KIA/ TNLA/ MNDAA မှ ဖမ်းဆီးခဲ့သည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးသေ၊ တစ်ဦးပျောက်ဆုံး၊ တစ်ဦးလွတ်မြောက်လာ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ။            ။ KIA/TNLA/MNDAA ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်က ဖမ်းဆီးခဲ့သည့် အောရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ၀န်ထမ်းသုံးဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးပြန်လွှတ်လာပြီးတစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

 “ တစ်ယောက်က မနေ့က အလောင်းပြန်တွေ့တယ် တစ်ယောက်ကတော့ ပျောက်နေဆဲ တစ်ယောက်က လွှတ်လာတယ် ။ သူက သေချင်ယောင်ဆောင်ပြီးတော့မှ ထုပြီး ရိုက်ပြီးခံ ထိပြီးတော့မှ မနက်ကရွာရောက်တော့ အခုတော့ ကြောင်တောင်တောင်နဲ့ မန္တလေးမှာလို့သိရတယ် “ ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြောဆိုသည်။

Tags: 

via Home http://ift.tt/2gLnXaZ http://ift.tt/1nfHMox

News Watch ဂျာနယ်သတင်းထောက် အဖမ်းခံရ

ကိုဇော်မင်းအောင်ရဲ့သတင်းဆောင်းပါးက ချွတ်ချော်အားနည်းမှုတွေကို ကိုမောင်မောင်ထွန်းက ဆောင်းပါး ရေးသားခဲ့ပြီး သူရဲ့ဖေစ်ဘွတ်စာမျက်နှာမှာလည်း ဖော်ပြခဲ့တဲ့အတွက် ဦးဇော်မင်းအောင်က တိုင်ကြားခဲ့

via BBCBurmese.com | ပင်မစာမျက်နှာ http://ift.tt/2glzQaK http://ift.tt/2aCIDV8

အဖမ်းဆီးခံ မုန်းကိုးရွာသားတွေ လွှတ်ပေးရေး ကချင်ငြိမ်းချမ်းရေးကွန်ယက် တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ စတင်ချိန်မှာ မုန်းကိုးအနီးရွာတရွာက အရပ်သား ၅၀ လောက်ကို အစိုးရတပ်မတော်က ဖမ်းဆီးမှုတွေရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် က သတင်းထုတ်ပြန်လိုက်ပါတယ်။

via သတင်း | Burmese – VOA http://ift.tt/2g7OuiM http://ift.tt/Tf1V41

ပြည်တွင်းပြည်ပ ဖိအားတွေ ရင်ဆိုင်နေရတဲ့ NLD အစိုးရ

ဒီဇင်ဘာ ၁၊ ၂၀၁၆ – မြန်မာနိုင်ငံ NLD အစိုးရဟာ အခုအချိန်မှာ ပြည်တွင်းပြည်ပ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

via သတင်း | Burmese – VOA http://ift.tt/2gKJsJ0 http://ift.tt/Tf1V41

ကရင်ပြည်နယ်ရှိ လူငယ်များအတွက် အလုပ်အကိုင်ပြပွဲ ပထမဦးဆုံးအကြိမ် ပြုလုပ်

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ် အလုပ်အ ကိုင်ပြပွဲကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ နိုဝင်ဘာလ ၂၉ရက်မှ ၃၀ရက်နေ့အထိ ကျင်းပပြုလုပ်နေသည်ဟု ဦးဆောင်စီစဉ်သူ ADRA မြန်မာ၊ Project Manager နော်မူမူစောက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲကို ADRA မြန်မာ၊ ကရင်ပြည်နယ် ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း(KSCCI) နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ဖားအံ)တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြပွဲရည်ရွယ်ချက်နှင့် ပတ်သက်၍ သူမက ယခုလို ရှင်း ပြပြောဆိုသည်။

