မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေးရောဂါ သံသယရှိ လူနာ ၁၃ ဦး တွေ့ရှိ၊ ၁ ဦးသေ

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှာ  Seasonal Influenza A(H1N1) 2009 အမျိုးအစား ကမ္ဘာ့လူတုပ်ကွေးရောဂါ သံသယရှိတဲ့ လူနာ ၁၃ ဦး စစ်ဆေးတွေ့ရှိပြီး ၁ ဦး သေဆုံးသွားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တယ်။

ချင်းပြည်နယ် မတူပီမြို့ပေါ်ရပ်ကွက်တချို့မှာ ရာသီတုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၀ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ ဦး၊  ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ၁ ဦး၊ စုစုပေါင်း ၁၃ ဦးမှာ ရောဂါတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“H1N1 ထူးကဲဖြစ်တာရှိပါတယ်။ ချင်းပြည်နယ် မတူပီမှာ ပိုးတွေ့ရှိ အတည်ပြုနိုင်တာ ၁၀ ဦး၊ ရန်ကုန်ဆေးရုံကြီးမှာ ၂ ဦး၊ ရန်ကုန်ဆေးရုံသစ်ကြီးမှာ ၁ ဦးပါ။ စစ်ဆေးအတည်ပြုနိုင်တာက ၂၀၁၇ ဇူလိုင်လထဲမှာ အားလုံး ၁၃ ယောက်၊ ရန်ကုန်မှာ ၃ ယောက်ပါ။ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးပေါ့။ ဒီဟာက အခုမှ အသစ်ထပ်ပြီးပေါ်တဲ့ရောဂါ မဟုတ်ဘူးခင်ဗျ။ လူတုပ်ကွေးက ရာသီပေါ် တုပ်ကွေးအမျိုးအစားပဲ။ နည်းနည်းပြင်းထန်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ တအားကြီး စိုးရိမ်စရာတော့ မရှိဘူး။ ဆေးဝါးကုသမယ်၊ နားနားနေနေနေမယ်၊ ဆေးရုံဆေးခန်းမှာ ကုသမယ်ဆိုရင်တော့ အသေပျောက်ကတော့ နည်းပါတယ်။ သို့သော်လည်းပဲ ပြန့်ပွားမှုကတော့ မြန်ပါတယ်။ ဝက်တုပ်ကွေးမဟုတ်ပါဘူး။ လူတုပ်ကွေးအမျိုးအစား ကမ္ဘာ့လူတုပ်ကွေးရောဂါပါ။”

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ လူနာ ၂ ဦးအနက် အမျိုးသမီး ၁ ဦးဟာ ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့ကဖြစ်ပြီး ဇူလိုင် ၆ ရက်က ရောဂါစတင်ဖြစ်ပွားလို့ ဇူလိုင် ၁၉ ရက်မှာ ပုသိမ်ဆေးရုံကနေ တဆင့် ရန်ကုန်ကို ရောက်တာဖြစ်ပါတယ်။

နောက်တဦးကတော့ ရန်ကုန် အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် စားဖိုမှူးအလုပ် လုပ်ကိုင်တဲ့ အမျိုးသားတဦးဖြစ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ရောဂါဖြစ်ပွားလို့  ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ တက်ရောက်ကုသနေသူ ၁ ဦးကတော့ ပျဉ်းမနား ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အသက် ၂၂ နှစ်အရွယ် နောက်ဆုံးနှစ်  ကျောင်းသူဖြစ်ပြီး ဇူလိုင် ၈ ရက်က ရောဂါဖြစ်ပွားကာ ဇူလိုင် ၁၃ ရက်နေ့မှာ ရန်ကုန်ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

လက်ရှိ ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ကျန်တဲ့ ၂ ဦးကတော့ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင် (အိုင်စီယူ) မှာ ထားထားပြီး ဒီနေ့မနက် အခြေအနေ သက်သာလာပြီလို့  ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

