ပြည်နယ်လွှတ်တော် ပထမအကြိမ် ၅ နှစ်အတွင်း မီဒီယာများ သတင်းယူခွင့်မရခဲ့

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၁၆ ခုနှစ်။ စောညွှန့်သောင်း ကရင်ပြည်နယ် လွှတ်တော်၊ ပထမအကြိမ် ၅ နှစ်သက်တမ်းအတွင်း လွှတ်တော်အစည်းအဝေးများသို့ မီဒီယာ သမားများ သတင်းယူခွင့် မရရှိခဲ့ဟု ဒေသတွင်းအခြေစိုက် သတင်းသမားများက ကေအိုင်စီသို့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြောသည်။ ဒေသခံသတင်းသမားများအနေဖြင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများသို့ သတင်းယူခွင့်ရရန် ကြိုးစားခဲ့ သော်လည်း အကန့်အသတ်များခြင်း၊ ပွင့်လင်းမြင်သာမှုအားနည်းခြင်း တာဝန်ရှိသူများက အကြိမ်ကြိမ်ငြင်းဆို ခြင်း စသည့် အခက်အခဲများကြောင့် သတင်းယူခွင့်မရခဲ့ခြင်းဖြစ်သည်ဟု မြစ်မခ သတင်းအေဂျင်စီမှ ဖားအံ သတင်းထောက် ကိုစန်းပွင့်က ကေအိုင်စီသို့ ယခုလို ပြောသည်။ “ပြည်နယ် လွှတ်တော်နဲ့ ဒေသခံသတင်းမီဒီယာတွေလုံးဝ ချိတ်ဆက်မှုလည်း မရှိ၊ ပွင့်လင်းမြင်သာမှုလည်း မရှိ၊ ကျနော်တို့ သွားရောက်မေးမြန်းတာတွေလည်း အမြဲတစေ […]

via ကေအိုင်စီ – KIC News http://ift.tt/1PM2Mpp http://kicnews.org

အစိုးရသစ်နဲ့ CSO များရဲ့ အခန်းကဏ္ဍ (၁)

ဖွင့်တဲ့အတွက်ကြောင့် တက်လာသမျှ လယ်သမား ထောင်ကျတယ်၊ ကျောင်းသား တက်ကြည့်၊ ကျောင်းသား ထောင်ကျတယ်။ တကယ်လုပ်မလား၊ လုပ်ရင် ပိတ်လိုက်တယ်။ အဲ့ဒီဟာတွေ ရှိနေတော့ သူက ပြောရင်တော့ ပါးနပ်တယ်ပေါ့

The post အစိုးရသစ်နဲ့ CSO များရဲ့ အခန်းကဏ္ဍ (၁) appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1KNJk3U http://ift.tt/1OYtTeJ

တစ်သီးပုဂ္ဂလအဖြစ်သာ ရပ်တည်သွားတော့မည်ဟု သူရဦးအောင်ကိုဆို

သူရဦးအောင်ကို (ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ))

တစ်သီးပုဂ္ဂလအ ဖြစ်ရပ်တည်ကာ နိုင်ငံတော်တာ ၀န်ထမ်းဆောင်ရေး လက်ကမ်း လာမည့်အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သူရဦးအောင်ကိုကပြောသည်။


‘‘အခုအချိန်မှာ ဗဟိုအလုပ် အမှုဆောင်လည်းမဟုတ်တော့ပါ ဘူး။ ဗဟိုကော်မတီမှာ ပါ၊မပါ လည်းမသေချာတော့ပါဘူး။ တစ် သီးပုဂ္ဂလအနေနဲ့ နိုင်ငံတော်တာ ၀န်ကို လက်ကမ်းမယ့်အဖွဲ့အ စည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲရှိ ပါတယ်။ ပါတီကနေ အန်ကယ်အ နားယူဖို့တောင်မလိုပါဘူး။ သူ့ ဟာသူပဲ အနားပေးမှာပါ’’ဟု  ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်လက် လက်တွဲရန် ရှိ၊မရှိမေးမြန်းမှုကို သူရဦးအောင်ကိုက ဖြေကြားသည်။

