ဗိုလ်ချုပ်ဂွမ်မော် ကေအိုင်အို ဒုဥက္ကဌ(၂) ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ပြက်သားတိကျတဲ့ ပြောဆိုဖော်ရွေမှု များ – အင်ခိုင်ဘွန် / သန်းဝင်းလှိုင်


M Zaw Aung
ဗိုလ်ချုပ်ဂွမ်မော်
ကေအိုင်အို ဒုဥက္ကဌ(၂) ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ပြက်သားတိကျတဲ့ ပြောဆိုဖော်ရွေမှု များနဲ့ လူသိများလာသူဖြစ်ပါတယ်။
၁၉၅၇ခုနှစ် မန္တလေးတက္ကသိုလ် ကချင်ကျောင်းသားများ ကျယ်ပြန့်စွာဆွေးနွေးရင်း Seven Stars ခေါ်တဲ့ ကချင်ကျောင်းသား (၇)ဦး ကချင်အခွင့်ရေးများ လုပ်ဆောင်ရင်း နောက်ဆုံးလက်နက်ကိုင်လမ်းစဉ် ရောက်သွားပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ခုနှစ် ဇန္နဝါရီ(၅)ရက် မြစ်ကြီးနားမြို့မှာ အဖဦးဆွန်လွတ်တူး အမိဒေါ်ဂျီစောလွီ တို့ရဲ့ မွေချင်း(၅)ယောက်မှာ အကြီးဆုံးသားအဖြစ်မွေးဖွားခဲ့ပါတယ်။
မိခင် ကျန်းမာရေးဆရာမကြီး တာဝန်ကျမြို့များမှာ အတူလိုက်ပါ ပညာသင်ရင်း မြစ်ကြီးနား အထက(၁) က ဆယ်တန်းအောင်ပါတယ်။ ၁၉၇၉ မှာ မြစ်ကြီးနား ဒေသကောလိပ် တက်ရောက်ပြီး မန္တလေးတက္ကသိုလ် ရှုပဗေဒဘွဲ့ ၁၉၈၇ခုနှစ်မှာ ရရှိခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝ Chyuran Shalat ခေါ်တဲ့ တိုင်းရင်းသားမျက်ပွင့် မဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့ပါတယ်။ သောင်းပြောင်းထွေလာ စာစောင်မှာ ဆောင်းပါး ကဗျာများ ရေးသားခဲ့ပြီး ဒရမ်တီးသူ ဂီတသမားဖြစ်ကြောင်း ဂီတပညာရှင် မြန်မာပြည်သိန်းတန် လေးဖြူ ဇော်ဝင်းရှိန် တို့က ပြောကြားကြပါတယ်။
တက္ကသိုလ်ဘွဲ့ရပြီး ကေအိုင်အေ သို့ ဝင်ရောက်သွားပါတယ်။
'' ၁၉၈၇ ဒုတပ်ကြပ်
'' ၁၉၉၀ တပ်ကြပ်ကြီး
'' ၁၉၉၁ ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်
'' ၁၉၉၃ ဗိုလ်
'' ၂၀၀၁ ဗိုလ်ကြီး
'' ၂၀၀၂ ဗိုလ်မှုး
'' ၂၀၀၃ မဟာဗြူဟာမှုးနဲ့ ကေအိုင်အို တွဲဘက်အထွေထွေအတွင်းရေမှုး ဖြစ်လာပါတယ်။
'' ၂၀၀၅ မှာ ဒုဗိုလ်မှုးကြီး အဆင့်တိုးမြှင့်ခံရပြီး ညွန်ကြားရေးမှုးဖြစ်လာပါတယ်။
'' ၂၀၀၆ ခုနှစ်မှာ တာဝန်ကျေပွန်မှုကြောင့် ဗိုလ်မှုးကြီး အဖြစ်နဲ ဗဟိုကော်မတီဝင် ဖြစ်လာပါတယ်။
'' ၂၀၀၉ ခုနှစ်မှာ KIO အမြဲတမ်းဗဟိုကော်မတီဝင် နဲ့ ဗိုလ်မှုးချုပ် ဒုစစ်ဦးစီးမှုး ဖြစ်လာပါတယ်။
ဗိုလ်ချုပ်ဂွမ်မော် ပျော့ပြောင်းတဲ့ နိုင်ငံရေး အားကောင်းသူ ဖြစ်ကြောင်း။ စာအုပ် ၆၀၀၀ ကျော်နဲ့ ကိုယ်ပိုင်စာကြည့်တိုက် တခုရှိကြောင်း။ မိမိဘဝ ဇတ်ကြောင်းကို ကိုယ်တိုင်ရေးသားနေကြောင်း။ ဇနီးဖြစ်သူ ဒေါ်ခေါ်န်ဒင့် (စစ်သမီးဟောင်း) နဲ့ သမီးနှစ်ယောက်နဲ့ သားတယောက် ဖခင်ဖြစ်ကြောင်း ။ သူနဲ့ တွေ့ဆုံခဲ့တဲ့ အထုပ္ပတိ စာရေးဆရာ သန်းဝင်းလှိုင် ရဲ့ အမြင်ကတော့ ..သူ စာဖတ်တယ် စာရေးဆရာတွေကိုခင်တယ် လိုအပ်သူတွေကို အကူညီပေးတယ် စိတ်ထားကတော့ အင်မတန်ကောင်းပါတယ် ဟု မှတ်ချက်ပေးပါတယ်။
ယခု ဦးထင်ကျော် နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးပန်းတိုင် ရောက်မလား။
စာရေးသူ အင်ခိုင်ဘွန်
မြစ်ကြီးနား သတင်းဂျာနယ် (၂)နှစ်မြောက် အထူးထုတ် (အခမဲ့ ဖြန့်သည်)။
ကိုးကားရည်ညွန်း
၁။ ဒီမိုကရေစီပြောင်းပြန် - ဦးဇင်ထာဆင်
၂။ ဆမားဒူဝါဆင်ဝါးနောင် - မရမ်ဘောက်လာ
၃။ သူတို့တိုက်ခဲ့ရသောစစ်နှင့် သူတို့ရှာနေသောငြိမ်းချမ်းရေး - သန်းဝင်းလှိုင်
End...