H1N1 တုပ်ကွေးရောဂါဟာ လေထဲကတဆင့် လူလူချင်း ကူးစက်ပြန့်ပွားတဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာ၊ နှာချေ၊ နှာရည်ယို၊ ချောင်းဆိုး၊ လည်ချောင်းနာတာနဲ့ ပျို့အန် ဝမ်းသွားတာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ရောဂါမပြန့်ပွားအောင် ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ထိရောက်မှုမရှိဘဲ ဆေးဝါးမပါတဲ့ ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ နှာခေါင်းကို လက်ကိုင်ပုဝါအုပ်ထားတာ၊ လက်မကြာခဏ ဆေးရကြောတာ၊ လူစုလူဝေးရှောင်ရှားတာ၊ ရောဂါဖြစ်နေတဲ့လူနဲ့ အနည်းဆုံး ၆ ပေအကွာမှာ နေရတာနဲ့ အာဟာရပြည့်ဝအောင် စားတာတွေ လုပ်ဖို့လိုမယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးဌာနအနေနဲ့ ရောဂါကာကွယ်ရေးအတွက် လူထုပညာပေးလုပ်ငန်းတွေကို  သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနတွေကတဆင့် ဆောင်ရွက်သွားဖို့ ရှိနေပြီး  ကျန်းမာရေးဌာန တခုတည်း လုပ်လို့မရဘဲ လူထုပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်ပွားသူ ၂၀၀၉ ခုနှစ်မှာ ၁၆ ယောက်၊ ၂၀၁၀ ပြည့်နှစ်မှာ ၂၃၂ ယောက်၊ ၂၀၁၂ မှာ ၂၉ ယောက်၊ ၂၀၁၄ မှာ ၁၆၇ ယောက်နဲ့ ၂၀၁၆ ခုနှစ်မှာ  ၉ ယောက် ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

The post မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေးရောဂါ သံသယရှိ လူနာ ၁၃ ဦး တွေ့ရှိ၊ ၁ ဦးသေ appeared first on DVB.

from DVB http://ift.tt/2tuIMhS
via IFTTT

ဇီကာပိုး မကူးစက်ရေး သတိထားဖို့ ကျန်းမာရေးဌာန နိုးဆော်

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံခြားသူ အမျိုးသမီးတဦး ဇီကာရောဂါ ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့မှာပဲ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မခံရအောင် သတိထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံနှိုးဆော်လိုက်ပါတယ်။

from VOA News: မြန်မာသတင်း http://ift.tt/2ePlYVP
via IFTTT

အမြန်ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း အစိုးရ ထုတ်ပြန်

အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြုပ်ပြီး သေဆုံးခဲ့သူများရဲ့ မိသားစုများနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲပါကြောင်း အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အစိုးရအဖွဲ့ကြေညာချက်ထဲမှာ “ဖြစ်စဉ်၌ သေဆုံးခဲ့သူများ၏ မိသားစုများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲပါကြောင်း၊ အသက်ဆုံးရှုံးခဲ့သည့် ခရီးသည်များအတွက် သက်ဆိုင်ရာဌာနများက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယင်းဖြစ်စဉ် ဖြစ်ပွားမှုအပေါ် စနစ်တကျ စစ်ဆေး၍ တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းကျေးရွာအနီးမှာ ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာခဲ့တဲ့ ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန် ရေယာဉ်တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။

ရေယာဉ်နစ်မြုပ်မှုအတွင်း ခရီးသည် ၁၆၀ လောက် ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၇၀ ကျော် ဆယ်ယူရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

14692201_1117947801586288_6692284512543428344_o

The post အမြန်ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း အစိုးရ ထုတ်ပြန် appeared first on DVB.

