အင်းမတိုက်နယ် မြေသိမ်းသတင်းရေးသားဖော်ပြမှု သတင်းသမား ၂ ဦးနှင့် တောင်သူ ၁ ဦးကို ငွေဒဏ် ၂၀၀၀၀ စီချမှတ်

မြေသိမ်းမှု

ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံရပြီး ငွေဒဏ်ချမှတ်ခံရသော သတင်းသမား ၂ ဦးနှင့် တောင်သူ ၁ ဦးကို သဲကုန်းမြို့နယ်တရားရုံးတွင် တွေ့ရစဉ်။(ဓာတ်ပုံ-ကောင်းမြတ်မင်း/ဧရာဝတီ)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်  အင်းမတိုက်နယ်အတွင်း သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ သတင်းရေးသားခဲ့သည့် The Ladies ဂျာနယ်မှ နယ်မြေခံသတင်းထောက် မောင်မဲ(ပြည်)၊ သတင်းအယ်ဒီတာ ကိုစိုင်းစိုင်းနှင့် လယ်ယာမြေသိမ်းဆည်းခံရသူ တောင်သူဦးပြုံးချိုတို့ကို   ဒုဗိုလ်မှူးကြီး(အငြိမ်းစား) ဦးခင်မောင် ဝင်း က  အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခဲ့ပြီး သဲကုန်းမြို့နယ်တရားရုံးက ဒဏ်ငွေ ၂၀၀၀၀ စီပေးဆောင် ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် အဆိုပါအမှုကို  တရားရုံးတင်ခဲ့ခြင်းဖြစ်ပြီး အချိန် ၂ နှစ်ခွဲ ကျော် ရုံးချိန်းပေါင်း ၅၀ ကျော် အမှုစစ်ဆေးခဲ့ပြီးနောက်  ပြစ်မှုထင်ရှားသည်ဟုဆိုကာ သတင်းသမား ၂ ဦးနှင့် တောင်သူ တဦးလျှင် ဒဏ်ငွေကျပ် ၂၀၀၀၀ စီပေးဆောင်ရန်နှင့် ဒဏ်ငွေ မပေးဆောင်နိုင်ပါက အလုပ်မဲ့ ထောင်ဒဏ် ၆ လစီကျခံရန် ဇူလိုင်လ ၁၂ ရက်နေ့ သဲကုန်းမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

သဲကုန်းမြို့နယ်တရားသူကြီး ဒေါ်စိုးမာအေးက “ အမှုတွဲမှာပါတဲ့ သက်သေခံချက်တွေရယ်၊ တရားလိုရဲ့ လိုပြ သက် သေ ခံချက်တွေရဲ့ သက်သေထွက်ဆိုချက်တွေရယ်၊ ဥပဒေနဲ့ ဆက်စပ်ပြီးတော့မှ ကျမဒီအမှုကို ဥပဒေနဲ့အညီ သုံး သပ် ဆုံးဖြတ်ခဲ့တာပါ။ ကြာသွားတဲ့အကြောင်းအရင်းကတော့ တွဲဘက်မြို့နယ် တရားသူကြီး ပြောင်းကာမှ ကျမ ဆီကိုအမှုက ရောက်လာတာ။ သူတို့ရဲ့အမှုတွဲထဲမှာကြည့်လိုက်တော့ အထက်တရားရုံးတွေကို ကြားဖြတ် အမိန့် တွေအပေါ်မှာ မကျေနပ်လို့ အယူခံပြင်ဆင်တွေတက်ရင်း တက်ရင်းနဲ့ ကြာသွားတာ” ဟု ပြောသည်။

ပြည်သူလူထုသိသင့်သိထိုက်သည့် သတင်းများကိုရေးသားဖေါ်ပြရခြင်းဖြစ်ပြီး ပုဂ္ဂိုလ်နစ်နာစေလိုသည့် ရည်ရွယ် ချက်ဖြင့် ရေးသားဖေါ်ပြခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း ယခင် The Ladies ဂျာနယ် သတင်းအယ်ဒီတာ ကိုစိုင်းစိုင်းက ပြောသည်။

“ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို နည်းနည်း စောဒက တက်စရာရှိတာပေါ့။ မီဒီယာကို ပုဒ်မ  ၅၀၀ နဲ့စွဲတယ်၊ ဒါပေမယ့် ကျနော်တို့က သူကိုပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာလည်းမဟုတ်ဘူး။ ကျနော်တို့နားလည်ထားတဲ့ပုဒ်မ ၅၀၀ ဆိုတာက တကယ်လို့ နိုင်ငံတော်သမ္မတဖြစ်တယ်ဆိုရင်တောင်မှ အများပြည်သူ သိစေချင်တဲ့အမှန်တရား အတွက်ဆိုရင် အပြစ်မရှိဘူး။ အခုလိုမျိုး ဒဏ်ငွေချလိုက်တာ ရှုံးတယ်လို့တော့ပြောလို့ရတယ်။ မမှန်ဘူး လို့တော့ ထင်တာပေါ့နော်။ ဒါပေမဲ့ မပြောလိုတော့ပါဘူး။” ဟု သတင်းအယ်ဒီတာကိုစိုင်းစိုင်းက ပြောသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ နောက်ဆုံး အပတ်ထုတ် အမှတ်စဉ် Vol.1.N0(81) တွင် “သဲကုန်းမြို့နယ် အငြိမ်းစား ဒုဗိုလ်မှူးကြီးတဦး လယ်မြေများသိမ်းယူ၊ လေယာဉ်ကွင်းမဆောက်ဘဲ အကွက်ရိုက်ရောင်းစားနေ” ဆိုသည့် သတင်းကြောင့် ဒုဗိုလ်မှူးကြီး(ငြိမ်း)ဦးခင်မောင်ဝင်းက သတင်းအယ်ဒီတာ၊ သတင်းထောက်နှင့် သတင်းဖြေကြားသူ တောင်သူတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

The post အင်းမတိုက်နယ် မြေသိမ်းသတင်းရေးသားဖော်ပြမှု သတင်းသမား ၂ ဦးနှင့် တောင်သူ ၁ ဦးကို ငွေဒဏ် ၂၀၀၀၀ စီချမှတ် appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/29OYcoU http://ift.tt/1OYtTeJ

ဒေါ်ခင်ဝင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်မှန်သေဆုံးခဲ့ တဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာမှာရှိတဲ့ ဒေါ်ခင်ဝင်းရဲ့ နေ အိမ်ခြံဝန်းထဲမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

via သတင်းများ http://ift.tt/1REMpKO http://www.rfa.org

မစုစုနွေး ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၅ ရက် စီရင်

ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရ တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ပဲခူးမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

via သတင်းများ http://ift.tt/1Lh7VTe http://www.rfa.org

မစုစုနွေးကို ဖမ်းဆီးပြီး ပဲခူး အကျဉ်းထောင်မှာ ထိန်းသိမ်း

လယ်သမားအရေးကိစ္စတွေကို လိုက်ပါကူညီပေးနေ တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေးကို ဒီနေ့ညနေပိုင်းမှာ ပဲခူးတိုင်း၊ အင်းတကော်ရဲစခန်းက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးခဲ့ပြီး ပဲခူးအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

via သတင်းများ http://ift.tt/1ekup70 http://www.rfa.org

မိကျောင်းကန် သပိတ်စခန်းဖျက်သိမ်းပြီး ၁၄ ဦးကို ဖမ်းဆီး

မိမိမြေပြန်လည်ရရှိရေး ၁၁လကြာ သပိတ်စခန်းဖွင့် တိုက်ပွဲဝင်နေသည့် မိကျောင်းကန်ဒေသခံ ၁၈ဦးကို ဖေဖော်ဝါရီ ၂၆ရက်က နံနက် ၃နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး သပိတ်စခန်းကိုလည်း စည်ပင်ရဲတပ်ဖွဲ့က ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

via Burma News International | Burmese Version http://ift.tt/1ExK7G1 http://ift.tt/1pKcsBd