ပြည်ခိုင်ဖြိုးအသင်းအဖြစ် လှုပ်ရှားစဉ်ကာလကပင် ဗဟိုအ လုပ်အမှုဆောင်အဖြစ်ပါဝင်ခဲ့ပြီး ပါတီအဖြစ်ပြောင်းလဲကာ ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် သည့်ကာလတွင် ပါတီဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်တာဝန်ပေးအပ်ခံခဲ့ရသည့် သူရဦးအောင်ကိုသည် ၂၀၁၅ သြဂုတ် ၁၂ရက်က သူရဦးရွှေမန်းနှင့်အတူ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

သူရဦးအောင်ကိုသည် ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ရင်းနှီးသူဖြစ်ကာ လာမည့်အစိုးရအဖွဲ့သစ်တွင် ပါဝင်လာမည်ဟု ခန့်မှန်းခံနေရသူတစ်ဦးလည်းဖြစ်သည်။

ထို့သို့ ခန့်မှန်းမှုများထွက် ပေါ်နေသော်လည်း ပထမအကြိမ် လွှတ်တော်သက်တမ်းပြီးဆုံး သည့်အချိန်အထိ ဒီချုပ်က ၎င်းထံသို့ တစ်စုံတစ်ရာကမ်းလှမ်းလာမှုမရှိသေးကြောင်းသူရဦး အောင်ကိုက ပြောသည်။

‘‘အန်တီစုက ဘာတာဝန်၊ ဘာတာဝန်ပေးတယ်ဆိုပြီးပြော တာမရှိသေးပါဘူး။ သို့သော် လည်း နိုင်ငံအတွက်၊ လူမျိုးအ တွက် လိုအပ်ရင် ၀ိုင်းကူပေးပါဆို တဲ့ စကားကိုတော့ မကြာခဏ ပြောထားတာရှိပါတယ်။ ကျွန် တော်က လက်ခံမှာပါ’’ဟု ၎င်းက ပြောသည်။

သူရဦးအောင်ကိုသည် လွှတ်တော်တွင်း အစိုးရအဖွဲ့အား ဝေဖန်ထောက်ပြမှုများ၊ တရားရေးမဏ္ဍိုင်အား ပြင်းပြင်းထန်ထန်ဝေဖန်မှုများကြောင့် လူသိများလာခဲ့ ပြီး လွှတ်တော်တွင်း ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း စဉ်များကိုလည်း တက်တက်ကြွ ကြွဆောင်ရွက်ခဲ့သူတစ်ဦးဖြစ် သည်။

via Politics http://ift.tt/1KhTUW5 http://ift.tt/1OVjJZO

သဘောထားကွဲလွဲမှုများရှိသော်လည်း အမျိုးသား ညီညွတ်ရေးတည်ဆောက်ရန် ရခိုင်အမျိုးသားပါတီတွင် သာဆက်လက်ပါဝင်မည်ဟု ဦးအေးသာအောင်ပြော

ဦးအေးသာအောင် (ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ))

ရခိုင်အမျိုးသားပါတီအ တွင်း သဘောထားကွဲလွဲမှုများရှိ နေသော်လည်း အမျိုးသားညီ ညွတ်ရေးတည်ဆောက်ရန် ယင်း ပါတီ၌သာ ဆက်လက်ပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးအေးသာအောင်က ပြောသည်။


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)တို့က ရခိုင်ပြည်နယ်၏ လိုအပ်ချက်များ ကို ဆောင်ရွက်ရန် ၂၀၁၃ ဇွန်လ ၁၇ ရက်တွင် နှစ်ပါတီပေါင်းစည်း ပြီး ရခိုင်အမျိုးသားပါတီအဖြစ် ဖွဲ့စည်းတည်ထောင်ရန် လက် မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် ယခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်အမျိုးသားပါတီ မှ လွှတ်တော်ကိုယ်စားလှယ်တစ် ဦးကို ပြည်နယ်ဝန်ကြီးချုပ် ရာထူး ပေးရန်နှင့် မပေးပါက အနိုင်ရ ပါတီ အင်န်အယ်လ်ဒီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ် ဘဲ ရခိုင်အမျိုးသားအကျိုးစီးပွား အတွက် အတိုက်အခံနိုင်ငံရေး ပါတီအဖြစ် ရပ်တည်သွားမည်ဟု သဘောထားကြေညာချက်ထုတ် ပြန်ခဲ့သည်။