“အဓိက လူငယ်တွေကို အလုပ်အကိုင် ရစေချင်တယ်။ ပြီးတော့ ကုမ္ပဏီတွေက သူတို့အလုပ်မှာ လစ်လပ်တဲ့ အလုပ်နေရာတွေ လည်း ရှိနေတော့ အလုပ်အကိုင် လိုအပ်တဲ့လူတွေကို ကျမတို့က ချိတ်ဆက်ပေးတဲ့သဘောပါ။ နောက်ပြီး ကရင်ပြည်နယ်မှာရှိ တဲ့ ကလေးတွေကလည်း တစ်ဖက်နိုင်ငံမှာ အလုပ်မလုပ်စေချင်ဘူး။ အခုလုပ်တဲ့ပြပွဲမှာ တစ်ခါထဲ အလုပ်လျှောက်လို့ရအောင် စီ စဉ်ထားပါတယ်”ဟု နော်မူမူစောက ပြောသည်။

နှစ်ရက်ကြာ ပြုလုပ်သည့် ၎င်းပြပွဲတွင် ရုံးလုပ်ငန်းဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ Fashion လုပ်ငန်း၊ IT နည်းပညာလုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနှင့် Shopping Mall စသည့် အလုပ်အကိုင်အမျိုးအစားများကို ကရင်ပြည်နယ်၊ မွန်ပြည်နယ် သထုံမြို့အခြေစိုက်ကုမ္ပဏီများနှင့် ရန်ကုန်မြို့အခြေ စိုက် ကုမ္ပဏီပြခန်းပေါင်း ၂၂ခန်း ပါဝင်ပြသခဲ့သည်။

အဆိုပါပြပွဲနှင့် ပတ်သက်၍ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က “ကျနော်တို့ အစိုးရသစ်သက်တမ်းမှာ ဒါက ပထမဦးဆုံးလုပ်တဲ့ပွဲ ဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူငယ်တွေလည်း လိုက်အလုပ်ရှာစရာ မလိုတော့ဘူး။ ပြီးတော့ အလုပ်အကိုင် ရှားပါးမှုနည်းလာမယ်။ လူငယ်တွေ အလုပ်ရှိရင်တော့ နောက်ဆက်တွဲ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး အဲဒါတွေကို ပါ နည်းလာတဲ့ အကျိုးရလဒ် ရှိလာမယ်။ လူငယ်တွေ လာလေ့လာစေချင်တယ်”ဟု ပြောသည်။
15271349_1062127263898280_1440941642_o
ထို့အပြင် ပြပွဲသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် မိမိနှစ်သက်ရာ အလုပ်၊ ရာထူးများကို ရွေးချယ်ပြီး ကိုယ်ရေးအချက်အ လက်အကျဉ်း(CV Form)များ ဖြည့်စွက်ကာ တစ်ပြိုင်နက် အလုပ်လျှောက်လွှာတင်နိုင်ရန် စီစဉ်ထားသလို ယခုလို ပြပွဲမျိုးနှစ်စဉ် ပြုလုပ်နိုင်ရန်စီစဉ်သွားမည်ဟု ပြပွဲတာဝန်ခံများက ပြောသည်။

ပြပွဲသို့ လာရောက်လေ့လာသူ နန်းဝေဝေစိုးက “သမီး ဒီမှာလာကြည့်ရင်း အလုပ်တစ်ခု လျှောက်လိုက်တယ်။ သမီးလျှောက်တဲ့ အလုပ်က ဈေးကွက်နဲ့ ပတ်သက်ပြီး ဒေါ်လာအတက်အကျ၊ Marketing နဲ့ ပတ်သက်ပြီး လုပ်ရတဲ့ အလုပ်ပေါ့။ သမီးက အခုမှ B.E ဖြေထားတော့ သမီးအရည်အချင်းနဲ့ ကိုက်ညီတဲ့အလုပ်နဲ့ လျှောက်ထားကြည့်တာပါ။ ကျန်တဲ့သူငယ်ချင်းတွေလည်း လာ ကြည့်ကြပါ။ အလုပ်တွေ အများကြီးရှိတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးနေသေးသလို လုပ်ခလစာလည်း နည်းပါးသည့်အတွက် လူငယ်အများစုအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှု အများအပြား ရှိနေသေးကြောင်း ဒေသခံများ ထံမှ သိရသည်။

via Karen Newsletter http://ift.tt/2gKQGNj http://kicnews.org

Eleven CEO နှင့် အယ်ဒီတာချုပ်တို့၏ အာမခံလျှောက်ထားမှု ပလပ်ခံရ

နိုဝင်ဘာလ ၃၀ ရက်နေ့တွင်  Eleven CEO ဒေါက်တာသန်းထွဋ်အောင်အား တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်လာပုံ။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ။           ။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ်ဦးဝေဖြိုးတို့၏ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ်တရားရုံးက ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပယ်ချလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့က တာမွေမြို့နယ်တရားရုံးတွင် ပထမဆုံးရုံးထုတ်စစ်ဆေးစဉ် Eleven CEO ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးကြောင့် အာမခံပေးရန်   လျှောက်ထားခဲ့ခြင်းလည်းဖြစ်သည်။

