Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-12 06:33:58

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/p100x100/10846054_772888306079861_2847714657620211234_n.jpg?oh=40fcd5a2e256d8e2c6ed3d9382c7fdcd&oe=55424A39&__gda__=1430489823_7a25f1856836ef06d3a9681f18833a3a

Min Thawe Thit

စစ်တစ်ပိုင်းအစိုးရ၏အမျိုးသားပညာရေးဥပဒေအားတစ်နိုင်ငံလုံးရှိနယ်ခရိုင်အသီးသီးတွင်သပိတ်မှောက်ဆန္ဒပြမှုများကြောင့်ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုခံထားရသောဗကသကျောင်းသားအရေအတွက်မှာယနေ့ထိ(၁၉)ဦးရှိသွားပြီဖြစ်ပြီးပညာရေးဥပဒေသပိတ်မှောက်ပွဲများသို့ဗကသကျောင်းသားများနှင့်အတူပူးပေါင်းပါဝင်သပိတ်မှောက်ခဲ့သဖြင့်ပုဒ်မ(၁၈)ဖြင့်ပင်တရားစွဲဆိုခံထားရသောတက်ကြွလှုပ်ရှားသူအရေအတွက်မှာ(၁၀)ဦးရှိသဖြင့်စစ်တစ်ပိုင်းအစိုးရ၏အမျိုးသားပညာရေးဥပဒေကြောင့်တရားစွဲဆိုခံထားရသောနိုင်ငံရေးတက်ကြွလှုပ်ရှားသူဝန်းရံအင်အားစုများနှင့်ဗကသကျောင်းသားများစုစုပေါင်းဦးရေမှာ(၂၉)ဦးရှိသွားပြီဖြစ်ပါသည်။ မင်းသွေးသစ် ဗကသများအဖွဲ့ချုပ်

သိမ်းပိုက်ခံလယ်ယာ ပြန်လည်ရရှိရေး ကသာမြို့မှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်မှာ ကုမ္ပဏီ ၇ ခုက သိမ်းဆည်းထားတဲ့ ဥယျာဉ် ခြံမြေဧက တစ်သောင်း ခြောက်ထောင်ကျော်ကို ပြန်လည်ရ ရှိဖို့အတွက် တောင်သူလယ်သမား တစ်ရာကျော်က ကသာမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ တုံလုံကျေးရွာနေ တောင်သူ ကိုနေဝင်းက အခုတောင်းဆိုမှုဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်နေတယ်လို့ ပြောပါတယ်။
"အသိမ်းခံလယ်ယာမြေဧက တစ်သောင်းခြောက်ေ

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1yVrvgn http://ift.tt/Y2RpwJ

မိကျောင်းကန်လူထု ထပ်မံဆန္ဒပြ

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာ ဗန္ဓုလပန်းခြံနံဘေးမှာ ၉ လနီးပါးဖွင့်ထား ခဲ့တဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြ သူ ၁၀၀ ကျော်ဟာ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ လမ်းလျှောက်လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

via သတင်းများ http://ift.tt/1yVrqcz http://www.rfa.org

“အရင်တုန်းက လေးပွင့်တောင်းတုန်းက ၁၄ ယောက်တွေ့သလိုလို၊ ဘာလိုလို။ နောက် ခြောက်ပွင်…

“အရင်တုန်းက လေးပွင့်တောင်းတုန်းက ၁၄ ယောက်တွေ့သလိုလို၊ ဘာလိုလို။ နောက် ခြောက်ပွင့်ဆိုင်၊ ခု ၁၂ ပွင့်ဆိုင်၊ အဲ့လို ဟာတွေလုပ်တာကတော့ ကျွန်မ အနေနဲ့ တကယ့်ဆွေးနွေးပွဲတွေ မဖြစ်မြောက်အောင် ဦးတည်တယ်လို့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


