ကချင်ပြည်နယ်နဲ့တရုပ်နိုင်ငံမှ ပိုလျှံလျှပ်စစ်ဓါတ်အား သွယ်တန်းသုံးစွဲနိုင်ရေး

ကချင်ပြည်နယ်က ရွာအများစု လျှပ်စစ်မီးမရသေး

2017-07-12 ကချင်ပြည်နယ်မှာ ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိပေမယ့် ရွာပေါင်း ၂ဝဝဝ ကျော်ထဲက ၈ဝဝ ကျော် သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁ဝဝဝ ကျော်ကို မီးမပေးနိုင်သေးဘူးလို့ သိရပါတယ်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။
.
ချီဖွေ ၉၉ မဂါဝပ်
မလိ ၁၀.၅ ..စသဖြင့်
အားလုံးပေါင်းထုတ်လုပ်မှု ၁၃၃ မဂါဝပ်၊
သုံးစွဲမြို့ကြီးများက ၄၅ မဂါဝပ်၊ အပို ၉၀ မဂါဝပ် ရှိပါတယ်။
(တာပိန်ဓါတ်အားပေးရုံမှ
.
ပိုရှံပေမဲ့ ဖြန့်ဖြူးလို့မရ  ၁၁ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီးနေပါတယ်။ ဓါတ်အားဆုံးရှုံးမှုတွေများပါတယ်။  ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးလိုက်ရင် အများကြီး ပို့နိုင်မှာပါ။ အလှမ်းဝေးတဲ့ ရွာများမှာ ဓါတ်အားလိုင်းကြောင့် မပေးနိုင်သေးပါဘူး။ ရွာ ၁၇၀၀ လောက် ကျန်နေပါသေးတယ်။ 

၆၆ ဓါတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓါတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပါပြီ။ နယ်မြေလုံခြုံမှု မရသေးလို့ပါ။ 
.
လျှပ်စစ်ဓါတ်အားခ ဈေးကြီးနေတာ လျှော့ ချပေးဖို့..ဘူးဂါးတာဝန်ယူထားပါတယ်။ အရင်အစိုးရက တယူနစ်ကို ၁၂၀ နဲ့ ကောက်ပါတယ်။ အခု ၁၁၀ ညှိနှိုင်းပေးပါတယ်။ တဆင့်ယူရောင်းလို့ ဈေးမချနိုင်သေးပါဘူး။ နှုတ်အားဖြင့်တော့ သူတို့ထုတ်နိုင်လာရင် ရှော့ ပေးပါတယ်။ မြစ်ကြီးနား ၀ိုင်းမော် ၂ခုကတော့ ဓါတ်အားခ တော်တော်မြင့်နေပါတယ်။ ကချင်ပြည်နယ် ဗန်းမော်၊ရွှေဂူ၊ နမ္ပတီးအောက်ပိုင်းကလည်း ၃၅ကျပ် ဈေးနှုန်းပါပဲ။ 
ကိုးကားလင့်..။  
http://www.rfa.org/burmese/interview/kachin-electric-07122017004215.html


ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ထူးကုမ္ပဏီ အစိုးရထံတင်ပြ


2017-07-11 စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးအုပ်စုကုမ္ပဏီက ကချင်ပြည်နယ် ပူတာအိုမြို့နယ်က မူလာချောင်းမှာ ဓါတ်အား ၅ မဂ္ဂါဝပ်ထွက်မယ့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းအတွက် ရှေးဦးလေ့လာဆန်းစစ်ရေးတွေပြု လုပ်ဖို့ ပြည်နယ်အစိုးရထံ တင်ပြထားပါတယ်။

အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် က ပြောပါတယ်။

"သူတို့အခုလာပြီးမှ ကျနော်တို့ဆီလာတင်တာရှိပါတယ်။ကျနော်တို့က ကက်ဘိနက်ကို တင်ပြီးမှ ဒါလေးကို သူတို့ကို ကျွန်တော်တို့က ခွင့်ပြုမယ်ဆိုတော့ အများအားဖြင့်တော့ ကျနော်တို့အနေနဲ့ကတော့ ခွင့်ပြုမှာပါ။ ဒီအသေးလေးတွေကတော့ တကယ်လည်းလိုအပ်နေတယ်။ သူတို့ရဲ့ ကနဦး စူးစမ်းလေ့ လာမှုကိုပဲ ကျနော်တို့က ခွင့်ပြုပြီး သူတို့ရဲ့တင်ပြလာမှုအပေါ်မှာ ထပ်ပြီးမှ ဒါကျနော်တို့က ညှိနှိုင်းပြီးမှ ဒါအသေးစားဆိုရင်တော့ ဒီ impact တွေ သိပ်မရှိဘူးလို့ပဲ ထင်ပါတယ်။ တကယ်လည်း လိုအပ်နေတဲ့နေရာဆိုရင်တော့ ပြည်သူတွေလည်း ဒီလောက်ကြီးတော့ ကျနော်ထင်ပါတယ်၊ သူတို့လည်း သူတို့ရဲ့ လိုအပ်ချက်လည်းရှိတဲ့အတွက် ပိုလည်း ထုတ်လုပ်တာလည်း မဟုတ်တဲ့အတွက်တော့ ပြည် သူတွေရဲ့ impact လည်း ဒီလောက်လာမယ်လို့တော့ ကျနော်လည်းမထင်ပါဘူး။"

