ပညာရေးဝန်ကြီး နှင့် န.က.သ တွေ့ဆုံမှု အချက်လေးချက် ညှိနှိုင်းဆွေးနွေး

(ဓာတ်ပုံ- မင်းသူကျော်/န.က.သ)

ရန်ကုန်၊ မေ ၂၉ ။  ။ ပညာရေး ဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး နှင့် နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (န.က.သ) တွေ့ဆုံကာ အချက်လေးချက်ကို အဓိက ဆွေးနွေးခဲ့သည်ဟု န.က.သ၏ ဗဟိုအလုပ်မှုဆောင် ဇေယျလွင်က မဇ္ဈိမကို ပြောသည်။ 

မေ ၂၉ရက်က အဆင့်မြင့်ပညာဦးစီးဌာနရုံး၌ ဝန်ကြီး နှင့် န.က.သ ကျောင်းသားများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

ပညာရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် “အရင်အစိုးရတုန်းက ဒီလိုညှိနှိုင်းပွဲမပြောနဲ့ ဖွဲ့တာနဲ့ ဖမ်းခဲ့တာ။ အခုအစိုးရသစ်မှာ ဝန်ကြီးနဲ့ ခေါ်တွေ့ ညှိနှိုင်းတာတော့ အရမ်းကွာဟပါတယ်။ ဒီအပေါ်ကိုလည်း ပထမဆုံးတွေ့ဆုံ ညှိနှိုင်းမှုက ကျောင်းသား နဲ့အစိုးရကြားရင်ကြားစေ့ပေးတယ်။ အမြင်မတူမှုတွေကို ညှိနှိုင်းမှုရတယ်လို့မြင်တယ်" ဟု ၎င်းကပြောသည်။

ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲထားပြီး အတည်မပြုရသေးမီ အချိန်တွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရန်၊ အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရာတွင် တက္ကသိုလ်တစ်ခုချင်းမှ စည်းကမ်းချက်များကို ကျောင်းသားသမဂ္ဂများပါ ပူပေါင်းပါဝင်ရေးဆွဲခွင့်ပြုရန်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေတွင် ကျောင်းသားများအပေါ် ဖိနှိပ်မှုများရှိနေသည်ဟု ကျောင်းသားများက ခံယူထားသည်အတွက်  ပြန်လည်ပြင်ဆင်ရန် အချက်သုံးချက်ကို ကျောင်းသားများဘက်က ဆွေးနွေးခဲ့သည်။

အဆင့်မြင် ပညာရေး ဥပဒေရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂများ မှပူပေါင်းပါဝင်နိုင်ရေး အချက်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းက သဘောတူခဲ့သည်။ 

ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်သည့် တက္ကသိုလ် အရည်အသွေးထိန်းရေး စီမံချက်တွင် တက္ကသိုလ်သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသားများ၏ အသံ (feedback)ကို ပြန်လည်လိုအပ်သည်ဟု ဝန်ကြီးက ပြောသည်ဟု ၎င်းကပြောသည်။

ယင်းအချက်ကို ကျောင်းသားများက ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းမှုကို ကျောင်းသားများဘက်က သဘောတူညီခဲ့သည်။ 

တက္ကသိုလ်ကျောင်းဝန်းအတွင်း  မူးယစ်ဆေးဝါးပြဿနာ၊ သွားလားရေးခက်ခဲမှု ပြဿနာ၊ ကျောင်းသားများ ကျန်းမားရေးနှင့်ဆိုင်သည့် ဆေးကုခန်းထားရှိရေး၊ စာသင်ခန်းတွင် လက်တွေ့စမ်းသပ် ကိရိယာ ပြည့်စုံမှုမရှိခြင်း၊ ကျောင်းတွင်း စားသောက်ဆိုင်များ ကျန်းမားရေး နှင့် ညီညွှတ်မှုမရှိခြင်း၊ အိမ်သာများ သန့်စင်မှုမရှိခြင်း စသည့် အခြေခံလိုအပ်ချက်များကို ကျောင်းသားများက တင်ပြဆွေးနွေးခဲ့သည်။ 

ယင်းအချက်လက်များကို အရေးကြီးလုပ်ဆောင်ရမည့် အချက်များ၊ ရေရှည်လုပ်ဆောင်ရမည့်အချက်များ ဟူ၍ ကဏ္ဍခွဲလုပ်ဆောင်ပေးမည်ဖြစ်ကာ အချို့အချက်များကို ချက်ချင်းလုပ်ဆောင်ပေး၍ မဖြစ်နိုင်သေးကြောင်း ဝန်ကြီးက ပြောသည်ဟု ဆိုသည်။ 