from DVB http://ift.tt/2ez3a9N
via IFTTT

မောင်တောကျေးရွာ ၃၀ ကျော် လုံခြုံရေးကြောင့် စားနပ်ရိက္ခာပို့ရန်ခက်ခဲနေ

အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်က ပိတ်မိနေတဲ့ ပထမအဆင့် ဦးစားပေး ကျေးရွာ ၃၀ ကျော်ထဲ လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာတွေ ပို့ဖို့ အခက်အခဲရှိနေပါတယ်။

လက်ရှိမှာလည်း ကျေးရွာ ၃ ရွာကိုပဲ စားနပ်ရိက္ခာတွေပို့ပေးနိုင်သေးပြီး ပိတ်မိနေတဲ့ ကျေးရွာတွေမှာ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲကြသလို အကြမ်းဖက်ခံရမှာ ကြောက်တာကြောင့် နေအိမ်တွေ ကင်းစောင့်နေရတယ်လို့ မောင်တောမြို့နယ်၊ ကန်ချောင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကပြောပါတယ်။

“တောထဲ တောင်ထဲလည်း မသွားရဘူး၊ ထင်းခုတ်ဖို့လည်း မသွားရဘူး။ ကျနော်တို့ရွာသားတွေက ထင်းခုတ်ပြီးတော့ စားနေရတာ။ တနေ့ရှာမှ တနေ့စား လုပ်ကိုင်စားသောက်နေရတာ။ အခု ညမထွက်ရအမိန့် အတိုင်းတာနဲ့ဆိုတော့ ဘယ်လို ပြောရမလဲ။ တခုမှ သွားလို့မရတဲ့အတွက် စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။”

    အကြမ်းဖက်ခံရပြီးနောက်မှာ ကျေးရွာထဲကနေ လူတွေ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲလို့ အခုဆိုရင် စားဖို့ သောက်ဖို့ အခက်အခဲ ဖြစ်နေကြရပါတယ်။

    ကိုင်းကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက “ကျနော်တို့ အခုလက်ရှိ စားဝတ်နေရေးကတော့ ဒီလို အကြမ်းဖက်ဖြစ်တဲ့နေ့ကနေခုထိ အပြင်မထွက်ရဘူး။ ကျနော်တို့လူမျိုးတွေက ထင်းခုတ်ပြီးတော့ ရောင်းစားတာ။ အခု အပြင်ဘက်မထွက်ရဘူးဆိုတော့ ကျနော်တို့ စားဝတ်နေရေး တအားအခက်အခဲရှိတယ်” လို့ ပြောပါတယ်။

    လက်ရှိအခြေအနေအနေမှာတော့ ပိတ်မိနေတဲ့ ဦးစားပေးကျေးရွာတချို့ကိုလည်း စားနပ်ရိက္ခာတွေပို့ဖို့ လာနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။

    ဝေဠုကျော်ဖောင်ဒေးရှင်းမှ ကိုဝေဠုကျော်က “သူတို့ရွာကတော့ လုံခြုံရေးတွေ ဘာတွေ သူတို့ဘာသာသူတို့ စည်းကမ်းနဲ့ နေကြတဲ့အခါမှာတော့ အခုထိတော့ ထိပ်တိုက် ဘာမှ မတွေ့သေးဘူးပေါ့နော်။ နောက် သူတို့မှာ တွေ့လာဖို့လည်း သူတို့က စိုးရိမ်တဲ့အတွက် အခက်အခဲရှိနေတယ်။ ပြီးတော့ စားနပ်ရိက္ခာကလည်း သူတို့မှာ နည်းသွားပြီပေါ့နော်။ အခြေအနေက သူတို့မှာ ရွာအပြင်ကို ထွက်ရဲတဲ့အခြေအနေ မရှိဘူး။ အဲဒီအတွက်ကြောင့် လိုအပ်တာလေးတွေ ကျနော်တို့ လာကူညီတာပါခင်ဗျ” လို့ ပြောပါတယ်။

