ဒုတိယအကြိမ်သက်တမ်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်မည်

via moi http://ift.tt/1NPw2ar http://ift.tt/1KnLGaX

ကာလုံဥပဒေကြမ်း လက်ရှိသက်တမ်း အတည်ပြုဖို့ ခက်ခဲ

အမျိုးသားလွှတ်တော်
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းဟာ အခုချိန်ထိ အမျိုးသား လွှတ်တော်မှာ တရားဝင် တင်သွင်းထားခြင်းမရှိသေးတာကြောင့် လွှတ်တော် ၂ ရပ်လုံးမှာ ဆွေးနွေးအတည်ပြုဖို့ အချိန်လုံလောက်မှု မရှိဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေး ပါမယ်။
လတ်တလော

via သစ်ထူးလွင် (နေ့စဉ်သတင်း) http://ift.tt/1ZAwzT5 http://ift.tt/Y2RpwJ

ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်ရေး သမ္မတအမိန့်ထုတ်ပြန်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ။ ။ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် မြေနေရာ (၄၂၈၉.၃၂) ဧရိယာဧကအတိ အကျသတ်မှတ်ပြီး ယင်းနေရာကို ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် လွှတ်တော်က သဘောတူသည့်အတွက် သမ္မတမှ တရားဝင် အမိန့် ထုတ်ပြန်ကြေညာသွားမည်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပေးဖို့အတွက် ဒီဇင်ဘာလ(၂၉) ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသည့်အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သမ္မတမှ အမိန့်ထုတ်ပြန်သွားနိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေဇုန်မြေနေရာအတိကျနှင့် အထူးစီးပွားရေးဇုန်အဖြစ် သမ္မတ မှ အမိန့်ထုတ်ပြန်ရေးအတွက် လွှတ်တော်၏ သဘောထားရယူပြီး စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ကြရာ ထောက်ခံမဲ (၄၂၄)မဲ၊ကန့်ကွက်မဲ ( ၂၃)မဲ၊ ကြားနေမဲ(၂) ရှိခဲ့သည်။

ဧရိယာနယ်နမိတ်အတိကျနှင့် အထူးရေးဇုန်အဖြစ် သမ္မတက ၎င်း၏ အစိုးရ သက်တမ်းကုန်ခါးနီးအချိန်တွင် လွှတ်တော်၏ သဘောတူညီချက်ရယူပြီး အမိန့်ထုတ်ပြန်ဖို့ ဆောင်ရွက်ခဲ့ခြင်းကို ရခိုင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ထောက်ပြဆွေးနွေးခဲ့ကြောင်းနှင့် ယင်းအပေါ်တွင်လည်း ပြည်သူများက စိုးရိမ်စိတ်နှင့် သံသယစိတ် ရှိခဲ့ကြောင်း မဲခွဲ ဆုံးဖြတ်မှုမလုပ်ခင် လွှတ်တော် နာယကက ပြောကြားခဲ့သည်။

“သက်တမ်း ကုန်ဆုံးခံနီးအချိန်မှာမှ ကျောက်ဖြူအထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်ဖို့ တင်ပြ အတည်ပြုချက်အပေါ်နဲ့ အစိုးရရဲ့ ကျန်တဲ့ သက်တမ်းအတိုအတွင်းမှာ ဒီလို တင်ပြလာခြင်းဟာ လွှတ်တော်ကိုယ်စားလှယ်များရော ပြည်သူများ သံသယစိတ်နဲ့ စိုးရိမ်စိတ် ရှိတာတော့ အမှန်ပါပဲ" ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် တရားဝင် အမိန့်ထုတ်ပြန်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် နှစ်ရက်တာ ဆွေးနွေးခဲ့ပြီး ဆွေးခဲ့မှုအရ အထူးစီးပွားရေဇုန်တည်ထောင်မှုကို ကိုယ်စားလှယ်များ နှစ်သက်ပေမယ့်လည်း ယင်းအထူးစီးပွားရေးဇုန်နှင့် ပါတ်သက်ပြီး အလျင်စလို ဆောင်ရွက်မည်ကို စိုးရိမ်ကြောင်းလည်း သူရ ဦရွှေမန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ 

