Monthly Archives: April, 2015

Political Prisoners Related
0


Mobile Uploads
#လူသားဆန်စွာလူ့အခွင့်အရေးပေးပါ

ရဲဘော်ပဲကြီး၏မျက်လုံးမှာထိခိုက်ဒဏ်ရာရှိထားသည်ကိုထောင်တာဝန်ရှိသူများအပါဝင်ထောင်တွင်းတာဝန်ယူကုသရသည့်တာဝန်ကျဆရာဝန်လည်းသိရှိပါသည်။မျက်လုံးသည်လူ့ဘဝအတွက်အရေးပါသောအစိတ်ပိုင်းတစ်ခုဖြစ်သလိုဆရာဝန်တိုင်းလည်းကုသ၍မရနိုင်ဟုနားလည်သိရှိထားပါသည်။သက်ဆိုင်ရာမျက်စိအထူးပြုဘွဲ့ယူထားသောဆရာဝန်များသာကုသနိုင်ပါသည် ။ဥပဒေနည်းလမ်းများအရလည်းကောင်း
လူသားတို့၏ခံစားထိုက်သောလူ့အခွင့်အရေးရလည်းကောင်း
ရဲဘော်ပဲကြီးအားမျက်စိအထူးကုဆဝန်များဖြင့်ပြသကုသခွင့်ပြုပေးပါရန်သက်ဆိုင်ရာတာဝန်ရှိသူများသို့သတိတရမေ့လျော့ပေါ့ဆမှုမရှိစေရန်တိုက်တွန်းတောင်းဆိုအပ်ပါသည် ။

Political Prisoners Related
0

ဒိုက်ဦးမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများ အကြမ်းဖက်မှုကို ဆန့်ကျင်သူများစုပေါင်း၍ ဧပြီလ ၁၀ ရက်နေ့က လက်ပန်တန်းအကြမ်းဖက်ခံရမှု တလပြည့်အထိမ်းအမှတ် ဓါတ်ပုံကန်ပိမ်း၊ လက်ဝါးကန်ပိမ်း လှုပ်ရှားမှုများ စုပေါင်းပြုလုပ်ခဲ့ကြပါသည်။


Campaign at Daike Oo Township on 10 Apr 2015
ဒိုက်ဦးမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများ အကြမ်းဖက်မှုကို ဆန့်ကျင်သူများစုပေါင်း၍ ဧပြီလ ၁၀ ရက်နေ့က လက်ပန်တန်းအကြမ်းဖက်ခံရမှု တလပြည့်အထိမ်းအမှတ် ဓါတ်ပုံကန်ပိမ်း၊ လက်ဝါးကန်ပိမ်း လှုပ်ရှားမှုများ စုပေါင်းပြုလုပ်ခဲ့ကြပါသည်။

Political Prisoners Related
0


Timeline Photos
ရုံးချိန်းသုံးကြိမ်မြောက် ခိုးကြောင်ခိုးဝှက် စစ်ဆေးနေတဲ့ ကိုပါကြီး သတ်ဖြတ်ခံရမှု

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်းပိုင်းက ကျိုက်မရောမြို့ပေါ်မှာ ဖမ်းဆီးခံရပြီး၊ စစ်တပ်ရဲ့ နှပ်စက်သတ်ဖြတ်ခြင်းခံလိုက်ရတဲ့ ကိုပါကြီး သေမှုသေခင်းအမှုကို ကာယကံရှင် မိသားစုတွေကို အကြောင်းကြားအသိပေးခြင်းမရှိဘဲ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တရားရုံးမှာ စစ်ဆေးမှုတွေလုပ်နေတာ ရုံးချိန်းသုံးကြိမ်ရှိခဲ့ပြီးလို့ သေဆုံးသူ ကိုပါကြီးရဲ့ဇနီး မသန္တာ ပြောပြချက်အရ သိရှိရပါတယ်။

“ပထမရုံးချိန်းကို
ဒီလ ၁၀ ရက်နေ့၊ ဒုတိယရုံးချိန်းကို ၂၃ ရက်နေ့ ၊ တတိယရုံးချိန်းကို ဒီကနေ့ ၃၀ ရက်နေ့ နဲ့ပါဆို သုံးကြိမ်ရှိနေပြီ၊ မိသားစုဝင်တွေကို အကြောင်းမကြားခဲ့ကြဘူး၊ တရားသူကြီးမေးကြည့်တာ့ စာတိုက်ကနေ အကြောင်းကြားတယ်တဲ့၊ ဒါဆို စာတိုက်ကပို့တယ်ဆိုရင် စာပို့ပြီးကြောင်း ဖြတ်ပိုင်းပြပါဆိုတော့ သူမပြနိုင်ဘူး၊ ဘာပဲပြောပြော ကာယကံရှင်တွေ မသိဘဲ၊ အကြောင်းမကြားဘဲ စစ်ဆေးနေတာဆိုရင်တော့ ခိုးကြောင်ခိုးဝှက်လုပ်တာ ဖြစ်တယ်” လို့ ဒီကနေ့ ကျိုက်မရောမြို့နယ်က ရုံးချိန်းနေ့ကို လိုက်သွားတဲ့ ကိုပါကြီး မိတ်ဆွေတဦးက ပြောပြတာ ဖြစ်ပါတယ်။

ကိုပါကြီး အမှုကို ကျိုက်မရောမြို့နယ် တရားရုံးမှာ အမှုတင်နေတယ်ဆိုတာကိုလည်း သတင်းထောက်တဦးက ပြောပြမှ ကာယကံရှင်တွေ သိရတာဖြစ်ပြီး၊ တရားဝင် အကြောင်းကြား အသိပေးခြင်း မရှိဘူးလို့ မသန္တာ က ဆိုပါတယ်။

ဒီကနေ့ ကျိုက်မရောမြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီး ဦးသက်အောင် ဦးဆောင်စစ်ဆေးနေတဲ့ ကိုပါကြီး သေမှုသေခင်းကို အစိုးရက တရားလိုလုပ် စစ်ဆေးနေပြီး မျက်မြင်သက်သေအဖြစ် ကျိုက်မရော ကမ်းနားလှေဆိပ်က ဖုန်းမြင့် (သတင်းပေး အင်ဖော်မာ) ၊ လှမြင့်စိုး (ခ) အကွေ့ (ကိုပါကြီး ကို မောင်းပို့တဲ့ ဆိုင်ကယ်သမား) နဲ့ ဦးဖေသန်း (ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူး) တို့ကိုလည်း စစ်ဆေးနေတယ်လို့ သိရတယ်။

Photo by @[100003403569376:2048:Moe KYaw]
ယမုန်နာရဲ့ ဓါတ်ပုံ

Political Prisoners Related
0


Timeline Photos
Cherie Blair, former first lady of Britain, is in solidarity with Myanmar students.
ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲ ရဲ့ ဇနီး ချားလ် ဘလဲ အနေ နဲ့ လည်း မြန်မာနိုင်ငံ က ကျောင်းသားတွေ ကို ထောက်ခံ ပြီး အတူရှိကြောင်းပြောခဲ့ပါတယ်…
#wearemmstudents