ယင်းသဘောထားထုတ်ပြန် ချက်ကို ယခင်ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးအေးသာ အောင်ထံသို့ အသိမပေးခြင်းနှင့် ပတ်သက်၍ ပါတီအတွင်း သဘောထားကွဲလွဲမှုများနှင့် ကြုံတွေ့နိုင် ဟု သတင်းများထွက်ပေါ်ခဲ့သည်။

‘‘ဘယ်ပါတီပဲဖြစ်ဖြစ် ပါတီ တွင်း ပြဿနာတော့ ရှိကြပါ တယ်။ အန်ကယ်က ပါတီဝင်ပဲ လေ။ ဒါကြောင့် ပါတီလုပ်ငန်းစဉ် တွေကို ဆက်လက်ပြီး ပါတီဝင် တွေနဲ့ လက်တွဲဆောင်ရွက်သွား မယ်။ အမျိုးသားရေးကို အဓိက ထားပြီး ရခိုင်ပြည်နယ်မှာ ကြုံ တွေ့နေရတဲ့ စီးပွားရေး၊ ပညာ ရေးလုပ်ငန်းတွေကို ဆောင်ရွက် သွားမှာပါ။ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ရင်တော့ ပါတီတွင်း မပြေလည်မှုတွေ ပြေလည်သွား မှာပါ’’ဟု ဦးအေးသာအောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်လိုက်သည့် သဘောထားကြေ ညာချက် မထုတ်ပြန်မီ မိမိတို့နှင့် ဆွေးနွေးညှိနှိုင်းသင့်သော်လည်း အကြောင်းမကြားခဲ့ကြောင်း၊ ကြေညာချက်ထုတ်ပြန်သည့်အချိန် တွင် မိမိသည် ပြည်တွင်း၌သာရှိ နေပြီး ဇန်နဝါရီ ၂၁ ရက်မှ ဂျပန်နိုင်ငံသို့ ထွက်သွားခြင်းဖြစ် ကြောင်း ဦးအေးသာအောင်က ဆက်လက်ပြောကြားသည်။

ထိုသို့ ရခိုင်အမျိုးသားပါတီ အတွင်း သဘောထားကွဲလွဲမှုရှိ၊ မရှိနှင့်ပတ်သက်၍ ရခိုင်အမျိုး သားပါတီမှ ဗဟိုကော်မတီဝင် ဦးလှစောက ‘‘ပါတီတွင်းမှာတော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ သဘောထားကွဲလွဲမှုတွေလည်း မရှိပါဘူး။ ဦးအေးသာအောင်က လွှတ်တော်အဖွဲ့ထဲပါတာပါ။ အစိုးရအဖွဲ့ထဲပါတာ မဟုတ်ပါ ဘူး။ အစိုးရအဖွဲ့ထဲပါရင်တော့ ကန့်ကွက်မှာပါ။ ကျွန်တော်တို့ကြေညာချက်ထုတ်ပြန်တာက လည်း အနိုင်ရပါတီက နိုင်ငံရေး တွေ့ဆုံမှုမရှိတဲ့အတွက် ထုတ်ပြန်လိုက်တာပါ’’ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအ ဖြစ် ဦးဝင်းမြင့် (NLD)၊ ဒုဥက္ကဋ္ဌအ ဖြစ် ဦးတီခွန်မြတ် (USDP)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်  ဦးမန်းဝင်းခိုင်သန်း (NLD)၊ ဒုဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင် (ANP)တို့ကို ဇန်နဝါရီ ၂၇ ရက် တွင် အတည်ပြုရွေးချယ်လိုက် သည်။

မိမိလွှတ်တော်အတွင်း ရောက်ရှိသွားပါက ရခိုင်ပြည်နယ် တွင် ကြုံတွေ့နေရသည့် စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို ဖြည့်ဆည်းဆောင် ရွက်မည်ဖြစ်ပြီး ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ကြိုးစားဆောင် ရွက်မည်ဖြစ်ကြောင်း ဦးအေးသာ အောင်က ပြောသည်။

via Politics http://ift.tt/1KhTTkX http://ift.tt/1OVjJZO

NLD အစိုးရသစ်အပေါ် မျှော်လင့်မှုများ

”ဒီအများစုကြီးကို သူကထိန်းကျောင်းမှာပါ။ ခင်ဗျားလည်းသိပါတယ်။ အစိုးရ၊ ဥပဒေပြုလွှတ်တော်တွေ ဒါတွေကို သူက ထိန်းချုပ်ပဲ့ကိုင်ရမယ့် အင်မတန်အရေးပါတဲ့နေရာပါ။ စစ်တပ်ကလည်း ဒါကို အသိအမှတ်ပြုထားပါတယ်။”

