ဦးဆန်းဆင့်ကျန်းမာရေးအာမခံရရန် လျှောက်လဲမှုပယ်ချခံရ ———— တရားစွဲဆိုခြင်း…

ဦးဆန်းဆင့်ကျန်းမာရေးအာမခံရရန် လျှောက်လဲမှုပယ်ချခံရ
————
တရားစွဲဆိုခြင်း ခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ကျန်းမာရေးချို့ယွင်းလာသောကြောင့် ကျန်းမာရေးအာမခံရရှိရန် (အချုပ်လွတ်ထုချေခွင့်) လျှောက်ထားခြင်းကို တရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံ …….. http://ift.tt/1s5wmaZ


ဦးဆန်းဆင့်ကျန်းမာရေးအာမခံရရန် လျှောက်လဲမှုပယ်ချခံရ
7daydaily.com
တရားစွဲဆိုခြင်း ခံထားရသော သာသနာရေးဝန် ကြီးဟောင်းဦးဆန်းဆင့်သည် ကျန်းမာရေးချို့ယွင်းလာသော ကြောင့် ကျန်းမာရေးအာမခံရရှိ ရန် (အချုပ်လွတ်ထုချေခွင့်) လျှောက်ထားခြင်းကို တရားရုံးက ပယ်ချလိုက်ကြောင်းသတင်းရရှိ သည်။

via 7Day News Journal’s Facebook Wall http://ift.tt/1qpXLRX http://ift.tt/eIlFV0

ပီအာစနစ်မကျင့်သုံးရေး ဆန္ဒဖော်ထုတ်ပွဲများ ရန်ကုန်တွင် ပြုလုပ်မည် ပိုင်စိုး ရွေးေ…

ပီအာစနစ်မကျင့်သုံးရေး ဆန္ဒဖော်ထုတ်ပွဲများ ရန်ကုန်တွင် ပြုလုပ်မည်
ပိုင်စိုး

ရွေးကောက်ပွဲတွေမှာ မူလကျင့်သုံးနေတဲ့ မဲအသာရသူ အနိုင်ရစနစ်အစား အချိုးကျကိုယ်စားပြု (ပီအာ) စနစ် ပြောင်းလဲ ကျင့်သုံးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်အမတ် ၂ ဦးက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုပြုခဲ့တာပါ။
http://ift.tt/1oOVxNV


ပီအာစနစ်မကျင့်သုံးရေး ဆန္ဒဖော်ထုတ်ပွဲများ ရန်ကုန်တွင် ပြုလုပ်မည် | DVB
burmese.dvb.no
ရွေးကောက်ပွဲတွေမှာ မူလကျင့်သုံးနေတဲ့ မဲအသာရသူ အနိုင်ရစနစ်အစား အချိုးကျကိုယ်စားပြု (ပီအာ) စနစ် ပြောင်းလဲ ကျင့်သုံးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်အမတ် ၂ ဦးက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုပြုခဲ့တာပါ။

via DVB TV News’s Facebook Wall http://ift.tt/1oOVxO1 http://ift.tt/eIlFV0

နိုင်ငံတော်သမ္မတနှင့် စာနယ်ဇင်းကောင်စီ ဒုတိယအကြိမ် တွေ့ဆုံမည် ရန်ကုန်၊ ဇူလိုင်…

နိုင်ငံတော်သမ္မတနှင့် စာနယ်ဇင်းကောင်စီ ဒုတိယအကြိမ် တွေ့ဆုံမည်

ရန်ကုန်၊ ဇူလိုင် ၃၀

လက်ရှိတွင် ကြုံတွေနေရသည့် မီဒီယာပြဿနာများကို ဆွေးနွေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့သည် သြဂုတ်လ ၁ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များက ပြောကြားသည်။

သမ္မတနှင့် တွေ့ဆုံရန် ဇူလိုင်လ ၂၉ ရက်နေ့တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ တစ်ဆင့် အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်ပြီး နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ (ခေတ်+မိုး)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊ အဖွဲ့ဝင် ဦးဖေမြင့်၊ ဦးရဲမင်းဦး၊ ဦးဇော်သက်ထွေးနှင့် ဦးသီဟစောတို့ ပါဝင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။