Former First Lady of #Britain, Cherie Blair pledges her solidarity with the imprisoned students in #Myanmar. She is shown here in a picture with Dr. SeinenuThein-Lemelson at an event for Same Sky. In addition to being a fundraiser for Same Sky, the event was organized to raise awareness about the plight of imprisoned students in Myanmar and the history of political violence directed specifically at Myanmar students. #CherieBlair

Political Prisoners Related
0


ဦးပိုင် ဝမ်ပေါင် ကိုကျောက်တံတားမြို့နယ်တရားရုံတွင်သေဆုံးကြောင်းမာချနေသောဒေါ်လေးလေးအဖွဲ့ယနေ့ဒေါ်လေးလေးနှင့်ဦးဘမြင့် ကိုဌေးအောင် တို့ကိုပုဒ်မ၁၈ဖြင့်၎င်းအမှုတွဲသုံးဦးးအလုပ်နှင့်ထောင်၃လချမှတ်လိုက်ပြီးအင်းစိန်ထောင် အပြန်တရုတ်များသေဆုံးလျှင်စက္ကူ ဖ ရောင် တိုင် အမွေးတိုင် များထွန်ညှိပြီးစက္ကူမီးရှုံ့သရုပ်ပုံပေါ်ဆန္ဒပြခြင်းဖြစ်သည်၎င်းတို့သုံးဦးသည်ထိုင်းနိုင် ငံမှခိုထောင် ကျွန်းလူသတ်မှုကိုဆန္ဒထုတ်ဖေါ်မှုကြောင့်ပုဒ်မ၁၈ဖြင်ထောင်၃လချမှတ်ခြင်ဖြစ်သည်ကျော်လွင်(သတင်းမှတ်တမ်းယာယီ)M.D.C.F

Political Prisoners Related
0

https://fbcdn-profile-a.akamaihd.net/hprofile-ak-xta1/v/t1.0-1/p100x100/11129550_1388811671442720_659195059436076632_n.jpg?oh=9943b39ba8419d874e4967dcf0b090d7&oe=55DD6616&__gda__=1440038712_8837cd6236835742ca831afd280a2211

Naing Ye Wai Paleik

မနက်ဖြန်ညနေ(၃)နာရီရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှကိုဇင်ကိုသန့်အားဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီးသတင်းစာရှင်လင်ပွဲပြုလုပ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍သတင်းမီဒီယာသမားများအားလုံးတက်ရောက်သတင်ယူနိုင်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။အချိန် ညနေ(၃)နာရီနေရာ တောင်ခွင်မင်းကြီးကျောင်းတိုက် ၄၀.၄၁ကြား .၈၆လမ်းနိုင်ရဲဝေဥက္ကဌရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ09257208664. 09978075816

Political Prisoners Related
0

https://fbcdn-profile-a.akamaihd.net/hprofile-ak-xta1/v/t1.0-1/p100x100/11129550_1388811671442720_659195059436076632_n.jpg?oh=9943b39ba8419d874e4967dcf0b090d7&oe=55DD6616&__gda__=1440038712_8837cd6236835742ca831afd280a2211

Naing Ye Wai Paleik

မနက်ဖြန်ညနေ(၃)နာရီရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှကိုဇင်ကိုသန့်အားဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီးသတင်းစာရှင်လင်ပွဲပြုလုပ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍သတင်းမီဒီယာသမားများအားလုံးတက်ရောက်သတင်ယူနိုင်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။အချိန် ညနေ(၃)နာရီနေရာ တောင်ခွင်မင်းကြီးကျောင်းတိုက် ၄၀.၄၁ကြား .၈၆လမ်းနိုင်ရဲဝေဥက္ကဌရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ09257208664. 09978075816

Political Prisoners Related
0


Burma Partnership » Voices of Refugees – Situation of Burma’s Refugees Along the Thailand-Burma…
www.burmapartnership.org
The joint briefing paper by Burma Link and Burma Partnership, Voices of Refugees – Situation of Burma’s Refugees Along the Thailand-Burma Border, which was published online on 27 April 2015, highlights how the voices of refugees continue to be neglected in Burma’s reform process.

Political Prisoners Related
0


Burma Partnership » Voices of Refugees – Situation of Burma’s Refugees Along the Thailand-Burma…
www.burmapartnership.org
The joint briefing paper by Burma Link and Burma Partnership, Voices of Refugees – Situation of Burma’s Refugees Along the Thailand-Burma Border, which was published online on 27 April 2015, highlights how the voices of refugees continue to be neglected in Burma’s reform process.

Political Prisoners Related
0


Mobile Uploads
Former first lady of Britain, Cherie Blair supports myanmar students.
အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၏ ဇနီး ချားလ်ဘလဲက ပညာရေးပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတဲ့ မြန်မာပြည်က ကျောင်းသားတွေကို ထောက်ခံအားပေးကြောင်းကို ခုလိုဖော်ပြလိုက်ပါတယ်။
Photo – @[529537397:2048:Seinenu Thein-Lem]

ဂျိမ်းစ်

Political Prisoners Related
0

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-xtp1/v/t1.0-9/p100x100/11060841_850398001694499_7797134172753318764_n.jpg?oh=1453a1bd31c40ef43cc0b8a5b756186f&oe=55A03A12&__gda__=1440346501_db1244d575ecf0b444228d9a767efec9

