အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတကာသံရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ

0

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခန့်အပ်ထားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ဟာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံရုံးတာဝန်ရှိသူ အကြီးအကဲတွေ၊ ကိုယ်စားလှယ်တွေ နဲ့ ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဒီကနေ့ တွေ့ဆုံ မိတ်ဆက်ခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ဖို့ မရှိဘဲ အစိုးရသတင်းစာကသာ သတင်းထုတ်ပြန်ပေးသွားမယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အထောက်ကူပြုအဖွဲ့ က ဦးအေးလွင်က တွေ့ဆုံပွဲအပြီး သတင်းမီဒီယာသမားတွေကို ပြော ပါတယ်။

"ခင်ဗျားတို့ကို ကျနော်တို့ သတင်းတွေကတဆင့် ဖြန့်ပေးပါမယ်၊ အားလုံးကို တောင်းပန်ပါတယ်၊ ကျနော်ကတော့ အထဲထဲမှမတက်ဘဲ ကျနော်ဘာမှမသိဘူး၊ အဲဒါလေးကို တောင်းပန်တာပါ၊ ခင်ဗျားတို့ ဒီမှာအကြာကြီးစောင့်နေ ပြီးတော့ ပင်ပန်းမှာစိုးလို့ ထွက်ပြီးတောင်းပန်တာပါ"

ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ကို အကြံပြု တင်ပြနိုင်ဖို့ နိုင်ငံတော်သမ္မတက ဦးသောင်းထွန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ခန့်အပ်ထားတာ ဖြစ် ပါတယ်။

ဦးသောင်းထွန်းဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးတဲ့ အတွေ့အကြုံရှိ ထိပ်တန်း သံတမန်ဟောင်း တဦးလည်း ဖြစ်ပါတယ်။ ဦးသောင်းထွန်းဟာ ၁၉၇၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ထိပ်တန်း မြန်မာသံတမန်တစ်ဦးအဖြစ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ သံတမန်ဝန်ထမ်းအဖြစ် အမေရိကန်ုနိုင်ငံ နယူးယောက်၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်နဲ့ အီးယူဆိုင်ရာ မြန်မာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

via သတင်းမဵား http://ift.tt/2ljhSsd http://www.rfa.org

Share.

About Author

Leave a Reply