ရခိုင်ပဋိပက္ခ လုံခြုံရေးကောင်စီအရေးယူရေး တောင်းဆိုမှု အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ဟု မြန်မာအစိုးရ တုန့်ပြန်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အကျပ်အတည်းအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ တောင်းဆိုမှုတွေနဲ့ အရေးယူမှုတွေဟာ ရခိုင်ပြဿနာကိုဖြေရှင်းရာမရောက်ဘဲ မြန်မာ့အသွင်ကူးပြောင်းရေးနဲ့ မြန်မာပြည်သူတွေအပေါ်သာ အခက်အခဲတွေပိုကြုံစေရတယ်လို့ မြန်မာဘက်က တုန့်ပြန်လိုက်ပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2zbNWpl http://ift.tt/2rs33WN

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မည်သည့် အလုပ်မျိုးလုပ်လုပ် နိုင်ငံတစ်နိုင်ငံတွင် ကိုယ့်အချင်းချင်း စည်းစည်းလုံးလုံး လုပ်ပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ပြည်တွင်းအင်အားကို ယှဉ်နိုင်သည့် ပြည်ပအင်အားဆိုတာ ဘာမှမရှိဘူးဟု ယုံကြည်ပါကြောင်း။
ပြည်ထောင်စုအကျိုးအတွက် ၀ိုင်းဝန်းပံ့ပိုးချင်သည့် စိတ်ရှိခြင်းအတွက်  ၀မ်းသာပါကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များ က အခမ်းအနားမစခင်တွင် တင်ပြထားတာအချို့ရှိသည်ဟု နားလည်ပါကြောင်း၊ တင်ပြထားသည်များကို မိမိအနေဖြင့် စိတ်လည်းဝင်စားပါကြောင်း၊ ကောင်းလည်းကောင်းသည်ဟု ထင်ပါကြောင်း၊ ဥပမာ ရခိုင်ပြည်နယ် ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များ ရှိပါကြောင်း၊  ယင်းမှာ အလွန်ကောင်းသည့် အကြံပြုချက်ဖြစ်ပါကြောင်း၊  အသေးစိတ်ကို မိမိတို့ဆွေးနွေးပြီး အစီအစဉ်ချရမည် ဖြစ်ပါကြောင်း။
မြန်မြန်ဆန်ဆန် တိုးတက်မှုရရန် လိုအပ်ပါကြောင်း၊ စိတ်တက်ကြွစွာ လုပ်စေချင်ပါကြောင်း၊ နောက်တစ်ခုက မိမိတို့နိုင်ငံ၏ ကိစ္စကို အားလုံးဝိုင်းလုပ်နိုင်သည် ဆိုသည်ကို  သိစေချင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ မချမ်းသာသော် လည်း တခြားအင်အားများရှိသည်ကို ရှင်းရှင်းလင်းလင်းပြနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “အင်အားရဲ့ အဓိကအင်အားကတော့ ပူးပေါင်းဆောင်ရွက်ခြင်းပါ၊ ကျွန်မတို့ စီစဉ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပွင့်ပွင့်လင်းလင်းနဲ့ အကြံဉာဏ်ပေးစေချင်ပါတယ်။ အကြံပြုချက် အားလုံးဆိုတာကတော့ အကောင်အထည်ဖော်ဖို့ လက်တွေ့ကျမှာ မဟုတ်ဘူး။ ဒါပေမယ့် အသင့်တော်ဆုံး တွေကို  ရွေးပြီးတော့လုပ်ရမှာပါ။ နောက်တစ်ခုက ဦးစားပေးလုပ်ငန်းတွေ ဘာတွေဖြစ် မလဲဆိုတာ အားလုံးသိအောင် ရှင်းပြသွားပါမယ်။ ဦးစားပေးလုပ်ငန်းတွေဆိုတာဟာ ရေတိုမှာလည်း အသီးအပွင့်တွေကို မြင်နိုင်တဲ့ဟာတွေကို ရွေးရမယ်။ တချို့ကလည်း ဆက်ပြီးတော့ ရေရှည်သွားနိုင်ဖို့ အခုကတည်းက စရမယ့်ဟာတွေလည်းရှိပါတယ်။ ဒါတွေကို ကျွန်မတို့အားလုံးဟာ လူမှုရေးဘက်ကရော၊ စီးပွားရေးဘက်ကရော၊ နိုင်ငံရေးဘက်ကရော သုံးဘက်စလုံး ကနေ ကြည့်ပြီးတော့ ကျွန်မတို့ရွေးရမယ်။
"ဥပမာအားဖြင့်ဆိုရင် ပြန်လည်ထူထောင်ရေးဆိုတာဟာ ပျက်စီးသွားတဲ့အရာ တွေပြန်လည်တည်ဆောက်မယ်ဆိုတာ ဒီဟာက လူမှုရေးအရ လိုအပ်တယ်၊ နိုင်ငံရေးအရလည်း လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ဒီလိုပျက်စီးမှုတွေကို  မကြိုက်ဘူး။ နိုင်ငံမှာ ဥပဒေမဲ့လုပ်ရပ်တွေရှိရင် ဥပဒေရဲ့အကျိုးဆက်တွေကို ခံရမှာ ဖြစ်သလို  ကျွန်မတို့က တာဝန်ယူတယ်ဆိုတာကိုလည်းပြဖို့လိုပါတယ်။ နိုင်ငံရေးအရ ပြန်လည်ပြီးတော့ ပြုပြင်သွားဖို့ရှိပါတယ်။ စီးပွားရေးအရ လိုအပ်ချက်တွေလည်း ရှိပါ တယ်။