via Voice of America http://ift.tt/1Uy6lgI http://ift.tt/Tf1V41

လွှတ်တော် ခေါင်းဆောင် NLD အဆိုပြုချက် တိုင်းရင်းသားတွေ ကြိုဆို

လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာမှာ တိုင်းရင်းသား ပုဂ္ဂိုလ်တွေကို ၃ နေရာ ပေးဖို့ အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် အဆိုပြုလိုက်တာဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အနေအထားဖြစ်တယ်လို့ တိုင်းသား နိုင်ငံရေး ပါတီတွေရဲ့ ခေါင်းဆောင် တချို့က ရှုမြင်ကြပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေရဲ့ အကန့်အသတ်ကြောင့် တိုင်းရင်းသားတွေ လွှတ်တော် အကြီးအကဲ နေရာတွေ ရလာပေမယ့် လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းကတော့ အကန့်အသတ် ရှိဦးမှာ ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ မသိင်္ဂ…

via Voice of America http://ift.tt/1PVUa9H http://ift.tt/Tf1V41

လွှတ်တော် ခေါင်းဆောင်များ အဆိုပြုချက် NLD ထုတ်ပြန်

ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်လိုက်တဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေက လာမယ့် လွှတ်တော်သစ်မှာ တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးရှိမယ့် ဥပဒေတွေ ချမှတ် သွားမှာဖြစ်ပြီး အကျိုးမပြုတဲ့ ဥပဒေတွေကိုတော့ ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ လွှတ်တော်နှစ်ရပ် ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အဆိုပြုစာရင်းကို အနိုင်ရ အန်အယ်ဒီပါတီက ဒီကနေ့ပဲ ထုတ်ပြန်လိုက်တာပါ။ ရွေးချယ်ခံရတဲ့…

via Voice of America http://ift.tt/1SMt6Qc http://ift.tt/Tf1V41

လ၀ကနှင့် သာသနာရေးကို ပြည်ထဲရေး လက်အောက်ပြောင်းရွှေ့ရန် အချိန်အခါမသင့်ဟု ပါတီကိုယ်စားလှယ်များဆန္ဒပြု

 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့ကို ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ပြောင်းရွှေ့ ရန် နိုင်ငံရေးပါတီကိုယ်စားလှယ် များသဘောတူသော်လည်း အချိန်အခါ မသင့်ဟု ဆန္ဒပြုခဲ့ကြကြောင်းသိရသည်။
ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့ကို ပြောင်းရွှေ့ ရန် လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့်

via သစ်ထူးလွင် (နေ့စဉ်သတင်း) http://ift.tt/1PClIk6 http://ift.tt/Y2RpwJ

ပြည်သူနှင့်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အမည်စာရင်းကို အန်အယ်လ်ဒီ အတည်ပြု (ရုပ်သံ)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့ဖြစ်ကြောင်း အန်အယ်လ်ဒီ အတည်ပြုလိုက်ပါတယ်။

The post ပြည်သူနှင့်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အမည်စာရင်းကို အန်အယ်လ်ဒီ အတည်ပြု (ရုပ်သံ) appeared first on DVB.

via DVB | DVB http://ift.tt/1PClKby http://burmese.dvb.no

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ

နေပြည်တော်၊ဇန်န၀ါရီလ -၂၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အဖွဲ့ နှင့်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့  သည်နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင် ဧည့် ရိပ်သာတွင် ယနေ့ မွန်းလွဲ (၂း၀၀)နာရီ တွင် တွေဆုံ့ခဲ့ ကြသည်၊အဆိုပါတွေ့ ဆုံ မှု မှာ နှစ်နာရီကြာမြှင့် ခဲ့ပြိး ထိုသို့တွေ့ဆုံရာတွင်အစိုးရဖွဲ့စည်းရေးဆိုင်ရာများ ရွေးကောက်ပွဲလွန်အပြောင်းအလဲကာလ နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့်ပတ်သက်သော ကိစ္စရပ်များ၊၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေး ခဲ့သည်။ ယနေ့ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ကြပြီး ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် […]

