ဦးသန်းရွှေနဲ့ KNU ဥက္ကဌ တွေ့ဆုံမှုဓာတ်ပုံ ထွက်ပေါ်လာ

စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုး အပါအဝင် KNU ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံနေသည့် ဓာတ်ပုံတပုံ Facebook တွင် ပေါ်ထွက်လာခဲ့သည်။ သူတို့ တွေ့ဆုံမှုက ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖြစ်ပြီး ၃ နာရီနီးပါး ကြာမြင့်ခဲ့ သည်ဟု လည်း သိရသည်။

တွေ့ဆုံမှုမှာ နေပြည်တော်ရှိ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏ နေအိမ်တွင်ဖြစ်ပြီး၊ ဓာတ်ပုံထဲ၌ ညာဘက်တွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိုင်နေပြီး ညာဘက်ဒုတိယမြောက်နေရာတွင် စောမူတူးစေးဖိုး က ထိုင်ကာ အခြားထိပ်တန်း ခေါင်းဆောင်များ ဖြစ်သော KNU အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း နှင့် စောရော်ဂျာခင်တို့ကိုလည်း တွေ့ရ သည်။

ခမ်းနားကြီးကျယ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ဧည်ခန်းသည် ရွှေရောင်လွှမ်းနေပြီး၊ လှပသည့် ကော်ဇောကြီးကိုလည်း ခင်းထားသည်ကို တွေ့ရသည်။

အဆိုပါ ဓာတ်ပုံကို Dawei Princess Co.,Ltd ၏ အမှုဆောင် ဒါရိုက်တာနှင့် Sun and Rainbow Co.,Ltd ၏ ဒါ ရိုက်တာ ဖြစ်သူ ဦးငွေစိုးက သူ၏ Facebook စာမျက်နှာတွင် တင်ခဲ့ခြင်း ဖြစ်သည်။

ဦးငွေစိုးက ယခုပုံကို ခွင့်ပြုချက်ရယူ၍ အပြုသဘောဆောင်သော ရည်ရွယ်ချက်ဖြင့် သူ၏ Facebook တွင် တင်ခြင်းဖြစ် သည်ဟု ရေးသားခဲ့သည်။ အဆိုပါ တွေ့ဆုံမှုကို သူက စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တွေ့ဆုံ နိုင်အောင် စီစဉ်ပေးရန် KNU ခေါင်းဆောင် စောမူတူးစေးဖိုးနှင့် ဖဒိုကွယ်ထူးဝင်းတို့က အကြိမ်ကြိမ် တောင်းဆိုခဲ့သဖြင့် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သူက ရေးသည်။

“အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဖိုး မူတူးစေးဖိုး၊ ဖဒိုကွယ်ထူးဝင်းနဲ့ ဖထီး ရော်ဂျာခင် တို့ကို သူ့အိမ်မှာ လက်ခံ တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်။ တွေ့ဆုံမှုက ၃ နာရီနီးပါးကြာမြင့်ပါတယ်။ တွေ့ဆုံဖို့ ကျနော် စီစဉ်ပေးခဲ့တာပါ။ သူ (KNU ဥက္ကဌ) က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ သူက နိုင်ငံရေး စကားမပြောချင်ဘူး။ သူက စစ်သား တွေလိုပဲ စကားပြောချင်တာ။” ဟု  ဦးငွေစိုးက ရေးသားခဲ့သည်။

ဦးငွေစိုးက KNU ခေါင်းဆောင် စောမူတူးစေးဖိုး၊ ဖဒို ကွယ်ထူးဝင်း နှင့် KNU ခေါင်းဆောင်ဟောင်း စောဒေးဗစ်ထော တို့ နှင့်လည်း ရင်းနှီးသူ ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက စောဒေးဗစ်ထော ရန်ကုန်မြို့တွင် ကွယ်လွန် ခဲ့ စဉ်က ဆေးဝါး နှင့် ဈာပနစရိတ် များလည်း လှူဒါန်းခဲ့သည်ဟု သိရသည်။

