ကျောင်းအုပ်ဆရာမကို အဓမ္မပြုကျင့်တာမှန်ကြောင်း TNLA ပြော

TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကို TNLA တပ်သား နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်း TNLA ကပြောပါတယ်။
ပြစ်မှုကျူးလွန်သူ နှစ်ဦးကို စစ်ဥပဒေအရ ခုံရုံးကနေ ဆက်လက်စစ်ဆေးသွားမယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
"ခုလောလောဆယ် သူ

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin – Atom http://ift.tt/2yWmYkF http://ift.tt/Y2RpwJ

NCA စာချုပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်တဲ့အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။ ဒီလို ပြန်လည်သုံးသပ်ရတာဟာ နိုင်ငံရေးအရ တူညီတဲ့ ညှိနှိုင်းမှုရရေး၊ လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို စနစ်တကျဖြေရှင်းရေးနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာကြံရေးအတွက်ဖြစ်ကြောင်း NCAကိုလက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်က ပြောဆိုပါတယ်။

via သတင်း | Burmese – VOA http://ift.tt/2iAplDy http://ift.tt/2rs33WN

NCA လက်မှတ်ထိုးရေး UNFC နှင့် အစိုးရညှိနှိုင်းမှု ပြေလည်ရန် နီးစပ်နေပြီဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃ ။          ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရန်အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အချက် ၈ ချက်အနက် သုံးပုံ နှစ်ပုံကျော် ပြေလည်ပြီး အချက်အားလုံးပြေလည်ရန် လတ်တကမ်းအလိုရောက်လာပြီဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောဆိုလိုက်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ အစိုးရသို့ အချက် ၈ ချက်တောင်းဆိုထားပြီး အဆိုပါအချက်များအား လုံးပြေလည်ပါက အပစ်ရပ်လက်မှတ် (NCA) ရေးထိုးမည်ဖြစ်ကြောင်းပြောဆိုထားသည်။

လက်ရှိတွင် အချက် ၈ ချက်အနက် အချက် ၄ ချက်ကို အစိုးရနှင့် UNFC မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဆွေးနွေး ချက်အရ မူအားဖြင့် သဘောတူညီချက်ရရှိထား ပြီး ကျန်ရှိနေသည့် နံပတ် ၅ မှ ၈ အထိအချက်များကို ဆွေးနွေးနေကြ ခြင်းဖြစ်သည်။

“ နံပတ် ၅ ကအခြေခံအားဖြင့်ရပြီ။ နံပတ် ၆ ကပြေလည်သလောက်ဖြစ်ပြီ ။နံပတ် ၇ကဆုံးဖို့နည်းနည်းပဲကျန်တော့တယ်။ ပြန်ကြည့်လိုက်ရင် ဒီ ၈ချက်က ပြောဆိုရင် ၃ ပုံ ၂ ပုံကျော်လာပြီပေါ့။ လက်တကမ်းအလိုလောက်ပဲရောက်လာပြီ။ ဒါပေမယ့် မနက်ဖြန်အစည်းအဝေး ဘယ်လောက်ပြတ်ဦးမလဲတော့မသိသေးဘူးပေါ့ “ ဟု DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးကပြောသည်။

ယနေ့ (အောက်တိုဘာ ၂၃ ရက်) ရန်ကုန်မြို့ ရွှေလီလမ်းရှိ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အစိုးရ၏ငြိမ်းချမ်း ရေးကော်မရှင် (PC) နှင့် DPN  တို့ ပြုလုပ် နေသည့်အစည်းအ ဝေးအပြီးတွင်ပြော ဆိုခဲ့ခြင်းဖြစ်သည်။

UNFC ၏ အဆိုပြုချက် ၈ ချက်အပေါ် DPN နှင့် PC တို့အကြား ညှိနှိုင်းဆွေးနွေးသည်မှာ ၇ ကြိမ် ရှိပြီ ဖြစ် သော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသေးသည်မှာ ၁၅ လ ကြာခဲ့ပြီ ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် NCA လက်မှတ် မရေးထိုးသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊  မွန်ပြည်သစ်ပါတီ (NMSP)၊  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ပါဝင်သည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2yMFJHh http://ift.tt/OTcCHv