“ပုံမှန်အလုပ်တွေပြန်လုပ်နိုင်မှသာ စီးပွားရေးယန္တရား လည်ပတ်မှာဖြစ်ပါတယ်။ စီးပွားရေးယန္တရားလည်တဲ့နေရာ မှာလည်း  အရင်ယန္တရားအဟောင်းကြီးကိုပဲ ပြန်လည် လုပ်ဖို့မလိုပါဘူး။ ယန္တရားအသစ်တွေကိုလည်း စီးပွားရေး လုပ်ငန်းရှင်တွေ အတွေးအခေါ်နဲ့ ပြုပြင်နိုင်မယ်လို့ ထင်ပါတယ်။ အနာဂတ်ကိုကြည့်ပြီးတော့ ဘယ်လိုဘက်ကို ဖြည့်ဆည်းပေးဖို့ လိုမလဲဆိုတာကို အားလုံးညီညီညွတ်ညွတ်နဲ့ ၀ိုင်းပြီးတော့ ဆွေးနွေးစေချင်တယ်”ဟု ပြောကြား သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ရခိုင်ပြည်နယ်အတွက် ဘယ်ဒေသမှာ ဘယ်လုပ်ငန်းရှင်များ ပါဝင်မလဲဆိုပြီး  ကောင်းသည့်ပြိုင်ဆိုင်မှုကို အားပေးမည်ဖြစ် ပါကြောင်း၊ မြန်မြန်ဆန်ဆန် ကူညီပြီး မြန်မြန်ဆန်ဆန်အောင်မြင်စေချင် ပါကြောင်း၊ မိမိတို့နိုင်ငံအတွက်၊ ဒေသအတွက်သာမက  လုပ်ငန်းရှင်များအတွက်လည်း ရေရှည်တွင် အများကြီး အကျိုးရှိနိုင်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်းအားဖြင့် အားလုံးအတွက် တိုးတက်မှုရှိမည်ဖြစ်ပါ ကြောင်း။
အားလုံးပါဝင်ပြီး အကောင်အထည်ဖော်မည့် စီမံကိန်းလိုပဲ ဖြစ်စေချင်ပါကြောင်း၊ ပိုက်ဆံက အရေးကြီးသည် ဆိုသော်လည်း ကျွမ်းကျင်မှုပိုလိုအပ်ပါကြောင်း၊ ပိုက်ဆံကို ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်လျှင် အဟောသိကံ ဖြစ်သွား နိုင်ပါကြောင်း၊  မိမိတို့စီး ပွားရေး လုပ်ငန်းရှင်များသည်  အနာဂတ်ကို တွက်ချက်နိုင်သော အောင်မြင်သည့်   စီးပွားရေး လုပ်ငန်းရှင်များဖြစ်ပြီး အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်သည် အနာဂတ် ဈေးကွက်ကို နားလည်ရပါကြောင်း၊  ဤစီမံကိန်းသည် ပထမဦးဆုံး စမ်းသပ်သော စီမံကိန်းဟုလည်း ယူဆလို့ရပါကြောင်း၊ ဘာဖြစ်လို့လဲဆိုလျှင် တိုးတက် အောင်မြင် အောင်လုပ်ရန် ကိစ္စအများကြီးရှိပါကြောင်း၊  ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုကိုတွဲပြီး အကောင်အထည် ဖော်ရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ယခုအခြေအနေတွင် အခက်အခဲဆုံးနေရာ ဖြစ်ပါကြောင်း၊  နိုင်ငံတကာ ၏ အာရုံစိုက်မှု အင်မတန်မှများပါကြောင်း၊ များသည့်အတွက်လည်း ပိုပြီးလုပ်ရကိုင်ရခက်ခဲသည့် အခြေအနေ ရှိပါကြောင်း။
မိမိတို့အကူအညီတောင်းသည်မှာ ငွေရေးကြေးရေးအရ ရုပ်ပိုင်းဆိုင်ရာ အကူအညီထက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်၊ စေတနာ၊ ဉာဏ်ပညာနှင့် နောင်အနာဂတ်ကို မှန်းဆပြီး အရည်အချင်းများနှင့် လုပ်တာပဲ ဖြစ်စေချင်ပါကြောင်း၊  ပူးပေါင်းပြီး ဆောင်ရွက် စေချင်ပါကြောင်း၊  မိမိတို့နိုင်ငံတွင် ပြည်သူနှင့် အစိုးရနှင့်ချမ်းသာသည့် လုပ်ငန်းရှင်ကြီး များကြားတွင် ရှိသင့်သလောက် စည်းလုံးညီညွတ်မှု မရှိခဲ့ပါကြောင်း၊ စည်းလုံးညီညွတ်မှုကိုလည်း ဖြစ်စေချင်ပါ ကြောင်း၊ အင်အားသုံးခုကို စုစည်းပြီး ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုစီမံကိန်း အောင်အောင်မြင်မြင် လုပ်ခြင်း အားဖြင့် အနာဂတ်ပြည်ထောင်စုအတွက် ခိုင်မာသည့် အုတ်မြစ်ချသော လုပ်ငန်းဟု ယူဆပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ကမ္ဘောဇ ကုမ္ပဏီလီမီတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကျပ်သိန်း ၃၀၀၀၀၊ Mandalay Business Capital City Development (MBCCD) နှင့် စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ကျပ်သိန်း ၁၅၀၀၀၊ အေဒင်အုပ်စုကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ကျပ်သိန်း ၁၀၀၀၀ (ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ လယ်ယာသုံးပစ္စည်းများ)၊ အေးရှားဝေါလ်ကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းမြင့်နိုင်က ကျပ်သိန်း ၁၀၀၀၀၊ ယုဇနကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဌေးမြင့်က ကျပ်သိန်း ၁၀၀၀၀၊ ဇေကမ္ဘာ ကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးခင်ရွှေက ကျပ်သိန်း ၁၀၀၀၀၊ တော်ဝင်မိသားစုကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကိုကိုထွေးက ကျပ်သိန်း ၁၀၀၀၀၊ IBTC မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်က ကျပ်သိန်း ၁၀၀၀၀ (IBTC ကုမ္ပဏီက ကျပ်သိန်း ၅၀၀၀ နှင့် ဦးအောင်မိုးကျော် မိသားစုက ကျပ်သိန်း ၅၀၀၀)၊ ရွှေသံလွင် ထရေးဒင်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ကျပ်သိန်း ၁၀၀၀၀၊ မက်စ်အုပ်စုကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်က ကျပ်သိန်း ၁၀၀၀၀၊ ယူနိုက်တက် အမရဘဏ် ဥက္ကဋ္ဌ ဦးနေအောင်က ကျပ်သိန်း ၁၀၀၀၀၊ သမ၀ါယမဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်း ၅၀၀၀၊ အောင်မြင်သူကုမ္ပဏီများအုပ်စု အုပ်ချုပ်မှုဒါရိုက်တာ ဦးလှမျိုးက သိန်း ၄၀၀၀ တန်ဖိုးရှိဘိလပ်မြေအိမ်များ နှင့် Auspicious Millennium Trading Co. Ltd ဥက္ကဋ္ဌ ဦးစောငြိမ်းက ကျပ်သိန်း ၃၀၀၀၊ Alpine ကုမ္ပဏီ လီမိတက် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ စိုင်းဆမ်ထွန်းက ကျပ်သိန်း ၃၀၀၀၊ ဦးဇေသီဟ- ဒေါ်နန္ဒာလှိုင်မိသားစုက ကျပ်သိန်း ၃၀၀၀၊ ဦးတိုးနိုင်မန်း – ဒေါ်ဇေဇင်လတ် မိသားစုက ကျပ်သိန်း ၃၀၀၀၊ Yangon Crown Co.Ltd က ကျပ်သိန်း ၃၀၀၀၊ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန် က ကျပ်သိန်း ၃၀၀၀၊ ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ကျပ်သိန်း၂၀၀၀၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ကျပ်သိန်း ၁၀၀၀၊ ရွှေတောင် အင်တာ နေရှင်နယ် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ   ဦးအောင်ဇော်နိုင်က ကျပ်သိန်း ၁၀၀၀ ၊ Myanmar Agri Business in Public Corporation မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင်က ကျပ်သိန်း ၅၀၀၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းက ကျပ်သိန်း ၅၀၀နှင့် ထူးကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ ဦးတေဇက ကျပ်သိန်း (၁၀၀၀၀)တို့ကို ပေးအပ် လှူဒါန်းရာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီးများ၊ အလှူငွေလှူဒါန်းကြသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် အလှူရှင် (၂၄) ဦးတို့က ငွေကျပ်သိန်းပေါင်း (၁၇၇၀၀၀) ကို လှူဒါန်းခဲ့ကြသည်။
အလှူငွေပေးအပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဦးခင်မောင်တင်၊ UEHRD မှ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD မှ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်၊ တာဝန်ရှိသူများနှင့် အလှူရှင်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD ) အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်း အမှတ် EDU 600002 (US$ Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: EDU 600002) နှင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်းအမှတ် CF-003434 (Myanmar Kyat Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: CF-003434) တို့ ဖွင့်လှစ် ထားသည်။
၎င်းအပြင် အများပြည်သူများ အလွယ်တကူ ဆက်သွယ် လှူဒါန်းနိုင်ရန်အတွက် ဧရာဝတီဘဏ်။ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တို့တွင် လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ငွေစာရင်းအမှတ်များကို ဆက်လက်ထုတ်ပြန် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