သန်းဝင်းလှိုင် ရေးသားပြုစုတဲ့ စာမျက်နှာ၃၈၀ The Wars We Fought & The Peace We Look For စာအုပ် အရင်တုန်းက ဝယ်မရလို့ . . ဒီနေ့မှ စာပေနန်းတော်မှာတွေ့တော့ ၄၅၀၀ ကျပ်နဲ့ ဝယ်ခဲ့ပါတယ်။ စာရေးသူ သန်းဝင်းလှိုင် ကချင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက် ဒုက္ခသည်စခန်းများ၊ ကချင်၊ မြန်မာ စစ်ခေါင်းဆောင်၊ အရပ်သားခေါင်းဆောင်များနဲ့ တွေ့ဆုံ ပြုစုခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ကေအိုင်အေ ကချင်တိုင်းရင်းသားလက်နက်ကိုင်များ ၁၉၅၉ ကတည်းက အမျိုးသားရေးနဲ့ စတင်ဖြစ်ပေါ်လာကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီ + တပ်မတော် စစ်တပ် ၂ခုပေါင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းများအထိ အသေးစိတ် မှတ်တမ်းများ၊ ကြေငြာချက်များကို ဖေါ်ပြရေးသားထားပါတယ်။

https://www.facebook.com/myanmarjobstudent/posts/10154467982063472?pnref=story
.
စစ်အစိုးရဖက်သား ကချင်စိတ်ပေမဲ့ တိုက်ခိုက်ကြွမ်းကျင်သူတွေ ဗိုလ်မှုးချုပ်အယ်ကွန်ဖန် လိုလူမျိုးများ ရှိသလို ကချင်အမျိုးသားစိတ်ဓါတ်နဲ့ တော်ကြီးမျက်မဲမှာ ဗိုလ်ချုပ်ဂွမ်အောင် လို ပညာတတ်ဘွဲ့ရ ကချင်မျိုးချစ်ပုဂ္ဂိုလ်ကြီးများက အဆတစ်ရာမက ပိုလို့တောင် ရှိနေပါတယ်။ ဆေးတက္ကသိုလ်(မန္တလေးနဲ့ရန်ကုန်) ပြီးခဲ့တဲ့ သူငယ်ချင်း အင်လန်းအောင် MBBS, ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း ဦးပီတာ (BE Civil), ဦးနော်လွန့်(BE Civil, ကွယ်လွန်)၊ ဦးနော်ရစ် (BSc ရန်ကုန်တက္ကသိုလ်) .. တို့ဟာ ကျနော်သိတဲ့ လူနည်းစု ပညာတတ် မျိုးချစ် KIA စစ်ဗိုလ်ဟောင်းများ ဖြစ်ကြပါတယ်။ ပညာတတ် KIA စစ်ဗိုလ်သစ်များစွာလည်း ခေတ်နဲ့အညီ ပေါ်ပေါက်နေပါတယ်။
ဘုရားသခင် ကချင်လူမျိုးများ၊ ကချင်ပြညနယ်ကို ငြိမ်းချမ်းပါစေ ဆုတောင်းလိုက်ပါတယ်။
.
ဇော်အောင်
End...
.
Reference (အင်ဂွန်ဂျာဝါ)
http://ngunjawa2011.blogspot.com/

