တပ် ထိပ်ပိုင်းခေါင်းဆောင်အချို့ ရာထူးတိုးခြင်း၊ ပြောင်းလဲခန့်အပ်ခြင်းများ ပြုလုပ်

တပ် ထိပ်ပိုင်းခေါင်းဆောင်အချို့ ရာထူးတိုးခြင်း၊ ပြောင်းလဲခန့်အပ်ခြင်းများ ပြုလုပ် (ဓာတ်ပုံ – ဖြိုးဟိန်းကျော်/အေအက်ဖ်ပီ)

တပ်မတော်စစ်ဘက်ရေး ရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)  အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ပြီး တပ်မတော်ထိပ်ပိုင်းရာထူးအချို့ကို အပြောင်းအလဲပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။


တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ကို ဗိုလ်ချုပ် ကြီးရာထူးဖြင့် ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခဲ့ကြောင်း သြဂုတ် ၂၆ ရက်တွင် တပ်မတော် က သတင်းထုတ်ပြန်သည်။ ထို့အ ပြင် တပ်မတော်စစ်ဆေးရေးအရာ ရှိချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ စစ်ဥပဒေချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်း ဒွေး၊ တပ်ထိန်းချုပ်အဖြစ် ဗိုလ် ချုပ်ဝင်းသိန်းတို့ကို တာဝန်ပေး အပ်ကြောင်း သတင်းထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အပြင် ဗိုလ်ချုပ်ဝင်းမင်း ထွန်းကို အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်သန်းလှိုင် ကို အရှေ့အလယ်ပိုင်းစစ်ဌာန ချုပ်တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့ သည်။ ကမ်းရိုးတန်းဒေသ စစ်ဌာန ချုပ်တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် လင်းအောင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ် မှူးချုပ် မောင်မောင်စိုး၊အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် ဗိုလ်မှူးချုပ်သက်ပုံတို့ကို ပြောင်းလဲခန့်အပ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က သတင်းထုတ်ပြန်ခဲ့ သည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တက္ကသိုလ်အပတ်စဉ် (၂၅)မှ ဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဆက်ခံမည့် ပုဂ္ဂိုလ်အဖြစ် ယခင်ကပင် ရေပန်း စားနေသူဖြစ်သည်။ ညှိနှိုင်းကွပ် ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာ ထူးမှာ မြန်မာ့တပ်မတော်တွင် နံပါတ်(၃)အဆင့် ရာထူးဖြစ်သည်။ ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ စစ် တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အ မှတ် (၁၀၁) ခြေမြန်တပ်မဌာန ချုပ် တပ်မမှူး စသည့်တာဝန်များ ထမ်းဆောင်ဖူးသည်။

၂၁ ရာစု ပင်လုံညီလာခံ မ ကျင်းပမီ ငါးရက်အလိုတွင် တပ် မတော်ထိပ်ပိုင်းရာထူးအချို့ကို ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်း လည်းဖြစ်သည်။

via 7 Days – Politics http://ift.tt/2c5eqNJ http://ift.tt/1OVjJZO

Leave a Reply