အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ မျိုး ပြန်တင်ပြဖို့ သူရဦးရွှေမန်း ဆုံးဖြတ် မြန်မာန…

via RFA Burmese’s Facebook Wall http://ift.tt/1v1lTN9 http://ift.tt/g8FRpY

အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ မျိုး ပြန်တင်ပြဖို့ သူရဦးရွှေမန်း ဆုံးဖြတ် မြန်မာန…

via RFA Burmese’s Facebook Wall http://ift.tt/1v1lTN9 http://ift.tt/g8FRpY

“တရုတ်လူမျိုး နှစ်ဦးအား ဖမ်းဆီးခဲ့သည့် စွပ်စွဲခံရသည့် ဗကသ ကျောင်းသူ ဖြူ နှင်…

"တရုတ်လူမျိုး နှစ်ဦးအား ဖမ်းဆီးခဲ့သည့် စွပ်စွဲခံရသည့် ဗကသ ကျောင်းသူ ဖြူ နှင်းထွေး အာမခံလျှေက်ထားမှု မရရှိ"
****************************************************************************
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မှ တရုတ်လူမျိုးနှစ်ဦးအား ဖမ်းဆီးခဲ့သည် ဟု စွပ်စွဲကာ တရားစွဲဆိုဖမ်းဆီးချုပ်နှောင်ခံရသည့် မန္တလေးမြို့  မှ ဗကသ ကျောင်းသူ မဖြူ နှင်းထွေး အား ယနေ့ စက်တင်ဘာလ(၃၀)ရက်နေ့တွင် တတိယအကြိမ်မြောက် ရုံးချိ န်း တွင်လည်း အာမခံလျှေက်ထားမှု အား ယင်းမာပင် ခရိုင် တရားရုံး ခရိုင်တရားသူကြီး မှ ပယ်ချခဲ့သည်။

မဖြူ နှင်းထွေး အား စက်တင်ဘာလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ၄င်းနေထိုင် သည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့  အောင်မင်္ဂလာ(၁)ရပ်ကွက်နေအိမ် မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စက်တင်ဘာလ(၁၅)ရက်နေ့တွင် ပထမအကြိမ် ရုံးတင်ပြီး တရားလို ဘက်မှ လာရောက်ခဲ့ခြင်းမရှိခဲ့သည့်အတွက် စက်တင်ဘာ(၂၃)ရက်နေ့ တွင် ထပ်မံချိန်းဆို ပြီး စစ်ဆေးခဲ့ရာ တရားလိုဘက်မှ တရားလိုဖြစ်သူ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန် နှင့် လိုပြသက်သေ(၂)ဦး တို့အားစစ်ဆေးခဲ့ပြီး ပထမအကြိမ် အနေဖြင့် အားမခံလျှေက်ထားခဲ့ရာ ပယ်ချ ခံခဲ့ရ သည်။တတိယမြောက်ရုံးချိန်း ဖြစ်သည့် စက်တင်ဘာ(၃၀)ရက်နေ့တွင် လိုပြသက် သေ (၁)ဦး အားစစ်ဆေးခဲ့ပြီး ဒုတိယအကြိမ် အာမခံထပ်မံလျှေက်ထား ခဲ့ရာတွင်လည်း ပယ်ချခံခဲ့ရကြောင်းသိရသည်။

"အာမခံကတော့ ပေးမယ်ဆိုရင်လည်း ပေးလို့ရပါတယ်။တရားရုံးရဲ့သဘောတစ်ခု ပါ။ဒီအမှုရဲ့အနေအထား ကို ကြည့်ရတာ နည်းနည်းထူးဆန်းပါတယ်။ကုမ္ပဏီအနေ နဲ့ ကတော့ ဒေသခံတွေနဲ့ရန်ဖြစ်ချင်တဲ့စိတ်မရှိလောက်ပါဘူး နောက်ကွယ်ကနေ အမိန့်ပေးနေသူရှိနိုင်တယ်။

ဗကသ အနေနဲ့ကလည်း အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ အချိန်အခါနဲ့လည်း အချိန်ကိုက်ဖြစ်နေတယ်။နောက်ပြီး ပြည်သူ တွေကို တရုတ်နဲ့ပတ်သက်ပြီး မက်ဆေ့တစ်ခုပေးချင်တာလည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ဗကသ ရဲ့ နားရွက်ကို တံတွေးဆွတ်လိုက်တာဘဲ။

တရုတ်ကိုတော့ မထိနဲ့ ထိရင် ဒီလိုအရေးယူတယ်ဆိုတတတ်တယ်ဆိုတဲ့ မက်ဆေ့ တစ်ခု ပေးချင်တာလည်းဖြစ်လိမ့်မယ်။အာမခံမပေးတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး တရားသူကြီး နဲ့ တရားရုံးကို ဘာမှမပြောလိုပါဘူး ပြောရင်လည်း ပုဂ္ဂိုလ်လိကဆန် တဲ့ ကိစ္စရပ်တစ်ခုဖြစ်သွားပါလိမ့်မယ်။

မြန်မာနိုင်ငံအနေနဲ့ တရားစီရင်ကောင်းဘို့အတွက် ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်မှသာကောင်းမွန်တဲ့တရားစီရင်ရေးကဏ္ဍတစ်ခုဖြစ်လာလိမ့် မယ်။၂၀၀၈ ဖွဲ့စည်းပုံမပြင်ဆင်နိုင်သမျှတော့ ကောင်းလာမှာမဟုတ်ပါဘူး။

မြေသိမ်း၊ယာသိမ်း ကိစ္စရပ်တွေပတ်သက်ပြီး အစိုးရအနေနဲ့ တောင်သူလယ်သမား
တွေ ကို ထောင်တွေထဲအရောက်ပို့နေတာဟာ ပြည်သူတွေကို လမ်းမကြီးတွေပေါ် ထွက်လာစေချင်လို့ တစ်မင်ဖန်တီးနေတာလား လို့ မေးစရာ စဉ်းစားစရာတွေ ဖြစ်လာ နေပြီ" ဟု မဖြူ နှင်းထွေး ၏ အကျိုး ဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က ပြောသည်။

"ကျွန်တော်တို့ ဗကသ ကျောင်းသူ ကို အာမခံလျှေက်ထားတာကိုပယ်ချတယ် ဒါဟာ မတရားသဖြင့်ဆောင်ရွက်တာလို့ပြောချင်တယ်။တစ်ကျွန်းချသည်ဖြစ်စေ ပြစ်ဒဏ် ချသည် ဖြစ်စေ ကျွန်တော်တို့ဘက်ကတော့ ပြန်လည်လွှတ်မြေက်ရေးအတွက် အပြင်းအထန်တောင်းဆိုသွားမယ်။ ဗကသ အနေနဲ့ကတော့ မဖြူ နှင်းထွေး ပြန်လည် လွတ်မြေက်ရေးအတွက်တောင်းဆိုတဲ့ အလံကိုတင်ပြီးရင် ဘယ်တော့မှ ပြန်ချ သွားမှာမဟုတ်ဘူး" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဗကသများအဖွဲ့ချုပ် မှ ဥက္ကဌ ကိုကျော်ကိုကို က ပြောသည်။

"ကျွန်မကို အာမခံလျှေက်ထားတာ နှစ်ကြိမ်ပယ်ချတယ် ဒါဟာ မတရားလုပ်တယ် လို့ ပြောချ င်တယ်။လက်ပံတောင်းတောင် ဒေသခံတောင်သူတွေအနေနဲ့လည်း ကိုယ့် ရဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိအောင် ဆက်လက်တိုက်ပွဲဝင်ကြပါလို့
ပြောချ င်ပါတယ်။ထောင်ထဲမှာနေရတာအဆင်ပြေပါတယ်။ကျန်းမာရေးကတော့ အားနည်းလို့ အားဆေးသွင်းရတာတော့ရှိတယ်။သီးသန့်ခန်း မှ ထားပေးထားပါ တယ် " ဟု မဖြူ နှင်းထွေး က ပြောသည်။

via ThanLarWaddy Times’s Facebook Wall http://ift.tt/1rr0ejx http://ift.tt/g8FRpY

အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲခြားပြောဆိုတာဟာ မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်ပြော…

via RFA Burmese’s Facebook Wall http://ift.tt/1DWtRgN http://ift.tt/g8FRpY

ANP ပါတီဥက္ကဋ္ဌအဖြစ် ဒေါက် တာ အေးမောင် ဖြစ်လာ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်ပြည်တိုးတက်ဖွံ့ဖြိုးရေးပါတီ RNDP တို့ပူးပေါင်းအပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ညီလာခံက ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာအေးမောင်ကို ရွေးခြယ် ဒီကနေ့ ရွေးချယ်တင်မြောက်လိုက်ပါတယ်။

via သတင်းများ http://ift.tt/1rqYNle http://www.rfa.org

Free Burma Info's Facebook Wall 2014-09-30 16:01:26

https://fbcdn-profile-a.akamaihd.net/hprofile-ak-xfp1/v/t1.0-1/p100x100/10371427_492698190875900_7300241336481321933_n.jpg?oh=a5047613f989f3e8f4c6797166cbec28&oe=54C336D5&__gda__=1421491390_d31677ed81f1e9458ccf1e777a584119

Min Zeya

အမည် = မင်းဇေယျမွေးသက္ကရာဇ် = ၁၅.၆.၁၉၅၈လူမျိုး = မွန်ဘာသာ = ဗုဒ္ဓဘာသာမွေးရာဇာတိ = ဇေယျဝတီမြို့မှတ်ပုံတင်အမှတ် = ၁၂/ဒဂတ (နိုင်) ၀၂၄၂၇၇ပညာအရည်အချင်း = ပဉ္စမနှစ် (ဥပဒေ)၊ ရန်ကုန်တက္ကသိုလ် (ပင်မ) ၁၉၈၈ ခုနှစ်နေရပ်လိပ်စာ = အမှတ် (၂၃၀) ငုဝါလမ်း၊ ၂၄ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မိဘအမည် = ဦးဘရင်၊ ဒေါ်ချစ်ဖွားအဖွဲ့အစည်းများတွင်ပါဝင်မှု = တတဖ ( ဥက္ကဌ )၊ မကဒ ( ဥက္ကဌ )၊ မကသဖ ( ဥက္ကဌ )မင်းဇေယျသည် မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာနေ ဦးဘရင်၊ ဒေါ်ချစ်ဖွားတို့မှ ၁၉၅၈ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း (၈) ယောက်အနက် တတိယသားဖြစ်သည်။ ယင်းသည် ၁၉၇၄ ခုနှစ်တွင် ကမာဝက်ကျေးရွာ အ.ထ.က မှ (၉)တန်း အောင်မြင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်အထိ မိဘများနှင့်အတူ မြေရိုင်းဖော်ထုတ်၍ ကိုယ်ပိုင် ရော်ဘာခြံ ဖော်ထုတ်မှု လုပ်ခဲ့သည်။ ၁၉၈၁ ခုနှစ်အတွင်းက နာလိုကျေးရွာတွင် ကျေးရွာခန့် ဆရာအလုပ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း၊ အောင်ရတနာလမ်း၊ အမှတ် (၂၉၇) နေ အဒေါ်ဖြစ်သူ၏ နေအိမ်၌ နေထိုင်၍ အင်းစိန် အ.ထ.က (၂)တွင် ဆက်လက် ပညာသင်ကြားခဲ့ရာ ၁၉၈၃ – ၈၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် (ပင်မ)တွင်လည်းကောင်း၊ ဥပဒေ (အထူးပြု) ဖြင့်တက်ရောက်ခဲ့သည်။ တက္ကသိုလ်ပညာသင်ကြားနေစဉ် ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ် ထိ အင်းစိန်မြို့နယ်၊ အုတ်ကျင်းဆည်မြောင်းဌာနတွင် ညစောင့်အလုပ်သမားအဖြစ်လည်းကောင်း ကျောင်းပိတ်ရက်များတွင် နေ့ခင်းပိုင်း၌ အမှတ်(၄၈)ရန်ကုန် /အင်းစိန် လိုင်းကားတွင်ယာဉ်နောက်လိုက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ဆုံးနှစ်တက်ရောက်နေစဉ် ကျောင်းသားလှုပ်ရှားမှုနှင့် ကြုံတွေ့ခဲ့ရပြီး စစ်ကိုင်ဆောင် အစည်းအဝေးမှ နိုင်ငံရေးဘ၀ကို စတင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ မတ်လ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ (၁၇.၃.၈၈) ရက်နေ့က ဖွဲ့စည်းခဲ့သော တိုးတက်သော တက္ကသိုလ်ကျောင်းသားများအဖွဲ့ (တ.တ.ဖ) တွင် ဥက္ကဌအဖြစ် တာဝန် ယူခဲ့သည်။ တဖန်(၂၈.၇.၈၈)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသာများ ဒီမိုကရေစီလှုပ်ရှားမှုအစည်းအရုံး ( မကဒ) ၌ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ( ၂၉.၈.၈၈) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (မကသ) ဖွဲ့စည်းရာ၌ ဥက္ကဌအဖြစ် လည်းကောင်း၊ (၃.၁၀.၈၈) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးကော်မတီ (မကသဖ) ဖွဲ့စည်းရာ၌ ဥက္ကဌ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်ခန့်က ဗမာ့လွတ်မြောက်ရေး တပ်မတော် Burma Liberation Army (B.L.A) မြေအောက်အဖွဲ့၊ ဖွဲ့စည်းရာတွင် ခေါင်းဆောင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး (၁၄၁) ကျောင်းသားအစုတွင်လည်း ပါဝင်ခဲ့သည်။ (မ.က.ဒ) အနေဖြင့် မြေအောက်လှုပ်ရှားမှုများကို နိုင်ငံရေးအဖွဲ့အသီးသီးဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ကြားဖြတ်အစိုးရဖွဲ့စည်းရေးနှင့် စစ်အစိုးနှင့် တွေ့ဆုံဆွေးနွေးရေးများကို ဦးစီးဆောင်ရွက်ခဲ့သည်။ ပြည်တွင်းကျောင်းသားလှုပ်ရှားမှုနှင့် ပြည်ပလှုပ်ရှားမှုများကို ဦးဆောင်စီစဉ်ခဲ့သည်။ ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးကော်မတီရုံးများကို (၆၉) မြို့တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ (၂၅) ရက်နေ့တွင် အင်းစိန်ထောင်တွင်း နေ့လယ် (၁) နာရီမှ ညနေ (၆) နာရီထိ မနားတမ်းရိုက်နှက်နှိပ်စက်ခံခဲ့ရပြီး ၂၆.၉.၁၉၉၀တွင် သရက်ထောင်သို့ ဒဏ်ရာများနှင့် ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၉၅ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် ထောင်မှ လွတ်မြောက်ခဲ့သည်။ ကျောင်းသားနှင့်အမျိုးသားနိုင်ငံရေးစာတမ်းကို ရေးသားပြီး စစ်အစိုးရသို့ တင်ပြတောင်းဆိုဆွေးနွေးခဲ့သည်။ ၁၉၉၇တွင် ဒေါ်ချိုချိုဝင်းနှင့် လက်ထပ်ခဲ့သည်။ စစ်အာဏာရှင်လက်ထက်တွင် ၁၉၉၈ မတ်လ (၁၆)ရက်၊ ၁၉၈၈ မတ်လ (၂၇)ရက်၊ ၁၉၈၈ သြဂတ် (၆)ရက်၊ ၁၉၈၈ အောက်တိုဘာ၊ ၁၉၈၉ သြဂတ်၊ ၁၉၉၆ ဒီဇင်ဘာ၊ ၂၀၀၅ စက်တင်ဘာ၊ ၂၀၀၇ သြဂတ်လတွင် ပုဒ်မ ၃၃/က နှင့် သင်းဖွဲ့ (၆) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရပြီး အကြိမ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားဘ၀အဖြစ် အင်းစိန်၊ သရက်၊ လားရှိုးထောင်အသီးသီးတို့တွင် (၁၄)နှစ် ကြာနေထိုင်ခဲ့ရသည်။ ယခုအခါတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ဦးဆောင်လှုပ်ရှားပြီး ဒီမိုကရေစီအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို တစိုက်မတ်မတ်ဖော်ဆောင်လျှက်ရှိသည်။