[News] ဘယ်နှစ်ပွင့်ဆိုင်တွေ့ဖို့ အစိုးရ စဉ်းစားနေသလဲ
http://ift.tt/WeDLUX
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းထားတဲ့ ခြောက်ပွင့်ဆိုင်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည် ပြုထ…

via The Voice Weekly’s Facebook Wall http://ift.tt/1GpjaBL http://ift.tt/g8FRpY

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် ညီလာခံ…

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် ညီလာခံကျင်းပမယ် ဟုဆို

နိုင်ငံရေးပြဿနာတွေကို စုပေါင်းဖြေရှင်းနိုင်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မှာဖြစ်တယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးဇိုဇမ်က ပြောပါတယ်။

အဲ့ဒီညီလာခံကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မှာ ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအနာဂတ်အတွက် ဘုံသဘောတူညီမှု ရယူသွားမှာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

“လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ပြည်တွင်း တိုင်းရင်းသားပါတီတွေ တွေ့ဆုံပွဲကို ပထမဆုံးအကြိမ် ပြည်တွင်းမှာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ တိုင်းရင်းသားတွေရဲ့ အနာဂတ် သေသေချာချာ ဆုံးဖြတ်နိုင်အောင်လို့ပါ။ တိုင်းရင်းသား အရေးကို ဆေးမြီးတိုနဲ့ ကုတာထက် ရေရှည် မျှော်မှန်းချက်တွေကို မျက်နှာစုံညီ ဆွေးနွေးမယ်” လို့ ဦးဇိုဇမ်က ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီညီလာခံမှ တိုင်းရင်းသားကိုယ်စားပြု ခေါင်းဆောင်တွေကို လူမျိုးစုအလိုက် ရွေးချယ်သတ်မှတ်သွားမှာ ဖြစ်ပြီး ပြည်တွင်းမှာ ပြုလုပ်မှာဖြစ်တာကြောင့် အစိုးရဆီက ခွင့်ပြုချက် တောင်းရဦးမယ် လို့လည်း ဆိုထားပါတယ်။

via The Voice Weekly’s Facebook Wall http://ift.tt/1IFsYvi http://ift.tt/g8FRpY

ဖွံ့ဖြိုးရေးဂျာနယ် သတင်းထောက်တစ်ဦး ကိုယ်ထိလက်ရောက်စော်ကားခံရမှု သတင်းစာရှင်းလင်းပွဲပြုလုပ်

ရခိုင်ပြည်နယ် အခြေပြု ထုတ်ဝေသော ဖွံ့ဖြိုးရေးဂျာနယ်မှ အကြီးတန်းသတင်းထောက် တစ်ဦးကို  စစ်တွေမြို့ ဆိပ်ကမ်း ၀န်ထမ်းတစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖွံ့ဖြိုးရေးဂျာနယ်ရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဖွံ့ဖြိုးရေး ဂျာနယ်မှ အယ်ဒီတာအဖွဲ့ တစ်ဦးဖြစ်သူ ဦးမိုးဇော်က စစ်တွေမြို့ ဆိပ်ကမ်းမှ ဂိတ်စောင့် တစ်ဦးဖြစ်သော ဦးကျော်မျိုးထွန်း (ခ) ပေါင်ပေါင်ဆိုသူမှ သတင်းရယူရန် သွားရောက်သော ဖွံ့ဖြိုးရေး ဂျာနယ် အကြီးတန်း သတင်းထောက် ဦးကျော်လင်းအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ပြောဆိုသည်။ သို့အတွက် ယခု သတင်းစာရှင်းလင်းပွဲ ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

fekagtjr

ယခု လုပ်ရပ်သည် လွတ်လပ်စာ သတင်းရယူခွင့်ကို ထိခိုက်သလို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ပြောဆို ထားသော အစိုးရ ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ခွင့်ပြုထားချက်ကိုလည်း ထိခိုက်ရာ ရောက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးမိုးဇော်က ပြောကြားသည်။

