တိုင်းလွှတ်တော်အမတ်ကို မဲဆန္ဒရှင် ပြည်သူ ၄၀၀ ခန့်ဆန္ဒပြ

လွှတ်တော်အမတ်ကို ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ-မျိုးသက်ဦး)

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ကို ဒေသခံ ပြည်သူ ၄၀၀ ခန့် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူများ က လူဦးရေ ၂၀,၀၀၀ ခန့် ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း ခွင့်ပြု မိန့်တင်သော်လည်း ဆန္ဒပြမှုတွင် ၄၀၀ ခန့်သာ ပါဝင်သည်။

လေးမျက်နှာမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုး ခိုင်ကို ဒေသတွင်း ယင်းဆယ် အင်းလုပ်ပိုင်ခွင့်ကိစ္စ ဖြေရှင်းရာ  တွင် ၎င်းနှင့် တင်းမာမှုဖြစ်ပွား သော ရေလုပ်သားတစ်ဦးအား တရားစွဲဆိုခဲ့၍ လူထုက ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြ သူများက လေးမျက်နှာမြို့တွင်း လှည့်လည်၍ အောက်တိုဘာ ၂၀ ရက် နံနက်တွင် ဆန္ဒထုတ်ဖော်ခဲ့ ခြင်းဖြစ်သည်။

‘‘ဆန္ဒပြတဲ့အခါ လူသုံးရာ ကျော် လေးရာလောက် ပါဝင်ခဲ့ တယ်။ အဓိကကတော့ ယင်း ဆယ်အင်းပြဿနာဖြေရှင်းတာ မှာ လွှတ်တော်ကိုယ်စားလှယ် အပေါ် ဒေသခံတွေက မကျေနပ် လို့ပါ’’ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သော ကိုမျိုးဝင်းက ပြော သည်။

ဆန္ဒထုတ်ဖော်ရာတွင် ‘ပြည် သူကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသော လေးမျက်နှာမြို့နယ် အ မှတ် (၁) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အလို မရှိ၊ တရားဥပဒေစိုးမိုးရေးတို့ အရေး’ဟူ၍ ရေးသားထားသော ဗီနိုင်းများ ကိုင်ဆောင်ကြွေးကြော် ခဲ့သည်။

ဦးစိုးခိုင်က ယင်းဆယ်အင်း ပြဿနာကို ဒေသတွင်းလွှတ် တော်ကိုယ်စားလှယ်များ၊ လေး မျက်နှာမြို့နယ်အုပ်ချုပ်ရေးမှူး၊ ယင်းဆယ်ကျေးရွာအုပ်ချုပ်ရေး မှူးနှင့် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် တိုင်ပင်ဆုံး ဖြတ်ခဲ့ပြီး ၎င်းအား လာဘ်ပေး လာဘ်ယူလုပ်သည်ဟု စွပ်စွဲခဲ့ သော အင်းလုပ်သားတစ်ဦးအား တရားစွဲဆိုသည်ကို မကျေနပ်သူ များက ဆန္ဒထုတ်ဖော်ခြင်းဖြစ် ကြောင်း ပြောသည်။

အရပ်သားတစ်ဦးကို တရားစွဲဆိုခဲ့သော လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ရပ်ကို ဒေသတွင်း နိုင်ငံရေးလုပ်ဆောင်သူအများစုက ကန့်ကွက်ကြောင်း ပြောသည်။

via 7 Days News http://ift.tt/2ebgrXT http://ift.tt/1Vus636

Leave a Reply