ငြိမ်းချမ်းရေး ဆက်လက်ကြိုးပမ်း မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်နေချိန်မှာ စစ်ပွဲတွေဖြစ်နေတာကို ကြောက်မှာမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကို ဆက်လက်ဆောင်ရွက်သွားမယ်လို့  ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကို ပြောဆိုလိုက်ပါတယ်။

စင်္ကာပုရောက် မြန်မာနိုင်ငံသားများက ၂၁ ပင်လုံညီလာခံကျင်းပနေပြီး တိုက်ပွဲတွေဖြစ်ပွားလာတာနဲ့ ပတ်သက် ပြီး မေးမြန်းခဲ့တာမှာ ခုလိုဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲတွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ စိုးရိမ်ကြောက်ရွံ့နေမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့တိုးဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က

"သာမန်ပြည်သူပြည်သားတွေကတော့ ဘယ်တိုင်းရင်းသားအုပ်စုကပဲမဆို အေးအေးဆေးဆေးပဲနေချင် တယ်၊ ငြိမ်းချမ်းရေးပဲလိုချင်တယ်၊ တချို့က ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ဓါတ်ထက် သံသယတွေက ပိုပြီးတော့ကြီးနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးကို မယူရဲတာပဲလို့ ကျမ ပြောချင်ပါတယ်"

စင်္ကာပူနိုင်ငံကိုရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ကို On Line ကတဆင့်မေးမြန်းထားတဲ့ မေးခွန်းတွေထဲက တူညီရာစုစည်းပြီး မြန်မာမိသားစုတွေနဲ့တွေ့ဆုံစဉ်မှာ မေးမြန်းခဲ့တာပါ။

မေးမြန်းတဲ့ မေးခွန်းတွေထဲမှာ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ သလို မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမူတွေ တိုးများလာတဲ့ကိစ္စ၊ နိုင်ငံခြားမှာ အလယ်အပတ် နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေသူများကိစ္စနဲ့ ၀န်ထမ်းများ အဂတိလိုက်စားမူကိစ္စ စတာတွေပါဝင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပုနိုင်ငံရောက်မြန်မာမိသားစုများ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင် ကတင်ပြထားပါတယ်။

via သတင်းမဵား http://ift.tt/2gSNKhw http://www.rfa.org

Leave a Reply