KNU ခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေဆုံပွဲတွင် သူ မိတ်ဆက်ပေးခဲ့ ခြင်း ဖြစ်သည်ဟု ဦးငွေစိုးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တွေ့ဆုံသည်အခါတွင် စောမူတူးစေးဖိုး ကို အသက်မည်မျှရှိပြီနည်းဟု မေးမြန်း ခဲ့ရာ စောမူတူးစေးဖိုး က အသက် ၈၃ နှစ် နှင့် ၄လ (ထိုစဉ်က) ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။

“အဖိုးက သူ အသက် ၈၃ နှစ်နဲ့ ၄လ ရှိပြီ ဆိုတော့ သူ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က ခင်ဗျားကကျနော့်ထက် နည်းနည်း ငယ်တယ်။ ကျနော်က အသက် ၈၅ နှစ် ရှိပြီလို့ ပြန်ပြောတယ်။” ဟု ဦးငွေစိုးက ရေးသားထားသည်။

ဦးသန်းရွှေက သူ စစ်တပ်အရာရှိငယ်ဘဝက ကရင်ပြည်နယ်တွင် တာဝန်ကျစဉ်က သိရှိခဲ့ရသည့် ဒေသခံတချို့အကြောင်း ကို မေးမြန်းခဲ့သည်။

“သူတို့ ထိုင်ပြီးကြချိန်မှာ ကျနော်က မှတ်တမ်းတင်ဖို့ အတွက် ဓာတ်ပုံ တပုံလောက်ရိုက်ပါရစေလို့ ခွင့်တောင်းခဲ့ပါတယ်။ ပြီးတော့ ကျနော်က အစည်းအဝေးခန်းထဲက ထွက်လာခဲ့ပါတယ်။” ဟု ဦးငွေစိုးက ရေးသားခဲ့သည်။

နိုင်ငံရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မရှိဟု ဆိုသော်လည်း ဦးငွေစိုးက ခေါင်းဆောင်များ အနေဖြင့် နိုင်ငံရေး အကြောင်း နှင့် တိုင်းပြည်အတွက် သူတို့ မည်သို့ထင်သည် ဆိုခြင်းများကို ပြောကောင်းပြောနိုင်သည် ဟု ရေးသားခဲ့သည်။

“အဖိုးမူတူးက ခေါင်းဆောင်တယောက်က တိုင်းပြည်အတွက်ဘယ်လို စဉ်းစားတယ်ဆိုတာ သိဖို့ အခွင့်အရေး ရခဲ့ပါတယ်။ သူက ပြည်တွင်းငြိမ်းချမ်းရေးမှာ ဘာတွေဆုပ်ကိုင်ထားပြီး ဘယ်နေရာမှာ လွဲချော်နေတာကို သိခွင့်ရခဲ့တယ်” ဟု ဦးငွေစိုး က ရေးထားသည်။

The post ဦးသန်းရွှေနဲ့ KNU ဥက္ကဌ တွေ့ဆုံမှုဓာတ်ပုံ ထွက်ပေါ်လာ appeared first on ဧရာဝတီ.

via သတင်း – ဧရာဝတီ http://ift.tt/2ngLRkR http://ift.tt/2n6ia4a

ရာဇဝတ်မှုကြီးများနောက်ကွယ်တွင် နိုင်ငံရေးပယောဂများပါဝင်နေဟု ဆို

ရန်ကုန်   မတ်   ၂၃ ။              ။ ယခုနှစ်ပိုင်းအတွင်းဖြစ်ပွားခဲ့သည် ရာဇဝတ်မှုကြီးများ၏ နောက်ကွယ်တွင် နိုင်ငံရေးပယောဂများ ပါဝင်ဆက်နွယ် နေသည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဝင်၊ ဗိုလ်တထောင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည်။

ရာဇဝတ်မှုများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၂၃ ရက်နေ့က မဇ္ဈိမသို့ ပြောခဲ့ခြင်းဖြစ်သည်။

"ပယောဂတွေကတော့ ပါပါတယ်ရှင့်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားတဲ့နေရာမှာ အနှောင့်အယှက် အဟန့်အတားတွေကတော့ အများကြီးရှိပါတယ်။ ဒီလိုအချိန် တရားဥပဒေစိုးမိုးရေးမှာ အနှောင့်အယှက် အဟန့်အတားတွေ နိုင်ငံရေးပယောဂတွေကတော့ ရှိပါတယ်” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည်။