Books – သောင်းဝေဦး- ဗိုလ်ချုပ်ကြီးစတီးဝဲလ်နှင့်မြစ်ကြီးနားတိုက်ပွဲ



နောက်ဆုံးတစ်အုပ်မှာ ဆရာသောင်းဝေဦးရေးသား ထုတ်ဝေသော ဗိုလ်ချုပ်ကြီးစတီးဝဲလ်နှင့်မြစ်ကြီးနားတိုက်ပွဲ စာအုပ်ငယ်ဖြစ်သည်။ ထိုစာအုပ်မှာ လောလောဆယ်မြန်မာ့လူမျိုးစုလက်နက်ကိုင်များ ငြိမ်းချမ်းရေးအတွက် အဓိကဖြစ်နေသော ကချင်ပြည်နယ်အကြောင်း ဒုကမ္ဘာစစ်အချိန်က တစ်ဦးတည်းသော အမေရိကန်စစ်ဗိုလ်ချုပ်ကြီးအကြောင်း ဖြစ်သည်။ မြန်မာပြည်အနာဂါတ်သည် ထိုဒေသအပေါ်တွင် အလွန်အရေးပါကြောင်း သမိုင်းသုတေသီ သန့်မြင့်ဦးက အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာပညာရှင်များအတွက် စာအုပ်များရေးသာခဲ့သည်။ ဆရာသောာင်းဝေဦးကလည်း မြန်မာများကို တိုရင်းလိုရှင်းဖြင့် စစ်တပ် စစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံရေးသမားများမဟုတ်၊ ပရိုဖက်ရှင်နယ်စစ်သားများဖြစ်ကြောင်းကို စာအုပ်ပေါင်း ၄၀ကျော် ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။ ယခုစာအုပ်သည် ကချင်ပြည်နယ်နှင့်မြန်မာ၊အိန္နိယ၊တရုပ် သမိုင်းကြောင်းအကျဉ်းဖြစ်သည်။ ဂျပန်များ ဒုကမ္ဘာစစ် မတိုင်မီကတည်းက ရုရှားကိုစစ်နိုင်ခဲ့ပြီး ကိုးရီးယားနိုင်ငံနှင့်  တရုပ်ပင်လယ်ကမ်းခြေမြို့ကြီးများအားလုံး သိမ်းပိုက်ခဲ့သည်။ ဒုကမ္ဘာစစ်တွင် မြန်မာပြည်ကို လျှင်မြန်စွာဝင်ရောက်နေစဉ် တရုပ်ခေါင်းဆောင်နှင့် စစ်ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်နှင့် တွဲဖက်ပြီး၊ မြန်မာပြည်ဝင်လာသော ဂျပန်များများ တိုက်ခိုက်တွန်းလှန်ရန် အသက်၆၀အရွယ်တွင် မြန်မာပြည်သို့ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုး၊စေလွှတ်ခဲ့သည်။ တရုပ်စကားကျွမ်းကျင်စွာပြောနိုင်သော ဗိုလ်ချုပ်ကြီးစတီးဝဲသည် တရုပ်တပ်သား ၅သိန်းခန့်ကို အမေရိကန်စစ်လက်နက်များ တပ်ဆင်၊ လေ့ကျင့်သင်ကြားပေးပြီး ဂျပန်များကို တိုက်ခိုက်ရန်ဖြစ်သည်။ သို့သော် မြန်မာပြည်စစ်မြေပြင်ရောက်ပြီး ဂျပန်ထိုးစစ်ဒဏ်ကြောင့် တရုပ်စစ်တပ်များလည်း ဆုတ်ခွာ၊ ဗြိတိသျှစစ်တပ်များလဲ ဆုတ်ခွာပြီး၊ ဗိုလ်ချုပ်စတီးဝဲကိုယ်တိုင် လူ၁၀၀နှင့်ချောင်ပိတ်မိနေသဖြင့် မိုးကောင်းဒေသမှ (၁၄)ရက် တောမျက်မဲကို ဖြက်ကျော်ဆုတ်ခွာက အန္နိယနိုင်ငံသို့ရောက်ရှိပြီး ကြေညာစာတန်းထုတ်ပြန်နိုင်ခဲ့သည်။ စစ်ရှုံးသော်လည်း ကြယ်သုံးပွင့်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးပြီး၊။ ကမ္ဘာကျော် လီဒိုလမ်းမကြီးကို (၂)နှစ်အတွင်း မိုင်ပေါင်း၄၇၀၊ အိန္နိယနိုင်ငံ၊ လီဒိုမြို့မှ ကချင်ပြည်နယ်မြစ်ကြီးနား၊ ဗန်းမော်မှ တရုပ်ပြည်တိုင်အောင် ဖောက်လုပ်နိုင်ခဲ့ခြင်းမှာ အံ့သြဘွယ်ဖြစ်သည်။ အခြားအံ့သြဘွယ် လမ်းဖေါက်လုပ်ခြင်းမှာ ဂျပန်တပ်များက မဟာမိတ်ချွေးတပ်များဖြင့်ဖေါက်လုပ်ခဲ့သော သေမင်းတမန် သံဖြူဇရပ် ထိုင်း၊မြန်မာ ရထားလမ်းဖြစ်သည်။