သတင်းမီဒီယာများကို စစ်ဆေး၊ မေးမြန်း၊ ဖမ်းဆီးသည့် ကိစ္စများအပြင် မဏ္ဍိုင်ကြီးများနှင့် မီဒီယာတို့ မည်ကဲ့သို့ ယုံကြည်မှု တည်ဆောက်မည် စသည့် အချက်များကို ခြုံငုံကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် စာနယ်ဇင်းကောင်စီတို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံနိုင်ရန် စာပေးပို့ခဲ့ခြင်း ဖြစ်ကာ ဇူလိုင် ၂၁ ရက်နေ့တွင် ယခင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့်သာ တွေ့ဆုံခွင့် ရရှိခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာသို့ လာရောက်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို သတင်းထောက်အချို့က ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် အပါအဝင် သတင်းထောက် ငါးဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည့်အတွက် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

တာဝန်ယူပြီး ရေးသားသူနှင့် တာဝန်ကင်းမဲ့စွာ ရေးသားမှုများကို သမ္မတအနေနင့် ကွဲကွဲပြားပြား သိစေလိုကြောင်း၊ သတင်းစာ၊ ဂျာနယ်များမှာ စနစ်တကျ ရေးသားနေသူများ ဖြစ်ကြောင်းကို သမ္မတ နားလည်အောင် ရှင်းပြနိုင်ပါက အစိုးရဌာနများနှင့် မီဒီယာတို့ နားလည်မှု ရရှိနိုင်မည် ယုံကြည်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး (၂) ဦးသန်းဌေးက ပြောကြားသည်။

via The Voice Weekly’s Facebook Wall http://ift.tt/1nVjKCW http://ift.tt/eIlFV0

ပြန်ကြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်မည်ဟု ဦးရဲထွဋ်ဆို ============================…

ပြန်ကြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်မည်ဟု ဦးရဲထွဋ်ဆို
=========================================
ကျော်စိုးဦး – ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၂၉)။

ရန်ကုန်၊

လစ်လပ်ပြန်ကြားရေးဝန်ကြီး နေရာတွင် သမ္မတဦးသိန်းစိန်က ပြန်ကြားရေး ဝန်ကြီး တာဝန်ပေးပါက ထမ်းဆောင်သွား မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူဦးရဲထွဋ်က ဇူလိုင် ၃ဝ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။

”ပြန်ကြားရေးဝန်ကြီးနေရာအတွက် ကျွန်တော် မှတ်ချက်ပေးလို့တော့ မရသေးဘူး။ ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်းဆိုတော့ နိုင်ငံတော်သမ္မတက တာဝန်ပေးမယ်ဆိုရင် တော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မှာပါ။ ကျွန်တော့်ကို စာရင်းတင် ပြီလား မတင်သေးဘူးလားဆိုတာ သေချာ မသိရသေးဘူး”ဟု ဦးရဲထွဋ်က ပြောသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်သည် လစ်လပ်ပြန်ကြားရေး ဝန်ကြီးနေရာ တာဝန်ထမ်းဆောင်ခြင်း၊ မထမ်း မဆောင်ခြင်းနှင့်ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော် က ”ဝန်ကြီးတိုင်းကတော့ လူကောင်းဖို့လိုသလို မူကောင်းဖို့လည်း လိုပါတယ်။ ကျန်တာကိုတော့ မှတ်ချက်မပေးပါဘူး။ မီဒီယာ နဲ့လက်တွဲလုပ်နိုင်မယ့် ဝန်ကြီးတော့ မျှော်လင့်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်စွဲပါ နိုင်ငံ တော် သမ္မတရုံးအမိန့်အမှတ်- ၁၇/ ၂ဝ၁၄ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်အမိန့်ဖြင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည် ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှစ် ဦးကို တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ကာ လစ်လှပ်နေသော ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်သမ္မတဦး သိန်းစိန်၏ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သူ ဦးရဲထွဋ်ကို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ စာပို့ အကြောင်းကြားထားပြီးဖြစ်သည်။

via Yangon Media Group’s Facebook Wall http://ift.tt/1odihCj http://ift.tt/g8FRpY

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-07-31 04:28:16


စစ်မှုထမ်းဟောင်း၏ လယ်ယာမြေ သိမ်းဆည်းခံ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် ဖမ်းဆီးခံထားရ
burma.irrawaddy.org
စစ်မှုထမ်းဟောင်း အဖွဲ့က လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းနှင့် အိမ်မဲမြို့နယ်မှ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထားရကြောင်း သိရသည်။

People's Rallying Cry's Facebook Wall 2014-07-30 21:27:53

https://fbcdn-profile-a.akamaihd.net/hprofile-ak-xaf1/v/t1.0-1/c185.47.591.591/s100x100/396148_326620160691803_835980532_n.jpg?oh=78d8a9e03bcc3c3a339fb9873fad8b52&oe=547C2902&__gda__=1415588802_c0040c79cd1db5266352c141bdafc831