ပူတာအိုမြို့နယ်အတွင်း ဒေသခံတွေရဲ့ ဆန္ဒသဘောထားနဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ အပါအဝင် ကနဦးလေ့လာရေးတွေပြုလုပ်ပြီးတဲ့အခါ ပြည်နယ်အစိုးရက ခွင့်ပြုသဘောတူရင် ပြည်ထောင်စုအစိုးကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေဟာ မဂ္ဂါဝပ် ၃၀ အထိ ဓါတ်အားထွက်ရှိမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို စိစစ်ခွင့်ပြုနိုင်တယ်လို့ သိရပါတယ်။

လောလောဆယ် ပူတာအိုမြို့နယ်အတွင်း ၃.၂ မဂ္ဂါဝပ်ထွက်ရှိမယ့် အထက်နမ့်ထွမ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရအဖွဲ့က အကောင်အထည်ဖော်နေပြီး အဲဒီစီမံကိန်းမှာလည်း ထူးအုပ်စုကုမ္ပဏီက အစိုးရရဲ့ခွင့်ပြုချက်နဲ့ တစိတ်တပိုင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ရှေ့ပြေးသန်းခေါင်းစာရင်း အချက်အလက်တွေအရ လူဦးရေ ၉သောင်းကျော်ရှိတဲ့ ပူတာအိုခရိုင်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လျှပ်စစ်မီးမရရှိသေးတဲ့ ခရိုင်တခုဖြစ်တယ်လို့ သိရပါတယ်။


ရေအားလျှပ်စစ် တရုပ်ကုမ္ပဏီများ...

မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုကို အစိုးရနဲ့ တရုတ်ကုမ္ပဏီ ၃ ခုတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီ ၃ ခုက Yunnan Provincial Investment Holding Group၊ China Power Investment နဲ့ Datang United Hydropower Developing ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြစ်ကြီးနားခရိုင်က ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ ချီဖွေငယ်နဲ့ ဗန်းမော်ခရိုင်က ၂၄၀ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တယ်။ 

 ချီဖွေငယ်စီမံကိန်းက ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေပြီး တာပိန်(၁) စီမံကိန်းကထွက်တဲ့ ဓါတ်အားတွေထဲက ၁၉ ရာခိုင်နှုန်း ပြည်နယ်အတွင်းမှာ ဖြန့်ဖြူးဖို့ ကချင်ပြည်နယ်မှာ ပိုလျှံနေလို့ မဖြန့်ဖြူးနိုင်ပါ။ 
.
.


ပြသနာများ...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ်ပိုရှံပြီး၊ မဟာဓါတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့်ဖြူးနိုင်သေး။
၂။  မြစ်ကြီးနား၊ ၀ိုင်းမော် လျှပ်စစ်ဓါတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃၀၀ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ကေဗွီလိုင်း ဓါတ်အားလိုင်းဆုံးရှုံးမှုများလို့ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွအတွက် ၂၃၀ကေဗီ၊ ၁၁၀ကေဗွီ မဟာဓါတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ ဘဏ်က ချေးငွေနဲ့ မဟာဓါတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။

.
.
ယခင် ၂၀၁၁ မှာ စီမံကိန်းအများစုကတော့ ဆိုင်းငံထားပါတယ်။ (MW Mega Watt)
မြစ်ဆုံ 6000 MW
ယီနန်  1200
ခေါင်လံဖူး  2700
ဖီဇော  2000
ဝူဆောက်  1800
ချီဖွေ 2800  (ပြိးစီး)
ချီဖွေငယ်  99
လိုက်ဇာ  1900
တာပိန်(၁)  240  (ပြီးစီး)
တာပိန်(၂)  168
တာခ 6
နော်ချမ်းခ(စီမံကိန်း-၅ခု)  1055
အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း တရုပ်ကုမ္ပဏီများရဲ့ စာချုပ်များကို ပြန်လည် စီစစ်ဖို့လိုအပ်သလို၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ်။
.
.