“ဖွံ့ဖြိုးရေးဂျာနယ်ဟာ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်တာမရှိဘူး။ ဘယ်သူ့နဲ့မှလည်း ပဋိပက္ခမရှိဘူး။ ဆိပ်ကမ်း အာဏာပိုင်ထံမှ သတင်းသွားယူတာကို ဒီလိုမျိုးဆက်ဆံလုပ်ဆောင်တာဟာ လွတ်လပ်စွာ သတင်းယူခွင့် မရှိဘူးဆိုတာကို ဖေါ်ပြနေတာပဲ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဘယ်ဌာနကမဆို လွတ်လွတ်လပ်လပ် သတင်းသွားယူလို့ ရတယ်လို့ မီဒီယာကို ရှင်းလင်းထားတယ်။ အပေါ်က ခွင့်ပြုပေမယ့် အောက်ကလူတွေက နားလည်မှု မရှိကြသေးဘူး” ဟု သူက ဆိုသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရှင်းလင်းရာတွင် ဖွံ့ဖြိုးရေးဂျာနယ်မှ အကြီးတန်းသတင်းထောက် ဦးကျော်လင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်း အရာရှိထံသို့ ဒီဇင်ဘာလ ၃ ရက်နေ့က သတင်းသွားယူစဉ် ဂိတ်စောင့်တစ်ယောက်နှင့် စကားအချအတင်ဖြစ်ပြီး ဂိတ်စောင့်က ဦးကျော်လင်းကို ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သည်ဟု ဆိုသည်။

ယင်းကိုယ်ထိ လက်ရောက် ကျူးလွန်မှုနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးရေး ဂျာနယ် တာဝန်ရှိသူများက ရခိုင်ပြည်နယ် ဆိပ်ကမ်းအရာရှိသို့ ကန့်ကွက်စာရေးသားပေးပို့ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ဆိပ်ကမ်း ပြည်နယ်ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေးအား  ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းရုံးသို့ သွားရောက်ပြီး နိရဉ္စရာက မေးမြန်းရာ ပြည်နယ်ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေးက ယခုလို ပြောဆိုသည်။

“သူသတင်းလာယူတဲ့အချိန်မှာ ကျွန်တော်တို့က အစည်းအဝေးလုပ်တဲ့ အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ ဂိတ်စောင့်က ခဏစောင့်ပါလို့ ပြောတာကို သူကမစောင့်နိုင်ဘူးလို့ ပြန်ဖြေတယ်လို့သိရပါတယ်။ ဂိတ်စောင့်ဆီက ဖုန်းနံပတ်တောင်းတော့ ဂိတ်စောင့်ကလည်းပေးမယ်လည်း မပြောဘူး၊ မပေးဘူးလို့လဲ မပြောဘူး။ ဒီလိုနဲ့ အချင်းချင်း စတင် စကားအချေအတင် ဖြစ်ကြတယ်လို့ သိရတယ်” ဟု ပြည်နယ်ဆိပ်ကမ်းအရာရှိက ပြောသည်။

ယင်းပြင် ဂိတ်စောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှု မလုပ်ခဲ့ကြောင်း ပြောကြားသည်ဟု ဦးထွန်းဌေးက ဆိုသည်။

“အဲဒီလို အချေအတင်ဖြစ်ကြတဲ့အချိန်မှာ သူတို့သတင်းထောက်က ဂိတ်စောင့်ပြောတာတွေကို အသံဖမ်းမယ်လို့ လုပ်တော့ ဂိတ်စောင့်ကလည်း သူ့လက်ကိုင်ဖုန်းနဲ့ ဓါတ်ပုံရိုက်ဖို့ လုပ်တဲ့အခါမှာ အဲ့ဒီသတင်းထောက်က လက်နဲ့ ပုတ်လိုက်တဲ့ အတွက် ဂိတ်စောင့်ရဲ့ ဖုန်းလွင့်စင်ကျသွားပါတယ်။ ဂိတ်စောင့်က သူမထိုးဘူးလို့ ပြောတယ်” ဟု သူက ဆိုသည်။

ကိုယ်ထိ လက်ရောက် စော်ကားခဲ့သည်ဟု စွပ်စွဲခံရသူ ဂိတ်စောင့် ဖြစ်သူ ဦးကျော်မျိုးထွန်း (ခ) ပေါင်ပေါင်အား မေးမြန်းရာ ဖြစ်ပွားပုံအသေးစိပ်ကို အထက်အရာရှိ ရှင်းပြသည့်အတိုင်း နိရဉ္စရာသတင်းဌာနသို့ ထပ်မံ ရှင်းပြခဲ့သည်။