ပခုက္ကူလေဆိပ်စီမံကိန်း သိမ်းယူမြေတွေ အတွက် လျော်ကြေးပေးမည်

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့လေဆိပ်တည်ဆောက်ဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနကသိမ်းယူခဲ့တဲ့ ယာမြေဧက ၉၀၀ ကျော်အတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ကျော်ကို လယ်သမားတွေ ထံ ပေးအပ်သွားမယ်လို့ ပခုက္ကူမြို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

via သတင်းများ http://ift.tt/1D8ioah http://www.rfa.org

နမ့်ခမ်းမှာ ဒေသခံ ၃၀၀၀ လောက် ဆန္ဒပြ

ရှမ်းပြည်နယ်မြာက်ပိုင်း နမ့်ခမ်းမြို့မှာ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ရာနဲ့ချီတဲ့ လယ် ယာမြေတွေ ပျက်စီးနေသလို ချောင်းမြောင်းတွေ တိမ်ကောလာတဲ့အတွက် ထောင်နဲ့ချီတဲ့လယ်သ မားတွေက နစ်နာကြေးတွေပေးဖို့နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ရပ်တန့်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။

via သတင်းများ http://ift.tt/1vXGhm5 http://www.rfa.org

အိမ်ခြေ ၁၅၀ ကျော် မပြောင်းရွှေ့ရရေး သပိတ်ကျင်းဒေသခံများ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာ ၂ ရွာ က ဒေသခံရွှေလုပ်သားတွေ စုပေါင်းပြီး လူအင်အား[…]

via DVB | DVB http://ift.tt/1nifEQN http://burmese.dvb.no

သင်္ဃန်းကျွန်းမြို့နယ်က သိမ်းဆည်းခံ မိကျောင်းကန် ရပ်ကွက်မြေတွေ ပြန်ရဖို့ သပိတ်စခန်…

သင်္ဃန်းကျွန်းမြို့နယ်က သိမ်းဆည်းခံ မိကျောင်းကန် ရပ်ကွက်မြေတွေ ပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ် နေသူတွေရဲ့ အဖွဲ့ခေါင်းဆောင် ဦးစိန်သန်းကို ပုဒ်မ ၁၈ နဲ့ လသာနဲ့ ဗဟန်းမြို့နယ် တရားရုံးတို့က စုစုပေါင်း ထောင်ဒဏ်ရှစ်လ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
More >
http://ift.tt/1pLkXfW

via The Voice Weekly’s Facebook Wall http://ift.tt/1pLkZ7r http://ift.tt/g8FRpY

မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ကို နောက်ထပ် ထောင် ၄ လ ချမှတ်

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးမှာ ဖွင့်လှစ်ထားတဲ့ မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဗဟန်းမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လ ချမှတ်လိုက်ပါတယ်။

via သတင်းများ http://ift.tt/1pLkVVe http://www.rfa.org

မိကျောင်းကန်သပိတ်စခန်းက အသက် ၇၀ ကျော် အဘွားအိုတစ်ဦး ကျန်းမာရေးဆိုးဝါးပြီး သေဆံ…

မိကျောင်းကန်သပိတ်စခန်းက အသက် ၇၀ ကျော် အဘွားအိုတစ်ဦး ကျန်းမာရေးဆိုးဝါးပြီး သေဆုံးသွားခဲ့ပါတယ်။ ဦးညီငယ်ကပေးပို့ထားပါတယ်။