Shwe Myitmakha Media Group

မန်ပူကျေးရွာ ကျောင်းဝင်းထဲမှမြေမြုပ်မိုင်းကြောင့် ကျောင်းမတက်နိုင်ဖြစ်နေ ခင်နှင်းကြည်သာ (မြစ်မခ)ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ မန်ပူကျေးရွာ၌ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ နှင့် တပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မည်သည့်တပ်မှ မြုပ်ခဲ့သည်ကိုမသိရှိသော်လည်း ကျောင်းဝင်းအတွင်း မြေမြုပ်မိုင်းများရှိနေခြင်းကြောင့် မန်ပူကျေးရွာ အလယ်တန်းမှ ကျောင်းသားတို့ ယနေ့တိုင် ကျောင်းမတက်ရသေးဟု ဒေသခံများထံမှ သိရှိရသည်။“ကျောင်းထဲမှာ မြေမြုပ်မိုင်းတွေ ရှိနေတယ်။ တချို့ဟာတွေက ထပေါက်ကုန်တယ်။ကလေးတွေ ဘယ်သူမှ ကျောင်းမတက်ရဲကြဘူး၊ ဘယ်သူထောင်ခဲ့မှန်းလဲ မသိဘူး။ဘာလုပ်ရမှန်းလဲမသိဘူး။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO မှသတင်းနှင့် သုတေသနဌာနမှ တာဝန်ခံသို့ကျိန်ကီက ပြော သည်။http://myitmakhamediagroup.com/news/regional-news/1964-2014-07-30-04-13-11

People's Rallying Cry's Facebook Wall 2014-07-30 21:27:09

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpa1/t1.0-1/p100x100/10352836_820163094669279_7997892280059724638_n.jpg

Yangon Media Group

ဓာတုဗေဒပိုးသတ်ဆေးများ စနစ်တကျမသုံးစွဲခြင်းကြောင့် တောင်သူများ ဓာတုအဆိပ်သင့်၍ သေဆုံးမှုများရှိနေ=================================================မန္တလေး၊ ဇူလိုင် ၂၉- မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ သရက်၊ သခွား၊ ဖရဲ စိုက်ပျိုး သည့်တောင်သူများမှာ ဓာတုဗေဒပိုး သတ်ဆေးများကို အကာအကွယ်မဲ့ စနစ်တကျသုံးစွဲခြင်း မရှိခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့်ပန်းမန်များစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ကော်မတီဝင် ဒေါ်သန်းသန်း ဆွေက ပြောသည်။ဓာတုဗေဒဆေးဝါးများကို အ ကာအကွယ်မယူဘဲ မတန်တဆသုံး စွဲမှုကြောင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ အတိတ်မေ့ရောဂါ၊ အသည်းကင်ဆာရောဂါနှင့်အခြား သောရောဂါများ ဖြစ်ပွား၍ သေဆုံးကြ ခြင်း ဖြစ်ကြောင်း သိရသည်။''ဓာတုဆေးတွေကို အကာအကွယ်မဲ့၊ စည်းကမ်းမဲ့စွာသုံးစွဲနေကြ တယ်၊ ၁ဝဝဝမီလီမီတာဝင်ရင် လူအ သက်သေဆုံးနိုင်တဲ့အထိ ဖြစ်ပေါ်နိုင် တယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သစ်သီး ဝလံစိုက်ပျိုးသူ သုံးပုံတစ်ပုံခန့် သေ ဆုံးနေပါတယ်၊ အစိုးရခွင့်ပြုချက် မရတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး တွေ သုံးစွဲမှုကြောင့် ဖြစ်တာများတယ်'' ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။သစ်သီးဝလံစိုက်ပျိုးသူများသေ ဆုံးမှုမဖြစ်ပွားစေရန် အစိုးရခွင့်ပြု ချက်မရသည့် မှတ်ပုံတင်ထားခြင်းမရှိ သော ဓာတုဆေးဝါးများကို မသုံးစွဲ ရန်နှင့် သုံးစွဲရန်မသင့်သည့် စိုက်ပျိုး ရေးလုပ်ငန်းသုံးဆေးဝါးများကို ကျေး လက်ဒေသများတွင် အသိပေးကြေ ညာခြင်း၊ အသိပညာဖြန့်ဝေခြင်းတို့ ကို လုပ်ဆောင်ပေးနေကြောင်း၊ ဓာ တုဆေးဝါး သုံးစွဲမှုကြာလျှင် ကျန်းမာ ရေးထိခိုက်မှုရှိလာမည့်အပြင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေ အနေထိ ဖြစ်နိုင်ကြောင်း သိရသည်။၂ဝ၁၃ခုနှစ်က မုံရွာ၌ ဓာတု ဆေးဝါးသုံး သစ်သီးဝလံများကို သတ်မှတ်ရက်ထက် ဆောလျင်စွာ ခူး ဆွတ်ပြီး သေချာစွာ ဆေးကြောသန့် စင်မှုမရှိဘဲ စားသောက်မိသူ ကလေး ငယ်သေဆုံးခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်း၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်း ချနေသူများအနေဖြင့် ယင်းကဲ့သို့ မဖြစ် ပွားစေရန် ဂရုပြုလိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ် သီးဝလံအသင်း(မန္တလေး)မှ အတွင်း ရေးမှူး ဦးကျော်စိုးဦးက ပြောသည်။AXE#Democracytoday

