အိမ်မက်ဆိုးမှာ…. နှစ်ရက်တာ – နန်းလွင်

နန်းလွင်
Nov 12, 2013
ကျမဆီကို ဗန်းမော် မြို့က သတင်းတွေ ဆက်တိုက် ၀င်တာ တစ်ပတ်လောက် ရှိပြီဖြစ်ပါတယ်။
အစကတော့  စစ်ပွဲ တွေပြန်ဖြစ်နေတယ်။ ဒုက္ခသည်တွေ ရှိနေတယ် ဆိုတာလောက်ကိုပဲကြားမိပါတယ်။ နောက် တော့အဲဒီဘက်က အဆက် အသွယ်များစွာနဲ့ ဖုန်းပြောဖြစ်ပြီး ရန်ကုန်မှာရှိတဲ့သတင်းအရင်းအမြစ်များနဲ့ စကားပြောမိပါတယ်။
ဒုက္ခသည် တစ်ထောင်ကျော် အစားရေစာပြတ်လတ်နေသည် ဆိုတဲ့သတင်းက ကျမ အတွက် တဖြေးဖြေး တုန်လူပ်ခြောက်ခြားစေခဲ့ပါတယ်။ ဗန်းမော်ကိုကျမ ကိုယ်တိုင် သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထိုအချိန်မှာမန်စီမှာ ဘယ်လို အခြေအနေတွေ ရှိ လဲဆိုတာ ကျမ သေချာမသိပါ။ နန့်လင်းပါရွာမှာ ဒုက္ခသည်ပေါင်း တစ်ထောင်ကျော်နဲ့ရွာသူ ရွာသား ငါးရာကျော် အစားရေစာ ပြတ်လတ်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီ။ မန်စီထဲကရွာတွေ မှာ အစိုးရစစ်ကြောင်းတွေ ၀င်လို့ ရွာသားများ အထိတ် တလန့်နဲ့ ထွက်ပြေးနေရသည်ဟုသာ အကြမ်းဖျင်း ကျမ သတင်းရထားပါတယ်။ ကျမတို့ခရီးအတွက် မခွန်ဂျာက သူတတ်နိုင်သလောက် အစအစအရာရာကူညီခဲ့ပါတယ်။

ကျမတို့ဗန်းမော်ကိုရောက်တော့ နောက်မနက်မှာပဲ မန်စီထဲက အစိုးရတပ်ကြောင်းတွေ ၀င်ရောက် ထားသည့် ကျေးရွာတွေကိုသွားဖို့ နန့်လင်းပါ ဆီကိုသွားဖို့ အဆက်အသွယ်ရခဲ့ပါတယ်။ ဗန်းမော်မြို့ရှိ KBC ဘုရားကျောင်းတစ်ခုမှာ ကျမတို့ စောင့်နေရင်း ကျမတို့ခရီးကိုဦးဆောင်မည့် သူက ဖာသာ ခါးလီ ရောက်လာပါတယ်။
ဖာသာခါလီမှာမန့်ဝိန့်ကြီးဒုက္ခသည်စခန်းကို ဦးဆောင် နေသူတစ်ဦးဖြစ်ပြီး စိတ်ဓာတ်ရေးရာ အရ သူရဲ့လုပ်ဆောင်ချက်များကို လေးစားပြီသားဖြစ်တာကြောင့် ကျမ အနည်းငယ်တော့စိတ်သက်သာရာ ရသွားပါတယ်။ နောက်ကျမတို့ကိုကားမောင်းပို့မယ့် သူက ကိုအောင်စိုးလင်း ဖြစ်နေတာတွေ့ရပါတော့တယ်။
သူကတော့ ကျမတို့လိုင်ဇာကိုဒုတိယ တစ်ခေါက်သွားချိန်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ မိန့်ဝိန်းကြီးကို ရောက်တော့တရုတ်ပြည် ထဲ ၀င်ခွင့်ရဖို့အရေး အစစအရာရာကူညီ ခဲ့သူဖြစ်ပါတယ်။ သူကအစိုးရ ဘက်က ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ပေမယ့် ကချင် အမျိုးသမီး ကိုယူ ကာ မိန့်ဝိန်းကြီး ဒုက္ခသည် စခန်းကိုအစစအရာရာ ကူညီနေသူဖြစ်ပါတယ်။
ကျမတို့ မန့်ဝိန်းကြီးကိုရောက်ချိန်က မြေမြုတ်မိုင်း ကြောင့် ကလေးငယ်များ သွေးသံရဲရဲ နဲ့ လဲနေချိန်မှာ ကိုကျော်စိုးလင်းက ဆေးရုံအရောက်ပို့ပေးကာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူ့ နဲ့ရက်အတန် အကြာ ခင်မင်ပြီးနောက်မှာ သူဟာ ဗိုလ်ကြီးဟောင်းတစ်ဦးဆိုတာ ထက် ကချင် လူမျိုးတွေကို ပိုချစ်သောအစစအရာရာ ကူညီသော ဒုက္ခသည် များအတွက် အလွန် နစ်နာခံသော သူဖြစ်ကြောင်း ကျမယုံကြည် မိပါတယ်။
ကျမ တို့ခရီးသွားရမယ့်ခရီးသွားဖော်တွေမှာ ကျမ အတွက် အားတတ်စရာဖြစ်ခဲ့ပါတယ်။
ဖာသာခါးလီတို့က နန့်လင်းပါကို ဆန် ပို့မယ့် ကားနဲ့ကျမတို့ကိုခေါ်သွားမည်ဖြစ်ပြီး ဆန်အိတ်များ သယ်ယူ ဖို့ အတွက်ကျမ တို့ နဲ့အတူ ဗန်းမော်မြို့ပေါ်စခန်းကဒုက္ခသည် ဆယ်ယောက်ကျော် လည်းပါလာသည်။
ကျမတို့ ဒုက္ခသည်တွေကို ဆန်ပို့မှာကိုသတင်းရတဲ့ ဗန်းမော် မြို့ အစိုးရတပ်မတော် တပ်ရင်းမှူး နဲ့အဖွဲ့ က လာပြီးသူတို့လည်းပစ္စည်းတွေ ထည့်ပေးချင်ပါတယ်လို့ပြောပါတယ်။
ဖာသားခါးလီက လက်ခံလိုက်ပြီး ငါတို့ဒုက္ခသည်တွေ အတွက်သူတို့က ထည့်ပေးချင်တာ တဲ့ ခဏစောင့်ရအောင်လို့ပြောတာကြောင့်ကျမတို့ ကားမထွက်သေးပဲစောင့်ရပါတယ်။
တစ်နာရီလည်းမလာ။ နှစ်နာရီလည်း မလာ နဲ့ မနက် ၈နာရီ တည်းက စောင့်လိုက်တာ ၁၁ နာ၇ီခန့်မှာ ခေါက်ဆွဲခြောက်ဖာများရောက်လာပါတယ်။
ကျမတို့လည်းစိတ်မရှည်ဒေါသလည်းထွက်ပြီး ခြံဝင်းထဲမှာ လမ်းလျောက်နေမိပါတယ်။
ဖြစ်နိုင်ရင်ဒုက္ခသည်တွေဆီ အမြန်ဆုံးရောက်ချင်နေပြီဖြစ်ပါတယ်။
ကျမလမ်းလျောက်နေရင်းဖာသာ နားမှာရပ်နေသည့် အပွင့် ကြီးများစွာ တပ်ထားသော အစိုးရ တပ်မတော်က ဗိုလ် ကြီးက ကျမကိုစကားလှမ်းပြောပါတယ်။

မင်းက သတင်းထောက်လား။ မင်းငါ့ သတင်းရေးရင် မင်းကို ငါ ရီးစကားပြောပစ်မယ် လို့ ရုတ် တရက်ပြောလိုက်ပါတယ်။
ကျမ ကချင်စစ်ပွဲသတင်းတွေ အမြဲရေးပေမယ့် အမြဲ တမ်းဘက်မလိုက်အောင် အမြဲကြိုးစားခဲ့ပါတယ်။ စစ်ပွဲသတင်းများကိုရေးသားတဲ့ အခါမှာလည်း အစိုးရတပ်မတော် ဘက်က ပြောစကားများကို လည်းထည့်ကာ ကျမဆောင်းပါးများ သတင်းများကိုရေးသားခဲ့ပါတယ်။ကျမအနေနဲ့တကယ် တမ်းပြောရရင် အစိုးရတပ်မတော်က သတင်းထောက်တွေကို စကားပြောစေချင်ပါတယ်။ သူတို့ဘက်က အသံတွေကို လည်းကျမတို့ကြားချင်သည်။ ဒါပေမယ့်ကျမ ပထမဆုံးဗန်းမော်မှာတွေ့ဆုံရသည့်ဗိုလ်ရဲ့ စကား မှာ ကျမ နားထဲကိုကန့်လန့်ဝင်သွားကာ ရုတ် တရက် ကျမ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုခံစားရပါတယ်။ တိုင်းရင်းသားနယ်မြေများစွာကိုသတင်း သွားယူတိုင်း အခြေအနေ အလွန်ဆိုးနေသည့်ရှေ့တန်းတနေရာမှာ သတင်းယူ ခဲ့တုန်းကတောင်တိုင်းရင်းသား ဘယ်စစ်သားကမှ ကျမတို့ကို စကားနဲ့တောင် စော်ကားမော်ကားမပြုခဲ့။ ကျမတို့ကို အပြန်အလှန်လေးစားစွာ ပြောဆိုကာ ဒီကနေ့ အထိကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ထားခဲ့ကြပါတယ်။
အနားမှာရပ်နေတဲ့ကချင် ဖာသာတွေ အကုန်လုံးက မျက်နှာတွေမဲသွားပြီး သူတို့လည်း အရမ်းစိတ်တိုသွားပါတယ်။ကျမလည်းရုတ်တရက် စိတ်ကိုထိန်းလိုက်ပြီ  ပြန်ပြောပါဦး ဗိုလ်ကြီးရဲ့ မျက်နှာကို ခပ်တင်းတင်း 
ထားကာပြောလိုက်ပါတယ်။
သူက သြော်ရီးစားစကား ပြော မယ်လို့ပြောတာပါ လို့ ထပ်ပြောပါတယ်။
ကျမလည်းရတယ်လေ။ အခုပြောလိုက်လို့ပြောကာ ရှေ့ကိုတိုးလိုက်တော့
သူမျက်နှာပျက်သွားသည်။ ရန်ကုန်မှာသာဆိုရင် ကျမ သူ့ကို တစ်ခုခု လုပ်ပြီးပြီ ဖြစ်မှာပါ။
ကျမလည်း အိတ်ထဲကကတ်ကိုထုတ်ြပီး နူတ်ဆက်လိုက်ပါတယ်။ သူက ခပ်တည်တည်ပဲ ယူပြီး ရယ်နေပါတယ်။
ကျမ စိတ်ထဲမှာမကျေနပ်နေမှန်းသိလို့ဖာသာ ခါးလီက နန်းလွင် မုန့်သွားစားမလား ကား ထွက် တာစောင့်ရင်းလို့ပြောလာတာနဲ့ကျမ၊ ကျမညီမနဲ့ကရုဏာ က မကေတီ သုံးယောက် အပြင်ထွက် ပြီးမုန့်စားခဲ့ကြပါတယ်။
၁၂နာရီလောက်မှာကျမတို့ကားစထွက် ခွင့်ရပါတယ်။
ကျမ ကားပေါ်ရောက်တော့ကိုအောင်စိုးလင်းက အရမ်းအားနာပြီး
နန်းလွင်ရေ အကိုအားနာပါတယ်။ သူအဲလိုပြောလိုက်တော့ အကိုတို့လည်း ဘာပြောရမှန်းမ သိဘူး ဖြစ်သွားတယ်။ကိုယ်တို့အခုသူတို့ ထိန်းချုပ်ထားတဲ့နယ်မြေကိုသွားရမှာဆိုတော့ သိတဲ့ အတိုင်းပဲလို့ကျမကိုဖြေသိမ့်စကားပြောရှာပါတယ်။
ကျမ ခရီးသွားရင်းအမြဲစိတ်ကိုပေါ့ပေါ့ထားကာဖြေရှင်းတတ်တဲ့ပုံစံအတိုင်း ဘာမှမဖြစ်ပါဘူးလို့ရယ်ပြီးပြောလိုက်မှ ကားပေါ်ကကျန်တဲ့သူတွေအားလုံး ရယ်နိုင်ကျကြပါတယ်။
ကျမဘေးနားမှာထိုင်တဲ့ဖာသာရောဘတ်က စိတ်တိုပြီး ဒီကောင်တွေကွာ လို့ပြောရင်း ကျမကိုအားနာစွာကြည့်ရှာပါတယ်။
……………………………………………………………………………………………………………………….