တင်ပြခဲ့သည့် ကျန်းမာရေးထောက်ခံချက်သည် ဆေးရုံမှ ထောက်ခံချက်မဟုတ်ခြင်း ၊ အကျဉ်းထောင်၌ ကုသနိုင်သည့် မှတ်တမ်းများ မရခြင်းကြောင့် ပလပ်ခံရခြင်းဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုခဲ့သည်။

"ပြည်မှာ အာမခံပေးတယ်၊ နောက်တစ်ခုက ပဲခူးမှာ အာမခံပေးတယ်၊ အတူတူပဲ၊ ၆၆(ဃ)ပဲ၊ အဲ့တော့ အဲ့ဒီဟာတွေက ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆရာတို့က ယူဆတယ်။ ဒါနဲ့ပတ်သက်လို့ လုပ်ဆောင်သင့်တာတွေကို ဥပဒေနဲ့အညီဆက်လက်လုပ်ဆောင်သွားမယ်" ဟု ဦးကြီးမြင့်က ဆိုသည်။

တာမွေမြို့နယ်တရားရုံးသို့ မနက် ၁၀ နာရီခန့်က ရောက်ရှိလာသည့် Eleven CEO ဒေါက်တာသန်းထွဋ်အောင်အနေဖြင့် အမှုကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိပေ။

ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း   ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2gIdXzq http://ift.tt/1nfHMox

ကိုဖီအာနန်ကို ဆန္ဒပြကန့်ကွက်ရန် ရခိုင်ဒေသခံများ စီစဉ်နေ

 ပထမအကြိမ် ခရီးစဉ်အတွင်း ဒေသခံများက ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီကို ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ – မိုးအောင်/RiA)

စစ်တွေ၊ နိုဝင်ဘာ ၃၀ ။               ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်၏ ဒုတိယမြောက် ရခိုင်ခရီးစဉ်တွင် ဒေသခံများက ဆန္ဒပြကန့်ကွက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ကျနော်တို့ ကန့်ကွက်ဆန္ဒပြမယ်။ လွှတ်တော်ထဲမှာ ဖျက်သိမ်းဖို့လည်း အ တည်ပြုထားပြီး ဖြစ်တာကြောင့် ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တောင်းဆိုမှာပါ” ဟု ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေက ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်သို့ နှစ်ကြိမ် လာရောက်ခဲ့ပြီးဖြစ်ကာ ပထမအကြိမ်တွင် သာ ဥက္ကဌ မစ္စတာကိုဖီအာနန်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၆ ရက်နေ့က ပထမဦးဆုံးအကြိမ်အဖြစ် ကိုဖီအာနန် ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့စဉ်ကလည်း ဒေသခံ များ၏ ဆန္ဒပြကန့် ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ကော်မရှင်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်တွေမြို့ကို ရောက်ရှိမည်ဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မောင်တော၊ မြေပုံနှင့် မြောက်ဦးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

 

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2fBx426 http://ift.tt/1nfHMox

ကိုဖီအာနန်း ရခိုင်ခရီးစဉ်အပေါ် ဒေသခံတွေ မျှော်လင့်ချက် မကြီးမား

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ သိပ်ပြီး မျှော်လင့်ချက် မထားမိကြောင်း ရခိုင် စေတနာ့ဝန်ထမ်း အဖွဲ့တချို့က ပြောဆိုပါတယ်။ အင်္ဂါနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ကိုဖီအာနန်ရဲ့ မြန်မာပြည်ခရီးစဉ် အစမှာပဲ အခုလို ပြောဆိုလိုက်တာပါ။

via VOA News: မြန်မာသတင်း http://ift.tt/2gvsZJn http://ift.tt/Tf1V41

ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုရှိကြောင်း ကုလ စွပ်စွဲ

“ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အာမခံချက်ပေးဖို့အတွက် အစိုးရမှာ တာဝန်ရှိပါတယ်။ သူတို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အပါအ၀င် သူတို့တွေ အသက်ရှင်နေထိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့တွေ ပါဝင်ပါတယ်။”

via VOA News: မြန်မာသတင်း http://ift.tt/2fP0at8 http://ift.tt/Tf1V41

ရခိုင်အရေး ကုလ လူ့အခွင့်အရေးကော်မရှင် ပြောဆိုမှုအပေါ် မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်