People's Rallying Cry's Facebook Wall 2014-07-30 21:26:59


Timeline Photos
မိုးကသဲသဲမဲမဲရွာနေ
ကားလမ်းလယ် ကားတွေကြားမှာ
ကလေးသေးသေးလေးကိုကလေးလေးတစ်ယောက်က
မိုး လေ လုံ မလားလို့ 
သူ့ လက်သေးသေးလေးတွေနဲ့ ဖက်ပြီး ကာကွယ်ပေးထားရလို့ 
လာသမျှကား သနားကြပါ ပေးကမ်းပါလို့ 
လက်ဝါးတောင်ဖြန့် မတောင်းနှိုင်တဲ့ မြင်ကွင်း …….

မြင်လိုက်တာ ရင်ထဲမှာ …ဘယ်လိုပြောပြရမယ်မသိ..တောက် တစ် ချက် ကို သာ ခပ် ပြင်း ပြင်း ခေါက် မိ ပါ ဧ။် ။ ကားမှန်အလုံပိတ် aircon နဲ့ ငြိမ့်နေကြတဲ့ ဘယ်သကောင့်သားတွေကမှ ရွှေလက်တော် မိုးစိုမှာစိုးထိပ်လို့ ဘဲလား တစ်ပြား တစ်ကျပ်မှ စွန့် တာမတွေ့ရ ။

ကလေးတွေကို လမ်းပေါ်တောင်းခိုင်းတဲ့ နောက်ကွယ်က ရက်စက်တဲ့လူ ရှိနေတယ် ဆိုပေမယ့် …… တောင်းနေကြတဲ့သနားစရာကလေးလေးတွေ လမ်းတွေပေါ်မှာ တနေ့ တခြား တိုးတိုး လာနေတာကို မျက်ကွယ်ပြု ကိုယ်အာဏာရဖို့  ကိုယ်ဥစ္စာတည်မြဲဖို့ ကိုသာရှေးရှုနေ ကြတော့မှာလား …?
အ စိုး ရ မင်း မျိုး ခွေး သူ ခိုး တို့  ခင် ဗျား……

Myint Kyu
https://www.facebook.com/photo.php?fbid=314783908690100&set=a.121663688002124.24747.100004754792773&type=1

ကရင့်အာဇာနည်နေ့အကြောင်း သိကောင်းစရာ

စကိုင့်မီး မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင် မည်သူနည်းဟုမေးလျှင် ဗိုလ်ချုပ်အောင်ဆန်းဟု အားလုံးသော မြန်မာပြည်သူများ ဖြေ ကြပါလိမ့်မည်။ အာဇာနည်ဟူသည် တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အသေခံရဲသူပုဂ္ဂိုလ်များဟု အဓိပ္ပါယ်ဖွင့်ဆိုရ ပေမည်။ တစ်နည်းဆိုရသော် တိုင်းပြည်နှင့်လူမျိုးအတွက် အသေခံရဲသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့အား အာဇာနည်ဟူ၍ အသိ အမှတ်ပြု ခေါ်ဝေါ်ကြခြင်းဖြစ်ပေသည်။ အာဇာနည်နေ့အကြောင်း ရေးသားရာတွင် ကရင်နှင့် နိုင်ငံရေးသမိုင်းကိုအခြေခံပြီး ဖေါ်ပြရေးသားရန် လိုပါလိမ့်မည်။ ကရင်ဗဟို အဖွဲ့ချုပ်(KCO) ၏ ဒေါကလု ခေါ် (Karen National Association-KNA)သည် ဗမာနိုင်ငံရေးအစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ခုနှစ်မှစ၍ ဒေါက်တာတီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြစံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများက တည်ထောင်ခဲ့သော အစည်းအရုံးကြီးဖြစ်သည်။ အိန္ဒိယကွန်ဂရက်သည် ဒေါကလုအသင်း၏ နောက်ပိုင်း(၂)နှစ်အကြာ ၁၈၈၃ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။ ဒေါက် […]