Posted in Uncategorized |

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က[…]

via DVB | DVB http://ift.tt/1vrFSXD http://burmese.dvb.no

အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးသင်တန်းကို KNU ဦးစီးပြုလုပ်ခဲ့

စက်တင်ဘာ ၂၉ရက်၊၂၀၁၄ခုနှစ်။ စဖန်းရှောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလနှင့် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း စောင့်ကြည့်လေ့လာနိုင်ရေးအတွက် အထောက်အကူပြုသင်တန်းတစ်ရပ်ကို ထိုင်း-မြန် မာနယ်စပ်တစ်နေရာတွင် ယနေ့ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ အင်္ဂလန်နိုင်ငံ အခြေစိုက် အစိုးရမဟုတ်သည့်အဖွဲ့(NGO) အဖွဲ့ INTER/MEDIATE က သင်တန်းလာပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ KNU ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာန အတွင်းရေးမှူး နော်ဖောဂေခုက ကေအိုင်စီသို့ ယခုလို ပြောသည်။ “စောင့်ကြည့်လေ့လာရေးဆိုတာက အပစ်အခတ်ရပ်စဲရေး မထိုးခင်နဲ့ ထိုးပြီးကာလမှာ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ၀တ္တရား တွေကို လိုက်နာမှု ရှိမရှိဆိုတာက လူတစ်ဦးတစ်ယောက် အဖွဲအစည်းတစ်ခုခုက စောင့်ကြည့်ဖို့ အရေးကြီးသလို လုပ်ဖို့လည်း လိုအပ်ပါတယ်။ […]

via ကေအိုင်စီ – KIC News http://ift.tt/YK17XB http://kicnews.org

နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမည်မဟုတ်ဟု NCCT ဆို

via PALAUNG NATIONAL SOCIETY – JAPAN http://ift.tt/1vqj2Of http://ift.tt/1joYunX

ပွင့်ပွင့်လင်းလင်းပြောရလျှင် ==================================== ထုထည်ကြီးမားတ…

ပွင့်ပွင့်လင်းလင်းပြောရလျှင်
====================================
ထုထည်ကြီးမားတဲ့ပြဿ နာ
====================================

မောင်သိန်းညွန့်(ကော့ကရိတ်)

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးရဲ့၁၂. ၉.၂ဝ၁၄ နေ့မှာ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် ထိုင်းနိုင်ငံအတွင်းရှိဒုက္ခသည် စခန်းများ၌ရောက်ရှိနေထိုင်ကြသော မြန်မာတိုင်းရင်းသားဒုက္ခသည်များအား ပြည်တွင်း၌ ပြန်လည် နေရာချထားပေးရန် စီမံဆောင်ရွက်မှုအခြေအနေများ”ကိုရှင်းလင်းတင်ပြကြပါတယ်။

အဲဒီအပေါ်မှာ ဆွေးနွေးခွင့်ငါးမိနစ်ရခဲ့ပါတယ်။

အကန့်အသတ်အချိန်အတွင်းကျွန်တော့်ရဲ့ဆွေးနွေးချက်ကိုအများပြည်သူများသိရှိအကဲဖြတ်နိုင်ရန် အောက်ပါအတိုင်းပြန်လည် ဖော်ပြအပ်ပါတယ်။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ရန်ကုန်တိုင်းဒေသကြီး)

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊

နာယကကြီးမှတစ်ဆင့်ခုနရှင်းလင်းတင်ပြသွားတဲ့ဝန်ကြီးဌာနသုံးခုရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်တို့အရင်အခြေအနေနဲ့စာရင်တစ်စုံတစ်ရာအနည်းအကျဉ်းတိုးတက်လာတာကတော့အမှန်ပါပဲ။

ဒါပေမဲ့တကယ်အခုပြည်ပမှာရောက်နေတဲ့အလုပ်သမားကိစ္စ၊ဒုက္ခသည်များကိစ္စဟာခုနဝန်ကြီးဌာနသုံးခုရဲ့ ဆောင်ရွက်ချက်များ ဟာ လက်တွေ့မှာ အများကြီးအားနည်းနေတာကျွန်တော်တို့ တွေ့ရပါတယ်။

ပြီးခဲ့တဲ့၂ဝ၁၄ခုနှစ်၊ဇွန်လ၉ရက်နေ့မှာကျွန်တော်ပြည်သူ့လွှတ်တော်မှ ပြည်ပရောက်အလုပ်သမားအရေအတွက်ကိုသုံးသန်းခန့်ဆိုပြီးတော့ကျွန် တော်တင်ပြခဲ့ပါတယ်။

ဒီနေ့ထုတ်ပုဂ္ဂလိကသတင်းစာတစ်စောင်ရဲ့အထူးအချပ်ပိုမှာနိုင်ငံတကာရွှေ့ ပြောင်းသွားလာမှုဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ IOL ရဲ့ခန့်မှန်းချက်အရ ဆိုရင် ဆယ်သန်းခန့်ရှိတယ်လို့ဖော်ပြထားတဲ့ အတွက်ကျွန် တော်အင်မတန်မှ တုန်လှုပ်သွားခဲ့ပါတယ်။

အခုအားလုံးသိတဲ့အတိုင်းကျွန်တော်တို့ရဲ့လူဦးရေစာရင်းမှာသန်း၆ဝလို့ခန်းမှန်း ပေမယ့်၅၁သန်းရှိနေတဲ့အချိန်မှာအခုနိုင်ငံတကာအဖွဲ့တွေရဲ့ခန်းမှန်းချက်အရလူ၁ဝသန်းခန့်အလုပ်သမားအနေနဲ့ပဲဖြစ်ဖြစ်ဒုက္ခသည်အနေနဲ့ပဲဖြစ်ဖြစ်၊ ပြည်ပရောက်နေတဲ့အချိန်မျိုးမှာအခုကျွန်တော်တို့ဆောင်ရွက်ချက်တွေဟာလက်ငင်းအခြေအနေအရတကယ်ကျွန်တော်တို့နိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ဘယ်လိုဆောင်ရွက်ကြမလဲ။

အခုပြန်လာတဲ့ဒုက္ခသည်စခန်းအရေအတွက်သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနကနိုင်ငံခြားမှာသွားရောက်ကူညီဆောင်ရွက်ပေးနေမှုအဲဒီအခြေအနေလောက်နဲ့တော့ကျွန်တော်တို့မလုံလောက်ပါဘူး။ အဲဒီတော့ ပြန်လည်နေရာချရေး ကိစ္စဟာ ကျွန်တော်တို့ရေရှည်လုပ်ရမယ့်ကိစ္စဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ဒီပြဿ နာ ဟာကျွန်တော်တို့ရဲ့စီးပွားရေးနိမ့်ကျမှု၊အလုပ်အကိုင်ရှားပါမှုအပြင်နိုင်ငံရေးအရပြည်တွင်းငြိမ်းချမ်းရေးမရတဲ့ကိစ္စတွေနဲ့ဆက်စပ်နေပါတယ်။