ဖွံ့ဖြိုးရေးဂျာနယ်မှ သူတို့စာထုတ်ထားသည့်အတိုင်း ဆိပ်ကမ်း အာဏာပိုင်များ အနေဖြင့် တစ်စုံတစ်ရာ တုန့်ပြန်မှု လုပ်ဆောင်ခြင်း မရှိပါက နောက်ထပ် သုံးရက်ထိ စောင့်ကြည့်မည် ဖြစ်ပြီး နောက်ထပ်လုပ် သင့်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

via သတင်း http://ift.tt/1up9UHl http://ift.tt/1mP7bZA

အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို ======…

အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို
======

ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့် ဆိုင်နှင့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု နည်းလမ်းသုံးခုလုံးကို သမ္မ တက ချင့်ချိန်စဉ်းစားနေပြီး တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ် နိုင်မည့် ဆုံးဖြတ်ချက်တစ်ခုကို လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အသိပေးမည်ဖြစ်သည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

သတင်းအပြည့်အစုံ ………. http://ift.tt/168O9a8


အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို
7daydaily.com
ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့် ဆိုင်နှင့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု နည်းလမ်းသုံးခုလုံးကို သမ္မ တက ချင့်ချိန်စဉ်းစားနေပြီး တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ် နိုင်မည့် ဆုံးဖြတ်ချက်တစ်ခုကို လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အသိပေးမည်ဖြစ်သည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။ ဒီဇင်ဘာ ၁၀ ရက်က ရန်…

via 7Day News Journal’s Facebook Wall http://ift.tt/168O7z9 http://ift.tt/g8FRpY

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-10 09:51:10


၆၆ ကြိမ်မြောက် လူ့အခွင့်အရေးနေ့အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ပေးပို့သော သ၀ဏ်လွှာ

၆၆ ကြိမ်မြောက် လူ့အခွင့်အရေးနေ့အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှပေးပို့သော သ၀ဏ်လွှာ ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း မဖြစ်မနေ

http://aappb.org/bu/2014/12 အေအေပီပီမှ နိုဝင်ဘာလအတွက် နိုင်ငံရေးဖြစ်စဉ်များအပေါ်…

http://aappb.org/bu/2014/12
အေအေပီပီမှ နိုဝင်ဘာလအတွက် နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်


AAPP | Assistance Association for Political Prisoners (Burma) » Blog Archive » အေအေပီပီမှ…
aappb.org
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၇၂) ဦး မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဆက်လက် ကျန်ရှိနေပြီး တက်ကြွလှုပ်ရှားသူ ၁၃၆ ဦးတို့သည် တရားရင်ဆိုင် နေကြရပါသည်။ ၂၀၁၄ ခုနှစ် ကုန်ဆုံးရန် လ တစ်လသာ ကျန် သော်လည်း မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်များ၊ လူ့အခွင့် အရေး ကာကွယ် စောင…

http://aappb.org/2014/12/aapp-monthly-chronology-for-november-2014/ AAPP Monthly…

http://aappb.org/2014/12/aapp-monthly-chronology-for-november-2014/
AAPP Monthly Chronology for November 2014


AAPP | Assistance Association for Political Prisoners (Burma) » Blog Archive » AAPP Monthly…
aappb.org
Summary of the current Situation As of the end of November, 72 political activists remained in prison, while 136 are awaiting trial. With only a month remaining in 2014, the situation faced by political activists, human rights workers, and journalists within Burma continues to be one of repression.…

ကချင်ဒုက္ခသည်တွေ ဆောင်းတွင်းအခက်ကြုံ

ကချင်ပြည်နယ်တွင်း စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ လုံခြုံရေးအရ ကန့်သတ်တားဆီးမှုတွေ ရှိနေတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ စစ်ပြေးဒုက္ခသည်စခန်းတွေဆီ မရောက်ရှိနိုင်ဘူး ဖြစ်နေပါတယ်။
ကေအိုင်အို ထိန်းချုပ်နယ်မြေက ဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ၊ ဆောင်းတွင်းကာလ ရာသီဥတု အခက်အခဲနဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အလေးအနက်ထား ဆောင်ရွက်ပေးပါလို့ ကချင့်အရေး လှုပ်ရှားသူတွေက…