အစိုးငြိမ်းချမ်းရေးကော်မရှင် UNFC နဲ့တွေ့ဆုံ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတ္တမအကြိမ်မြောက်တွေ့ဆုံဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးချက်တွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တင်ပြထားတဲ့ အဆိုပြုချက် ၈ချက်အနက်က ကျန်ရှိတဲ့အချက်တွေကို ဆက်လက်ဆွေးနွေးနေပြီး သဘောတူညီချက်ရရင် NCAကို လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2z45lAc http://ift.tt/2rs33WN

နိုင်ငံတော်အတိုင်ပင်ခံနှင့် အပစ်ရပ်အဖွဲ့များ အန်စီအေစာချုပ် ပြန်သုံးသပ်ရန် သဘောတူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ မနေ့က တွေ့ဆုံပြီး အန်စီအေစာချုပ် ပြန်သုံးသပ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ) စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ တွေ့ဆုံခဲ့ပြီး သဘောတူ ခဲ့ကြတာလို့ ရခိုင်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (ဂျေအိုင်စီအမ်) ပုံမှန်ခေါ်ယူဖို့ကိုလည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

အန်စီအေစာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဂျေအိုင်စီအမ် အစည်းအဝေး ပုံမှန်ခေါ်ယူနိုင်မှု မရှိတာဟာ အဓိက အားနည်းချက်တခုဖြစ်တယ်လို့လည်း အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အန်စီအေ လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်း အနားမှာ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ်၊ အပစ်ရပ်လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုခဲ့ပါတယ်။

The post နိုင်ငံတော်အတိုင်ပင်ခံနှင့် အပစ်ရပ်အဖွဲ့များ အန်စီအေစာချုပ် ပြန်သုံးသပ်ရန် သဘောတူ appeared first on DVB.

via DVB http://ift.tt/2gg0mRP http://burmese.dvb.no

အကြမ်းဖက်သမားများဟု မသုံးနှုံးသည့် မီဒီယာများရှိနေကြောင်း အတိုင်ပင်ခံရုံးကြေညာချက်ထုတ်

ရန်ကုန် ၊ သြဂုတ် ၂၇ ။           ။ မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာအချို့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ခေါ်ဝေါ်သုံးစွဲသည့် အကြမ်းဖက်သမားများ ဆိုသည့် စကားလုံးကို သုံးစွဲခြင်းမရှိဘဲ အခြားဝေါဟာရများဖြင့် အမျိုးမျိုးရေးသားဖော်ပြနေကြသည်ကို တွေ့မြင်နေရသည်ဟု အတိုင်ပင်ခံရုံး၏ ယနေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ထောက်ခံခြင်း ၊ အားပေးကူညီရာ ရောက်စေသည့် ပြုမှုလုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်း ၊ ထောက်ပံ့ခြင်း ၊ မီဒီယာများမှ   ထောက်ခံရေးသားခြင်းများကို မပြုလုပ်ရန်နှင့် အဆိုပါ လုပ်ဆောင်ချက်များကို တွေ့ရှိပါက ပြည်တွင်း၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးသွားမည်ဖြစ်ပြီး ၊ ပြည်ပမှအားပေး လုပ်ဆောင်မှုများတွေ့ရှိပါက နိုင်ငံတကာရဲတပ်ဖွဲ့ကို အသိပေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