via ကေအိုင်စီ – KIC News http://ift.tt/1uHHDSk http://www.kicnews.org

သန်းခေါင်စာရင်းကောက်ယူမှုရလဒ် အဆင့် (၃)ဆင့်ဖြင့် ထုတ်ပြန်မည်

ဇူလိုင် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လူဦးရေစာရင်း ထုတ်ပြန်ချက်ကို အဆင့်(၃)ဆင့်ဖြင့် ထုတ်ပြန်သွားမည်ဖြစ်သည်ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့(UNFPA)က ကရင်ပြည်နယ်၊ ဖားအံမြို့ သုမေဓာရာမကြားတောရကျောင်း၌ ဇူလိုင် ၂၅ ရက်နေ့တွင် ပြောသည်။ UNFPA မှ နိုင်ငံခြားပညာရှင်ဖြစ်သူ Mr Rogecio၊ Ms Sarahနှင့် ဒေါ်ခင်ဇာနိုင်၊ ဒေါ်ကြည်ကြည်စိမ်း ပါဝင်သည့် အဖွဲ့တို့သည် ကရင်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအာဦးစီးဌာန(လဝက) တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းများ၊ လူမှုရေးအဖွဲ့များနှင့် သုမေဓာ ရာမကြားတောရကျောင်း၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူမှုလူဦးရေစာရင်း ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး စုစုပေါင်း လူဦးရေနှင့် ကျား/မ လူဦးရေစာရင်းကို ယခုနှစ် သြဂုတ်လတွင် […]

via ကေအိုင်စီ – KIC News http://ift.tt/1oLX47j http://www.kicnews.org

မွန်နှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသားရေးရာကဏ္ဍ သတင်းစာစောင် ထုတ်ဝေမည်

ဇူလိုင် ၃၀ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား မြန်မာအစိုးရ၏ အစီအစဉ်ဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ကရင်(စကော၊ ပိုး)၊ မွန်၊ ပအိုဝ်း စသည့်စာပေ ၄မျိုး ပါဝင် သော “တိုင်းရင်းသားရေးရာကဏ္ဍ”အမည်ရှိ အပတ်စဉ်ထုတ် ဘာသာပြန်သတင်းစာစောင်ကို လာမည့် သြဂုတ် ၃ရက်နေ့တွင် စတင် ဖြန့်ဝေတော့မည်ဟု သိရသည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေမည့် ၎င်းသတင်းကဏ္ဍကို မြန်မာအစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံ နေ့စဉ် သတင်းစာ၌ အချပ်ပိုအဖြစ် ထည့်သွင်းမည်ဖြစ်ပြီး တစ်ကြိမ်ထုတ်ဝေလျှင် တိုင်းရင်းသားဘာသာတစ်ခုချင်းစီအတွက် စာတစ်မျက်နှာစီ ထည့် သွင်းဖော်ပြခွင့်ရမည်ဟု တိုင်းရင်းသားရေးရာကဏ္ဍတွင် ပအိုဝ်းဘာသာပြန်အဖြစ် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ခွန်မင်း အောင်က ပြောသည်။ “အစိုးရအနေနဲ့တော့ သတင်းတွေကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာနဲ့ ဖတ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ဝေတာ ဖြစ်ပါတယ်။ […]

via ကေအိုင်စီ – KIC News http://ift.tt/1AzjIop http://www.kicnews.org

ရာထူးမှနှုတ်ထွက်ခွင့်ပြုခဲ့တဲ့ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဌာ…

ရာထူးမှနှုတ်ထွက်ခွင့်ပြုခဲ့တဲ့ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဌာန က ဦးအောင်ကြည် နေရာကို ဦးရဲထွဋ်
ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာဖေသက်ခင် နေရာကို ဒေါက်တာသန်းအောင် တို့ ကို အစားထိုးဖို့  သမ္မတက ပြည်ထောင်စုလွှတ်တော်ကိုအဆိုပြု သ၀ဏ်လွှာပေးပို့ ထားပါတယ်။ ကန့် ကွက်လိုသူတွေစာရင်းပေးနိုင်ကြောင်းလည်းသိရပါတယ်။
Author ချိုဇင်မာဝင့်

via Kumudra’s Facebook Wall http://ift.tt/1ztsWRM http://ift.tt/g8FRpY

ပြည်ထောင်စုဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက် ရန်ကုန်၊ ဇူလိုင် ၂၉။ ပြည်ထောင်စုဝန…

