မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေ များအသင်းကို ဖွဲ့စည်း

မြန်မာနိုင်ငံက မွတ်စလင်ဘာသာဝင်တွေ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတာတွေနဲ့ ခွဲခြားဆက်ဆံ ခံနေရတာတွေ ကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။

တရားဝင်အသင်းအဖွဲ့အဖြစ် ရပ်တည်နိုင်ဖို့ မှတ်ပုံတင်သွားမယ်လို့ အသင်းရဲ့နာယက အဖြစ်တာဝန်ယူထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။

"အသင်းအဖွဲ့ မှတ်ပုံတင်ဖို့ သူတို့ဖွဲ့တဲ့နေ့ကပဲ ဆုံးဖြတ်ချက်ချတယ်၊ ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေအားလုံးကို လည်း တရားဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်မှာဆိုတော့ မှတ်ပုံတင်ပြီးတော့မှ ဆက်ပြီးလုပ်မှာပါ၊ စည်းရုံးရေးပိုင်းတွေကို မှတ်ပုံတင်ပြီးမှ ဆက်ပြီးစည်းရုံးရေးဆင်းမှာပါ၊ နေရာအနှံ့တော့မရှိပါဘူး၊ ဥပမာ မန္တလေး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့ကြီးပြကြီး များတဲ့နေရာမှာရှိနိုင်မှာပါပဲ"

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

မွတ်စလင်ဘာသာဝင်တွေဟာ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နိုင်ငံသားမှတ်ပုံတင် ရရှိရေးတွေမှာ အခက်အခဲတွေရှိနေပြီး အသင်းအနေနဲ့ အဲဒီလို ကိစ္စမျိုးတွေကို လိုက်ပါကူညီပေးဖို့နဲ့ အကြံဥာဏ်တွေ ပေးဖို့ စီစဉ်ထားပါတယ်။

တစ်နိုင်ငံလုံးမှာ မွတ်စလင်ဘာသာဝင်ရှေ့နေ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အသင်းမှတ်ပုံတင် ရရှိလာတဲ့အခါ မွတ်စလင်ဘာသာဝင် ရှေ့နေတိုင်း အသင်းဝင်ဖြစ်ရေး အတွက် စည်းရုံးသွားမယ်လို့ ဦးကိုနီက ပြောပါတယ်။

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပထမဆုံး ဖွဲ့စည်းတာဖြစ်ပြီး နာယက အဖြစ် ဦးကိုနီ၊ ဥက္ကဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုတိယဥက္ကဌအဖြစ် ဦးတင်ထွန်းနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ချို တို့က တာဝန်ယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။

via သတင်းမဵား http://ift.tt/1OaWU8K http://www.rfa.org

ပညာရေးဝန်ကြီး နှင့် န.က.သ တွေ့ဆုံမှု အချက်လေးချက် ညှိနှိုင်းဆွေးနွေး

(ဓာတ်ပုံ- မင်းသူကျော်/န.က.သ)

ရန်ကုန်၊ မေ ၂၉ ။  ။ ပညာရေး ဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး နှင့် နိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (န.က.သ) တွေ့ဆုံကာ အချက်လေးချက်ကို အဓိက ဆွေးနွေးခဲ့သည်ဟု န.က.သ၏ ဗဟိုအလုပ်မှုဆောင် ဇေယျလွင်က မဇ္ဈိမကို ပြောသည်။ 

မေ ၂၉ရက်က အဆင့်မြင့်ပညာဦးစီးဌာနရုံး၌ ဝန်ကြီး နှင့် န.က.သ ကျောင်းသားများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

ပညာရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် “အရင်အစိုးရတုန်းက ဒီလိုညှိနှိုင်းပွဲမပြောနဲ့ ဖွဲ့တာနဲ့ ဖမ်းခဲ့တာ။ အခုအစိုးရသစ်မှာ ဝန်ကြီးနဲ့ ခေါ်တွေ့ ညှိနှိုင်းတာတော့ အရမ်းကွာဟပါတယ်။ ဒီအပေါ်ကိုလည်း ပထမဆုံးတွေ့ဆုံ ညှိနှိုင်းမှုက ကျောင်းသား နဲ့အစိုးရကြားရင်ကြားစေ့ပေးတယ်။ အမြင်မတူမှုတွေကို ညှိနှိုင်းမှုရတယ်လို့မြင်တယ်" ဟု ၎င်းကပြောသည်။

ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲထားပြီး အတည်မပြုရသေးမီ အချိန်တွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရန်၊ အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရာတွင် တက္ကသိုလ်တစ်ခုချင်းမှ စည်းကမ်းချက်များကို ကျောင်းသားသမဂ္ဂများပါ ပူပေါင်းပါဝင်ရေးဆွဲခွင့်ပြုရန်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေတွင် ကျောင်းသားများအပေါ် ဖိနှိပ်မှုများရှိနေသည်ဟု ကျောင်းသားများက ခံယူထားသည်အတွက်  ပြန်လည်ပြင်ဆင်ရန် အချက်သုံးချက်ကို ကျောင်းသားများဘက်က ဆွေးနွေးခဲ့သည်။

အဆင့်မြင် ပညာရေး ဥပဒေရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂများ မှပူပေါင်းပါဝင်နိုင်ရေး အချက်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းက သဘောတူခဲ့သည်။ 

ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်သည့် တက္ကသိုလ် အရည်အသွေးထိန်းရေး စီမံချက်တွင် တက္ကသိုလ်သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသားများ၏ အသံ (feedback)ကို ပြန်လည်လိုအပ်သည်ဟု ဝန်ကြီးက ပြောသည်ဟု ၎င်းကပြောသည်။