အထူးသဖြင့် မြစ်ကြီးနားတိုက်ပွဲသည် ဂျပန်စစ်သား ၄၀၀၀ကျော်က အင်အား ၄၀၀၀၀ (ဆယ်ဆများသော) တရုပ်၊ အိန္နိယ၊ အင်္ဂလိပ်၊ အမေရိကန် ထိုးစစ်ကြီးကို ၂လခွဲတိုင်အောင် ကြံ့ကြံ့ခံ အသေခံတိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်ကြီးတာနာကာ ၏ အသေခံခုခံခဲ့ခြင်း။ နောက်ဆုံး ဗဟိုအမိန့်အရ စစ်သား၄၀၀ကျော်ဖြင့် အောင်မြင်စွာဆုတ်ခွာသွားခြင်း၊ ဆုတ်ခွာမှုတွင်မလိုက်ပဲ ဒါဏ်ရရသူဂျပန် ၁၆၇ဦးနှင့်အတူနေခဲ့ပြီး တာရီကီရီလုပ်ပြီး အသေခံသွားသူ  မြစ်ကြီးနားမြို့စောင့်တပ်မှုး ဗိုလ်ချုပ်မီဇူကာမီ တို့အား မှတ်တမ်းတင်ရေးသားထားပါသည်။ မြန်မာစစ်ပွဲကို အဆုံးတိုင်မတိုက်ရပဲ တရုပ်ခေါင်းဆောင် ချန်ကေရှိတ်နှင့် သဘောထားအကြီးကျယ်ကွဲလွဲသဖြင့် အမေရိကန်သမ္မတက ဝါရှင်တန်သို့ပြန်ခေါ်သည်။ ၆၄နှစ်တွင် ကွယ်လွန်ပြီးနောက် သူ၏နေ့စဉ်မှတ်တမ်း စာရွက်စာတန်းများကို Stihwell Papers အဖြစ် ထုတ်ဝေဖြန့်ချိရာမှ ထင်ရှားသည့် သမိုင်းဝင်ဗိုလ်ချုပ်ကြီးဖြစ်သွားခဲ့သည်။ နောက်ဆုံးအခန်းတွင် စာရေးသူ သောင်းဝေဦး သုံးသပ်ချက်မှာ  ရှာမှရှားသော တကယ့်စစ်သားတစ်ဦးဟု ရေးသားထားသည်။ မြန်မာစာအုပ်များစွာကို စင်ကာပူ၊ပင်နီစူလာ မြန်မာဆိုင်များစွာသို့ မေးမြန်းဝယ်ယူနိုင်ပါသည်။ မြသရဖူ (#02-14 Tel: +65 63393642  www.myathayaphu.ocm, Online Bookstore), လမ်းပြကြယ်စာကြည့်တိုက် (၄ထပ်)၊ ဒဏ္ဍာရီ (ပထမထပ်)၊ ရွှေမင်းသမီး၊ ရွေဝါမြေ (၄ထပ်)။

ထိုစာအုပ်ငယ်တွင် ဂျပန်၊တရုပ်၊မြန်မာ၊အင်္ဂလိပ်၊အမေရိကန် စစ်ရေး နိုင်ငံရေး သုံးသပ်ချက်များကို ရေးသားထားသဖြင့်၊ မြန်မာပြည်မှ ကချင်ပြည်နယ်အရေးပါမှု၊ ယခုလက်ရှိ ရွှေဓါတ်ငွေ့ပိုက်လိုင်း၊ ကချင်ပြည်နယ် လက်နက်ကိုင် KIA များနှင့် မြန်မာစစ်တပ်များ အရေးအခင်း၊ တရုပ်မြန်မာ စီးပွား၊စစ်ရေး၊ လူမှုရေးများကို စိတ်ဝင်စားသူများ လက်စွဲထားရမည့်စာအုပ်ဖြစ်သည်။

Moemaka စာအုပ်စင်အတွက် စာအုပ်အမြည်းဆောင်းပါး။ ဇော်အောင်

ကမ္ဘာအရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်

ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်
တူမောင်ညို (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)

“မြစ်ကြီးနားစကားပြောပွဲ” ၌ အစိုးရဘက်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများထံ ပေးအပ်ခဲ့သည့် “အခန်း ၁၄ ခန်း၊ အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်” ဆိုသည်ကို မိတ်ဆွေတစ်ဦးက အင်တာနက်မှတစ်ဆင့်ပို့လာသဖြင့် ဖတ်ရပါသည်။

“စာချုပ်”၏ အမည် အပြည့်အစုံမှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်စာချုပ်” ဟူ၍ဖြစ်ပါသည်။

“စာချုပ်” ၌ နိဒါန်း၊ အခန်း (၁) မှ (၁၄) ထိ ပါဝင်ပြီး၊ အချက်ပေါင်း ၂၅ ချက်ပါရှိပါသည်။ သက်ဆိုင်ရာအချက်များအောက်တွင် အချက်အလက်ခွဲငယ်များကို မြန်မာအက္ခရာစဉ်လျက် ဖော်ပြထားပါသေးသည်။
ဤ“ စာချုပ်” ဆိုသည်ကို တစ်ခွန်းထဲနှင့်ခြုံ၍ပြောရလျှင် “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်/ ချွင်းချက်မရှိ လက်နက်ဖျက်သိမ်း ရေး” ပင် ဖြစ်သည်။

