Free Burma Info's Facebook Wall 2015-06-17 03:06:53


ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း
burma.irrawaddy.org
ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-06-04 15:38:55

https://scontent.xx.fbcdn.net/hphotos-xat1/v/t1.0-9/p100x100/11401559_10203382370600133_7531207069302319133_n.jpg?oh=38f0520f16102552a87c05a08201c26c&oe=55FD425D

Kyaw Swar Myint

လော်ခီးလာညီလာခံ တတိယနေ့ အန်စီအေစာချုပ်အပြီးသတ် ဆုံးဖြတ်မည်==============================================ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေအစည်းအဝေး တတိယနေ့မှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း (အန်စီအေ)နဲ့ ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးဆုံးဖြတ်သွားဖို့ ရှိနေ ပါတယ်။ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်နေတဲ့ ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ဒီကနေ့အစည်းအဝေးမှာ စာချုပ်မူကြမ်းကို အပြီးသတ်ဆွေးနွေးပြီး အဆုံး အဖြတ်ပေးမှာဖြစ်တဲ့အတွက် အရေးကြီးတဲ့ နေ့တနေ့ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။“ဒီကနေ့အစီအစဉ်ကတော့ ကျနော်တို့ Single Text တနိုင်ငံလုံး အတိုက်ခိုက်ရပ်စဲရေး စာချုပ်မူကြမ်းကို တခန်းချင်း၊ တပိုဒ်ချင်း ဆွေးနွေးသွားဖို့ ရှိပါတယ်ခင်ဗျ။ အဓိကအားဖြင့် အခန်းကြီး ၇ ခန်းရှိပါတယ်။ အခန်း ၁ နဲ့ ၂ မှာ အခြေခံမူ၊ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေ ပါတယ်။ အခန်း ၃ နဲ့ ၄ မှာ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါတယ်။ ၅ မှာက တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ အခန်း ၆ က ကြားကာလအစီအစဉ်တွေပါတယ်။ ၇ ကတော့ အထွေထွေ ကဏ္ဍပေါ့လေ အဲသလိုခွဲထားတာရှိပါတယ်။”ဒီအချက်တွေဟာ ပြီးခဲ့တဲ့ မတ်လကုန်က တပြည်လုံး အပစ်ခတ်ရပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အလုပ်အဖွဲ့ (အန်စီစီတီ)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (ယူပီဒဗလျူစီ) တို့ကြား အတည်ပြုထားခဲ့တဲ့ မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို ပြန်လည်တင်ပြဆွေးနွေးနေတာလည်းဖြစ်ပါတယ်။မနေ့က ဆွေနွေးပွဲ ဒုတိယနေ့မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူချက် (မူကြမ်း) နဲ့ပတ်သက်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တဖွဲ့ခြင်းစီရဲ့ သဘောထားတွေကို စာရွက်စာတန်းနဲ့တင်ပြခဲ့သလို နှုတ်နဲ့ တင်ပြကြပါတယ်။တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ အန်စီအေ မူကြမ်း တခုလုံးကိုခြုံငုံပြီး လက်မခံနိုင်တဲ့အဖွဲ့ မရှိသလို စစ်ရေးအရ တင်းမာမှုတွေရှိလာတဲ့အတွက် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အဖွဲ့တွေကတော့ အန်စီစီတီ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ဖို့ တင်ပြထားပြီးဖြစ်ပါတယ်။ဇွန်လ ၂ရက်ကနေ ၆ ရက်ထိ ကျင်းပနေတဲ့ အစည်းအဝေးကို လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တအောင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်တွေက ကိုယ်စားလှယ်တွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ပေါင်းစုံ တက်ရောက်ကြပြီး ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ တရုတ်သံတမန်တို့ အပါအ၀င် လေ့လာရေးအဖွဲ့(၈)ဖွဲ့လည်းတက်ရောက်နေပါတယ်။ဓာတ်ပုံ – ကျော်ဇေယျာဝင်း

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-04-10 20:49:03

https://scontent.xx.fbcdn.net/hphotos-xpf1/v/t1.0-9/p100x100/1476152_820842717971615_729732997690917827_n.jpg?oh=aea22046cce7f30b8b86c0b1238a27cc&oe=55A38870

BBC Burmese

ဆေးလိပ် တိုက်ဖျက်ရေးတွေ လှုပ်ရှားခဲ့တဲ့ စာရေးဆရာ သိပ္ပံမှူးတင် အသက် ၉၂ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ွှဤသည်မရွေး ဘာသာပြန်တာ မဟုတ်ဘဲ ပဲပြုတ်သည် နားလည်အောင် သိပ္ပံစာပေတွေ ပြန်ဆိုရေးသား သွားခဲ့တယ်လို့ သမီးဖြစ်သူ ဒေါ်ရွှေဇင်တင်မောင်က ပြောပါတယ်။

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-03-26 01:46:52


Timeline Photos
ဒီနေ့အခြေအနေ အရေးကြီးပါတယ်။
ရေလုပ်သားများအဆွက်နိုးဆော်ခြင်းအဆင့်
၂၆-၃-၂၀၁၅
နံနက် (၇း၅၅)နာရီ

၂၀၁၁ နှစ် ကျားဖေါင်တွေ ပင်လယ်ထဲမျောပါသွားတဲ့နှစ်နဲ့ ပုံစံတူ လေအေးတိုးဝင်မှု အခြေအနေကိုတွေ့နေရပါတယ်။ ဒါပေမယ့် အင်အားကတော့ ၂၀၁၁ လောက် မပြင်းသေးပါဘူး။ ဒီနေ့စောင့်ကြည့်ဖို့ နဲ့ အထူးသတိရှိကြဖို့လိုပါတယ်။

ဒေါက်တာထွန်းလွင်

Posted in Uncategorized |

ဓာတ်ပုံပိုင်ရှင် ဆက်သွယ်ပေးပါရန် … ၀မ်းမြောက်စရာ

ဓာတ်ပုံပိုင်ရှင် ဆက်သွယ်ပေးပါရန် … ၀မ်းမြောက်စရာ


Mobile Uploads
ဒီဓာတ်ပုံ
ဘယ်သူရိုက်တယ်ဆိုတာ
သိရင်ပြောပြပါ
ဓာတ်ပုံ ဆရာကိုယ်တိုင်လဲ

ဆက်သွယ်လို့ရပါတယ်

ကျတော်ကို နိုင်ငံတကာ ဓာတ်ပုံဆိုင်ရာ ပြပွဲတခုမှဆက်သွယ်လာလို့ပါ

ဓာတ်ပုံ ကိုသူတို့ပြပွဲမှာပြသချင်ပါတယ်တဲ့

ကျေဇူးပြု၍ ဆက်သွယ်ပါ — with Sai Zaw Thaike.