ကျမတို့ရဲ့ ကြမ်းတမ်းတဲ့ခရီးစဉ်ရဲ့ အစသည် ကျမကို စိတ်အနှောင့်အယှက်များစွာ နဲ့စတင်စေခဲ့သည်။
မန်စီခရိုင်ထဲကရောက်တာနဲ့ဆိုးရွားလှတဲ့  ရွာလမ်းတွေကစတင်ကြိုဆိုနေပါတော့တယ်။ ရွာလမ်းများစွာ ဟာ ချိုင့်ကြီးများစွာ ရွံ့များစွာ ခလုတ်များစွာ နဲ့ပြည့်နှက်နေပြီးတစ်ခါတလေ ကား ကမောင်းနေရင်းနဲ့ ကားက ရွံ့ ထဲမှာ တပတ်လည်နေပါတယ်။
ကားကို ကောင်းကောင်းထိုင်စီးရတယ်ဆိုတာမရှိပဲ ရိုလာကိုစတာစီးသလို မျိုး သွားရပါတယ်။ ကျမစိတ်ထဲမှာ ကားသာမှောက်သွားခင် ရင်သွားပြီဆိုတဲ့စိတ်ဝင်လာပြီး ကျိတ်ဆုတောင်းနေမိပါတယ်။
ဒီလိုနဲ့ကားတစ်နာရီခွဲလောက်စီးပြီးတဲ့ အခါ မိုင်းခေါင်ကျေးရွာကို ကျမတို့ရောက်ပါတယ်။ ရောက်ရောက်ချင်းပဲတခြားရွာတွေကပြေးလာတဲ့ ဒုက္ခသည်တွေကို မိုင်းခေါင် KBCဘုရားကျောင်း မှာထားတာေ ကြာင့်ကျမတို့အဲဒီနေရာကို ဆိုင်ကယ်တွေနဲ့သွားကြပါတယ်။
ကျမအဲဒီကိုရောက်တာနဲ့ဘုရားကျောင်းက ဓမ္မဆရာတွေ အကုန်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ပြော ပြကြပါတယ်။ ရွာသားတွေကိုသေနတ်နဲ့ပစ်ခတ်ခဲ့ပုံပစ္စည်းတွေရယူ ခဲ့ပုံ၊ လူနေအိမ်တွေမှာစစ်သားတွေ ၀င်ရောက်နေထိုင် နေပုံ၊ ဖမ်းဆီးစစ်ဆေးရိုက်နှိက်ခဲ့ပုံ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပုံ ဖာသာတွေ သွားကယ်လို့ဖမ်းဆီးထားသူတွေကိုပြန်လွတ်ပေးခဲ့ပုံတွေကိုပြောပြကြပါတယ်။ ပြောနေရင်းနဲ့ ကျမတို့ကို ပြတင်းပေါက် တွေကနေ လာချောင်းတဲ့အရိပ်မြင်လို့ကျမကြည့် လိုက်တော့ တပ်မတော်က စစ်သားများဖြစ်နေတာတွေ့ရပါတယ်။
ကျမ က ရွာသူတစ်ယောက်နဲ့အင်တာဗျူးလုပ်ချင်တယ်ဆိုတော့အသက် ၇၀ကျော်အဖွားတစ်ဦးကို ခေါ်ပေးပါတယ်။ကျမ အဖွားနဲ့စကားပြောနေရင်း ဗျူဟာမှူးရောက်လာပြီလို့ ဖာသာတွေကပြောလိုက်ရော ခြေတဖက်မသန်တဲ့ အဖွား အိုက ကျမကို လက်ကိုဆွဲကာ လာဆရာမ ကျမအခုနေတဲ့ နေရာကိုသွားမယ်။ သူတို့မျက်နှာတွေကို မမြင်ချင်ဘူးလို့ ပြောပါတယ်။
ဒါနဲ့ ကျမလည်းအဘွားကိုတွဲကာ သူ နေထိုင်တဲ့ ဘုရားကျောင်းအပေါ်ထပ်ကိုပို့ပေးပြီးစကားပြောဖြစ်ပါတယ်။
အဘွားက လက်နက်ကြီးနဲ့ပစ်ခတ်တာကိုကြုံရပြီး ခြေမသန်ပဲထွက်ပြေးခဲ့ရကြောင်း ကို ကျမကိုပြောပြနေရင်း ဘုရားကျောင်းကဆရာမ နှစ်ယောက်ကအပေါ်တတ်လာပြီးသူတို့ကြုံရတာတွေကိုလည်းပြောပြပါတယ်။
ကျမတို့စကားပြောနေရင်းဝရံတာကိုအစိုးရစစ်သားတစ်ယောက် နှစ်ယောက် တတ်လာပြီးလာကြည့်ပါတယ်။
ဖာသာခါးလီကကျမကိုစိုးရိမ်ပုံရပြီး ကိုကျော်စိုးလင်းကိုယ်တိုင် အပေါ်ထိတတ်လာပြီး ကျမကို နန်းလွင်ရေ သွားရအောင်လို့ကျမကိုခေါ်ပါတယ်။
ဖာသားက အစိုးရတပ်ဗျူဟာမှူးကကျမနဲ့စကားပြောဖို့ပြောတော့ ကျမနဲ့မိတ်ဆက်ဖြစ်ပါတယ်။
ဗျူဟာမှူးကိုကြည့်ရတာက ကျမဗန်းမော်မှာတွေ့ ခဲ့သူနဲ့မတူပဲ အနည်းငယ်ပျော့ပြောင်းဟန်ရှိပြီး အဆင်ပြေလိုတဲ့ပုံစံရှိပါတယ်။ ကျမ မေးသမျှမေးခွန်းတွေကိုသူသိသလောက်  ပြန်ဖြေခဲ့ပါတယ်။
သူပြန်ဖြေတာကရွာထဲမှာစစ်သားတွေ မနေကြောင်း၊ ပစ်ခတ်တာဟာ သစ်ခိုးထုတ်သူတွေကိုဖြစ်ကြောင်း၊ ရွာသူကြီးကိုပစ်ခတ်ခဲ့တာဟာ သူဆီမှာ မင်္သကာ တဲ့ပစ္စည်းတွေမိခဲ့လို့ဖြစ်ကြောင်း၊ အခုလည်းဒုက္ခသည်တွေကို ဆေးကုပေးကြောင်း အစားအသောက်တွေလှူကြောင်း ပြောပါတယ်။
ကျမက မေးပြီးတော့ဗျူဟာမှူး တို့က အဲလိုစကားသံတွေရမယ်ဆိုရင် ကျမတို့ဆက်သွယ်ပါမယ်လို့ ပြောတော့သူက ခပ်အေးအေး ခပ်ပြုံးပြုံးပင်ရပါတယ်လို့ပြန်ပြောပါတယ်။
သူပြောသောစကားတစ်ခွန်းကိုကျမ မှတ်မိနေသည်မှာ ရွာသားတွေ အိမ်ပြန်လို့ရပါပြီ။ ဘယ်သူမှ ရွာ ထဲက အိမ်တွေထဲမှာမနေတော့ပါဘူး။ပစ္စည်းတွေလည်း မဖျက်ဆီးပါဘူးဆိုတဲ့စကားပင်ဖြစ်ပါတယ်။
ဒုက္ခသည် စခန်းများစွာကိုရောက်ဖူးသောကျမ အတွက်ပထမဆုံးအကြိမ် အစိုးရစစ်တပ်က အရာရှိတစ်ဦးကို ဒုက္ခသည်စခန်းတစ်ခုမှတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
သူပြောခဲ့သောစကားများမှန်မမှန်ဆိုတာကို နာရီပိုင်းအတွင်းကျမ လက်တွေ့ မြင်တွေ့ခဲ့ရပါတော့တယ်။
……………………………………………………………………………………………………………………
ကျမတို့ဆန်ပို့မည့်ကားမိုင်းခေါင်ကနေ ထွက်စံလွင်ကျေးရွာ နောက်မခေါ်ရမ် ကျေးရွာတွေကိုဖြတ်လာ ရပါတယ်။ ရွာ ထဲကအိမ် တွေမှာ အစိုးရတပ်စစ်သား တွေရဲ့ အကျိင်္တွေလှမ်းထားတာတွေ့ရပါတယ်။ ကျမတို့ကားဖြတ်သွားတော့ သေနတ်တွေကိုင်ကာ ထကြည့်ကြပါတယ်။ ရွာတွေမှာ အစိုးရစစ်သားများနေ ထိုင်ကြတာကလွဲလို့ သချိုင်း တစပြင်လို ခြောက်သွေ့နေပါတယ်။
အဲဒီအချိန်မှာ ဒုက္ခသည်စခန်းထဲမှ အဘွားအို ရဲ့ စကားသံကို ပြန်ကြားယောင်လာပါတယ်။
“ အဘွား သေတ္တာထဲကပိုက်ဆံတွေအကုန် သူတို့ယူသွားတယ်။ ပစ္စည်းတွေလည်း အကုန်ဖြန့်ကျဲခဲ့တယ်” လို့ ဖြစ်ပါတယ်။
ကျမတို့ဖြတ်သန်းခဲ့သည့်ရွာ လေးရွာစလုံးမှာ ရွာသားတစ်ယောက်မှမရှိတော့။
ကျမ စိတ်ထဲမှာဗျူဟာမှူး နာရီပိုင်းအတွင်းကပြောသောစကားများကိုမယုံတော့ ။
……………………………………………………………………………………
ဒီလိုနဲ့ညနေ၃နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်။ သေနတ် ၂၁ချက် ပစ်ဖောက်ခဲ့တယ် ဆိုသည့်မုန်းဒိန်ပါ ကျေးရွာကို ရောက်ပါတယ်။ ဒါအစထင်တယ်လို့လည်း ဖာသား ကပြောလည်းပြောရော
ရွာ ထဲကိုဝင်ဝင်ချင်းပင် ကျမ တို့ထိုင်တဲ့ ကားရဲ့ ကဘယ်ဘက် ကို စစ်သားတစ်ယောက် သေနတ်နဲ့လှမ်းချိန်ထားပါတယ်။
သူရဲ့ အသွင်အပြင်မှာကျမတို့ကားကိုရန်သူ အလားပင်။ မဲမဲမြင်ရာ ပစ်ခတ်တော့မည့်ပုံစံဖြစ်ပါတယ်။ သူဝတ်ထားသည်မှာအပေါ်က စစ်တပ် ၀တ်စုံ အောက်က စပန့်ဘောင်းဘီတိုဖြစ်ပါတယ်။ ရုတ်တရက်ကျမ လည်းကြောင်သွားပါတယ်။
ဖာသားက ကားကိုရပ်ခိုင်းလိုက်ပြီးစိတ်အေးအေးထားဖို့ပြောပါတယ်။ သူကားပေါ်က ဆင်းပြီး တည်တည်ငြိမ်ငြိမ် ပင် တပ်ရင်းမှူးနဲ့တွေ့ချင်ပါတယ်။ ဆန်ပို့မယ့် ကချင် သင်းအုပ်ဆရာတွေပါလို့ပြောတော့ တပ်ရင်းမှူးဆို သူသည် ထွက်လာပါတယ်။ ကျမလည်းအစ ကကားပေါ်က မဆင်းရဲပါ။ နောက်မှ တပ်ရင်းမှူးနဲ့ ဖာသာ ညှိနိုင်းတော့ကျမတို့ကားပေါ်ကဆင်းပါတယ်။
သူတို့နေထိုင်နေသည်မှာ မုန်းဒိန်ပါ ရွာထိပ်က အိမ်တစ်အိမ်မှာဖြစ်ပါတယ်။အဲဒီအချိန်မှာပဲ စစ်သားတစ်ယောက်က အာပီဂျီ ထမ်းကာ အလျင်အမြန် ထွက်လာပါတယ်။ ကျမတို့ တပ်ရင်းမှူးနဲ့စကားပြောနေတာကိုမြင်မှရပ်လိုက်ပါတယ်။ကျမနဲ့ကျမညီမ လည်းရုတ်တရက် ဆိုတော့စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။
အဆိုပါ တပ်ရင်းမှူးကို ဖာသာခါးလီက ဖမ်းဆီးထားတဲ့ရွာသားတွေရှိရင်ပြန် လွတ်ပေးဖို့တောင်း ပန်ခြင်ကြောင်း နန့်လင်းပါကဒုက္ခသည်တွေဆီဆန်ပို့ ခြင်ကြောင်းတောင်း ဆိုတော့ သူကသွားပါ သွားပါလို့ ပြောပါတယ်။
ကျမတို့ ကိုလည်းဓာတ်ပုံမရိုက်ဖို့သူကလှမ်းပြောပါတယ်။
အိမ်ရှေ့မှာ သူတို့ကတုတ်ကျင်းတွေတူးထားတာတွေ့တာကို ကျမတို့ကပြောတော့သူက ဒါကစစ်ရေး အရလုပ်ရတာပါလို့ရှင်းပြပါတယ်။
အဆိုပါတပ်ရင်းမှူးကို ရွာသူအချို့က သူတို့လက်ဝတ်ရတနာတွေ တောင်းယူ တယ်လို့ကျမတို့ ကိုဒုက္ခစခန်းမှာပြောခဲ့ပါတယ်။ ဒါကြောင့်ကျမတို့လည်းသူ့ကို သေချာသတိထားပြီးကြည့်မိပါတယ်။
သူလက်မှာဝတ်ထားတဲ့မိန်းမလက်စွပ်ကိုမြင်တော့ကျမတို့ တစ်ယောက်နဲ့တစ်ယောက်လက်တို့ ပြီး သတိပေးဖြစ်ပါတယ်။ ရွာသူရွာသားတွေပြောတဲ့အတိုင်းဆိုရင် သူ့ ဆီကယူ ထားတဲ့ လက်ဝတ်ရတနာ ကိုဝတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီကိစ္စကိုကျမမသေချာပါ။ ဒါပေမယ့်ရှေ့တန်းမှာ စစ်တိုက်နေ တဲ့တပ်ရင်းမှူးတစ်ယောက်က မိန်းမလက်စွပ် ကိုမတော်မနှမ်းဝတ်ထားတာကိုတော့ ကျမတို့အားလုံး တွေ့နေရပါတယ်။
