အစိုးရသစ်ကို ဂုဏ်ပြု၍ တစ်ကိုယ်တော်လမ်းလျှောက်နေသူ ဆေးကုသမှုခံရသော်လည်း ပြီးဆုံးသည်အထိ လျှောက်မည်ဟုဆို

အစိုးရသစ်ကို ဂုဏ်ပြုကာ တစ်ကိုယ်တော်လမ်းလျှောက်နေသည့် ဦးအောင်သူ (ဓာတ်ပုံ – ဟိန်းအာကာ)

အစိုးရသစ်ကို ဂုဏ်ပြု သည့်အနေနှင့် တစ်ကိုယ်တော်လမ်းလျှောက်ခြင်းအစီအစဉ် စတင်ပြုလုပ်နေသည့် မြိတ်ဒေသခံ ဦးအောင်သူသည် ကျန်းမာရေးအခြေအနေအရ နီးစပ်ရာပြည်သူ့ ဆေးရုံများတွင် ဆေးကုသနေရသော်လည်း လမ်းလျှောက်မည့် ခရီးစဉ်ကို ပြီးဆုံးချိန်အထိ လုပ်ဆောင်မည်ဟု ပြောသည်။


နိုင်ငံတော်သမ္မတ ဦးထင် ကျော်ကို ဂုဏ်ပြုသောအားဖြင့် ဦးအောင်သူသည် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုစလုံးမှ မြို့ နယ်ပေါင်း ၅၉ မြို့ကို ဖြတ်သန်း ကာ တစ်ကိုယ်တော် လမ်း လျှောက်မည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အဆုံးသတ်ရန် စီစဉ်ထားသည်။

အဆိုပါ ခရီးစဉ်ကို မြိတ်မြို့ မှ ဧပြီ ၂၂ ရက်တွင် စတင်ထွက် ခွာခဲ့ပြီး ကျန်းမာရေးအခြေအနေ အရ လမ်းတစ်လျှောက်ရှိ ပလောက်မြို့ ပြည်သူ့ဆေးရုံနှင့် သရက်ချောင်း ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုများ ပြုလုပ်ခဲ့ပြီး မြိတ်မြို့မှ မိုင် ၁၅၀ ကွာဝေးသည့် ထားဝယ်မြို့သို့ မေလ ၂ ရက်တွင် ရောက်ရှိလာသည်။

‘‘လမ်းမှာ ပလောက်ဆေးရုံ နဲ့ သရက်ချောင်းဆေးရုံတွေမှာ လည်း ဝင်ရောက်စစ်ဆေးခဲ့ရ တယ်။ ဆရာဝန်တွေကတော့ နှလုံးနဲ့ပတ်သက်နေတယ်ဆိုပြီး ဆေးလိပ်မသောက်ဖို့ အကြံပေး ကြပါတယ်။ လမ်းလျှောက်ရတာ ကလည်း ရာသီဥတုအခြေအနေ အရ ထင်သလောက်အဆင်မပြေ ပေမယ့် ခရီးစဉ်အောင်မြင်တဲ့အ ထိ ဆက်လျှောက်သွားမှာပါ။ ကျန်းမာရေးအခြေအနေအရ ကုသ၊ စစ်ဆေးဖို့ ထပ်လိုခဲ့ရင် လည်း အခုလိုနီးစပ်ရာ ဆေးရုံ တွေမှာ ဝင်ရောက်ကုသမှုပြုလုပ် သွားပါ့မယ်’’ဟု အသက် (၄၆)နှစ် အရွယ် ဦးအောင်သူက ပြော သည်။

ယခုခရီးစဉ်အတွက် လမ်း လျှောက်ရာတွင် ကျန်းမာရေး အခြေအနေနှင့် ရာသီဥတုအခြေ အနေအရ တစ်နေ့လျှင် မိုင် ၂၀ ခန့်သာ ခရီးပေါက်နေပြီး ယခင် ခရီးစဉ်များ၏ တစ်နေ့ရောက်ရှိနိုင်သည့် မိုင်နှုန်းထက် ထက်ဝက်ခန့် လျော့နေကြောင်း ဦးအောင်သူက ဆက်လက်ပြောကြားသည်။

ယခင်လမ်းလျှောက်ဂုဏ်ပြု သည့် ခရီးစဉ်များတွင် ညအိပ်ရပ် နားရာ နေရာများ၌သာ အနားယူ လေ့ရှိပြီး နေ့စဉ်ပုံမှန်လမ်း လျှောက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဆေးဝါးကုသနေရသောကြောင့် နားရက်များပါ ရှိလာကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် ရာသီဥတုပူပြင်း သောကြောင့် ယခင်ခရီးစဉ်များ ကဲ့သို့ အချိန်ပြည့်လမ်းလျှောက် ခြင်းမပြုဘဲ နံနက် ၆ နာရီမှ နေ့ လယ် ၁၁ နာရီအထိသာလျှောက်  ပြီး ညနေ ၃ နာရီမှ ပြန်လည်ခရီး ဆက်နိုင်သည်ဟု ပြောသည်။

ဦးအောင်သူသည် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၃ ဩဂုတ်တွင် မြိတ်မြို့မှ နေပြည်တော် အထိနှင့် အောက်တိုဘာ၌ ကော့သောင်းမှ နေပြည်တော်အထိ တစ်ကိုယ်တော်လမ်းလျှောက် ဂုဏ်ပြုခဲ့သည်။

ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းရာပြည့်အထိမ်းအမှတ်အ ဖြစ် ပွဲတော်ကာလအမီ ၂၀၁၅ ဇန်နဝါရီမှစတင်ကာ မြိတ်မြို့မှ နတ်မောက်မြို့သို့ တစ်ကိုယ် တော် လမ်းလျှောက်ဂုဏ်ပြုခဲ့ သည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်အား ဂုဏ်ပြုခြင်းအဖြစ် လမ်းလျှောက်ခြင်းသည် ဦးအောင်သူ၏ စတုတ္ထအကြိမ်မြောက် ဂုဏ်ပြုလမ်းလျှောက်မှုဖြစ်သည်။

ဦးအောင်သူသည် အသက် (၄၆)နှစ်ရှိပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေသဖြင့် မေလ ၄ ရက်၌ ထားဝယ်မြို့မှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

via News http://ift.tt/23nVnh4 http://ift.tt/1Vus636

Leave a Reply