via Myanmar Info Minst http://ift.tt/2xbJVg0 http://ift.tt/1KnLGaX

မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းလမ်းညွှန်စာအုပ် မိတ်ဆက်ပွဲနှင့် ဖွားသေစာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၀
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNICEF (မြန်မာ)တို့ ပူးပေါင်း ကျင်းပသည့် မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းလမ်းညွှန်စာအုပ်မိတ်ဆက်ပွဲနှင့် ဖွားသေစာရင်း အင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့်ဧည်သည့် တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မိမိတို့လုပ်သမျှအလုပ်အားလုံးသည် မိမိတို့နိုင်ငံအတွက် ဖြစ်သော်လည်း ရရှိလာသည့်ရလာဒ်သည် တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်ပြီး လွှမ်းခြုံနိုင်ရမည်ဖြစ်ပါကြောင်း၊ ထို့သို့ မျှော်မှန်းချက်ကြီးကြီးမားမားဖြင့် လုပ်ဆောင်နေသမျှကာလပတ်လုံး မိမိတို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် အမြဲတမ်း အလံ တလူလူ လွှင့်ထူနိုင်မည်ဖြစ်ပါကြောင်း၊ ဆွေးနွေးကြမည့်သူများအနေဖြင့် ယနေ့မိမိတို့ လုပ် ဆောင်သည့်လုပ်ငန်းသည် ဒီအခမ်းအနားတွင် ပြီးဆုံးသွားသည့်ပုံစံမျိုးမဟုတ်ဘဲ သမိုင်းမှာ ဖြစ်တည်နေမည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် တည်စေရန်ဆိုသည့်သဘောမျိုးဖြင့် လုပ် ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း။
 ယခင်က မိမိတို့နိုင်ငံတွင် ကိန်းဂဏန်းများတိကျမှန်ကန်မှုအားနည်းခဲ့သောကြောင့် ဖွံ့ ဖြိုးမှုနောက်ကျခဲ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရန်၊ ကမ္ဘာနှင့်ရင်ဘောင် တန်းနိုင်ရန် ဆောင်ရွက်မည်ဆိုလျှင် သေချာမှတ်ယူ ထားရမည်မှာ အချက်အလက်များ၊ ကိန်းဂဏန်းစာရင်းဇယားများကို မည်သည့်အခါမျှမမေ့ဘဲ အမြဲတမ်းတန်ဖိုးထား နိုင်မှသာလျှင် မိမိတို့နိုင်ငံ တိုးတက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ သိရှိနားလည်ထားကြသည့် အတွေ့အကြုံများကို အပြန်အလှန်ဖလှယ်ကြပြီး မြန်မာနိုင်ငံ၏အနာဂတ်ကို အထင်ကရဖြစ်စေရန်၊ အမှတ်တရဖြစ်စေရန် ပုံရိပ်ကောင်းစွာ ဖြင့် ဆောင်ရွက်ပေးနိုင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်း လမ်းညွှန်စာအုပ်သည် ၀န်ကြီးဌာနအားလုံးအတွက် အရေးကြီးပါကြောင်း၊ ယခုလမ်းညွှန်စာအုပ်သည် မြန်မာနိုင်ငံ အတွက် မှတ်တိုင်အဖြစ် ကျန်ရှိနေမည်ဖြစ်ပြီး လူမှုစီးပွားမူဝါဒများ၊ လူဦးရေးဆိုင်ရာမူဝါဒများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ၊ ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ချမှတ်ရာတွင်လည်း များစွာအရေးပါပါ ကြောင်းပြောကြားသည်။
ယင်းနောက် UNICEF (မြန်မာ) ခေတ္တဌာနေကိုယ်စားလှယ် Mr. Paul Edwards က အမှာစကားပြောကြားပြီး ဖွားသေစာရင်းအင်း အကောင်အထည်ဖော်မှုဆိုင်ရာ ဗီဒီယိုမှတ်တမ်း နှင့် ကမ္ဘာ့စာရင်းအင်းနေ့အထိမ်းအမှတ် ဗီဒီယို မှတ်တမ်းများကို ပြသသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဗဟိုစာရင်း အင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင် က မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်စနစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNICEF (မြန်မာ)မှ အရာရှိ ဒေါ်ဂျေလီယံ စမ်းစမ်းအေးက မွေးဖွားမှုမှတ်ပုံတင်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က သေဆုံးမှုမှတ်ပုံတင်ခြင်းလုပ်ငန်း ခေါင်းစဉ်ဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က Community engagemaent and participation ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး တင်ပြပြီး တက်ရောက်လာကြသူများက ၀ိုင်းဝန်းဆွေးနွေးကြသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်နှင့် ဖွားသေစာရင်းအင်း ဆက်နွယ်မှု အကြောင်းအရာများကိုဆွေးနွေးပြီး ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများက အကူအညီ ပေးရေးဆိုင်ရာကိစ္စများကို ဆွေးနွေးကြသည်။

(သတင်းစဉ်)

via Myanmar Info Minst http://ift.tt/2yDLsyC http://ift.tt/1KnLGaX

ရခိုင်အရေး ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ ပြည်ဝင်ခွင့်ပေးမည်မဟုတ်ဟု ဒုနိုင်ငံခြားရေးဝန်ကြီးဆို

“ ကျနော်တို့ အနေနဲ့ Fact Finding Mission စေလွှတ်တဲ့ အစီအစဉ်ကို ကန့်ကွက်ရန်ပြုနိုင်သော်လည်းပဲ ကုလသမဂ္ဂရဲ့ Mandate နဲ့ ဖွဲ့စည်းတဲ့ အဲဒီ ဖွဲ့စည်းခြင်းကိုသော်လည်းကောင်း အဲဒီ Mission ကနေပြီးတော့ အစီရင်ခံစာ ပြုစုတင်သွင်းခြင်းကို ဟန့်တားနိုင်တဲ့ အနေအထားရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံကိုတော့ လာရောက်ခွင့် မပြုဖို့ အတွက် မြန်မာသံရုံးတွေကို လိုအပ်တဲ့ ညွှန်ကြားမှုများ ပြုလုပ်ကာ တားဆီးသွားမှာ ဖြစ်ပါတယ်။"

via VOA News: မြန်မာသတင်း http://ift.tt/2u3MAXX http://ift.tt/2rs33WN

အလယ်အလတ်တန်းစား အခွန်ထမ်းတွေအတွက် အခွန်စနစ်ပြောင်းမည်

အမျိုးသားလွှတ်တော် အစည်းအဝေး မှာ တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
တစ်နှစ်ကို ရောင်းရငွေ ကျပ် ၄.၅ ဘီလီယံအထိ မပြည့်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ဝင်ငွေအတိုင်း ကိုယ်တိုင်စည်းကြပ်ပြီး အခွန်ပေးဆောင်တဲ့စနစ်ကို ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁ ရက် စတင်ပြီး ပြောင်းလဲကျင့်သုံး မယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်ေ

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin – Atom http://ift.tt/2t04UUM http://ift.tt/Y2RpwJ