    နေရပ်စွန့်ခွာပြီး ယာယီဒုက္ခသည်စခန်းတွေမှာ ခေတ္တခိုလှုံသူတွေဟာ မောင်တောမြို့မှာ ၃၀၀ ကျော်၊ ဘူးသီးတောင်မြို့မှာ ၁၃၀၀ ကျော်၊ စစ်တွေမြို့မှာ ၈၀၀ ကျော် ရှိနေပါတယ်။

    မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေမှာ ထွက်ပြေး တိမ်းရှောင်လာပြီး နီးစပ်ရာ ဆွေမျိုးတွေဆီ နေသူတွေ ၁၀၀၀၀ ကျော်လောက် ရှိနိုင်တယ်လို့ ကယ်ဆယ်ရေးစခန်းတွေက စုံစမ်းသိရပါတယ်။

သတင်း – ဝဏ္ဏခွာညို

The post မောင်တောကျေးရွာ ၃၀ ကျော် လုံခြုံရေးကြောင့် စားနပ်ရိက္ခာပို့ရန်ခက်ခဲနေ appeared first on DVB.

from DVB http://ift.tt/2eTArR4
via IFTTT

အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှု သေဆုံးသူ ၆၀ နီးပါး ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှုမှာ ဒီနေ့ညနေအထိ ရုပ်အလောင်း ၆၀ နီးပါးကို ဆယ်ယူရရှိထားတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

ရေယာဉ်ထဲမှာ လောလောဆယ် အလောင်း ၇ လောင်းကို ထပ်တွေ့ထားတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

"ကရိန်းနဲ့ ဆောင့်ပြီး အမိုးကိုဖွင့်လိုက်တာပေါ့နော် အခုခေါင်းပိုင်းကိုစဖွနေတယ်၊ ခေါင်းပိုင်းမှာ အခုလောလောဆယ် အလောင်းတွေ ၄ ၅ ၆ လောင်းလောက် ထုတ်ပြီးပြီ၊ ခေါင်းခန်းထဲက ပိုက်ဆံအိတ် တွေ ရတနာပစ္စည်းတွေ အဲ့ဒါတွေကိုထည့်နေကြတယ်၊ တစ်ခန်းခြင်းဖွနေတာ အခုဖော်နေတာ ဟုတ်တယ်ဖော်နေတာ ပေါ်နေပြီ ၇ လောင်း ၈ လောင်းလောက်ရှိသွားပြီ"

ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူတွေအတွက် ရည်စူးပြီး ရက်လည်ဆွမ်းသွတ်ပွဲကို တိုင်းဒေသကြီးအစိုးရက ဒီနေ့ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာ၊ သာသနာ့ရက္ခိတ ကျောင်းတိုက်မှာ ကျင်းပခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့လည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာ သံဃာတော်တွေက ရေယာဉ်နဲ့ ပရိတ်ရွတ်ဖတ်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မနက်က ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်ရာမှာ အသက်ရှင်ကျန်ရစ်သူ ၁၅ဝ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ ၁၅၀ကျော် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

သေဆုံးသူတွေထဲမှာ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကလေးတွေ အများစုပါဝင်ပါတယ်။

from သတင်းမဵား http://ift.tt/2eHipSQ
via IFTTT

ဇီကာအန္တရာယ် သတိထားနယ်မြေထဲ မြန်မာကို ကန် ထည့်သွင်း

အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDCက ဇီကာဗိုင်းရပ် ကူးစက်ခံနိုင်ရတဲ့ အန္တရာယ်ရှိတဲ့အတွက် နှိုးဆော်ချက် ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။

from သတင်း | Burmese – VOA http://ift.tt/2cR2fDA

မိုးနှောင်းကာလ မုန်တိုင်းများဖြစ်ပေါ်ပြီး ရေကြီးမှု အခြေအနေဆိုးနိုင်ဟုဆို

ရာသီဥတု

၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ရေကြီးရေလျှံ ဖြစ်ပွားမှု မြင်ကွင်း (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

