မြန်မာစစ်တပ်မှ မန်လန်းရွာသား (၃)ဦး ပစ်ခတ်သတ်ဖြတ်ပြီးနောက် (၈)ဦးအား TNLA ယူနီဖောင်းဝတ်ခိုင်း စေပြီး ဖမ်းဆီးချုပ်နှောင်ထား

ဇွန်လ(၂၇)ရက်၊ ၂၀၁၇ ခုနှစ်

မြန်မာစစ်တပ်မှ ဇွန်လ (၂၁)ရက်နေ့စတင်ကာ နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအား ဝင်ရောက်စီးနင်းပြီး ရွာသားများဖမ်းဆီး ချုပ်နှောင်ကာ စစ်ဆေးမေးမြန်းခြင်း၊ နှိပ်စက်ညှင်းပန်းများ ပြုလုပ်ပြီးနောက် ရွာသား(၃)ဦး အား ပစ်ခတ်သတ်ဖြတ်ပြီး နမ့်လင်းရွာအနီးတွင် မြှပ်နှံထားခဲ့သည်။

ထိုနောက် ယနေ့မနက်ပိုင်းတွင် အရပ်သားရွာသား(၈)ဦးအား မတရားဖမ်းဆီးကာ မြန်မာစစ်တပ်မှ အသင့်ယူ ဆောင်လာသည့် TNLA ယူနီးဖောင်များ ဝတ်စေပြီး ၎င်းအရပ်သားရွာသား (၈)ဦးတို့အား TNLA တပ်ဖွဲ့ဝင်ဟု ခြိမ်းခြောက်ဝန်ခံစေကာ  နမ့်ဆန်ရှိ မြန်မာစစ်တပ်စခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ညှင်းပန်းထားသည်။

မြန်မာစစ်တပ်မှ မန်လန်းရွာသို့ ရောက်ရှိပြီး ရွာသားများ၏ ပစ္စည်းများ၊ အိမ်ယာများ၊ မော်တော်ဆိုင်ကယ်များ ဖျက်ဆီးကာ ရွားသားများကိုလည်း မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ရိုက်နှက် ခြင်းများ၊ သတ်ဖြတ် ခြင်းများ ပြုလုပ်နေသည့်အတွက် ရွာသားများသည် ဇာတိရွာတွင် ဆက်လက်မနေရဲတော့ပဲ နမ့်ဆန်မြို့နှင့် လားရှိုးမြို့သို့ ထွတ်ပြေးရှောင်ပုန်းလာနေကြရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

via PSLF http://ift.tt/2t5Sd7T http://www.pslftnla.org

Leave a Reply