အမျိုးသား ကျန်းမာရေး အာမခံစနစ် ထူထောင်ရန် လွှတ်တော် အတည်ပြု

နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၀န်ကြီးရုံးအားတွေ့ရစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
    နိုင်ငံသားတိုင်းအား ထိရောက်သည့် ကျန်းမာရေး ၀န်ဆောင်မှုများ အချိန်မီ ရရှိစေမည့် အမျိုးသား ကျန်းမာရေး အာမခံ စနစ် ထူထောင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့  ပြည်သူ့ လွှတ်တော်၌ ဆွေးနွေး အတည်ပြုခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့  မဲဆန္ဒနယ် ပြည်သူ့ လွှတ်ေ

via သစ်ထူးလွင် Myanmar News Now http://ift.tt/2t06fuT http://ift.tt/Y2RpwJ

အမေရိကန်က ဂြိုဟ်တုကို ငှားရမ်းသုံးစွဲသွားမည်ဟု ဒုဝန်ကြီး ဦးကျော်မျိုးပြော

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နိုင်ငံက လွှင့်တင်ထားတဲ့ ဂြိုဟ်တုကို ငှားရမ်းအသုံးပြုသွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

မေလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး လွှတ်တော်အပြီးမှာ ဒုဝန်ကြီးက အခုလိုပြောဆိုခဲ့တာပါ။

“လောလောဆယ်ကတော့ ကျနော်တို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနအနေနဲ့ Satellite ငှားရမ်းပြီးတော့ Myanmar Sat အနေနဲ့ စပြီးတော့ သုံးမှာ။ ဒါက ဆက်သွယ်ရေး ဂြိုဟ်တုပေါ့။ ဒီဟာကလည်း ငှားရမ်းတဲ့ သဘော။ ကျနော်တို့ ကွန်ဒိုတခုမှာ အခန်းတခန်း ပိုင်သွားတဲ့  သဘောပေါ့။ သေချာတာကတော့ ကိုယ်နာမည်နဲ့ပေါ့။ အမေရိကန်ကနေ ငှားရမ်းသွားမှာပါ”

မြန်မာနိုင်ငံအနေနဲ့ ဆက်သွယ်ရေးကဏ္ဍအပြင် စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ မြေပြင်လေပြင်တိုင်းတာရေးကဏ္ဍတွေအတွက် ကိုယ်ပိုင်ဂြိုဟ်တုတခု လွှင့်တင်နိုင်ဖို့ လိုအပ်တဲ့အတွက် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုလွှင့်တင်နိုင်ရေး ဒုတိယသမ္မတအပါအဝင် ဝန်ကြီးဌာနအားလုံးပါဝင်တဲ့ ကော်မတီ တခုဖွဲ့စည်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

“ဒါပေမယ့် ဒါကနိုင်ငံတော် ရာနှုန်းပြည့် ပိုင်တာမဟုတ်သေးဘူး။ အိမ်နီးနားချင်းနိုင်ငံ အားလုံးနီးပါးမှာ ကိုယ်ပိုင်ဂြိုလ်တု လွှင့်တင်ထားတာရှိကြတယ်။ ဂြိုလ်တုဆိုတာက ဆက်သွယ်ရေးတစ်ခုတည်းတင်မဟုတ်ဘူး။ စိုက်ပျိုးရေး၊ မြေပြင်တိုင်းတာရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် ဂြိုလ်တုအမျိုးအစားတွေ အမျိုးမျိုးရှိတယ်။ ပြည်သူတွေ အတွက် နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် သင့်တော်တဲ့ ဂြိုဟ်တု တချိန်ကျရင် နိုင်ငံပိုင်အနေနဲ့ လွှင့်တင်နိုင်ဖို့ ကြိုးစားနေတယ်။”

လက်ရှိမြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ TV ထုတ်လွှင့်မှုတွေအတွက် ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံပိုင် ဂြိုဟ်တုတွေနဲ့ နိုင်ငံတကာအသုံးပြုနိုင်တဲ့ Intelsat V ဂြိုဟ်တုတွေကို အသုံးပြုနေရတာဖြစ်ပါတယ်။

လာမယ့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ်ပေါ်မူတည်ကာ နိုင်ငံပိုင်ဂြိုဟ်တုလွှင့်တင်ဖို့ ဆုံးဖြတ်သွားမယ်လို့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

The post အမေရိကန်က ဂြိုဟ်တုကို ငှားရမ်းသုံးစွဲသွားမည်ဟု ဒုဝန်ကြီး ဦးကျော်မျိုးပြော appeared first on DVB.

via DVB http://ift.tt/2qJHjn5 http://burmese.dvb.no

တိုင်းနှင့်ပြည်နယ်များ ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲရန် သဘောတူ

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မေလ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ တိုင်းနှင့်ပြည်နယ်များတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် နေပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် သဘောတူလိုက်သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိစေရေးအတွက် တိုင်းနှင့်ပြည်နယ်များတွင် ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားရှိရန် မေလ ၁၂ရက်က သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် UPDJC အစည်းအဝေးတွင် သဘောတူလိုက်ခြင်း ဖြစ်သည်။

“တကယ်ကို တိုင်းပြည်မှာ တခါမှ မရှိဖူးတဲ့ သဘောတူညီချက်ပေါ့နော်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နောက်တစ်ချက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင် Constitution ထားရှိဖို့ အကုန်လုံး သဘောတူတယ်။ တစ်ကယ်လည်း ဝမ်းမြောက်စရာ ကောင်းပါတယ်” ဟု UPDJC ၏ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့အစည်းအဝေးအပြီးတွင် ပြောသည်။

