1.0-1/c0.17.100.100/p100x100/10273988_770069049694669_8416165503500770035_n.jpg

Mizzima – News in Burmese

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားဟု ဦးမင်းကိုနိုင် ပြောကြား ရေခဲ(ပြည်)| တနင်္လာနေ့၊ ဇွန်လ ၃၀ ရက်၊ ၂၀၁၄ ခုနှစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်က အာဏာသိမ်းထားသည်ဟု ပြည်မြို့တွင် ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။ “တိုင်းသူပြည်သားတွေလည်း သိတယ်။ စစ်တပ်က ၁၉၆၂၊ ၁၉၈၈ မှာ လက်နက်နဲ့ အာဏာသိမ်းတယ်။ အခုကျတော့ လက်နက်နဲ့ မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့ အာဏာသိမ်းထားတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ရက်ကွက်ကျေးရွာ၊ မြို့နယ် ခရိုင်၊တိုင်း၊ ပြည်ထောင်စုအဆင့်ထွေအုပ်များသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့်အတွက် စစ်တပ်က ပြည်သူလူထုကို တိုက်ရိုက်အုပ်ချုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြခဲ့သည်။ “ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့ ထွေအုပ်တွေက အဘက မကြိုက်တာကို မလုပ်ရဲဘူးဖြစ်နေတယ်။ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ရင် ဘယ်ဘက်ကရပ်မလဲဆိုတာ အင်မတန်ထင်ရှားတယ်”ဟု ၎င်းက ဆိုသည်။ ယင်းအခြေခံဥပဒေကိုပြင်ရန် ပြည်သူအားလုံးသဘောတူသော်လည်း ပုဒ်မ ၄၃၆ အရ စစ်တပ်သဘောမတူပါက ပြင်ဆင်ရန် ခဲယဉ်းနေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ၁၉၅၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဥပဒေအရ တပ်မတော်သားများနှင့် ပတ်သက်သည့် လူသတ်၊ လူသေမုဒိန်းမှုများ တရားရုံးများတွင် တရားစွဲဆိုကာ နိုင်ငံတော်ဗဟိုတရားရုံးချုပ်အထိ အဆင့်ဆင့် တက်ရောက်နိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်မည်ဖြစ်၍ ပြည်သူလူထု များစွာနစ်နာနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ဝေဖန်သည်။ ထို့ပြင် “လွှတ်တော်က စစ်တပ်ကို အမြဲတမ်းလွှမ်းမိုးနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ မူပဲ။ ဒီမှာကြည့်ရင် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဟာ အားလုံးပေါင်း ၁၁ ယောက်ရှိတယ်။ ခြောက်ယောက်သော ပုဂ်္ဂိုလ်တွေက သူတို့စိတ်တိုင်းကျ ထည့်ထားတာ”ဟုလည်း ၎င်းက ဆိုသည်။ အဆိုပါဟောပြောပွဲကို ထိုနေ့မနက် ၉ နာရီက ပြည်မြို့ခေတ္တရာမြို့သစ် လေးထပ်ပြင်ကွင်းတွင် ပြုလုပ်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးဌေးဦး (စိန်ကျွန်း)တို့က ဟောပြောခဲ့ရာ မြို့ခံလူထု ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

People's Rallying Cry's Facebook Wall 2014-06-30 09:47:45

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpa1/t1.0-1/c0.17.100.100/p100x100/10273988_770069049694669_8416165503500770035_a.jpg

People's Rallying Cry's Facebook Wall 2014-06-30 09:47:29

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-xfp1/t1.0-9/p100x100/10405681_722239047835408_5417397053530781793_n.jpg

Lachid Kachin

ရှမ်းပြည်မြောက်ပိုင်း လွယ်အံ ၊ ကောင်းခါး ဒေသတွင် စစ်ရေးလှုပ်ရှားနေသော အင်အား (၃၀)ခန့် ပါ အစိုးရတပ် တပ်မ(ရရ ) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့ ဝင်များ ၏ လက်ချက်ကြောင့် ဒေသခံ နှစ်ဦးသေဆုံး သွားရသည်။ ပြောင်းဖူးခင်း စောင့်နေသော ဒေသခံ နှစ်ဦးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံးကော (၅၄) နှစ် နှင့် လုံးမီး (၄၅)နှစ် တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ ရသည် ။ အဆိုပါ တပ်မ(ရရ ) သည် ပဲခူးအခြေစိုက် တပ်မဖြစ်ပြီး SSA နှင့် TNLA တပ်များအား လိုက်လံ တိုက်ခိုက်နေသည့် တပ် ဖြစ်ကြောင်းထပ်မံသိရသည်။ ( photo – Tai Freedom )