ပြည်သူ့အရေး

ပြည်သူ့အရေးဂျာနယ်၊ အတွဲ – ၁၊ အမှတ် – ၃၀ ကိုမင်းသွေးသစ် အင်တာဗျူး၁၀ – ၁၀ မှတ်တမ်း ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ကျွန်းကလေး လမ်းဆုံအနီး အမျိုးသား ပညာရေး ပြုပြင်ရေးနှင့် စပ်လျဉ်းပြီး ဆန္ဒပြ ကျောင်းသားများ ပင်မ သပိတ်စစ်ကြောင်းကို ပိတ်ဆို့ ထားကာ ၁၀.၃.၂၀၁၅ နေ့တွင် အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ကျောင်းသားများနှင့် ၀န်းရံသူ အချို့ကို ဖမ်းဆီးခံခဲ့ရသည်။ ၇.၄.၂၀၁၅ နေ့က တတိယ အကြိမ်မြောက် လက်ပံတန်းမြို့၌ ရုံးထုတ်ရာတွင် သွားရောက် သတင်းယူခဲ့ရာ ထိုနေ့ ရုံးထုတ်စစ်ဆေးရာတွင် အများပြည်သူများ ၀င်ရောက် နားဆင်ခွင့် မရဘဲ ပွင့်လင်းမြင်သာမှု မရှိခဲ့ပေ။ မီဒီယာ အချို့နှင့် နီးစပ်သူ မိတ်ဆွေများ၊ ကျောင်းသားများအား ကူညီ အကျိုးဆောင်ပေးသည့် ဥပဒေ ပညာရှင်များနှင့် မိဘဆွေမျိုးများသာ ၀င်ခွင့် ရခဲ့သည်။ တရားရုံးအတွင်း၌ နှစ်ယောက်တစ်တွဲ လက်ထိပ်ခတ်ထားခြင်း ခံရပြီး ဥပဒေ အကျိုးဆောင်များက တောင်းဆိုမှသာ လက်ထိပ်များကို ဖြုတ်ပေးခဲ့သော်လည်း တရားရုံး အပြင်ဘက်ရှိ မိဘများ၊ ဥပဒေ ပညာရှင်များ၊ မိတ်ဆွေများ၊ မီဒီယာများနှင့် တွေ့ဆုံရာတွင် လက်ထိပ်ကို ပြန်လည် ခတ်ပြီးမှ တွေ့ဆုံရသည်။ တရားရုံးသို့ ရောက်ရှိရန် သံဆူးကြိုးများ သုံးဆင့် ပိတ်ဆို့ ကာရံထားပြီး ရဲများက တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က သူ့မိခင် ဒေါ်ခင်ခင်ယု၊ မိတ်ဆွေများနှင့် တရားရုံး အပြင်သို့ လာရောက်တွေ့ဆုံရာတွင် ၎င်းနှင့်အတူတွဲ၍ လက်ထိပ်ခတ်ထားသူ ကျောင်းသား တစ်ဦး၏ လက်တစ်ဖက်မှာ သေးငယ်၍ တိုနေသည်။ အင်္ကျီ လက်ရှည်ဖြင့် ဖုံးနေသောကြောင့် သတိထား မကြည့်ပါက မသိနိုင်ပေ။ သန်မာသည့် လက်တစ်ဖက်ကို လက်ထိပ်ခတ်ထားသောကြောင့် မသန်မာ သေးငယ်ပြီး တို၍နေသည့်လက်ဖြင့် ဘယ်လို အသုံးပြုမလဲ ကိုမင်းသွေးသစ်က ကူညီမှ ရနိုင်မည်ဟု စဉ်းစားမိသည်။ ထိုကျောင်းသားလေးကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။ မိမိကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိ လိပ်ပြာမလုံ ရှက်မိသည်။ ကိုမင်းသွေးသစ်ကို အကြမ်းဖက် ဖြိုခွဲမှု မတိုင်ခင်ညများနှင့် ဖြိုခွဲသည့်နေ့ ဖြစ်စဉ်များကို မေးမြန်းနေချိန်တွင် ၀င်ခွင့်မရသည့် ပြည်သူများမှ ၀င်ခွင့်ပေးရန် တောင်းဆိုသည့်အသံများ၊ ရဲများမှ ပြန်လည် အော်ဟစ်သံများဖြင့် ဆူညံနေသောကြောင့် ကိုမင်းသွေးသစ်က အသံကို မြှင့်၍ ပြောနေ ရသည်။ အနားရှိ ၎င်း၏ မိခင် ဒေါ်ခင်ခင်ယုနှင့် ဥပဒေ ပညာရှင် ဦးရောဘတ်စန်းအောင်တို့ကလည်း ၀င်ရောက် မေးမြန်း ပြောဆိုကြသည်။ တွေ့ခွင့်ရရှိသည့် အချိန်တိုအတွင်း ကိုမင်းသွေးသစ်ကို အဓိကထား မေးမြန်းရာ တွဲ၍ လက်ထိပ်ခတ်ထားသည့် ကျောင်းသားမှာ ပြောချင်ပုံရသည်။ ၎င်း၏ လက်ငယ် ကလေးဖြင့် ဟန်ပြသော်လည်း သူ၏ နာမည်တောင် မမေးဖြစ်ခဲ့၍ မီဒီယာသမား တစ်ဦး အနေဖြင့် တာဝန်မကျေဟု ခံစားမိသည်။ ကိုမင်းသွေးသစ် ပြောကြားခဲ့သည်များမှာ ဖြိုခွဲမှု မတိုင်ခင်ည၊ မတ်လ ၉ ရက် ညဦးတွင် ပူလောင်အိုက်စပ်ခြင်းနှင့် ဆူဆူညံညံ အသံများက နိုးထစေခဲ့ကြောင်း၊ ၎င်း၏ ကျိန်းစပ်နေသော မျက်လုံးများကို အားယူဖွင့်လိုက်ရင်း ခေါင်းပေါ်ထိ လုံအောင် ဆွဲခြုံထားသော စောင်ကို ခွာချ၍ အိပ်ရာမှ ထခဲ့ကြောင်း၊ အိပ်ရေး မ၀သည်မှာ ၂၀၁၅ ခု၊ မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် တစ်ညလုံး အလှူရှင်များဝန်းရံ၊ ပြည်သူများက လက်ပံတန်းမြို့တွင် ပိတ်ဆို့ တားဆီးခံထားရသော ပင်မ သပိတ်စစ်ကြောင်းထဲသို့ တဖွဲဖွဲ လာ ရောက် ပူးပေါင်းခဲ့ကြသဖြင့် တစ်ညလုံး မအိပ်စက်ခဲ့ရဘဲ ၁၀.၁၀.၂၀၁၅ နံနက် ၆ နာရီကျော်မှ အိပ်စက်ခဲ့ရကြောင်း၊ မျက်လုံးများ ကျိန်းစပ်ပြီး ခေါင်းများ ကိုက်နေကြောင်း၊ မနက်ပိုင်း အိပ်ခါနီး သပိတ်စစ်ကြောင်း စခန်းချရာ လမ်းမပေါ်မှာ ကျောင်းသား ကျောင်းသူများဖြင့် နေရာပြည့်နေသောကြောင့် ပြန်ကြားရေး ကားခေါင်မိုးပေါ် တက်အိပ်ရကြောင်း၊ မအိပ်ခင် ကားခေါင်မိုး ပေါ်မှနေ၍ သပိတ် စစ်ကြောင်းကို ကြည့်ရာ လမ်းမပေါ်တွင် နံနက်ခင်း နှင်းမှုန်များကြားထဲ မောပန်းစွာ အိပ်မောကျနေကြသော ကျောင်းသား ကျောင်း သူများ၏ အပြစ်ကင်း ဖြူစင်သော အိပ်စက်နေမှု မြင်ကွင်းများကြောင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိကြောင်း ပြောသည်။ ထိုနံနက် ၁၀ နာရီတွင် ပိတ်ဆို့ထားသော အတားအဆီးများကို နှစ်ဖက်ညှိနှိုင်း ဖယ်ရှား အောင်မြင်ပြီး ကျောင်းသား ကျောင်းသူများ အားလုံး မိဘရင်ခွင်ကို ပြန်လည် ရောက်ရှိပါစေလို့ ဆုတောင်းခဲ့သည်ဟု သူကဆိုသည်။ မည်သို့ဖြစ်မည် မသိသည့် အခြေအနေကြောင့် facebook ကို ဖွင့်ကာ ၎င်း၏ account မှ မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်းများအား နှုတ်ဆက်စကား တချို့ ရေးသားကာ အိပ်စက်ခဲ့သည်ဟု လက်ထိပ်လွတ်နေသော လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ပုတ်၍ ပြောကြားသည်။ ၂ နာရီခန့် အိပ်စက်ပြီး နံနက် ၁၀ နာရီ မထိုးခင် အိပ်ရာမှထကာ ပြန်ကြားရေး ကား ခေါင်မိုးပေါ်မှဆင်းပြီး မျက်နှာသစ် သွားတိုက်ရန် အောင်မြေဗိမာန် ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ ၀င်ခဲ့ကြောင်း၊ သပိတ်စစ်ကြောင်းမှာလည်း အလံကိုင် ကျောင်းသားတချို့မှလွဲ၍ လူမစုံသေးကြောင်း၊ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင် မျက်နှာသစ် ရေချိုးနေစဉ်အတွင်း ကျောင်းသား ရဲဘော်များက တစ်ယောက်ပြီး တစ်ယောက် လာရောက် နောက်ပြောင်နေ ကြသည်ဟု ပြောသည်။ နောက်ပြောင်နေကြ သည့် အကြောင်းအရာများမှာ “၁၀/၁၀ အတွက် အလုံးစုံ ပြင်ဆင်ပြီးပြီလား”ဆိုသည့် ကိစ္စဖြစ်သည်။ ရဲဘော်များကို ပြန်လည် ကျီစယ်ပြောဆိုရင်း ထမင်းစားခန်းထဲဝင်ကာ နံနက်စာ စားပြီး သပိတ်စစ်ကြောင်း ရှိရာ လမ်းမပေါ်သို့ ပြန်ထွက်ခဲ့သည်ဟု ပြောသည်။ ထိုနေ့ ကျောင်းသား ကျောင်းသူများ၏ ဆုံးဖြတ်ချက်သည် သပိတ်စစ်ကြောင်း၏ မူလ ရည်မှန်းချက် ဖြစ်သော ရန်ကုန်သို့ ကားများဖြင့် သွားမည်။ ရန်ကုန်သို့ရောက်လျှင် ရွှေတိဂုံ စေတီတော်ကြီးအား ဦးတိုက်ဖူးမြော်၍ ရန်ကုန် မဟုတ်သည့်နယ်မှ ကျောင်းသားများ လူစုခွဲ၍ မိဘရင်ခွင်သို့ ပြန်ကြမည်။ ထိုဆုံးဖြတ်ချက်များ ရရှိအောင်မြင်စေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်။ ညှိနှိုင်း ဆောင်ရွက်မှု အဆင်မပြေပါက ရုတ်ရုတ် သဲသဲ အခြေအနေမှ ရှောင်လွှဲနိုင်ရန်အတွက် လည်းကောင်း၊ ၁၁.၃.၂၀၁၅ တွင် စတင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် အချိန်အတွင်း သပိတ်စစ်ကြောင်း လမ်းပေါ်တွင် မရှိစေရေးအတွက် လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ ၄ ယောက် တစ်တန်းစီ တန်းစီ၍ ပိတ်ဆို့ထားသော အတားအဆီးများထဲသို့ အေးဆေးစွာ ၀င်ရောက်ရန် စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း ထိုနေ့ အစီအစဉ်ကို ပြောကြားသည်။ ဆက်လက်ပြီး ညှိနှိုင်းမှု အဆင်မပြေဘဲ ၄ ယောက် တစ်တန်း တိုးရပါက သပိတ်စစ်ကြောင်းအား ပိတ်ဆို့ တားဆီးထားသော အာဏာပိုင်များ၏ ဆုံးဖြတ် ချက်အတိုင်း ငြိမ်းချမ်းစွာ လိုက်နာရန် သပိတ် စစ်ကြောင်း တစ်ခုလုံးမှ ကျောင်းသား ကျောင်းသူများနှင့် လာရောက် ၀န်းရံပေးသော ပြည်သူများအား ရှင်းပြ စည်းရုံးထားပြီး ဖြစ်ကြောင်း ပြောသည်။ နံနက် ၁၀ နာရီထိုးပြီး နေပြီဖြစ်သော် လည်း ပဲခူးတိုင်း နယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် ၀င်ရောက် ညှိနှိုင်း ပေးနေသော NNER အဖွဲ့တို့၏ အစည်းအဝေးမှ ရှင်းလင်းသော အကြောင်းပြန်ချက် တစ်စုံတစ်ရာ မရရှိသေးသည့်အတွက် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများသည် ကျောင်း သားသမဂ္ဂ သီချင်းများအား စိတ်အား တက်ကြွစွာ သီဆိုရင်း စောင့်စားနေကြကြောင်း ပြောသည်။ နံနက် ၁၀ နာရီ ၃၀ မိနစ် ၀န်းကျင်ခန့် လောက်မှာ “ကျွန်တော်နှင့် ကိုအောင်မှိုင်း တို့ကို NNER မှ ဆရာ ဒေါက်တာသိန်းလွင်နှင့် ဒေါ်ညိုညိုသင်းတို့က နယ်လုံဝန်ကြီးနှင့် လာရောက် ဆွေးနွေးဖို့ အကြောင်းကြားပါတယ်။ သပိတ်စစ်ကြောင်းကို ပိတ်ဆို့ တားဆီးထားတဲ့ ရဲတပ်ဖွဲ့တွေကို ကျော်ဖြတ်ပြီး ကျွန်းကလေး တာဆုံလမ်းထိပ်က ကုန်စုံဆိုင်ဖွင့်ထားတဲ့ အိမ်တစ်အိမ် အောက်ထပ်မှာ စည်းဝေး ညှိနှိုင်းနေတဲ့ နေရာကို သွားပါတယ်” ဟု ပြောသည်။ အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲတွင် နယ်လုံ ၀န်ကြီး ဦးသက်ထွန်းက သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများအား အဆီးအတားများထဲမှ ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း ပြောကြားကြောင်း၊ ထို သဘောတူညီချက်ကို ယခု ဆွေးနွေးရာသို့ မလာခင်ကတည်းက သိရှိပြီးဖြစ်သဖြင့် သပိတ်စစ်ကြောင်းတွင် ကြေညာပြီးဖြစ်ကြောင်း၊ သို့သော် ဦးသက်ထွန်းက နောက်ဆက်တွဲ စည်းကမ်း သတ်မှတ်ချက်များဖြစ်သည့် အလံမထောင်ရ၊ ကြွေးကြော်သံ မအော်ရ၊ သီးချင်းမဆိုရ၊ ယာဉ်တန်းဖြင့် မသွားရ၊ ပဲခူးတိုင်း နယ်မြေမှ ရန်ကုန်တိုင်း အတွင်းဝင်လျှင် ရန်ကုန်တိုင်းဒေသ အာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်းပါ စသည်ဖြင့် ထပ်မံပြောကြားကြောင်း ကိုမင်းသွေးသစ်က ပြောသည်။ ၎င်းနှင့် ကိုအောင်မှိုင်းဆန်းတို့မှ ဤအချက်များကို