ထိုသို့ သဘောတူနိုင်ခြင်းကြောင့် လာမည့် ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသည် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ သဘောတူညီချက်နှင့်ပတ်သက်၍ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်နယ်တွေမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဖို့ သဘောထား ကျသွားတယ်။ ဗမာပြည် သမိုင်းမှာ မရှိသေးဘူး။ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေမှာ ပြည်နယ်တွင်းမှာ ကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးခွင့်ကို မပေးဘူး။ ဘယ်ခေတ်မှာမှ မရှိခဲ့ဘူး။ အခု ဒီနေ့ ရခဲ့ပြီ” ဟု ပြောဆိုသည်။

ယနေ့ အစည်းအဝေးတွင် အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုမူ၊ ပါတီစုံဒီမိုကရေစီစနစ် စသည့် ခေါင်းစဉ်များကို သဘောတူ အတည်ပြုခဲ့သည်။

“လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ဒါတွေကို ဆွေးနွေးပါ့မယ်။ ပြီးရင် အတည်ပြုပါ့မယ်။ အတည်ပြုပြီးသွားရင် လုပ်ငန်းစဉ်က ဘာလဲဆိုတော့ ပြည်ထောင်စု သဘောတူချက် နောက်ဆုံးချုံ့မှာ ဖြစ်ပါတယ်။ ချုံ့တဲ့အခါကျရင် ထွက်လာတဲ့သဘောတူညီချက်ကို စုပါ့မယ်။ စုတဲ့အခါမှာ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့အစိတ်အပိုင်း ဖြစ်သွားပါ့မယ်။ ပြီးတိုင်းပြီးတိုင်းမှာ သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ ခေါင်းဆောင် တွေလက်မှတ်ရေးထိုးမယ်။ ပြီးရင် ပြည်ထောင်စုသဘောစာချုပ်ရဲ့အစိတ်အပိုင်းတွေဖြစ်လာမယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

 

Tags: 

via Home http://ift.tt/2ptiIFJ http://ift.tt/OTcCHv

ဒုတိယ ပင်လုံမှာ ပြည်နယ် ဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေး ဆွေးနွေးမယ်

 ဒုတိယ ပင်လုံညီလာခံမှာ အန်စီအေ လမ်းကြောင်း အတိုင်း သွားမယ်လို့ ကတိကဝတ်ပြုတဲ့ အဖွဲ့တွေကို တက်ရောက်ခွင့် ပေးမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးကပြော
လာမယ့် မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံမှာ ပြည်နယ် ဖွဲ့စည်းပုံဥပဒေ ရေးဆွဲဖို့ကိစ္စ ဆွေးနွေးဖို့ အတွက် နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီ

via သစ်ထူးလွင် Myanmar News Now http://ift.tt/2r8ADxN http://ift.tt/Y2RpwJ

ဖွဲ့စည်းပုံပြင်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်နွယ်ဟု ဒေါ်စုပြောဆို

ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဒီကနေ့ မနက်ပိုင်း လန်ဒန်မြို့မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေး ဆက်စပ်နေမှု၊ ၂၁ ရာစု ပင်လုံညီခံနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးပေါ် သဘောထား၊ အခြေခံပညာရေးစနစ် ပြုပြင် ပြောင်းလဲမှု အခြေအနေ တချို့ကို ရှင်းပြသွားခဲ့ပါတယ်။

via သတင်း | Burmese – VOA http://ift.tt/2qYHOtb http://ift.tt/Tf1V41

လူထုအကျိုးအတွက် ရဲရဲတင်းတင်းလုပ်ဆောင်ကြရန် အစိုးရအဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အစိုးရအဖွဲ့ဝင်တွေဟာ စိုးရိမ်စိတ်များပြီး ရဲရဲတင်းတင်း မလုပ်ရဲကြဘူးလို့ ဦးဝင်းထိန်က ပြောပါတယ် (ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဧပြီလ ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူလူထုအကျိုးအတွက် စိုးရိမ်စိတ်ဖျောက်ပြီး ရဲရဲတင်းတင်းလုပ်ဆောင်ကြရန် အစိုးရအဖွဲ့ဝင်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

“လက်တွေ့အလုပ်လုပ်တဲ့အခါမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကော၊ ပြည်ထောင်စုအဖွဲ့တွေကောက ရဲရဲမလုပ်ရဲကြဘူး။ စိုးရိမ်ပြီးအမှားပါမှာ ကြောက်နေတာ။ အဂတိတရား နည်းပါးတာတော့ မှန်တယ်။ ဒါပေမယ့် သူလုပ်တဲ့ဟာ အထင်လွဲမှာလား။ အဂတိတရားဖြစ်မှာလားလို့ စိုးရိမ်မှုလည်း ရှိတယ်။ တခြားစိုးရိမ်မှုလည်း ရှိတယ်။ အဲ့စိုးရိမ်မှုတွေ ဖျောက်ပြီးတော့မှ ရဲရဲလုပ်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်လည်း တိုက်တွန်းထားတယ်” ဟု ဦးဝင်းထိန်က ဧပြီလ ၂၀ရက်တွင် မီဒီယာများကို ပြောသည်။

အစိုးရအဖွဲ့ဝင်များ၏ စေတနာအမှားအား ခွင့်လွတ်နိုင်သည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