#DVBTV – 09.08.2014 – http://ift.tt/1nDM9rn


DVB – မိကျောင်းကန်သပိတ်စခန်းက အဖွားအို ကျန်းမာရေးဆိုးဝါးပြီးသေဆုံး

မိကျောင်းကန်သပိတ်စခန်းက အသက် ၇၀ ကျော် အဘွားအိုတစ်ဦး ကျန်းမာရေးဆိုးဝါးပြီး သေဆုံးသွားခဲ့ပါတယ်။ ဦးညီငယ်ကပေးပို့ထားပါတယ်။DVB TV – 09.08.2014

via DVB TV News’s Facebook Wall http://ift.tt/1nDM6Me http://ift.tt/eIlFV0

သမီးလေးရွာသား ၁၆၀ ဦးကျော် DKBA နယ်မြေရောက်ရှိ

ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)နှင့် လိုက်ပါသော သမီးလေး ကျေးရွာသားများက ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာတွင် နေအိမ်များ ဆောက်လုပ်ပေးနေပြီဟု ရွာသားများ နှင့်အတူ လိုက်ပါလာသော ဆရာတော် ဥာဏာဝုဒ်နှင့် DKBA ကလူထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

via Burma News International | Burmese Version http://ift.tt/1oPUwqv

မိကျောင်းကန်သပိတ် ၁၁ရက်ရှိပြီ၊ ၁ဝယောက် ဒဏ်ရာရပေမယ့် တရား မစွဲရဲကြ ရန်ကုန်တိုင်း…

မိကျောင်းကန်သပိတ် ၁၁ရက်ရှိပြီ၊ ၁ဝယောက် ဒဏ်ရာရပေမယ့် တရား မစွဲရဲကြ

ရန်ကုန်တိုင်းအစိုးရနဲ့ ညှိနှိုင်းပြေလည်မှုမရခဲ့ဘဲ မိကျောင်းကန် သပိတ်စခန်း ဟာ ရန်ကုန်မြို့လည်ခေါင်မှာ ၁၁ရက်မြောက်နေ့အဖြစ် ဆက်ပြီး သပိတ် မှောက်နေဆဲပါ။

အပြည့်အစုံကို click နှိပ်ပြီးဖတ်/ကြည့်ရှု့နိုင်ပါသည်။


မိကျောင်းကန်သပိတ် ၁၁ရက်ရှိပြီ၊ ၁ဝယောက် ဒဏ်ရာရပေမယ့် တရားမစွဲရဲကြ
www.kamayutmedia.com
ဆန္ဒပြသူတွေဟာ ဒဏ်ရာရခဲ့ပြီး ရာဇဝတ်မှုကြောင့် ရခဲ့တယ်ဆိုတဲ့ ဆေးစစ်ချက်တေါလည်း ရှိပါတယ်။ အခုတော့ အကြမ်းဖက်ခံနေရတဲ့ နိုင်ငံသားတွေဟာ ဥပဒေရဲ့အကာ အကွယ်မဲ့မှုကို…

via Kamayut Media’s Facebook Wall http://ift.tt/1pYQTM5

မြေသိမ်းခံရသူတွေက တရားဥပဒေအတိုင်းဖြေရှင်းပေးဖို အကူအညီ တောင်းခံတဲ့အနေနဲ့ အမျိုးသ…

မြေသိမ်းခံရသူတွေက တရားဥပဒေအတိုင်းဖြေရှင်းပေးဖို အကူအညီ တောင်းခံတဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီသတင်းကို ကောင်းထက်ကျော်က ပေးပို့ထားပါတယ်။


via DVB TV News’s Facebook Wall http://ift.tt/1pWlABm

မိကျောင်းကန်သပိတ်စခန်းတွင်ကျန်းမာရေးကြောင့်ဆေးရုံတက်သူနှင့် အိမ်ပြန်သူငါးဦးရှိခ…

မိကျောင်းကန်သပိတ်စခန်းတွင်ကျန်းမာရေးကြောင့်ဆေးရုံတက်သူနှင့် အိမ်ပြန်သူငါးဦးရှိခဲ့၊
လမ်းဘေးပလက်ဖောင်းတွင်ဖျာခင်းပြီးအမိုးအဖြစ်မိုးကာစတွေကိုအသုံးပြုကာသပိတ်စခန်းဖွင့်ထားခြင်းဖြစ်