ဒါကြောင့်သူတို့ဘယ်အချိန်ပြန်လာပြီးတော့ဒီမှာ နေရာချမယ်ဆိုတာခုနဝန်ကြီး တင်ပြသွားသလိုထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊သန်လျင်သီလဝါ စီမံကိန်းလောက်ဒီနှစ်ခုလောက်နဲ့ ၁ဝသန်းခန့်ရှိတဲ့အလုပ်သမား တွေ၊ဒုက္ခသည်တွေ၊ ပြဿ နာတွေကိုကျွန်တော်တို့ဘယ်လို့ ဖြေရှင်းနိုင်မလဲ၊အဲဒီတော့ဟိုဘက်က ပြန်လာမယ့်လူတွေကို ပြန်လာနိုင်ဖို့ဆိုတာ ကျွန်တော်တို့ပြည်တွင်းမှာနိုင်ငံရေး၊စီးပွားရေးအရ တကယ်ကို ဒီမိုကရေစီအသွင်ကူးပြောင်းပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ထူ ထောင်ရပါမယ်။ အဲဒီတော့ လောလောဆယ်မှာ လုပ်သင့်တာကတော့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံ တွေအခုပဲ တရုတ်ပြည်ကွမ်းသီးစက်ရုံက ဗမာအလုပ်သမား၎ဝဝ လောက်ကို သာမန်လမ်းစရိတ်ပေးပြီးတော့ လုပ်ခလစာမပေးဘဲနဲ့ ပြန်မောင်းထုတ်တဲ့ သတင်းတွေ ကျွန်တော်တို့ကြားနေရပါတယ်။အဲဒါကြောင့်နှစ်နိုင်ငံစာချုပ်တွေချုပ်ဆိုရပါမယ်၊ နောက်ဟိုမှာ ရောက် နေတဲ့ အလုပ်သမားတွေအတွက် Convention of domestic worker လို Convention တွေမှာလက်မှတ်ထိုးရပါမယ်၊ဟိုတလောကအလုပ်သမားဌာနညွှန်ချုပ်က DVB debate မှာဝန်ခံထားပါတယ်။

ကျွန်တော်တို့ဟာနိုင်ငံတကာမှာရသင့်ရထိုက်တဲ့အခွင့်အ ရေးတွေနဲ့ ပတ်သက်ရင်လက်မှတ်မထိုးခဲ့တာတွေရှိပါတယ်။

အဲဒီအပြင်အခုကျွန်တော်တို့ပြည်ပအလုပ်အကိုင်နဲ့ပတ်သက်တဲ့ဥပဒေဟာ အခြေခံဥပဒေမပေါ် ပေါက်မီကရေးထားတဲ့ဥပဒေတွေ ဖြစ်တယ်၊အခုအခြေအနေနဲ့မကိုက်ညီတော့ပါဘူး။
အဲဒါကြောင့် လေးစားရသော နာယကကြီးမှတစ်ဆင့် တင်ပြချင်တာကတော့ အင်မတန်ထုထည်ကြီးမားတဲ့ ပြည်ပရောက်အလုပ်သမားတွေ၊ဒုက္ခသည်တွေရဲ့ အမျိုးသားရေးပြဿ နာကို အခုလောက်ဖြေရှင်းရုံနဲ့မလုံလောက်ဘူး။မထိရောက်ဘူး ဆိုတဲ့အချက်ကို နာယကကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို လေးလေးစားစားတင်ပြအပ်ပါတယ်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

via Yangon Media Group’s Facebook Wall http://ift.tt/1pmJnJ5 http://ift.tt/g8FRpY

ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်

နေပြည်တောင်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု ပေါင်းလောင်း ရေအား လျှပ်စစ်ဝင်း မြောက်ဘက်က ရွှေထွက်တယ်ဆို တဲ့ တောင်စောက်တောင်ထိပ်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပုဒ်မ ၁၄၄ ကို ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြတ်သိန်းထွန်း အမိန့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

via သတင်းများ http://ift.tt/1uXbemA http://www.rfa.org

ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်…

via RFA Burmese’s Facebook Wall http://ift.tt/ZlyelQ http://ift.tt/g8FRpY

ကရင် ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့ DKBA သို့ပြောင်း

ကေအင်န်ယူ/ကေအင်န်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) မှ နယ်စပ် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့သည် အဖွဲ့မှ နုတ်ထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့သို့ ပြောင်းလဲဝင်ရောက်သွားသည်ဟု ၎င်း၏ ကိုယ် ရေးအရာရှိ ဒု-ဗိုလ် စောဆေးဝါးက စက်တင်ဘာ ၂၈ ရက်က မဇ္ဈိမက အတည်ပြုပြောဆိုသည်။

via Burma News International | Burmese Version http://ift.tt/1xuOUp1 http://ift.tt/1pKcsBd

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-09-29 08:51:32

https://scontent-b.xx.fbcdn.net/hphotos-xap1/v/t1.0-9/p100x100/10702125_824377410945675_5403605990726588718_n.jpg?oh=45a4c2740a42c8906bb1f84348f1a9ea&oe=54BF9890

ABFSU CWC

ဗကသရဲဘော်ကိုမင်းသွေးသစ်နှင့်သဲကုန်းမြို့နယ်တောင်သူလယ်သမား(၂၀)ကျော်အားမတရားပုဒ်မများဖြင့်စွဲဆိုထားသည့်အမှုကိုသဲကုန်းမြို့နယ်တရားရုံးတွင်အမှုစစ်နေသောတရားခွင်အခြေအနေလာမည့်(3.9.2014)ရက်နေ့တွင်အမှတ်(၃)သမဝါယမလီမိတက်မှတောင်သူလယ်သမားများနှင့်ကျောင်းသားများအပေါ်အမှုစွဲဆိုခွင့်ရှိမရှိတရားသူကြီးမှအမိန့်ချမှတ်မည်ဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်

ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်(၁၀) ဦးကို မဲစနစ်ဖြင့် မဟုတ်ဘဲ CEC အဖြစ် တင်မြှောက်

(နိရဉ္စရာ- ၂၈ စက်တင်ဘာ ၂၀၁၄) သံတွဲမြို့တွင် ကျင်းပနေသော ရခိုင်အမျိုးသားပါတီ ညီလာခံတွင် ပါတီကို ဦးဆောင်မူပြုလုပ်ရာတွင် အဆင်ပြေချောမွေ့နိုင်စေရေး ရည်ရွယ်ပြီး ALD နှင့် RNDP မှ ခေါင်းဆောင် တစ်ဘက် (၅) ဦးစီကို မဲစနစ်ဖြင့် မဟုတ်ဘဲ အများသဘောတူ ဗဟိုအလုပ်အမူဆောင်ကော်မီတီ (CEC) အဖြစ် တင်မြောက်လိုက်သည်ဟု သိရသည်။ ထို CEC (၁၀) ဦးထဲတွင် ALD ဘက်မှ ဦးအေးသာအောင်၊ ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်း၊ ဦးမျိုးဆွေတို့ ဖြစ်ကြပြီး  RNDP ဘက်မှ ဦးဦးလှစော၊ ဦးဘရှင်၊ ဒေါ်အေးနုစိန်၊ ဦးစံကျော်လှ၊ ဦးဖိုးမင်းတို့ ဖြစ်ကြသည်။ ရခိုင်အမျိုးသားပါတီအတွက် ဗဟို အလုပ်အမူဆောင် (၃၉) ဦးရှိမည် ဖြစ်ပြီး ထို (၁၀) […]

via Narinjara Online 24 X 7 | Arakan news Burmese news Myanmar http://ift.tt/1uUHWoA http://ift.tt/1a8r462

ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်(၁၀) ဦးကို မဲစနစ်ဖြင့် မဟုတ်ဘဲ CEC အဖြစ် တင်မြှောက်

(နိရဉ္စရာ- ၂၈ စက်တင်ဘာ ၂၀၁၄) သံတွဲမြို့တွင် ကျင်းပနေသော ရခိုင်အမျိုးသားပါတီ ညီလာခံတွင် ပါတီကို ဦးဆောင်မူပြုလုပ်ရာတွင် အဆင်ပြေချောမွေ့နိုင်စေရေး ရည်ရွယ်ပြီး ALD နှင့် RNDP မှ ခေါင်းဆောင် တစ်ဘက် (၅) ဦးစီကို မဲစနစ်ဖြင့် မဟုတ်ဘဲ အများသဘောတူ ဗဟိုအလုပ်အမူဆောင်ကော်မီတီ (CEC) အဖြစ် တင်မြောက်လိုက်သည်ဟု သိရသည်။ ထို CEC (၁၀) ဦးထဲတွင် ALD ဘက်မှ ဦးအေးသာအောင်၊ ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်း၊ ဦးမျိုးဆွေတို့ ဖြစ်ကြပြီး  RNDP ဘက်မှ ဦးဦးလှစော၊ ဦးဘရှင်၊ ဒေါ်အေးနုစိန်၊ ဦးစံကျော်လှ၊ ဦးဖိုးမင်းတို့ ဖြစ်ကြသည်။ ရခိုင်အမျိုးသားပါတီအတွက် ဗဟို အလုပ်အမူဆောင် (၃၉) ဦးရှိမည် ဖြစ်ပြီး ထို (၁၀) […]

via Narinjara Online 24 X 7 | Arakan news Burmese news Myanmar http://ift.tt/1uUHWoA http://ift.tt/1a8r462

အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြ…

အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး
လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား
=======================================================
ကျော်စိုးဦး Flower News Journal အတွဲ(၁၀) အမှတ်(၃၈)

ရန်ကုန်၊ စက်တင်ဘာ ၂၆- မြန်မာနိုင်ငံ အစိုးရ
လျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြားချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်း ပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်လျှို့ဝှက်ဥပဒေ ပြင်ဆင် သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြန်လည်ပြင်ဆင် ရန် လွှတ်တော်တွင်တင်ပြခဲ့သော်လည်း လက် ခံဆွေးနွေးရန် ကိုယ်စားလှယ်မရှိသဖြင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက နိုင်ငံတော်အစိုးရလျှို့ဝှက်ဥပဒေ နှင့်ပတ်သက်သော ¤င်း၏သဘောထားကို ပြောဆိုရာတွင် ”ဒီဥပဒေနဲ့ပတ်သက်ပြီး ပိုမို တိကျအောင် နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာများ ထုတ်ပြန်ဖို့လိုမလိုဆိုတာကို စဉ်းစား ဖို့ လိုတယ်။ ဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့နေရာ မှာ ပြင်ဆင်အဆိုနဲ့အတူ လွှတ်တော်ကိုယ်
စားလှယ်တွေကို ဖြန့်ဝေထားတဲ့အတိုင်း အင်္ဂလိပ်လိုရေးသားဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံဥပဒေမှာ မြန်မာစာကိုသာ အဓိကထားပြီး ရုံးသုံးဘာသာအဖြစ် ဆောင်ရွက်ထား တာကြောင့် အင်္ဂလိပ်လိုရေးသားတဲ့ဥပဒေဟာလဲ ပြည် သူတွေ နားလည်ခဲပါတယ်။ ဒီဥပဒေတွေကို ကျင့်သုံး နေတဲ့ ပညာရှင်တချို့၊ တရားရေးရာဝန်ထမ်းတချို့လဲ နားလည်ရန်ခက်ခဲတဲ့အတွက် မြန်မာလိုဘာသာပြန်ဖို့ လိုပါတယ်။

ထွက်လာတဲ့အခြေအနေကိုမူတည်ပြီး ပြင် ဆင်ရန်လိုမလိုပေါ့။ ဘယ်ကိစ္စမှာ လိုအပ်တယ်ဆိုတာ ကို လေ့လာဖို့လိုပါတယ်”ဟု ပြောဆိုခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ သည် ၁၉၂၃ခုနှစ် ဧပြီ ၂ရက်တွင် အင်္ဂလိပ်အစိုးရမှ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာမတည်မီ နှစ်ပေါင်း ၉ဝကျော်ခန့်က ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်သောကြောင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေရှိ သော ဥပဒေဖြစ်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

via Yangon Media Group’s Facebook Wall http://ift.tt/YwtLeV http://ift.tt/g8FRpY

ဝိတိုရိယဆေးရုံမှ Chief Executive Officer ဒေါက်တာ အေးအေးစန်းနှင့် တွေ့ဆုံမေးမြန်း…

ဝိတိုရိယဆေးရုံမှ Chief Executive Officer ဒေါက်တာ အေးအေးစန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

“အရေးပေါ် အချိန်မီကုသဖို့လိုတဲ့ လူနာမျိုးဆိုရင် နိုင်ငံတကာဆေးရုံတွေကို လေကြောင်းကနေ တိုက်ရိုက်ပို့ဆောင်ပေးမယ့် Air Ambulance ၀န်ဆောင်မှုပေးနေပါတယ်”

ပြည်သူများအတွက် ၂၄ နာရီအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၀န်ဆောင်မှုပေးခြင်းကို အစိုးရပိုင် ပြည်သူ့ဆေးရုံကြီးများ အပါအ၀င် ပုဂ္ဂလိကကဏ္ဍရှိ ဆေးရုံ၊ဆေးခန်းများတွင်လည်း လုပ်ဆောင်ပေးလျက်ရှိသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း ထိုကဲ့သို့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၀န်ဆောင်မှုပေးခြင်းများတွင် ယခင်ကမရှိခဲ့ဖူးသည့် လူနာတင်လေယာဉ် (Air Ambulance) ဖြင့် ပြည်တွင်းပြည်ပ ဆေးကုဌာနများသို့ သယ်ယူပို့ဆောင်ပေးသည့် ၀န်ဆောင်မှုများ စတင်ထည့်သွင်း လုပ်ဆောင်လာခဲ့ကြသည်။ ထိုဝန်ဆောင်မှုသည် အချိန်မီဆေးကုသမှု လိုအပ်သည့် အရေးပေါ်လူနာများ အတွက်သာမက ပြည်ပနိုင်ငံများတွင် သီးသန့်လူနာတင်လေယာဉ်ဖြင့် သွားရောက်ဆေးကုသမှု ခံယူလိုသူများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းဝန်ဆောင်မှုကို ပြည်တွင်းပုဂ္ဂလိကဆေးရုံအချို့၊ ပြည်တွင်း၌ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ထားသည့် ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား စသည့်ဒေသတွင်းနိုင်ငံများမှ ဆေးရုံကြီးများနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ၀န်ဆောင်မှုလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင် လျက်ရှိသည်။ ယင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် လက်ရှိ ပြည်တွင်းပြည်ပ ဆေးကုဌာနများသို့ လူနာတင်လေယာဉ်ဖြင့် ၀န်ဆောင်မှုပေးနေသည့် ၀ိတိုရိယဆေးရုံမှ Chief Executive Officer ဒေါက်တာအေးအေးစန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး။ ပထမဦးဆုံးအနေနဲ့ သိချင်တာက ၀ိတိုရိယဆေးရုံမှာ အရေးပေါ် လူနာတွေအတွက် အရေးပေါ်လူနာတင် လေယာဉ်နဲ့ ၀န်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ ဒီဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ ။ ဝိတိုရိယဆေးရုံမှာ အရေးပေါ် အချိန်မီကုသဖို့လိုတဲ့ လူနာမျိုးဆိုရင် နိုင်ငံတကာ ဆေးရုံတွေကို လေကြောင်းကနေ တိုက်ရိုက် ပို့ဆောင်ပေးမယ့် Air Ambulance ဝန် ဆောင်မှုပေးနေပါတယ်။ ဆေးရုံကလေဆိပ်နဲ့ နီးပြီး တခြား Facilities တွေလည်း ပြည့်စုံတဲ့ အတွက် ဒီဝန်ဆောင်မှုကို လုပ်ဖြစ်တာပါ။ တချို့လူနာတွေက Commercial flight နဲ့ သယ်လို့ရတယ်။ တချို့ ကျတော့Commercial flight နဲ့ သယ်လို့ရပေမယ့် ဘေးမှာ Medical Team လိုတယ်။ အရေးပေါ် အချိန် မီကုသဖို့လိုတဲ့လူနာမျိုးဆိုရင် Air Ambulance နဲ့ သယ်ပါတယ်။ ဒီထဲမှာမှ လူနာ တင်ယာဉ်လိုပဲ ကိရိယာ အပြည့်အစုံနဲ့ ICU Facilities လည်း ပါပါတယ်။ လူနာရဲ့အခြေ အနေပေါ်မူတည်ပြီး ဆောင်ရွက်ပေးပါတယ်။ အဓိက လူနာသယ်တဲ့အခါမှာ မြန်မြန် သယ် နိုင်ဖို့အတွက် အရေးကြီးပြီး သက်ဆိုင်ရာအဖွဲ့ အစည်းတွေကနေ ခွင့်ပြုချက်ယူရတာတွေလည်းရှိပါတယ်။ ဒီဝန်ဆောင်မှုတွေအတွက် ဝိတိုရိယဆေးရုံရဲ့ Partner လုပ်ငန်းတစ်ခု ဖြစ်တဲ့ Leo medicare (24 Hour Medical Assistance Service) နဲ့တွဲပြီး ဆောင်ရွက်ပါ တယ်။ ဒီအဖွဲ့က ၂၄ နာရီ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုပေးတာတွေအပြင် ပြည်တွင်းမှာရှိတဲ့ ဝေးလံခေါင်ဖျား ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေး တာ၊ လူနာတင်ယာဉ်ဝန်ဆောင်မှုပေးတာ၊ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု ပေးတာ၊ ပြည်တွင်းပြည်ပဆေးရုံတွေကို လူနာလွှဲပို့ပေးတာ၊ အရေးပေါ်လူနာတွေကို လူနာတင်လေယာဉ်နဲ့ ပြည်တွင်းပြည်ပ ဆေးကုဌာနတွေကို ပို့ဆောင်ပေးတာ၊ အရေးပေါ်ဆေးဝါး နဲ့ ဆေးပစ္စည်းတွေမှာယူ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးပါတယ်။