ညှိနှိုင်းပွဲတွင်  ပညာရေးဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး၊ အခြေခံပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်သင် ဒုညွန်ကြားရေးမှူးချုပ်၊  အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုကြားရေးမှူးချုပ်၊ ပညာရေး သုတေသီမှ ဒေါက်တာခိုင်မြဲ အပါအဝင် နိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်မှ ကျောင်းသား ၂၇ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

 နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (န.က.သ)သည် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် မြေလတ် ဗ.က.သအဖွဲ့တို့ ပေါင်းစည်းက မေ ၂၅ရက်ကမှ အသစ်ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1slmHkK http://ift.tt/1nfHMox

ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို အသစ်ဖွဲ့လိုက်ပြီး ပညာရေးဝန်ကြီးနှင့် မေလကုန် တွေ့မည်

ရန်​ကုန်​၊ ​မေ ၂၅ ။   ။ မေ ၂၅ရက်၌ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့ချုပ်(န.က.သ.) နှင့် ပညာ​ရေးဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ မေလ ၂၉ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။ 

"ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖိတ်ကြားတာပါ။ ကျွန်တော်တို့က နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အနေနဲ့ သွားရောက်ဆွေးနွေမှာပါ။"ဟု န.က.သ ဗဟိုအလုပ်အမှုဆောင် ကိုဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

ယင်း​တွေ့ဆုံမှုတွင်​ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်၊ သမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေး၊ အကျဉ်းကျ ကျောင်းသားများ ကျောင်းပြန်လည်တက်ခွင့်ရှိရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍတို့ ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ (၁၆)ဦး၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ)မှ (၁၁)ဦး စုစုပေါင်း (၂၇) ဦးဖြင့် ​မေလ ၂၅ရက်​​နေ့တွင်​ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နိုင်​ငံလုံးဆိုင်​ရာ ​ကျောင်းသားသမဂကို မြန်​မာနိုင်​ငံ ပညာ​ရေးစနစ်​ ​ပြောင်းလဲ​ရေး၊ ဒီမိုက​ရေစီ ပညာ​ရေးစနစ်​ ဖြစ်​​ပေါ်လာ​ရေး၊ ​ကျောင်းသားသားထု အခွင့်​အ​ရေး ကာကွယ်​​စောင့်​​ရှောက်​​ရေး၊​ကျောင်းသားထု စွမ်းရည်​မြှင့်​တင်​​ရေး၊ ​ကျောင်းသမဂများ လွတ်​လပ်​စွာ လှုပ်​ရှားရပ်​တည်​ခွင့်​ရရှိ​ရေး ထိထိ​ရောက်​​ရောက်​ ​ဆောင်​ရွက်​ရန်​ ရည်​ရွယ်​ ဖွဲ့စည်းခြင်းဖြစ်​​ကြောင်း န.က.သ က ​မေ ၂၅ရက်​​တွင်​ ထုတ်​ပြန်​သည့်​​ကြေညာချက်​၌ ​ဖော်​ပြထားသည်​။

ထို့အပြင်​ ၎င်းတို့အ​နေဖြင့်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံ ​ဒေါ်​အောင်​ဆန်းစုကြည်​နှင့်​ စမ္မတဦးထင်​​ကျော်​ ဦး​ဆောင်​သည့်​ အစိုးရအဖွဲ့တို့နှင့်​ ပူး​ပေါင်း​ဆောင်​ရွက်​သွားမည်​ဟုလည်း ​ကြေညာချက်​က ဆိုသည်​။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဖွဲ့စည်းသည့် အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယစာသင်တိုက်တွင် မေလ (၂၅) ရက်နေ့က နံနက်​ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1NNEbQA http://ift.tt/1nfHMox

မန္တလေးမှာ ဗကသ ကျောင်းသားတွေ လမ်းလျှောက်ဆန္ဒပြ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ပြီးခဲ့တဲ့နှစ်က စတင်ဆန္ဒပြတောင်းဆိုကြတဲ့ အထက်မြန်မာပြည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေဟာ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့မှာ ဒီကနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

via သတင်းများ http://ift.tt/1S59pSb http://www.rfa.org

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှု ဒေါက်တာညိုညိုသင်း ကို မေးမြန်း