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-03-12 18:12:27


Timeline Photos
မြို့တော်ခန်းမရှေ့ရှိ ကျောင်းသားများအား အကြမ်းဖက်ခံရသည့်လုပ်ရပ်အား
တိုင်းအစိုးရအဖွဲ့ထံ တိုက်ရိုက်မေးမြန်းသွားမည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌဆို
================================================

ကျော်စိုးဦး

ရန်ကုန်၊

ကျောင်းသားများနှင့် ကျောင်းသား ထောက်ခံသူများအား အင်အားသုံး ဖြိုခွင်း ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့အား မေးခွန်းထုတ်သော ဒေါ်ညိုညိုသင်း ၏အဆိုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ထံ တိုက်ရိုက် မေးမြန်းပေးမည်ဖြစ် ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက မတ် ၉ ရက် တွင် ၄င်း၏ရုံးခန်း၌ ပြောသည်။

''ကျွန်တော့်ကို ဒေါ်ညိုညိုသင်းက ဆူးလေမှာဖြစ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်တဲ့ အချိန်မှာ ဖုန်းဆက်တယ်။ သူဆက်တဲ့အပေါ် မှာ ဝန်ကြီးချုပ်ထံ ကျွန်တော်က အကြောင်း ကြားခဲ့ပါတယ်။ သူ့ရဲ့အဆိုကတော့ ကျွန် တော့်ထံ မတ် ၉ ရက်အထိ ရောက်မလာ သေးဘူး။ ရောက်လာခဲ့ရင်လဲ ဝန်ကြီးချုပ် ထံ တိုက်ရိုက်ပေးပို့ မေးမြန်းသွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောသည်။

မတ် ၅ ရက်တွင် ရန်ကုန်မြို့တော်ခန်း မှရှေ့၌ ကျောင်းသားများနှင့် ကျောင်းသား ထောက်ခံသူများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ဟူသော လူအုပ်စုများ ကို ဖွဲ့စည်းပေးပြီး ဖြိုခွင်းမှုအပေါ် မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ''ရန်ကုန် တိုင်းဒေသကြီး အစိုးရရဲ့လုပ်ရပ်က အတော့် ကို အကျည်းတန်စေတဲ့ လုပ်ရပ်ပါ။ သူတို့ လုပ်ရပ်က နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို များစွာ ထိခိုက်နိုင်စေတယ်။ သူတို့ က ဥပဒေကို လိုသလို လုပ်နေကြတာ''ဟု ပြောသည်။

အဆိုပါ ကျောင်းသားများအား အင် အားသုံးဖြေရှင်းမှုကို နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းအသီးသီးက နိုင် ငံတော်အစိုးရထံ ကြေညာချက်ထုတ်၍ ကန့် ကွက်လျက် ရှိသည်။

အဆိုပါဖြစ်စဉ်များတွင် လက်ပတ်နီ ပတ်ထားသောအဖွဲ့ကို ပြည်သူများက နိုင် ငံရေး ပါတီကြီးတစ်ခုမှ ဖွဲ့စည်းပေးထားသော စွမ်းအားရှင် သို့မဟုတ် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ လူမိုက်များကို ငွေပေးပြီး ခိုင်းစေသောအဖြစ်များဟု ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဦးမြင့်ဆွေသည် ရန်ကုန်မြို့သစ်စီမံကိန်း နှင့် မတ် ၅ ရက်တွင် ကျောင်းသားကျောင်း သူများကို အင်အားသုံးဖြိုခွင်းမှုတွင် တာ ဝန်အရှိဆုံးသူလည်း ဖြစ်သည်။

#TheYangonTimes

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com

|───────────Yangon Media Group ──────────|

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-03-12 16:02:43

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/p100x100/10940420_10202958810611398_1595290119893658895_n.jpg?oh=f99052a04db0963ac6cf7944f3c681e9&oe=55B8C892&__gda__=1433791335_894a2a4d8c2cc346404a305a772c0844