မေး။ ပြည်ပနိုင်ငံတွေမှာရှိတဲ့ ဆေးရုံ (သို့မဟုတ်) Air Ambulance ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေနဲ့ ဘယ်လိုချိတ်ဆက်မှုတွေ လုပ်ထားပြီး အများဆုံးဘယ်နိုင်ငံတွေကို ပို့တာလဲ။ အဲဒီအပိုင်းလေးကို အသေးစိတ် ပြောပြပေးနိုင်မလား။

ဖြေ ။ ထိုင်းနဲ့စင်ကာပူမှာရှိတဲ့ Air ambulance service ပေးတဲ့ကုမ္ပဏီနဲ့ချိတ်ဆက်ထားပြီး လူနာရွေးချယ်တဲ့ဆီကို ပို့ပေးပါတယ်။ အမြန်ဆုံးနဲ့ချိတ်ဆက်မှု အများဆုံးကတော့ ထိုင်းနိုင်ငံပါ။ ဒါ့အပြင် လူနာရွေးချယ်တဲ့ဆေးရုံနဲ့လည်း ချိတ်ဆက်ပေးပါတယ်။ ဒီဝန်ဆောင်မှုလုပ်ငန်းတွေကို Leo medicare နဲ့ပေါင်းပြီး ၂ဝ၁၂ ခုနှစ်ကတည်းက စလုပ်ခဲ့တယ်။ အဓိကတော့ လူနာရဲ့လုံခြုံမှုနဲ့ သက်သောင့်သက်သာရှိဖို့အတွက် ရည်ရွယ် ပါတယ်။ အဓိကလူနာဆန္ဒကိုပဲ ဦးစားပေးပါ တယ်။ လူနာတွေကနိုင်ငံခြားမှာ သွားကုချင်တာမျိုးပဲရှိတယ်။ သူတို့ဘယ်ဆေးရုံနဲ့သင့် တော်လဲဆိုတာမသိဘူး။ ဒီလိုအခြေအနေမျိုး တွေမှာသူတို့ကို ရှင်းပြဆွေးနွေးပြီး အကြံပေး ပါတယ်။ တချို့ကျတော့လည်း အခြေအနေ အရမ်းမဆိုးပေမယ့် စင်းလုံးငှားသွားချင်တယ် ဆိုရင်လည်း စီစဉ်ပေးပါတယ်။ အများဆုံး သွားကြတာက အရေးပေါ်ဖြစ်တဲ့ လူနာတွေ၊ နှလုံးရောဂါ၊ ဦးနှောက်အာရုံကြော အရေးပေါ်ခွဲစိတ်ဖို့လိုတဲ့လူနာတွေ၊ ကင်ဆာနဲ့ ထိခိုက်ဒဏ်ရာရ လူနာတွေပါ။ ဝန်ဆောင်မှုပေး တဲ့အပိုင်းမှာ စထွက်တဲ့နေရာ (ဆေးရုံ၊ အိမ်)ကနေ လူနာရွေးချယ်ထားတဲ့ နိုင်ငံဆေးရုံ အရောက်ပို့ ဆောင်ပေးပါတယ်။ ကုန်ကျစရိတ်အပိုင်းက ထိုင်းနိုင်ငံကိုဆိုရင် ဒေါ်လာနှစ်သောင်းနဲ့ နှစ်သောင်းခွဲကြားရှိပြီး စင်ကာပူဆိုရင်တော့ အမေရိကန် ဒေါ်လာသုံးသောင်းခွဲကြားမှာ ရှိပါတယ်။ လေယာဉ်ရောက်ဖို့ ကြာချိန်ကတော့ ဌာနဆိုင်ရာခွင့်ပြုချက်နဲ့ နိုင်ငံပေါ်မူတည်ပြီး ခန့်မှန်းခြေအားဖြင့် လေးနာရီကနေ ခြောက်နာရီကြားတော့ ကြာတတ်ပါတယ်။

မေး။ နောက်ထပ်သိချင်တာက ၀ိတိုရိယဆေးရုံအနေနဲ့ အရေးပေါ်လူနာတွေ၊ Emergency Case တွေအပေါ် ချမှတ်ထားတဲ့ Policy နဲ့ လက်ရှိဝန်ဆောင်မှုပေးနေတဲ့ အပိုင်းလေးကို သိပါရစေ။

ဖြေ ။ ဝိတိုရိယဆေးရုံရဲ့ Emergency department မှာ American Heart Association (AHA) က အသိအမှတ်ပြုထားတဲ့ Basic Life Support (BLS) နဲ့ Advanced Cardiac Life Support (ACLS) Training တွေကို တက်ရောက်အောင်မြင်ထားတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေက တာဝန်ယူကုသပေးပါတယ်။ ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ဥပဒေမှာလည်း ပုဂ္ဂလိကဆေးရုံတိုင်းမှာ လူနာတွေကို အရေးပေါ်အသက်ကယ် ကုသစောင့်ရှောက်မှု ပေးနိုင်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကိုယ့်ဆေးရုံကပေးနိုင်တဲ့Facilities ထက် ကျော်လွန်တဲ့ ကုသမှုမျိုး လိုအပ်လာမယ်ဆိုရင် လူနာရဲ့အကျိုးကို ရှေ့ရှုပြီး သက်ဆိုင်ရာ ပြည်သူ့ဆေးရုံနဲ့ အခြားဆေးရုံများသို့ ညွှန်းပို့ပေးရမယ်လို့ ပါရှိပါတယ်။ အရေးပေါ် အသက်ကယ်ရမယ့် လူနာတွေမှာ ရောဂါကြောင့် လာတဲ့လူနာနဲ့ ထိခိုက်ဒဏ်ရာကြောင့် လာတဲ့လူနာဆိုပြီး နှစ်မျိုးရှိတယ်။ တချို့ဒီအနီးတဝိုက်မှာ ထိခိုက်ဒဏ်ရာရလို့ လာတာမျိုးလည်းရှိတယ်။ ဘယ်လိုကြောင့်ပဲလာလာ အရေးပေါ် အသက်ကယ်ကုသမှုကို ဝိတိုရိယဆေးရုံမှာရှိတဲ့ Facilities အတိုင်း Emergency Department မှာ ရှိတဲ့ သင်တန်းပေးထားတဲ့ ဆရာဝန်တွေ သူနာပြုတွေက အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးပါတယ်။

မေး။ ပုဂ္ဂလိကဆေးရုံတွေမှာ အရေးပေါ်လူနာတွေလာရင် အများစုက ပြည်သူ့ဆေးရုံတွေကိုပဲ လွှဲနေကြတဲ့အပေါ်အပြင် မှာဝေဖန်မှုတွေ အမြောက်အမြား ရှိနေပါတယ်။ ဒီနေရာမှာ ဆရာမတို့ဆေးရုံအနေနဲ့လည်း အချို့ကိစ္စတွေမှာ အစိုးရဆေးရုံတွေကို လွှဲပေးနေရတာမျိုး ရှိတယ်ဆိုတော့ ဘယ်လိုအခြေအနေမျိုးတွေမှာ ဘယ်လိုလွှဲပေးတာမျိုးတွေ လုပ်လေ့လုပ်ထရှိပါသလဲ။

