ကမန် တိုင်းရင်းသားများ၏ သမိုင်းမှတ်တိုင် အပိုင်း (၂)

၂၀၀၂ခုနှစ်တွင်ဦးခင်မောင်ဆွေဦးဆောင်သော ကမန်မျိုးချစ်လူငယ်တစ်စုသည် ကမန်သမိုင်းများကို စုစည်းဖော်ပြသည့် ကမန်မျိုးနွယ်စုသမိုင်းတစ်စောင်ဖြစ်ပေါ်လာရေးအတွက် အားမာန်အပြည့်နှင့် ကြိုးပန်းခဲ့ကြသည်။

ကျောက်ဖြူခရိုင်ကမန်လူငယ်လူလတ်များဖြစ်ကြသည့်
ဦးမောင်မောင်။
ဦးစောလှဖြူ။
ဦးခင်မောင်ဆွေ။
ဦးတင်ငွေ။
ဦးမင်းနိုင်။
ဦးထွန်းငွေ။
ဦးတင်လှိုင်ဝင်း။
ဦးထွန်းရင်တို့အပြင် စစ်တွေ ခရိုင်မှဦးရွေပြည့်။
ဦးကျော်မင်းနှင့် သက်ဆိုင်ရာ ကမန်မိသားစုဝင်များကို ချပြခဲ့ကြသည်။ 

ပထမပိုင်းတွင်စစ်တွေဘက်မှပူးပေါင်းပါဝင်ခဲ့ပြီးနောက်ပိုင်းတွင်ပါဝင်မှု့အားနည်းခဲ့သည်။

သမိုင်းရှာဖွေ စုဆောင်းခြင်း မှတ်တမ်းတင်ခြင်း ဓါတ်ပုံအထောက်အထား ရှာဖွေခြင်း စာစီခြင်း နားလည်တတ်ကျွမ်းသူများနှင့် ပြန်လည်ဆွေးနွေးခြင်းများကို၂၀၀၂ခုနှစ်မှ၂၀၀၅ ခုနှစ်ထိ သုံးနှစ်တိုင်တိုင် အပင်ပန်းခံကာ ရေးသားပြုစုခဲ့ကြသည်။

ပထမဆုံးကျောက်ဖြူခရိုင်မှကမန်မျိုးနွယ်စုသမိုင်းစာအုပ်ငယ်(ကန့်သတ်)ကို ရေးသားနိုင်ခဲ့သည်။ ၎င်းကမန်သမိုင်း(ကန့်သတ်)စာအုပ်ငယ်ကို စာရေးဆရာကြီျးမာင်ဆန္ဒ(လယ်ဝေး)။ စာရေးဆရာကြီး မြင်းမူမောင်နိုင်မိုး(ဗိုလ်မှူးကြီးအုန်းမောင်)နိုင်ငံ့ဂုဏ်ရည် စာပေတိုက် အယ်ဒီတာချုပ်နှင့် အကြိမ်ကြိမ် ညှိနှိုင်းတိုင်ပင်ကာနိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်းစာအုပ်တွင် အမှတ်စဉ် ၇၄မှ အမှတ်စဉ် ၈၀ထိ အပိုင် ၇ပိုင်းဖြင့် ဖော်ပြနိုင်ခဲ့သည်။

၎င်းဖော်ပြခဲ့သည့်အပိုင်းတစ်ပိုင်းစီသီးသန့်ဖော်ပြပေးပါမည်။

အခုတစ်ခါနိုင်ငံ့ဂုဏ်ရည်စာပေတိုက်မှထုတ်ဝေသည့်နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းအမှတ်စဉ် ၇၄မှ ကမန်မျိုးနွယ်စုသမိုင်းကိုဖော်ပြပေးလိုက်ပါသည်။

သမိုင်းဆိုင်ရာစာအုပ်အထောက်အထားများကိုသီးသန့်ဖော်ပြပေးပါမည်။
ဆက်လက်ဖော်ပြပါအုံးမည်။ __ကိုထွန်းငွေ

via ကယန်းတိုင်းစ် http://ift.tt/2qPDjBk http://ift.tt/2pcXQSh

Leave a Reply