အဲဒီနောက်ကျမတို့ကိုရှေ့ဆက်သွားပါလို့ ခွင့်ပြု တာကြောင့် ကျမတို့ခရီးဆက်ဖို့ ထွက်လာခဲ့ပါတယ်။
တဖြေးဖြေးနဲ့မုန်းဒိန်ပါကထွက်ခါနီးမှာဖာသာ ခါးလီက တောထဲမှာပုန်းနေတဲ့သူတွေရှိနိုင်သေးတယ်။ ငါတို့ရှာကြည့်ရအောင်ဆိုပြီးကားကိုရပ်ကာ ကချင် စကားနဲ့လိုက်အော်ပါတယ်။ တော်တော်ကြာတော့ တော ထဲက အမျိုးသမီး လေးယောက်ထွက်လာပါတယ်။ တစ်ယောက်က ကချင် ဖာသာမှန်းသိတာနဲ့ ချုံးပွဲ ချငိုတော့ပါတယ်။
အဘွား အိုတစ်ဦးကသူမပြေးနိုင်လို့ တောထဲမှာ နေနေကြောင်း၊ သူ့သားကိုလည်ပင်းကိုကြိုးချည်ပြီး ရိုက် ထားတာကြောင့်တောထဲမှာ ဆေးကုပြီးထားထားကြောင်းပြောပြ ပါတယ်။
သူတို့ကိုကယ်တင်ပါ။ လယ်တွေက လည်းရိတ်သိမ်းချိန် ဖြစ်လို့ ဒီအတိုင်းသာ မရိတ်သိမ်းနိုင်ရင် တစ်နှစ်ပတ်လုံးမန်စီမြို့နယ်ထဲကရွာဆယ်ရွာနီးပါး စားစရာမရှိ ဖြစ်ရမည် ဖြစ်ကြောင်းပြောကြပါတယ်။
ကျမတို့စကားပြောနေရင်းအနောက် ဘက်မှာ အုန်းကနဲ အသံကျယ်ကြီးကြားရပါတယ်။
ကျမက လိုင်ဇာမှာ အဲဒီအသံကို အကြိမ်ကြိမ် ကြားဖူးနေတာကြောင့်လက်နက်ကြီးသံ လို့ သတိထားမိပါတယ်။
ကျမညီမကိုကားပေါ်မှာသွားနေဖို့ပြောလိုက်ပါတယ်။ သူကနားမလည်ပဲဒီအတိုင်းရပ်နေပါတယ်။
အဲဒီအချိန်မှာပဲ၇ွာထဲမှာ နေတဲ့စစ်သားတွေအားလုံးဟာတပ်ရင်းမှူးဦးဆောင်ပြီး တန်းစီပြီး အမြန်လျောက်လာကြပါတယ်။
ကျမတို့နားကနေ  ကချင်ငွေဓားတွေ ကချင်လွယ်အိတ်တွေ၊ ဆိုလာပြားတွေဒယ်အိုးတွေ ကချင်ပုဆိုးတွေ ခေါက်တွေကိုသယ်ပိုးထားသော အစိုးရ စစ်သားများတစ်ဦးချင်းခပ်မြန်မြန်လျောက်နေကြပါတယ်။
ကျမညီမလေးကတွေ့လားမမ သူတို့သယ်သွားတာတွေက ၇ွာသားတွေပစ္စည်းတွေ သူတို့မှာ ကချင်ဓားတွေ ကချင် ပုဆိုးတွေရှေ့တန်းမှာဘယ်လိုလုပ်ရှိမှာလဲလို့ကျိတ်ပြောပါတယ်။
ကျမက တိတ်တိတ်နေလို့ပြောပြီးဒီအတိုင်းရပ်ကြည့်နေလိုက်ပါတယ်။
တပ်ရင်းမှူးကိုကိုအောင်စိုးလင်းကလှမ်းမေးတော့ဟိုမှာ တိုက်နေတယ်။ ကျတော်တို့သွားကူရမယ် လို့ သူကပြန်တုန့်ပြန်သည်။ပြီးတော့ ခင်ဗျားတို့ကားသွားမှာလားသွားလေ။ ကျတော်တို့နောက်က လျောက်မယ်လို့ပြောသည်။
ဖာသာက ကျမတို့ဘက်လှည့်ပြီးသေရင် ငါတို့အရင်သေဆိုပြီး ရှေ့ကသွားခိုင်းနေတယ်။ မသွားဘူး လို့ပြောကာ ကျမတို့ ကားကိုဒီအတိုင်းရပ်ပြီးကျမတို့လည်း လမ်းဘေးမှာဒီအတိုင်းရပ်နေလိုက်ကြပါတယ်။
မိုးကလည်းတဖြေးဖြေးချုပ် လာပါတယ်။
လက်နက်ကြီးပစ်ခတ်သံတွေကလည်းဆက်တိုက်ကြားနေရပါတယ်။
ဖာသာတွေတိုင်ပင်ပြီးဒီမှာနေကြမယ်လို့ဆိုတာ ကျမတို့ဘုရားကျောင်းရှာကြ ပါတယ်။ကျမတို့ရှေ့ကိုသွားလို့မရသလိုနောက်ကိုပြန်ဆုတ်လို့မရ။  ရှေ့မှာလည်း လက်နက်ကြီးသံတွေကဆက်တိုက်ကြားနေဆဲဖြစ်ပါတယ်။
ကျမတို့နဲ့သိပ်မဝေးတဲ့နေရာမှာဘုရားကျောင်းတစ်ခုကိုတွေ့ပါတယ်။ကျမတို့လည်းဘုရားကျောင်းဘေးက အိမ်ကို မှောင်ထဲမဲထဲ ၀င်ကာမီးထွန်းဖို့ရှာကြပါတယ်။ ကံကောင်းစွာပင်အဲဒီအိမ်မှာဆိုလာပြား ကျန်နေသေးကာ ကျမတို့မီးထွန်းလို့ရသွားပါတယ်။
ကျမတို့မိန်းကလေးသုံးယောက်ကအတွင်းခန်းထဲမှာနေဖို့ ဖာသာက ပြောပါတယ်။
ကျမတို့နဲ့အတူ ဒုက္ခသည်၁၀ယောက်ကျော် ပါလာပါသေးတယ်။ သူတို့က မီးတွေဖိုကာ ကျမက ဘုရားကျောင်းက ပန်းကန်တွေကိုဆေးကာသူတို့အတွက် ညစာကိုပြင်ဆင်ကြပါတယ်။
ကျမတို့လည်းမှောင်ထဲမဲတဲ့ပါလာတဲ့ ခေါက်ဆွဲထုတ်တွေကို ဖောက်ကာ ရေနွေးထဲ ပစ်ထည့်ပြီး ချက်ကြပါတယ်။  ချက်ပြီးတော့ကျမက ပန်းကန်တွေထဲက တစ်ဇွန်းချင်းစီမျှပြီးထည့်ပေးပါတယ်။ ပါလာတဲ့ဒုက္ခသည်တွေကတော့ အားလုံးစားနိုင်ပေမယ့်ကျမတို့ကတော့ ပင်ပန်းပြီးမစားနိုင်တော့။ဘုရားကျောင်းမှာရှိတဲ့ ခွေးတွေ လည်း ပိုင်ရှင်တွေမရှိတော့ အစား အသောက်စားရဟန်မတူပါ။ ကျမတို့နားလာပြီး မျှော်နေတာကြောင့်ခွေးတွေကို လည်းခေါက်ဆွဲတွေပန်းကန်နဲ့ထည့်ပြီးအစာကျွေး ဖြစ်ပါတယ်။
က တဖြေးဖြေးနက်လာပြီးဖာသာက မိန်းကလေးတွေ အပြင်သွားရင်သတိထားဖို့ပြောပါတယ်။
ကျမတို့မိန်းကလေးသုံးယောက်လည်းအောက်ကို မဆင်းရဲ။ ဒုက္ခသည်တွေက ယောက်ကျားဆယ်ယောက်ကျော်က ကျမတို့ကို မကြောက်ဖို့၊ အိပ်ဖို့ကျမတို့ကို သူတို့ကင်းစောင့်ပေးမည်ဖြစ်ကြောင်း အားပေးကြပါတယ်။
ညနက်လာတော့လက်နက်ကြီးသံတွေတိတ်သွားပါတယ်။ကျမလည်းပင်ပန်းလွန်းလို့ မှေးခနဲအိပ်ပျော်သွားပါတယ်။
ညသန်းခေါင်လောက်မှာခွေးတွေ က စူးစူးဝါးဝါးဟောင်ကြပါတယ်။ကျမတို့ အဖွဲ့ မှောင်မဲထဲ ဘုရားကျောင်းထဲ ၀င်လာတော့ခွေးကမဟောင်ပဲလာတောင် ခြေထောက်ကို လာနမ်းနေခဲ့သေးပါတယ်။
အခုကျတော့ခွေးတွေကစူးစူးဝါးဝါးဟောင် နေတာကိုအံ့သြမိပါတယ်။
နောက် စစ်ဖိနပ်သံများလမ်းလျောက်သံများကြားရပြီး ကျမ စိုးရိမ်သည်မှာကျမတို့ကို တစ်ခုခုလုပ်လိုက်မှာ လက်စဖျောက်လိုက်မှာပင်ဖြစ်ပါတယ်။ကျမညီမလေးကကျမအကျီင်္ကို တဖက် သူ့ကင်မရာကို တဖက် ကိုင်ကာ မအိပ်ရဲဖြစ်နေရှာပါတယ်။
ကျမတို့ တိုင်းရင်းသားဒေသတွေသွားတိုင်းအစိုးရစစ်တပ်က မိန်းမပျိုများကို အနိုင်ကျင့်သည်။ သူများကို မတရားသတ်ဖြတ်သည် အနိုင်ကျင့်သည်ဆိုသော အကြောင်းအရာများစွာကို ဒုက္ခသည်များကပြန်လည် ပြော ပြလေ့ရှိပါတယ်။
ကျမသည် ထိုစကားများကိုကြားယောင်ကာဘယ်လိုမှအိပ်မရတော့။
အပြင်မှထိုင်နေတဲ့ဒုက္ခသည်တွေကလည်းအိပ်မရတော့ပဲထထိုင်နေကြပါတယ်။
အငယ်မလေးကသမီးအကုန်ရိုက်ထားတယ်။ သူတို့ စစ်ဝတ်စုံ ကိုအပြည့် မ၀တ်တာရော။ ရွာသားတွေ အိမ်မှာတတ်နေတာရော ၇ွာသားတွေပစ္စည်းတွေသည်သွားတာရော ရိုက်ထားတယ်။ သမီးတစ်ခုခုဖြစ်ရင် ဘယ်သူမှ ရုံးကိုဒီဓာတ်ပုံတွေပြန်ပေးပေးမှာမဟုတ်ဘူး လို့ပြောပါတယ်။
မှန်တကယ်ဆိုရင်ကျမသည် သတင်းလာယူသူ ကျမ အလုပ်ကို ကျမ လုပ်သူ သာဖြစ်ပါတယ်။
 ကျမနန့်လင်းပါကိုရောက်သွားလို့ ဒုက္ခသည် တွေထမင်းစားရမည်မဟုတ်ပါ။သို့ပေမယ့်ကျမ အနေနဲ့ကတော့ ဒုက္ခသည်တွေ ဆယ်ရက်ကျော် အစားရေစာပြတ်လတ်နေသည် ဘယ်လိုတွေဖြစ်ကုန်ပြီးဒုက္ခသည် ထောင်ကျော် ဟာ တောထဲမှာပြေးလွားနေသည်မှာ ပျောက်ကုန်သည်မှာ ဘယ်တွေရောက်နေပြီလဲဆိုတော့ အတွေးပင်ဖြစ်ပါတယ်။
ကျမ အမှန်တရားတွေကိုသိချင်တယ်။ဒါကြောင့်ကျမဒီနေရာကို ဘာမှမတွေးပဲရောက်နေခဲ့တာဖြစ်ပါတယ်။
ကျမ ခရီးများစွာထွက်ဖူးပေမယ့် တိုင်းရင်းသားစစ်တပ်တွေကိုသွားဖူးပေမယ့် တိုင်းရင်းသား ရှေ့တန်းကိုသွားဖူးပေမယ့် အဆိုပါ မလုံမခြုံမှု မျိုး မခံစားခဲ့ဖူးပါ။
စစ်ဖိနပ်သံများကြားနေရသောအစိုးရတပ်များ ၀န်းရံထားသည့် နေရာတွင် ကျမ မလုံမခြုံ ခံစားနေရပါတယ်။
အဲဒီခံစားမှုသည်ဘာကြောင့် ပေါ်လာမှန်း ကျမ မသိပါ။
ထိုညကို ဖြတ်သန်းရတာကတော့ ကျမတို့အတွက်သံသယများစွာ နဲ့ အိမ်မက်ဆိုးပင်ဖြစ်တယ်။
မနက်မိုးလင်းလာတော့ကျမလည်း ဘုရားကျောင်းရှေ့မှာထိုင်နေမိပါတယ်။ကျမတို့ လမ်းမျက်နှာချင်းဆိုင်မှာ တပ်ရင်းတစ်ခုစွဲထားပြီးဖြစ်ပြီးလှမ်းလည်းမြင်နေရပါတယ်။
ဖာသာက စကားသွားပြောဦးမယ်။လို့ဆိုတာ ထွက်သွားပါတယ်။
အဲဒီအချိန်မှာကျမတို့နဲ့ပါလာတဲ့ဒုက္ခသည် အမျိုးသားတွေကညက ကျန်တဲ့ခေါက်ဆွဲတွေ ကိုပြုတ်လာပါတယ်။
ကျမတို့ကိုလာပေးပါတယ်။