ပြည်ထောင်စုဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက်

ရန်ကုန်၊ ဇူလိုင် ၂၉။

ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နှင့်
ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို ရာထူးမှ နုတ်ထွက်ခွင့်
ပြုလိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနများက ယနေ့ ည ၈ နာရီ
အချိန်တွင် ကြေညာသွားပြီး နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကို ပြန်ကြားရေး
ဝန်ကြီးဌာန၏ ဝက်ဆိုက်စာမျက်နှာတွင်လည်း ဖော်ပြထုတ်ပြန်ခဲ့သည်။

အဆိုပါ အမိန့်တွင် ပြည်ထောင်စုသမ္မတနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊
ပုဒ်မခွဲ(က) တို့ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီးနှစ်ဦးကို
၎င်းတို့၏ သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း
ဖော်ပြပါရှိသည်။

via The Myanma Age’s Facebook Wall http://ift.tt/1tY2zQO http://ift.tt/g8FRpY

PR စနစ် မကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ပယ်လိုက်ပြီး မြန်မာနိုင်ငံနဲ့ သင့်လျော် မယ့် ရွေးကောက်ပွဲစနစ်တစ်ခုကို အကောင် အထည်ဖော်နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။

via သတင်းများ http://ift.tt/1s1oAOl http://www.rfa.org


DVB – ကြားဖြတ် မဲဆွယ်ခွင့် ညွှန်ကြားချက်အသစ်မှာ အားနည်းချက်တွေ ရှိခဲ့ရင်

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ထုတ်ပြန်ထားတဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အသစ်မှာ အားနည်းချက်တွေ ကြုံခဲ့ရင် ၂၀၁၅မတိုင်မီ ပြုပြင်ပေးမယ်လို့ ပြည်ထောင်စုရွေးကော…

via DVB TV News’s Facebook Wall http://ift.tt/1nFD2LA http://ift.tt/eIlFV0

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပါက အပစ်ရပ်စာချုပ် လက်မှတ် ထိုးမည်ဟု လိုင်ဇာအစည်းအဝေးက ဆုံးဖြတ်

တိုင်းရင်းသားများလိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအ ပေါ် အစိုးရလက်ခံပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးမည်ဟု ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြုလုပ် သော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဆွေး နွေးဆုံးဖြတ်ထားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ဇူလိုင်လ ၂၈ရက်နေ့တွင် ပြောဆို လိုက်သည်။

“ဆွေးနွေးပွဲအခြေအနေကတော့ NCCT အဖွဲ့ဝင်တွေအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ဆွေးနွေးပြီး စာချုပ်မူကြမ်း အခန်း ၇ခန်းစလုံး ဆွေးနွေးပြီးဖြစ်တယ်။ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အစိုးရအနေနဲ့ လက်ခံရင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ ဖြစ်လာမှာပါ”ဟု ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် က ကေအိုင်စီသို့ ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ဇူလိုင်လ ၂၅ရက်က စတင် ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေး၏ သုံးရက်မြောက်နေ့အပြီးတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မူကြမ်းအခန်း ၇ခန်း ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီးနောက် ထိုသို့ သဘောထားများ ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအဝေး တက်ရောက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပဒိုစော တာဒို့မှုးကလည်း တိုင်းရင်းသားများ လက်နက်ကိုင်တော်လှန်ရေး လုပ်ကိုင်ခဲ့သည်မှာ ယင်းအချက်များအပေါ် အခြေခံခဲ့ခြင်းဖြစ် ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးရေးကိစ္စမှာ အစိုးရနှင့် ပြန်လည်ဆွေးနွေးပြီး ထွက်ပေါ်လာ သည့်အပေါ်တွင် မူတည်ကြောင်း ပြောဆိုသည်။

ပဒိုစောတာဒို့မှုးက “တိုင်းရင်းသားတွေကတော့ အဲဒီ့အပေါ်မှာပဲ အခြေခံထားတာလေ။ အခု တတိယနေ့အထိ စာချုပ် မူကြမ်း ၇ ခန်းလုံး ဆွေးနွေးပြီးသွားပြီ။ အစိုးရကိုယ်စားပြုအဖွဲ့နဲ့ ပြန်ဆွေးနွေးတဲ့အခါ ဘယ်လောက်အထိ ရမလဲဆိုတာတော့ မသိသေး ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေးနှင့် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင် မည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြုပြင်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများသည် အချိန်ကာလ လိုအပ်ချက်နှင့်အညီ ဖြစ်ပေါ်လာကြောင်း၊ ပကတိအ ခြေအနေကို ထည့်သွင်းစဉ်းစားလျက် တိုင်းရင်းသားများ လိုလားချက်ကို ရယူနိုင်ရန်လိုကြောင်း၊ ပြည်တွင်းနိုင်ငံရေး အင်အားစု များနှင့် ဖွဲ့စည်းပုံပြင်လိုသူများက ၎င်းတို့ဖြစ်စဉ်ကို စောင့်ကြည့်နေသည့်အတွက် ရလဒ်ကောင်းထွက်ပေါ်လာရန်လိုကြောင်း ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးက ညီလာခံ ဒုတိယနေ့တွင် ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောဆိုထားသည်။

