People's Rallying Cry's Facebook Wall 2014-08-31 16:16:16


Timeline Photos
မြေသိမ်းခံ လယ်သမားများ လွှတ်တော်အမတ်နဲ့ ဆွေးနွေး

မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ် ၂၆ မြို့နယ်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ အမှုတွေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားသမဂ္ဂနဲ့ လယ်သမားတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေဟာ မကွေးမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

မကွေးတိုင်းအတွင်းက လယ်သမားတွေတင်ပြတဲ့ လယ်ယာမြေအမှုတွေကို လာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်ပြပေးသွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောပါတယ်။

“ကျနော်တို့ အဓိကထားတာကတော့ အခုပြည်သူ့လွှတ်တော်မှာ မေးခွန်းများနဲ့မေးပါမယ် ၊ ပြည်ထောင်စုလွှတ်တော်မှာ အဆိုရှင်များနဲ့ တင်ပြပြီးတော့ဆွေးနွေးပါမယ်၊ အဲ့ဒါအပြင် သိမ်းဆည်းခံမြေယာ စုံစမ်းရေးကော်မရှင်ကိုလည်းပဲ ကျနော်တို့ တင်သွင်းသွားပါမယ်၊ အဲ့ဒါအပြင်မှာ မြေယာအသုံးချမှု စီမံခန့်ခွဲရေးအဖွဲ့ ဒုသမ္မတနဲ့ ဦးဥာက်ထွန်းအဖွဲ့ကိုလည်း ကျနော်တို့ တင်ပြသွားပြီး ဆောင်ရွက်ဖို့တွေလည်း ရှိပါလိမ့်မယ်၊ အစိုးရသစ်ရဲ့ သက်တမ်းဟာ ၃ နှစ်ကျော်လာပါပြီ၊ သူတို့ ၂၀၁၁ ခုနှစ်ကတည်းက မြေယာပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းတွေ သူတို့ထုတ်ပြန်ညွှန်ကြားပြီး ဆောင်ရွက်လာခဲ့တာ ၃ နှစ်ကျော် မှာတောင်ဘာမှ ထိထိရောက်ရောက် မရှိသေးဘူးဆိုတော့ ကျန်တဲ့ ၁ နှစ်ခွဲလောက်ကာလ မှာတော့ အလွန်ဆုံး တစ်ဝက်ပြီးရင်တောင် ကံကောင်းလို့တော့ ပြောရမှာပါ”

မြို့နယ် ၂၆ မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက သိန်းဂဏန်းလောက်ရှိပြီး တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို လယ်သမား ၁၅၀ ကျော်တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်း၊ နိုင်ငံတော်သမ္မတအကြံပေး ဦးဇော်မင်းနဲ့ ဥပဒေပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။

“မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်း၊ အမျိုးသား ၂၄ သန်း၊ အမျိုးသမီး ၂၆ သန်း။ ရန်ကုန်မှ…

“မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်း၊ အမျိုးသား ၂၄ သန်း၊ အမျိုးသမီး ၂၆ သန်း။ ရန်ကုန်မှာ ၅ သန်း၊ မန္တလေးမှာ ၁ သန်း” မြန်မာနိုင်ငံတွင် လူဦးရေ ၅၁...

People's Rallying Cry's Facebook Wall 2014-08-31 11:25:10


မအူပင်က လယ်သမားထောင်နဲ့ချီပြီး အဓမ္မမြေသိမ်းမှုကို ဆန္ဒပြ
www.kamayutmedia.com
မြန်မာနိုင်ငံက လယ်ယာမြေသိမ်းယူခံရမှု အများဆုံးဖြစ်နေတဲ့ ဆန်စပါးအဓိကထွက်ရှိရာ ဧရာဝတီတိုင်းက တောင်သူလယ်သမား တစ်ထောင်ကျော်လောက်ဟာ သြဂုတ်၃ဝက မအူပင်မြို့မှာစုစည်းပြီး ဆန္ဒပြခဲ့ပါတယ်။ နယ်ပေါင်းစုံက လယ်သမားတွေ စုပေါင်းပြီး ဘာကို တောင်းဆိုခဲ့ကြလဲ။၂ဝ၁၂ လယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့၊ တောင်သူတွေကိုယ်တိုင်ပါဝင်တဲ့…

People's Rallying Cry's Facebook Wall 2014-08-31 11:24:36


ကာချုပ်မိန့်ခွန်းက အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပင် ဖြစ်စေဟု သုံးသပ်
www.7daydaily.com
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည့် စကား ကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားတစ် ရပ်ပင် ဖြစ်စေကြောင်း နိုင်ငံရေး အင်အားစုများက ဆိုလာသည်။ ဦးသိန်းစိန် အစိုးရသက် တမ်း…