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1YNdXCp http://ift.tt/1nfHMox

ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS တို့ တိုက် ပွဲ ဖြစ်

ကျောက်မဲမြို့နယ် ပန်ဆန်ကျေးရွာတွင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ယနေ့ နံနက် ၅နာရီက ထိတွေ့တိုက်ပွဲဖြစ်ပွား ကြောင်း သတင်းရသည်။ပန်ဆန်ကျေးရွာကုန်းတွင် အသင့်စောင့်ဆိုင်းနေသည့် TNLAက RCSSအဖွဲ့အား ခြုံခိုတိုက်ခိုက်ခြင်းခြင်းဖြစ် ကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။

The post ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS တို့ တိုက် ပွဲ ဖြစ် appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1YKOolo http://ift.tt/1OYtTeJ

ဆန္ဒပြမှုနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲအမိန့်ထုတ်

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြ မြန်မာများ၏ နောက်ကွယ်မှ သွေးထိုးလှုံဆော် ကြိုးကိုင်နေသည့် အုပ်စုကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Chakthip Chaijinda က ပြော လိုက်ပါတယ်။ မြန်မာလူငယ် ၂ဦး သေဒဏ်ချမှုမှာ ဆန္ဒပြပွဲတွေဖြစ်လာစေဖို့ အုပ်စုတစုက နိုင်ငံရေးရည်ရွယ် ချက်နဲ့ မီးထိုးပေးနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

The post ဆန္ဒပြမှုနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲအမိန့်ထုတ် appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1IAummk http://ift.tt/1OYtTeJ

“သူရဦးရွှေမန်း၊ ငါ မသေဘူး ရေကူးတတ်တယ်”

၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်သက်၊ အီးပီအေ)

၂၀၁၅ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူတစ်ယောက်ကို ပြပါဆိုရင် ပြည်ထောင်စု လွှတ်တော် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ပြရမှာပဲ ဖြစ်ပါတယ်။ အခြားသူတွေနဲ့စာရင် သူ့ဘဝဟာ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့လို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလတုန်းကလည်း သူ ၀င်ရောက် အရွေးခံတဲ့ ဖြူးမြို့နယ်ဆီကို နိုင်ငံတကာ  သတင်းမီဒီယာသမား အတော်များများ သွားရောက် သတင်းယူတာ တွေ့ကြရပါတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် ဘာဖြစ်မှာလဲ၊ သူရှုံးရင် ဘာဖြစ်မှာလဲ စသဖြင့် ဝေဖန်ဆွေးနွေးကြတာလဲ အလွန်များပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သူရဦးရွှေမန်းအကြောင်း ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သူရဦးရွှေမန်းဟာ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင်ခေတ်က နံပါတ်(၃) ခေါင်းဆောင်ဖြစ်ပါတယ်။ တပ်မတော်မှာ ဗိုလ်ချုပ်ကြီး၊ ကြည်း၊ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူး ရထားသူပါ။ အဲဒီအချိန်တုန်းကတော့ သူ့ရဲ့ စီနီယာ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ယောက် အနားယူသွားရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒါမှမဟုတ် တိုင်းပြည်ခေါင်းဆောင် နံပတ်တစ် တစ်ခုခု ရလိမ့်မယ်လို့ မျှော်လင့်ကောင်းလည်း မျှော်လင့်ခဲ့နိုင်ပါတယ်။ ၂၀၁၀ မှာတော့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံတဲ့ အထွေထွေ ရွေးကောက်ပွဲကြီး လုပ်ပါတယ်။ ရွေးကောက်ပွဲ လုပ်တယ်ဆိုပေမယ့်လည်း တကယ်တော့ အဲဒီ ပွဲ၊ အဲဒီ အပြောင်းအလဲဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ တိုင်းပြည် အာဏာ အရပ်ရပ်ကို သူ့စိတ် သူ့သဘောကျ စိတ်တိုင်းကျ နေရာချပေးသွားတဲ့ အပြောင်းအလဲမျိုးပါပဲ။ ဘယ်သူက ဘာလုပ်၊ ဘယ်သူက ဘာတာဝန်ယူ၊ ဘယ်သူက ဘယ်နေရာကို ထိန်းဆိုတာမျိုးပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဲလို စိတ်တိုင်းကျ နေရာချသွားတဲ့အကြောင်း နောက်ပိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ကျန် ဗိုလ်ချုပ်ဟောင်းတွေ အားလုံးက ၀န်ခံ ပြောဆိုကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အဲလို နေရာချထားပေးမှုမှာ တိုင်းပြည်ရဲ့ နံပါတ်သုံး ခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း အတွက်ကတော့ ကံမကောင်းပါဘူး။ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ကိုပဲ ရလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းပြည်ရဲ့ နံပတ် (၄) ခေါင်းဆောင် အဆင့်ကိုပဲ ရခဲ့ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းဟာ ရည်မှန်းချက် ကြီးသူ ဖြစ်ပါတယ်။ သူ့ ကျရာတာဝန်ကို အကောင်းဆုံး ဖြစ်အောင် စွမ်းဆောင်ပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံအရပဲ ကြည့်ကြည့်၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဆန္ဒအရပဲ တွက်တွက် ၂၀၁၁ မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေကို ကြည့်ရင် လက်ညှိးထောင် ခေါင်းညှိမ့် လွှတ်တော် အဆင့်လောက်ပဲ လိုချင်ခဲ့တာပါ။ ဒါပေမယ့် ရည်မှန်းချက်ကြီးတဲ့ သူရဦးရွှေမန်းကတော့ အဲဒီ အခြေအနေကို ပြောင်းလဲပစ်ပြီး လွှတ်တော်ကို အသက်ဝင်လာအောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