အဆိုပါ NCCT ထိပ်သီးအစည်းအဝေးကို ဇူလိုင်လ ၂၇ရက်နေ့တွင် တစ်ရက်ရပ်နားကာ ဇူလိုင် ၂၉ရက်နေ့တွင် အပစ်ရပ်စာချုပ် မူကြမ်း အသေးစိတ်အပိုင်းများနှင့် စကားလုံးအသုံးအနှုန်းများကို ဆွေးနွေးကာ အဆုံးသတ်မည်ဖြစ်ကြောင်း၊ ယင်းနောက် မြစ် ကြီးနားမြို့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် NCCT အဖွဲ့ဝင်များ တွေ့ဆုံ ရန်ရှိကြောင်း ပဒိုစောတာဒို့မူးက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသည့် KNU, KIO/KIA, KNPP, NMSP, ANC, CNF, SSPP/SSA, PNLO, PSLF/TNLA, WNO, LDU, MNDAA, AA, ALP, KNU/KNLA(PC), DKBA စသည့်အ ဖွဲ့ ၁၆ဖွဲ့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၁၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြသည်။ ထို့အပြင် NCCT အစည်းအ ဝေး တတိယနေ့တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဘီဂျေနမ်ဘီးယား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးအကြံပေးအဖွဲ့မှ မစ္စတာတန်ယန်း ဦးဆောင်သည့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

via သတင်း http://ift.tt/1lTD51T http://ift.tt/1mP7bZA

PR စနစ် မကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ပယ်လိုက်ပြီး မြန်မာနိုင်ငံနဲ့ သင့်လျော် မယ့် ရွေးကောက်ပွဲစနစ်တစ်ခုကို အကောင် အထည်ဖော်နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။

via သတင်းများ http://ift.tt/1s1oAOl http://www.rfa.org

“မိသားစု တစ်ခုလုံး အနုပညာ လှုပ်ရှားမှု ပိတ်ပင်ခံရသူ ဇာဂနာနှင့် တွေ့ဆုံခြင်း” နိုင…

"မိသားစု တစ်ခုလုံး အနုပညာ လှုပ်ရှားမှု ပိတ်ပင်ခံရသူ ဇာဂနာနှင့် တွေ့ဆုံခြင်း"

နိုင်ငံကျော် လူရွှင်တော် စာရေး ဆရာ ဇာဂနာ က ဖခင်ဖြစ်သူ ကဗျာဆရာ နန်းညွန့်ဆွေ ကွယ်လွန် ခြင်း ၄နှစ်ပြည့် အောက်မေ့ဖွယ် ကို ဖခင်ဖြစ်သူ ရဲ့ မွေးနေ့ ဝါဆို လပြည့် နေ့မှာ ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။ ဖခင်ဖြစ်သူ ရဲ့ကဗျာ ချစ်မြတ်နိုးစိတ် နဲ့ ဖခင် အတွက် ရည်စူးကာ နန်းညွန့် ဆွေ ကဗျာ ဆုပေးပွဲ ကိုလည်း ပထမ ဆုံးအကြိမ် ကျင်းပခဲ့ပြီး နှစ်စဉ်ပြု လုပ် သွားဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ဇာဂနာကို သူ့မိသားစု နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