via NLD official http://ift.tt/1K7GzQ7 http://ift.tt/1NL5t57

ကျောင်းသားတွေ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မရ

လက်ပံတန်းကျောင်းသားသပိတ် အကြမ်း ဖက်ဖြိုခွဲခံရပြီး လက်ရှိသာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ ဆဲ ကျောင်းသူ ကျောင်းသားတွေဟာ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘူး လို့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ ကို သုတေသနပြုစုထားတဲ့ အဖွဲ့ ၃ ဖွဲ့က တွေ့ရှိချက်စာတမ်း ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

via သတင်းများ http://ift.tt/1TkiZBM http://www.rfa.org

ရဲနှင့်စည်ပင်တို့ ဖိအားပေးမှုကြောင့် လှိုင်သာယာကျူးကျော်တဲများ ပိုင်ရှင်ကိုယ်တိုင် ဖျက်နေရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စု ဒိုင်စုရပ်ကွက်အလယ်မှာရှိတဲ့ ကျူးကျော်ဆောက်လုပ်နေထိုင်ကြသူတွေကို ရဲနှင့် စည်ပင် ဖိအားပေးဖျက်ခိုင်းတာကြောင့် ဒီနေ့ နေ့လည်မှာ[…]

The post ရဲနှင့်စည်ပင်တို့ ဖိအားပေးမှုကြောင့် လှိုင်သာယာကျူးကျော်တဲများ ပိုင်ရှင်ကိုယ်တိုင် ဖျက်နေရ appeared first on DVB.

via DVB | DVB http://ift.tt/1NvTmGA http://burmese.dvb.no

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ဘတ်ဂျက် ရခိုင်ပြည်နယ် လွှတ်တော်အတည်ပြု

ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ် လက်ထက်မှာ ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ငွေကျပ် ၁၄၅ ဘီလီယံ သုံးစွဲ ခွင့်ပြုပြီး ရေးဆွဲထားတဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကို ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး နောက် ဆုံးနေ့မှာ အတည်ပြုလိုက်ပါတယ်။

via သတင်းများ http://ift.tt/1S6Q8BQ http://www.rfa.org

လက်ပံတောင်း ဆန္ဒပြသူတွေကို လမ်းပိတ်ဆို့မှု ဒေသကုန်စည် စီးဆင်းရေးခက်ခဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ မြေယာနစ်နာကြေးမယူထားတဲ့ လယ်တွေ အတွက် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေ ဆန္ဒပြနေတဲ့အတွက် ပုသိမ်-မုံရွာ ကားလမ်း ပိတ်ဆို့တားဆီးထားပြီး ကုန်စည်စီးဆင်းမှုတွေ အခက်အခဲတွေဖြစ်နေပါတယ်။ ဆန္ဒပြသူတွေရှိရာကို ဒီနေ့မှာတော့ ယင်းမာပင် ခရိုင်အထွေအထွေအုပ်ချုပ်ရေးမှူး လာရောက်ခဲ့ပြီး မနက်ဖန်မှာ မြန်မာ ၀မ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးမယ်လို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊…

via Voice of America http://ift.tt/1RJkkSR http://ift.tt/Tf1V41

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး

via moi http://ift.tt/1SHfQfH http://ift.tt/1KnLGaX

တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးကြပါတယ်။ Originally published at – http://ift.tt/1WKZDFw

via VOA Burmese (uploads) on YouTube https://www.youtube.com/watch?v=Pj6Pyw5vo3s https://youtube.com/playlist?list=UUv-YbGueeYCp8_CdjgXQD3A