“စာချုပ်” တွင် လုံးဝဖေါ်ပြထားခြင်းမရှိသည့် စကားလုံး ၂ လုံးမှာ “ပြည်တွင်းစစ်” နှင့် “စစ်ဘေးဒုက္ခသည်” ဆိုသည့် စကားလုံး ၂ လုံး ပင်ဖြစ်သည်။ ပြည်တွင်းစစ်သည် နယ်စပ်ဒေသတိုင်းရင်းသားများကိုသာ အများဆုံး ထိခိုက်နစ်နာခဲ့သည် မဟုတ်ပါ။ တပြည်လုံးရှိ လူမျိုးပေါင်းစုံပြည်သူများဘဝသည် ချွတ်ခြုံကျမွဲတေစေခဲ့ပြီး၊ တိုင်းပြည်သည် အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝသို့ ကျရောက်ခဲ့ရပါသည်။ ဤအချက်နှင့် ဗြောင်းပြန်လိုဖြစ်နေသည့်အချက်မှာ အုပ်စိုးသူအစိုးရ အဆက်ဆက်ထိပ်သီးများမှာ သန်းကြွယ်သူဌေးကြီးကဲ့သို့ ချမ်းသာ ကြွယ်ဝသူများ ဖြစ်လာကြသည့်အချက်ပင်ဖြစ်ပါသည်။ “ပြည်တွင်းစစ်” သည် အုပ်စိုးသူများများ အတွက် ဒီရေအလား ချမ်းသာ ကြွယ်ဝ စေခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးစုံပြည်သူများကို ကုန်းကောက်စရာမရှိအောင် မွဲပြာကျစေခဲ့ပါသည်။ “ပြည်တွင်းစစ်” ဆိုသည့်စကားလုံးကို “လက်နက်ကိုင်ပဋိပက္ခ” ဆိုသည့်စကားလုံးနှင့် တမင်ရောထွေးပြီး ဖုံးကွယ်ထားသည်။

အရိပ်အမြွက်မျှပင် မပါရှိသည့် အခြားစကားလုံး တစ်လုံးမှာ “ဖက်ဒရယ်” ဟူသည့်စကားလုံးဖြစ်သည်။

အပစ်အခတ်ရပ်စဲခြင်းကိုပင် “တည်ဆဲဥပဒေများနှင့် မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်း” ဟူ၍ ကြိုတင်ချည်တုတ်ထားပါ သည်။ ထို့အပြင် “ယခင်က ချုပ်ဆိုခဲ့သော တည်ဆဲဥပဒေနှင့် မဆန့်ကျင်သည့်သဘောတူညီချက်များအား အသိအမှတ်ပြုခြင်း” ဟု ဖော် ပြထားသည်။

အဓိပ္ပါယ်မှာ  “ယခင်က ချုပ်ဆိုခဲ့သော သဘောတူညီချက်များ” တွင် တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေသည့် အချက်များပါရှိ နေသည်ကို ဝန်ခံလိုက်ခြင်းဖြစ်ပြီး၊ ထိုအချက်များကို ယခုလက်ရှိ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက လက်မခံ၊ အသိအမှတ်မပြုဟု ဆို ခြင်းဖြစ်သည်။

ဤအချက်က (နဝတ-နအဖ) စစ်အစိုးရလက်ထက် ထောက်လှမ်းရေးဗိုလ်ခင်ညွန့် နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ အပေးအယူလုပ်ပြီး သဘောတူထားခဲ့ကြသည့် (ပါတီအဖွဲ့အစည်း၊ လွတ်မြောက်နယ်မြေ၊ တပ်၊ လက်နက် အစရှိသော ) အချက်များကို အသိအမှတ်မပြုဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုစဉ်က KIO အဖွဲ့တစ်ခုတည်းနှင့်သာ စာချုပ်ချုပ်သည်ဟု ကြားခဲ့ရဖူးသည်။ နှစ်ဦးနှစ်ဖက် ဘာတွေအပေးအယူလုပ်ပြီး သဘောတူညီခဲ့ကြသည်ကို သက်ဆိုင်သူများကထုတ်ပြောလျှင် တိုင်းပြည်နှင့် လူထုကသိရှိပြီး အကြောင်းနှင့် အကျိုးကို အကဲဖြတ်နိုင်ကြပေလိမ့်မည်။

“လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ” ဟူ၍ ရေးသာဖော်ပြထားသည်မှာ လက်တွေ့ အားဖြင့် “ပြည်တွင်းစစ်”ဆိုသည့် စကားလုံးကို ရှောင်ရှားပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအား “အကြမ်းဖက်အဖွဲ့အစည်း များ” အဖြစ် တမင်တကာ သွယ်ဝိုက်ဖော်ပြလိုက်သလိုလည်းဖြစ်နေသည်။ ရခိုင်ပြည်နယ်၊ မိတ္တီလာ၊ လားရှိုး၊ ကန့်ဘလူထန်းကုန်းတို့၌ ပေါ်ပေါက်ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးအရေခြုံ၊ လူသတ်၊ မီးရှို့သည် အကြမ်းဖက်မှုများသည်ပင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တာဝန်မကင်းသယောင် ဖော်ပြထားသည်မှာ မိုက်မဲလှသည့် ကြံစည်မှုပင်ဖြစ်သည်။