ထို့အပြင် လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအပေါ် ပြည်သူများကလည်း အားရကျေနပ်မှု မရှိသေးသည့်အပြင် လေးလောင်းပြိုင်၊ ငါးလောင်းပြိုင်လူသတ်မှုများ အမှုမှန် မပေါ်ပေါက်သေးခြင်းသည် မဖြစ်သင့်ကြောင်းဆိုသည်။

"ဒီအမှုတွေကို ပြည်သူတွေက စောင့်ကြည့်နေကြတယ်။ ဒီလိုအမှုတွေ မပေါ်ပေါက်သေးတဲ့ အပေါ်မှာလည်း ပြည်သူတွေက ပြည်ထဲရေး၊ ရဲဌာနတွေကို ဝိုင်းပြောကြတယ်။ လက်ညှိုးထိုးနေကြတာပဲ။ ကျွန်မတို့အနေနဲ့လည်း အားမရဘူးလေ။ ဒါတွေကလည်း မဖြစ်သင့်ဘူးလေ။ အမှုမှန်ပေါ်ပေါက်သင့်တယ်လို့ ထင်တယ်။ အမှုမှန်ပေါ်ဖို့ အကြိမ်ကြိမ်လည်း လုပ်ကြတာပဲ။ လုပ်ပြီးတော့မှ မပေါ်ဘူးဆိုတော့လည်း သမိုင်းမှာ အတော်ကြည့်ရ ဆိုးတာပေါ့" ဟုပြောသည်။

လာမည့်ဧပြီလ ၁ ရက်နေ့တွင် NLD အစိုးရ တာဝန်ယူသည်မှာ ၁ နှစ်ပြည့်တော့မည် ဖြစ်သည်။ ၁ နှစ်သား အစိုးရသက်တမ်းအတွင်းမှာပင် မြန်မာနိုင်ငံ၏အဓိကမြို့ကြီးများပေါ်တွင် ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မှုကြီးများ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2nVrqrS http://ift.tt/1nfHMox

KIO အဖွဲ့ UNFC ကနေ ထွက်တော့မှာလား

 ကေအိုင်အို ခေါင်းဆောင်နဲ့ တခြား ယူအန်အက်ဖ်စီ အဖွဲ့ခေါင်းဆောင်တွေ အတူတွေ့ရစဉ်
လာမယ့် မတ်လ ၂၀ ရက်နောက်ပိုင်းနဲ့ ဧပြီလ မတိုင်ခင် ရက်ပိုင်း အတွင်း UNFC ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ် ကောင်စီ က ဒုတိယ အကြိမ် ညီလာခံ ကျင်းပဖို့ ရှိနေပါတယ်။
အဲဒီ ညီလာခံမှာ ဖွဲ့စည်းပုံ အပြောင်းအလဲ ၊ ခေါင်းဆောင်ပိုင်း နေရာ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ UNFC ဒုက္ကဌက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောထားပါတယ်။
လက်ရှိ အခြေ

via သစ်ထူးလွင် Myanmar News Now http://ift.tt/2mCHq23 http://ift.tt/Y2RpwJ

မြောက်ပိုင်းမဟာမိတ်ပြောခွင့်ရနဲ့ ဗွီအိုအေ အင်တာဗျူး

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တပ်များ (TNLA News & Information Department)
မြန်မာတပ်မတော်နဲ့ လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်အပါအ၀င် TNLA၊ AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေညာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာရေး အစိုးရနဲ့ တပ်မတော်က စိတ်ရှည်သည်းခံပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သဘော

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin – Atom http://ift.tt/2m7tig7 http://ift.tt/Y2RpwJ

စွမ်းရည်တိုးတက်အောင် ဘယ်လိုလုပ်မလဲ

မတ် ၉၊ ၂၀၁၇ – မြန်မာ့အသွင်ကူးပြောင်းရေးမှာ အစိုးရဝန်ထမ်းတွေ စွမ်းရည်ထက်မြက်လာဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံတို့က ကူညီနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုကျော်ကျော်သိန်းနဲ့အတူ တင်ပြထားပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2lImuJJ http://ift.tt/Tf1V41

နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန်

နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေမလုပ်ဖို့ တား မြစ်ချက်တွေပါဝင်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က မတ်လ ၈ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေမှာ တရားရုံးခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ ၂၄ နာရီထက်ကျော်လွန် မချုပ်နှောင်ဖို့၊ ဘယ်သူမှ ဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ၀ရမ်းမပါဘဲ နိုင်ငံသားတဦးရဲ့ နေအိမ်နဲ့ အခန်းတွေထဲဝင်ရောက်ရှာဖွေ၊ သိမ်းဆည်း၊ ဖမ်းဆီးတာတွေမလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။

လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံ စောင့်ကြည့်စုံစမ်းထောက်လှမ်း တာတွေ မလုပ်ဖို့နဲ့ ဆက်သွယ်ရေးပစ္စည်း ကိရိယာတမျိုးမျိုးနဲ့ ကြားဖြတ်နားထောင်နှောင့်ယှက်တာတွေ မလုပ်ဖို့၊ စာအိတ်တွေ ပါဆယ်ထုပ်တွေကို ဖွင့်ဖောက်ဖျက်ဆီးသိမ်းဆည်းတာတွေ မလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာကိစ္စတွေမှာ အဓမ္မ ၀င်ရောက်စွက်ဖက်တာ၊ လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ တင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာမလုပ်ဖို့ ဥပဒေအရ တားမြစ် ထားသလို နိုင်ငံသားတွေ တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၆ လ ကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၃ သိန်းကနေ ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ဒီဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ တိုင်တန်းချက် လက်ခံရှိရင် အရေးယူဆောင်ရွက်ဖို့နဲ့ တာဝန်ကို အကြောင်းမဲ့ပျက်ကွက်ရင် အနည်းဆုံး ၁ နှစ်ကနေ အများဆုံး ၅ နှစ်ထိ ထောင်ဒဏ်အပြင် အနည်းဆုံး ကျပ် ၅ သိန်းကနေ အများဆုံး ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။

နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွပ်လပ်မှုနဲ့ လုံခြုံမှု အပြည့်အ၀ ရရှိခံစားခွင့်ရှိတဲ့အကြောင်းနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှု မရှိစေဖို့ ကာကွယ်ပေးရမယ်လို့ ဥပဒေမှာ ရေးသားထားပါတယ်။

The post နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန် appeared first on DVB.

via DVB http://ift.tt/2n4q7Ki http://burmese.dvb.no

ကိုဆွေဝင်း အမှု ၆၆ ဃ မြောက်သလား ရဲစခန်း ဆန်းစစ်နေ

ဦးဝီရသူ ဟာ ပါရာဇိကကံ ကျပြီး ဖြစ်သူလို့ ရေးသား ခဲ့တဲ့ အတွက်လို့ ဆိုပြီး သတင်းထောက်ကို အမှုဖွင့် တိုင်ကြား။

via BBCBurmese.com | ပင်မစာမျက်နှာ http://ift.tt/2mCr0sq http://ift.tt/2aCIDV8

ဟံသာဝတီဦးဝင်းတင်၏ (၈၇) မြောက် မွေးနေ့ပွဲ Yangon Book Plazaတွင် ကျင်းပမည်

ရန်ကုန်၊ မတ်၎ ။           ။ ဟံသာဝတီဦးဝင်းတင်၏ (၈၇) မြောက် မွေးနေ့ပွဲကို  မတ်လ (၁၂) ရက်တွင် Yangon Book Plaza ၌ အမှတ်တရ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မွေးနေ့ ပွဲတွင် ဘယ်သူလဲဟဲ့ ဦးဝင်းတင် ခေါင်းစဉ်ဖြင့် စာပေလောကတွင် သာမက နိုင်ငံရေးလောကတွင်ပါ အတူတကွ ဖြတ်သန်းခဲ့ကြသူများက ဟံသာဝတီဦးဝင်းတင်အကြောင်း ပြန်လည်အောက်မေ့ မျှဝေသည့် အစီအစဉ်များလည်း ကျင်းပရန် ရှိနေသည်။