မြန်မာနိုင်ငံတွင် ယခုနှစ် မိုးနှောင်းကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၃ ခုမှ ၅ ခုအထိ ဖြစ်ပေါ်နိုင်ပြီး ရေကြီးမှု အခြေအနေ ဆိုးဝါးနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းတွင် ယခုအချိန်အထိ ဘင်္ဂလားပင်လယ်အော်ထဲတွင် မေလကဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း (ROANU) တလုံး တည်းသာဖြစ်သေးခဲ့ကြောင်း၊ မကြာခင်မိုးကုန်တော့မည်ဖြစ်ပြီး မိုးကုန်သည်အထိ ယင်းမုန်တိုင်း တလုံး တည်း သာရှိလိမ့်မည်ဖြစ်၍ မိုးရာသီအကုန် မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လအတွင်း တွင် မုန်တိုင်း များစုပြုံပြီးဖြစ်ပေါ်နိုင်ကြောင်း ၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်အတွင်း နှစ်အလိုက် ပျှမ်းမျှအားဖြင့် မိုးနှောင်း ကာလ ၃ လအတွင်းဖြစ်သည့် မုန်တိုင်း အရေအတွက်  ၃ လုံးအထက်ရှိကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

“ဒီနှစ်မိုးလွန်ကာလမှာလည်း ဆရာက မုန်တိုင်း ၃ လုံးကနေ ၅ လုံးအထိဖြစ်လိမ့်မယ်လို့ မှန်းထား တယ်။ ဘင်္ဂလား ပင်လယ် အော်မှာ။ မုန်တိုင်းအနေအထားကတော့ အဲဒီအတိုင်းရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၆ မိုးရာသီ မိုးလယ်ကာလသည် မကြာခင်ကုန်ဆုံးတော့မည်ဖြစ်ပြီး စက်တင်ဘာမိုးနှောင်းကာလအတွင်းမှာပင် မုတ်သုံ ပြန်ဆုတ်ခွာ မည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုနှင့်ပတ်သက်၍ မိုးရေချိန်သည် မိုးဦးရာသီမှမိုးလယ်ကာ အထိ အတက်အကျ ရှိသော်လည်း အားလုံး ကိုခြုံငုံပြောပါက ယခုနှစ် မိုးကောင်းသည်ဟု ပြောနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သုံးသပ် သည်။

မြန်မာနိုင်ငံသည်  မိုးရာသီကာလတွင် တနှစ်လျှင် ရေကြီးမှု  ၃ ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး ယခုအခါ ဒုတိယရေကြီးကာလ ပြီးသွားပြီ ဖြစ်ကြောင်း၊ စက်တင် ဘာ တွင် စတင်မည့်တတိယရေကြီးကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး တတိယ ရေကြီးကာလတွင် ရေကြီးမှုသည် အနည်း ငယ်အခြေအနေဆိုးနိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

“မုတ်သုံရယ်၊ ဘင်္ဂလားပင်အော်ဖြစ်တဲ့ မုန်တိုင်းရယ်၊ အရှေ့ဘက်ကရွေ့လာတဲ့ လေပွေလှိုင်းရယ် ၃ ခုစလုံးသွားဆုံတယ်။ ဒါလေးတခုကိုခြွင်းချက်တခုအဖြစ်သိထားသင့်တယ်။ အဲလိုမဖြစ်ဘူးဆိုရင်တော့ တတိယရေကြီးကာလရဲ့ရေကြီးမှုဟာ ပြီး ခဲ့တဲ့ ဇူလိုင်၊ သြဂုတ်ရေကြီးမှုကိုမမီပါဘူး။ သာမန်အားဖြင့်တော့မမီပါဘူး။ သို့သော်ခြွင်းချက် အဲလိုတိုက်ဆိုင်မယ်ဆိုရင် တော့ ရေကြီးတာဟာနည်းနည်းဆိုးသွားနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်က သတိပေးသည်။