People's Rallying Cry's Facebook Wall 2014-08-30 13:18:49


မအူပင်မြို့တွင် လယ်သမားတစ်ထောင်ကျော်ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများပြန်လည်ရရှိရေး ၊ လယ်ယာမြေဥပဒေများပြင်ဆင်ရေးဆွဲရေး ၊လယ်ယာမြေသိမ်းဆည်းထားသူများကို အရေးယူပေးရေး၊ လယ်ယာမြေဆုံးရှုံးမှုကြောင့် ဘ၀ပျက်ခဲ့ရသည့် လယ်သမားများကို လျှော်ကြေးပြန်လည်ပေးအပ်ရေး ၊ တောင်သူလယ်သမားအရေးကိစ္စရပ်များကို အစိုးရအဖွဲ့များ၊၀န်ကြီးဌာနများ ၊ နိုင်ငံရေးပါတီများမှဝိုင်းဝန်းဖြေရှင်းပေးရေးစသည်တို့ကို တောင်းဆိုခဲ့သည့် အင်အားတစ်ထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲကို သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ လယ်သမားများပူးပေါင်းပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်ကာ မအူပင်မြို့ တပတ်နီးပါး လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

People's Rallying Cry's Facebook Wall 2014-08-30 13:18:11


Kantbalu Framers 302014

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ထဲက လယ်မြေသိမ်းဆည်းခံတောင်သူတွေ ကို နယ်မြေကျူးကျော်မှုနဲ့ ပြစ်ဒဏ်ချမှတ်ပြီးတဲ့အပြင် ထပ်မံ တရားစွဲခံနေရတဲ့အတွက် မိသားစုဝင်တွေက ကန့်ဘလူမြို့နယ် တရားရုံးရှေ့မှာ ရှစ်ခိုးအကူအညီတောင်းခံခဲ့ကြပါတယ်။ ဒေါ်ခင်မင်းဇော်သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး မတင်မာဆွေ

People's Rallying Cry's Facebook Wall 2014-08-30 13:17:42

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpf1/v/t1.0-1/p100x100/1380303_651511624892993_2051738987_n.png?oh=f3bb29aadd71b8e13e1692dc6d57402e&oe=54BA7469&__gda__=1418012995_bdb9c76908d918811f90428966c9cb3b

The Irrawaddy (Burmese Version)

Breaking News-ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမိသားစုဝင်တဦး စင်ကာပူတွင် ဆေးကုသမှု ခံယူပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ဧရာဝတီ၊ သြဂုတ် ၃၀၊ ၂၀၁၄ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေမိသားစုဝင်တဦး စင်ကာပူနိုင်ငံတွင် သွားရောက် ဆေးကုသမှု ခံယူပြီးနောက် ယနေ့တွင် ပုဂ္ဂလိကပိုင် ဂျက်လေယာဉ် တစီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း နေပြည်တော်ရှိ ခိုင်လုံသော သတင်း ရပ်ကွက်တခုမှသိရှိရသည်။ ဦးသန်းရွှေမိသားစု အသုံးပြုသော ပုဂ္ဂလိကပိုင် ဂျက်လေယာဉ်သည် ဦးတေဇပိုင် ဂျက်လေယာဉ်ဟု ယုံကြည်ရပြီး စင်ကာပူ တွင် ဆေးကုသမှု ခံယူသူမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ မိသားစုဝင်တဦးသာဖြစ်ပြီး မည်သူ မည်ဝါ ဖြစ်ကြောင်း၊ စင်ကာပူတွင် သွားရောက် ဆေးကုသမှု သွားရောက်ခံယူသည့်အချိန် အပါအ၀င် အသေးစိတ်သတင်း အချက် အလက် များကို အတည်ပြုနိုင်ခြင်းမရှိဘဲ စင်ကာပူတွင် ဆေးကုသမှု ခံယူပြီး ပုဂ္ဂလိကပိုင် ဂျက်လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာခြင်းကိုသာ အတည်ပြုနိုင်သည်။မကြာသေးခင်က ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကျန်းမာရေးမကောင်းမွန်၍ တပ်မတော်စစ်ဆေးရုံတခုတွင် ဆေးကုသမှု ခံယူရကြောင်းသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ယခင်စစ်အစိုးရ ခေါင်းဆောင်အများစုသည် ကျန်းမာရေးမကောင်းမွန်တိုင်း စင်ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူလေ့ရှိသည်။

