၂၀၁၅ မှာ ကျရောက်လာမယ့် အဖြစ်အပျက်အကောင်းအဆိုးအားလုံးအတွက် အေအေပီပီဘီ အနေနဲ့ ကြံ့…

၂၀၁၅ မှာ ကျရောက်လာမယ့် အဖြစ်အပျက်အကောင်းအဆိုးအားလုံးအတွက် အေအေပီပီဘီ အနေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ရင်း သာယာဝပြောသော လူ့ဘောင်သစ်ဆီသို့ ပြည်သူများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဆက်လက်ချီတက်လှမ်းနိုင်မည်လို့ မျှော်မှန်းရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါသည်။
အေအေပီပီ


၂၀၁၄ အေအေပီပီ မှတ်တမ်းဓါတ်ပုံများနှင့် နှစ်သစ်ဆုတောင်း
၂၀၁၅ မှာ ကျရောက်လာမယ့် အဖြစ်အပျက်အကောင်းအဆိုးအားလုံးအတွက် အေအေပီပီဘီ အနေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ရင်း သာယာဝပြောသော လူ့ဘောင်သစ်ဆီသို့ ပြည်သူများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဆက်လက်ချီတက်လှမ်းနိုင်မည်လို့ မျှော်မှန်းရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါသည်။
အေအေပီပီ

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-31 05:55:21


ပြန်ကြားရေးနှင့် Weekly Eleven အမှု ဆက်တိုက် စစ်ဆေးရန် ဖိအားပေးခံနေရ
burma.irrawaddy.org
အမှုမှာ စွပ်စွဲထားတာက ပုဒ်မ ၅၀၀ ဖြစ်တယ်။ ဒါက နိုင်ငံတော် ပုန်ကန်မှုလည်း မဟုတ်ဘူး။ ဗုံးပေါက် ကွဲသလို အမှုမျိုးလည်း မဟုတ်တဲ့အတွက် အမှုကို ပုံမှန် သူ့ရက်ချိန်း အတိုင်းပဲ စစ်ဆေးပေးပါလို့ အကျိုးဆောင် ရှေ့နေက တရားရုံးကို တင်ပြတယ်

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-30 10:00:44


Timeline Photos
Breaking News

ကိုနေမျိုးဇင် နှင့် ဒေါ်နော်အုန်းလှအား ပုဒ်မ ၅ ခုဖြင့် တရားစွဲပြီး အင်းစိန်ထောင်ပို့…..
====================
ယမန်နေ့က ပြုလုပ်ခဲ့သည့် လက်ပတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုအား ဦးဆောင်သူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးတို့အား ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံရဲစခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက် ပုဒ်မ ၅ ခုဖြင့် စတင်တရားစွဲဆိုနေပြီဖြစ်သည်။

ရန်ကုန်မြို.တော်ခန်းမမှ ဒဂုံမြို.နယ်ရှိ တရုတ်နိုင်ငံသံရုံးအားဆန္ဒပြချီတက်မှုတွင် ပါဝင်ခဲ့သည့် ၄င်းတို့ ၃ ဦးအား ယနေ့မနက်တွင် ရဲများကလာရောက်ခေါ်ယူခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ တရားမ၀င်စီတန်းလည့်လည်မှု၊ ပုတ်ခတ်ဆဲဆိုမှု ပုမ်မ ၅ ခုဖြင့် အမှုဖွင့်ပြီး ဒဂုံမြို.နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

တရားရုံးတွင်းသို့ မီဒီယာများနှင့် လာရောက်ကြည့်ရှုသူ ပရိတ်သတ်တို့အား ၀င်ခွင့်မပေးသဖြင့် ဒေါ်နော်အုန်းလှက မိနစ်အနည်းငယ်မျှ တရားရုံးရှေ.တွင် လှဲ၍ ဆန္ဒပြခဲ့သည်။

တရားတွင်စွဲချက်တင်ပြီးနောက် ၄င်းတို့ ၃ ဦးအား ရမန် ၂ ပတ်ပေး၍ ရန်ကုန်အင်းစိန်ထောင်သို့ ချုပ်နှောင်ရန်ခေါ်ဆောင်သွားခဲ့သည်။

ဒေါ်စိန်ထွေးမှာ တရုတ်သံရုံးထိပ်တွင် ပိတ်ဆို့ထားသော ရဲအတားအဆီးများကို အလံကိုင်ဆောင်၍ ကျော်ဖြတ်ရန်ကြိုးစားခဲ့သူဖြစ်သည်။