မေး- ဖခင်ဖြစ်သူ နန်းညွန့်ဆွေ ကလောင်ကို ဘာကြောင့် ပိတ်ထား ခြင်း ခံရပါသလဲ။

ဖြေ- ကျွန်တော် အဖေက ကဗျာဆရာ တစ်ဖက်ကလည်း အစိုးရ ဝန်ထမ်းဖြစ် တယ်။ ပြီးတော့ သူက စာပေသုတေ သနမှူး (မြန်မာစာ ရှေးဟောင်း စာပေ သုတေသန )ဖြစ် တယ်။ သူ့မှာ သား သုံးယောက် ရှိတယ်။ တစ် ယောက်မှ အဲဒီ အလုပ်လိုက် မလုပ်ကြ ဘူး။ ပေစာ၊ ပုရပိုက် စာတွေ ကို သူက ပြန်ရေး တာလေ။ ဆေးကျမ်း ၊ဗေဒင် ကျမ်း အပြင် ဂီတလောက တစ်ခုလုံး က သူပြုစု ခဲ့တဲ့ ဂီတကျမ်း ကိုပဲ အသုံး ပြုခဲ့တယ်။ သူက ကဗျာဆရာ လည်း ဟုတ်တယ် ဆိုတော့ ကဗျာဆရာတွေ လည်း သိကြ တယ်။ သူ ၁၉၈၈ အရေး တော်ပုံ ပြီးသွားတော့ နဝတ၊ နအဖ လက်ထက်မှာ ဒေါ်အောင်ဆန်းစု ကြည် ကို ထောက်ခံ လို့ ၊ ဒေါ်အောင် ဆန်းစုကြည် ခြံထဲမှာ ဟောပြောပွဲ သွားလုပ် လို့ဆိုပြီး သူ့ကလောင် နာမည် နန်းညွန့်ဆွေကို ပိတ်ပစ် လိုက်တယ်။ သူ့အလုပ် က အဲဒီအချိန်မှာ ပင်စင်ရပြီ။ ပင်စင် လစာပါ ပိတ်ပစ် လိုက်တယ်။ အဲဒီအချိန် က စပြီး သေသွားတဲ့ အချိန် (၂ဝ၁ဝ) ထိ သူ့ နာမည်နဲ့ စာရေးခွင့် မရတော့ဘူး။ ဒါပေမဲ့ သူအခြား ကလောင်အများ ကြီး နဲ့ စာရေးခဲ့ပါတယ်။

မေး- ဦးဇာဂနာ တို့ မိသားစုက အနုပညာ မိသားစု ဖြစ်ကြတယ်။ ဒါပေမဲ့ အနုပညာ အလုပ်မှာ အပိတ် ခံရတာလည်း အများ နဲ့မတူဘူး။ အဓိက ဘာကြောင့်များလဲ။

Read More ►► http://ift.tt/1s2vDGF


မိသားစု တစ်ခုလုံး အနုပညာ လှုပ်ရှားမှု ပိတ်ပင်ခံရသူ ဇာဂနာနှင့် တွေ့ဆုံခြင်း
http://ift.tt/1jO3lPi
မိသားစု တစ်ခုလုံး အနုပညာ လှုပ်ရှားမှု ပိတ်ပင်ခံရသူ ဇာဂနာနှင့် တွေ့ဆုံခြင်း

via Popular Journal’s Facebook Wall http://ift.tt/1AwbWM8 http://ift.tt/eIlFV0

People's Rallying Cry's Facebook Wall 2014-07-29 12:34:40

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpf1/v/t1.0-1/p100x100/1380303_651511624892993_2051738987_n.png?oh=85bd1e59cc7b65bcd76fe8a96dd7cd2c&oe=546B5A69&__gda__=1415420995_952765184f986155bb993d93b5fe4941

The Irrawaddy (Burmese Version)

၁၅၀၀ တန် အော်ရီဒူး ဖုန်းကတ်များ ဈေးကွက် အတွင်း ဖြန့်ချိရောင်းဝယ်ပြီသစ်နေမိုးမြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ပိုင်ခွင့် ရရှိထားသည့် အော်ရီဒူးကုမ္ပဏီက ထုတ်လုပ်သည့် ၁၅၀၀ တန် ဖုန်းကတ် များ ဈေးကွက်အတွင်းတွင် ဖြန့်ချိရောင်းဝယ်နေပြီဖြစ်ကြောင်း၊ အော်ရီဒူးကုမ္ပဏီက ဖုန်းကတ်များ စတင်ရောင်းချမည့်ရက်ကို ကြိုတင် ကြေညာခြင်း မရှိသေးချိန်တွင် ဈေးကွက်အတွင်းသို့ ယင်းသို့ ၁၅၀၀ တန်အော်ရီဒူး ဖုန်းကတ်များ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ အော်ရီဒူးမှ ပြန့်ကြားရေး တာဝန်ခံဖြစ်သူ ဒေါ်သီရိကြာညိုက “အခုရောင်းနေတာတွေက ကျမတို့ Distributorတွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေကို ရောင်းတဲ့ အချိန်မှာ အဆင်သင့် ဖြစ်အောင် ဖြန့်ဝေထားတာ၊ ဒါပေမယ့် ရောင်းနေတာ မရောင်းနေတာကတော့ ကျမအနေနဲ့ အခုမှသိတယ်။ ဒီအခြေအနေတွေအားလုံးကို သြဂုတ်လ ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေပေးသွားပါမယ်” ဟု ပြောသည်။