“ဆရာကြီးရဲ့ (၈၇)နှစ်မြောက် မွေးနေ့ဖြစ်တယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် စာရေးဆရာတစ်ယောက်အနေနဲ့လည်း
တန်ဖိုးရှိတဲ့သူတစ်ဦးဖြစ်တယ်။ ဒါကြောင့်မို့လို့ဆရာကြီးနဲ့ပတ်သတ်တဲ့ အခမ်းအနားကို ကျင်းပတာဖြစ်တယ်”ဟု  Pen Myanmar အတွင်းရေးမှူး ဦးဇော်ဟန်ကပြောသည်။

မွေးနေ့ပွဲတွင် တက်ရောက်လာကြသည့် ကလေးသူငယ်များအတွက်လည်း ဟံသာဝတီဦးဝင်းတင်၏အကြောင်း ပြန်လည်ပြောကြားမှုကို နားထောင်ရန် Yangon Book Plaza တွင် နေရာသုံးနေရာခွဲပြီး စီစဉ်ပေးသွားမည်ဖြစ်သည်။

“ဒါကတော့ ကွယ်လွန်သွားတဲ့စာရေးဆရာများဖြစ်တဲ့ ဦးသော်ကတို့ ဂျာနယ်ကျော်မမလေးတို့ မောင်ချောနွယ်ရှိမယ် ပြီးတော ဇော်ဇော်အောင်ရှိမယ် အားလုံးကမြန်မာစာပေလောကကို သူ့ဒေါင့်နဲ့သူအကျိုးပြုသွားတဲ့လူတွေကြီးပဲ မေ့ပျောက်လို့မရတဲ့လူတွေကိုအမှတ်ရဖွယ်လုပ်ပေးတာ အင်မတန်ကောင်းပါတယ်"ဟု စာရေးဆရာ သစ္စာနီက ပြောသည်။

ဟံသာဝတီဦးဝင်းတင်၏ (၈၇) မြောက် မွေးနေ့ပွဲအား PEN MYANMAR နှင့် Yangon Book Plaza တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

via Home http://ift.tt/2mZheNZ http://ift.tt/1nfHMox

KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့က မူဆယ်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့် စခန်းငယ်တစ်ခုနှင့် လုံခြုံရေးစခန်းများအား အလစ်အငိုက်တိုက်ခိုက်

နေပြည်တော် မတ် ၎
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး လုံခြုံရေးအတွက် တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ ဝင်များပူးပေါင်း အခြေပြုလျက်ရှိသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပန်လော့စခန်းကို ယနေ့ နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ဦးခန့်က စခန်း၏ အရှေ့တောင်ဘက်နှင့် တောင်ဘက်မှနေ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက် ခဲ့ရာ တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ကွတ်ခိုင်မြို့အနီးလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းက အဆိုပါစခန်းသို့ သွားရောက် ပူးပေါင်းတိုက်ခိုက်ရာ KIA/TNLA လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
တစ်ချိန်တည်းတွင် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရင်ကွဲတောင်စခန်းနှင့် နမ့်ခိုင်တံတား လုံခြုံရေးစခန်းတို့အား KIA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ အင်အား ၁၅ ဦးစီခန့်က လက်နက်ကြီး/ လက်နက်ငယ် များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်နက် ကိုင် အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူခဲ့ရပြီး လက်နက်ငယ်တစ်ချို့နှင့် ဆက်စပ်ပစ္စည်းများဆုံးရှုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် နမ့်ခိုင် တံတားလုံခြုံရေးစခန်းသို့ KIA/TNLA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စခန်းပေါ်သို့ ကျရောက် ပေါက်ကွဲခြင်းမရှိဘဲ တံတားမြောက်ဘက်ရှိ Oriental Highway Co.Ltd မှ အလုပ်သမားများ နေထိုင်လျက် ရှိသည့် တဲပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
KIA/TNLA လက်နက်ကိုင်အဖွဲ့များသည် အများပြည်သူ အသုံးပြုလျက်ရှိသော ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့် စခန်းအား ယခုကဲ့သို့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းသည် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် များစွာထိခိုက်စေသဖြင့် တပ်မတော် စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

via Myanmar Info Minst http://ift.tt/2mDBnNo http://ift.tt/1KnLGaX

မျက်နှာဖုံးတပ်ဆင်ထားသူ ၄ ဦးမှအပြစ်မဲ့ပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်