ထို့အပြင် “ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကို ထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်း များနှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ်ခံစားစေခဲ့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်” ဆိုသည့်ဖော်ပြချက်မှာ အပြင်းထန်ဆုံး ဗြောင်အကျဆုံး ထိုးနှက်စော်ကားသည့် အချက်ပင်ဖြစ်သည်။

“အတိတ်ဖြစ်ရပ်များ အပေါ် တစ်ဦးနှင့် တစ်ဦးအပြစ်မတင်ဘဲ” ဆိုသည့်အချက်ကလည်း  ပြည်တွင်းစစ်အတွင်း တိုင်းပြည် အနှံ့စစ်တပ်၏အကြမ်းဖက်မှုများဖြစ်သော လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ကျေးရွာများနှင့်ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီး ခြင်း စသည့်ရာဇဝတ်ပြစ်မှုများကို တမင်တကာဖုံးကွယ်လိုက်ခြင်းလည်းဖြစ်သည်။

ပြည်တွင်းစစ်၌ ပါတီအဖွဲ့အစည်းများ လက်နက်ကိုင်ခဲ့ကြရသည်မှာ အကြောင်းမဲ့သက်သက် သွေးဆာ၍မဟုတ်၊ ရန်လိုမုန်းတီး ၍မဟုတ် မိမိတို့မွေးရာအခွင့်အရေးများကိုငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်။
သို့သော်လည်းအုပ်စိုးသူအစိုးရအဆက်ဆက်သည် လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ချေမှုန်းခဲ့ကြသည်။ သို့ဖြင့် မိမိတို့ ဘဝရှင်သန်ရပ်တည်နိုင်ရေးနှင့် မိမိတို့လိုလားချက်များ ဆက်လက်တောင်းဆိုနိုင်ရေးအတွက် မလွှဲသာမရှောင်သာ ရရာလက်နက်စွဲကိုင် ပြီး ခုခံတော်လှန်စစ် ဆင်နွှဲခဲ့ကြရခြင်းသာဖြစ်သည်။

ထို့အပြင် အကြမ်းဖက်ရန်လိုဖိနှိပ်မှုတွေတည်ရှိနေသမျှ “ လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်စစ်ပြုလာသည်ကို လက်နက်စွဲကိုင် ခုခံတော်လှန်ခြင်းသည် တရားမျှတပြီး အစဉ်မှန်ကန်နေမည့် တရားသည့်လုပ်ရပ်” ဖြစ်မြဲဖြစ်နေပေလိမ့်ဦးမည်။

ယနေ့ကာလတွင် လတ်တလော စေ့စပ်ဆွေးနွေးကြရမည့်ကိစ္စမှာ နှစ်ဦးနှစ်ဖက် အတိုက်အခိုက်ရပ်စဲကြရေးသာဖြစ်သည်။

ယုံကြည်ချက် ခံယူချက်၊ နှင့်နိုင်ငံရေးလမ်းစဉ်ကို စွန့်လွှတ်ရန်မဟုတ်ချေ။ စွန့်လွှတ်ရန် တောင်းဆိုခြင်းသည် ရိုင်းစိုင်းသော၊ ရန် လိုသော အပြုအမူတစ်ရပ်ပင်ဖြစ်သည်။

မည်သည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၌မဆို၊ သွေးဆာရန်လိုနေသည့် လက်နက်ကိုင်လမ်းစဉ်ဟူ၍မရှိနိုင်။

မိမိတို့၏နိုင်ငံရေးတောင်းဆိုချက်ကို ဆက်လက်ရပ်တည်ကိုင်စွဲ၊ တောင်းဆိုနိုင်ရန်အတွက် လက်နက်ကိုင်စွဲထားရခြင်းသာ ဖြစ် သည်။ နိုင်ငံရေးပြဿနာကိုသာ တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ဖြေရှင်းနိုင်ခဲ့မည်ဆိုလျှင် မည်သူသည် လက်နက်ကိုဖက်တွယ်နေ မည်နည်း။

လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှုရှိနေသမျှ၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ပြည့်ဝဝမရရှိသေးသမျှ၊ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့် အပြီးသတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးသမျှ၊ လက်နက်ကိုင် ထားကြရလိမ့်ဦးမည်။ (ဖဆပလ)အစိုးရမှသည် ယနေ့ကြံ့ဖွံ့အစိုးရအထိ အုပ်စိုးသူအစိုးရအဆက်ဆက်ထံ လက်နက်နှင့် ဒီမိုကရေစီ၊ လက်နက်နှင့် ငြိမ်းချမ်းရေး၊ လက်နက်နှင့်ကားပါမစ် စသဖြင့်လဲလှယ်ခဲ့ကြသည့် ဖြစ်ရပ်မျိုးစုံ ဖြစ်ပွားပေါ်ပေါက်ခဲ့ဖူးပါသည်။ ထိုသို့လဲလှယ်ခဲ့ကြသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို ခေတ်ပြိုင် သမိုင်းက မည်သို့ အကဲဖြတ်၊ မှတ်တမ်းတင်သည်ကို ဦးနှောက်ပုံမှန်ရှိသည့် လူတိုင်းသိပါသည်။