မိကျောင်းကန်သပိတ်စခန်းတွင်ကျန်းမာရေးကြောင့်ဆေးရုံတက်သူနှင့် အိမ်ပြန်သူငါးဦးရှိခ�
လမ်းဘေးပလက်ဖောင်းတွင် ဖျာခင်းပြီး အမိုးအဖြစ် မိုးကာစတွေကို အသုံးပြုကာ သပိတ်စခန်း ဖွင့်ထားခြင်းဖြစ်

via Eleven Media Group’s Facebook Wall http://ift.tt/1gLoJmn

လက်ပံတောင်းအရေးလှုပ်ရှားသူ ဦးသော်ဇင်ကို ထောင်ချ

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသတွင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားသူ  နိုင်ကျဉ်းဟောင်း ဦးသော်ဇင်ကို မုံရွာမြို့နယ် တရားရုံးက[…]

via DVB | DVB http://ift.tt/1nWFajp

ဟက်ကြီးအပါအ၀င် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ချက်ချင်းရပ်တန့်ရန…

ဟက်ကြီးအပါအ၀င် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ချက်ချင်းရပ်တန့်ရန် တိုင်းရင်းသား ၃၅၀၀၀ ခန့်နှင့် နိုင်ငံရေးပါတီ အပါအ၀င် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့ လက်မှတ်ရေးထိုး တောင်းဆို

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများဖြစ်သော ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံ၊ နောင်ဖာနှင့်တာ ဆန်းရေကာတာ၊ ကရင်ပြည်နယ်အတွင်းရှိ ဟက်ကြီးရေကာတာများအား ချက်ချင်းရပ်တန့်ပေးရန် ရှမ်း၊ ကရင်နှင့် မွန်ပြည်နယ် အတွင်းရှိ ပြည်သူ ၃၃၅၃၈ ဦးနှင့် နိုင်ငံရေး ပါတီအပါအ၀င် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့မှ လက်မှတ်ရေးထိုးကာ တောင်းဆိုလိုက်ကြောင်း မြန်မာမြစ်ချောင်းများ ကွန်ရက်မှ မတ် ၁၄ ရက်က ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်၊ မြန်မာနှင့် ထိုင်းအစိုးရအပါအ၀င် သံလွင်ရေကာတာ စီမံကိန်းခြောက်ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်နေသည့် Thailand’s EGAT International Co.Ltd, China Three Gorges Corporation, Hanergy Holding Company, Hydrochina Corporation, China Datang Overseas Investment Co.Ltd နှင့် မြန်မာကုမ္ပဏီများဖြစ်သော International Group of Entrepreneurs Co.Ltd, Shwe Taung, Asia World တို့အား သံလွင်မြစ်ပေါ် အကောင်အထည်ဖော်သွားမည့် သံလွင်ရေကာတာ စီမံကိန်းကြီးကို ချက်ချင်းရပ်ဆိုင်းပေးရန် အဆိုပါ အဖွဲ့အစည်းများမှ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သံလွင်မြစ်သည် ကမ္ဘာ့အကြီးဆုံးမြစ်များထဲမှ မြစ်တစ်စင်းဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ သန်းပေါင်းများစွာသော တိုင်းရင်းသား ပြည်သူများ၏ အသက်သွေးကြောလည်း ဖြစ်သည်။ လက်ရှိ တရုတ်မြန်မာနှင့်ထိုင်း နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓာတ်အား စုစုပေါင်း မဂ္ဂါဝပ် ၁၅၀၀၀ ထုတ်လုပ်သွားမည့် သံလွင်ရေကာတာ စီမံကိန်းခြောက်ခုသည် သံလွင်မြစ်ပေါ်မှီခိုနေသော တိုင်းရင်းသားပြည်သူများ၏ အနာဂတ်နှင့်သံလွင် မြစ်ဝှမ်းဒေသရှိ သဘာဝသက်ရှိ ဖြစ်စဉ်အမျိုးမျိုးကို ခြိမ်းခြောက်လျက် ရှိနေကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါစီမံကိန်းများမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အား အများစုသည် တရုတ်နှင့် ထိုင်းနိုင်ငံတို့ အတွက်သာဖြစ်ပြီး စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို အများဆုံး ခံစားရမည့်သူများမှာ စီမံကိန်းတည်ရှိရာ ဒေသရှိ ဒေသခံများ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ပြုလုပ်မည့် ကွမ်းလုံရေကာတာ စီမံကိန်းအတွက် လမ်းများဖောက်လုပ်ခြင်းကြောင့် ကျေးရွာပေါင်း ၆၀ မှ ပြည်သူများသည် ၎င်းတို့မြေယာနှင့် အိုးအိမ်ပစ္စည်းများကို ဆုံးရှုံးနေရကြောင်းနှင့် စီမံကိန်းကြောင့် ရေနစ်မြှုပ်မည့် ဒေသများအတွင်းတွင် ကုမ္ပဏီအချို့မှ သစ်လုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။