ကြေးနီစီမံကိန်ဖျက်သိမ်းရေးအပြင် “သိန်းစိန်အစိုးရဖြုတ်ချရေး” လူသတ်အစိုးရအလိုမရှိဟူသော ကြွေးကြော်ချက်များ ဟစ်ကြွေးခဲ့သည့် လူအင်အားရာချီရှိသည့်ဆန္ဒပြပွဲကို ကိုနေမျိုးဇင်ဦးဆောင်သော မြန်မာလူမှုဘ၀ ဖွံ့ဖြိုးရေးအသင်း၊ ဒေါ်နော်အုန်းလှ၏ ဒီမိုကရေစီနှင့် အမျိုးသမီးကွန်ယက် နှင့် ဦးဘမြင့်ဦးဆောင်သော ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ.တို့က ဦးဆောင်ခဲ့သည်။
=============
Yangon Globe

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-30 09:56:52

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpa1/v/t1.0-1/p100x100/10371362_594314134031183_500887248815567013_n.jpg?oh=2059314faf2849e23a0752bd5543d604&oe=54FB4327&__gda__=1430573848_0968d61bfa3cee9d9145ad3550de063f

Ma Thandar

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက် ဥက္ကဌနော်အုန်းလှကို ၂၉ ရက်နေ့တရုတ်သံရုံးရှေ့လက်ပံတောင်းအကြမ်းဖက်မှုဆန္ဒထုတ်ဖော်မှုအတွက် ဒဂုံတရားရုံးမှ ပုဒ်မ ၅၀၅/၁၁၄ ပုဒ်မ၅၀၆ ပုဒ်မ၁၈ ပုဒ်မ၂၉၄ ပုဒ်မ၃၅၃ ပုဒ်မ၁၄၇ ပုဒ်မ၁၄၉တိုဖြင့်စွဲဆိုခံရပြီး အင်းစိန်ထောင်သို့ရမန်ကြီးတပါတ် ချုပ်ရီမန်ဖြင့်ပို့ဆောင်ထားပါသည် ၂၀၁၅ ၁ လပိုင်း၁၃ ရက်နေ့ ဒဂုံတရားရုံးသို့ ရုံးထုတ်ရင်ဆိုင်ပါမည်

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-29 07:36:14


သာယာဝတီထောင် Anti-labour တိုက်ပွဲ ငွေရတုအခမ်း အနားနှင့် သမိုင်းဝင်မှတ်တမ်းစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာ

 နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း မှ သာယာဝတီထောင် Anti-labour တိုက်ပွဲ ငွေရတုအခမ်း အနားနှင့် သမိုင်းဝင်မှတ်တမ်းစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာ                      

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-24 10:26:54


DVB – ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးကြောင်း မှုခင်းဆရာဝန် အတည်ပြု

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်းက သေဆုံးသွားတဲ့ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းဟာ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန်ကြောင့် သေဆုံးတာ …

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-24 10:23:46


မတည်ငြိမ်သေးတဲ့ လက်ပတောင်းဒေသပဋိပက္ခ မြင်ကွင်း
ရုပ်အလောင်းအား မခွဲစိပ်မီ မှတ်တမ်းတင်နေကြစဉ်
ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-24 10:09:28


Yangon Police Charge Ko Ko Gyi, 5 Other Activists for Unauthorized Protest
www.irrawaddy.org
Rangoon police bring criminal charges against five activists, including prominent 88 Student Generation leader Ko Ko Gyi, who are accused of holding an unauthorized protest.

ယနေ့ အွန်လိုင်းပေါ်တွင် တွေ့ရှိရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာချက် အမှတ်…

ယနေ့ အွန်လိုင်းပေါ်တွင် တွေ့ရှိရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာချက် အမှတ် ၂၂/၁၂/၁၄ သည် အတုအယောင်သာဖြစ်ပါသည်။

ကြည်တိုး
အဖွဲ့ဝင်
ဗဟိုပြန်ကြားရေးဌာန

via D-Wave’s Facebook Wall http://ift.tt/1wYHYzv http://ift.tt/g8FRpY

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး ပြောတာ ဘာအဓိပ္ပါယ် သက်ရောက်သလဲ