နှစ်ဦးတည်းသဘောဖြင့် လက်ခံ သဘောတူလို့ မရသောကြောင့် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများ၏ သဘောဆန္ဒကို မေးမြန်းရယူပြီးမှ ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း၊ ကျောင်းသားထုဘက်မှ ပြန်လည် တင်ပြလာသော အချက်များ ရှိပါက ထပ်မံညှိနှိုင်း ဆွေးနွေးပေး စေလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းသို့ ပြောကြားချက်ကြောင့် နယ်လုံ ၀န်ကြီးက “ငါတို့ဘက်က ပေးနိုင်တာ ဒါ အကုန်ပဲ” ဟု ယတိပြတ် ပြောကြောင်း၊ ယင်း နောက် ၎င်းနှင့် ကိုအောင်မှိုင်းဆန်းတို့ သပိတ်စစ်ကြောင်း ပြန်၍ အာဏာပိုင်များ၏ ပြောကြားချက်အား ကျောင်းသားများ၏ သဘောထား တောင်းခံရာ ကျောင်းသားအားလုံးက သဘော မတူကြောင်း တညီတညွတ်တည်း ဆုံးဖြတ်သည်ဟု ပြောသည်။ ကြွေးကြော်သံ မအော်ရ၊ သီချင်း မဆိုရ ဆိုသော အချက်များအား ကျောင်းသားများ ဘက်က လိုက်လျောနိုင်သော်လည်း ယာဉ်တန်းဖြင့် သွားမည်ဖြစ်ပြီး ရှေ့ဆုံးကားတွင် အနည်းဆုံး အလံတစ်လက် ထောင်မှရမည်ဟု ကျောင်းသားများ၏ သဘောထားများအား ကြားလာသည့်အတွက် ထပ်မံ ညှိနှိုင်းပေးရန် အာဏာပိုင်များသို့ အကြောင်းကြားပြီး နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အထိ အကြောင်း ပြန်ကြားချက်ကို စောင့်ဆိုင်းမည်ဟု အကြောင်းကြားခဲ့ကြောင်း ပြောသည်။ နေ့လယ် ၁၂ နာရီ ကျော်လာသည် အထိ အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသည့်အတွက် အများစု သဘောဆန္ဒအရ ကျောင်းသားများ ဆုံးဖြတ်ထားသော ဒုတိယ လမ်းကြောင်း ဖြစ်သည့် ၄ ယောက် တစ်တန်း တန်းစီ၍ အဖမ်းခံရန် ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း အာဏာပိုင်များဘက်မှ ကာဆီးထားသော သံဆူးကြိုးများအား အလယ်နှစ်ခုသာ ဖွင့်ပေးကာ လူများကာ၍ ပိတ်ထားကြသဖြင့် ၄ ယောက် တစ်တန်းဝင်မည့် အစီအစဉ်မှာလည်း ပျက်သွားပြီး ထိုအခြေအနေတွင် ရပ်မိရပ်ဖ ဆိုသူများ၏ ကြေညာချက်ကြောင့် လူချင်း တိုးကုန်ကြောင်း အဓိကရုဏ်း စတင် ဖြစ်သွားသည့် အခြေအနေကို ပြောဆိုသည်။ ထိုသို့ တိုးနေစဉ် တစ်လျှောက်လုံးလည်း ဒေါသ မထွက်ကြရန်နှင့် ကိုယ်ထိလက်ရောက် မကျူးလွန်ကြရန် မိုက်ကရိုဖုန်းမှတစ်ဆင့် အော်ဟစ် သတိပေးကြောင်း၊ ရဲတပ်ဖွဲ့ဝင် များနှင့် ကျောင်းသားများအကြားတွင် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း၊ ထိုသို့သော အခြေအနေတွင် ရဲတပ်ဖွဲ့ အတားအဆီး ပြင်ပဖြစ်သော လက်ပံတန်း တာဆုံတွင် ကျောင်းသားများအား လာရောက် ၀န်းရံကြသော ပြည်သူများကို ရဲတပ်ဖွဲ့မှ ၀င်ရောက် ရိုက်နှက်၍ ပြည်သူ ၁၀ ဦးခန့်အား ဖမ်းဆီး သွားပြီဟူသော သတင်းစကား ကြားရပြီး မကြာခင်တွင် ရှေ့မှ စီတန်းကာရံထားသော ရဲတပ်ဖွဲ့ဝင်များ၏ အနောက်ဘက်မှ ပစ်ပေါက် လိုက်သော အုတ်ခဲများမှာ သပိတ်တပ်ဦးရှေ့တွင် ရှိသော ကျောင်းသား ကျောင်းသူများ အပေါ်သို့ မိုးသီးမိုးပေါက်များပမာ ကျရောက်ခဲ့ကြောင်း၊ ကျောင်းသားတချို့ ခေါင်းကွဲသွားပြီး ထိုသို့သော ကစဥ့်ကလျား အခြေအနေတွင် နံပါတ်တုတ်ကိုင် ရဲတပ်ဖွဲ့က ကျောင်းသား ကျောင်းသူများကို ၀ရုန်းသုံးကား ၀င်ရောက် ရိုက်နှက်သည့်အတွက် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများမှာ ထိပ်ပေါက် ခေါင်းကွဲဖြင့် အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင်းသို့ ပြေးဝင်ခဲ့ရသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။ ရဲတပ်ဖွဲ့ဝင်များဘက်မှ ခဲများ စတင် ပေါက်သည့် အချိန်တွင် ၎င်း၏ ရှေ့တွင် ကျောင်းသားတစ်ဦး ရောက်နေသည့်အတွက် ၎င်းအား ဦးတည်ပစ်ပေါက်သည့် အုတ်ခဲ နှစ်လုံး သုံးလုံးခန့်အား ရှောင်တိမ်းရင်း နောက်ဆုတ်ကာ ပြန်ကြားရေးကား၏ နောက်နားသို့ ရောက်ရှိသွားကြောင်း၊ လှမ်းပစ်လိုက်သော အုတ်ခဲ တစ်လုံးမှာ ၎င်း၏ နားထင် နားမှ ကပ်ဖြတ်သွားကာ အနောက်တွင် ရပ်နေသော ပြည်မြို့မှ ဖိုးသားခေါ် စန်းမြတ်သူ၏ ဦးခေါင်းအား ထိမှန်သွားကြောင်း လှစ်ခနဲ တွေ့လိုက်ရသည်ဟု ပြောသည်။ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခြင်း မပြုရန် လိုက်လံ တားဆီးနေချိန်တွင် တချို့ ရဲများက မင်းသွေးသစ်အား ကျော်၍ အောင်မြေ ဗိမာန် ဘုန်းကြီးကျောင်းတွင်းသို့ ပြေးနေကြသော ကျောင်းသား ကျောင်းသူများအား လိုက်လံ ရိုက်နှက် နေကြသဖြင့် ၎င်းမှ လိုက်တားရာ အတားခံရသော ရဲများက ကျောင်းသားများ နောက်သို့ ဆက်လက် မလိုက်တော့ဘဲ ၎င်းအား ဘယ်ညာ ချုပ်ကိုင်ပြီး ၀ိုင်းဝန်း ရိုက်နှက်ကြကြောင်း ပြောသည်။ ထို့ပြင် လက် နှစ်ဖက်လုံး ချုပ်ထားပြီး ၀မ်းဗိုက်အား စစ်ဖိနပ်ဖြင့် ခုန်ကန်ကြောင်း၊ အရှေ့တည့်တည့်မှ အရှိန်ဖြင့် ပြေးလာ&