သံလွင်ရေကာတာ ခြောက်ခုလုံးသည် ရေကာတာတည်ဆောက်ရာတွင် လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာ စံချိန်စံနှုန်းများဖြစ်သော ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် စီမံကိန်း အကျိုးသက်ရောက်မှုကို ခံစားရမည့်ဒေသ ခံပြည်သူများ၏ အခွင့်အရေးများကို လေးစားခြင်းစသည်များကို လိုက်နာကျင့်သုံးခြင်း မရှိ၊ စီမံကိန်းဧရိယာများကို လုံခြုံရေးတင်း ကျပ်စွာချထားပြီး ဒေသခံပြည်သူများမှာလည်း စီမံကိန်းနှင့် ပတ်သက်ပြီး မည်သည့် သတင်းအချက်အလက်ကိုမှ မရရှိကြောင်း၊ ရေကာတာစီမံကိန်းအောက်ပိုင်း ဒေသများတွင် နေထိုင်သော ပြည်သူများသည် မြစ်အောက်ပိုင်းရေစီးနှုန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများပေါ် သက်ရောက်မည့် ရေကာတာစီမံကိန်းသည် အကျိုးသက်ရောက်မှု မည်မျှရှိနိုင်ပြီး ရေကာတာပြိုကျနိုင်ခြေ မည်မျှအတိုင်းအတာရှိသည်၊ ရေကာတာပြိုကျပါက မည်မျှဘေးအန္တရာယ်ရှိသည် စသည့် အချက်အလက်များကိုလည်း မသိရှိရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်နေသည့် စီမံကိန်းများအား ရပ်တန့်ပေးရန် ဒေသခံတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ၏ လက်မှတ်ရေးထိုး တောင်းဆိုမှုများကို တရုတ်နှင့် ထိုင်းအစိုးရတို့အပြင် သမ္မတကြီးထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့မှ ဦးစောသာဘိုးက ပြောကြားခဲ့သည်။

(သံလွင်မြစ်ကြောင်း တစ်နေရာအား တွေ့ရစဉ်)

via Eleven Media Group’s Facebook Wall http://ift.tt/1gllVGi

မြေယာအငြင်းပွားမှု တိုင်တန်းချက် အများဆုံးလို့ လူ့အခွင့်အရေးကော်မရှင်ပြော

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းပြီးတဲ့ နှစ်နှစ်ခွဲ ကာလအတွင်း ကော်မရှင်ထံကိုပေးပို့တဲ့ တိုင်စာတွေထဲ မှာ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ တိုင်တန်းစာတွေ အများဆုံးပါဝင်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

via သတင်းများ http://ift.tt/1iFCfcy