အစိုးရသစ်နှင့် အဆင်ပြေစွာလက်တွဲနိုင်မည်ဟု တပ်ချုပ်ပြော

ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်မည့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်အစိုးရသစ်နှင့် အဆင်ပြေစွာ လက်တွဲဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း သတင်းရရှိ သည်။ ‘‘အခုလာမယ့် အစိုးရသစ်နဲ့ သူတို့အဆင်ပြေမယ်၊ ဒီအစိုးရ သစ်နဲ့ လက်တွဲဆောင်ရွက်လို့ရ မယ်ပြောတယ်’’ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ သည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအတွင်းရေးမှူးဦးသီဟ စောကပြောသည်။ ရွေးကောက်ပွဲ ကာလတွင် ပြည်သူရွေးချယ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်၌ မယိမ်းမယိုင်လျှောက်လှမ်း နိုင်ရန် ထိန်းသိမ်းလုပ်ဆောင်ခဲ့ပြီး အစိုးရသစ်နှင့်လည်း တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများဆက် လက်လုပ်ဆောင်မည်ဟုတပ်ချုပ် ကပြောကြောင်း တပ်မတော်က လည်း သတင်းထုတ်ပြန်သည်။ ဇန်န၀ါရီ ၂၄ ရက်က တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင် စီအဖွဲ့ဝင်များ နေပြည်တော်ရှိ […]

via Myanmar Electoral Resource and Information Network http://ift.tt/1ZY8rNO http://ift.tt/1Ov7XVN

သမ္မတတာဝန်လွှဲပြောင်းရေးကော်မတီနှစ်ခု ထပ်မံတွေ့ဆုံမည်

ပြည်ထောင်စု လွှတ်တော်သစ်စတင်ရန် ရက်ပိုင်းအလိုတွင် သမ္မတတာဝန်လွှဲပြောင်း ရေးအတွက် အစိုးရကော်မတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားသည့်ကော်မတီနှစ်ခု ယခုရက်ပိုင်းအတွင်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။ ‘‘ကျွန်တော်တို့နောက်ဆုံး လုပ်ထားတဲ့ ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေ ပြောမှာပေါ့။ သူတို့ဘက်ကတော့ ဘာပြောမလဲမသိသေးဘူး’’ဟု သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။တွေ့ဆုံရာတွင် သမ္မတ ဦး သိန်းစိန်က နောက်တက်လာမည့် သမ္မတအား တာဝန်လွှဲပြောင်းပေး မည့် အခမ်းအနားအတွက်လည်း ထည့်သွင်းဆွေးနွေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ကော် မတီနှစ်ခု မတွေ့ဖြစ်သည်မှာ တစ်လကျော်ခဲ့ပြီဖြစ်ပြီး ယခင်က တစ် ကြိမ်သာ တွေ့ဆုံဆွေးနွေးထား သည်။ ပထမအကြိမ် တွေ့ဆုံမှု တွင် ဒီချုပ်တောင်းဆိုထားသည့် ဝန်ကြီးဌာန အချက်အလက်များ ကို တစ်လအတွင်း ပြုစုပေးမည် ဟု အစိုးရဘက်က ပြောကြားခဲ့ သည်။ ထို့ပြင်တပ်မတော်ကာကွယ် […]

via Myanmar Electoral Resource and Information Network http://ift.tt/1niNz1P http://ift.tt/1Ov7XVN

မြန်မာအယ်ဒီတာများအတွက် သတင်းခန်းစီမံခန့်ခွဲမှုနှင့် တည်းဖြတ်ခြင်းဆိုင်ရာ လက်စွဲစာအုပ်ထုတ်ဝေ

ရန်ကုန်သတင်းစာပညာကျောင်း ဒါရိုက်တာဦးရဲနိုင်မိုး(ဓာတ်ပုံ−စိုင်းဇော်)

‘‘ဇာတ်လမ်းကောင်းများ ပေါ်ထွက်ရာ သတင်းခန်းစီမံခန့်ခွဲ မှုနှင့် တည်းဖြတ်ခြင်းဆိုင်ရာ လက်စွဲ’’စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါ ရီ ၂၂ ရက်က ရန်ကုန်မြို့ရှိ တော် ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ရာ သတင်းစာ၊ ဂျာနယ်များ၌ လုပ်ကိုင်နေသော အယ်ဒီတာများ တက်ရောက်ခဲ့ကြသည်။