Kyaw Swar Myint

ယနေ. ပြန်လည် လွတ်မြောက်လာသည့် ကျောင်းသားများစာရင်း (မြန်မာစံတော်ချိန် ၄ နာရီ)===========================================၁။ စစ်နိုင်အောင် (ရတနာပုံတက္ကသိုလ်)၂။ စိုးလွင်ကျော် (သထုံစိုက်ပျိုးရေးတက္ကသိုလ်)၃။ စန်းလင်းဦး (ဟင်္သာတ တက္ကသိုလ်)၄။ မရည်မွန် (ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်)၅။ သက်ထားစံ (ပုသိမ်တက္ကသိုလ်)၆။ ခိုင်ဇင်သက်၇။ အိဖြူ ဖြူထွန်း (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)၈။ ရွှေရည်၉။ ထက်ခိုင် (ရတနာပုံတက္ကသိုလ်)၁၀။ ပြည့်စုံ၈။ ထက်လင်း၉။ အောင်သောင်းဦး၁၀။ ကိုကောင်းထက်၁၁။ သန့်လွမ်းဝေချစ်၁၂။ မခိုင်ဇင်သက် (ရတနာပုံတက္ကသိုလ်)၁၃။ ကိုစစ်နိုင်အောင် (ရတနာပုံတက္ကသိုလ်)၁၄။ ကိုဆန်းလင်းထိုက် (နည်းပညာ တက္ကသိုလ်)၁၅။ မရည်မိုမိုအောင် (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)စာရင်းအရ သာယာဝတီထောင်ကနေ ဒီနေ့ ပြန်လည်လွတ်မြောက်မယ့် ကျောင်းသူကျောင်းသားများ၁) မုံရွာ တက္ကသိုလ် ၂ ဦး၂) တောင်ငူ တက္ကသိုလ် ၂ ဦး၃) မန္တလေး နည်းပညာ တက္ကသိုလ် ၁ ဦး၎) ရတနာပုံ တက္ကသိုလ် ၈ ဦး၅) မိတ္ထီလာ နည်းပညာ တက္ကသိုလ် ၁ ဦး၆) ကျောက်ဆည် နည်းပညာ တက္ကသိုလ် ၁ ဦး၇) မော်လမြိုင် တက္ကသိုလ် ၁ ဦး၈) သန်လျင် နည်းပညာ တက္ကသိုလ် ၁ ဦး၉) မှော်ဘီ နည်းပညာ တက္ကသိုလ် ၁ ဦး၁၀) ရန်ကုန် အနုပညာ တက္ကသိုလ် ၁ ဦး၁၁) သန်လျင် သမဝါယမ တက္ကသိုလ် ၁ ဦး၁၂) ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ၄ ဦး၁၃) ဒဂုံ တက္ကသိုလ် ၁ ဦး၁၄) တောင်ကြီး တက္ကသိုလ် ၁ ဦး၁၅) ဟင်္သာတ နည်းပညာ တက္ကသိုလ် ၁ ဦး၁၆) ပုသိမ် တက္ကသိုလ် ၁ ဦးကျောင်းသား ၁၉ ဦး၊ ကျောင်းသူ ၈ ဦး (ပေါင်း ၂၇ ဦး)သတင်းဓါတ်ပုံ-DVB

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-03-11 00:56:55


Mobile Uploads
မိန်းခလေးတွေကို ရဲက လက်ထိပ်ခတ်တာ ထောင်အတွေ့အကြုံအရ တခါမှ မတွေ့ဖူးဘူး ဖြိးဖြိုးရေ သမီးနောက်မှာ ပြည်သူတွေရှိတယ် — with သက်နှင်း သုန္ဒရီ and 6 others.

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-03-06 06:20:38

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/p100x100/10411106_822237837868660_5154547297362332985_n.jpg?oh=0801da9967ebe7d465ca6188294b6912&oe=55704EF8&__gda__=1434834854_373bd17bb49bc14b12ca8620f3fe8f93

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

9:00 am လက်ပံတန်းဈေးရှေ့ ကျောင်းသားများမတရားဖမ်းဆီးခံနေရပုံမြင်ကွင်းများ photo : Eleven Media Group .ု

Posted in Uncategorized |

တကျော့ပြန်ပေါ်ပေါက်လာတဲ့ စွမ်းအားရှင်များ …

တကျော့ပြန်ပေါ်ပေါက်လာတဲ့ စွမ်းအားရှင်များ …


ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းမှု ရန်ကုန် မြို့တော်ခန်းမရှေ့အထိ
မြိ့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့သည့် ကျောင်းသားသပိတ်ထောက်ခံပွဲ ပြုလုပ်သူ ကျောင်းသား ၃၀ ကျော်ကို ရဲတပ်ဖွဲ့နှင့် အရပ်ဝတ်စွမ်းအားရှင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြသည်။ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဝန်းကျင်နှင့် အရပ်ဝတ်စွမ်းအားရှင် ၃၀၀ ကျော်က အကြမ်းဖက်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့အကြမ်းဖက်မှုပြုလုပ်ခြင်းကို ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ဆန္ဒပြ ပွဲမတိုင်မီ အချိန်တစ်နာရီခန့်အလိုကတည်းက အရပ်ဝတ်စွမ်းအားရှင်များကိုကြိုတင်နေရာချထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ (ဓာတ်ပုံ – လမင်းထွန်း)

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-02-23 10:19:25


88 အရေးအခင်းကာလ…..ဆန္ဒပြပြည်သူတွေကို စစ်မြေပြင်တခုက ရန်သူတွေလိုသဘောထားပြီး တစ်ချက်ချင်းစိန်ပြေနပြေ ပစ်တဲ့ဗီဒီယိုဖိုင်ပါ။ လိုင်းကောင်းရင်ကြည့်စေချင်ပါတယ်။ အထက်အမိန့်အရ မြန်မာ့တပ်မတော်ကြီးက ပြည်သူတွေကို ဘယ်လိုသဘောထား တယ်ဆိုတာ သိရတာပေါ့။

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-02-16 16:37:54

https://scontent.xx.fbcdn.net/hphotos-xpf1/v/t1.0-9/q87/p100x100/10478239_10202825150309974_1550547235548375505_n.jpg?oh=f544fbaca987c58f362a4e1e1e067548&oe=5557CF31

Kyaw Swar Myint

ယနေ. လွှတ်တော်သို.တင်သွင်းသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း ။=====================================================သတင်းဓါတ်ပုံ-Ko Thu.