via Voice of America http://ift.tt/12oAKbS http://ift.tt/Tf1V41

အမျိုးသားစာပေဆု လွတ်လပ်စွာရွေးချယ် ချီးမြှင့်နိုင်ပြီ

၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ရာမှာ ၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဆရာကြီး စည်သူ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)နဲ့ ဆရာကြီး ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး) တို့ကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဆုကြေးငွေ ၂၅ သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

via သတင်းများ http://ift.tt/1uj0FsT http://www.rfa.org

၂၀၁၄ ကရင့်ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံးတွင် ကေအဲန်ယူ ဥက္ကဌဟောင်း မန်းဘဇံပုံ ထည့်သုံး

ဒီဇင်ဘာ ၉ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ(မဟာရန်ကုန်)က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ်၊ ကရင့်ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံးအတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ) ဥက္ကဋ္ဌဟောင်း မန်းဘဇံပုံကို အသုံးပြုကာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ထုတ်ဝေဖြန့်ချိသွားမည်ဟု ကော်မတီအတွင်းရေး မှူး စောလှထွန်းက ပြောသည်။ ၎င်းက “ဒီနှစ်အတွက် ကရင့်ကြေးမုံ အခုဒီဇင်ဘာ ဒုတိယ အပတ်အတွင်း ထွက်မယ်။ မျက်နှာဖုံးပုံကတော့ ကရင်အမျိုးသားတွေ ရော၊ အခြားတိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းတွေကပါသိတဲ့ ကေအဲန်ယူဥက္ကဌဟောင်း မန်းဘဇံပုံနဲ့ ထုတ်မယ်။ သူက ဒီဘက် ခြမ်းမှာ စောဘဦးကြီးပြီးရင် လူသိများသလို သူတို့လို သဘောတရားရေးရာရော၊ လက်တွေ့ပိုင်းပါ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင် မျိုးကို သတိပြုမိဖို့ပါ”ဟု ကေအိုင်စီသို့ ပြောသည်။ […]

via ကေအိုင်စီ – KIC News http://ift.tt/1Iw5bOw http://kicnews.org

၁၂ ပွင့်ဆိုင်ဆွေးနွေးရေး ရန်ကုန်တိုင်းလွှတ်တော်မှာ အဆိုတင်သွင်း

နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ပိုပြီး ပါဝင်နိုင်မယ့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပေးဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းခဲ့ပါတယ်။
နိုင်ငံရေး အင်အားစုတွေကတော့ အခုလို အရေးပါတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်တိုက် အဆိုတင်သွင်း တောင်းဆိုလာတာကို အလေးအနက်ထား စဉ်းစားဖို့ ပြောဆိုလာကြပါတယ်။ အစိုးရဘက်ကရော ဘယ်လိုတုံ့ပြန်မှုတွေရှိလဲ ဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြ မှာပါ။
ပြည်ထောင်စုလွှတ်တော်မှာ…

via Voice of America http://ift.tt/12oUFHD http://ift.tt/Tf1V41

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-08 04:31:00


ရေတာရှည် လယ်သမား ၁၀၀ ကျော်အမှု NLD ကူညီနိုင်ရေး ဆွေးနွေး
www.rfa.org
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်အတွင်းက တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁ဝဝ ကျော်အမှုကို လိုက်လံကူညီပေးဖို့ ရေတာရှည် အန်အယ်လ်ဒီရုံး မှာ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လယ်သမားမိသားစုဝင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-07 09:40:25

https://fbcdn-profile-a.akamaihd.net/hprofile-ak-xfa1/v/t1.0-1/s100x100/390383_10200633756353788_2068104696_n.jpg?oh=dbb9e8452b5ae056abc4fab194c11bfc&oe=5546AE5F&__gda__=1425968789_3f0fb414e349cbd3aac7fab0e870c1d3

