မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းလမ်းညွှန်စာအုပ် မိတ်ဆက်ပွဲနှင့် ဖွားသေစာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၀
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNICEF (မြန်မာ)တို့ ပူးပေါင်း ကျင်းပသည့် မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းလမ်းညွှန်စာအုပ်မိတ်ဆက်ပွဲနှင့် ဖွားသေစာရင်း အင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့်ဧည်သည့် တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မိမိတို့လုပ်သမျှအလုပ်အားလုံးသည် မိမိတို့နိုင်ငံအတွက် ဖြစ်သော်လည်း ရရှိလာသည့်ရလာဒ်သည် တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်ပြီး လွှမ်းခြုံနိုင်ရမည်ဖြစ်ပါကြောင်း၊ ထို့သို့ မျှော်မှန်းချက်ကြီးကြီးမားမားဖြင့် လုပ်ဆောင်နေသမျှကာလပတ်လုံး မိမိတို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် အမြဲတမ်း အလံ တလူလူ လွှင့်ထူနိုင်မည်ဖြစ်ပါကြောင်း၊ ဆွေးနွေးကြမည့်သူများအနေဖြင့် ယနေ့မိမိတို့ လုပ် ဆောင်သည့်လုပ်ငန်းသည် ဒီအခမ်းအနားတွင် ပြီးဆုံးသွားသည့်ပုံစံမျိုးမဟုတ်ဘဲ သမိုင်းမှာ ဖြစ်တည်နေမည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် တည်စေရန်ဆိုသည့်သဘောမျိုးဖြင့် လုပ် ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း။
 ယခင်က မိမိတို့နိုင်ငံတွင် ကိန်းဂဏန်းများတိကျမှန်ကန်မှုအားနည်းခဲ့သောကြောင့် ဖွံ့ ဖြိုးမှုနောက်ကျခဲ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရန်၊ ကမ္ဘာနှင့်ရင်ဘောင် တန်းနိုင်ရန် ဆောင်ရွက်မည်ဆိုလျှင် သေချာမှတ်ယူ ထားရမည်မှာ အချက်အလက်များ၊ ကိန်းဂဏန်းစာရင်းဇယားများကို မည်သည့်အခါမျှမမေ့ဘဲ အမြဲတမ်းတန်ဖိုးထား နိုင်မှသာလျှင် မိမိတို့နိုင်ငံ တိုးတက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ သိရှိနားလည်ထားကြသည့် အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်ကြပြီး မြန်မာနိုင်ငံ၏အနာဂတ်ကို အထင်ကရဖြစ်စေရန်၊ အမှတ်တရဖြစ်စေရန် ပုံရိပ်ကောင်းစွာ ဖြင့် ဆောင်ရွက်ပေးနိုင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်း လမ်းညွှန်စာအုပ်သည် ၀န်ကြီးဌာနအားလုံးအတွက် အရေးကြီးပါကြောင်း၊ ယခုလမ်းညွှန်စာအုပ်သည် မြန်မာနိုင်ငံ အတွက် မှတ်တိုင်အဖြစ် ကျန်ရှိနေမည်ဖြစ်ပြီး လူမှုစီးပွားမူဝါဒများ၊ လူဦးရေးဆိုင်ရာမူဝါဒများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ၊ ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ချမှတ်ရာတွင်လည်း များစွာအရေးပါပါ ကြောင်းပြောကြားသည်။
ယင်းနောက် UNICEF (မြန်မာ) ခေတ္တဌာနေကိုယ်စားလှယ် Mr. Paul Edwards က အမှာစကားပြောကြားပြီး ဖွားသေစာရင်းအင်း အကောင်အထည်ဖော်မှုဆိုင်ရာ ဗီဒီယိုမှတ်တမ်း နှင့် ကမ္ဘာ့စာရင်းအင်းနေ့အထိမ်းအမှတ် ဗီဒီယို မှတ်တမ်းများကို ပြသသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဗဟိုစာရင်း အင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင် က မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်စနစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNICEF (မြန်မာ)မှ အရာရှိ ဒေါ်ဂျေလီယံ စမ်းစမ်းအေးက မွေးဖွားမှုမှတ်ပုံတင်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က သေဆုံးမှုမှတ်ပုံတင်ခြင်းလုပ်ငန်း ခေါင်းစဉ်ဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က Community engagemaent and participation ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး တင်ပြပြီး တက်ရောက်လာကြသူများက ၀ိုင်းဝန်းဆွေးနွေးကြသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်နှင့် ဖွားသေစာရင်းအင်း ဆက်နွယ်မှု အကြောင်းအရာများကိုဆွေးနွေးပြီး ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများက အကူအညီ ပေးရေးဆိုင်ရာကိစ္စများကို ဆွေးနွေးကြသည်။

(သတင်းစဉ်)

via Myanmar Info Minst http://ift.tt/2yDLsyC http://ift.tt/1KnLGaX

Leave a Reply