စာချုပ်၏ အခန်း ၃ နှင့် ၄ တွင်  ဖော်ပြထားချက်များသည် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအား ချွင်းချက်မရှိ အလုံးစုံချုပ်ကိုင်မှုပင်ဖြစ်သည်။ ယင်းသို့ချုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို အခန်း (၈) တွင်ဖေါ်ပြထားသည့် “အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ”  လက်တွေ့အကောင်အထည်ဖော်လိမ့်မည်ဖြစ်သည်။

ယင်းသို့အဖက်ဖက်က အပိုင်ချည်ပြီး၊တုတ်ပြီးဖြစ်ချိန်တွင် (လက်မှတ်ရေးထိုးပြီးနောက်၂လ အတွင်း) ပြည်ထောင်စုလွှတ်တော် ၏ သဘောတူညီချက်ဖြင့် “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက်ရန်”ဟူ၍ ဖော်ပြထားသည်။
ချွင်းချက်မရှိ လက်နက်ချပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက်ရန်နှင့် “မတရားအသင်းအက်ဥပဒေအရ အရေး ယူခံထားရသူများအပေါ် ဖြေလျှော့ပေးရေးဆောင်ရွက်မည်” ဟုဆိုသည်။
အခန်း (၁၄) သည် ဤစာချုပ်၏ နောက်ဆုံးအခန်းဖြစ်ပြီး “သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်း” ဖြစ်သည်။
“ဤ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို ၂၀၁၃ ခုနှစ်၊  —– လ၊ —— ရက်နေ့တွင် နှစ်ဦးနှစ်ဖက်မှ အောက်ပါတိုင်းလက်မှတ်ရေးထိုးကြပါသည်” ဟူ၍ဖေါ်ပြထားရာ အဆိုပါစာပိုဒ်တွင်ပါရှိသော“၂၀၁၃”ဆိုသည်ကို ဖြုတ်ပယ်၍  —– ခုနှစ်၊ —— လ နှင့် ——- ရက် စသဖြင့် ကွက်လပ်ကလေးများထားရှိပါပေးရန်  “နိုင်ငံတော်အစိုးရ” ထံ စေတနာဖြင့် အကြံပြုလိုက်ပါသည်။

(ကာလုံ) တွင် ပြုစုရေးဆွဲခဲ့သော ဤ “စာချုပ်” သည် “ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချအညံ့ခံရေးစာချုပ်” အဖြစ် ဂင်းနစ် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းဝင်နိုင်လိမ့်မည်မျှော်လင့်ပါသည်။ 

(Moemaka တွင် ဖ်ာပြပြီးသော ဆောင်းပါးဖြစ်ပါသည်။)




အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ မြစ်ကြီးနား ပူးတွဲကြေငြာချက်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပထမဦးဆုံးအကြိမ် တပြိုင်တည်း ၂ ရက်ကြာ တွ့ဆုံခဲ့တာပါ။ တိကျသည့် အဖြေတစ်ခုမျှ မထွက်ဘဲ အဆုံးသတ်သွားခဲ့တဲ့ ဆွေးနွေးပွဲ တစ်ခုဖြစ်ပါတယ်။ 

သမိုင်းဝင် လိုင်ဇာတိုင်းရင်းသားလက်နက်ကိုင် ကွန်ဖရင့် အပြီး တွေ့ဆုံပွဲ လို့ ပြောစမှတ်ပြုရမည် ဖြစ်တယ်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးတွဲကြေငြာချက် 2013_11_5 by N-gun Ja Wa