နောက်ပိုင်း သူရဦးရွှေမန်းဟာ သူ့အနေနဲ့ နောက်လာမယ့် ရွေးကောက်ပွဲပြီးရင် သမ္မတ ဖြစ်ချင်တဲ့အကြောင်း၊ သမ္မတ ဖြစ်အောင်လည်း ကြိုးစားမယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပါတယ်။ ဇာတ်လမ်းဟာ အဲဒီမှာ စတာပါပဲ။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမွေအဖြစ် ထားရစ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရပဲ ဖြစ်ဖြစ်၊ သူခင်းပေးသွားတဲ့ လမ်းအရပဲ ဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော် ပေါင်းစပ်ထားတဲ့ အင်အားစုဘက်က သမ္မတလောင်း ဘယ်သူဖြစ်မယ်ဆိုတာ ပြောဆို ဆုံးဖြတ်ပိုင်ခွင့်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှာပဲ ရှိမှာမို့လို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်န်အယ်လ်ဒီပါတီ အားကောင်းတဲ့ အခြေအနေအောက်မှာ အဲဒီ အချက်က ပိုသေချာပါတယ်။

ဒါပေမယ့် သူရဦးရွှေမန်းဟာ ဇွဲမလျော့ပါဘူး။ သူလျောက်ရမယ့် ခရီးလမ်းကလည်း ရေဆန်လမ်း၊ ခက်လဲ ခက်ခဲပါတယ်။ ပထမ တဆင့်က ပြည်ခိုင်ဖြိုးပါတီ၊ တစ်နည်းအားဖြင့် လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေ သူ့ကို ထောက်ခံလာအောင် စည်းရုံးသိမ်းသွင်းရပါတယ်။ ကိုယ်ကျိုးစီးပွား ဆက်စပ်မှုတွေနဲ့ စည်းရုံးနိုင်လို့ သူ အောင်မြင်ပါတယ်။ ပြည်သူနဲ့ အတိုက်အခံ ကြိုက်အောင် အစိုးရအဖွဲ့ကို ထိန်းကျောင်းတာမျိုး လုပ်ပြပါတယ်။ တကယ်ကတော့ ခေါင်းဆောင်မှု တိုက်ပွဲ ဆင်နွှဲတာပါ။ ဒါလည်း အောင်မြင်ပါတယ်။ သူ့အတွက် အခက်ခဲဆုံးကတော့ အာဏာရှင်တွေ ချသွားပေးတဲ့ လမ်းကြောင်းကို ပြောင်းပြန်လှန်ဖို့ပါပဲ။ တိုတိုပြောရရင် အာဏာရှင်တွေ ခင်းပေးသွားတဲ့ လမ်းဆိုတာဟာ စစ်ဗိုလ်ချုပ်တွေချည်းပဲ တိုင်းပြည်ကို အစဉ်အဆက် အုပ်ချုပ်သွားနိုင်အောင်၊ တပ်မတော်ကို ပင်မ မဏ္ဍိုင် အင်အားစု အဖြစ်ထား၊ တပ်အပြင်ကို ရောက်သွားပြီဖြစ်တဲ့ ပြည်ခိုင်ဖြိုးအင်အားစုတွေက တပ်ကို ၀န်းရံ ဆိုတာမျိုးပါ။ ဒါကို သူရဦးရွှေမန်းကနေ ပြည်ခိုင်ဖြိုးပါတီကို မဏ္ဍိုင်ထား၊ တပ်က ၀န်းရံ ဆိုတာမျိုး ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားရပါတယ်။ ဒါမှ သူ့သြဇာ ထူထောင်ရေးနဲ့ သူ သမ္မတ ဖြစ်နိုင်ရေး လမ်းပွင့်မှာပါ။ အဲဒါ လုပ်ရတာတော့ ခက်ပါတယ်။ အကြောင်းကတော့ ဖွဲ့စည်းပုံကို ပြောင်းမှ ရမှာမို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ သူရဦးရွှေမန်းဟာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သမိုင်းဝင် ညွှန်ကြားချက်တစ်ခု ၂၀၁၄ ဖေဖေါ်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ အခြားသော အချက်တွေကို ယေဘူယျလောက်ပဲ ဖော်ပြပြီး သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေကို ရွေးကောက်ခံတွေထဲကပဲ ခန့်အပ်ဖို့ ဆိုတာကို တိတိကျကျ ညွှန်ကြားခဲ့ပါတယ်။ ဒါဟာ ဘယ်ဗိုလ်ချုပ်မဆို သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး လုပ်ချင်ရင် တပ်က ထွက်၊ ပြည်ခိုင်ဖြိုးထဲဝင်ပြီး ရွေးကောက်ပွဲဝင်၊ တစ်နည်းအားဖြင့် သူ့ရဲ့ ခေါင်းဆောင်မှုကို ခံယူကြဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်ခဲ့ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သူရဦးရွှေမန်းဟာ တပ်၊ အင်န်အယ်လ်ဒီ ဘယ်သူ့နဲ့မှ သဘောတူညီချက် ရယူမထားတဲ့ သူ့စိတ်ကြိုက် ဖွဲ့စည်းပုံပြင်ရေး မူကြမ်း၊ လွှတ်တော်ကို တင်ပါတယ်။ အရေးကြီးတာ အားလုံး တပ်မတော်သား အမတ်တွေက ပယ်ချခဲ့တဲ့အတွက် ဖွဲ့စည်းပုံ ပြင်ရေး ကြိုးစားခဲ့မှု တစ်ခုလုံး အချည်းနှီးဖြစ်သွားခဲ့ရပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲ နီးတဲ့အခါ တပ်မတော်ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုး ခေါင်းဆောင်အဖြစ်က ဖယ်ရှားပါတယ်။ လွှတ်တော်ထဲမှာ ရွေးကောက်ခံ အမတ်ကို ပြန်ဖြုတ်ချနိုင်တဲ့ ဥပဒေတင်ပြီး သူ့ကို လွှတ်တော် နာယက၊ အမတ်အဖြစ်ကနေပါ ဖယ်ရှားဖို့ ကြိုးစားပါတယ်။ အဲလို ကြိုးစားနိုင်ရင် နောက်တဆင့် ရာဇ၀တ်ပြစ်မှုကြောင်း တစ်ခုခုနဲ့ စွတ်စွဲပြီး ဖမ်းဆီး၊ အကျဉ်းချတာမျိုးတောင် ခံရနိုင်တဲ့ အခြေအနေမျိုးထိ ကြုံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ တပ်မတော်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် ရှုံးပါတယ်။ သူရဦးရွှေမန်းကိုယ်တိုင် ရွေးကောက်ပွဲမှာ ရှုံးပါတယ်။ ဒါဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဘ၀အတွက် ကောင်းမွန်သွားစေပါတယ်။ အကြောင်းကတော့ သူကိုယ်တိုင် နောင်လွှတ်တော်ထဲ ရောက်မှာ မဟုတ်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီတွင်း ဂိုဏ်းဂနတိုက်ပွဲမှာ ပါဝင်ပတ်သက်ခွင့် ပြီးဆုံးသွားလို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပံ့ပိုးသူ အနေနဲ့ ရပ်တည် လှုပ်ရှားနေပါပြီ။ အင်န်အယ်ဒီဘက်ကလည်း သူ့ကို နောင် အစိုးရအသစ် ဖွဲ့တဲ့အခါ ဂုဏ်သိက္ခာရှိတဲ့ တာဝန်တစ်ခုခု ပေးဖို့ ပြောဆိုမှုတွေ ရှိနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူရဦးရွှေမန်းရဲ့ အပြောင်းအလဲ အယိမ်းအယိုင်များလှတဲ့ စိတ်ဝင်စားဖို့ ကောင်းလှတဲ့ ဘ၀ ဇာတ်လမ်း ဒီလောက်နဲ့ ရပ်တန့်မသွားနိုင်ပါဘူး။ တပ်မတော်ခေါင်းဆောင်တွေနဲ့ လက်ရှိ ပြည်ခိုင်ဖြိုးကို ထိန်းချုပ်ထားတဲ့ အင်အားစုတွေက ရန်သူသဖွယ် သဘောထားတဲ့ သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်က နေရာပေးတာကို သူတို့က လက်သင့်ခံကြမလား၊ လက်သင့်မခံရင် ဘာတွေ ဆက်ဖြစ်ဦးမှာလဲ၊ သူရဦးရွှေမန်း အနေနဲ့ သူ့ရဲ့ မြင့်မားတဲ့ ရည်မှန်းချက်ကို ဘယ်လိုဆက် အကောင်အထည် ဖော်ဦးမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါကြောင်း။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1JbBhCs http://ift.tt/1nfHMox