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-02-13 16:42:24


Mobile Uploads
Smiling Bogyoke Aung San

This is my collection.
တစ်ဒေါ်လာ ၂၇၀ ကျပ်နှုန်းခေတ်က
ဒေါ်လာတစ်ရာနဲ့ ၂၉ လမ်းကဆိုင်တစ်ဆိုင်ကနေ
နိုင်ငံခြားသူတစ်ယောက်နဲ့ လုပြီး ဝယ်ထားတာပါ။
၂၀ လက်မ၊ ၃၀ လက်မ ဆိုဒ်နဲ့ မူရင်းဓါတ်ပုံပါ။
နောင်တော့ အဲဒီခေတ်က ရွှေတူ ဂျာနယ်အဟောင်းမှာ
ပုံနှိပ်ဖော်ပြထားတာတွေ့ရပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့က ရိုက်ထားတဲ့ပုံပါလို့
ဖော်ပြထားပါတယ်၊ ကြည့်ရတာနောက်ဆုံးပုံတွေထဲက
တစ်ပုံဖြစ်ပါလိမ့်မယ်။

ဆူးလေစေတီရှေ့မှာ မိန့်ခွန်းပြောနေတဲ့ပုံပါ၊
ဗိုလ်ချုပ်အောင်ဆန်း လှည့်ပြီးပြုံးပြနေတဲ့သူက
ကုလားထိုင်မှာ ထိုင်နေတဲ့ ဦးနုဖြစ်ပါတယ်။
MST

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-02-12 01:28:35


Timeline Photos
ဝှိုက်ကတ် ပယ်ဖျက်ကြောင်း အစိုးရ ကြေညာ

ဝှိုက်ကတ်လို့ ခေါ်တဲ့ ယာယီ သက်သက်ခံ လက်မှတ်တွေကို ပယ်ဖျက်ကြောင်း အမိန့်ကြေညာချက် တစ်ရပ်ကို မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ဝှိုက်ကတ် ကိုင်ဆောင်သူတွေရဲ့ မဲပေးခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ကာ ကတ်ပြားတွေ ပြန်လည် အပ်နှံဖို့ မတ်လ ၃၁ ရက် ကနေ မေလ ၃၁ ရက် အထိ အချိန် ပေးထားတယ်လို့ ဆိုပါတယ်။

ဝှိုက်ကတ် အပေါ် ရဟန်းရှင်လူ အများအပြားက ဝေဖန်မှုတွေ ရှိနေလို့ ဖျက်သိမ်းတယ်လို့ ဖော်ပြပြီး ဝှိုက်ကက်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆက်စပ် ကိစ္စရပ်တွေ လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့ မကြာခင်ကပဲ လွှတ်တော်က အတည်ပြုခဲ့ပြီး ဒီအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း ဒီကနေ့ ရန်ကုန်မှာ ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

Posted in Uncategorized |

Free Burma Info's Facebook Wall 2015-02-04 16:49:31

https://fbcdn-profile-a.akamaihd.net/hprofile-ak-xaf1/v/t1.0-1/c35.0.100.100/p100x100/429943_186264878150607_904809875_n.jpg?oh=38a2068f20f5e6f60c997b133b71a342&oe=555980B5&__gda__=1432468014_c35407dca0f994fe4091cae8e6885eff