မနေ့ညမှောင်ထဲမဲထဲမှာကျမပြုတ်တဲ့ခေါက်ဆွဲထက် အရသာများစွာရှိပါတယ်။ ကျမ မနေ့ညက သူတို့စားဖို့ပြုတ်ပေးတဲ့ခေါက်ဆွဲက ပျော့ဖတ်ကာ ရေကပျစ်ခဲနေပါတယ်။ကျမက သူတို့ကို အကိုတို့ပြုတ်တဲ့ခေါက်ဆွဲက ကျမပြုတ်တာထက်တောင် ပိုကောင်းသေးတယ်ပြောတော့သဘောကျကာ သူတို့ရယ်နေကြပါတယ်။
ကျမတို့ရှေ့ဆက်သွားဖို့မသွားဖို့မဆုံးဖြတ်ရသေးခင်မှာပဲဒုက္ခသည်စခန်းမှ အကိုကြီးတွေက ကျမတို့နေခဲ့သည့် ဘုရားကျောင်းဘေးက အိမ်ကိုသန့်ရှင်းရေးလုပ်ကြပါတယ်။စောင်တွေသေချာပြန်ခေါက် တအိမ်လုံးတမြက်စည်း လှည်းကြပါတယ်။ နောက်ဘုရားကျောင်းထဲကပန်းတွေကိုသန့်ရှင်းကြ ပါတယ်။ တံခါးတွေကို သေချာပြန်ပိတ်ပါတယ်။
သူတို့ကိုကျမကြည့်ရင်အရမ်းအံ့သြမိပါတယ်။ သူတို့တည တာ တည်းခို ခဲ့သောအိမ်ကို ဒုက္ခသည်များစွန့်ပစ် သွားသည့်အိမ်ကိုဒီအတိုင်းမထားခဲ့သေချာ ပြန်ထားပေးခဲ့ဖို့ကြိုးစားကြပါတယ်။ထို ဒုက္ခသည် အကိုကြီး တွေကိုကြည့် ကာသူတို့စိတ်ဓာတ်ကို လေးစား မိပါတယ်။
ခဏနေတော့ဖာသာခါးလီကဘယ်လိုမှ ဆက်သွားလို့မဖြစ်တော့ဘူး ဟိုဘက်မှာ ဒီနေ့တောင်ကုန်းကို အပြီး သိမ်းတော့မယ်တဲ့လို့ပြောပါတယ်။
ဖာသာနဲ့ကိုအောင်စိုးလင်းက ဒုက္ခသည်တွေ ဆီဆန်မရောက် တော့ဘူးဟုဆိုတာ မျက်နှာမကောင်းကြ ပါ။
ကျမတို့လည်းစိတ်ပျက်စွာနဲ့ကားပေါ်တတ်ကြရပါတယ်။အပြန်ကြတော့ကျမတို့ လမ်းတောက်လျောက် ရွာသားတွေရဲ့ အိမ်တွေထဲမှာ စစ်သားတွေနေထိုင်နေသေးတာ မြင်ခဲ့ရပါတယ်။
ကိုကျော်စိုးလင်းကသူတို့ တသက်လုံးနေနိုင်မှာကျလို့ ဒီရွာတွေ ထဲ ၀င်နေတယ်။ သူတို့မြင်တာနဲ့ရွာသား တွေကလန့်ပြီး အကုန်ပြေးတာထုံးစံပဲ အ၇င်တုန်းက လုပ်ခဲ့တာတွေကြောင့် အခုလည်း အမြင်ပြန်ပြောင်းဖို့ဆိုတာ တော်တော်ခက်တယ်။လူတွေသနားပါတယ် ဗျာ။ သူတို့လုပ်လို့ တောထဲမှာပျောက်တဲ့သူတွေ ပျောက်နေတယ်။လို့ပြောရင်းသက် ပြင်းချပါတယ်။
အောက်တိုဘာ၂၃ ရက်နေ့ကစလို့ မန်စီမြို့နယ်ထဲကရွာတွေ ကရွာသားတွေ အစိုးရတပ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်တာဟာဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေ နဲ့ မိုင်းခေါင်ကျေးရွာရဲ့ဒုက္ခသည် စခန်းတွေမှာ စုစုပေါင်းဒုက္ခသည်တစ်ထောင် ကျော် ရှိနေပြီဖြစ်ပါတယ်။ကျမတို့ ရောက်သွားတော့ အောက်တိုဘာ ၂၉ နဲ့၃၀ ရက်ဖြစ်ပါတယ်။
ဘုရားကျောင်းတွေကအလံတွေတပ်ဆင်ထားတဲ့ကားတွေ ဟာဒုက္ခသည်တွေကို လမ်းတွေမှာလိုက်လံရှာ ဖွေပြီး ဒုက္ခသည် စခန်းတွေကိုပို့ပေးနေခဲ့ပါတယ်။ သင်းအုပ်ဆရာများ၊ကလည်းရွာတွေကိုသွားနိုင်သမျှသွားပြီးအစိုးရစစ်တပ်က ဗိုလ်တွေနဲ့ စကားပြောဆို ဖမ်းဆီးထားသောသူများကို လွတ်ပေးဖို့တောင်းပန်ကြပါတယ်။
ဒုက္ခသည်များ ငိုကြွေးကာထွက်ပြေးနေသည့်ပုံများကို ကျမတို့ ခွဲထွက်ပြီး သွားခဲ့တဲ့ကိုကောင်း ထက်ကရခဲ့ပါတယ်။
ဒုက္ခသည်များမိုးရွာထဲပြေးလွှားကာ ငိုကြေးနေပုံတွေကို ကိုကောင်းထက်ပုံထဲမှာတွေ့မြင်ရသည်မှာ အလွန်ရင်နင့်ဖွယ်မြင်ရပါတယ်။
ကျမတို့မိုင်းခေါင်းကျေးရွာကိုရောက်တော့ပထမတွေ့ခဲ့သည့် ဗျူဟာမှူး နဲ့ ပြန်တွေ့ပါတယ်။။ ကျမက အလုပ်အားလုံးကို ပြီးစီးနေပြီဖြစ်လို့ဘုရားကျောင်းထဲ က ခုံမှာထိုင်ပြီး အမောဖြေနေပါတယ်။
ထိုအချိန်မှာပဲဗျူဟာမှူးရောက်လာပြီး ညီမကိုပြောစရာရှိပါတယ်လို့ကျမကလည်းပြောပါလို့ပြောတော့
သူက အေးအေးပင်သူနဲ့အင်တာဗျူးကိုမသုံးစေချင်ကြောင်း ။ ရွာသားတွေအေးဆေး စွာနေနိုင်ပြီဖြစ်ကြောင်း၊ဓာတ်ပုံအချို့ကိုမသုံးဖို့တားမြစ်ခဲ့ပါတယ်။
ကျမက အသံဖိုင်ကိုတော့အင်တာဗျူးလုပ်သူကမသုံးနဲ့ဆို၇င်  သုံးခွင့်မရှိတဲ့ကျင့်ဝတ်ကျမ မှာရှိကြောင်း။
ဖြစ်နိုင်ရင်ကျမဟာအစိုးရစစ်တပ်ဘက်က အသံကိုလည်းရလိုတာကြောင့် သုံးခွင့်ပြုဖို့ ပြန်ပြောခဲ့ပါတယ်။
သူက နားလည်မှုတွေလွဲနေတာရှိကြောင်း သူလည်း ရန်ကုန်ကိုပြန်ချင်ကြောင်း တခြားစကားတွေပြောပြီး နူတ်ဆက်ပြီးပြန် သွားပါတယ်။
ဗျူဟာမှူးပြန်သွားတော့သုံးပွင့်နဲ့ဗိုလ်နှစ်ယောက်လာပြီးကျမကို ဒုက္ခသည်တွေကို ဘာမေးခွန်းတွေ မေးခဲ့ပါသလဲ။
အသံဖိုင်တွေဘယ်မှာလဲ။ ကင်မရာထဲက ဓာတ်ပုံတွေ ကိုဘယ်လို ပို့လဲမေးပါတယ်။
ကျမ ညီမကဓာတ်ပုံ တွေ အကုန်လုံးကိုပို့လိုက်ပြီဖြစ်ကြောင်း ခပ်တည်တည်ပြောပါတယ်။
ကျမကတော့ကျမ ဒုက္ခသည်တွေကို ဘာတွေမေးတယ်ဆိုတာ တစ်ခွန်းချင်း ပြန်ပြောဖို့ ကျမတို့ ဗိုလ်ကြီးတို့အနေနဲ့စစ်မေးဖို့ အခွင့်မရှိကြောင်း၊  ကျမဟာကျမ အလုပ်ကိုလုပ်နေ တာဖြစ်တယ် လို့ပြောလိုက်တော့မျက်နှာပျက်ပြီး ထွက်သွားကြပါတယ်။
တကယ်တော့ကျမတို့မှာအသံဖိုင်တွေဓာတ်ပုံတွေပို့ဖို့ မပြောနဲ့ ဖုန်းတွေ တောင် ဆက်သွယ်လို့မရပါ။
ကျမ ညီမလည်းသူက မန်မိုရီစတစ်ကို ယူမှာဆိုးလို့ ဖွက်ထားလိုက်ပါတယ်။ပြီးတော့သူက ကျမတို့ကို အဲလိုစစ်မေးနေပြီးပိတ်ထားမှာစိုးရိမ်တာကြောင့်သတင်းတစ်ပုဒ်ကို ရွာထိပ်မှာရှိတဲ့ဖုန်း ဆီသွားကာ အော်ပေးပြီး သူ့ရုံးကိုအမြန်ပို့လိုက်ပါမယ်။
ကျမတို့စစ်နေတာကြောင့်တခြားသူတွေလည်းစိုးရိမ်ကြရပါတယ်။
နောက်ဆုံးကျမတို့ကားထွက်ခွင့်ရကာ မန်စီ မြို့နယ်ထဲကနေ ထွက်ခဲ့ရတော့မှာ သက်ပြင်းချလို့၇ပါတယ်။
ကျမ ဒီခရီးစဉ်အကြောင်းကိုရေးဖို့ဆုံးဖြတ်ရတာဟာ ကျမသတင်းထဲမှာ အချို့အကြောင်းအရာတွေကို ထည့်ရေးဖို့မဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။
ကျမတို့ကိုသေနတ်နဲ့ချိန်ခဲ့တာ တိုက်ပွဲတွေကြောင့် ပိတ် မိနေတာ၊ ကျမကို စစ်မေးခဲ့တာကလွဲပြီး ဘေးမသီရန်မခ အိမ်ပြန် လာနိုင်ခဲ့ပါတယ်။
ကျမ အဲဒီစစ်မြေမြင်ကိုယ်တိုင်သွားခဲ့ပေမယ့်ဒီကနေ့ အထိ အစိုးရ စစ်တပ်ကိုမေးချင်တဲ့ မေးခွန်းတွေရှိပါတယ်။ဗျူဟာမှူးကသူ့ ဖြေတာကို မရေးဖို့ပြောတဲ့ အတွက် ကျမ ကိုယ်တိုင် ဒုက္ခသည်တွေ အသံတွေကိုပဲသုံးခဲ့ရပါတယ်။အခုရေးတဲ့ ဆောင်းပါးကလည်း ကျမ ကြုံတွေ့ရတဲ့ ခရီးစဉ်မှတ်တမ်းသာ ဖြစ်ပါတယ်။
ကျမ ဟာ ကျင့်ဝတ်ကိုကောင်းစွာ လိုက်နာဖို့သင်ကြား ခြင်းခံရတဲ့ သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။
ကျမမှာ မျှတဖို့တာဝန်ရှိပါတယ်။ ကျမကို မျှတခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။
ကျမ မေးချင်တာတွေကတော့
ဗျူဟာမှူးကိုယ်တိုင်ရွာတွေ ထဲမှာ စစ်သားတွေ မနေပါဘူးလို့ပြောပေမယ့် ကျမ ကိုယ်တိုင်မျက်လုံးနဲ့ စစ်သားတွေနေထိုင်နေတာမြင်ခဲ့ရပါတယ်။ အဲဒီကိစ္စကို ဘယ်များပြောချင်ပါသလဲ။
ရက်သပတ် တစ်ပတ်အတွင်းမှာ ရွာ ဆယ်ရွာကျော်က ပြေးတဲ့ရွာသားတွေ ထောင်ငါးရာ ဟာ ဒုက္ခသည်တွေ ဖြစ်သွားကြပြီ။ အဲဒီကိစ္စတွေကို ဘယ်လိုလုပ်မှာလဲ။
မုန်းဒိန်ပါရွာကို ဝင်ဝင်ချင်းဘာကြောင့်လက်နက်ကြီးကို အလည်မှာချပြီး ပစ်ခတ်ခဲ့တာပါလဲ။
ကောက်ရိတ်သိမ်းချိန်မှာပြေးခဲ့ရတဲ့ရွာသားတွေဟာ အိမ်မှာပြန်နေရရင်တောင် တစ်နှစ်လုံးအတွက် စားစရာမရှိတာ့ပါဘူး။ ဒီတစ်နှစ်ကို သူတို့ ဘယ်လိုဖြတ်သန်းကြမလဲ။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ဆွေးနွေးနေချိန်မှာဘာကြောင့် လက်နက်ကြီး ပစ်ခတ်သံတွေ ကို မုန်းဒိန်ပါရွာကနေကြား နေရပါလဲ။
မုန်းဒိန်ပါရွာကအမျိုးသမီးတွေ ဆီက ယူသွားတယ်လို့ဒုက္ခသည်တွေကပြော ကြပါတယ်။ သူတို့ရဲ့လက်ဝက်လက်စားတွေဘယ်သူ လက်ထဲမှာလဲ။ ဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။
                                                                                                                         