မတ် ၄၊ ၂၀၁၇
ကွတ်ခိုင်မြို့နယ် ဟိုပုံစုစည်းကျေးရွာနေ ဦးရှီချန်းရိ ၃၉ နှစ်၏နေအိမ်သို့ မတ် ၃ ရက် ည ၁၂ နာရီကျော်ခန့်က မျက်နှာဖုံးတပ်ဆင်ထားသူ လူ ၄ ဦးသည် ပစ္စတို ၁ လက်၊ M-22 ၁လက်ကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးရှီချန်းရိအား ထိုင်ခိုင်းကာ ပစ္စတိုဒင်ဖြင့် နဖူးအားထုသောကြောင့် ဦးရှီချန်းရိက ထွက်ပြေး သွားခဲ့သည်။

ထွက်ပြေးစဉ် M-22 သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးရှီချန်းရိ၏ ညာလက်မောင်း၊ ညာလက်ကောက်ဝတ်၊ ညာပေါင် ဖောက်ဝင် ဒဏ်ရာ ၃ ချက်၊ နဖူးဖုရောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ နံနက် ၄ နာရီတွင် ဦးရှီချန်းရိအား နမ့်ဖတ်ကာတိုက်နယ် ဆေးရုံမှတစ်ဆင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ လူ ၄ ဦး (စိစစ်ဆဲ) အားနမ့်ဖတ်ကာရဲကင်းစခန်းမှ (သေစေရန်အပြင်းအထန် နာကျင်စေမှု) ဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

via Myanmar Info Minst http://ift.tt/2mDMwxG http://ift.tt/1KnLGaX

တအာင်းတပ်မတော်မှ မိုင်းယုလေးကျေးရွာရှိ မြန်မာ့တပ်မတော် တပ်မ ၃၃ တပ်စခန်းအား ၀င်ရောက် ရှင်းလင်ခဲ့သည့် ရုပ်သံမှတ်တမ်း

၂၀၁၇ ခုနှစ် မတ်လ ၄ ရက်

တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာရှိ မြန်မာ့တပ်မတော် တပ်မ ၃၃ တပ်စခန်းအား ယနေ့နံနက် ၀၃း၃၀ နာရီအချိန်တွင် ၀င်ရောက် ရှင်းလင်ခဲ့သည့် ရုပ်သံမှတ်တမ်း

PSLF/TNLA

သတင်းနှင့် ပြန်ကြားရေးဌာန

via PSLF http://ift.tt/2lIxzFA http://www.pslftnla.org

ဖွံ့ဖြိုးဒေသ အခွန်ကင်းလွတ်ခွင့် ကြေညာ

ဖွံ့ဖြိုးမှုနည်းပါးတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ရင် အခွန်ကင်းလွတ်ခွင့် လျော့ပေါ့ခွင့်များ ပေးဖို့ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နယ်မြေဇုံများသတ်မှတ်တဲ့ ကြေညာချက်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်မှာ ဇုံ ၃ ခုသတ်မှတ်ထားပြီး ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေကို ဇုံ ၁၊ သတ်မှတ်ထားပြီး အဲဒီဇုံထက်ဖွံ့ဖြိုးမှုပိုတဲ့နေရာများကို ဇုံ ၂ နဲ့ ဇုံ ၃ စသဖြင့် သတ်မှတ်ထားပါတယ်။ ကြေညာချက်မှာ ဇုံ ၁ ဒေသမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ၇ နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး၊ ဇုံ ၂ မှာ ၅ နှစ်နဲ့ ဇုံ ၃ မှာ ၃ နှစ်ဆက်တိုက် အသီးသီးကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။

အခုထုတ်ပြန်မယ့် ရင်းနှီးမြုပ်နှံမူ ဥပဒေအသစ်ဟာ အခုလအတွင်းအပြီးသတ်ပြီး ထုတ်ပြန်မှာဖြစ်ပြီး ဧပြီလ ဘတ်ဂျက်နှစ်သစ်မှာ စတင်မှာဖြစ်ပါတယ်။

via သတင်းမဵား http://ift.tt/2mgLfvA http://www.rfa.org