အစိုးရတပ် နဲ့ AA တိုက်ပွဲများ ရပ်ပေးဖို့ အမ်းမြို့ခံများ ဆန္ဒပြ

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော် နဲ့ AA လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတာတွေ ရပ်တန့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးအဖြေရှာကြဖို့ အမ်းမြို့မှာ ဒေသခံ ၃၀၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ငြိမ်းချမ်းရေးရအောင် ဆွေးနွေးနိုင်ရေးအတွက် အစိုးရက ဦးဆောင်ကြိုးပမ်းပေးဖို့ လိုအပ်နေတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်ရာမှာပါဝင်တဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရက မိန့်ပါတယ်။

"တိုင်းရင်းသားတွေ ဘာလိုချင်လဲ၊ တိုင်းရင်းသားတွေ ရင်ထဲမှာဘာရှိလဲ၊ တိုင်းရင်းသားတွေ ဘာဖြစ်ချင်သလဲ အဲ့ဒါကိုမျက်နှာချင်းဆိုင်ထိုင်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးသွားရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်၊ ဒီစစ်တပ်ကို ချေမှုန်းနိုင်ရင်လည်း နောက်ထပ်စစ်တပ်ပေါ်လာမှာပဲ၊ ဒါကြောင့် ဒီလမ်းကြောင်းကိုမသွားပါ နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပါ၊ ဒါကိုအစိုးရက ဦးဆောင်ပြီးတော့ ဆောင်ရွက်ပေးပါဆိုပြီး ဆန္ဒပြတာပါ"

AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်ပြီး ဖမ်းဆီးအကျဉ်းချထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း ဆန္ဒပြသူတွေ က တောင်းဆိုကြပါတယ်။

စစ်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာကြဖို့ အခုလအတွင်း ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၀ ခု ကျော်မှာ ဒေသခံတွေ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

via သတင်းများ http://ift.tt/1TVYwlC http://www.rfa.org

ကရင်ပြည်နယ်မှာ NLD ဥက္ကဌတစ်ဦး ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရ

ကရင်ပြည်နယ် ဘားအံမြို့နယ်က ကော့သင်းရှုးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဂျော်နီဟာ မနေ့ညက သူ့ရဲ့ နေအိမ်ဝင်းထဲမှာ အမည်မသိသေနတ် သမားတွေက ၀င်ရောက်ပစ်ခတ်တာကြောင့် သေဆုံးသွား ခဲ့ပါတယ်။

via သတင်းများ http://ift.tt/1GRhP7o http://www.rfa.org

တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်း ပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင် ခမ်းနဲ့ အတွင်းရေးမှူးတို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန်ရှိ သူတွေက ပြောပါတယ်။

via သတင်းများ http://ift.tt/1e3Ytnz http://www.rfa.org

ကိုးကန့် စစ်အုပ်ချုပ်ရေး သတင်းသမားတွေ စိုးရိမ်

တိုက်ပွဲဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ်လောက်ကိုင်ဒေသဘက်မှာ မြန်မာအစိုးရစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲတွေအကြား သတင်းရယူဖို့သွားမယ့် သတင်းသမားတွေကို တပ်မတော်ကနေ လုံခြုံရေး ယူပေးဖို့ မြန်မာဂျာနယ်လစ် ကွန်ယက် MJNကနေ တောင်းဆို လိုက်ပါတယ်။ လောလောဆယ်မှာ လောက်ကိုင်ဒေသကို  စစ်အုပ်ချုပ်ရေးကြေညာထားပြီး ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းမယ် ဆိုရင် စစ်ခုံရုံးက စစ်ဆေးသွားမှာဖြစ်တဲ့ အကြောင်းလည်း ဖော်ပြထား ပါတယ်။   လောက်ကိုင်နယ်မြေအတွင်းက စစ်ရေး နဲ့ သတင်းမီဒီယာ လှုပ်ရှားခွင့်တွေ…

via Voice of America http://ift.tt/1FEfArB http://ift.tt/Tf1V41