၂ နှစ်ပေါင်းပြီး အကယ်ဒမီဆု ၂၂ ခု ချီးမြှင့်မည်

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် ၂[…]

The post ၂ နှစ်ပေါင်းပြီး အကယ်ဒမီဆု ၂၂ ခု ချီးမြှင့်မည် appeared first on DVB.

via DVB | DVB http://ift.tt/1Ud3Qjo http://burmese.dvb.no

ဖားကန့် လုပ်ကွက်တွေမှာ စက်ယန္တရား လေးထောင်ခန့် ရှိ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ အခွန်ဆောင်ပြီး တူးဖော်ရေး ယာဉ်၊ စက်ယန္တရား အရေအတွက်ဟာ လောလောဆယ် ဖားကန့်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့က ရရှိထားတဲ့ စာရင်းတွေအရ စုစုပေါင်း အစီးရေ လေးထောင်ဝန်းကျင်ရှိပါတယ်။

via သတင်းများ http://ift.tt/22ugSit http://www.rfa.org

မြန်မာနိုင်ငံသားနှစ်ဦး အမှု ပြန် သုံးသပ်ပေးဖို့ တပ်ချုပ် သ၀ဏ်လွှာပို့

မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  ထိုင်းနိုင်ငံက လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံ ထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ အမှုကို သက်သေအထောက်အထား ခိုင်လုံမှု ရှိ-မရှိ ပြန်လည် သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေကို ပန်ကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေ့လယ်ပိုင်းမှာ ထိုင်းနိုင်ငံ အစိုးရ၀န်ကြီး ဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwon၊ ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ်…

via Voice of America http://ift.tt/1OflRgQ http://ift.tt/Tf1V41

နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်းသည့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်စာထုတ်ပြန်

via moi http://ift.tt/1QPaiQe http://ift.tt/1KnLGaX

မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်မှုအပေါ် ဆောင်းဦးလှိုင်၊ ကြည်ဖြူသျှင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့၏ ဖွင့်ဟချက်