Aung Pan

၄၃၆ ပြင်င်ဆင်ရေးလက်မှတ်ထိုး၍ ထောင်ကျသွားသည့် တပ်အရာရှိကို ပထမဆုံးအကြိမ်ထောင်ဝင်စာတွေ့ခွင့်ရByအေးသူစံOn Sun, 2014၄၃၆ပြင်ဆင်ရေးလှုပ် ရှားမှုတွင် လက်မှတ်ရေးထိုးခဲ့သ ဖြင့် ထောင်ဒဏ်၂နှစ်ချမှတ်ခံရသည့် ဗိုလ်မှူးကျော်စွာဝင်းအား မန္တလေးအိုးဘိုထောင်သို့ ရွှေ့ပြောင်းလိုက်ပြီးနောက် ဒီဇင်ဘာ ၅ရက် တွင် မိသားစုက ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ဆုံခွင့်ရရှိခဲ့ ကြောင်း သတင်းရရှိသည်။ဗိုလ်မှူးကျော်စွာဝင်းကို ဒီဇင်ဘာ ၅ရက်က ပြင်ဦးလွင်စစ် တရားရုံးက တပ်မတော်အတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရအ မိန့် ညွှန်ကြားချက်များကို လိုက် နာရန်ပျက်ကွက်ခြင်း ပုဒ် ၄၁(င) တပ်မတော်သားတစ်ဦးနှင့် မသင့်လျော်သောပြစ်မှုပုဒ်မ၆၅ စသည့်ပုဒ်မများဖြင့် ထောင်၂နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီး ငါးလအတွင်း ယခုထောင်ဝင်စာမှာ မိသားစုက ပထမဆုံးအကြိမ်တွေ့ခွင့်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကျော်စွာဝင်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ဗိုလ်မှူးကျော်စွာဝင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တပ်မှူးအဖြစ်တာဝန်ထမ်း ဆောင်စဉ် ၂၀၁၄ခုနှစ် ဇူလိုင် ၇ ရက်က ပြင်ဦးလွင်သို့ တပ်တာဝန် ဖြင့်လာရောက်ရာ ပြင်ဦးလွင်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ ပူးပေါင်းလုပ်ဆောင် နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ပြင်ဆင်ရေးတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ် သည်။လက်မှတ်ရေးထိုးခဲ့သည့် ဇူလိုင် ၇ရက်တွင်ပင် ဖမ်းဆီးခံရ ပြီးနောက် ပြင်ဦးလွင်တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်း၌ ဖမ်းဆီးချုပ် နှောင်ခြင်းခံရသည်။ သြဂုတ်လတွင် တပ်တွင်းခုံရုံးဖွဲ့စစ်ဆေးပြီး နောက် ဒီဇင်ဘာတွင် ထောင် ၂နှစ် ချလိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိ ရှိရသည်။‘‘ထောင်ကျပြီဆိုတော့ တပ် အချုပ်ကနေ မန္တလေးအိုးဘို ထောင်ကိုရွှေ့ပေးတယ်။ အိုးဘို ထောင်မှာ မိသားစုနဲ့ နည်းနည်း ပါးပါးစကားပြောဆိုနှုတ်ဆက်ခွင့် ရတယ်။ ဖမ်းသွားပြီးကတည်းက ဒါ ပထမဆုံးအကြိမ်တွေ့ခွင့်ရ တာ။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ သူကတော့ ပုဒ်မ ၄၃၆လက်မှတ်ထိုးလို့ထောင်ကျခံ ရတယ်လို့ပြောတယ်’’ဟု ဗိုလ်မှူး ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ဗိုလ်မှူးကျော်စွာဝင်းစတင် ဖမ်းဆီးခံရသည့်သတင်းများထွက် ပေါ်စဉ် ပုဒ်မ ၄၃၆လက်မှတ် ရေးထိုးခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ပေါ့ဆမှုကြောင့် တပ်ကြပ် ကြီးတစ်ဦးသေဆုံးသွားသည့်အမှု အတွက် အရေးယူခြင်းဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးကပြောကြားခဲ့သည်။သို့ သော် ထိုပြစ်မှုမှာ ၂၀၁၃ခုနှစ်က