“မှားတာကကိစ္စမရှိဘူး။ စေတနာနဲ့မှားတာက ကျွန်တော်တို့က ခွင့်လွတ်လို့ရတယ်။ ပြည်သူလူထုအကျိုးအတွက်ဆိုရင် ရဲရဲလုပ်ကြ” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီးဌာန ၂၁ခုဖြင့် လည်ပတ်နေသည့် NLD ဦးဆောင်သော အစိုးရအနေဖြင့် ဒုတိယဝန်ကြီးမရှိသည့် ဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီးများကို ပြန်လည်ခန့်အပ်သွားမည် ဖြစ်သည်။

အခြားတဖက်တွင်လည်း တိုးတက်မှုမရှိသည့် ဝန်ကြီးများကို ပြောင်းလဲခန့်အပ်မည်ဟု မတ်လ ၃၀ရက်က နိုင်ငံတော်အစိုးရတာဝန်ယူမှု သက်တမ်းတစ်နှစ်ပြည့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

“ကျွန်မတို့ ရွေးထားတဲ့ ဝန်ကြီးများဟာ အားလုံး အတော်ဆုံးလား၊ အကောင်းဆုံးလား ဆိုတာဟာ ဒါတော့လည်း အချိန်ကပဲ ပြသွားမှာပါ။ တစ်ချို့က တိုးတက်မှု ပိုနှေးတယ်၊ တစ်ချို့က တိုးတက်မှု ပိုမြန်တယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း ရောက်နေတဲ့နေရာနဲ့ သင့်တော်ချင်မှ သင့်တော်မယ်။ ဒါတွေကတော့ ကျွန်မတို့ ကြည့်ပြီးတော့ ပြောင်းသင့်ပြောင်းထိုက်တာကို ပြောင်းရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က တစ်နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

NLD ဦးဆောင်သည့် အစိုးရသက်တမ်းတစ်နှစ်ကျော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၏ နေရာတွင် ဦးလှကျော်အား အစိုးထိုးခန့်အပ်ခြင်းနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၏ နေရာတွင် ဒေါက်တာအေးဇံအား အစားထိုးခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။

 

via Home http://ift.tt/2pXMa2H http://ift.tt/1nfHMox

စွမ်းရည်တိုးတက်အောင် ဘယ်လိုလုပ်မလဲ

မတ် ၉၊ ၂၀၁၇ – မြန်မာ့အသွင်ကူးပြောင်းရေးမှာ အစိုးရဝန်ထမ်းတွေ စွမ်းရည်ထက်မြက်လာဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံတို့က ကူညီနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုကျော်ကျော်သိန်းနဲ့အတူ တင်ပြထားပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2lImuJJ http://ift.tt/Tf1V41

နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန်

နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေမလုပ်ဖို့ တား မြစ်ချက်တွေပါဝင်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က မတ်လ ၈ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေမှာ တရားရုံးခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ ၂၄ နာရီထက်ကျော်လွန် မချုပ်နှောင်ဖို့၊ ဘယ်သူမှ ဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ၀ရမ်းမပါဘဲ နိုင်ငံသားတဦးရဲ့ နေအိမ်နဲ့ အခန်းတွေထဲဝင်ရောက်ရှာဖွေ၊ သိမ်းဆည်း၊ ဖမ်းဆီးတာတွေမလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။

လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံ စောင့်ကြည့်စုံစမ်းထောက်လှမ်း တာတွေ မလုပ်ဖို့နဲ့ ဆက်သွယ်ရေးပစ္စည်း ကိရိယာတမျိုးမျိုးနဲ့ ကြားဖြတ်နားထောင်နှောင့်ယှက်တာတွေ မလုပ်ဖို့၊ စာအိတ်တွေ ပါဆယ်ထုပ်တွေကို ဖွင့်ဖောက်ဖျက်ဆီးသိမ်းဆည်းတာတွေ မလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာကိစ္စတွေမှာ အဓမ္မ ၀င်ရောက်စွက်ဖက်တာ၊ လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ တင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာမလုပ်ဖို့ ဥပဒေအရ တားမြစ် ထားသလို နိုင်ငံသားတွေ တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၆ လ ကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၃ သိန်းကနေ ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ဒီဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ တိုင်တန်းချက် လက်ခံရှိရင် အရေးယူဆောင်ရွက်ဖို့နဲ့ တာဝန်ကို အကြောင်းမဲ့ပျက်ကွက်ရင် အနည်းဆုံး ၁ နှစ်ကနေ အများဆုံး ၅ နှစ်ထိ ထောင်ဒဏ်အပြင် အနည်းဆုံး ကျပ် ၅ သိန်းကနေ အများဆုံး ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။

နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွပ်လပ်မှုနဲ့ လုံခြုံမှု အပြည့်အ၀ ရရှိခံစားခွင့်ရှိတဲ့အကြောင်းနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှု မရှိစေဖို့ ကာကွယ်ပေးရမယ်လို့ ဥပဒေမှာ ရေးသားထားပါတယ်။

The post နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန် appeared first on DVB.

via DVB http://ift.tt/2n4q7Ki http://burmese.dvb.no

နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန်

နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေမလုပ်ဖို့ တား မြစ်ချက်တွေပါဝင်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က မတ်လ ၈ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေမှာ တရားရုံးခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ ၂၄ နာရီထက်ကျော်လွန် မချုပ်နှောင်ဖို့၊ ဘယ်သူမှ ဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ၀ရမ်းမပါဘဲ နိုင်ငံသားတဦးရဲ့ နေအိမ်နဲ့ အခန်းတွေထဲဝင်ရောက်ရှာဖွေ၊ သိမ်းဆည်း၊ ဖမ်းဆီးတာတွေမလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။

လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံ စောင့်ကြည့်စုံစမ်းထောက်လှမ်း တာတွေ မလုပ်ဖို့နဲ့ ဆက်သွယ်ရေးပစ္စည်း ကိရိယာတမျိုးမျိုးနဲ့ ကြားဖြတ်နားထောင်နှောင့်ယှက်တာတွေ မလုပ်ဖို့၊ စာအိတ်တွေ ပါဆယ်ထုပ်တွေကို ဖွင့်ဖောက်ဖျက်ဆီးသိမ်းဆည်းတာတွေ မလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာကိစ္စတွေမှာ အဓမ္မ ၀င်ရောက်စွက်ဖက်တာ၊ လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ တင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာမလုပ်ဖို့ ဥပဒေအရ တားမြစ် ထားသလို နိုင်ငံသားတွေ တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၆ လ ကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၃ သိန်းကနေ ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ဒီဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ တိုင်တန်းချက် လက်ခံရှိရင် အရေးယူဆောင်ရွက်ဖို့နဲ့ တာဝန်ကို အကြောင်းမဲ့ပျက်ကွက်ရင် အနည်းဆုံး ၁ နှစ်ကနေ အများဆုံး ၅ နှစ်ထိ ထောင်ဒဏ်အပြင် အနည်းဆုံး ကျပ် ၅ သိန်းကနေ အများဆုံး ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။

နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွပ်လပ်မှုနဲ့ လုံခြုံမှု အပြည့်အ၀ ရရှိခံစားခွင့်ရှိတဲ့အကြောင်းနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှု မရှိစေဖို့ ကာကွယ်ပေးရမယ်လို့ ဥပဒေမှာ ရေးသားထားပါတယ်။

The post နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန် appeared first on DVB.

via DVB http://ift.tt/2n4q7Ki http://burmese.dvb.no

ဖွံ့ဖြိုးဒေသ အခွန်ကင်းလွတ်ခွင့် ကြေညာ

ဖွံ့ဖြိုးမှုနည်းပါးတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ရင် အခွန်ကင်းလွတ်ခွင့် လျော့ပေါ့ခွင့်များ ပေးဖို့ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နယ်မြေဇုံများသတ်မှတ်တဲ့ ကြေညာချက်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်မှာ ဇုံ ၃ ခုသတ်မှတ်ထားပြီး ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေကို ဇုံ ၁၊ သတ်မှတ်ထားပြီး အဲဒီဇုံထက်ဖွံ့ဖြိုးမှုပိုတဲ့နေရာများကို ဇုံ ၂ နဲ့ ဇုံ ၃ စသဖြင့် သတ်မှတ်ထားပါတယ်။ ကြေညာချက်မှာ ဇုံ ၁ ဒေသမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ၇ နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး၊ ဇုံ ၂ မှာ ၅ နှစ်နဲ့ ဇုံ ၃ မှာ ၃ နှစ်ဆက်တိုက် အသီးသီးကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။

အခုထုတ်ပြန်မယ့် ရင်းနှီးမြုပ်နှံမူ ဥပဒေအသစ်ဟာ အခုလအတွင်းအပြီးသတ်ပြီး ထုတ်ပြန်မှာဖြစ်ပြီး ဧပြီလ ဘတ်ဂျက်နှစ်သစ်မှာ စတင်မှာဖြစ်ပါတယ်။

via သတင်းမဵား http://ift.tt/2mgLfvA http://www.rfa.org

ဦးကိုနီ လုပ်ကြံခံရမှုတွင် အသက်စွန့်ဖမ်းဆီးခဲ့သည့် ဦးနေ၀င်းကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု

ဦးကိုနီ လုပ်ကြံသူအား အသက်စွန့်ဖမ်းဆီးပေးခဲ့တဲ့ တက္ကစီကားဆရာ ဦးနေ၀င်းကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလအတွက် ချီးကျုးဂုဏ်ပြုထိုက်သူအဖြစ် မှတ်တမ်းတင် ဂုဏ်ပြု လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ရက်စွဲနဲ့ ကြေညာချက်ထဲမှာ ဦးနေ၀င်းဟာ အသက်စွန့်ပြီး လူသတ်သမားကို ဖမ်းဆီးခဲ့တယ်။ သူ့လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်အပေါ် ပြည်သူတွေက ဆန့်ကျင်လာစေဖို့ နှိုးဆော်ခဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြမတ်ရေး လုပ်ဆောင်နေချိန်မှာ ဦးနေ၀င်းရဲ့ အသက်ပေးမှုကို အမြဲအမှတ်ရနေမှာဖြစ်ပြီး အကြမ်းဖက်မှုဆန့်ကျင်ရေးအတွက် ကြီးမာတဲ့ တွန်းအား လည်း ဖြစ်တယ်လို့ အတိုင်ပင်ခံရုံးစာက ဆိုပါတယ်။

နိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်း ဦးနေ၀င်းလို ရဲဝံ့စွန့်လွှတ်တာဝန်သိပြီး မတရားမှုကို ဆန့်ကျင် ကြပါ၊ အေးချမ်းတည်ငြိမ်လုံခြုံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံပါတယ်။

တက္ကစီကားဆရာ ဦးနေ၀င်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ ကြည်လင်းကို လိုက်ဖမ်းရင်း ကျည်ဆန်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

The post ဦးကိုနီ လုပ်ကြံခံရမှုတွင် အသက်စွန့်ဖမ်းဆီးခဲ့သည့် ဦးနေ၀င်းကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု appeared first on DVB.

via DVB http://ift.tt/2l8iooW http://burmese.dvb.no