(စာရေးသူ နန်းလွင်သည် ကုမုဒြာဂျာနယ်မှ အကြီးတန်းသတင်းထောက်တစ်ဦးဖြစ်ပါသည်။ သတင်းဆောင်းပါးများကိုအင်ဂွန်ဂျာဝါဘလောခ့်တွင် အမြဲဖော်ပြခွင့်ပေးသော နန်းလွင် အထူးကျေးဇူးတင်ရှိပါသည်။)

အိမ်မက်ဆိုးမှာ…. နှစ်ရက်တာ – နန်းလွင်

နန်းလွင်
Nov 12, 2013
ကျမဆီကို ဗန်းမော် မြို့က သတင်းတွေ ဆက်တိုက် ၀င်တာ တစ်ပတ်လောက် ရှိပြီဖြစ်ပါတယ်။
အစကတော့  စစ်ပွဲ တွေပြန်ဖြစ်နေတယ်။ ဒုက္ခသည်တွေ ရှိနေတယ် ဆိုတာလောက်ကိုပဲကြားမိပါတယ်။ နောက် တော့အဲဒီဘက်က အဆက် အသွယ်များစွာနဲ့ ဖုန်းပြောဖြစ်ပြီး ရန်ကုန်မှာရှိတဲ့သတင်းအရင်းအမြစ်များနဲ့ စကားပြောမိပါတယ်။
ဒုက္ခသည် တစ်ထောင်ကျော် အစားရေစာပြတ်လတ်နေသည် ဆိုတဲ့သတင်းက ကျမ အတွက် တဖြေးဖြေး တုန်လူပ်ခြောက်ခြားစေခဲ့ပါတယ်။ ဗန်းမော်ကို ကျမ ကိုယ်တိုင် သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထိုအချိန်မှာ မန်စီမှာ ဘယ်လို အခြေအနေတွေ ရှိ လဲဆိုတာ ကျမ သေချာ မသိပါ။ နန့်လင်းပါရွာမှာ ဒုက္ခသည်ပေါင်း တစ်ထောင်ကျော်နဲ့ရွာသူ ရွာသား ငါးရာကျော် အစားရေစာ ပြတ်လတ်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီ။ မန်စီထဲကရွာတွေ မှာ အစိုးရစစ်ကြောင်းတွေ ၀င်လို့ ရွာသားများ အထိတ် တလန့်နဲ့ ထွက်ပြေးနေရသည်ဟုသာ အကြမ်းဖျင်း ကျမ သတင်းရထားပါတယ်။ ကျမတို့ခရီးအတွက် မခွန်ဂျာက သူတတ်နိုင်သလောက် အစအစအရာရာကူညီခဲ့ပါတယ်။

ကျမတို့ဗန်းမော်ကိုရောက်တော့ နောက်မနက်မှာပဲ မန်စီထဲက အစိုးရတပ်ကြောင်းတွေ ၀င်ရောက် ထားသည့် ကျေးရွာတွေကိုသွားဖို့ နန့်လင်းပါ ဆီကိုသွားဖို့ အဆက်အသွယ်ရခဲ့ပါတယ်။ ဗန်းမော်မြို့ရှိ KBC ဘုရားကျောင်းတစ်ခုမှာ ကျမတို့ စောင့်နေရင်း ကျမတို့ခရီးကိုဦးဆောင်မည့် သူက ဖာသာ ခါးလီ ရောက်လာပါတယ်။
ဖာသာခါလီမှာမန့်ဝိန့်ကြီးဒုက္ခသည်စခန်းကို ဦးဆောင် နေသူတစ်ဦးဖြစ်ပြီး စိတ်ဓာတ်ရေးရာ အရ သူရဲ့လုပ်ဆောင်ချက်များကို လေးစားပြီသားဖြစ်တာကြောင့် ကျမ အနည်းငယ်တော့စိတ်သက်သာရာ ရသွားပါတယ်။ နောက်ကျမတို့ကိုကားမောင်းပို့မယ့် သူက ကိုအောင်စိုးလင်း ဖြစ်နေတာတွေ့ရပါတော့တယ်။
သူကတော့ ကျမတို့လိုင်ဇာကိုဒုတိယ တစ်ခေါက်သွားချိန်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ မိန့်ဝိန်းကြီးကို ရောက်တော့တရုတ်ပြည် ထဲ ၀င်ခွင့်ရဖို့အရေး အစစအရာရာကူညီ ခဲ့သူဖြစ်ပါတယ်။ သူကအစိုးရ ဘက်က ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ပေမယ့် ကချင် အမျိုးသမီး ကိုယူ ကာ မိန့်ဝိန်းကြီး ဒုက္ခသည် စခန်းကိုအစစအရာရာ ကူညီနေသူဖြစ်ပါတယ်။
ကျမတို့ မန့်ဝိန်းကြီးကိုရောက်ချိန်က မြေမြုတ်မိုင်း ကြောင့် ကလေးငယ်များ သွေးသံရဲရဲ နဲ့ လဲနေချိန်မှာ ကိုကျော်စိုးလင်းက ဆေးရုံအရောက်ပို့ပေးကာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူ့ နဲ့ရက်အတန် အကြာ ခင်မင်ပြီးနောက်မှာ သူဟာ ဗိုလ်ကြီးဟောင်းတစ်ဦးဆိုတာ ထက် ကချင် လူမျိုးတွေကို ပိုချစ်သောအစစအရာရာ ကူညီသော ဒုက္ခသည် များအတွက် အလွန် နစ်နာခံသော သူဖြစ်ကြောင်း ကျမယုံကြည် မိပါတယ်။
ကျမ တို့ခရီးသွားရမယ့်ခရီးသွားဖော်တွေမှာ ကျမ အတွက် အားတတ်စရာဖြစ်ခဲ့ပါတယ်။
ဖာသာခါးလီတို့က နန့်လင်းပါကို ဆန် ပို့မယ့် ကားနဲ့ကျမတို့ကိုခေါ်သွားမည်ဖြစ်ပြီး ဆန်အိတ်များ သယ်ယူ ဖို့ အတွက်ကျမ တို့ နဲ့အတူ ဗန်းမော်မြို့ပေါ်စခန်းကဒုက္ခသည် ဆယ်ယောက်ကျော် လည်းပါလာသည်။
ကျမတို့ ဒုက္ခသည်တွေကို ဆန်ပို့မှာကိုသတင်းရတဲ့ ဗန်းမော် မြို့ အစိုးရတပ်မတော် တပ်ရင်းမှူး နဲ့အဖွဲ့ က လာပြီးသူတို့လည်းပစ္စည်းတွေ ထည့်ပေးချင်ပါတယ်လို့ပြောပါတယ်။
ဖာသားခါးလီက လက်ခံလိုက်ပြီး ငါတို့ဒုက္ခသည်တွေ အတွက်သူတို့က ထည့်ပေးချင်တာ တဲ့ ခဏစောင့်ရအောင်လို့ပြောတာကြောင့်ကျမတို့ ကားမထွက်သေးပဲစောင့်ရပါတယ်။
တစ်နာရီလည်းမလာ။ နှစ်နာရီလည်း မလာ နဲ့ မနက် ၈နာရီ တည်းက စောင့်လိုက်တာ ၁၁ နာ၇ီခန့်မှာ ခေါက်ဆွဲခြောက်ဖာများရောက်လာပါတယ်။
ကျမတို့လည်းစိတ်မရှည်ဒေါသလည်းထွက်ပြီး ခြံဝင်းထဲမှာ လမ်းလျောက်နေမိပါတယ်။
ဖြစ်နိုင်ရင်ဒုက္ခသည်တွေဆီ အမြန်ဆုံးရောက်ချင်နေပြီဖြစ်ပါတယ်။
ကျမလမ်းလျောက်နေရင်းဖာသာ နားမှာရပ်နေသည့် အပွင့် ကြီးများစွာ တပ်ထားသော အစိုးရ တပ်မတော်က ဗိုလ် ကြီးက ကျမကိုစကားလှမ်းပြောပါတယ်။

မင်းက သတင်းထောက်လား။ မင်းငါ့ သတင်းရေးရင် မင်းကို ငါ ရီးစကားပြောပစ်မယ် လို့ ရုတ် တရက်ပြောလိုက်ပါတယ်။
ကျမ ကချင်စစ်ပွဲသတင်းတွေ အမြဲရေးပေမယ့် အမြဲ တမ်းဘက်မလိုက်အောင် အမြဲကြိုးစားခဲ့ပါတယ်။ စစ်ပွဲသတင်းများကိုရေးသားတဲ့ အခါမှာလည်း အစိုးရတပ်မတော် ဘက်က ပြောစကားများကို လည်းထည့်ကာ ကျမဆောင်းပါးများ သတင်းများကိုရေးသားခဲ့ပါတယ်။ကျမအနေနဲ့တကယ် တမ်းပြောရရင် အစိုးရတပ်မတော်က သတင်းထောက်တွေကို စကားပြောစေချင်ပါတယ်။ သူတို့ဘက်က အသံတွေကို လည်းကျမတို့ကြားချင်သည်။ ဒါပေမယ့်ကျမ ပထမဆုံးဗန်းမော်မှာတွေ့ဆုံရသည့်ဗိုလ်ရဲ့ စကား မှာ ကျမ နားထဲကိုကန့်လန့်ဝင်သွားကာ ရုတ် တရက် ကျမ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုခံစားရပါတယ်။ တိုင်းရင်းသားနယ်မြေများစွာကိုသတင်း သွားယူတိုင်း အခြေအနေ အလွန်ဆိုးနေသည့်ရှေ့တန်းတနေရာမှာ သတင်းယူ ခဲ့တုန်းကတောင်တိုင်းရင်းသား ဘယ်စစ်သားကမှ ကျမတို့ကို စကားနဲ့တောင် စော်ကားမော်ကားမပြုခဲ့။ ကျမတို့ကို အပြန်အလှန်လေးစားစွာ ပြောဆိုကာ ဒီကနေ့ အထိကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ထားခဲ့ကြပါတယ်။
အနားမှာရပ်နေတဲ့ကချင် ဖာသာတွေ အကုန်လုံးက မျက်နှာတွေမဲသွားပြီး သူတို့လည်း အရမ်းစိတ်တိုသွားပါတယ်။ကျမလည်းရုတ်တရက် စိတ်ကိုထိန်းလိုက်ပြီ  ပြန်ပြောပါဦး ဗိုလ်ကြီးရဲ့ မျက်နှာကို ခပ်တင်းတင်း 
ထားကာပြောလိုက်ပါတယ်။
သူက သြော်ရီးစားစကား ပြော မယ်လို့ပြောတာပါ လို့ ထပ်ပြောပါတယ်။
ကျမလည်းရတယ်လေ။ အခုပြောလိုက်လို့ပြောကာ ရှေ့ကိုတိုးလိုက်တော့
သူမျက်နှာပျက်သွားသည်။ ရန်ကုန်မှာသာဆိုရင် ကျမ သူ့ကို တစ်ခုခု လုပ်ပြီးပြီ ဖြစ်မှာပါ။
ကျမလည်း အိတ်ထဲကကတ်ကိုထုတ်ြပီး နူတ်ဆက်လိုက်ပါတယ်။ သူက ခပ်တည်တည်ပဲ ယူပြီး ရယ်နေပါတယ်။
ကျမ စိတ်ထဲမှာမကျေနပ်နေမှန်းသိလို့ဖာသာ ခါးလီက နန်းလွင် မုန့်သွားစားမလား ကား ထွက် တာစောင့်ရင်းလို့ပြောလာတာနဲ့ကျမ၊ ကျမညီမနဲ့ကရုဏာ က မကေတီ သုံးယောက် အပြင်ထွက် ပြီးမုန့်စားခဲ့ကြပါတယ်။
၁၂နာရီလောက်မှာကျမတို့ကားစထွက် ခွင့်ရပါတယ်။
ကျမ ကားပေါ်ရောက်တော့ကိုအောင်စိုးလင်းက အရမ်းအားနာပြီး
နန်းလွင်ရေ အကိုအားနာပါတယ်။ သူအဲလိုပြောလိုက်တော့ အကိုတို့လည်း ဘာပြောရမှန်းမ သိဘူး ဖြစ်သွားတယ်။ကိုယ်တို့အခုသူတို့ ထိန်းချုပ်ထားတဲ့နယ်မြေကိုသွားရမှာဆိုတော့ သိတဲ့ အတိုင်းပဲလို့ကျမကိုဖြေသိမ့်စကားပြောရှာပါတယ်။
ကျမ ခရီးသွားရင်းအမြဲစိတ်ကိုပေါ့ပေါ့ထားကာဖြေရှင်းတတ်တဲ့ပုံစံအတိုင်း ဘာမှမဖြစ်ပါဘူးလို့ရယ်ပြီးပြောလိုက်မှ ကားပေါ်ကကျန်တဲ့သူတွေအားလုံး ရယ်နိုင်ကျကြပါတယ်။
ကျမဘေးနားမှာထိုင်တဲ့ဖာသာရောဘတ်က စိတ်တိုပြီး ဒီကောင်တွေကွာ လို့ပြောရင်း ကျမကိုအားနာစွာကြည့်ရှာပါတယ်။
……………………………………………………………………………………………………………………….