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲခံခဲ့ ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက်က ဒေါက်တာညိုညိုသင်း ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

via သတင်းများ http://ift.tt/1Lkr3gm http://www.rfa.org

မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ သမဂ္ဂ ဖွဲ့စည်း

ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာ တက္ကသိုလ်မှာ နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

via သတင်းများ http://ift.tt/1IrCQtU http://www.rfa.org

ကျောင်းသူကျောင်းသား ၁၃ ဦးရဲ့အယူခံ သာယာဝတီတရားရုံး ပယ်ချ

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူ ၇၀ ကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူ ကျောင်း သား ၁၃ ဦးရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။

via သတင်းများ http://ift.tt/1dcoBfJ http://www.rfa.org

ကျောင်းသူကျောင်းသား ၁၃ ဦးရဲ့အယူခံ သာယာဝတီတရားရုံး ပယ်ချ

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူ ၇၀ ကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူ ကျောင်း သား ၁၃ ဦးရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။

via သတင်းများ http://ift.tt/1dcoBfJ http://www.rfa.org

ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းမည်ဟု ကျောင်းသားခေါင်းဆောင်မ…

ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းမည်ဟု ကျောင်းသားခေါင်းဆောင်များပြော
=================

အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရန်အတွက် ညှိနှိုင်းအဖြေရှာနေခြင်းကို ကြိုဆိုကြောင်းနှင့် ပြင်ဆင်နိုင်ရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင်များက ပြောသည်။

သတင်းအပြည့်အစုံ …………. http://ift.tt/1OdWXwg


ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းမည်ဟု ကျောင်းသားခေါင်းဆောင်မျာ
www.7daydaily.com
အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရန်အတွက် ညှိနှိုင်းအဖြေရှာနေခြင်းကို ကြိုဆိုကြောင်းနှင့် ပြင်ဆင်နိုင်ရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင်များက ပြောသည်။

via 7Day News Journal’s Facebook Wall http://ift.tt/1OdWV7E http://ift.tt/g8FRpY

ပညာရေးဥပဒေ ပြင်ဆင်ချက် ကျောင်းသားများ၏ လိုလားချက်နှင့် ကွဲလွဲမှု ကြီးမားလျှင် တို…

ပညာရေးဥပဒေ ပြင်ဆင်ချက် ကျောင်းသားများ၏ လိုလားချက်နှင့် ကွဲလွဲမှု ကြီးမားလျှင် တိုက်ပွဲအသစ်များ ထပ်ဖြစ်မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၆

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း နောက်ဆုံးအတည်ပြု ပြင်ဆင်ပြီး၍ လေးပွင့်ဆိုင်ဆွေးနွေးပွဲ အခြေခံတောင်းဆိုချက်များနှင့် ကွဲလွဲမှု ကြီးမားပါက တိုက်ပွဲအသစ်များ ထပ်မံဖြစ်လာနိုင်သည်ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ပြောကြားသည်။
“ကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ ကွဲလွဲမှုများနေတယ် ဆိုရင် အလကားဖြစ်သွားပြီ။ တိုက်ပွဲတွေလည်း ထပ်ဖြစ်နိုင်တယ်။ ကော်မတီရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်သေးဘူး။ ပုံစံမျိုးစုံ ဖြစ်နိုင်တယ်” ဟု ကိုပိုင်ရဲသူက ပြောဆိုသည်။

အမျိုးသားလွှတ်တော်မှ ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ဧပြီလ ၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက The Voice သို့ ပြောကြားသည်။

ယင်းဥပဒေကြမ်း အတည်ပြုနိုင်ရေးအတွက် ဒေါက်တာချမ်းငြိမ်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမောင်မောင်ဝင့်၊ ဒေါက်တာမြဦး၊ ပါမောက္ခ ဦးသန်းနွယ်၊ ဒေါက်တာခိုင်မြဲ၊ အငြိမ်းစား အခြေခံပညာညွှန်/ချုပ် ဦးဘိုဝင်းနှင့် ကော်မရှင်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ဆင်ချက်အဆို တင်သွင်းထားသူ လွှတ်တော်ကိုယ်စားလှယ်များက ဧပြီလ ၆ ရက်နေ့တွင် ဥပဒေကြမ်းကော်မတီတွင် ကြိုတင်ညှိနှိုင်းခဲ့ကြကြောင်း ၎င်းကဆိုသည်။

“လေးပွင့်ဆိုင်က သဘောတူထားတဲ့ အချက်တွေကို အခြေခံပြီး ထည့်သွင်းဆွေးနွေးကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုပါတယ်” ဟု မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ဌာန ကထိက ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောကြားသည်။

အဆင့်မြင့်ပညာရေး ညှိနှိုင်းဆောင်ရွက်ရန် လွတ်လပ်စွာ ရပ်တည်သော ကော်မတီတစ်ခုကို ဖွဲ့စည်းပေးနိုင်သည်ဟူသော အချက်တွင် အမြဲတမ်းကော်မတီ မလိုအပ်ဟု ယူဆကြောင်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောဆိုသည်။