လျှပ်စစ်ဓာတ် စီမံကိန်း ၆၀ ခု စီစဉ်ထားရှိ

15 March 2017 နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

ရေအား၊နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ၆၀ ခုတို့ ကို စီစဉ်ထားရှိတယ် လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာထွန်းနိုင်ကပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်း တင်ပြခဲ့သည်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂၀၁၇ သုံးစွဲမှု  ၃၁၉၂ မဂ္ဂါဝပ် ၊  လိုအပ်မှု ၄၅၀ မဂ္ဂါဝပ်
၂၀၁၈ သုံးစွဲမှု ၃၅၈၇ မဂ္ဂါဝပ်၊ လိုအပ်မှု ၈၄၄ မဂ္ဂါဝပ် 

အဆိုပါ လျှပ်စစ်စီမံကိန်း ၅၀ ခုတို့ မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခု နှင့် JVA ချုပ်ဆိုပြီး ခုနစ်ခုတို့ ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး တွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီး တစ်ခုတို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြပါတယ်။ 

ကမ္ဘာ့ ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့ ၁၃၆ မဂ္ဂါဝပ်  သထုံ သဘာဝဓာတ်ငွေ့ နှင့် စွန့် ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးပါမယ်။ 

ဂျပန် ချေးငွေနဲ့ သီလ၀ါစက်မှုဇုန်မှာလည်း ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို  ၂၀၁၆ ခုနှစ် သြဂုတ်လ ပြီးပါတယ်။

China Exim Bank ရဲ့ မြန်မာနိုင်ငံအတွက် ချေးငွေ
သူဌေးချောင်း ရေအားလျှပ်စစ် ၁၁၁ မဂ္ဂါဝပ်  စီမံကိန်းကို စက်ပစ္စည်းများ ၀ယ်ယူရန် ဒေါ်လာ ၅၉ သန်း ၂၀၂၄ ခုနှစ်မှ ပြီးပါမယ်။ 
အထက်ရဲရွာ ရေအား လျှပ်စစ် ၂၈၀ မဂ္ဂါဝပ်  စီမံကိန်းကို ၁၀၂ သန်းခန့် နဲ့ ၂၀၂၁ ခုနှစ်မှာ ပြီးပါမယ်။ 
အထက် ကျိုင်းတောင်း ရေအားလျှပ်စစ် ၅၁ မဂ္ဂါဝပ် စီမံကိန်း ဒေါ်လာ ၂၉ သန်း ၂၀၂၁ ခုနှစ်မှာ ပြီးစီးပါမယ်။ 

(Xinhua)


တရုပ်နိုင်ငံမှာ ပိုလျှံလျှပ်စစ် ၀ယ်ယူသုံးစွဲရန်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအမှီခိုကင်းရေး စိုးရိမ်မှုကြောင့် နိုင်ငံခြားလျှပ်စစ်များကို ၀ယ်ယူသုံးစွဲဖို့ အခက်ခဲဖြစ်ရပါတယ်။ နိုင်ငံတကာမှာ အနိုင်ကျင့်မှုမရှိအောင် တတ်ကျွမ်းပညာရှင်များက တရားမျှတတဲ့ စာချုပ်များ ချုပ်ဆိုမှာဖြစ်လို့ အရင် မြစ်ဆုံ၊ ကြေးနီ၊ဓါတ်ငွေလိုင်း စီမံကိန်းစာချုပ်များလို တဖတ်သတ် စာချုပ် မဖြစ်နိုင်တော့ပါ။ ဒါပေမဲ့ ဒီချုပ် အစိုးရက တတ်ကျွမ်းတဲ့ နိုင်ငံခြားပညာရှင်များ (ဥပမာ JICA) ထံမှ တန်ရာတန်ကြေးပေးပြီး စာချုပ်ချုပ်ဆိုဖို့ လိုပါတယ်။

နယ်စပ်ဒေသများမှာ ထိုင်း၊ လာအို၊ အိန္နိယ စတဲ့နိုင်ငံများက လျှပ်စစ်သွယ်တန်း သုံးစွဲနေခဲ့တာ၊ နားလည်မှုနဲ့ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒ ပေါ်လစီနဲ့ ထိန်းသိမ်းရင် ၂ဖက် မျှတတဲ့ Win-Win စာချုပ်များ ဖြစ်လာမှာပါ။

တရုပ်နိုင်ငံက လျှပ်စစ်ဖြတ်တောက်ပြီး အနိုင်ကျင့်မှာလဲ စိုးရိမ်စရာမရှိတော့ပါ။ မြန်မာဓါတ်ငွေ၊ ရေနံပိုက်လိုင်းများ တရုပ်၊ ထိုင်းနိုင်ငံများကို ပို့ပေးနေတာလဲ အပြန်အလှန်အကျိုးပြုခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရေနံ၊ ဓါတ်ငွေ့၊ လျှပ်စစ်၊ သောက်သုံးရေ၊ အပြန်အလှန် ဖြတ်သန်းလုပ်ကိုင်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ အဓိကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ မရှိသေးရင်၊ ငှားရမ်းဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံပို့နေတဲ့ မြန်မာဓါငွေလိုင်း ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃ နှစ်များမှာ၊ ပြုပြင်ထိန်းသိမ်းမှုကြောင့် တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းချိန်မှာ ထိုင်းနိုင်ငံက လျှပ်စစ် စက်ရုံအချို့ အားပြန်လည် လည်ပတ်စေပြီး တစ်နိုင်ငံ လုံး၌ လျှပ်စစ် ဓါတ်အား သုံးစွဲမှု ချွှေတာ သုံးစွဲကြရပါတယ်။ ဒီလိုအစီအစဉ်မျိုး အစိုးရကပဲ လုပ်ဆောင်ရပါတယ်။
.
.