ဒီဟာနဲ့ ပတ်သက်လို့ စွပ်စွဲ ပြောကြားချက်တွေကို အခြေပြုပြီးတော့ ကုလသမဂ္ဂ ၀န်ထမ်းတဦးနဲ့ မညီညွတ်တဲ့၊ ဂုဏ်သိက္ခာမရှိတဲ့၊ ကျင့်ဝတ်မရှိတဲ့ စွပ်စွဲ ပြောကြားချက်၊ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ပြောကြားချက်တွေက နိုင်ငံတကာမီဒီယာမှာ တာသွားပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2fP1kFb http://ift.tt/Tf1V41

ပါတီ ၁၃ ခုက ကာလုံခေါ်ရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဦးဝင်းထိန်၏ ပြောစကား (ရုပ်သံ)


ပါတီ ၁၃ ခုက ကာလုံခေါ်ဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဝင်းထိန်က ကာလုံခေါ်တာ အစိုးရအလုပ်ဖြစ်ကြောင်း ဒီနေ့ ပြောဆိုလိုက်ပါတယ်။

“တိုင်းပြည်က ဒုက္ခရောက်စရာမှ မဟုတ်တာ။ သူတို့ဘာသူ ဒုက္ခရောက်စေချင်နေတာ။ ပြီးတော့ ဦးခင်မောင်ဆွေတို့ ဦးသိန်းညွန့်တို့ဆိုတာ နိုင်ငံရေးအရ ဘာမှ ပြည်သူလူထုကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ကာလုံခေါ်တာ သူတို့အလုပ်မဟုတ်ဘူး။ ဒါအစိုးရအလုပ်။ သမ္မတအလုပ်၊ နိုင်ငံတော်အတိုင်ပင်ခံအလုပ်၊ မခေါ်တော့ ဘာဖြစ်လည်း။ လူမိုက်စကားပြောတော့ မကောင်းဘူး။ အကျပ်အတည်းက သူတို့အကျပ်အတည်း။ သူတို့ဘာမှ လုပ်လို့မရဘူး၊ နိုင်ငံရေးမှာ ဘာမှ လုပ်လို့မရဘူး။ ဘာမှ လုပ်လို့ မရတော့ အဲအကျပ်အတည်းကို ခွင်ဆင်တာ။”

အစိုးရ လတ်တလောရင်ဆိုင်နေရတဲ့ စီးပွားရေးကျပ်တည်းတာ၊ ရာဇ၀တ်မှုတွေ များလာတာ၊ ပေါက်ကွဲမှုတွေဖြစ်တာနဲ့ စစ်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိခိုက်လာတဲ့အပေါ် ပါတီတွေက ဝေဖန် ပြစ်တင်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် အဖွဲ့တွေရဲ့လုပ်ရဖြစ်တယ်ဆိုတာကို အစိုးရက ကြေညာဖို့ကိုလည်း ပါတီ ၁၃ ပါတီက တိုက်တွန်းထားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ရက်စွဲနဲ့ ကာလုံခေါ်ဖို့ ကြေညာချက်ထုတ် တောင်းဆိုတဲ့ နိုင်ငံရေးပါတီ ၁၃ ခုထဲမှာ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် စတဲ့ ၁၃ ပါတီ ပါဝင်ပါတယ်။

The post ပါတီ ၁၃ ခုက ကာလုံခေါ်ရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဦးဝင်းထိန်၏ ပြောစကား (ရုပ်သံ) appeared first on DVB.