“သြဂုတ်လ ၂၆ ရက်နေ့၌ တောင်ဘဇာကျေးရွာကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ ပိတ်ဆို့ဝိုင်းထားစဉ် အချို့သော INGO ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိသည်။ အလားတူ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် မေယုတောင်ပေါ်၌ အကြမ်းဖက်သမားများ ခိုအောင်း စခန်းချရာ တဲများတွင်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားသော စွမ်းအားမြင့် ဘီစကစ်များ တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်”ဟုလည်း အတိုင်ပင်ခံရုံးထုပ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မောင်တောဒေသ တိုက်ခိုက်မှုကို အစိုးရက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ကုလသမဂ္ဂအပါအ၀င် သံရုံးအချို့က ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားသည်။

via Home http://ift.tt/2ghnqTz http://ift.tt/OTcCHv

ငြိမ်းကော်မရှင်နဲ့ UNFC သဘောတူချက် စိန်ခေါ်မှုရှိနိုင်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ရဲ့ ၂ရက်ကြာဆွေးနွေးပွဲကနေ အချက် ၄ချက် သဘောတူညီမှု ရလိုက်တယ်ဆိုပေမယ့် UNFC အနေနဲ့ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ စိန်ခေါ်မှုတွေ ဆက်ရှိနေဦးမယ်လို့ တိုင်းရင်းသားအရေး သုံးသပ်သူတချို့က ဆိုပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2vO2BVB http://ift.tt/2rs33WN

UNFC တတိယ သက်တမ်းအတွက် CEC တင်မြှောက်

UNFC ရဲ့ နိုင်ငံရေး ညှိနှိုင်းမှု အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံခဲ့စဉ်
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံ ကို ၂၀ ၇က်နေ့ ကနေ မနေ့ က ၂၉ ရက်နေ့အထိ ၂ ပိုင်းခွဲကျင်းပခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မိတ်ဖက် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တခြားအဖွဲ့အစည်းများ ကိုလည်း တက်ရောက် စေခဲ့ပါတယ်။
ဒီUNFC ရဲ့ ညီလာခံ မှာ အဖွဲ့ဝင်တွေ ထွက်သွားတွေလည်း ရှိသလို

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin – Atom http://ift.tt/2sme6mv http://ift.tt/Y2RpwJ

မြန်မာစစ်တပ်မှ မန်လန်းရွာသား (၃)ဦး ပစ်ခတ်သတ်ဖြတ်ပြီးနောက် (၈)ဦးအား TNLA ယူနီဖောင်းဝတ်ခိုင်း စေပြီး ဖမ်းဆီးချုပ်နှောင်ထား

ဇွန်လ(၂၇)ရက်၊ ၂၀၁၇ ခုနှစ်

မြန်မာစစ်တပ်မှ ဇွန်လ (၂၁)ရက်နေ့စတင်ကာ နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအား ဝင်ရောက်စီးနင်းပြီး ရွာသားများဖမ်းဆီး ချုပ်နှောင်ကာ စစ်ဆေးမေးမြန်းခြင်း၊ နှိပ်စက်ညှင်းပန်းများ ပြုလုပ်ပြီးနောက် ရွာသား(၃)ဦး အား ပစ်ခတ်သတ်ဖြတ်ပြီး နမ့်လင်းရွာအနီးတွင် မြှပ်နှံထားခဲ့သည်။

ထိုနောက် ယနေ့မနက်ပိုင်းတွင် အရပ်သားရွာသား(၈)ဦးအား မတရားဖမ်းဆီးကာ မြန်မာစစ်တပ်မှ အသင့်ယူ ဆောင်လာသည့် TNLA ယူနီးဖောင်များ ဝတ်စေပြီး ၎င်းအရပ်သားရွာသား (၈)ဦးတို့အား TNLA တပ်ဖွဲ့ဝင်ဟု ခြိမ်းခြောက်ဝန်ခံစေကာ  နမ့်ဆန်ရှိ မြန်မာစစ်တပ်စခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ညှင်းပန်းထားသည်။