ဒီတစ်ပါတ်အတွင်း နိုင်ငံရေးနဲ့ သတင်းလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးရဲ့ ပြောစကားတွေပါပဲ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ရန်ကုန် မီကာဆာ ဟိုတယ်မှာ ရုပ်ရှင်၊ ဂီတ အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ သူက လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းဟာ အာဏာ ပြန်မသိမ်းဖို့ အတွက်ဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် တိုင်းပြည် မတည်ငြိမ် မအေးချမ်းဘူး ဆိုရင်တော့ စစ်တပ်က အာဏာသိမ်းရမှာပဲ ဖြစ်ကြောင်း ပြောလိုက်လို့ပါပဲ။
လက်ရှိ ပြည်ထောင်စု…

via Voice of America http://ift.tt/1AAn76O http://ift.tt/Tf1V41

နိုင်ငံစီးပွားရေး တိုးတက်မှု အတွက် ငွေကြေးဖောင်း ပွမှုလိုအပ်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဆို

 နိုင်ငံစီးပွားရေး ဖွံ့ဖြိုးရေး အတွက် ငွေကြေးဖောင်းပွ မှုလိုအပ် သည်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုစင်တာ၌ ပြုလုပ်သည့် SMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဟောပြောပွဲတွင် ဆိုသည်။

via Burma News International | Burmese Version http://ift.tt/1AAn8aV http://ift.tt/1pKcsBd


ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံခြင်း
thevoicemyanmar.com
တောင်ငူမြို့နယ် စည်ပင်ဂိုဏ်းအုပ် စာသင်တိုက်တွင် ကျင်းပသည့် ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားတပ်မတော် ကျဆုံးစစ်သည်များ၏ မိသားစုဝင်များအား အမှတ်တရ ဂုဏ်ပြ…

via The Voice Weekly’s Facebook Wall http://ift.tt/1x3s4CS http://ift.tt/g8FRpY

တပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းများကို မီဒီယာများ သတိထားရန် ဆွေးနွေး

 ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော်နှင့် သတင်းမီဒီယာသမားများ တွေ့ဆုံပြီးနောက် မီဒီယာများအနေဖြင့် တပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းများကို ဆင်ခြင်ကြရန် တပ်မတော်ကိုယ်စားပြု တက်ရောက်လာသည့် ဗိုလ်မှူးများက ထောက်ပြပြောဆို လိုက်သည်။

“တပ်မတော်မှာ အတိုကောက်ခေါ်ဖို့ သတ်မှတ်ထားတဲ့ အသုံးအနှုန်းတွေ ရှိပါတယ်။ ကာချုပ်တို့ ဘာတို့ဆိုတာ တပ်မတော်မှာ မရှိပါဘူး။ ဒါလေးတွေ သတိထားစေချင်ပါတယ်” ဟု ဗိုလ်မှူးကြီး အောင်ကျော်ထွန်း က ပြောသည်။

Army-and-Media-Proceed

ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို ကာချုပ်၊ တပ်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ဟု မီဒီယာများ၏ ဖော်ပြမှုသည် မှားယွင်းသော အသုံးအနှုန်းများဖြစ်သည်ဟု ဆိုသည်။

“ဥပဒေပြင်ပက အဖွဲ့တွေအတွက် အရေးမကြီးပေမယ့် ဥပဒေဘောင်တွင်း တရားဝင်ထုတ်ဝေတဲ့ သတင်းမီဒီယာ တွေအနေနဲ့တော့ ဆင်ခြင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခင်မောင်ချို က ပြောသည်။

တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှုချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ တပ်မတော်ပိုင် မှတ်တမ်းရုံးတွင် တွေ့ဆုံကြစဉ် တပ်မတော်ဘက်က အထက်ပါအတိုင်း ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အသုံးအနှုန်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်စင်းကောင်စီ (ယာယီ)၊ ဒုဥက္ကဌဖြစ်သူ ဦးခင်မောင်လေး (ဖိုးသောကြာ) က “တရားဝင် အသုံးအနှုန်းကိုပဲ သုံးသင့်တယ်” ဟု ဆိုသည်။

ထိုတွေ့ဆုံမှုတွင် သတင်းမီဒီယာသမားများက တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများကို မြန်ဆန်၊ တိကျစွာ ထုတ်ပြန်ပေးနိုင်ရေး အတွက် သတင်းဝဘ်ဆိုဒ်တစ်ခု ထားရှိပေးရန်၊ တပ်မတော် သတင်းထုတ်ပြန်ရေး ကော် မတီ ဖွဲ့စည်းပေးရန်တို့ကို တောင်းဆိုခဲ့သည်။