တည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်သက်ခံစား ခွင့်သုံးနှစ် လျှော့ချသည့်ပြစ် ဒဏ်ဖြင့် အရေးယူထားပြီးဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြော သည်။ တပ်မတော်တွင် ပုဒ်မ ၄၃၆ ကို လက်မှတ်မရေးထိုးရန် တား မြစ်ထားခြင်းမရှိကြောင်း၊ သို့ သော် တပ်မိသားစုများအနေဖြင့် အထက်အဆင့်အကြီးအကဲများ ၏ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားမှု များတွင် ပါဝင်လေ့မရှိသည်မှာ အလိုအလျောက်လိုက်နာရမည့် တာဝန်တစ်ရပ်ကဲ့သို့ဖြစ်နေ ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။တစ်ဦးတစ်ယောက်၏ စည်း ကမ်းမဲ့မှု၊ အကျင့်စာရိတ္တချို့ယွင်း မှုကြောင့် တပ်မတော်တစ်ခုလုံး ကို ထိခိုက်စေနိုင်သည့်၊ စည်းရုံး ရေးကို ထိခိုက်စေနိုင်သည့်လုပ် ရပ်များမဖြစ်ပွားရအောင် အထူး အလေးထားဆောင်ရွက်သွားကြ ရန်လိုကြောင်း ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဒီဇင်ဘာ ၅ရက်က ပြုလုပ် သည့် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅၆)သင် တန်းဆင်းပွဲအခမ်းအနားမိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့ သည်။‘‘တကယ်တော့ သူက တပ် ကနေ ခံစားခွင့်သုံးနှစ်ထိထား တယ်။ နောက် ထွက်ခွင့်တင် တယ်။တပ်က ထွက်ခွင့်ကို ငြင်း ထားတယ်။ တကယ်တမ်းတပ်မှာ ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ ပြောထားပြီးသား။ ဒီညွှန်ကြား ချက်ရှိရက်နဲ့ တပ်ယူနီဖောင်းနဲ့ ပါတီတစ်ခုရဲ့ လှုပ်ရှားမှုကိုသွား လက်မှတ်ထိုးရင် သေချာပေါက် အရေးယူခံရမယ်ဆိုတာသူသိပြီး သားပါ။ တပ်ရဲ့ ရိုးရိုးခွင့်မဲ့ပျက် ကွက်ရင်တောင်ထောင်တစ်နှစ်ချ လို့ရတယ်’’ဟု ယခင်တပ်မတော် သားဟောင်းတစ်ဦးက ပြော သည်။ အင်န်အယ်လ်ဒီနှင့် ၈၈တို့ ပူးပေါင်းသည့် ပုဒ်မ ၄၃၆ပြင်ဆင် ရေးလှုပ်ရှားမှုတွင် အစိုးရ၀န် ထမ်းများ၊ တပ်မတော်သား၊ အောက်ခြေအဆင့်ဝန်ထမ်းအချို့ နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်လက် မှတ်ရေးထိုးမှုများရှိခဲ့သော်လည်း ဗိုလ်မှူးကျော်စွာဝင်းတစ်ဦး တည်းသာ လက်ရှိအချိန်တွင် အ ရေးယူခံရခြင်းဖြစ်သည်။ဗိုလ်မှူးကျော်စွာဝင်းမှာ ထောင်၂နှစ်ချမှတ်ခံရချိန်တွင် တပ်မတော်သားအဖြစ်မှ ရပ်စဲ လိုက်သော်လည်း ၎င်း၏ စစ်မှု ထမ်းသက် ၁၄နှစ်၏ ပင်စင်ခံစား ခွင့်နှင့်လုပ်သက်လစာခံစားခွင့် များကို တပ်မတော်ကပေးအပ် မည်ဖြစ်ပြီး ထောင်ဒဏ်ကျခံနေ ချိန်တွင် ဇနီးနှင့်သားသမီးနှစ်ဦး ပြင်ပတွင် ကျန်ရစ်ခဲ့သည်။

Assistance Association for Political Prisoners (Burma)'s Facebook Wall 2014-12-06 09:40:03


ဦးပိုင်ကုမ္ပဏီ တရားစွဲထားတဲ့ လယ်သမား ၃၃ ဦးအမှု စတင်စစ်ဆေး
www.rfa.org
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလာမြိုင်ကျေးရွာက လယ်သမား ၃၃ ဦးကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုထားမှုကို ကျောက်တန်း မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။