မြန်မာစစ်တပ်မှ မန်လန်းရွာသို့ ရောက်ရှိပြီး ရွာသားများ၏ ပစ္စည်းများ၊ အိမ်ယာများ၊ မော်တော်ဆိုင်ကယ်များ ဖျက်ဆီးကာ ရွားသားများကိုလည်း မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ရိုက်နှက် ခြင်းများ၊ သတ်ဖြတ် ခြင်းများ ပြုလုပ်နေသည့်အတွက် ရွာသားများသည် ဇာတိရွာတွင် ဆက်လက်မနေရဲတော့ပဲ နမ့်ဆန်မြို့နှင့် လားရှိုးမြို့သို့ ထွတ်ပြေးရှောင်ပုန်းလာနေကြရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

via PSLF http://ift.tt/2t5Sd7T http://www.pslftnla.org

ရခိုင်မြောက်ပိုင်း အကြမ်းဖက် သင်တန်းကို ဘယ်သူတွေ ပို့ချတာလဲ

ဥမင်လှိုဏ်ခေါင်း အပါအအဝင် ပစွည်း အသုံးဆောင်တွေကို တွေ့ရှိ။
ပြည်ပမှာ အကြမ်းဖက် သင်တန်း တက်ရောက် လာသူတွေက ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသထဲ သင်တန်းတွေ ပြန်ပေး နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
မေယုတောင်ကြောပေါ် အကြမ်းဖက် သင်တန်း အဖြစ် အသုံးချ နေတယ် ဆိုပြီး အာဏာပိုင်တွေက ယူဆထားတဲ့ ဥမင်လှိုဏ်ခေါင်း အပါအအဝင်၊ လူနေတဲနဲ့ ပစွည်း အ

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin – Atom http://ift.tt/2sGJbho http://ift.tt/Y2RpwJ

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ဇွန်လ ၁၂ ရက်မတိုင်ခင် ချင်းမိုင်၌ တွေ့ဆုံရန် UNFC အကြောင်းပြန်၊ မူအားဖြင့် သဘောတူညီထားသည့် အချက်ကိုးချက်၊ (KIA)နှင့် `၀`နုတ်ထွက်ခွင့်ပြုရေး ကိစ္စများ ဆွေးနွေး ဆုံးဖြတ်မည်

အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) က NCA တွင် လက်မှတ်ရေးထိုး နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ဆက

Read more

via The Ladies http://ift.tt/2qWgSdu http://ift.tt/1t35IDK

ဝေဖန်မှုများ ခံနေရချိန် KIO ၏ နိုင်ငံရေး ရှင်းလင်းပွဲ ပြုလုပ်

KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မထင်မှတ်ဘဲ သွားရောက်ခဲ့ခြင်းကြောင့် ဝေဖန်မှုတချို့ရှိနေချိန် လူထု ရှင်းလင်းပွဲ တခုကို ဇွန်လ ၃ ရက်နေ့ လိုင်ဇာ Padang ခန်းမ တွင် ပြုလုပ်ခဲ့သည်။
ဒုတိယ ဥက္ကဌ ရှင်းလင်းသွားသည့်အကြောင်းမှာ KIO အနေဖြင့် UNFC က နှုတ်ထွက်ဖို့ စာတင်ပြီး UWSA ‘ဝ’ ဦးဆောင်သော နိုင်ငံရေးလမ်းကြောင်းမှာ

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin – Atom http://ift.tt/2saM3FI http://ift.tt/Y2RpwJ

၂၁ ရာစု ညီလာခံ အခြေအနေကို နယ်စပ် လူမှုအဖွဲ့အစည်းများအား ကေအဲန်ယူ ပြန်ရှင်းလင်းမည်

ဇွန် ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် တက်ရောက်ဆွေးနွေးခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက နယ်စပ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများထံ ပြန်လည်ချပြရှင်းလင်းပွဲ တစ်ရပ်ကို ဇွန် ၉ ရက်နေ့တွင် ၎င်းတို့ လေးဝါးစခန်း၌ ပြုလုပ်သွားမည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး ၂ ပဒို စောလှ ထွန်းက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ၏ မေလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်အရ လက်ရှိ နိုင် ငံရေးအခြေအနေကို ပြည်သူလူထုများထံသို့ တင်ပြညှိနှိုင်းဆွေးနွေးခြင်း(Consultation) များကို ပြုလုပ်ရန် သဘောထားရှိ သည့်အလျောက် ယခုလိုပြုလုပ်သွားရန် စီစဉ်လာခြင်းဖြစ်သည်ဟု ပဒိုစောလှထွန်းက ယခုလို ပြောသည်။