Political Prisoners Related
0


မြန်မာ့ဂူးလပ် ရဲဘက်စခန်းများ ပိတ်ပစ်ပါ
burma.irrawaddy.org
ရဲဘက်စခန်း လိုက်ရမယ့် အကျဉ်းသားက မလိုက်ရမယ့်အရေး ငွေလည်း မပေးနိုင်တော့ သူ့လက်ချောင်းကို သူ ဖြတ်ပစ်လိုက်တာလို့ ရှင်းပြပါတယ်။ ရဲဘက် စခန်းရောက်ရင် အနှေးနဲ့အမြန် သေဘေးကို ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Kachin States
0


ကချင်လူမျိုးများကို အောက်မေ့သတိရပါတယ်။ မြန်မာနိုင်ငံထိပ်ဆုံး၊ အမြင့်ဆုံး ခါကာဘိုရာဇီတောင် အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ရေခဲတောင်အရပ်ဒေသ၊ မြန်မာနိုင်ငံရဲ့ အသက်သွေး ဧရာဝတီမြစ်ကြီး စတင်ခဲ့တဲ့ မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းဆုံခဲ့တဲ့ မြစ်ဆုံအရပ်ဒေသ၊ မြစ်ကြီးနားမြို့တော်နဲ့ ၂၁မိုင် ဝေးတဲ့ မြစ်ဆုံဒေသဟာ အလွန်သာယာလှပပြီး၊ မြန်မာပြည်သိန်းတန် သီချင်းတစ်ခု .. ရှုတိုင်းလှ၊ ကိုယ်သတိရ ဂျန်းဖောဌာနေ ..ကဗျာသီချင်းရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ်၄၀ကျော်က မြန်မာစာ အထက်တန်းကဗျာသင်္ခန်းစားမှာ ဂျိန်းဖောမြေ ဆိုတဲ့ ကဗျာကို သင်ကြားခဲ့ပါတယ်။ မီးပုံကြီးပတ်ပတ်ရံ စုံညီလှသလေ..ဒေါင်မရေ ကလိုက်ချည်သေး… ဆိုတဲ့ကဗျာ မြန်မာစာ ကျောင်းသူကျောင်းသားများ ဘာကြောင့်သင်ကြားရပါသလဲ။ ကချင်ပြည်နယ်ရဲ့ လှပ၊ အရေးကြီးလှတဲ့အကြောင်းကို ကျနော်တို့ မြန်မာနိုင်ငံသားအားလုံး ငယ်စဉ်ကလေးငယ် ဘဝကတည်းက သိရှိနားလည်ဖို့ ဖြစ်ပါတယ်။ ကချင်လူမျိုးများမှာ ဂျိန်းဖော၊ လီစူး၊ ရဝမ်၊ အဇီး၊ စသဖြင့် အမျိုးပေါင်းများစွာ သူတို့ဘာသာစကား၊ သူတို့စာပေနဲ့ ရှိကြပါတယ်။ လူဦးရေ အများဆုံး ဂျိန်းဖော တွေကိုပဲ မြန်မာတွေက ကချင်လို့ ထင်ကြပါတယ်။ တကယ်တော့ မြန်မာ လို့ဆိုရင် လူမျိုးပေါင်းများစွာ ရှိသလို၊ ကချင်လို့ ဆိုရင်လဲ လူမျိုးများစွာ ရှိပါတယ်။
.
အဲဒီ ကချင်လူမျိုးများကို တရုပ်ပြည် ယူနန်ပြည်နယ်မှာ လူမျိုးကြီးတစ်ခု အဖြစ် သတ်မှတ်၊ အသိမှတ်ပြု၊ တရုပ်နိုင်ငံသားအဖြစ် ပေးထားပါတယ်။
.
မြန်မာပြည်မှာ ရှိနေတဲ့ ကချင်လူမျိုးများဟာ ဗမာလူမျိုး မြန်မာနိုင်ငံရောက်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော် ကတည်းက တစည်းတစ်လုံး ရှိခဲ့ပြီး၊ တရုပ်များ ကျူးကျော်စစ်ပွဲ တိမ်ကြားမင်းခေါင်နဲ့ ဘကြီးတော်မင်းလက်ထက်မှာ ကချင်ပြည်နယ်၊ မင်းတပ်ခံတပ်ကပဲ နှစ်စဉ်စစ်ပွဲကြီးများကို အောင်နိုင်ခဲ့ပါတယ်။ မြန်မာပြည်ကို သိမ်းပိုက်မဲ့ တရုပ်တွေကို အနိုင်ယူပြီး၊ နောက်ဆုံးစစ်ပွဲမှာ ရန်သူတရုပ်စစ်တပ်ကြီးကို မြန်မာ၊ ကချင်၊ ရှမ်း .. စုပေါင်းတပ်ကြီးက ဝိုင်းရံပြီး၊ ရိက္ခာဖြတ် ထားနိုင်ခဲ့ပါတယ်။ အပြတ်ချေမှုန်းနိုင်ပေမဲ့ နောက်နှစ်ဆို တရုပ်တပ်တွေ လာတိုက်ဦးမှာ ကြိုမြင်တဲ့ စစ်ဗိုလ်ချုပ်ကြီးက ငြိမ်းချမ်းရေး နဲ့ လဲလှယ်ခဲ့ပါတယ်။ တရုပ်မြန်မာ ငြိမ်းချမ်းရေး စာချုပ်ကို ကုန်ဘောင်ခေတ်မှာ စတင်ချုပ်ဆိုခဲ့တာ နှစ်ပေါင်း ၃၀၀ ကျော်ခဲ့ပါပြီ။
.
ရေးချင်တဲ့ အကြောင်းကတော့ ကချင်ပြည်နယ်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကချင်ပြည်နယ်ဟာ အသက်ပဲဖြစ်ပါတယ်။ ကချင် တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေ ဆိုတာ တရားမမျှတမှုကြောင့် ၁၉၆၁ခုနှစ်မှာ ဦးနုအစိုးရလက်ထက် ပေါ်ပေါက်လာတဲ့ ပျောက်ကျား၊ လူမျိုးရေး စစ်တပ်ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၅နှစ်တိုင် သယံဇာတ ပေါများကြွယ်ဝလှတဲ့ ကချင်ပြည်နယ်သားများ ဘိန်းစားဘဝ၊ စစ်မြေပြင်ဘဝ၊ စာမတတ်တဲ့ ဘဝကို ရောက်ခဲ့ပါတယ်။ အခု သမ္မတဦးသိန်းစိန်လက်ထက်မှာ မြစ်ဆုံစီမံကိန်း ရေအားလျှပ်စစ်ကို ရပ်ဆိုင်းပြီး၊ ငြိမ်းချမ်းရေး လုပ်သလိုနဲ့ ၃နှစ်ကျော် ကိုယ့်တိုင်းရင်းသာ ကချင်လူမျိုးများကို အပြတ်တိုက်ခဲ့ပါတယ်။ ကေအိုင်အေ မြို့တော် လိုင်ဇာမြို့၊ ကျဆုံးရင်လဲ ကချင်လက်နက်ကိုင်များက ပျောက်ကျားစစ်နဲ့ သူတို့ကိုးကွယ်တဲ့ ယေရှုခရစ်တော်ဘုရားကို တိုင်တည်ပြီး၊ သေသည့်တိုင်အောင် ခုခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
.
အခုတော့ မြန်မာစစ်တပ် ကချင်ပြည်နယ်မှာ သံယံဇာတအုပ်စီးရေးအတွက် နေရာယူထားပြီး၊ ကချင်လူမျိုးများကို တိုက်ခိုက်မှု ရပ်ဆိုင်းခဲ့ပါပြီး၊ ကိုးကန့်ဘက်ကို စစ်ဦးလှည့်သွားပြီး၊ ၄သောင်းလောက် အင်အားရှိတဲ့ ဝ လူမျိုးစစ်တပ်ကြီးက စောင့်ကြည့်နေပါတယ်။ စစ်သား ၅ထောင်လောက် ရှိတဲ့ ကချင်တိုင်းရင်းသား စစ်တပ်ကို အနှစ်၅၀ တိုက်လဲမရ၊ ၃နှစ် အင်အားကြီးစွာတိုက်လဲ မရ ဆိုတာ ဗမာစစ်တပ်ကြီး နားလည်သင့်ပါတယ်။ အောက်မြန်မာပြည်မှာတော့ ကရင်၊ မွန် လက်နက်ကိုင်တိုင်းရင်းသား စစ်တပ်များနဲ့ ငြိမ်းချမ်းရေး၊ လူမျိုးရေးအခွင့်၊ သယံဇာတခွဲဝေရေး သဘောတူသလို ရှိနေခြင်းဟာ အမေရိကန်နဲ့ထိုင်းနိုင်ငံများရဲ့ အားပေးမှုကြောင့်လို့ ပြောနိုင်ပါတယ်။ အထက်မြန်မာပြည်မှာတော့ တရုပ်ပြည်ကြီးက စီးပွားရေးနဲ့ကချင်ပြည်ကို အုပ်စီးထားပါတယ်။ မြစ်ဆုံ၊ ရွှေဓါတ်ငွေပိုက်လိုင်းနဲ့ အကြံကြီး ကြံနေတာကို မြန်မာတိုင်းရင်းသားများ ညီညွတ်မှုနဲ့ ကာကွယ်နိုင်ရပါမယ်။
