နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ ၁၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ် ရေးဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်းစီမံရေးရာဌာန၏ အင်ဂျင်နီယာချုပ် Mr. Long Hong Shanနှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုအတွက် လေ့လာသုတေသနပြုလုပ်ငန်းများ၏ အရေးပါမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးကြသည်။ ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နေပြည်တော်ရှိ ဇေယျာ သီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊လေ)အား ကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
ကြိုးစားယှဉ်ပြိုင်ကြရမည်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ်ပြိုင်ပွဲတွင် တပ်မတော်အားကစား နည်း ၂၉ မျိုးထဲမှ သတ်မှတ် ထားသည့် အားကစားနည်း ၁၄ မျိုးကို ယှဉ်ပြိုင်ကြရမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲဝင်အားကစားအသင်းများ၊ စစ်သည် များ အနေဖြင့် တစ်ဦးချင်း၏ အရည်အသွေးများ၊ အသင်းအဖွဲ့လိုက်အားကစားစွမ်းရည်များ တိုးတက် သည် ထက် တိုးတက်အောင် ကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲများမှ ထူးချွန် ထက်မြက်သည့် တပ်မတော်သားအားကစားသမားများပေါ်ထွက်လာပြီး နိုင်ငံ့ ဂုဏ်ဆောင်လက်ရွေး စင်အားကစား သမားကောင်း များကို ဆက်လက်မွေးထုတ်ပေးနိုင် မည်ဖြစ်ကြောင်း မှာကြားသည်။
ယနေ့တွင် ဘောလုံးပြိုင်ပွဲ (က)အဆင့် ပထမအကြိုဗိုလ်လုပွဲအဖြစ် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ ကြရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားကြောင်း သတင်းရရှိသည်။

via Myanmar Info Minst http://ift.tt/2lQWRmc http://ift.tt/1KnLGaX

Leave a Reply