တပ်မတော်မှ ကိုယ်စားပြုတက်ရောက်သူများက မီဒီယာများနှင့် မကြာခဏတွေ့ဆုံနိုင်ရန် ကြိုးစားသွားမည်ဟု ကတိပြုခဲ့ပြီး တပ်မတော်နှင့် တွေ့ဆုံနိုင်မည်  သတင်းထောက်များ၏ အမည်စာရင်းကို ပေးထားစေလိုသည်ဟု ဆိုသည်။

via သတင်း http://ift.tt/1zpbfWf http://ift.tt/1mP7bZA

မြန်မာပြည်တွင် ဒီမိုကရေစီခေတ်ဆိုသော်လည်း သတင်းလွတ်လပ်ခွင့်မရှိသေးဟုပြော

ယနေ့မြန်မာနိုင်၏ အခြေအနေသည် ဒီမိုကရေစီစနစ်သို့ တိုးတက်ပြောင်းလဲလာသည်ဟု ဆိုသော်လည်း သတင်းလွတ်လပ်ခွင့် မရှိသေးကြောင်း နိုင်ငံတကာ မြန်မာ့သတင်း BNI က ဦးစီးပြုလုပ်သည့် Online Media For Peace Cross Cultural Dialogue Among Myanmar Ethnic Media Group ၏ Editorial Training ဖွင့်ပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒု-ဥက္ကဌဦးခင်မောင်လေးက ပြောကြားသည်။

UNESCO ကူညီထောက်ပံ့မှုဖြင့် ၅ ရက်တာကြာမြင့်မည့် အဆိုပါသင်တန်းကို ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Fame ဟိုတယ်၌ ယမန်နေ့တွင် စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။

19-2-300x225

ဦးခင်မောင်လေးက “ မြန်မာနိုင်ငံသတင်းစာသမိုင်းက သိပ်ကိုလှပါတယ်၊ မင်းတုန်းမင်းခေတ်မှာဆိုရင် သတင်းစာလွတ်လပ်ခွင့် အပြည့်အဝရရှိတယ်၊ အခုဒီမိုကရေစီခေတ်မှာ ဘာလို့သတင်းစာ လွတ်လပ်ခွင့် မပေးနိုင်ရတာလဲ” ဟု ဆိုသည်။

နှစ်ပေါင်းများစွာ လွတ်လပ်ခွင့် ပိတ်ပင်ခံထားရသည့် မီဒီယာလောက ပွင့်လင်းလာသည့်နှင့်အမျှ သတင်းမီဒီယာ စစ်စစ်သာလျှင်အရေးကြီးကြောင်း၊ တိုင်းပြည်တိုးတက်မှုအတွက် စီမံကိန်ကြီးများ အကောင်အထည်ဖော်ရာ တွင် မှန်ကန်သည့်အချက်အလက်ပေါ်တွင် မူတည်၍ အကောင်အထည်ဖော်မှသာလျှင် တိုင်ပြည်တိုးတက်နိုင် မည်ဖြစ်ကြောင်း၊ ယင်းသို့ တိုးတက်မှုကို လိုလားပါက ပြည်သူလူထုကို သတင်းအမှန်၊ အချက်အလက်မှန်များ ကိုသာ ပေးသင့်ကြောင်း ဦးခင်မောင်လေးက ဆက်ပြောသည်။

“ဒီလိုပဲ တိုင်းရင်းသားမီဒီယာတွေ တိုးတက်ခြင်းက နိုင်ငံတိုးတက်ရေးအတွက် အထောက်အကူ တစ်ရပ် ဖြစ်နေတယ်၊နောက်ပြီး ပြည်သူတွေကို အချက်အလက်မှန်၊ အသိအမြင်မှန်၊ လမ်းမှန်ပေးဖို့ဆိုတာ သတင်းသမားတွေသာလျှင်ဖြစ်တယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။

အဆိုပါသင်တန်းဖွဲ့ပွဲသို့ BNI Board of Director များဖြစ်ကြသော နန်းဖောဂေ၊ နိုင်ကဆော့မွန်၊ ကိုခိုင်မြတ်ကျော်၊ ပြည်တွင်းမီဒီယာများမှ ကိုမြင့်ကျော်(MJN)၊ ဒေါ်မေသင်္ကြန်ဟိန်(မြစ်မခ)၊ မင်းချမ်းထိုက်(MJI)နှင့် BNI အဖွဲ့ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

