NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြားသည့်နှုတ်ခွန်းဆက်စကား

0

ယနေ့ကျင်းပသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကားအပြည့်အစုံကို ပြန်လည်ဖော်ပြလိုက်ပါသည်။ နှုတ်ခွန်းဆက်စကားအပြည့်အစုံ – ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပြီး ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီကနေ့အခမ်းအနားဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား ဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး အလင်းရောင်ခြည်များ ပိုမိုအားကောင်းလာပြီး နိုင်ငံတော်အတွင်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို ပြည်သူအပေါင်း နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရတဲ့ နေ့တစ်နေ့ဖြစ်သလို ၂၀၁၈ […]

via Standard Time Daily » News Category Feed http://ift.tt/2EGA0Gw http://sdtimedaily.com

Share.

About Author

Leave a Reply