အဆိုပါစာအုပ်သည် မြန်မာ နိုင်ငံ၏ သတင်းစာပညာသမိုင်း တွင် ပထမဆုံးထုတ်ဝေသော အယ်ဒီတာ လက်စွဲစာအုပ်ဖြစ် သည်။ မြန်မာ့သတင်းခန်းများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်နိုင် ရန် ရန်ကုန်သတင်းစာပညာ ကျောင်းက ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော် ကြာ မြန်မာသတင်းစာဆရာများ အား သတင်းစာသင်တန်းများ ပို့ချပေးခဲ့သူ သင်တန်းဆရာ မစ္စတာ ဂရေဟမ်ဝပ်စ်က ရေးသားခြင်းဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်အတွင်း က အယ်ဒီတာများအတွက် သင် တန်းအချို့ကို ရန်ကုန်သတင်းစာ ပညာကျောင်းက ဖွင့်လှစ်ခဲ့ပြီး သင် တန်းရလဒ်ကောင်းများကို ကြည့်၍ ယခုစာအုပ်ကိုထုတ်ဝေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် သတင်းစာပညာကျောင်း ဒါရိုက် တာဦးရဲနိုင်မိုးက ပြောသည်။

အဆိုပါ အယ်ဒီတာ့လက်စွဲ စာအုပ်ကို အခန်းငါးခန်းခွဲထားပြီး ပိုင်ဆိုင်မှုနဲ့ လွတ်လပ်ပြီး အမှီအခို ကင်းမဲ့မှုအခန်းနှင့် အစပြုထားပြီး သတင်းခန်းတည်ဆောက်ပုံ၊ သတင်းခန်းစီမံခန့်ခွဲမှု၊ အယ်ဒီတာများနဲ့ တည်းဖြတ်ခြင်း၊ အလျင်အ မြန်ပြောင်းလဲနေတဲ့ နည်းပညာ အရ ဒစ်ဂျစ်တယ်က ကျွန်တော် တို့ရဲ့ သတင်းစာပညာကို ဘာ တွေပြောင်းလဲနေသလဲစသည့် အပိုင်းများခွဲ၍ ရေးသားထားသည်။


‘‘သတင်းထောက်နဲ့ အယ်ဒီ တာကြားထဲက ဆက်ဆံတဲ့ ယဉ် ကျေးမှုတစ်ရပ် ဘယ်လိုဖြစ်ပေါ် လာအောင် တည်ဆောက်သင့် တယ်ဆိုတာ ဒီစာအုပ်တွေထဲမှာ သေသေချာချာဖော်ပြထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သတင်းခန်းတွေအတွက် အင် မတန်မှ အဖိုးတန်တဲ့အကြံပြုချက် တွေ အသုံးချရမှာဖြစ်ပါတယ်’’ ဟု အဆိုပါစာအုပ်ကို ဘာသာပြန် ပေးခဲ့သူ ဦးအောင်ထွန်းဦးက ပြောသည်။

စာအုပ်ရေးသားသူ ဂရေ ဟမ်ဝပ်စ်သည် သတင်းစာဆရာ အဖြစ် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခဲ့ပြီး လန်ဒန်အခြေစိုက် Financial Times သတင်းစာကြီးတွင် အယ် ဒီတာအဖြစ် ၂၁ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဂရေဟမ်ဝပ်စ်သည် သတင်းစာပညာကို လန်ဒန်၊ နယူးယောက်၊ဘာလင်၊ ဟောင်ကောင်၊ မွမ် ဘိုင်း၊ ဒေလီ၊ ဂျိုဟန်နက်စ်ဘာဂ်၊ ဟယ်လ်ဆင်းကီးနှင့် အရှေ့ တောင်အာရှနိုင်ငံများတွင် သင် ကြားပို့ချလျက်ရှိသည်။

မြန်မာသတင်းစာဆရာများ ကို ၂၀၀၄ ကတည်းက သင်ကြား ပေးခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်နေ ထိုင်လျက်ရှိပြီး သတင်းစာလက် စွဲစာအုပ်များ ရေးသားခြင်း၊ သင် တန်းများပို့ချခြင်းတို့ကို ပြုလုပ်နေ သည်။

မြန်မာနိုင်ငံ သတင်းခန်းများရှိ အယ်ဒီတာများအတွက် ရည်ရွယ်၍ သတင်းခန်းစီမံခန့်ခွဲမှုနှင့် တည်းဖြတ်ခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ရန်ကုန်သတင်းစာ သင်တန်းကျောင်းက ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ယခုစာအုပ်ကို Open Soci-ety Foundations နှင့် ပျိုးပင် အစီအစဉ်တို့၏ အကူအညီဖြင့် ရန်ကုန်သတင်းစာပညာကျောင်း က တာဝန်ယူပုံနှိပ်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

via News http://ift.tt/1RFs2O1 http://ift.tt/1Vus636