၁၉၇၄ ခုနှစ်တွင် ဧရာဝတီမြစ်ရေသည် အလွန်အမင်းမြင့်တက်ပြီး ရေကြီးခဲ့ဖူးကြောင်း၊ ပဲခူးတိုင်း ပြည်မြို့ ရွှေဆံတော် ဘုရား ခြေရင်း တည်ထားသည့် ခြင်္သေ့ကြီးများ၏ခြေရင်းရောက်သည်အထိ ဧရာဝတီမြစ်ရေတက်ခဲ့သည်အထိ ရေကြီးမှု ဆိုးဝါးခဲ့ကြောင်း ၎င်းက ပြောပြသည်။
၂၀၁၆ ခုနှစ် ရေကြီးမှုဒဏ်ကို မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်ရှိ လူဦးရေ ၄ သိန်းကျော် ခံစားခဲ့ရပြီး နိုင်ငံတ၀န်း စိုက်ပျိုးဧကစုစုပေါင်း ၅ သိန်းကျော် စံချိန်တင် ရေနစ်မြုပ်ခဲ့ရကြောင်း သက်ဆိုင်ရာ ၀န်ကြီးဌာနများက ထုတ်ပြန်ထားသည်။

“ရေတွေပြန်ကျသွားပြီ။ ကယ်ဆယ်ရေးစခန်းတွေ မရှိသလောက်ပဲ။ ကျောင်းကုန်းမှာပဲကျန်တော့တယ်။ ပျက်စီးသွားတဲ့စပါး ခင်းတွေ ပြန်စိုက်နေကြပြီ။ တချို့ကတော့ နောက်ရေတခုရှိသေးတယ်ဆိုပြီးသိထားတော့ မစိုက်သေးတာလည်းရှိသေး တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက လက်ရှိအခြေအနေကို ပြောသည်။

The post မိုးနှောင်းကာလ မုန်တိုင်းများဖြစ်ပေါ်ပြီး ရေကြီးမှု အခြေအနေဆိုးနိုင်ဟုဆို appeared first on ဧရာဝတီ.

from ဧရာဝတီ http://ift.tt/2bGXfCA

ငလျင်ဒဏ်သင့်ပုဂံဘုရားတွေနဲ့ UNESCO အကူအညီ

သြဂုတ်လ ၂၄ ရက် ငလျင်ကြောင့် ရှေးဟောင်းပုဂံဘုရားစေတီ ၂၀၀ နီးပါး ပျက်ဆီးခဲ့တာဟာ လူသားတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က ပြောပါတယ်။ ပြန်လည်ပြုပြင်ဖို့အတွက် UNESCO က အကူအညီ ပေးမယ်လို့လည်း ပြောပါတယ်။ AP သတင်းကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ Originally published at – http://ift.tt/2bTl0El

from VOA Burmese (uploads) on YouTube https://www.youtube.com/watch?v=HpKELzXBvKg
via IFTTT

ငလျင်ဒဏ်သင့် ပုဂံဘုရားပြုပြင်ရေး အလျင်စလိုမလုပ်ဖို့ ဒေါ်စုညွှန်ကြား

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ပုဂံဒေသက ဘုရား၊ စေတီပုထိုးတွေကို အလျှင်စလိုမပြုပြင်ဘဲ၊ UNESCO အဖွဲ့ရဲ့ အကူအညီနဲ့ လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်ပါတယ်။

from VOA News: မြန်မာသတင်း http://ift.tt/2bRTOFF
via IFTTT

ငလျင်ဒဏ်သင့် ရှေးဟောင်းပုဂံဘုရားများ

သြဂုတ်လ ၂၄ ရက်နေ့က ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြီးကြောင့် ပုဂံက ဘုရားပုထိုးစေတီတော်တော်များများ ထိခိုက်သွားပါတယ်။

from သတင်း | Burmese – VOA http://ift.tt/2bQrjrY

ငလျင်ကြောင့် လွှတ်တော်အပျက်စီး မြင်ကွင်းများ (ဓာတ်ပုံ)

သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန် ၅ နာရီ ၅ မိနစ်လောက်က  နေပြည်တော်မှာ ငလျင်လှုပ်သွားခဲ့ပြီးနောက် လွှတ်တော်အတွင်း အပျက်စီးများ မြင်တွေ့ရစဉ်။

ဓာတ်ပုံ – Thiri Yadanar

The post ငလျင်ကြောင့် လွှတ်တော်အပျက်စီး မြင်ကွင်းများ (ဓာတ်ပုံ) appeared first on DVB.

from DVB http://ift.tt/2bFXLje
via IFTTT

အင်အားပြင်း ငလျင်ကြောင့် ပုဂံဘုရားတွေ ပြိုကျ

မြန်မာနိုင်ငံမှာလည်း အင်အား ၆.၈ ရှိတဲ့ ငလျင်တခု လှုပ်သွားတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေကိုပြောပါတယ်။

from သတင်း | Burmese – VOA http://ift.tt/2bw9kJf
via IFTTT

မြောက်ဦးမြို့ ရတနာ့မာန်အောင်စေတီ စိန်ဖူးနှင့် ကျောက်ထီးတော် မြေခ (ဓာတ်ပုံ)

ဒီနေ့ညနေ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြောက်ဦးမြို့ ရတနာ့မာန်အောင် စေတီ စိန်ဖူးနှင့် ကျောက်ထီးတော် မြေခခဲ့။

ဓာတ်ပုံ – အောင်ကိုကို

The post မြောက်ဦးမြို့ ရတနာ့မာန်အောင်စေတီ စိန်ဖူးနှင့် ကျောက်ထီးတော် မြေခ (ဓာတ်ပုံ) appeared first on DVB.

from DVB http://ift.tt/2bNA2eg
via IFTTT

ငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားစေတီ ၆၀ ကျော် ထိခိုက်ပျက်စီး၊ လူသေဆုံးမှုရှိ

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဒီကနေ့ ညနေက လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရှေးဟောင်းဘုရားစေတီ ၆၅ ဆူလောက် ထီးတော်ယိုင်၊ စိန်ဖူးတော်မြေခ၊ ဖောင်းရစ်တွေ အက်ကွဲခဲ့တယ်လို့ လူကယ်ပြန်ဌာနက သတင်း ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်းရှိ စေတီတော်ပြိုကျပြီး  သစ်တပွေရပ်ကွက်မှာ  လူ ၂ ဦး သေဆုံးသွားတယ်လို့ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာတော့  ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျလို့ လူ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရရှိပြီး ကွန်းရွာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။

မင်းလှမြို့နယ်ရှိ ဘုရားစေတီ ၁ ဆူ စိန်ဖူးတော်မြေခခြင်း၊ ငဖဲမြို့နယ်မှာ  အိမ်အချို့ပြိုကျပျက်စီးခြင်းရှိခဲ့သလို ချောက်မြို့နယ်မှာ  အဆောက်အဦနှင့်နေအိမ်အချို့ပျက်စီးကာ ပွင့်ဖြူမြို့နယ် ကျွဲထိကျေးရွာမှာ စေတီ(၁)ဆူပြိုကျ အဆောက်အဦအချို့ပျက်စီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ရတနာ့မာန်အောင်စေတီတော် ပြိုကျခဲ့သလို  စစ်တွေမြို့နယ်မှာတော့  ဓာတ်တိုင်တွေယိမ်းယိုင်သွားပြီး  နေပြည်တော်လွှတ်တော်အဆောက်အဦမှာ မျက်နှာကျက်တွေ အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ အစိုးရဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သိရ ပါတယ်။

The post ငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားစေတီ ၆၀ ကျော် ထိခိုက်ပျက်စီး၊ လူသေဆုံးမှုရှိ appeared first on DVB.

from DVB http://ift.tt/2bfpZTX
via IFTTT