People's Rallying Cry's Facebook Wall 2014-08-30 13:17:15

https://fbcdn-profile-a.akamaihd.net/hprofile-ak-xfp1/v/t1.0-1/c0.17.100.100/p100x100/10273988_770069049694669_8416165503500770035_n.jpg?oh=3227862958ae99340553cdbf390cbed4&oe=54B6419A&__gda__=1418142750_e10555dedd6f21795efdc057642010d4

Mizzima – News in Burmese

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ် ထူးဝင်းက ပြောသည်။#Mizzimadailyသတင်းအပြည့်အစုံဖတ်ရန် – http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/26793-unfc-knu-knu

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-08-30 09:44:41

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xfa1/v/t1.0-9/p100x100/10414575_1462837550666482_1363906230470457447_n.jpg?oh=c212ac5a438807bfddd1facf8e10662b&oe=54CFE758&__gda__=1417843155_9e571093380b883f274326e9e0b5058b

Hlat Pan Yaine

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်မှ တောင်သူလယ်သမားအရေး လိုက်ပါကူညီဆောင်ရွက်နေသူ ရှေ့နေ ဦးဇော်ဝင်းသည် ပုဒ်မ ၁၈ ၊ ၁ဝ၉ ၊ ၅ဝ၅ ၊ ၁၄၇ တို့ဖြင့် မန္တလေး အိုးဘိုထောင်သို့ ၂၅.၈.၂ဝ၁၄. နံက် ၁၁-နာရီက ပို့ဆောင်ခြင်းခံခဲ့ရပြီး ၈.၉.၂ဝ၁၄.ရက်နေ့တွင် ပြင်ဦးလွင်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။ ဦးဇော်ဝင်းသည် ၂၈.၅.၂ဝ၁၄.ရက်နေ့က တရားစီရင်ရေးတိမ်းစောင်းမှုနှင့်ပါတ်သက်၍ ပြင်ဦးလွင်မြို့တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့မှုဖြင့် ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်။ယနေ့ ၂၉.၈.၂ဝ၁၄. ရက်နေ့တွင် ညံတောရပ် ၊ ရွှေမြင်တင်ဘုရားတွင် ဆရာဦးဇော်ဝင်းလွတ်မြောက်ရေး အတွက် ဒီမိုကရေစီအင်အားစုပေါင်းစုံက ဘုရားဝတ်ပြုဆုတောင်းခဲ့ကြသည်။ ဆက်သွယ်ရန်လိပ်စာ -ခင်မြတ်မိုး (တရားလွှတ်တော်ရှေ့နေ)- ဝ၉/၄၃၁၁၇၈၆၅ခင်ရွှေထူး (အထက်တန်းရှေ့နေ) – ဝ၉/ ၄၃၁၅၉၆၃၃

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-08-30 09:04:16

https://scontent-b.xx.fbcdn.net/hphotos-xpf1/v/l/t1.0-9/p100x100/10473064_324586801034642_5605754741762591171_n.jpg?oh=f0858077c9e0e377846cd4d759087877&oe=548FA23B

Shinn Thuza Lwin

လယ်သမားတွေကို အုပ်စုလိုက် မချိမဆံ့ကြီး လက်ထိပ်ခတ်ပြီး ရုံးထုတ်လာတယ်…..လူသားဆန်တဲ့စိတ်နဲနဲလေးမှ မရှိပါလား။လယ်သမားတွေမှာ လယ်သိမ်းခံရတဲ့အပြင် အချုပ်ထဲကိုပါအပို့ခံနေရတယ်။ ဒါဟာသိန်းစိန်အစိုးရ သူ့အရှက်ကိုသူ နိုင်ငံတကာကိုပြနေခြင်းဖြစ်တယ်……။ ———————————————-28/8/28ရက်နေ့တွင်လေးကြိမ်မြောက်အချုပ်ဖြင့်တရားရင်ဆိုင်နေရသောပန်းတနော်ကျောင်းကုန်းအိမ်မဲစသည့်သုံးမြို့နယ်မှလယ်သမား၁၉ဦးအားပန်းတနော်တရားရုံးသို့အချုပ်ဖြင့်ရုံးထုတ်လာစဉ်photo-Aungmyint Bogalay, Ko Han Win Aung

မြန်မာနိုင်ငံမှာ လူ ၅၁ သန်းသာ ရှိတယ်လို့ အစိုးရ ထုတ်ပြန် ပြည်လုံးကျွတ်အဆင့် လူဦ…

မြန်မာနိုင်ငံမှာ လူ ၅၁ သန်းသာ ရှိတယ်လို့ အစိုးရ ထုတ်ပြန် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းသာ ရှိတယ်လို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သြဂုတ်လ...