ဖြေ ။ ဝိတိုရိယဆေးရုံအနေနဲ့ အရေးပေါ် လူနာတွေလာရင် လုံးဝလက်မခံဘူးဆိုတာမျိုး မရှိပါဘူး။ ထိခိုက်ဒဏ်ရာရ လူနာများအပါအဝင် ဘယ်လိုအရေးပေါ်လူနာပဲဖြစ်ဖြစ် အရေးပေါ်အသက်ကယ် ပြုစုကုသမှုကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးရမယ်ဆိုတာ ဝိတိုရိယရဲ့Policy ပါပဲ။ အရေးပေါ်လူနာတိုင်းကို လက်ခံကြည့်ရှုပြီး ကိုယ့်မှာရှိတဲ့ Human Resource၊ Material Resource တို့ကိုသုံးပြီး လိုအပ်တဲ့အရေးပေါ်ကုသမှု တွေကို ဦးစွာဆောင်ရွက်ပြီးမှ ဆေးရုံမှာ ဆက်ကုပေးမလား၊ ဒါမှမဟုတ် လူနာရဲ့ အခြေအနေအရ လူနာရဲ့အကျိုးကိုရှေ့ရှုပြီး တခြားအထူးကုဆေးရုံကို လွှဲပြောင်းပေးရ မလားဆိုတာကို ဆုံးဖြတ်ပါတယ်။ ဒီလိုဆုံး ဖြတ်တဲ့အခါ လူနာရဲ့သဘောတူညီမှုနဲ့ ရွေးချယ်ဆုံးဖြတ်မှုလည်း ပါရှိရပါတယ်။ တကယ်လို့အခြားဆေးရုံကို လွှဲပြောင်းပေးဖို့ လိုအပ်လာရင်လည်း လူနာရဲ့အခြေအနေပေါ်မူတည်ပြီး ဆေးရုံက Ambulance Medical Team နဲ့ ပို့ဆောင်ပေးပြီး ညွှန်းပို့တဲ့ဆေးရုံက Medical Team ကို စနစ်တကျ လွှဲပြောင်းပေးပါတယ်။ ဒါကြောင့် အရေးပေါ်လူနာတွေကို အရေးပေါ်ကုသမှုလုံးဝမပေးဘဲ ငြင်းပယ်နေတာမျိုးမရှိဘူးလို့ ထပ်ပြောချင်ပါတယ်။ မှုခင်းနဲ့ဆက်နွှယ်နေတဲ့ လူနာ(ဥပမာ- လမ်းပေါ်မှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရလူနာ) တွေ ဆေးရုံရဲ့ အရေးပေါ်ဌာနကို ရောက်လာရင်လည်း ခုနကပြောသလို လက်ခံကုသပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး လူနာရဲ့အခြေအနေပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက် ပေးသွားမှာပါ။ ဒီနေရာမှာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေ ရှိသလဲဆိုရင် ဥပဒေထုတ်ပြန်ပေမယ့် နည်းဥပဒေတွေမရှိသေးတော့ လုပ်ရကိုင်ရတဲ့ အခက်အခဲတွေရှိပါတယ်။ ဥပမာ-သွေးနဲ့ သွေးပစ္စည်း ဥပဒေမှာ ထုတ်ပြန်ထားတာ နှစ်အတော် ကြာနေပေမယ့် ဒီနေ့ထိ နည်းဥပဒေမထွက်သေးတော့ အရေးပေါ်ဌာနကို သွေးထွက်လွန်ပြီး ရောက်လာတဲ့ အရေးပေါ်လူနာအတွက် သွေးကို လိုသလောက် ချက်ချင်းပေးနိုင်အောင် လုပ်ပေးရပေမယ့် သွေးလှူဘဏ်ဆိုတာ ပုဂ္ဂလိက ဆေးရုံတွေမှာ တရားဝင်ဖွင့်ခွင့်မရသေးတဲ့ အခက်အခဲရှိပါတယ်။ ဒီလိုကိစ္စမျိုးကြုံလာရင် သွေးလှူဘဏ်ရှိတဲ့ ပြည်သူ့ဆေးရုံကို ညွှန်းပို့ပေးနေရပါတယ်။ မှုခင်းနဲ့ပတ်သက် ဆက်နွှယ်နေတဲ့ အရေးပေါ်လူနာများနဲ့ ပတ်သက်ပြီး တိကျတဲ့ဥပဒေသို့မဟုတ် အမိန့်နဲ့ညွှန်ကြားချက်မျိုးရရင် ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှုတွေကို လုပ်ပေးနိုင်မှာပါ။ ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင်တွေကလည်း ထိခိုက်ဒဏ်ရာရလူနာ အရေးပေါ်ကုသရေးနဲ့ ပတ်သက်ပြီး ဥပဒေပြုစုနေပြီလို့ ကြားရပါတယ်။ ဝိတိုရိယဆေးရုံအပါအဝင် ပုဂ္ဂလိက ဆေးရုံအားလုံးမှာ လက်ခံကုသမှုမပေးနိုင်တဲ့ လူနာမျိုးဆိုရင် မဖြစ်မနေ ပြည်သူ့ဆေးရုံ ကိုပဲလွှဲပြောင်းပေးနေ ရတာတွေလည်း ရှိပါတယ်။ ဥပမာ-ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရ လူနာမျိုးဆိုရင် Burn Unit သီးသန့်ရှိတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးရမှာ ဖြစ်သလို အဆိပ်သင့် လူနာမျိုးဆိုရင်လည်း Poison Centre ရှိတဲ့ ရန်ကုန်ဆေးရုံသစ်ကြီးကို လွှဲပြောင်းပို့ပေးရမှာ ဖြစ်ပါတယ်။ မိမိမှာ မရှိတဲ့Facilities တွေနဲ့ ကုသဖို့လိုအပ်မယ်ဆိုရင်Facilities ရှိတဲ့ ပြည်သူ့ဆေးရုံဖြစ်ဖြစ် အခြားပုဂ္ဂလိက ဆေးရုံဖြစ်ဖြစ် ပို့ပေးနေပါတယ်။

မေး။ ဒါဆိုရင် ၀ိတိုရိယအနေနဲ့ အရေးပေါ်လူနာတွေအတွက် တစ်နေရာတည်းမှာ အချိန်နဲ့တစ်ပြေးညီ အလုံးစုံ ကုသပေးနိုင်ဖို့ ပြင်ဆင်ထားတာမျိုး ရှိပါသလား။

ဖြေ ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေရရင် အပိုင်းနှစ်ပိုင်းခွဲပြီးပြောချင်ပါတယ်။ အရေးပေါ်လူနာတွေနဲ့ ပတ်သက်လာရင် Medical Emergency နဲ့ Surgery Related Emergency ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဝိတိုရိယဆေးရုံအနေနဲ့ Medical Emergency နဲ့ ပတ်သက်လာရင် တစ်နေရာတည်းမှာ အချိန်နဲ့တစ်ပြေးညီ အလုံးစုံကုသပေးနိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ် ထားပါတယ်။ ပိုပြီးပြည့်စုံတိုးတက် လာအောင်လည်း ဆောင်ရွက်သွားမှာပါ။ Surgery Related Emergency ဆိုရင် Limitation တွေရှိပါတယ်။ ဥပမာ-ခွဲစိတ်ရာမှာ သွေးကိုမလွဲမသွေ အသုံးပြုရဖို့ ရှိလာတဲ့ကိစ္စမျိုးတွေရှိပါတယ်။ လက်ရှိဆေးရုံမှာ Emergency Team ကိုStrong ဖြစ်အောင် လုပ်ထားသလိုResident Physician ကိုလည်းထားတယ်။ နောက်စင်ကာပူနိုင်ငံက ပညာရှင်တွေကို ခေါ်ပြီးတော့ ဒီမှာရှိတဲ့ဆရာဝန်တွေနဲ့ သူနာပြုတွေကို သင်တန်းတွေပေးနေတယ်။ ဒါတွေကို In house အချင်းချင်း ဆွေး နွေးမှုတွေလုပ်တယ်။ နေ့ဘက်မှာဆိုရင် လည်း သမားတော်ကို တောက်လျှောက်ထားပါတယ်။ ညဘက်ဆိုရင်လည်း MSc. Physician တွေရှိပါတယ်။ ပုဂ္ဂလိကဆေးရုံတွေနဲ့လည်း စက်ပစ္စည်းပိုင်း၊ သမားတော်ပိုင်းမှာလည်း အကောင်းဆုံး ဖြည့်ဆည်းထားပါတယ်။