via DVB http://ift.tt/2ghvDVE http://burmese.dvb.no

UNFC ညီလာခံ ဒီဇင်ဘာလ လယ်တွင် ကျင်းပမည်

ချင်းမိုင်၊ နိုဝင်ဘာလ ၂၈ ။           ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ညီလာခံကို လာမည့် ဒီဇင်ဘာလလယ်တွင် ကျင်းပနိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ရက်တို့တွင် UNFC ဗဟိုအလုပ်အမှုဆောင် ကော် မတီ၏ တိုးချဲ့အစည်းအဝေးကို ကျင်းပနေကြောင်း သိရသည်။

UNFC  ညီလာခံကို မူလက  သြဂုတ်လတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခဲ့သဖြင့် ဒီ ဇင်ဘာလသို့ ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ညီလာခံတွင် တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)နှင့် ကိုးကန့် တပ်ဖွဲ့နှစ်ဖွဲ့က တပ်ပေါင်းစုမှ နုတ် ထွက်ရန် စာတင်ထားမှုအပေါ် ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။

UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ တိုးချဲ့အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာ  ချုပ် (NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှ ကိုယ်စားလှယ် ၂၀ ခန့် တက် ရောက်ဆွေးနွေးလျှက်ရှိသည်။

via Home http://ift.tt/2gEcgUX http://ift.tt/1nfHMox

စည်းလုံးညီညွတ်မှုနှင့် ဖွံဖြိုးတိုးတက်မှုမရှိဘဲ တည်ငြိမ်အေးချမ်မှု မရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် စည်းလုံညီညွတ်

Read more

via The Ladies http://ift.tt/2gAZzMX http://ift.tt/1t35IDK

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်းပြားတပ်နယ်၊ မြောက်ဦးတပ်နယ်နှင့် ရသေ့တောင် တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် အတူ ယနေ့တွင် မင်းပြားတပ်နယ်၊ မြောက်ဦး တပ်နယ်နှင့် ရသေ့တောင်တပ်နယ် တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား သက်ဆိုင်ရာ တပ်နယ်ခန်းမများ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စည်းကမ်းသည် တပ်မတော်၏ အသက်ခန္ဓာ ဖြစ်သဖြင့် အရာရှိစစ်သည်များ၊ တပ်မိသားစုဝင်များသည် တပ်မတော်မှ ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း စည်းကမ်း လိုက်နာခြင်းမှသည် တပ်ဖွဲ့အလိုက် ၎င်းမှ တပ်ရင်းအလိုက်၊ တပ်နယ်အလိုက် လိုက်နာ ဆောင်ရွက်သွားပါက ခိုင်မာသော တပ်တွင်းစည်းလုံးမှု ရရှိမည်ဖြစ်သကဲ့သို့ တပ်ပြင် စည်းရုံးမှုပါ ရရှိမည်ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများ၏ ကိုယ်ရောစိတ်ပါ တပ်မတော်အပေါ် အားကိုး ယုံကြည်မှု ရှိချိန်တွင် တန်ဖိုးမဲ့မဖြစ်စေရေး တပ်ပြင်စည်းရုံးရေး ထိခိုက်စေမည့် အပြုအမူမျိုးကို လည်း အထူးရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မင်းပြားတပ်နယ်၊ မြောက်ဦး တပ်နယ်နှင့် ရသေ့တောင် တပ်နယ်တို့မှ အရာရှိစစ်သည် မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက အရာရှိ၊ စစ်သည် မိသားစုများအတွက် အားကစားပစ္စည်းများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များ ပေးအပ်သည်။
တွေ့ဆုံပွဲများ အပြီးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့် တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်များဖြင့် အမှတ်(၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ  အလယ် သံကျော်သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများက နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ   ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အလယ်သံကျော်နှင့် ပင်လယ် ကမ်းခြေဒေသ လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းနှင့် ရည်မှန်းချက်တာဝန်များ ချမှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရှိသည်။

(မြ၀တီ)

via Myanmar Info Minst http://ift.tt/2f0tfDg http://ift.tt/1KnLGaX

ရှမ်းမြောက်တိုက်ပွဲအရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စိုးရိမ်ဖွယ်

ကချင်၊ ပလောင်၊ ကိုးကန့်၊ရခိုင်လက်နက်ကိုင်အဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်တာတွေ ပြင်းထန်လာမယ်ဆိုရင်စစ်ပွဲဟာ ရှည်ကြာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှောင့်နှေးကြန့်ကြာသွားနိုင်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2f0pHAX http://ift.tt/Tf1V41