.
မြန်မာလူမျိုးများကို ကာကွယ်၊ တိုးတက်ကြီးပွားဖို့ ကမ္ဘာ့အဆင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ ထောက်ခံ လုပ်ပိုင်ခွင့် ပေးဖို့ပဲ လိုပါတယ်။
.
စစ်တပ်အင်အားနဲ့ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ နလဗိန်းတုံး အကြံဖြစ်ပါတယ်။ စစ်တပ်ဆိုတာ အင်္ဂလိပ်လို Defense လို့ခေါ်ပါတယ်။ မြန်မာလိုတော့ ကာကွယ်ရေး (တိုင်းတစ်ပါးရန်ကာကွယ်ရေး) ဖြစ်ပါတယ်။ ဒါကြောင့် Defense Ministry ကာကွယ်ရေး ဝန်ကြီးဌာန လို့ ခေါ်ဝေါ်ပါတယ်။
.
ဘာကြောင့် တိုက်ခိုက်ရေးဝန်ကြီးဌာန ဖြစ်နေပါသလဲ။
.
ဒီကနေ့ 26-Apr-2015 ဟာ တနင်္ဂနွေနေ့ပါ။ ကချင်လူမျိုးများ ၉၀%ကျော်ဟာ ခရစ်ယာန်များဖြစ်ပြီး၊ ယေရှုကို ဘုရား၊ ဘုရားသားအဖြစ် ကိုးကွယ်ဝပ်ပြုကြပါတယ်။
.
မိတ်ဆွေတစ်ဦးက စင်ကာပူမှာ မြန်မာအိမ်အကူတွေ ၃သောင်းကျော် ရှိနေကြတယ်။ ကချင် မိန်းကလေးတစ်ဦးက Jurong ဆိုတဲ့ အရပ်ဒေသမှာ ကုလား (ဘင်္ဂလားဒေ့ခ်ျ၊ အိန္နိယ၊ သီရိလင်္ကာ ..) နိုင်ငံသား အလုပ်သမားများနဲ့ မြန်မာအိမ်ဖေါ်မတွေကို ပွဲစား၊ အောင်သွယ်လုပ်ပေးနေတယ်။ ကုလား တွေဆီက ပိုက်ဆံယူတယ်။ ပြီးတော့ ချိန်ဆက်မိပြီး၊ တနင်္ဂနွေ အားလပ်ရက်ထွက်ရင် မြန်မာအိမ်အကူ မိန်းကလေးနဲ့ ကုလား အတွဲခုတ် ရှောက်လည်၊ ပျော်ပါးကြတာကို ကြည့်မရဖြစ်နေတယ်။ မြန်မာနိုင်ငံသား အချင်းချင်းကို ဒါမျိုးပွဲစားကို မြန်မာများ အုပ်စုနဲ့ဖမ်းပြီး ပညာပေး၊ ဆုံးမသင့်ကြောင်း ဆွေးနွေးမိပါတယ်။ .. စင်ကာပူဟာ မြန်မာပြည်က လက်ပတ်နီဝတ် ဒီပဲယင်းလုပ်ရပ်လို အကြမ်းဖက်ဆုံးမလို့ မရကြောင်း၊ လုပ်ရင်လဲ စင်ကာပူရဲအဖွဲ့က အကြမ်းဖက်တဲ့အုပ်စုကို ဖမ်းမယ်၊ အဲဒီ ကချင်မိန်းမကလည်း အော်မှာပေါ့။ ဒီတော့ ဘယ်လိုလုပ်မလဲ၊ ပြေးရင်လဲ အနားကလူတွေက ဓါတ်ပုံရိုက်ထားရင် စင်ကာပူမှာ အကြမ်းဖက်သမားမြန်မာ ပြေးမလွတ်ပဲ၊ မြန်မာပြည်မှာပဲ လွတ်တယ်။
.
ပြီးတော့ ဒီ ကချင်မိန်းကလေးက တကယ်ပဲ ဒါမျိုး ယုတ်ညံ့တဲ့ အလုပ်လုပ်တယ် သေချာသလား။ ဒီမိန်းကလေး ဒီဘဝရောက်နေတာ ဆန်းစစ်ရင် ယုတ်ညံ့တဲံ အုပ်ချုပ်သူ စစ်အစိုးရကြောင့် တရားခံရှာရမှာပဲ။ ဒီ စစ်အစိုးရ မတရားအုပ်ချုပ်မှုကြောင့် မြန်မာ အေးဂျင့်ယုတ်မာသူတွေ အများကြီးပေါ်လာပြီး လခမရပဲ ၇လ လောက်အခမဲ့ လုပ်ပေးတဲ့ အိမ်အကူ ပွဲစားများ ပေါ်လာတယ်။ ဒေါ်လာ ၄၀၀၀ လောက်ပေးရတဲ့ W.P, S-Pass ပွဲစားများ ပေါ်လာတယ်။ ဒီအကျင့်ဆိုးတွေ ပျောက်ဖို့ ဆိုတာ လိုက်ဖမ်းနေရုံနဲ့မရပါဘူး။ မြန်မာနိုင်ငံက စစ်ဗိုလ်ဟောင်း များရဲ့ အကြမ်းဖက်နည်းတွေ ကျနော်၊ ကျမတို့ စိတ်ထဲ ကိန်းအောင်းနေပါတယ်။
.
နောက်ဆုံးတော့ ကချင်ပြည်နယ်ကို အမြဲသတိရစေလိုပါတယ်။ ၂၀၁၅ နှစ်ဦးပိုင်းမှာ ကချင် လုပ်အားပေး၊ ကျောင်းဆရာမနှစ်ဦး မုဒိမ်းကျင့်၊ သတ်ဖြတ်ခံရပါတယ်။ မြန်မာစစ်တပ်ကလည်း တရားဝင် ငြင်းဆိုထားပါတယ်။ ဒါမျိုးတွေ အရင်တုန်းက လူမသိ၊ ပျောက်ဆုံးသွားခဲ့ပါတယ်။ စာရေးသူ ငယ်စဉ်က မုံရွာမြို့မှာ ၁၀တန်းဖြေပြီး၊ ကျောင်းပိတ်ရက်မှာ ကချင်ပြည်နယ် အဖိုးအဖွား ရပ်ရွာ မိုးကောင်း၊ မရမ်းကျေးရွာမှ ငါးဖမ်း၊ တောင်ယာလုပ်၊ တောတောင်ရှင်း၊ မီးရှို့၊ စပါးစိုက် လုပ်ခဲ့ပါတယ်။ ညပိုင်းမှာ ဗမာစစ်တပ် ကင်းလှည့်အဖွဲ့ရောက်လာပြီး၊ အိမ်ပေါ်မှာ စားရေးသူကို မျက်နှာ ဂျီသရီးသေနပ်နဲ့ ချိန်ပြီး၊ မင်း ကေအိုင်အေ ဖြစ်ရမယ်လို့ မိနစ်၂၀လောက် ရစ်ပါတယ်။ ပြန်ဆင်းသွားချိန်မှာ အဖွားက အိမ်အောက်မှာ ကြက်ဖမ်းယူသွားကြပြီ လို့ပြောပါတယ်။ စာရေးသူခမြာ ထူပူပြီး၊ အသေသတ်ခံရမလား စိုးရိမ်နေချိန် အိမ်အောက်က ကြက်ဖမ်းနေသံကို မကြားလိုက်ပါဘူး။
.
ခဏနေတော့ နောက်တပ် စစ်သားတစ်ဦးတက်လာပြီး၊ အဒေါ်ရေ၊ ကျနော့် ဆရာ၊ တပ်စိတ်မှုး မူပြီးရမ်းမိတာပါ။ တောင်းပန်ပါတယ်..လို့ တရိုတသေနဲ့ ပြောသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေနပ်ရတာပေါ့လေ။ လွန်ခဲ့တဲ့ အနှစ်၃၀ကြာခဲ့ပါပြီ၊ ၁၉၈၀ အဖြစ်အပျက်ပါ။
.
ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးများအကြောင်း အနည်းငယ်ရေးလိုက်ပါတယ်။ အားလုံး ရွှင်လန်းဝမ်းမြောက်ပါစေ။
Political Prisoners Related
0


မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကုလဆုံးဖြတ်ချက် ဆက်မလုပ်ရန် အိန္ဒိယ တောင်းဆို
burma.irrawaddy.org
ကုလသမဂ္ဂကနေ မြန်မာ အစိုးရကနေ အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် ပို တုံ့ပြန်မှုကိုပြသင့်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နှစ်စဉ် ဆုံးဖြတ်ချက် ချနေတာတွေကို ဆက်မလုပ်ဖို့ အိန္ဒိယအစိုးရက တောင်းဆိုလိုက်တယ်။

Political Prisoners Related
0

Myingyan 24 Apr, 2015


Mobile Uploads
အပြန်

မတ် ၂၇နေ့က
လက်ပံတန်းအကြမ်းဖက်လုပ်ရပ်ကို
ရှုံ့ချတဲ့ဆန္ဒပြမှုကြောင့်
၅၀၅ ခ/၁၄၃/၁၄ ၅ ပုဒ်မများနဲ့တရားစွဲရုံးတင်ခံထားရတဲ့

ကိုဥာဏ်မြင့်သန်း-ခ-ဥာဏ်ကြီး
ဒေါ်ဖြူ
စည်သူမြတ်
ကိုသန့်ဇင်
ဦးစိန်ဝင်း
ဦးကျော်သန်းထွန်း
တို့ကို ဒုတိယအကြိမ်ရုံးထုတ်
မြင်းခြံ

၂၄ ၄ ၂၀၁၅

1 2 3 11