Chindwin Magazine

သဘောတရားအသစ်(A New Politics)မောင်မြတ်ထင်သဘောတရားလို့ ရေးပေတဲ့ ဝါဒလို့လည်း ပြောလို့ရမယ့် စိတ်ကူးစိတ်သန်းတစ်ခုကို တင်ပြချင်ပါတယ်။အာဏာရရာရကြောင်း နီးစပ်တဲ့ လက်ဝဲနိုင်ငံရေးသမား (ဆိုရှယ်လစ်တွေနဲ့ ဆိုရှယ်ဒီမိုကရက်) တွေဟာ သဘာဝပတ်ဝန်းကျင်သမား (အစိမ်းရောင်ဝါဒသမားတွေ) နဲ့ ပူးပေါင်းသင့်တယ်တဲ့။ လန်ဒန်ယူနီဗာစီတီကောလိပ်က ပါမောက္ခတဦးလည်းဖြစ် ဘဏ္ဍာရေးဋ္ဌာန အထူးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ မိုက်ကယ်ယာကော့ဘ်က အက်ဆေးတစ်ပုဒ် ရေးတယ်။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာတခုလို့ ထင်တာပါပဲဗျာ။ ဖတ်ရှုကြည့်တော်မူကြပါ။အစိမ်းရောင်ဝါဒ (Green Politics)အစိမ်းရောင်ဝါဒ ဆိုတာမှာ သူ့သဘောတရားနဲ့ သူရှိတယ်။ အောက်ပါ အဓိကလက္ခဏာတွေ ရှိပါတယ်။(၁) သဘာဝကြီးရဲ့ အဖိုးတန်ပုံကို ယုံကြည်တယ်။ လူဟာ သဘာဝထဲမှာ ရှိနေတဲ့အရာသာလျှင် ဖြစ်တယ်လို့ အစိမ်းရောင်သမားတွေက ယူဆကြတယ်။(၂) ပထမအချက်ကို ဆန့်ထုတ်ရင်၊ ကြွယ်ဝတဲ့ လူ့ဘဝဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေ သုံးစွဲခြင်းထက်ပိုတယ်လို့ ယူရမှာပါ။(၃) အစိမ်းရောင်ဝါဒဟာ၊ သေးငယ်သောပမာဏ (Small scale)၊ သူ့ဒေသနဲ့သူ တန်ဖိုးတွေရှိနေခြင်း၊ ကိုယ်အားကိုယ်ကိုး၍ ဖူလုံခြင်း၊ သူ့သဘောသူ ဆောင်နိုင်ခြင်း (Self-organizing)၊ သမ၀ါယမ ပူးပေါင်းဆောင်ရွက်ကြသော အဖွဲ့အစည်း ပုံသဏ္ဌာန်များကိုလည်း ယုံကြည်ပါတယ်။(၄) ကောင်းစွာ အလုပ်လုပ်ခြင်း (Good work) ကို တန်ဖိုးထားတယ်။ လူ့ဘ၀ရဲ့ ရည်မှန်းချက်များ ပြည့်အောင် ပိုကောင်းတဲ့ လူတွေ ဖြစ်လာအောင်၊ အလှနဲ့ လက်မှုပညာ ဖြစ်ထွန်းအောင် လုပ်နိုင်ခြင်းကို တန်ဖိုးထားပါတယ်။(၅) အကြမ်းမဖက်ခြင်းကို အလေးအနက်ထားတယ်။ စစ်ကို ဆန့်ကျင်တယ်။ စစ်ဆန့်ကျင်ရုံမကဘဲ ငြိမ်းချမ်းသော အခြားသူများကို နားလည်သည်းခံသော အခြေအနေများကိုလည်း တန်ဖိုးထားပါတယ်။(၆) အစိမ်းရောင်ဝါဒမှာ ဣတ္ထိယ(Feminist) သဘောလည်းပါ ပါတယ်။ အစိမ်းရောင်သမားတွေဟာ တန်းတူရည်တူ ဖြစ်ရေး သာမကဘဲ လူ့ဘဝရဲ့ မျက်နှာစာများဖြစ်တဲ့ တခြားသူတွေကို ဂရုစိုက်ခြင်း မွေးမြူခြင်း(အမျိုးသမီးများ ဆောင်ရွက်ကြတဲ့ ကိစ္စများ) ကို အလေးအနက် တန်ဖိုးထားတယ်။အထက်ပါ တန်ဖိုးတွေဟာ သူတို့ရဲ့ အဓိကတန်ဖိုးထားမှုတွေ ဖြစ်သော်လည်း အစိမ်းရောင်သမားတွေဟာ တခြားတန်ဖိုးတွေကိုလည်း ယုံကြည်ကြပါတယ်။ လူမှုရေးတရားမျှတမှု ဒီမိုကရက်သဘောထားများ စသည်ဖြင့်လည်း သူတို့မှာ ရှိပါတယ်။ အစိမ်းရောင်ဝါဒ ဆိုတာဟာ တခြားသဘောထားတွေနဲ့ အထက်ပါအချက် သိသိသာသာ ကွဲပြားတယ်လို့ ဆိုလိုရင်းသာ ဖြစ်ပါတယ်။***ဆိုရှယ်လစ် သဘောတရား လက်ဝဲဆိုရှယ်လစ်ဝါဒမှာ အဓိက တန်ဖိုးသဘောထား သုံးခု ရှိပါတယ်။(၁) ပထမအချက်ဟာ တရားမျှတမှုအပေါ်အခြေခံတဲ့ တန်းတူရည်တူခြင်း (Equality)ပါ။ လူတွေမှာ တန်ဖိုးတန်းတူ ရှိတယ်။ အာဏာ၊ ဥစ္စာ၊ ဝင်ငွေကို မျှမျှတတ ခွဲဝေမှ၊ လူ့အဖွဲ့အစည်းရဲ့ အထက်လွှာနဲ့ အောက်ခြေ ကွာဟမှု ကျဉ်းမှ လူ့လောက သာယာမယ် ဆိုတဲ့ အယူအဆဟာ ဆိုရှယ်လစ်တွေရဲ့ အခြေခံသဘောထား ဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်လစ်တွေဟာ အောက်ခြေက လူတွေ ဆင်းရဲသူဆင်းရဲသားတွေနဲ့ အဏာမဲ့တွေဘက်က ရပ်တည်တယ်။(၂) လက်ဝဲသမားတွေဟာ သမဂ္ဂတွေ သမဝါယမတွေ စတဲ့ စုပေါင်းအားထုတ်ခြင်း (Collective action)ကို ယုံတယ်။ လူတွေဟာ တဦးကိုတဦး ထောက်ပံ့ကြရင် စည်းလုံးကြရင် (Solidarity)၊ အလုပ်သမားသမဂ္ဂ၊ ပရဟိတ၊ သမဝါယမ၊ နိုင်ငံတော်(State) စသည်ဖြင့် အတူအားထုတ်ကြသော် တဦးချင်း