People's Rallying Cry's Facebook Wall 2014-06-30 09:47:12

https://fbcdn-profile-a.akamaihd.net/hprofile-ak-xap1/t1.0-1/p100x100/10376164_791540817531507_4492380155546589986_a.jpg

Yangon Media Group

လျော်ကြေးငွေ အချိန်မီမရရှိသဖြင့် သီလဝါ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်းမှ သိမ်းဆည်းခံ လယ်မြေများပေါ်တွင် ဒေသခံများ လယ်ပြန်ထွန် ====================================================== ရန်ကုန်၊ ဇွန် ၂၉- အစိုးရနှင့်သ ဘောတူညီချက်ရရှိထားသော သိမ်း ဆည်း ခံထားရ သည့် လယ်မြေများအ တွက် လျော်ကြေးငွေ ကို အချိန် မီ မရရှိမှုကြောင့် သီလဝါရေနက်ဆိပ် ကမ်းစီမံကိန်းအတွင်းမှ သိမ်းဆည်းခံ လယ်သမား၄၁ ဦးသည် လယ်မြေ များကို ပြန်လည် ထွန်ယက် စိုက်ပျိုး နေပြီဖြစ်ကြောင်း သီလဝါဒေသလူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိ ရသည်။ မြန်မာဆိပ်ကမ်း အာဏာပိုင်က သီလဝါရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် သိမ်းယူခံထားသည့် လယ် မြေဧက ၄၀၀ နီးပါး တွင်မြေသိမ်း ခံထားရသည့် လယ်သမား ၄၁ဦးကပြန်လည်ထွန်ယက်စိုက်ပျိုးနေခြင်း ဖြစ်ပြီး ယခုစီမံကိန်း နယ်မြေသည့် သန်လျင်မြို့နယ်၊ သီလဝါအထူးစီး ပွားရေးဇုန်နှင့် ကပ်လျက်တွင် တည် ဆောက်မည့်စီမံကိန်းတစ်ခုဖြစ်သည်။ ''ဇွန်၂၈ရက်ကစပြီးလယ်သ မားတွေကပြန်ထွန်နေတာ။ ဆိပ်ကမ်း အာဏာပိုင် ဘက်ကတော့ အားလုံး အဆင်သင့်ရှိတယ်။ ဒါပေမဲ့ အထက် က အမိန့်မရသေး လို့မပေးနိုင်သေး တာလို့ပြန်ပြောတယ်'' ဟု ဒေသခံများ ဖြင့် ဖွဲ့စည်းထားသည့် သီလဝါဒေသ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် ဦးစိုးသိမ်းက ပြောကြားသည်။ သိမ်းဆည်း ထားသည့် လယ်မြေ များကို ပြန်လည်မထွန်ယက်မီ ဒေသ ခံများက မြန်မာဆိပ်ကမ်းအာဏာ ပိုင်ကို သတ်မှတ် ချိန်ပြည့်နေ ပြီဖြစ် သည့်အတွက် လျော်ကြေးများပေးရန် တောင်းဆိုခဲ့ပြီး ဆိပ်ကမ်းအာဏာ ပိုင်ဘက်မှ သုံးကြိမ်တိုင်တိုင် ပျက်ကွက် ခဲ့သဖြင့် စိုက်ပျိုးချိန်နောက်မကျစေ ရန် ထွန်ယက်ခြင်းဖြစ်သည်။ ဦးစိုးသိမ်းက''သူတို့ကိုတော့ ပြောထားတယ်။ လယ်ထွန်ပြီးပျိုးကျဲ ပြီးသွားတဲ့ အချိန်မှ ဖယ်ခိုင်းရင်တော့ စိုက်ပျိုးစရိတ်ကုန်ကျငွေ ကိုပါ ထပ် ပေါင်းလျော်ပေး ပါလို့ တောင်းဆို ထားတယ်''ဟု ပြောသည်။ အဆိုပါ သီလဝါရေနက် ဆိပ် ကမ်းစီမံကိန်းအတွင်းပါဝင်နေသည့် လယ်သမား များကို လျော်ကြေးငွေ ပေးအပ်ရန်အတွက် ယခုနှစ်ဧပြီလ ၉ ရက်တွင် ကျောက် တံတားမြို့နယ် ရှိ မြန်မာဆိပ်ကမ်းအာဏာ ပိုင်ရုံးတွင် ဒေသ ခံလယ်သမား များနှင့် ဆိပ်ကမ်း အာဏာပိုင်တို့ ညှိနှိုင်းမှုပြုခဲ့ပြီး လယ် တစ်ဧကလျှင် ကျပ်သိန်း ၇၀ ဖြင့် လျော်ကြေးပေးရန်အတွက် သဘော တူညီခဲ့ကြသည်။ သို့သော်ထိုသဘော တူညီချက်ပျက်ပြားခဲ့မှုကြောင့် လယ် သမားများက အချိန်မီ လယ်များကို ပြန်လည်ထွန်ရန်ကြိုးစားခြင်းဖြစ် သည်။ [–Democracy today Daily Newspaper–] #Democracytoday