ဆောင်းဦးလှိုင် – တေးရေး၊ အဆိုတော် “နိမ့်ပါးနေရင် ဖိနှိပ်ရက်စက်ခံရမယ်၊ ဘဝအခြေအနေ အသိပညာ၊ အတတ်ပညာဉာဏ်တွေမြင့်မားအောင် ကြိုးစားကြရမယ်၊[…]

The post မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်မှုအပေါ် ဆောင်းဦးလှိုင်၊ ကြည်ဖြူသျှင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့၏ ဖွင့်ဟချက် appeared first on DVB.

via DVB | DVB http://ift.tt/1QPN6kv http://burmese.dvb.no

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကို နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ပြောင်းလဲမည်

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) အား ပြောင်းလဲလာသည့် တိုင်းပြည်အခြေအနေအရ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် လာမည့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင် ပြောင်းလဲဖွဲ့စည်းရန်အတွက် အဖွဲ့ဝင်များ ဖိတ်ခေါ်နေကြောင်း သိရသည်။

The post နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကို နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ပြောင်းလဲမည် appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1QPMTgY http://ift.tt/1OYtTeJ

မြန်မာ အလုပ်သမားနှစ်ဦး သေဒဏ်ချမှု ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြ (သတင်းဓာတ်ပုံများ)

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့အတွက် ဒီကနေ့ နေ့ခင်း ၃နာရီလောက်မှာ သံဃာတော်တွေအပါအ၀င် လူ ၁၀ ဦးလောက်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေ့ရှုဖို့ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ၁၅ မိနစ်လောက် ထိုင်းသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
(သတင်းဓာတ်ပုံ Credit to ကိုရဲနောင်)

via Voice of America http://ift.tt/22rl9Dr http://ift.tt/Tf1V41

ရခိုင်ဝန်ကြီးချုပ်ရာထူး အနိုင်ရပါတီကိုယ်စားလှယ်ခန့်ဖို့ ဒေသခံအဖွဲ့တွေလိုလား

"ရွေးချယ်တင်မြှောက်လိုက်ပြီးတဲ့နောက်မှာ တက်လာတဲ့ အနိုင်ရ ကိုယ်စားလှယ်တွေထဲကသာလျှင် ၀န်ကြီးချုပ်ကို ခန့်သင့်တယ်လို့ ဆုံးဖြတ်ကြတယ်"

via Voice of America http://ift.tt/1J5VZUt http://ift.tt/Tf1V41

ဝနဲ့ မိုင်းလား ငြိမ်းချမ်းရေး ညီလာခံတက်ဖို့ မသေချာ

လာမယ့်နှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ၀နဲ့ မိုင်းလားအဖွဲ့တွေကို ဖိတ်ကြားထားပေမဲ့ ဒီနှစ်ဖွဲ့ကတော့ တက် မတက် မဆုံးဖြတ်ရသေးပါဘူး။ လောလောဆယ်မှာ NCA (ခေါ်) တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ ၁၁ ဖွဲ့ကိုလည်း ဒီညီလာခံကို ဖိတ်ကြားဖို့ ရှိနေပြီး လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကတော့ အကုန်လုံးကို မဖိတ်ကြားရင် တက်ရောက်မယ့် အခြေအနေ မရှိကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့…

via Voice of America http://ift.tt/1OLGYUi http://ift.tt/Tf1V41

ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်မင်း ဆွေးနွေး

လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီး ဦးအောင်မင်း တို့ နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

via သတင်းများ http://ift.tt/1JvDBiE http://www.rfa.org

စစ်ဘေးဒုက္ခသည်များကို ကူညီဖို့ Peace Machine က ကျပ် ၁၀ သိန်းလှူ

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် Peace Machine လို့ ခေါ်တဲ့လူငယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးကို ငွေကျပ် ၁၀ သိန်း ဒီကနေ့ လာရောက် လှူဒါန်းခဲ့ပါတယ်။

via သတင်းများ http://ift.tt/1OLGZYo http://www.rfa.org

ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်မင်း ဆွေးနွေး

လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီး ဦးအောင်မင်း တို့ နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

via သတင်းများ http://ift.tt/1JvDBiE http://www.rfa.org

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၁၃) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနား တက်ရောက် အမှာစကား ပြောကြား

via moi http://ift.tt/1NMbrSe http://ift.tt/1KnLGaX