မေလ လစာရရှိဖို့ လဝန်းထက်သာ စက်ရုံအလုပ်သမားတွေ ဆန္ဒပြ

ပြီးခဲ့တဲ့ မေလအတွက် လုပ်ခလစာမရတဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် "လဝန်းထက်သာ" အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်က မေလအတွက် လစာပေးဖို့ စက်ရုံမှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

လုပ်ခလစာ မရတာတွေ၊ နောက်ကျတာတွေဟာ ဒီတစ်ကြိမ်တည်းမဟုတ်ဘဲ တစ်နှစ်လောက်ရှိနေတဲ့အတွက် အလုပ်သမားတွေက ယုံကြည်မှုမရှိတော့ဘူးလို့ ဆန္ဒပြအလုပ်သမား မကဗျာဧပရယ်ဦး က ပြောပါတယ်။

စက်ရုံလုပ်ငန်းရှင်က စက်ရုံကိုပြန်ဖွင့်နိုင်ဖို့ လုပ်ခလစာကို သတ်မှတ်ထားတဲ့ နေ့အတိုင်း မှန်မှန်ပေးပါမယ် လို့ ပြောပေမယ့် အလုပ်သမားတွေဘက်က မလုပ်လိုကြတော့ဘူးလို့ ပြောပါတယ်။

လစာမှန်အောင် မပေးတဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ကိုလည်း တောင်းဆိုလိုက်ကြပါတယ်။

လ၀န်းထက်သာ စက်ရုံဟာ ကိုရီးယားလုပ်ငန်းရှင်ပိုင်တဲ့ အထည်ချုပ်စက်ရုံ ဖြစ်ပြီး ကုတ်အင်္ကျီကို အဓိကချုပ်တယ်လို့ ပြောပါတယ်။

via သတင်းမဵား http://ift.tt/1XBmSps http://www.rfa.org

Leave a Reply