BNI အဖွဲ့ဝင်ဖြစ်သော ပြည်ပအခြေစိုက် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း သတင်းဌာန များနှင့် ပြည်တွင်းရှိတိုင်းရင်းသားမီဒီယာအဖွဲ့များမှ စုစုပေါင်း သင်တန်းသား ၁၆ ဦးတက်ရောက်လျက်ရှိသည်။

အလားတူ UNESCO Myanmar မှ Mis.Raheela K.Chaudhry ကလည်း လက်ရှိမီဒီယာအား လုံးအနက် တိုင်းရင်းမီဒီယာသည် ၁၀ ရာခိုင်နှုန်းခန့် သာရှိကြောင်း၊ လက်ရှိမြန်မာနိုင်ငံတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိမှသာလျှင် တိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံငြိမ်းချမ်းရန်အတွက် သတင်းသမားများသည်လည်း အရေး ကြီးသည့်အခန်ကဏ္ဍတစ်ခုတွင်ပါဝင်ကြောင်း ပြောဆိုခဲ့သည်။

သင်တန်းရည်ရွယ်ချက်မှာ တိုင်းရင်းသားဒေသတွင်းရှိသတင်းများအား ပင်မ Main Stream Media ထဲသို့ ရောက်ရှိလာစေရန်၊ တိုင်းရင်းသားမီဒီယာအဖွဲ့များအကြား ကွန်ယက်တည်ဆောက်နိုင်ရန်၊ Main Stream Media များနှင့်အပြိုင် တိုင်းရင်းမီဒီယာများအနေဖြင့် အရည်အသွေးရှိသည့် သတင်းများ ထုတ်လုပ်နိုင်ရန် ဖြစ်သည်။

လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပုဂ္ဂလိကတိုင်းရင်းမီဒီယာများအနေဖြင့် သတင်းစာ၊ ဂျာနယ်များ တရားဝင်ထုတ်ဝေခွင့်ရရှိသော်လည်း ရေဒီယိုနှင့် ရုပ်သံများ ထုတ်လွှင့်ခွင့်လိုင်စင်မရှိသေးပေ။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့အာဏာရရှိချိန်မှ စတုတ္ထမဏ္ဍိုင်မီဒီယာအား လွတ်လပ်ခွင့်ပြုနေသည်ဟု မိန့်ခွန်းများတွင် မကြာခဏပြောကြားခဲ့သော်လည်း သတင်းထောက်များကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေး HRW က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် မြန်မာအစိုးရအနေဖြင့် စာနယ်ဇင်းများ ၏ ဝေဖန်ထောက်ပြမှုကိုလက်ခံရန်နှင့် စာနယ်ဇင်းသမားများအား ရာဇဝတ်မှုဆိုင်ရာပုဒ်မများဖြင့် အရေးယူခြင်းမပြုရန်၊ စာနယ်ဇင်းများအပေါ် သည်းခံရန် HRW အမှုဆောင် ဒါရိုက်တာ Kenneth Roth က တောင်းဆိုခဲ့သည်။

via သတင်း http://ift.tt/1AQu95E http://ift.tt/1mP7bZA

လက်ပံတောင်းပဋိပက္ခတွင် ရဲပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ လူ ၂၀ ခန့် ဒဏ်ရာရ

လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာမှာ ရဲနဲ့ ဒေသခံတွေအကြား  ပဋိပက္ခဖြစ်ရာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၅၀ အရွယ် ရွာသူတဦး[…]

The post လက်ပံတောင်းပဋိပက္ခတွင် ရဲပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ လူ ၂၀ ခန့် ဒဏ်ရာရ appeared first on DVB.

via DVB | DVB http://ift.tt/1AWW2IU http://burmese.dvb.no

ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ဈေးသည်များ ဆန္ဒပြ

 ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းချခွင့်ကို ဒေသအာဏာပိုင်တို့က ပိတ်ပင်လိုက်ခြင်းကြောင့် ဈေးသည် တစ်ရာကျော် က ချောင်းသာရှိ ဟိုတယ်များရှေ့နှင့် ကမ်းခြေသောင်ပြင်တို့တွင် နိုဝင်ဘာ ၁၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

via Burma News International | Burmese Version http://ift.tt/1xbdzA4 http://ift.tt/1pKcsBd