ကချင်ပြည်နယ်တွင်းရှိ မြန်မာအစိုးရတပ်များ ဖြန့် ကျက်တိုးချဲ့ ထားမှု

ယနေ့ ကချင်ပြည်နယ်အတွင်း၌ အစိုးရ ခြေလျင်/ခြေမြန်တပ်ရင်းပေါင်း ၄၄ ရင်း အမြဲတမ်း အခြေချ တပ်စွဲထားသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်တွင် မိုးညှင်း၌ ခလရ – ၁၅ ၊ မြစ်ကြီးနားတွင် ခလရ – ၂၁၊ ၂၉၊ ၃၇၊ ပူတာအိုတွင် ခလရ – ၄၆၊ ၁၃၇၊ ၁၃၈၊ ဝိုင်းမော်တွင် ခလရ – ၅၈၊ မိုးကောင်းတွင် ခလရ – ၇၄၊ ဆားမှော်တွင် ခလရ – ၁၀၅၊ လားအိုး(ငါးအိုး)တွင် ခလရ – ၁၂၀၊ ၁၂၁၊ ဆင်ဘိုတွင် ခလရ – ၁၄၁၊ ဒေါ့ဖုံးယန်တွင် ခလရ – ၁၄၂၊ ဗန်းမော်တွင် ခလရ – ၂၃၆၊ မယန်းတွင် ခလရ – ၂၆၀၊ တနိုင်းတွင် ခမရ – ၃၁၈၊ ရွှေညောင်ပင်တွင် ခမရ – ၃၂၁၊ ၃၂၈၊ မိုးမောက်တွင် ခမရ – ၄၃၇၊ ပင်းဘောတွင် ခမရ – ၅၂၁ တို့ အခြေစိုက်ထားသည်။ ဒကစ (တနိုင်း) လက်အောက်တွင် တနိုင်း၌ ခလရ – ၈၆၊ ၂၃၈၊ ၃၁၉၊ ရှာဒူဇွပ်တွင် ခလရ – ၂၉၇၊ ဒေါင်ဘန်း၌ ခလရ – ၂၉၈ တို့ တပ်စွဲထားသည်။ တပ်မတပ်များအဖြစ် ဗန်းမော်တွင် စကခ-၂၁ ဌာနချုပ်စိုက်ထားပြီး လက်အောက်ခံတပ်များမှာ ဗန်းမော်တွင် ခလရ -၄၇၊ ၂၃၇၊ ရွှေဂူတွင် ခလရ – ၅၆၊ ခမရ – ၆၀၂၊ မြို့သစ်တွင် ခမရ – ၃၂၀၊ ၃၈၇၊ ၄၃၈၊ မန်စီတွင် ခမရ – ၆၀၂ အခြေပြုထားသည်။ မိုးကောင်းတွင် စကခ-၃ အခြေစိုက်ထား၍ လက်အောက်ခံတပ်များမှာ ဟိုပင်တွင် ခလရ – ၄၀၊ ခမရ – ၃၈၈၊ ၃၈၉၊ မိုးကောင်းတွင် ခမရ – ၃၈၁၊ ၃၈၂၊ ဆားမှော်တွင် ခမရ – ၃၈၃၊ ၃၈၄၊ နမ်မားတွင် ခမရ – ၃၈၅၊ ၃၈၆၊ နမ္မတီးတွင် ခမရ – ၃၉၀ တပ်စွဲထားသည်။ 
၁၉၆၂ ခုနှစ်အကုန်က ကချင်ပြည်နယ် တစ်ခုလုံးတွင် ခလရ – ၁၅၊ ၂၁၊ ၂၉၊ ၃၇၊ ၄၀၊ ၄၆၊ ၄၇၊ ၅၆၊ ၅၈ ဟူ၍ တပ်ရင်း ၉ ရင်းသာ ရှိခဲ့သည်။

အမြောက်တပ်မ သို့မဟုတ် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၄ ကိုလည်း မိုးညှင်း၌ ယခုတပ်စွဲထား သည်။ ဗန်းမော်၊ မိုးညှင်း၊ မြို့သစ်၊ မရမ်း၊ မိုးမောက် စသည့်နေရာများတွင် အမြောက်တပ်ရင်း ၈ ရင်းထက်မနည်း ချထားသည်။ မိုးညှင်းတွင် ဒုံးပျံတပ်ရင်း ၆၀၃ ကိုလည်း တပ်စွဲထားသည်။ ဗန်းမော်နှင့် မိုးညှင်းတွင် သံချပ်ကာ တပ်ရင်းများလည်း အခြေပြုထားသည်။


ယခုအခါ ကချင်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကြိုးပမ်းချက်ကို အထက်ပါ မပခ လက်အောက်ခံ ၂၂ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၆ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၁၀ ရင်းတို့က နှိပ်ကွပ် တိုက်ခိုက်နေသည့်အပြင် ကျောက်မဲအခြေစိုက် စကခ-၁ နှင့် ၁၀ ရင်း၊ သိန္နီအခြေစိုက် စကခ-၁၆ နှင့် ၁၀ ရင်း၊ မိတ္ထီလာအခြေစိုက် တပ်မ- ၉၉ မှ ၇ ရင်း၊ မကွေးအခြေစိုက် တပ်မ- ၈၈ နှင့် ၁၀ ရင်း၊ ကလောအခြေစိုက် တပ်မ -၅၅ နှင့် ၁၀ ရင်း၊ ကလေးအခြေစိုက် စကခ-၁၀ နှင့် ၁၀ ရင်း စသည်ဖြင့် စုစုပေါင်းတပ်ရင်း ၁၀၀ ကျော်နှင့် အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။
credit: ဆရာနတ်နွယ်

ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေးနောက်ခံ သမိုင်းဖြစ်ရပ်မှန်

ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေးနောက်ခံ သမိုင်းဖြစ်ရပ်မှန် (အကျဉ်း)
၂၀၁၁၊ နိုဝင်ဘာ၅ရက်၊ မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်…။

မေတ္တာမွန်ဖြင့်

ဒေါက်တာမနာမ်တူဂျာ

နိဒါန်း
ဒုတိယကမ္ဘာစစ်မတိုင်မီက
ဒုတိယကမ္ဘစစ်ကာလ
ဒုတိယကမ္ဘာစစ်ပြီးနောက်မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလ
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကွယ်ကာနောက်လာလ
ကေအိုင်အို၊ ကေအိုင်အေပေါ်ထွက်လာခြင်း

ဒေါင်းလုပ်လင့်ခ်
http://murann.com/ebooks/kachin.history.by.dr.tuja.pdf