“ကျနော်တို့ဖြစ်နေတဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကို ကျနော်တို့ ကရင်လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံရှင်းလင်းပြ ချင်လို့ပါ။ ကရင်အမျိုးသားအချင်းချင်းကြားထဲမှာ အခုသွားနေတဲ့နိုင်ငံရေးဆွေးနွေးပွဲအရ ကျနော်တို့ အားလုံက အပြန်အ လှန်နားလည်မှု ရှိမှုနဲ့ ဟန်ချက်ညီညီ ကိုယ့်ရဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုပါဝင် ထိစပ်လုပ်ဆောင် သွားမ လဲဆိုတဲ့ ရည်ရွယ်ချက်က အဓိကပေါ့ ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ၂၁ ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်ခဲ့သည့် ကေအဲန်ယူခေါင်းဆောင်များမှ ၎င်းတို့ဆွေး နွေးခဲ့ရ သည့် ဖြစ်စဉ်များ၊ ရရှိလာသည့်ရလဒ်အပေါ်တွင် အခြေခံသွားမည့်ပုံစံ၊ ယခင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ ကရင် လူထု၏ ဆွေးနွေးအကြံပြုချက်များထဲမှ ဆွေးနွေးခွင့်ရရှိခဲ့သည့် အချက်၊ ကျန်ရှိခဲ့သည့် အချက်များအပေါ် ရှေ့ဆက်ဆွေး နွေးသွားမည့်ပုံစံများ၊ တတိယအကြိမ် ပြည်ထောင်စုညီလာခံ မတိုင်ခင်ကြားကာလ ပြုလုပ်သွားရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် တွေ့ဆုံရှင်းလင်းပြီး တက်ရောက်လာမည့် အဖွဲ့အစည်းကိုယ်စားလှယ်များ၏ သဘောထား များကို ရယူသွားမည်ဟုလည်း ပဒိုစောလှထွန်းက ဆက်ပြောသည်။