People's Rallying Cry's Facebook Wall 2014-06-30 09:47:01

https://fbcdn-profile-a.akamaihd.net/hprofile-ak-xap1/t1.0-1/p100x100/10376164_791540817531507_4492380155546589986_a.jpg

Yangon Media Group

ပခုက္ကူလေယာဉ်ကွင်းဆောက်လုပ်ရာ အသိမ်းခံလယ်ယာမြေအတွက် လျော်ကြေး(သို့မဟုတ်)ဧရိယာလွတ်လယ်မြေ ပြန်လည်ရရှိရေး တောင်းဆို ================================================= နေဦးမောင် – ဖလားဝါးနယူးစ်ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၅)။ ပခုက္ကူ၊ ဇွန် ၂၇- ပခုက္ကူမြို့ မြောက်လူး ကန်ရွာနှင့် ကြီးရွာကြားတွင် ၂ဝဝ၂ ခုနှစ် ဇူလိုင်လက ပခုက္ကူလေယာဉ် ကွင်းတည် ဆောက်ခဲ့ရာ တောင်သူများ၏ ယာမြေဧက ၉ဝဝ ခန့် သိမ်းယူခြင်းခံခဲ့ရပြီး ယနေ့အထိ ယာမြေလျော်ကြေးလည်း မရ၊ မြေလည်း မရဖြစ်နေသဖြင့် အမြန်ဆုံးဆောင်ရွက်ပေး စေလိုကြောင်း ပခုက္ကူမြောက်လူးကန်ရွာ နေ ဦးဇော်ဝင်းက ပြောသည်။ ''မြောက်လူးကန်ရွာနဲ့ ကြီးရွာ၊ ဥက္ကံရွာ၊ ယာမြေဧကတွေ များစွာပါသွားခဲ့ ပါတယ်။ ကျွန်တော်တို့ မြောက်လူးကန်ရွာက တော့ ယာမြေ အများဆုံးအသိမ်းခံရပါတယ်။ ယနေ့အထိ လျော်ကြေးလဲ မရသေးပါဘူး။ အချို့ကတော့ နားလည်မှုယူပြီး သိမ်းထား တဲ့ယာမြေမှာ စိုက်ပျိုးကြပါတယ်။ ကျွန်တော် ကတော့ လျော်ကြေးပေးမယ်ဆိုရင်လဲ ပေး ပါ။ ငွေမပေးတော့ဘူး ယာမြေတွေကို ပြန် ပေးမယ်ဆိုရင်လဲ ပြန်ပေးပါ။ အဖြူအမည်း သဲကွဲအောင် အမြန်ဆုံး ဆောင်ရွက်ပေးစေ ချင်ပါတယ်''ဟု ဦးဇော်ဝင်းက ပြောသည်။ ပါလီမန်ခေတ်ကတည်းက တည် ဆောက်ခဲ့သော ပခုက္ကူလေယာဉ်ကွင်း ၁၉၉ဝ ဝန်းကျင်ကစ၍ လေယာဉ်ပြေးဆွဲမှု ရပ်နားခဲ့သည်။ ၂ဝဝ၂ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် လေယာဉ်ကွင်းအသစ်ကို ဆောက် လုပ် ခဲ့ပြီး ၂ဝဝ၄ ခုနှစ် သြဂုတ် ၃၁ တွင် ပြီး ဆုံး၍ ၂ဝဝ၄ ခုနှစ် စက်တင်ဘာ ၅ ရက် ၌ ပခုက္ကူလေယာဉ်ကွင်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ လေယာဉ်ကွင်းဧရိယာထဲတွင် အသိမ်းခံထားရသော ယာမြေများသည် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အောင်မြင်စွာဖြစ် ထွန်းသောမြေများဖြစ်ပြီး ပခုက္ကူလေယာဉ် ကွင်းနှင့် ပခုက္ကူဘူတာကြီးအတွက် ၉၄၃ ဒသမ ၉၆ ဧက သိမ်းယူခံထားရသည်နှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး လယ် ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တာဝန်ရှိသူ များ လာရောက်စစ်ဆေးခဲ့သည်ဟုလည်း သိရသည်။ ဒေသခံ တောင်သူများအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် လေယာဉ် ကွင်းဧရိယာလွတ်သော ယာမြေများကို ယာလုပ်သူထံ အမြန်ဆုံးပြန်လည်ပေးအပ် စေလိုကြောင်း သိရသည်။