မေး။ နိုင်ငံတကာမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ဆိုရင်လည်း ကျမတို့သိထားတဲ့အချက် HR ဌာနတွေ၊ အဲဒီနဲ့ ဆက်စပ်တဲ့ အစီအမံတွေ အထူးသဖြင့်တော့ HR ကို သူတို့တွေက တော်တော်လေး အလေးပေးဂရုတစိုက် ဖွဲ့စည်းထားကြတယ်လို့ သိရပါတယ်။ ဆရာမတို့ဆေးရုံမှာရော HR ပိုင်းကို ဘယ်လိုစီမံ လုပ်ဆောင်ထားပါသလဲ။ အဲဒီအတွက် သီးခြားစီမံခန့်ခွဲမှုတွေ ရှိပါသလား။

ဖြေ ။ ဝိတိုရိယဆေးရုံအနေနဲ့ အဖွဲ့အစည်းတစ်ခုမှာ Human Resource (HR) က အရေးကြီးဆုံးလို့ ခံယူထားပါတယ်။ ဝိတိုရိယဆေးရုံ HR ဌာနရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဌာနအသီးသီးအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်တဲ့တာဝန်ကျေပွန်စွာ ထမ်းဆောင်မယ်ဆိုတဲ့ ခံယူချက်ရှိပြီး အသင်းအဖွဲ့စိတ်ဓာတ် အပြည့်ရှိတဲ့ ဝန်ထမ်းတွေ အလုံအလောက်ရှိဖို့နဲ့ ဌာနမှာတည်ငြိမ်မယ့် အမြဲတမ်းဝန်ထမ်းဖြစ်အောင် ထိန်းသိမ်းထားနိုင်ဖို့ဆိုပြီး သတ်မှတ်ကာ အဆင့်မီအရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေရရှိဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ ဆေးရုံရဲ့HR ဌာန ကိုပြောမယ်ဆိုရင်Human Resource management (HRM) နဲ့ Human Resource development (HRD) ဆိုပြီးရှိပါတယ်။ HR အပိုင်းနဲ့လည်း Medical Professional အပိုင်း နဲ့Supporting အပိုင်းဆိုပြီး ရှိပါတယ်။ ပုဂ္ဂလိကဆေးရုံမှာ အားကိုးနေရတဲ့ အထူးကု ဆရာဝန်တွေဆိုတာကလည်း အစိုးရက မွေးထုတ်ထားတဲ့ ဆရာဝန်တွေပါပဲ။ In house medical officer နဲ့ သူနာပြုတွေ Resident Specialist တွေကတော့ ဆေးရုံက ခန့်အပ်ားတဲ့ Permanent တွေပေါ့။ ဆရာဝန်ဦးရေ ၆ဝ လောက်ခန့်ထားပါတယ်။ Medical officer တွေထဲကမှ သင်တန်းပေးပြီး နောက်ပိုင်း ကျွမ်းကျင်မှုကိုကြည့်ပြီး အရေးပေါ်၊ ပြင်ပလူနာဌာန၊ အထူးကြပ်မတ် ကုသဆောင် စသဖြင့် တာဝန်ချပေးပါတယ်။ ဒီမှာလာထိုင်တဲ့ အထူးကုဆရာဝန်အများစု (၇ဝ ရာခိုင်နှုန်း)က လက်ရှိအစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဆဲ ဆရာဝန်ကြီးတွေပါ။ ကျန်တဲ့ ၃ဝ ရာခိုင်နှုန်း လောက်ကတော့ အငြိမ်းစား၊ နိုင်ငံခြားက ပြန်လာတာ၊ အကြောင်း အမျိုးမျိုးကြောင့် ဆေးရုံကနေ အနားယူထားတဲ့ ဆရာဝန်ကြီးတွေပါ။

မေး ။ ကျွန်မတို့ဆီက ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသပေးနေကြတဲ့ အထူးကုဆရာဝန် အများစုဟာ အစိုးရဆေးရုံတွေမှာ အဓိကကုနေတဲ့ အစိုးရ၀န်ထမ်းဆရာဝန်ကြီး တွေကိုပဲ ပြန်လည်အသုံးပြုနေတာများတယ်။ အခြားနိုင်ငံတွေမှာဆိုရင် ပုဂ္ဂလိကဆေးရုံတွေက ကိုယ်တိုင်ရင်းနှီးမြုပ်နှံမှုနဲ့ ကျွမ်းကျင်ဆရာဝန်တွေ၊ Specialist တွေကို မွေးထုတ်ပေးနိုင်လို့ လိုသလို ပြန်အသုံးပြုလို့ ရနေကြတယ်။ ဆရာမတို့ဆီမှာရော ဒီလိုမျိုး ကိုယ့်ဆေးရုံက ကိုယ်ပိုင်ပြုစုပျိုးထောင်ထားတဲ့ Specialist တွေ ထွက်ပေါ်လာဖို့ ရည်မှန်းထားတာ၊ လုပ်ဆောင်ထားတာတွေ ရှိနေပြီလားဆိုတာ သိချင်ပါတယ်။

ဖြေ ။ လက်ရှိအခြေအနေအရတော့ ပုဂ္ဂလိကဆေးရုံတွေကို သင်ကြားရေးဆေးရုံအဖြစ် ခွင့်မပြုသေးပါဘူး။ အကယ်၍ နောက်ပိုင်းခွင့်ပြုခဲ့ရင်တော့ နိုင်ငံခြားဆေးရုံတွေလို လုပ်လို့ရတာပေါ့။ အစကတည်းက သင်ကြားရေးဆေးရုံမှာ ကိုယ့်စံသတ်မှတ်ချက်နဲ့သင်ပြီး ကိုယ့်ဆီကမွေးထုတ်တဲ့ အထူးကု၊ ဆရာဝန်၊ နည်းပညာပိုင်း ကျွမ်းကျင်သူတွေ၊ သူနာပြုတွေ မွေးထုတ်မယ်ဆိုတဲ့ ရည်မှန်းချက်ကတော့ ရှိပါတယ်။ အစိုးရအနေနဲ့လည်း ဒီလိုအစီအစဉ်တွေကို ခွင့်ပြုဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ ပုဂ္ဂလိကနဲ့ ပြည်သူ့ဆေးရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ ပေါ်ထွက်လာဖို့လည်း မျှော်လင့်ပါတယ်။

via Eleven Media Group’s Facebook Wall http://ift.tt/YtYj14 http://ift.tt/g8FRpY

အကြမ်းဖက်မီးရှို့မှု ပါဝင်ခဲ့သူ တစ်သက်တစ်ကျွန်း စီရင်ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေနဲ့ ဆက်နွယ်ပြီး ဆင်ခေါင်းရွာသား ကိုဇော်ဇော်ထွန်းကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ပြီး ဆင်ခေါင်း၊ သပြုချိုင်နဲ့ ညောင်ခြေထောက်ကျေးရွာက ဒေသခံ ၉ ဦးကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်လိုက်ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် အထက်တရားရုံးအဆင့်ဆင့်ကို

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1sDBVju http://ift.tt/Y2RpwJ

၂ဝဝ၈ ဖွဲ့စည်းပုံကိုမပြင်လျှင် ပါတီရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များ မရရှိနိုင်ကြောင်း ညီလာခံတွင် ပါတီ ခေါင်းဆောင်များပြောကြား

စစ်အစိုးရလက်ထက်က အတည်ပြုဖွဲ့စည်းပေးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် နိုင်လျှင် ရခိုင်အမျိုးသားပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ရခိုင်အမျိုး သားပါတီ ခေါင်းဆောင်များက ပြောကြားသည်။

via Burma News International | Burmese Version http://ift.tt/1njFcTh http://ift.tt/1pKcsBd