ကျမတို့ရဲ့ ကြမ်းတမ်းတဲ့ခရီးစဉ်ရဲ့ အစသည် ကျမကို စိတ်အနှောင့်အယှက်များစွာ နဲ့စတင်စေခဲ့သည်။
မန်စီခရိုင်ထဲကရောက်တာနဲ့ဆိုးရွားလှတဲ့  ရွာလမ်းတွေကစတင်ကြိုဆိုနေပါတော့တယ်။ ရွာလမ်းများစွာ ဟာ ချိုင့်ကြီးများစွာ ရွံ့များစွာ ခလုတ်များစွာ နဲ့ပြည့်နှက်နေပြီးတစ်ခါတလေ ကား ကမောင်းနေရင်းနဲ့ ကားက ရွံ့ ထဲမှာ တပတ်လည်နေပါတယ်။
ကားကို ကောင်းကောင်းထိုင်စီးရတယ်ဆိုတာမရှိပဲ ရိုလာကိုစတာစီးသလို မျိုး သွားရပါတယ်။ ကျမစိတ်ထဲမှာ ကားသာမှောက်သွားခင် ရင်သွားပြီဆိုတဲ့စိတ်ဝင်လာပြီး ကျိတ်ဆုတောင်းနေမိပါတယ်။
ဒီလိုနဲ့ကားတစ်နာရီခွဲလောက်စီးပြီးတဲ့ အခါ မိုင်းခေါင်ကျေးရွာကို ကျမတို့ရောက်ပါတယ်။ ရောက်ရောက်ချင်းပဲတခြားရွာတွေကပြေးလာတဲ့ ဒုက္ခသည်တွေကို မိုင်းခေါင် KBCဘုရားကျောင်း မှာထားတာေ ကြာင့်ကျမတို့အဲဒီနေရာကို ဆိုင်ကယ်တွေနဲ့သွားကြပါတယ်။
ကျမအဲဒီကိုရောက်တာနဲ့ဘုရားကျောင်းက ဓမ္မဆရာတွေ အကုန်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ပြော ပြကြပါတယ်။ ရွာသားတွေကိုသေနတ်နဲ့ပစ်ခတ်ခဲ့ပုံပစ္စည်းတွေရယူ ခဲ့ပုံ၊ လူနေအိမ်တွေမှာစစ်သားတွေ ၀င်ရောက်နေထိုင် နေပုံ၊ ဖမ်းဆီးစစ်ဆေးရိုက်နှိက်ခဲ့ပုံ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပုံ ဖာသာတွေ သွားကယ်လို့ဖမ်းဆီးထားသူတွေကိုပြန်လွတ်ပေးခဲ့ပုံတွေကိုပြောပြကြပါတယ်။ ပြောနေရင်းနဲ့ ကျမတို့ကို ပြတင်းပေါက် တွေကနေ လာချောင်းတဲ့အရိပ်မြင်လို့ကျမကြည့် လိုက်တော့ တပ်မတော်က စစ်သားများဖြစ်နေတာတွေ့ရပါတယ်။
ကျမ က ရွာသူတစ်ယောက်နဲ့အင်တာဗျူးလုပ်ချင်တယ်ဆိုတော့အသက် ၇၀ကျော်အဖွားတစ်ဦးကို ခေါ်ပေးပါတယ်။ကျမ အဖွားနဲ့စကားပြောနေရင်း ဗျူဟာမှူးရောက်လာပြီလို့ ဖာသာတွေကပြောလိုက်ရော ခြေတဖက်မသန်တဲ့ အဖွား အိုက ကျမကို လက်ကိုဆွဲကာ လာဆရာမ ကျမအခုနေတဲ့ နေရာကိုသွားမယ်။ သူတို့မျက်နှာတွေကို မမြင်ချင်ဘူးလို့ ပြောပါတယ်။
ဒါနဲ့ ကျမလည်း အဘွားကိုတွဲကာ သူ နေထိုင်တဲ့ ဘုရားကျောင်းအပေါ်ထပ်ကိုပို့ပေးပြီးစကားပြောဖြစ်ပါတယ်။
အဘွားက လက်နက်ကြီးနဲ့ပစ်ခတ်တာကိုကြုံရပြီး ခြေမသန်ပဲထွက်ပြေးခဲ့ရကြောင်း ကို ကျမကိုပြောပြနေရင်း ဘုရားကျောင်းကဆရာမ နှစ်ယောက်ကအပေါ်တတ်လာပြီးသူတို့ကြုံရတာတွေကိုလည်းပြောပြပါတယ်။
ကျမတို့စကားပြောနေရင်းဝရံတာကိုအစိုးရစစ်သားတစ်ယောက် နှစ်ယောက် တတ်လာပြီးလာကြည့်ပါတယ်။
ဖာသာခါးလီကကျမကိုစိုးရိမ်ပုံရပြီး ကိုကျော်စိုးလင်းကိုယ်တိုင် အပေါ်ထိတတ်လာပြီး ကျမကို နန်းလွင်ရေ သွားရအောင်လို့ကျမကိုခေါ်ပါတယ်။
ဖာသားက အစိုးရတပ်ဗျူဟာမှူးကကျမနဲ့စကားပြောဖို့ပြောတော့ ကျမနဲ့မိတ်ဆက်ဖြစ်ပါတယ်။
ဗျူဟာမှူးကိုကြည့်ရတာက ကျမဗန်းမော်မှာတွေ့ ခဲ့သူနဲ့မတူပဲ အနည်းငယ်ပျော့ပြောင်းဟန်ရှိပြီး အဆင်ပြေလိုတဲ့ပုံစံရှိပါတယ်။ ကျမ မေးသမျှမေးခွန်းတွေကိုသူသိသလောက်  ပြန်ဖြေခဲ့ပါတယ်။
သူပြန်ဖြေတာကရွာထဲမှာစစ်သားတွေ မနေကြောင်း၊ ပစ်ခတ်တာဟာ သစ်ခိုးထုတ်သူတွေကိုဖြစ်ကြောင်း၊ ရွာသူကြီးကိုပစ်ခတ်ခဲ့တာဟာ သူဆီမှာ မင်္သကာ တဲ့ပစ္စည်းတွေမိခဲ့လို့ဖြစ်ကြောင်း၊ အခုလည်းဒုက္ခသည်တွေကို ဆေးကုပေးကြောင်း အစားအသောက်တွေလှူကြောင်း ပြောပါတယ်။
ကျမက မေးပြီးတော့ဗျူဟာမှူး တို့က အဲလိုစကားသံတွေရမယ်ဆိုရင် ကျမတို့ဆက်သွယ်ပါမယ်လို့ ပြောတော့သူက ခပ်အေးအေး ခပ်ပြုံးပြုံးပင်ရပါတယ်လို့ပြန်ပြောပါတယ်။
သူပြောသောစကားတစ်ခွန်းကို ကျမ မှတ်မိနေသည်မှာ ရွာသားတွေ အိမ်ပြန်လို့ရပါပြီ။ ဘယ်သူမှ ရွာ ထဲက အိမ်တွေထဲမှာမနေတော့ပါဘူး။ ပစ္စည်းတွေလည်း မဖျက်ဆီးပါဘူးဆိုတဲ့စကားပင်ဖြစ်ပါတယ်။
ဒုက္ခသည် စခန်းများစွာကိုရောက်ဖူးသောကျမ အတွက်ပထမဆုံးအကြိမ် အစိုးရစစ်တပ်က အရာရှိတစ်ဦးကို ဒုက္ခသည်စခန်းတစ်ခုမှတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
သူပြောခဲ့သော စကားများ မှန်မမှန်ဆိုတာကို နာရီပိုင်းအတွင်း ကျမ လက်တွေ့ မြင်တွေ့ခဲ့ရပါတော့တယ်။
……………………………………………………………………………………………………………………
ကျမတို့ဆန်ပို့မည့်ကားမိုင်းခေါင်ကနေ ထွက်စံလွင်ကျေးရွာ နောက်မခေါ်ရမ် ကျေးရွာတွေကိုဖြတ်လာ ရပါတယ်။ ရွာ ထဲကအိမ် တွေမှာ အစိုးရတပ်စစ်သား တွေရဲ့ အကျိင်္တွေလှမ်းထားတာတွေ့ရပါတယ်။ ကျမတို့ကားဖြတ်သွားတော့ သေနတ်တွေကိုင်ကာ ထကြည့်ကြပါတယ်။ ရွာတွေမှာ အစိုးရစစ်သားများနေ ထိုင်ကြတာကလွဲလို့ သချိုင်း တစပြင်လို ခြောက်သွေ့နေပါတယ်။
အဲဒီအချိန်မှာ ဒုက္ခသည်စခန်းထဲမှ အဘွားအို ရဲ့ စကားသံကို ပြန်ကြားယောင်လာပါတယ်။
“ အဘွား သေတ္တာထဲကပိုက်ဆံတွေအကုန် သူတို့ယူသွားတယ်။ ပစ္စည်းတွေလည်း အကုန်ဖြန့်ကျဲခဲ့တယ်” လို့ ဖြစ်ပါတယ်။
ကျမတို့ဖြတ်သန်းခဲ့သည့်ရွာ လေးရွာစလုံးမှာ ရွာသားတစ်ယောက်မှမရှိတော့။
ကျမ စိတ်ထဲမှာဗျူဟာမှူး နာရီပိုင်းအတွင်းကပြောသောစကားများကိုမယုံတော့ ။
……………………………………………………………………………………
ဒီလိုနဲ့ညနေ၃နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်။ သေနတ် ၂၁ချက် ပစ်ဖောက်ခဲ့တယ် ဆိုသည့်မုန်းဒိန်ပါ ကျေးရွာကို ရောက်ပါတယ်။ ဒါအစထင်တယ်လို့လည်း ဖာသား ကပြောလည်းပြောရော
ရွာ ထဲကိုဝင်ဝင်ချင်းပင် ကျမ တို့ထိုင်တဲ့ ကားရဲ့ ကဘယ်ဘက် ကို စစ်သားတစ်ယောက် သေနတ်နဲ့လှမ်းချိန်ထားပါတယ်။
သူရဲ့ အသွင်အပြင်မှာကျမတို့ကားကိုရန်သူ အလားပင်။ မဲမဲမြင်ရာ ပစ်ခတ်တော့မည့်ပုံစံဖြစ်ပါတယ်။ သူဝတ်ထားသည်မှာအပေါ်က စစ်တပ် ၀တ်စုံ အောက်က စပန့်ဘောင်းဘီတိုဖြစ်ပါတယ်။ ရုတ်တရက်ကျမ လည်းကြောင်သွားပါတယ်။
ဖာသားက ကားကိုရပ်ခိုင်းလိုက်ပြီးစိတ်အေးအေးထားဖို့ပြောပါတယ်။ သူကားပေါ်က ဆင်းပြီး တည်တည်ငြိမ်ငြိမ် ပင် တပ်ရင်းမှူးနဲ့တွေ့ချင်ပါတယ်။ ဆန်ပို့မယ့် ကချင် သင်းအုပ်ဆရာတွေပါလို့ပြောတော့ တပ်ရင်းမှူးဆို သူသည် ထွက်လာပါတယ်။ ကျမလည်းအစက ကားပေါ်က မဆင်းရဲပါ။ နောက်မှ တပ်ရင်းမှူးနဲ့ ဖာသာ ညှိနိုင်းတော့ကျမတို့ကားပေါ်ကဆင်းပါတယ်။
သူတို့နေထိုင်နေသည်မှာ မုန်းဒိန်ပါ ရွာထိပ်က အိမ်တစ်အိမ်မှာဖြစ်ပါတယ်။အဲဒီအချိန်မှာပဲ စစ်သားတစ်ယောက်က အာပီဂျီ ထမ်းကာ အလျင်အမြန် ထွက်လာပါတယ်။ ကျမတို့ တပ်ရင်းမှူးနဲ့စကားပြောနေတာကိုမြင်မှရပ်လိုက်ပါတယ်။ကျမနဲ့ကျမညီမ လည်းရုတ်တရက် ဆိုတော့စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။
အဆိုပါ တပ်ရင်းမှူးကို ဖာသာခါးလီက ဖမ်းဆီးထားတဲ့ရွာသားတွေရှိရင်ပြန် လွတ်ပေးဖို့တောင်း ပန်ခြင်ကြောင်း နန့်လင်းပါကဒုက္ခသည်တွေဆီဆန်ပို့ ခြင်ကြောင်းတောင်း ဆိုတော့ သူကသွားပါ သွားပါလို့ ပြောပါတယ်။
ကျမတို့ ကိုလည်း ဓာတ်ပုံမရိုက်ဖို့သူကလှမ်းပြောပါတယ်။
အိမ်ရှေ့မှာ သူတို့ကတုတ်ကျင်းတွေ တူးထားတာတွေ့တာကို ကျမတို့ကပြောတော့သူက ဒါကစစ်ရေး အရလုပ်ရတာပါလို့ရှင်းပြပါတယ်။
အဆိုပါတပ်ရင်းမှူးကို ရွာသူအချို့က သူတို့လက်ဝတ်ရတနာတွေ တောင်းယူ တယ်လို့ကျမတို့ ကိုဒုက္ခစခန်းမှာပြောခဲ့ပါတယ်။ ဒါကြောင့်ကျမတို့လည်းသူ့ကို သေချာသတိထားပြီးကြည့်မိပါတယ်။
သူလက်မှာဝတ်ထားတဲ့မိန်းမလက်စွပ်ကိုမြင်တော့ကျမတို့ တစ်ယောက်နဲ့တစ်ယောက်လက်တို့ ပြီး သတိပေးဖြစ်ပါတယ်။ ရွာသူရွာသားတွေပြောတဲ့အတိုင်းဆိုရင် သူ့ ဆီကယူ ထားတဲ့ လက်ဝတ်ရတနာ ကိုဝတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီကိစ္စကို ကျမမသေချာပါ။ ဒါပေမယ့်ရှေ့တန်းမှာ စစ်တိုက်နေ တဲ့တပ်ရင်းမှူးတစ်ယောက်က မိန်းမလက်စွပ် ကိုမတော်မနှမ်းဝတ်ထားတာကိုတော့ ကျမတို့အားလုံး တွေ့နေရပါတယ်။
အဲဒီနောက်ကျမတို့ကိုရှေ့ဆက်သွားပါလို့ ခွင့်ပြု တာကြောင့် ကျမတို့ခရီးဆက်ဖို့ ထွက်လာခဲ့ပါတယ်။
တဖြေးဖြေးနဲ့မုန်းဒိန်ပါက ထွက်ခါနီးမှာဖာသာ ခါးလီက တောထဲမှာပုန်းနေတဲ့သူတွေရှိနိုင်သေးတယ်။ ငါတို့ရှာကြည့်ရအောင်ဆိုပြီးကားကိုရပ်ကာ ကချင် စကားနဲ့လိုက်အော်ပါတယ်။ တော်တော်ကြာတော့ တော ထဲက အမျိုးသမီး လေးယောက်ထွက်လာပါတယ်။ တစ်ယောက်က ကချင် ဖာသာမှန်းသိတာနဲ့ ချုံးပွဲ ချငိုတော့ပါတယ်။
အဘွား အိုတစ်ဦးကသူမပြေးနိုင်လို့ တောထဲမှာ နေနေကြောင်း၊ သူ့သားကိုလည်ပင်းကိုကြိုးချည်ပြီး ရိုက် ထားတာကြောင့်တောထဲမှာ ဆေးကုပြီးထားထားကြောင်းပြောပြ ပါတယ်။
သူတို့ကိုကယ်တင်ပါ။ လယ်တွေက လည်းရိတ်သိမ်းချိန် ဖြစ်လို့ ဒီအတိုင်းသာ မရိတ်သိမ်းနိုင်ရင် တစ်နှစ်ပတ်လုံးမန်စီမြို့နယ်ထဲကရွာဆယ်ရွာနီးပါး စားစရာမရှိ ဖြစ်ရမည် ဖြစ်ကြောင်းပြောကြပါတယ်။
ကျမတို့စကားပြောနေရင်းအနောက် ဘက်မှာ အုန်းကနဲ အသံကျယ်ကြီးကြားရပါတယ်။
ကျမက လိုင်ဇာမှာ အဲဒီအသံကို အကြိမ်ကြိမ် ကြားဖူးနေတာကြောင့်လက်နက်ကြီးသံ လို့ သတိထားမိပါတယ်။
ကျမညီမကိုကားပေါ်မှာသွားနေဖို့ပြောလိုက်ပါတယ်။ သူကနားမလည်ပဲဒီအတိုင်းရပ်နေပါတယ်။
အဲဒီအချိန်မှာပဲ၇ွာထဲမှာ နေတဲ့စစ်သားတွေအားလုံးဟာတပ်ရင်းမှူးဦးဆောင်ပြီး တန်းစီပြီး အမြန်လျောက်လာကြပါတယ်။
ကျမတို့နားကနေ  ကချင်ငွေဓားတွေ ကချင်လွယ်အိတ်တွေ၊ ဆိုလာပြားတွေဒယ်အိုးတွေ ကချင်ပုဆိုးတွေ ခေါက်တွေကို သယ်ပိုးထားသော အစိုးရ စစ်သားများတစ်ဦးချင်းခပ်မြန်မြန်လျောက်နေကြပါတယ်။
ကျမညီမလေးကတွေ့လားမမ သူတို့သယ်သွားတာတွေက ၇ွာသားတွေပစ္စည်းတွေ သူတို့မှာ ကချင်ဓားတွေ ကချင် ပုဆိုးတွေရှေ့တန်းမှာဘယ်လိုလုပ်ရှိမှာလဲလို့ကျိတ်ပြောပါတယ်။
ကျမက တိတ်တိတ်နေလို့ပြောပြီးဒီအတိုင်းရပ်ကြည့်နေလိုက်ပါတယ်။
တပ်ရင်းမှူးကို ကိုအောင်စိုးလင်းကလှမ်းမေးတော့ဟိုမှာ တိုက်နေတယ်။ ကျတော်တို့သွားကူရမယ် လို့ သူကပြန်တုန့်ပြန်သည်။ပြီးတော့ ခင်ဗျားတို့ကားသွားမှာလားသွားလေ။ ကျတော်တို့နောက်က လျောက်မယ်လို့ပြောသည်။
ဖာသာက ကျမတို့ဘက်လှည့်ပြီးသေရင် ငါတို့အရင်သေဆိုပြီး ရှေ့ကသွားခိုင်းနေတယ်။ မသွားဘူး လို့ပြောကာ ကျမတို့ ကားကိုဒီအတိုင်းရပ်ပြီးကျမတို့လည်း လမ်းဘေးမှာဒီအတိုင်းရပ်နေလိုက်ကြပါတယ်။
မိုးကလည်းတဖြေးဖြေးချုပ် လာပါတယ်။
လက်နက်ကြီး ပစ်ခတ်သံတွေကလည်းဆက်တိုက်ကြားနေရပါတယ်။
ဖာသာတွေတိုင်ပင်ပြီးဒီမှာနေကြမယ်လို့ဆိုတာ ကျမတို့ဘုရားကျောင်းရှာကြ ပါတယ်။ကျမတို့ရှေ့ကိုသွားလို့မရသလိုနောက်ကိုပြန်ဆုတ်လို့မရ။  ရှေ့မှာလည်း လက်နက်ကြီးသံတွေကဆက်တိုက်ကြားနေဆဲဖြစ်ပါတယ်။
ကျမတို့နဲ့သိပ်မဝေးတဲ့နေရာမှာဘုရားကျောင်းတစ်ခုကိုတွေ့ပါတယ်။ ကျမတို့လည်းဘုရားကျောင်းဘေးက အိမ်ကို မှောင်ထဲမဲထဲ ၀င်ကာမီးထွန်းဖို့ရှာကြပါတယ်။ ကံကောင်းစွာပင်အဲဒီအိမ်မှာဆိုလာပြား ကျန်နေသေးကာ ကျမတို့မီးထွန်းလို့ရသွားပါတယ်။
ကျမတို့မိန်းကလေးသုံးယောက်ကအတွင်းခန်းထဲမှာနေဖို့ ဖာသာက ပြောပါတယ်။
ကျမတို့နဲ့အတူ ဒုက္ခသည်၁၀ယောက်ကျော် ပါလာပါသေးတယ်။ သူတို့က မီးတွေဖိုကာ ကျမက ဘုရားကျောင်းက ပန်းကန်တွေကိုဆေးကာသူတို့အတွက် ညစာကိုပြင်ဆင်ကြပါတယ်။
ကျမတို့လည်းမှောင်ထဲမဲတဲ့ပါလာတဲ့ ခေါက်ဆွဲထုတ်တွေကို ဖောက်ကာ ရေနွေးထဲ ပစ်ထည့်ပြီး ချက်ကြပါတယ်။  ချက်ပြီးတော့ကျမက ပန်းကန်တွေထဲက တစ်ဇွန်းချင်းစီမျှပြီးထည့်ပေးပါတယ်။ ပါလာတဲ့ဒုက္ခသည်တွေကတော့ အားလုံးစားနိုင်ပေမယ့်ကျမတို့ကတော့ ပင်ပန်းပြီးမစားနိုင်တော့။ဘုရားကျောင်းမှာရှိတဲ့ ခွေးတွေ လည်း ပိုင်ရှင်တွေမရှိတော့ အစား အသောက်စားရဟန်မတူပါ။ ကျမတို့နားလာပြီး မျှော်နေတာကြောင့်ခွေးတွေကို လည်းခေါက်ဆွဲတွေပန်းကန်နဲ့ထည့်ပြီးအစာကျွေး ဖြစ်ပါတယ်။
က တဖြေးဖြေးနက်လာပြီးဖာသာက မိန်းကလေးတွေ အပြင်သွားရင်သတိထားဖို့ပြောပါတယ်။
ကျမတို့မိန်းကလေးသုံးယောက်လည်းအောက်ကို မဆင်းရဲ။ ဒုက္ခသည်တွေက ယောက်ကျားဆယ်ယောက်ကျော်က ကျမတို့ကို မကြောက်ဖို့၊ အိပ်ဖို့ကျမတို့ကို သူတို့ကင်းစောင့်ပေးမည်ဖြစ်ကြောင်း အားပေးကြပါတယ်။
ညနက်လာတော့လက်နက်ကြီးသံတွေတိတ်သွားပါတယ်။ကျမလည်းပင်ပန်းလွန်းလို့ မှေးခနဲအိပ်ပျော်သွားပါတယ်။
ညသန်းခေါင်လောက်မှာခွေးတွေ က စူးစူးဝါးဝါးဟောင်ကြပါတယ်။ကျမတို့ အဖွဲ့ မှောင်မဲထဲ ဘုရားကျောင်းထဲ ၀င်လာတော့ခွေးကမဟောင်ပဲလာတောင် ခြေထောက်ကို လာနမ်းနေခဲ့သေးပါတယ်။
အခုကျတော့ခွေးတွေကစူးစူးဝါးဝါးဟောင် နေတာကိုအံ့သြမိပါတယ်။
နောက် စစ်ဖိနပ်သံများလမ်းလျောက်သံများကြားရပြီး ကျမ စိုးရိမ်သည်မှာကျမတို့ကို တစ်ခုခုလုပ်လိုက်မှာ လက်စဖျောက်လိုက်မှာပင်ဖြစ်ပါတယ်။ကျမညီမလေးကကျမအကျီင်္ကို တဖက် သူ့ကင်မရာကို တဖက် ကိုင်ကာ မအိပ်ရဲဖြစ်နေရှာပါတယ်။
ကျမတို့ တိုင်းရင်းသားဒေသတွေသွားတိုင်းအစိုးရစစ်တပ်က မိန်းမပျိုများကို အနိုင်ကျင့်သည်။ သူများကို မတရားသတ်ဖြတ်သည် အနိုင်ကျင့်သည်ဆိုသော အကြောင်းအရာများစွာကို ဒုက္ခသည်များကပြန်လည် ပြော ပြလေ့ရှိပါတယ်။
ကျမသည် ထိုစကားများကိုကြားယောင်ကာဘယ်လိုမှအိပ်မရတော့။
အပြင်မှထိုင်နေတဲ့ဒုက္ခသည်တွေကလည်းအိပ်မရတော့ပဲထထိုင်နေကြပါတယ်။
အငယ်မလေးကသမီးအကုန်ရိုက်ထားတယ်။ သူတို့ စစ်ဝတ်စုံ ကိုအပြည့် မ၀တ်တာရော။ ရွာသားတွေ အိမ်မှာတတ်နေတာရော ၇ွာသားတွေပစ္စည်းတွေသည်သွားတာရော ရိုက်ထားတယ်။ သမီးတစ်ခုခုဖြစ်ရင် ဘယ်သူမှ ရုံးကိုဒီဓာတ်ပုံတွေပြန်ပေးပေးမှာမဟုတ်ဘူး လို့ပြောပါတယ်။
မှန်တကယ်ဆိုရင်ကျမသည် သတင်းလာယူသူ ကျမ အလုပ်ကို ကျမ လုပ်သူ သာဖြစ်ပါတယ်။
 ကျမနန့်လင်းပါကိုရောက်သွားလို့ ဒုက္ခသည် တွေထမင်းစားရမည်မဟုတ်ပါ။သို့ပေမယ့်ကျမ အနေနဲ့ကတော့ ဒုက္ခသည်တွေ ဆယ်ရက်ကျော် အစားရေစာပြတ်လတ်နေသည် ဘယ်လိုတွေဖြစ်ကုန်ပြီးဒုက္ခသည် ထောင်ကျော် ဟာ တောထဲမှာပြေးလွားနေသည်မှာ ပျောက်ကုန်သည်မှာ ဘယ်တွေရောက်နေပြီလဲဆိုတော့ အတွေးပင်ဖြစ်ပါတယ်။
ကျမ အမှန်တရားတွေကိုသိချင်တယ်။ဒါကြောင့်ကျမဒီနေရာကို ဘာမှမတွေးပဲရောက်နေခဲ့တာဖြစ်ပါတယ်။
ကျမ ခရီးများစွာထွက်ဖူးပေမယ့် တိုင်းရင်းသားစစ်တပ်တွေကိုသွားဖူးပေမယ့် တိုင်းရင်းသား ရှေ့တန်းကိုသွားဖူးပေမယ့် အဆိုပါ မလုံမခြုံမှု မျိုး မခံစားခဲ့ဖူးပါ။
စစ်ဖိနပ်သံများကြားနေရသောအစိုးရတပ်များ ၀န်းရံထားသည့် နေရာတွင် ကျမ မလုံမခြုံ ခံစားနေရပါတယ်။
အဲဒီခံစားမှုသည်ဘာကြောင့် ပေါ်လာမှန်း ကျမ မသိပါ။
ထိုညကို ဖြတ်သန်းရတာကတော့ ကျမတို့အတွက်သံသယများစွာ နဲ့ အိမ်မက်ဆိုးပင်ဖြစ်တယ်။
မနက်မိုးလင်းလာတော့ကျမလည်း ဘုရားကျောင်းရှေ့မှာထိုင်နေမိပါတယ်။ ကျမတို့ လမ်းမျက်နှာချင်းဆိုင်မှာ တပ်ရင်းတစ်ခုစွဲထားပြီးဖြစ်ပြီးလှမ်းလည်းမြင်နေရပါတယ်။
ဖာသာက စကားသွားပြောဦးမယ်။လို့ဆိုတာ ထွက်သွားပါတယ်။
အဲဒီအချိန်မှာကျမတို့နဲ့ပါလာတဲ့ဒုက္ခသည် အမျိုးသားတွေကညက ကျန်တဲ့ခေါက်ဆွဲတွေ ကိုပြုတ်လာပါတယ်။
ကျမတို့ကိုလာပေးပါတယ်။
မနေ့ညမှောင်ထဲမဲထဲမှာကျမပြုတ်တဲ့ခေါက်ဆွဲထက် အရသာများစွာရှိပါတယ်။ ကျမ မနေ့ညက သူတို့စားဖို့ပြုတ်ပေးတဲ့ခေါက်ဆွဲက ပျော့ဖတ်ကာ ရေကပျစ်ခဲနေပါတယ်။ကျမက သူတို့ကို အကိုတို့ပြုတ်တဲ့ခေါက်ဆွဲက ကျမပြုတ်တာထက်တောင် ပိုကောင်းသေးတယ်ပြောတော့သဘောကျကာ သူတို့ရယ်နေကြပါတယ်။