စစ်​​တွေမှာ လူ​သောင်းချီစု​ဝေး​နေ၊ စစ်​တပ်​၊ ရဲ လုံခြုံ​ရေးအပြည့်​ချထား

စစ်​​တွေ၊ နိုဝင်​ဘာ ၂၁ ။           ။ ရခိုင်​ပြည်​​နယ်​၊ စစ်​​တွေမြို့နယ်​၊ ဓညဝတီရပ်​ကွက်​တွင်​ ​နိုဝင်​ဘာ ၂၁ရက်​ ည ၈နာရီခွဲခန့်​က သောင်းနဲ့ချီတဲ့ လူစုလူ​ဝေး​တွေ စု​ဝေး​ရောက်​ရှိလာတဲ့အတွက်​ စစ်​တပ်​ နှင့်​ ရဲ လုံခြုံ​ရေး​တွေ အပြည့်​ချထားရပါတယ်​လို့ အဲ့ဒီ့​နေရာကို ​ရောက်​​နေတဲ့ RiA သတင်း​ထောက်​က သတင်း​ပေးပို့ပါတယ်​။

ဘင်္ဂလီ​ထောင်​နဲ့ချီ စစ်​​တွေရွာ​တွေကို ​ရောက်​လာတယ်​ဆိုပြီး ​ကောလာဟလသတင်း​တွေ ထွက်​​ပေါ်လာတဲ့အတွက်​ အခုလို လူ​တွေစု​ဝေး ​ရောက်​ရှိလာတာပါ။

အာဏာာပိုင်​​တွေက ဒီသတင်းဟာ ​ကောလာဟလလို့ရှင်းပြပြီး လူစုလူ​ဝေးကို ခွဲဖို့ ​ဖြောင်းဖျ​ပေမယ့်​ ဘယ်​သူမှ မပြန်​ကြသလို အာဏာပိုင်​တွေကလည်း ဆက်​ရှိ​နေဆဲပါ။

စစ်​​တွေမြို့မှာ ည ၇နာရီ​ကျော်​ကတည်းက လျှပ်​စစ်​မီး​တွေပျက်​​တောက်​​နေပြီး ယခုတိုင်​ မလာ​သေးတာ​ကြောင့်​လည်း လူထု​တွေက ပိုမို စိုးရိမ်​​နေကြပါတယ်​။

ယခု ဖြစ်​ပွား​နေသည့်​​နေရာသို့ ရခိုင်​ပြည်​နယ်​ ရဲမှူးကြီးနဲ့တကွ ​ဒေသတာဝန်​ရှိသူ​တွေ ​ရောက်​ရှိ​နေပါတယ်​။

ဘင်္ဂလီရွာ​​တွေအနီး စစ်​​တွေတက္ကသိုလ်​ရှိရာလမ်းမှာလည်း စစ်​ကား​တွေ၊ ရဲကား​တွေ လုံခြုံ​ရေးအပြည့်​ချထားတာကို ​တွေ့ရပါတယ်​။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2flnXAQ http://ift.tt/1nfHMox

ပူးတွဲစောင့်ကြည့်ရေးကိစ္စ အပစ်မရပ်အဖွဲ့များ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ဂျေအမ်စီ) နဲ့ပတ်သက်ပြီး အန်စီအေ လက်မှတ်မထိုးရသေးတဲ့ ယူအန်အက်ဖ်စီအဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်နေပါတယ်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးနေတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အလားတူ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာလည်း မနေ့ကတည်းက စတင်ကျင်းပနေပါတယ်။

ဒီအစည်းအဝေးမှာ ဂျေအမ်စီ-ယူ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ဂျေအမ်စီအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ပစ်ခတ်မှုမရှိအောင် ဆောင်ရွက်ဖို့လိုတဲ့အကြောင်း ပြောကြားသွားပါတယ်။