လုပ်ဆောင်ခြင်းထက် လူမှုရေးရာ ရလဒ်ကောင်းတွေ ရမယ်။ အတူပူးပေါင်းဆောင်ရွက်ခြင်းဟာ လူ့သဘာဝမှာ ပဓာနလည်းဖြစ် တန်ဖိုးထားအပ်တဲ့ ကိစ္စလည်း ဖြစ်တယ်လို့ သဘောထား ရှိကြပါတယ်။(၃) ဆိုရှယ်လစ်တွေဟာ အရင်းရှင်ဝါဒကဖြင့် လူမှုရေးမှာ မလိုလားအပ်တဲ့ ရလဒ်တွေ ဖြစ်စေတယ်လို့ ယုံကြတယ်။ ဒါကြောင့် အရင်းရှင်စနစ်ကို အထိန်းအကွပ်တွေ လုပ်သင့်တယ်။ စီးပွားရေး အင်အားရှိသူတွေ အကျိုးရှိ ရုံတင်မှာ မရပ်ဘဲ လူ့ဘောင်တခုလုံး အကျိုးရှိတဲ့ ဘုံအကျိုးရှိတဲ့ စီးပွားရေး ဖြစ်ဖို့ စီမံရမယ်လို့ ယုံကြတယ်။ ဒါပေတဲ့ လက်ဝဲ အယူအဆတွေဟာ အရင်းရှင်စနစ်ကို ဘယ်လို စီမံထိန်းကွပ်ရမယ် ဆိုတဲ့အချက်မှာ ကွဲပြားကြပါတယ်။ အရင်းရှင်စနစ်ကို အခြားစနစ်နဲ့ အစားထိုးဖို့ လိုတယ်လို့ ဆိုကြတယ်။ ဒါပေတဲ့ အစားထိုးဖို့ ကြိုးစားခဲ့တာတွေကတော့ မအောင်မြင်ခဲ့ဘူး။ အဲသလို ကြိုးစားခဲ့လို့ ကြောက်စရာကောင်းတဲ့အထိ ဖြစ်ခဲ့ ပျက်ခဲ့တာတွေလည်း သမိုင်းမှာ အထင်အရှား ဖြစ်ခဲ့ပါတယ်။***အစိမ်းရောင်ဝါဒနဲ့ ဆိုရှယ်လစ် လက်ဝဲဝါဒမှာ ဆုံတာတွေ (Convergences) ရှိတယ်။ ကွဲပြားသွားတာတွေ (Divergences) လည်းရှိတယ်။ ယခု ကွဲပြားတာတွေ စဉ်းစားကြည့်ရအောင် -သမိုင်းမှာ လက်ဝဲသမားတွေ ဆိုရှယ်လစ်တွေရော ဆိုရှယ်ဒီမိုကရက်တွေရောဟာ သမာရိုးကျ လူ့အဖွဲ့အစည်း ပုံသဏ္ဌာန်က လွတ်မြောက်လိုကြပါတယ်။ ဆင်းရဲခြင်းက လွတ်မြောက်လိုကြတယ်။ ဒါကြောင့် စက်မှုထွန်းကားရေး အစဉ်ကြီးနဲ့၊ စက်မှုထွန်းကားခြင်းနှင့်အတူ ယဉ်ကျေးမှုထုံးစံတွေ ပြောင်းရေးကို လုပ်ကြတယ်။သဘာဝပတ်ဝန်းကျင်အပေါ်တော့ သတိမရှိကြဘူး။ တိုးတက်ခြင်းဆိုတာ စက်မှုထွန်းကားခြင်းပဲလို့ ယူတာ။ သဘာဝကို ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ အသုံးချခြင်းထောင့်ကပဲ ချဉ်းကပ်တယ်။ ဆင်းရဲသားတွေ ချမ်းသာလာဖို့ လုပ်ရာမှာလည်း ရုပ်ပစ္စည်း ရှုဒေါင့်ကပဲ ကြည့်ပြီး ရုပ်ပစ္စည်းမဟုတ်တဲ့ တခြားအကြောင်းအရာတွေကို တန်ဖိုးထားမှု နည်းတယ်။ လက်ဝဲဆိုပေတဲ့ စားသုံးခြင်းဝါဒ (Consumerism) (များများသုံးနိုင်ရင် ချမ်းသာတာပဲဆိုတဲ့ အယူအဆ)မှာ အရင်းရှင်သမားတွေနဲ့ မကွာဘူး။အဲဒီ လမ်းကြောင်းကြောင့်၊ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ တရုတ်မှာ ဆင်းရဲသား အလုပ်သမား လူတန်းစားတွေရဲ့ အခြေအနေ တိုးတက်လာတာကို မငြင်းပါဘူး။ ဒါတွေက ငြင်းလို့လည်း မရပါဘူး။ဒါပေတဲ့ အဲဒီ တိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်ကြီးကို ပြင်လို့မရအောင် ပျက်သွားစေတာ၊ ဂလိုဘယ်စီးပွားရေးရဲ့ အစွန်အဖျားက သန်းရာပေါင်းများစွာသော လူတွေကို ချန်ထားခဲ့တာကိုလည်း ငြင်းလို့ မရဘူး။***သမိုင်းမှာ သဘာဝကို လေးစားပြီး ကိုယ့်အားကိုယ်ကိုးတဲ့ ကွန်မြူနတီတွေ တည်ဆောက်ကာ ယူတိုပီယန်း လူ့အဖွဲ့ (Utopian society) ကြိုစားကြတဲ့ လက်ဝဲတွေ ရှိခဲ့တယ်။ ရောဘတ်အိုဝင်၊ ဂျွန်ရပ်စကင်၊ ဝီလျံမောရစ် စသည်ဖြင့်။ သူတို့ ဝါဒက associational socialism လို့ခေါ်ရမယ်။ သူတို့ဝါဒက နိုင်ငံတော်အာဏာကို သိမ်းဖို့ မဟုတ်ဘူး။ နိုင်ငံတော် ဦးဆောင်တဲ့ ဆိုရှယ်လစ်ဝါဒ (State-led Socialism) တော့လည်း မဟုတ်ဘူး။ပစ္စုပ္ပန်မှာတော့ လက်ဝဲဆိုရှယ်လစ်တွေကြားမှာ တတိယလှုပ်ရှားမှုတခု စပေါ်နေပြီ။ ရာသီဥတု ပြောင်းလဲမှုကြီး ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် အကြပ်အတည်း ဖြစ်လာတော့ ဆိုရှယ်ဒီမိုကရက်တွေအနေနဲ့ အဲဒီ ရာသီဥတုကိစ္စကို စဉ်းစားလာရတယ်။ ဒီလှုပ်ရှားမှုဟာ နိုင်ငံတော် (State) ကို သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးမှာ ကရိယာအနေနဲ့ အသုံးချဖို့ စဉ်းစားတယ်။ အရင်းရှင်စနစ်ကို လူမှုရေးတရားမျှတမှုအတွက်သာမက သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် သုံးတာလို့ ယူနိုင်ပါတယ်။ဆိုရှယ်ဒီမိုကရက်တွေအတွက် အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပါတယ်။ ဆိုရှယ်ဒီမိုကရေစီဟာ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲနည်းနဲ့ ရအောင်လုပ်တယ်၊ ပြီးတော့မှ အရင်းရှင်ဈေးကွက် အင်အားစုတွေကို ထိန်းကွပ်ဖို့ လုပ်တယ်။ ဝင်ငွေရယ် ဓနရယ် မျှမျှတတ ခွဲဝေဖို့ အလုပ်သမားနဲ့ စားသုံးသူအပေါ် ခေါင်းပုံဖြတ်တာကို ကန့်သတ်ဖို့ လူမှုဖူလုံရေး (Welfare state) လုပ်ဖို့ပဲ။ မာက္စတွေက ဒီနည်းဟာ အရင်းရှင်စနစ်ကို ကယ်တာပဲလို့တော့ ဆိုကြတာပ။ ဒါပေတဲ့ အရင်းရှင်စနစ်ဟာ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုအပေါ်မှာပဲ တည်မီတာ မဟုတ်ဘဲ သဘာဝသယံဇာတနဲ့ မြေပထဝီရဲ့ ဂေဟအကျိုးဆောင်မှု (Ecological services)တွေ အပေါ်မှာလည်း တည်နေတာမို့ အရင်းရှင်စနစ်ရဲ့ ဒိုင်းနမစ်ကို တိုးရင်၊ သဘာဝသယံဇာတနဲ့ ဂေဟက မခံနိုင်ဘူး။***“ဆိုရှယ်ဒီမိုကရက်တစ်အစိမ်း” (Green Social Democratic Project) ဟာ အရင်းရှင်စနစ်ကို လူတွေရဲ့ အကျိုးငှာ ထိန်းကွပ်ရုံသာ မဟုတ်ဘူး သဘာဝကြီးအကျိုးအတွက်လည်း ထိန်းကွပ်တာ ထိန်းညှိတာ ဖြစ်ပါတယ်။အင်္ဂလန်မှာ Blue Labour Movement ရယ်လို့ ပေါ်လာတယ်။ ကွန်မြူနတီတွေ ရိုးရာဓလေ့တွေကို ပိုတန်ဖိုးထားတဲ့ ပါတီပေါ့။ ဈေးကွက်ထဲမှာ ဖလှယ်တဲ့ ပစ္စည်းတွေထက် ရပ်ရွာအသိုက်အဝန်းတွေက ထွက်လာတဲ့ ပစ္စည်းတွေကို ကာကွယ်ဖို့ ပျိုးထောင်ဖို့တဲ့။လူထုကို ဖြစ်တည်မှု (Identity) ပေးတဲ့၊ ကမ္ဘာကြီးကို တည်ငြိမ်မှု ရစေတဲ့ အရာတွေ ရှိတယ်။ အဲဒီ အရာတွေကတော့ ရိုးရာဓလေ့တွေ၊ ပြည်သူ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ဘုံဆိုတဲ့ နေရာ၊ စိမ်းလန်းတဲ့နေရာ (Green spaces, commons)၊ တမူခြားတဲ့ ဒေသတွေ၊ အနုပညာရပ်တွေနဲ့ ရပ်ရွာအသိုက်အ၀န်းတွေပါပဲ။ အရင်းရှင်စနစ်နဲ့ ရုပ်ဝါဒက အဲသလိုဟာတွေကို တန်ဖိုးသိပ်မထားဘူး။ အရင်းရှင်စနစ်က ဈေးကွက်ရဲ့ အလဲအလှယ်တန်ဖိုး (Exchange values) မရှိတဲ့ အရာ မှန်သမျှကို ဖျက်ဆီးပစ်တာ များတာပဲ။ “ဆိုရှယ်ဒီမိုကရက်တစ်အစိမ်း” ဝါဒလို့ ဆိုကြပါစို့။လက်ဝဲတွေရဲ့ သမိုင်းမစ်ရှင်ဟာ အရင်းရှင်စနစ်ကို ထိန်းဖို့ ကွပ်ဖို့ ဆိုရင် (ဝါ) စီးပွားရေးစနစ်ကို ပြင်ဖို့ ဆိုရင် လက်ဝဲတွေဟာ အယူအဆအားဖြင့် အစိမ်းတွေနဲ့ ပိုပြီးနီးဖို့ လိုပါတယ်။ လက်ဝဲတွေဟာ အစိမ်းတွေဆီ လှမ်းလာဖို့ လိုတယ် ဆိုပါစို့။ အစိမ်းတွေကကော လက်ဝဲတွေကို လိုပါသလား။***အစိမ်းတွေကလည်း လက်ဝဲတွေကို လိုပါတယ်။ပထမအချက်က နိုင်ငံတော် (State) မပါဘဲနဲ့ သဘာဝပတ်ဝန်းကျင်ကို မကာကွယ်နိုင်လို့ ဖြစ်ပါတယ်။ နိုင်ငံတော်မှာပဲ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ဈေးကွက်ကို ထိန်းနိုင်တဲ့ ပါဝါရှိလို့ပါ။ လူမှုအဖွဲ့အစည်းတွေက ဒေသန္တရ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်တာ မရှိ မဟုတ်ပါဘူး။ ဒါပေတဲ့ ယခုကာလမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အများစုဟာ အင်မတန်ကြီးတဲ့ ဂလိုဘယ် ကော်ပိုရေးရှင်းကြီးတွေကြောင့် ဖြစ်နေတာပါ။ အစိုးရကပဲ ကော်ပိုရေးရှင်းတွေရဲ့ အပြုအမူကို သဘာဝပတ်ဝန်းကျင်ဘောင်ထဲမှာပဲ ရှိနေအောင် လုပ်နိုင်တာပါ။ ပြန်လည် ပြည့်တဲ့ စွမ်းအင်၊ သဘာဝ သယံဇာတကို အကျိုးရှိအောင် အသုံးချခြင်း၊ ကာဘွန်လျှော့ချခြင်း စတဲ့ နည်းပညာတွေမှာ သုတေသနလုပ်ဖို့ အစိုးရကလဲ လမ်းညွှန်နိုင်တာပါ။အစိမ်းရောင်သမားတွေက စားသုံးမှုကို လျှော့ဖို့ နေပုံထိုင်ပုံ လိုက်ဖ်စတိုင်တွေကို ပြုပြင်ဖို့ ကြိုးစားကြပေတဲ့ အချိန်က အဲသလောက် မရဘူး။ လူထုက “အလိုအလျောက် ရိုးရိုးရှင်းရှင်း နေခြင်း (Voluntary simplicity)” ကို မပြောင်းနိုင်မီမှာပဲ သဘာဝပတ်ဝန်းကျင် အကြပ်အတည်းက ဆိုက်မှာ။ ကမ္ဘာကြီးရဲ့ လူဦးရေက အလွန်များ ရုပ်ဝတ္ထုတွေ အလျှံပယ်နဲ့ နေချင်စိတ်ကိုလည်း ထိန်းမရ၊ ကော်ပိုရေးရှင်းတွေကလည်း အမြတ်ရဖို့ လုပ်နေကြတော့၊ အစိုးရ (ဝါ) နိုင်ငံတော်ရဲ့ ထိန်းကွပ်မှု (Regulation)နဲ့မှ ရတဲ့အချိန်တိုအတွင်း ပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်နိုင်မှာပါ။ နိုင်ငံတော်ဆိုတာက ခြစားပြီး အောင်အောင်မြင်မြင် မလုပ်နိုင်တဲ့ အဆောက်အအုံ ဆိုတာ မှန်ပေတဲ့ နိုင်ငံတော် မပါဘဲနဲ့လည်း ကျွန်တော်တို့အနေနဲ့ မအောင်မြင်နိုင်ဘူး။ဒုတိယအချက်၊ လက်ဝဲတွေကို အစိမ်းတွေ လိုအပ်တဲ့အကြောင်းက နှစ်ခုလုံးက ဝင်ငွေ၊ ဓနနဲ့ အာဏာကို မရတဲ့သူတွေ ရစေချင်တဲ့ အချက်ကြောင့်ပဲ။ နှစ်စု ပူးပေါင်းအားထုတ်ရင် တစုတည်း အားထုတ်တာထက် အောင်မြင်ဖို့ အကြောင်း ပိုများလို့ပဲ။ အရင်းရှင်စနစ်ကြောင့် အလွန်မမျှမတ ဖြစ်နေတာကိုး။အစိုးရဟာ ဥပဒေတွေထုတ် အခွန်တွေကောက်၊ လူမှုဖူလုံရေးအတွက် ငွေတွေသုံးပြီ မညီမျှတာတွေကို လျော့အောင် လုပ်နိုင်တယ်။ အလုပ်သမားသမဂ္ဂနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီနိုင်ပါတယ်။တတိယအချက်ကတော့ ဆိုရှယ်ဒီမိုကရက်တွေအနေနဲ့ အာဏာ ရနိုင်တာကိုး။ ဒီနည်းနဲ့ အစိုးရကို သဘာဝပတ်ဝန်းကျင်ကို ကြည့်တဲ့ လူမှုရေးတရားမျှတမှု ပေါ်လစီကို ကျင့်သုံးလာအောင် ညွှန်ကြားနိုင်တာကိုး။ အစိမ်းရောင်ပါတီတွေကျတော့ အရင်ကထက် မဲတွေပိုရလာတာ မှန်ပေတဲ့ ဂျာမနီလို နိုင်ငံမှာတောင် အနည်းစု ဖြစ်နေသေးတာ။ အစိမ်းရောင်ပါတီတွေ ရွေးကောက်ပွဲမှာ နိုင်ဖို့က အလွန်ကြာဦးမယ်၊ အချိန်က မရှိဘူး။***အာဏာရဖို့ နီးစပ်တဲ့သူနဲ့ ပတ်ဝန်းကျင်သမား (ဝါ) အစိမ်းရောင်သမား ပေါင်းပြီး လူ့လောက တိုးတက်အောင် လုပ်ဖို့ လိုပါတယ်။ ကျွန်တော် တင်ပြခဲ့တဲ့ “နိုင်ငံရေးရာ ဒဿနများ ပေါင်းစပ်ဖွဲ့စည်းခြင်း” ဟာ စတင် ဖြစ်ပေါ်နေပါပြီ။ အစိမ်းရောင်သမားတွေရဲ့ ပတ်ဝန်းကျင်ဝါဒ၊ လက်ဝဲတွေရဲ့ လူမှုရေးတရားမျှတရေးဝါဒနဲ့၊ ရပ်ရွာအသိုက်အဝန်းတွေရဲ့ သမဏိရှည်ကြာခဲ့တဲ့ တန်ဖိုးတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ ကွန်ဆာဗေးတစ် အယူအဆတွေရဲ့ ပေါင်းစည်းမှုပါပဲ။လူဟာ ဈေးကွက်ရဲ့ ဖလှယ်မှုတန်ဖိုးတွေထဲမှာပဲ လွင့်မျောနေတဲ့ တဦးချင်းဖြစ်မှုတွေ မဟုတ်။ လူဟာ သဘာဝနဲ့ ဆက်နွှယ်နေမှု၊ တယောက်နဲ့တယောက် ဆက်နွှယ်နေမှု၊ အတိတ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆက်နွှယ်နေတဲ့ သူတွေ ဖြစ်ပါတယ်။ အဲဒါပဲ လူရဲ့ ဖြစ်တည်မှု(identity) အမှန်ပါ။လူဟာ အထက်ပါ တန်ဖိုးတွေကို ဖေါ်ပြနိုင် မွေးမြူနိုင်တဲ့ နေရာ စပေစ့်တွေကို ကာကွယ်ရမှာပါ။ ပုဂ္ဂလိက တဦးချင်းက ဖြစ်စေ၊ ပြည်သူ့အဖွဲ့အစည်းတွေက ဖြစ်စေ အားထုတ်ရမှာပါ။ အစိုးရ (နိုင်ငံတော်) ကတော့ အရင်းရှင်ဈေးကွက်ရဲ့ ဒိုင်းနမစ်တွေကို ကာကွယ်ပေးရမှာပါ။ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ ကမ္ဘာကြီးအတွက် သဘောတရားအသစ်၊ နိုင်ငံရေးသစ်ပါ ခင်ဗျား။

Posted in Uncategorized |

ပြည်သူ့တပ်မတော်သားများ …

ပြည်သူ့တပ်မတော်သားများ …


ကျွန်မ မောင်လေး အဖြစ်ကို ကြည်.ပြီးတော. ပြည်သူလူထုအပေါင်းတို.သင်ခန်းစာယူကြပါ၊ ကြည်.ပြီးရင်အားလုံးရှယ်ပေးကျပါ။

Posted in Uncategorized |