ကျမတို့ရှေ့ဆက်သွားဖို့မသွားဖို့မဆုံးဖြတ်ရသေးခင်မှာပဲဒုက္ခသည်စခန်းမှ အကိုကြီးတွေက ကျမတို့နေခဲ့သည့် ဘုရားကျောင်းဘေးက အိမ်ကိုသန့်ရှင်းရေးလုပ်ကြပါတယ်။စောင်တွေသေချာပြန်ခေါက် တအိမ်လုံးတမြက်စည်း လှည်းကြပါတယ်။ နောက်ဘုရားကျောင်းထဲကပန်းတွေကိုသန့်ရှင်းကြ ပါတယ်။ တံခါးတွေကို သေချာပြန်ပိတ်ပါတယ်။
သူတို့ကိုကျမကြည့်ရင်အရမ်းအံ့သြမိပါတယ်။ သူတို့တည တာ တည်းခို ခဲ့သောအိမ်ကို ဒုက္ခသည်များစွန့်ပစ် သွားသည့်အိမ်ကိုဒီအတိုင်းမထားခဲ့သေချာ ပြန်ထားပေးခဲ့ဖို့ကြိုးစားကြပါတယ်။ထို ဒုက္ခသည် အကိုကြီး တွေကိုကြည့် ကာသူတို့စိတ်ဓာတ်ကို လေးစား မိပါတယ်။
ခဏနေတော့ဖာသာခါးလီကဘယ်လိုမှ ဆက်သွားလို့မဖြစ်တော့ဘူး ဟိုဘက်မှာ ဒီနေ့တောင်ကုန်းကို အပြီး သိမ်းတော့မယ်တဲ့လို့ပြောပါတယ်။
ဖာသာနဲ့ကိုအောင်စိုးလင်းက ဒုက္ခသည်တွေ ဆီဆန်မရောက် တော့ဘူးဟုဆိုတာ မျက်နှာမကောင်းကြ ပါ။
ကျမတို့လည်းစိတ်ပျက်စွာနဲ့ကားပေါ်တတ်ကြရပါတယ်။အပြန်ကြတော့ကျမတို့ လမ်းတောက်လျောက် ရွာသားတွေရဲ့ အိမ်တွေထဲမှာ စစ်သားတွေနေထိုင်နေသေးတာ မြင်ခဲ့ရပါတယ်။
ကိုကျော်စိုးလင်းကသူတို့ တသက်လုံးနေနိုင်မှာကျလို့ ဒီရွာတွေ ထဲ ၀င်နေတယ်။ သူတို့မြင်တာနဲ့ရွာသား တွေကလန့်ပြီး အကုန်ပြေးတာထုံးစံပဲ အ၇င်တုန်းက လုပ်ခဲ့တာတွေကြောင့် အခုလည်း အမြင်ပြန်ပြောင်းဖို့ဆိုတာ တော်တော်ခက်တယ်။လူတွေသနားပါတယ် ဗျာ။ သူတို့လုပ်လို့ တောထဲမှာပျောက်တဲ့သူတွေ ပျောက်နေတယ်။လို့ပြောရင်းသက် ပြင်းချပါတယ်။
အောက်တိုဘာ၂၃ ရက်နေ့ကစလို့ မန်စီမြို့နယ်ထဲကရွာတွေ ကရွာသားတွေ အစိုးရတပ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်တာဟာဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေ နဲ့ မိုင်းခေါင်ကျေးရွာရဲ့ဒုက္ခသည် စခန်းတွေမှာ စုစုပေါင်းဒုက္ခသည်တစ်ထောင် ကျော် ရှိနေပြီဖြစ်ပါတယ်။ကျမတို့ ရောက်သွားတော့ အောက်တိုဘာ ၂၉ နဲ့၃၀ ရက်ဖြစ်ပါတယ်။
ဘုရားကျောင်းတွေကအလံတွေတပ်ဆင်ထားတဲ့ကားတွေ ဟာဒုက္ခသည်တွေကို လမ်းတွေမှာလိုက်လံရှာ ဖွေပြီး ဒုက္ခသည် စခန်းတွေကိုပို့ပေးနေခဲ့ပါတယ်။ သင်းအုပ်ဆရာများ၊ကလည်းရွာတွေကိုသွားနိုင်သမျှသွားပြီးအစိုးရစစ်တပ်က ဗိုလ်တွေနဲ့ စကားပြောဆို ဖမ်းဆီးထားသောသူများကို လွတ်ပေးဖို့တောင်းပန်ကြပါတယ်။
ဒုက္ခသည်များ ငိုကြွေးကာထွက်ပြေးနေသည့်ပုံများကို ကျမတို့ ခွဲထွက်ပြီး သွားခဲ့တဲ့ကိုကောင်း ထက်ကရခဲ့ပါတယ်။
ဒုက္ခသည်များမိုးရွာထဲပြေးလွှားကာ ငိုကြေးနေပုံတွေကို ကိုကောင်းထက်ပုံထဲမှာတွေ့မြင်ရသည်မှာ အလွန်ရင်နင့်ဖွယ်မြင်ရပါတယ်။
ကျမတို့မိုင်းခေါင်းကျေးရွာကိုရောက်တော့ပထမတွေ့ခဲ့သည့် ဗျူဟာမှူး နဲ့ ပြန်တွေ့ပါတယ်။။ ကျမက အလုပ်အားလုံးကို ပြီးစီးနေပြီဖြစ်လို့ဘုရားကျောင်းထဲ က ခုံမှာထိုင်ပြီး အမောဖြေနေပါတယ်။
ထိုအချိန်မှာပဲဗျူဟာမှူးရောက်လာပြီး ညီမကိုပြောစရာရှိပါတယ်လို့ကျမကလည်းပြောပါလို့ပြောတော့
သူက အေးအေးပင်သူနဲ့အင်တာဗျူးကိုမသုံးစေချင်ကြောင်း ။ ရွာသားတွေအေးဆေး စွာနေနိုင်ပြီဖြစ်ကြောင်း၊ဓာတ်ပုံအချို့ကိုမသုံးဖို့တားမြစ်ခဲ့ပါတယ်။
ကျမက အသံဖိုင်ကိုတော့အင်တာဗျူးလုပ်သူကမသုံးနဲ့ဆို၇င်  သုံးခွင့်မရှိတဲ့ကျင့်ဝတ်ကျမ မှာရှိကြောင်း။
ဖြစ်နိုင်ရင်ကျမဟာအစိုးရစစ်တပ်ဘက်က အသံကိုလည်းရလိုတာကြောင့် သုံးခွင့်ပြုဖို့ ပြန်ပြောခဲ့ပါတယ်။
သူက နားလည်မှုတွေလွဲနေတာရှိကြောင်း သူလည်း ရန်ကုန်ကိုပြန်ချင်ကြောင်း တခြားစကားတွေပြောပြီး နူတ်ဆက်ပြီးပြန် သွားပါတယ်။
ဗျူဟာမှူးပြန်သွားတော့သုံးပွင့်နဲ့ဗိုလ်နှစ်ယောက်လာပြီး ကျမကို ဒုက္ခသည်တွေကို ဘာမေးခွန်းတွေ မေးခဲ့ပါသလဲ။
အသံဖိုင်တွေဘယ်မှာလဲ။ ကင်မရာထဲက ဓာတ်ပုံတွေ ကိုဘယ်လို ပို့လဲမေးပါတယ်။
ကျမ ညီမကဓာတ်ပုံ တွေ အကုန်လုံးကိုပို့လိုက်ပြီဖြစ်ကြောင်း ခပ်တည်တည်ပြောပါတယ်။
ကျမကတော့ကျမ ဒုက္ခသည်တွေကို ဘာတွေမေးတယ်ဆိုတာ တစ်ခွန်းချင်း ပြန်ပြောဖို့ ကျမတို့ ဗိုလ်ကြီးတို့အနေနဲ့စစ်မေးဖို့ အခွင့်မရှိကြောင်း၊  ကျမဟာကျမ အလုပ်ကိုလုပ်နေ တာဖြစ်တယ် လို့ပြောလိုက်တော့မျက်နှာပျက်ပြီး ထွက်သွားကြပါတယ်။
တကယ်တော့ကျမတို့မှာအသံဖိုင်တွေဓာတ်ပုံတွေပို့ဖို့ မပြောနဲ့ ဖုန်းတွေ တောင် ဆက်သွယ်လို့မရပါ။
ကျမ ညီမလည်းသူက မန်မိုရီစတစ်ကို ယူမှာဆိုးလို့ ဖွက်ထားလိုက်ပါတယ်။ပြီးတော့သူက ကျမတို့ကို အဲလိုစစ်မေးနေပြီးပိတ်ထားမှာစိုးရိမ်တာကြောင့်သတင်းတစ်ပုဒ်ကို ရွာထိပ်မှာရှိတဲ့ဖုန်း ဆီသွားကာ အော်ပေးပြီး သူ့ရုံးကိုအမြန်ပို့လိုက်ပါမယ်။
ကျမတို့စစ်နေတာကြောင့်တခြားသူတွေလည်းစိုးရိမ်ကြရပါတယ်။
နောက်ဆုံးကျမတို့ကားထွက်ခွင့်ရကာ မန်စီ မြို့နယ်ထဲကနေ ထွက်ခဲ့ရတော့မှာ သက်ပြင်းချလို့၇ပါတယ်။
ကျမ ဒီခရီးစဉ်အကြောင်းကိုရေးဖို့ဆုံးဖြတ်ရတာဟာ ကျမသတင်းထဲမှာ အချို့အကြောင်းအရာတွေကို ထည့်ရေးဖို့မဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။
ကျမတို့ကိုသေနတ်နဲ့ချိန်ခဲ့တာ တိုက်ပွဲတွေကြောင့် ပိတ် မိနေတာ၊ ကျမကို စစ်မေးခဲ့တာကလွဲပြီး ဘေးမသီရန်မခ အိမ်ပြန် လာနိုင်ခဲ့ပါတယ်။
ကျမ အဲဒီစစ်မြေမြင်ကိုယ်တိုင်သွားခဲ့ပေမယ့်ဒီကနေ့ အထိ အစိုးရ စစ်တပ်ကိုမေးချင်တဲ့ မေးခွန်းတွေရှိပါတယ်။ဗျူဟာမှူးကသူ့ ဖြေတာကို မရေးဖို့ပြောတဲ့ အတွက် ကျမ ကိုယ်တိုင် ဒုက္ခသည်တွေ အသံတွေကိုပဲသုံးခဲ့ရပါတယ်။အခုရေးတဲ့ ဆောင်းပါးကလည်း ကျမ ကြုံတွေ့ရတဲ့ ခရီးစဉ်မှတ်တမ်းသာ ဖြစ်ပါတယ်။
ကျမ ဟာ ကျင့်ဝတ်ကိုကောင်းစွာ လိုက်နာဖို့သင်ကြား ခြင်းခံရတဲ့ သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။
ကျမမှာ မျှတဖို့တာဝန်ရှိပါတယ်။ ကျမကို မျှတခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။
ကျမ မေးချင်တာတွေကတော့
ဗျူဟာမှူးကိုယ်တိုင်ရွာတွေ ထဲမှာ စစ်သားတွေ မနေပါဘူးလို့ပြောပေမယ့် ကျမ ကိုယ်တိုင်မျက်လုံးနဲ့ စစ်သားတွေနေထိုင်နေတာမြင်ခဲ့ရပါတယ်။ အဲဒီကိစ္စကို ဘယ်များပြောချင်ပါသလဲ။
ရက်သပတ် တစ်ပတ်အတွင်းမှာ ရွာ ဆယ်ရွာကျော်က ပြေးတဲ့ရွာသားတွေ ထောင်ငါးရာ ဟာ ဒုက္ခသည်တွေ ဖြစ်သွားကြပြီ။ အဲဒီကိစ္စတွေကို ဘယ်လိုလုပ်မှာလဲ။
မုန်းဒိန်ပါရွာကို ဝင်ဝင်ချင်းဘာကြောင့်လက်နက်ကြီးကို အလည်မှာချပြီး ပစ်ခတ်ခဲ့တာပါလဲ။
ကောက်ရိတ်သိမ်းချိန်မှာပြေးခဲ့ရတဲ့ရွာသားတွေဟာ အိမ်မှာပြန်နေရရင်တောင် တစ်နှစ်လုံးအတွက် စားစရာမရှိတာ့ပါဘူး။ ဒီတစ်နှစ်ကို သူတို့ ဘယ်လိုဖြတ်သန်းကြမလဲ။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ဆွေးနွေးနေချိန်မှာဘာကြောင့် လက်နက်ကြီး ပစ်ခတ်သံတွေ ကို မုန်းဒိန်ပါရွာကနေကြား နေရပါလဲ။
မုန်းဒိန်ပါရွာကအမျိုးသမီးတွေ ဆီက ယူသွားတယ်လို့ဒုက္ခသည်တွေကပြော ကြပါတယ်။ သူတို့ရဲ့လက်ဝက်လက်စားတွေဘယ်သူ လက်ထဲမှာလဲ။ ဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။
                                                                                                                         


(စာရေးသူ နန်းလွင်သည် ကုမုဒြာဂျာနယ်မှ အကြီးတန်းသတင်းထောက်တစ်ဦးဖြစ်ပါသည်။ သတင်းဆောင်းပါးများကိုအင်ဂွန်ဂျာဝါဘလောခ့်တွင် အမြဲဖော်ပြခွင့်ပေးသော နန်းလွင်အားအထူးကျေးဇူးတင်ရှိပါသည်။)