အမျိုးသားလွှတ်တော်မှ ပေးပို့ထားသော ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်း၌ ဆရာသမဂ္ဂများမှ ရွေးချယ်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ပညာရှင်နှစ်ဦး၊ ကျောင်းသားသမဂ္ဂများမှ ရွေးချယ်သည့် ပညာရှင်နှစ်ဦး ထည့်သွင်းထားချက်နှင့် ကော်မရှင်မှ ဖွဲ့စည်းမည့် အမျိုးသားသင်ရိုးညွန်းတမ်း ကော်မတီ ဖွဲ့စည်းရမည့် အချက်အပါအဝင် ဥပဒေကြမ်းမှ အချက် ၂၃ ချက်ကို ပယ်ဖျက်၍ ၃၃ ချက်ကို ပြင်ဆင်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဧပြီလ ၂ ရက်နေ့တွင် အစီရင်ခံစာ တင်သွင်းထားခြင်း ဖြစ်သည်။

အဆိုပါ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အသစ်ဖြည့်စွက်ချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ပြင်ဆင်ချက်အဆို တင်သွင်းထားပြီး ၎င်းတို့ အဆိုပြုချက်နှင့် ဥပဒေကြမ်းကော်မတီ၏ တင်သွင်းချက် ကိုက်ညီမှု မရှိပါက လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း ဦးစောလှထွန်းက ပြောကြားသည်။

ယင်းဥပဒေကြမ်း တစ်ခုလုံးကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီးပါက ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံအတည်ပြုချက် ရယူသွားရမည် ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီဝင်များက ဆိုသည်။

via The Voice Weekly’s Facebook Wall http://ift.tt/1CfIpUu http://ift.tt/g8FRpY

အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သော ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကေ…

အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သော ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ၄၈ ချက် ထပ်မံပြင်ဆင်

နေပြည်တော်၊ ဧပြီ ၂

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ၁၀၅ ချက် ဖြည့်စွက်၍ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက်ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၄၈ ချက် ပါရှိသော အစီရင်ခံစာကို ဧပြီလ ၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားသည့် ကျောင်းသားကိုယ်စားလှယ်နှင့် NNER ကိုယ်စားလှယ်များ၏ တောင်းဆိုချက် အများစုကို ယင်းအစီရင်ခံစာတွင် ထည့်သွင်းထားကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်း အခန်း၏ ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂတို့နှင့် သက်ဆိုင်သော ပုဒ်မခွဲနှစ်ခု အပါအဝင် အမျိုးသားလွှတ်တော်က အတည်ပြုထားသော ဥပဒေကြမ်းထဲမှ ၂၃ ချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ ပြင်ဆင်ဖြည့်စွက်ထားသော အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဧပြီလ ၂ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီ ကိုယ်စား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပညာရေး ဥပဒေကြမ်း အစီရင်ခံစာကို ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း ပညာရေး ဝန်ကြီးဌာနနှင့် ဥပဒေကြမ်း ကော်မတီဝင်များက မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သိရှိရသည်။

အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းရာတွင် ဆရာနှင့် ကျောင်းသားသမဂ္ဂများ ရွေးချယ်သူများ မထည့်သွင်းရခြင်းနှင့် ပတ်သက်၍ ပညာရေးမူဝါဒများ ရေးဆွဲရာတွင် အငြိမ်းစားဆရာကြီးများနှင့် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်သာ အဓိကကျ၍ အဆိုပါ ပုဒ်မခွဲကို ပယ်ဖျက်ခြင်း ဖြစ်ကြောင်း ဦးစောလှထွန်းက ရှင်းပြသည်။

အဆိုပါ အစီရင်ခံစာတွင် ကျောင်းသားကိုယ်စားလှယ်များ တောင်းဆိုထားသော ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးရန် ထည့်သွင်းထားသလို အခြေခံပညာအဆင့်တွင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ တွဲဖက်သင်ကြားနိုင်ကြောင်း ထည့်သွင်းထားသည်။

ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း တိုမြှင့်ရန် ထည့်သွင်းခဲ့သော်လည်း အခမဲ့အလယ်တန်း ပညာရေးစနစ်အထိ တိုးမြှင့်ရန်ကိုမူ ထည့်သွင်းထားခြင်း မရှိချေ။