ရန်ကုန်မြို့သစ် စီမံကိန်းကို ကျေးရွာဒေသခံတချို့ လက်မှတ်ရေးထိုး ကန့်ကွက်မည်

ရန်ကုန်မြို့သစ် စီမံကိန်းကို ကျေးရွာဒေသခံ တချို့က လက်မှတ်ရေးထိုး ကန့်ကွက်ပြီး သမ္မတဆီ စာပို့ဖို့ ရှိနေပါတယ်။ ကြည့်မြင်တိုင် via DVB | DVB http://ift.tt/1qPRXUm http://burmese.dvb.no

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေစာရင်းဆိုင်ရာ ထုတ်ပြန်ကြေ ညာချက် ▄▄…

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေစာရင်းဆိုင်ရာ ထုတ်ပြန်ကြေ ညာချက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® နေပြည်တော် သြဂုတ် ၂၉ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊...

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPs မြောင်းမြခရိုင်ရုံးခွဲကိုဖွင့်လှစ် မြေ…

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPs မြောင်းမြခရိုင်ရုံးခွဲကိုဖွင့်လှစ် မြောင်းမြ၊ သြဂုတ် ၂၉။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ၊အောင်ဆန်းလမ်းတွင် ယနေ့ နံနက် ၁၀နာရီခန့်က နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (Former Political Prisoners- FPPs) မြောင်းမြခရိုင်ရုံးခွဲကိုဖွင့်လှစ်ခဲ့သည်။ သတင်းအပြည့်အစုံ...

People's Rallying Cry's Facebook Wall 2014-08-29 16:57:41


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေးတောင်းဆိုဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ဒီမိုကရေစီအင်အားစုမှ တောင်းဆိုဆန္ဒပြပွဲကို ရန်ကုန်မြို့လယ်တွင် သြဂုတ်လ(၂၉)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ လက်ပံတောင်းတောင်ဒေသတွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည့် ပြည်သူနှင့် ရဟန်းသံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့် (၂၁)လပြည့်သည့် နေ့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို လူဦးရေ နှစ်ဆယ်ဝန်းကျင်ပါဝင်ခဲ့ပြီး လမ်းလျှောက်ဆန္ဒပြသည့်အနေဖြင့် မဟာဗန္ဓုလပန်းခြံကို တစ်ပတ်ပတ်လမ်းလျှောက်ခဲ့ကာ ဆူးလေစေတီတော်ကြီးပေါ်တတ်ရောက်ပြီး ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

People's Rallying Cry's Facebook Wall 2014-08-29 16:56:16

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/p100x100/1896961_536524906479836_6309436160725705079_n.jpg?oh=f9604bb4659094b4c273c618d74d6fc4&oe=54882BA3&__gda__=1422782150_448aaa28bec8d63a070dd61da4084ad4

ThanLarWaddy Times

“အမျိုးသားပညာရေးဥပဒေ အား တက္ကသိုလ်ကျောင်းသားသမဂ္ဂကွန်ယက်(မုံရွာ) မှ ကျောင်းသား၊ကျောင်းသူ(၂၀၀)ခန့်က ဆန္ဒပြ”*****************************************************************************ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုပြဌာန်းထားရှိလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေ ကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ များ မှ စုပေါင်းပြီး ကျောင်းသား၊ကျောင်းသူအင်အား နှစ်ရာခန့်ဖြင့် သြဂုတ်လ(၂၉)ရက်နေ့ညနေ(၃)နာရီ အချိန် တွင် ဇလုပ် ဆွမ်းအုပ် အ၀ိုင်းပတ် မှ ဗိုလ်ချု ပ်အောင်ဆန်း မြင်းစီးကြေးရုပ် အထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ “ကျနော်တို့ က ဗဟိုချုပ်ကိုင်မှုပပျောက်ဖို့ရယ်၊ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ကျောင်းသားထု အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းဖို့၊ မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတွေကို မဏ္ဍိုင်ပြုပြီး သင်ကြားတဲ့စနစ် အဲဒီအချက်တွေ မပါခဲ့တဲ့အတွက် ဒီလိုဆန္ဒ ထုတ်ဖော်ရတာပါ။” ဟု ဆန္ဒထုတ်ဖော်မှု မှာပါဝင်တဲ့ ကျောင်းသား ခေါင်းဆောင် က ပြောပါတယ်။ပြီးခဲ့သည့် သြဂုတ်လ(၂၄)ရက်နေ့ က ဗကသ အဖွဲ့များတောင်းဆို သည့် အချ က် များ နှင့် ယနေ့ တကသ များတောင်းဆိုချ က်များသည် အားလုံးအတူတူဖြစ်နေ ကြောင်းလည်း မုံရွာမြို့ခံများ က သုံးသပ်ပြောဆိုလျှက်ရှိသည်။