ဇွန်လ ၉ ရက်မှ ၁၀ ရက်နေ့အထိ နှစ်ရက်တာပြုလုပ်မည့် ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး၏ တင်ပြဆွေးနွေးခဲ့သည့်ဖြစ်စဉ်တစ်ခုလုံး၏အခြေအနေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ ငါးခုကို ၎င်းပင်လုံအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ သည့် ကေအဲန်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်များမှ ပြန်လည် ရှင်းလင်းတင်ပြဆွေးနွေးသွားမည်ဟု သိရသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် အရပ် ဖက်လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ကေအဲန်ယူဌာန အသီးသီးမှ ခေါင်းဆောင်များ၊ ယခင်အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူကိုယ်စားလှယ်အချို့ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၅၀ ဦး ခန့်တက် ရောက်သွားရန် စီစဉ်ထားသည်ဟု ကေအဲန်ယူက ဆိုသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်(KESAN)၏ ဒါရိုက်တာ စောပေါလ်စိန်ထွားက“အရပ် ဖက်အဖွဲ့တွေကို သူတို့(KNU)ရဲ့ လုပ်ငန်းစဉ်အကြောင်းအရာတွေကိုပြန်လည် အသိပေးတာကောင်းပါတယ်။ ဒါပေမဲ့ ကျ နော်တို့မြင်တာက သွားနေတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်အရ သူတို့အစည်းအဝေးကို မသွားခင် ကျနော်တို့ CBO၊ CSOတွေ နဲ့တွေ့ပြီးတော့ ကျနော်တို့ရဲ့အမြင်သဘောထား၊ စိုးရိမ်ပူပန်မှုတွေကို ရယူသင့်ပြီးတော့မှ ပြန်လည်ရရှိလာတဲ့ ရလဒ်အပေါ် ပြန်ပြီးဆွေးနွေးကြတာပိုပြီးနည်းမှန်၊ လမ်းမှန်ဖြစ်မယ်။ အခုက ကျနော်တို့ သဘောထားမပါပဲ လက်မှတ်ထိုးလာတဲ့ရလဒ် တွေအပေါ်မှာ ပြန်ဆွေးနွေးတာတော့ နည်းလမ်းမကျဘူးလို့ မြင်တယ်”ဟု ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး၌ ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ပြုလုပ်ကျင်းပခဲ့သည့် အ ဆင့်ဆင့်သော ဆွေးနွေးပွဲမှရရှိလာသော အဆိုပြု ချက်များကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းအဖြစ် ချုပ် ဆိုခဲ့ရာ ကဏ္ဍကြီး (၅)ခုမှ လုံခြုံရေး ကဏ္ဍမှလွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ (၄)ခုမှ မူဝါဒ သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁)အဖြစ် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ နှင့် အသိသက်သေများမှ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ကေအဲန်ယူနှင့် အရပ်ဖက်ကရင်လူမှုအဖွဲ့အစည်းများအကြား ယခင်က တွေ့ဆုံဆွေးနွေးမှုများ မကြာခဏရှိခဲ့သော်လည်း နိုင်ငံရေး ဖြစ်စဉ်အရ ပေါ်ပေါက်လာသော အရေးကြီးသည့် ကဏ္ဍများရှိလာမှသာ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

via Karen Newsletter http://ift.tt/2skC6ma http://kicnews.org

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်း အဖွဲ့တွေ တွေ့ဆုံ

 နေပြည်တော် နေအိမ်မှာ တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်နဲ့ကြား နိုင်ငံရေး အရ ထဲထဲဝင်ဝင် မဆွေးနွေး ခဲ့ကြပေမယ့် နောက်ပိုင်း ဆက်ဆံရေး ဆက်လက် ထားရှိသွားမယ့် အကြောင်း ပြောဆို ခဲ့ကြတယ် ဆိုပြီး ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က ပြောပါတယ်။
တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ ပါဝင်ဖို့ အစိုးရနဲ့ စစ်တပ်က တိုက်တွန်း နေပေမယ့် လက်ရှိ NCA ကိုတော့ လက်မှတ် ရေးထိုးမှာ မဟုတ်ဘူး ဆိုပြီး UWSA ရဲ့ ပြင်ပ

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin – Atom http://ift.tt/2s4HUPW http://ift.tt/Y2RpwJ

ကေအိုင်အိုခေါင်းဆောင်နှင့်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရောက်ရှိလာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံဖို့ ဖိတ်ကြားထားတဲ့အတွက်  ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ အန်ဘန်လနဲ့ ဇနီးတို့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် မြနန်းဘုံသာလမ်းက နိုင်ငံတော်အတိုင်ပင်ခံ နေအိမ်ကို ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကေအိုင်အို ခေါင်းဆောင်နဲ့တွေကဆုံပြီးနောက်  ဒီကနေ့မွန်းလွဲပိုင်းမှာ ကျန်တဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

The post ကေအိုင်အိုခေါင်းဆောင်နှင့်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရောက်ရှိလာ appeared first on DVB.

via DVB http://ift.tt/2r4rgRd http://burmese.dvb.no

မြောက်ပိုင်းစစ်ရေးမဟာမိတ်များ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံမည်

UWSA ဦးဆောင်တဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ ငြိမ်းချမ်းရေးညီလာခံ အပြင်ပန်းမှာ ဒီကနေ့ သီးခြားတွေ့ဆုံခဲ့သလို၊ မနက်ဖြန်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2rlUKNr http://ift.tt/Tf1V41