အမျိုးသားလွှတ်တော်က မိခင်တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆုံးဖြတ်ရန် ထည့်သွင်းထားပြီး ကျောင်းအလိုက် ဆုံးဖြတ်ခွင့် မပေးခဲ့ခြင်းအပေါ် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က မတ်လ ၁ ရက်တွင် ကန့်ကွက်ခဲ့သည်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲအရ ကျောင်းသားအရေးအခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသူများကို ပညာ ဆက်လက်သင်ကြားခွင့်ပေးရန် သဘောတူညီခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အကြောင်းအမျိုးမျိုးကြောင့် သင်ကြားမှု ရပ်တန့်ခဲ့သော ကျောင်းသားများ ပညာဆက်လက်သင်ယူရန် လိုအပ်သော အစီအမံများပေးမည် ဖြစ်ကြောင်း ထည့်သွင်းခဲ့သေးသည်။

ယင်းကြောင့် အမျိုးသားလွှတ်တော်က ပယ်ဖျက်ခဲ့သော ကျောင်းသားကိုယ်စားလှယ်များ တောင်းဆိုချက်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရပ်တည်ပေးမည်ဟု မျှော်လင့်ကြောင်း NNER က တောင်းဆိုခဲ့သည်။

“ပြည်သူ့လွှတ်တော်က ကျောင်းသားနှင့် ပြည်သူလူထု၏ လိုလားချက်များအတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဧပြီလ ၂ ရက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးအကြံပြုလိုသော ကိုယ်စားလှယ်များကို ဧပြီလ ၅ ရက် နောက်ဆုံးထားကာ နာမည်စာရင်း ပေးသွင်းရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။

“တကယ်ရှိသင့်တာက လွတ်လပ်စွာ ဖွဲ့စည်းခွင့်။ ဘာဖြစ်လို့မပါလဲ ဆိုတော့ အန္တရာယ် ရှိတယ်လို့ ထင်နေကြလို့ မပါတာ။ ဘယ်လိုအန္တရာယ် ဆိုတော့ အလုပ်ပြုတ်နိုင်တယ်။ နယ်ပို့ခံရတာမျိုးတေ ဖြစ်နိုင်တယ် စသည်ဖြင့် ဒါမျိုးတွေ လုပ်ခံရနိုင်တယ် ဆိုပြီးတော့ စိုးရိမ်ကြောက်လန့်နေရလို့သာ ဆရာသမဂ္ဂထဲ မပါကြတာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က သုံးသပ်သည်။

via The Voice Weekly’s Facebook Wall http://ift.tt/1xGLEIR http://ift.tt/g8FRpY

လွှတ်တော်အပေါ် ဖိအားမပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တ…

via RFA Burmese’s Facebook Wall http://ift.tt/1zADDQ6 http://ift.tt/g8FRpY

သပိတ်မှောက် ကျောင်းသားများ လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ တွေ့ဆုံ

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေး ကြန့် ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော် အခြေအနေကို သိရှိလိုတဲ့အတွက် အမျိုသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက်နေတဲ့ ပင်မသပိတ် စစ်ကြောင်း က ကျောင်းသား၉ဦးနဲ့ ပြည်သူလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတို့ တွေဆုံခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေးကြန့်ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းတွေကို လေ့လာနိုင်ဖို့ အတွက် မန္တလေးကနေ ရန်ကုန်အထိ…

via Voice of America http://ift.tt/1FGdPGR http://ift.tt/Tf1V41

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ပညာရေး…

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က ဒီကနေ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီဥပဒေကြမ်း ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ ထောက်ပြ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီကနေ့ ရှင်းလင်းမှုတွေနဲ့ ပတ်သက်လို့ NNER က ဒေါ်ညိုညိုသင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။


NNER က ဒေါ်ညိုညိုသင်းနဲ့ အင်တာဗျူး
soundcloud.com
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က ဒီကနေ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။ တစ်

via BBC Burmese’s Facebook Wall http://ift.tt/1AbHmUa http://ift.tt/g8FRpY

ပညာရေးဥပဒေ ပြုပြင်မှု မူကြမ်းဆိုင်ရာ အစိုးရမီဒီယာဖော်ပြမှု ဝေဖန်ခံရ

အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်တချို့ကို NNER နဲ့ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီ ခေါင်းဆောင်ပိုင်းတချို့က ဝေဖန်လိုက်ပါ တယ်။
ပြန်ကြားရေးဝန်ကြီးကတော့ အခု ဖော်ပြချက်ဟာ ပြည်သူတွေ အမြင်တချို့ကို အစိုးရပိုင် သတင်းစာက ဖော်ပြပေးတာလို့ ပြန်လည် တုံ့ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာတွေမှာ လွှတ်တော်ကို…

via Voice of America http://ift.tt/1D8iq21 http://ift.tt/Tf1V41