”နိုင်ငံရေးဆွေးနွေးပွဲတွေ စနစ်တကျ ဆောင်ရွက်နိုင်အောင်၊ ပစ်ခတ်တိုက်ခိုက်မှုတွေ လျှော့ချနိုင်အောင် ဆွေးနွေးသွားမယ်။ နောက်တချက်ကတော့ ဖြစ်ပေါ်လာတဲ့ အခြေခံအကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး နောင် ထပ်မံမဖြစ်ပွားနိုင်အောင် တကယ့်အခြေခံ အကြောင်းရင်း အစစ်အမှန်တွေကို ရှာဖွေဖို့လိုပါတယ်။ ရှာဖွေပြီးတော့မှ နှစ်ဘက်ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

၃ ရက်ကြာ ဒီအစည်းအဝေးမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရဲ့ ဘဏ္ဍာရေးနဲ့ ဘတ်ဂျက်ကိစ္စတွေ၊ ချင်းပြည်နယ်ဆိုင်ရာ ဂျေအမ်စီ-အက်စ် ဖွဲ့စည်းရေး၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကိစ္စအပြင် နယ်မြေသတ်မှတ်ရေးနဲ့ မိုင်းရှင်းလင်းရေး စတဲ့ကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

The post ပူးတွဲစောင့်ကြည့်ရေးကိစ္စ အပစ်မရပ်အဖွဲ့များ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး appeared first on DVB.

via DVB http://ift.tt/2fp6Lb5 http://burmese.dvb.no

ရခိုင်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၁၄ဦး ထပ်မံ ဖမ်းဆီးရမိ စုစုပေါင်း ၃၁၆ဦးရှိလာ

ရန်ကုန်၊နိုဝင်ဘာ ၁၈ ။              ။ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများတွင်ပါဝင်သည်ဟု ယူဆရသည့် မသင်္ကာသူ ၁၄ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း မသင်္ကာသူ ၅၉ ဦး ဖမ်းဆီးရမိခဲ့ပြီး ၁၇ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိသူ ၁၄ ဦး အပါအ၀င်  မောင်တောတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ ၃၁၆ ဦးထိ ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင်  သက်ကိုင်ညာကျေးရွာတွင် မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဒီမိုဟာမတ် (၃၃) နှစ် (ဘ) မိုဆာအာလီ ပါ (၅) ဦးအား ဖမ်းဆီး ရမိခဲ့ပြီး နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ၀က်ပြင်ကျေးရွာ၌ မသင်္ကာသူ ဆွေယော့ကာဆင် (၃၆) နှစ် (ဘ) မာမတ်ကော်ရိပ် ပါ (၃) ဦးအား ဖမ်းဆီးရမိကာ  နံနက် ၁၁ နာရီခွဲတွင် ပွင့်ဖြူချောင်းကျေးရွာနေ မသင်္ကာသူ မိုဟာမတ် အယ်ကရုန် (၃၅) နှစ် (ဘ) ဆာဘစ်ဟူဆိန်း ပါ (၆) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ  ၆၉ ဦး သေဆုံးခဲ့ပြီး တပ်မတော်မှ ၇ ဦးကျဆုံးကာ ရဲတပ်ဖွဲ့မှ ၁၀ ဦးကျဆုံးထားပြီး အိမ်ခြေ ၁၈၅လုံး ပျက်စီးကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

 

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2eOAtdi http://ift.tt/1nfHMox

ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ  ၁၈
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုပြီးပါက အများပြည်သူဖျော်ဖြေသည့် ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရကျင်းပခြင်းများကို အဆင့်ဆင့်ထောက် ခံချက် ရယူတင်ပြရန် မလိုအပ်တော့ဘဲ လျှင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပနိုင်ရေး ခွင့်ပြုချက်တောင်းခံရာတွင် လွယ်ကူလျင်မြန် အဆင်ပြေမှုမရှိသော ကြိုးနီစနစ်အား ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ထိုသို့ ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးက ယခုအခါ ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဥပဒေ မူကြမ်းတွင် အများ ပြည်သူဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံ၍ ကျင်းပစေခြင်းဟု ပါရှိပါကြောင်း၊ ယင်းဥပဒေ မူကြမ်း အတည်ပြုပြီးပါက အဆင့်ဆင့်ထောက်ခံချက် ရယူတင်ပြရန် မလိုအပ်တော့သည့် အတွက် ပိုမိုလွယ်ကူလျင် မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် နည်း ဥပဒေများအရ စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးမှစ၍ ခရိုင် အုပ်ချုပ်ရေးမှူးအဆင့်အထိ အဆင့်ဆင့် ထောက်ခံချက်များဖြင့် တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ထောက်ခံချက်များရယူရာတွင် ပိုမိုလွယ်ကူစေရန် ၂၀၁၅ ခုနှစ်မှစ၍ မြို့နယ်အလိုက် အများပြည်သူ ၀န်ဆောင်မှုရုံးများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေ ကြားသည်။
အစည်းအဝေးတွင် ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း၏ ကျေးရွာကိုယ့်အား ကိုယ်ကိုး လျှပ်စစ်မီးလင်း ရေးကော်မတီများအား ခိုင်မာတိကျသောဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် စည်းမျဉ်း စည်းကမ်းများ စနစ်တကျ ရေးဆွဲပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ကျေးရွာမီးလင်းရေးကော်မတီကို ကျေးရွာနေပြည်သူများ၏ အများဆန္ဒအရသာ ရွေးချယ်ဖွဲ့ စည်းဆောင်ရွက်ရသည့်ကိစ္စဖြစ်ပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးအပါအ၀င် ဒေသအာဏာပိုင်များက ကြီးမှူး၍ ကျေးရွာများတွင် ဒီမိုကရေစီနည်းလမ်းကျကျဖွဲ့စည်းနိုင်ခွင့် ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကျေးလက် ဒေသမီးလင်းရေးကော်မတီများအတွက်သီးခြားဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက် နိုင်ခြင်းမရှိပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီများ၏ ငွေရေးကြေးရေး ဆောင်ရွက်ထား မှုနှင့် စာရင်းအင်း ရှင်းလင်းဖော်ပြထားချက်များကို ဒေသခံပြည်သူများက ကျေနပ်မှုမရှိပါက တရားဥပဒေ နည်းလမ်းများအရ ဖြေရင်းဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော်၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကြိုဆိုထောက်ခံ သောအားဖြင့် နိုင်ငံတော်သမ္မတက အမျိုးသားလုံခြုံ ရေးကောင်စီ၏ ထောက်ခံချက်ရယူပြီး အကျဉ်းသူ၊ အကျဉ်းသားများအား လွတ်ငြိမ်းချမ်း သာခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးကနိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေ များ ကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ ပါကြောင်း၊ ထိုသို့ ပြစ်ဒဏ်များချမှတ်ခံရသည့် အကျဉ်းသားများ အနက် နိုင်ငံတော် သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)(ခ)အရ အကျဉ်းသူ၊ အကျဉ်းသားများအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးပိုင်ခွင့်ရှိပါ ကြောင်း။
နိုင်ငံတော်သမ္မတသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသည့် စည်းကမ်းချက်ထား၍ လည်းကောင်း သို့မဟုတ် စည်းကမ်းချက်မထား၍လည်းကောင်း အကျဉ်းသူ၊ အကျဉ်းသားများကျခံ လျက်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့ပြီး လွတ်ငြိမ်းသက်သာ ခွင့်များပေးနိုင်ပါ ကြောင်း၊ သို့ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပခဲ့ပြီးဖြစ်၍ ယခုအချိန်တွင် ကြိုဆိုသော အားဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ကွမ်းလုံမဲဆန္ဒနယ်မှ ဦးယန်ကျင်း ကန်နှင့် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းတို့၏ ပြည်ထဲရေးနှင့်လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်တို့က ဖြေကြားခဲ့ကြသည်။
ထို့နောက် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ပြည်ထောင်စုတစ်ဝန်း အရက်ချက်စက်ရုံ များမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။ 

via Myanmar Info Minst http://ift.tt/2g4mr7b http://ift.tt/1KnLGaX

လုံခြုံရေး စိုးရိမ်လို့ ရခိုင်ဒေသခံတွေ မောင်တောနဲ့ ဘူးသီးတောင်မြို့မှာ လာရောက်ခိုလှုံ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်တာတွေ ပြန်လည်မြင့်တက် လာတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့ကို ထပ်မံတိမ်းရှောင်လာနေပါတယ်။

via သတင်း | Burmese – VOA http://ift.tt/2fDIp0g http://ift.tt/Tf1V41