ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ကွယ်လွန်

0

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ဟာ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဒီနေ့မနက်က ကွယ်လွန်သွားပါတယ်။

လစ်လပ်သွားတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ထည့်သွင်းကျင်းပသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေး က ဒီနေ့ ပြောပါတယ်။

"ကော်မရှင်လည်းအကြောင်းကြားရမှာပေါ့၊ ကော်မရှင်ကလည်းပြန်ကြေငြာရမှာပေါ့၊ လစ်လပ်တဲ့နေရာအစားထိုးဖို့"

ဦးစိုင်းကျော်ဇောရဲ့ ဈာပနအခမ်းအနားကို မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းကတဆင့် တောင်အင်းမြောက်အင်းသုဿန်ဆီ ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့ တာဖြစ်ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်တွေ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ အရင်က သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ လစ်လပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် လစ်လပ်မဲဆန္ဒနယ် ၂နေရာရှိပြီဖြစ် ပါတယ်။  ဦးစိုင်းကျော်ဇောဟာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မနေ့ကအထိ လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်အတွင်းကျင်းပသွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောကြားခဲ့ပါတယ်။

via သတင်းမဵား http://ift.tt/2Dn8ZXE http://www.rfa.org

Share.

About Author

Leave a Reply