ယင်းအချက်ကို ကျောင်းသားများက ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းမှုကို ကျောင်းသားများဘက်က သဘောတူညီခဲ့သည်။ 

တက္ကသိုလ်ကျောင်းဝန်းအတွင်း  မူးယစ်ဆေးဝါးပြဿနာ၊ သွားလားရေးခက်ခဲမှု ပြဿနာ၊ ကျောင်းသားများ ကျန်းမားရေးနှင့်ဆိုင်သည့် ဆေးကုခန်းထားရှိရေး၊ စာသင်ခန်းတွင် လက်တွေ့စမ်းသပ် ကိရိယာ ပြည့်စုံမှုမရှိခြင်း၊ ကျောင်းတွင်း စားသောက်ဆိုင်များ ကျန်းမားရေး နှင့် ညီညွှတ်မှုမရှိခြင်း၊ အိမ်သာများ သန့်စင်မှုမရှိခြင်း စသည့် အခြေခံလိုအပ်ချက်များကို ကျောင်းသားများက တင်ပြဆွေးနွေးခဲ့သည်။ 

ယင်းအချက်လက်များကို အရေးကြီးလုပ်ဆောင်ရမည့် အချက်များ၊ ရေရှည်လုပ်ဆောင်ရမည့်အချက်များ ဟူ၍ ကဏ္ဍခွဲလုပ်ဆောင်ပေးမည်ဖြစ်ကာ အချို့အချက်များကို ချက်ချင်းလုပ်ဆောင်ပေး၍ မဖြစ်နိုင်သေးကြောင်း ဝန်ကြီးက ပြောသည်ဟု ဆိုသည်။ 

ညှိနှိုင်းပွဲတွင်  ပညာရေးဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး၊ အခြေခံပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်သင် ဒုညွန်ကြားရေးမှူးချုပ်၊  အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုကြားရေးမှူးချုပ်၊ ပညာရေး သုတေသီမှ ဒေါက်တာခိုင်မြဲ အပါအဝင် နိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်မှ ကျောင်းသား ၂၇ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

 နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (န.က.သ)သည် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် မြေလတ် ဗ.က.သအဖွဲ့တို့ ပေါင်းစည်းက မေ ၂၅ရက်ကမှ အသစ်ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1slmHkK http://ift.tt/1nfHMox

ပြည်တွင်းသတင်းစာဂျာနယ်များတွင် အရက်ဘီယာကြော်ငြာ မဖော်ပြရန် ပြန်ကြားရေး ထုတ်ပြန်

လက်ရှိထုတ်ဝေဖြန့်ချိနေတဲ ပြည်တွင်းသတင်းစာဂျာနယ်တွေမှာ အရက်ဘီယာကြော်ငြာတွေကို မဖော်ပြဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ အခုနောက်ပိုင်း အရက်ဘီယာ ကြော်ငြာတွေ ပိုများလာတာကြောင့်[…]

The post ပြည်တွင်းသတင်းစာဂျာနယ်များတွင် အရက်ဘီယာကြော်ငြာ မဖော်ပြရန် ပြန်ကြားရေး ထုတ်ပြန် appeared first on DVB.

via DVB | DVB http://ift.tt/1ZSz9F9 http://burmese.dvb.no

ဘာသာတရားအားလုံးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးမူ ၅ ချက် သီတဂူဆရာတော် မိန့်ကြား

မျိုးစောင့်ဥပဒေအားလုံးပြဋ္ဌာန်းခဲ့ပေမယ့်  မြန်မာ့မြေပေါ်မှာနေတဲ့ ဘာသာတရားအားလုံးနဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ ငြိမ်းချမ်းရေးမူ ၅ ချက်ကို သီတဂူဆရာတော် အရှင်ဥာဏိဿရ က[…]

The post ဘာသာတရားအားလုံးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးမူ ၅ ချက် သီတဂူဆရာတော် မိန့်ကြား appeared first on DVB.

via DVB | DVB http://ift.tt/1VygJK9 http://burmese.dvb.no

မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် မဘသ ဆရာတော်များ ဦးဆောင်ကျင်းပ

မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ရွှေတိဂုံစေတီတော်တွင် ဆုတောင်းနေကြသော မဘသ ဆရာတော်များ (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ်အ ခမ်းအနားကို ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အောင်မြေတွင် စက်တင်ဘာ ၁၄ ရက် နံနက်က မဘသဆရာတော်များက ဦး ဆောင်ကျင်းပခဲ့ပြီး အခြားတိုင်း နှင့် ပြည်နယ်များ၌လည်း ဆက် တိုက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


 ရန်ကုန်တိုင်းဒေသကြီး၏ မျိုးစောင့်ဥပဒေအောင်မြင်မှု အ ထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲကို ရွှေတိဂုံစေတီတော်တွင် အောင် မြေနင်းကာ အမျိုးဘာသာ သာ သနာ စောင့်ရှောက်ရေးအဖွဲ့က မော်တော်ယာဉ်အများအပြားဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်ခဲ့ကြပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၂၆ ရပ်ကွက် ပုလဲရတနာလမ်းရှိ ပိဋကတ်သုံးပုံနိကာယ် စာသင်တိုက်တွင် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားများကို တိုင်းနှင့်ပြည်နယ် ၁၄ ခုနှင့် မဘ သ ဗဟိုတွင် ကျင်းပမည်ဖြစ်ရာ စုစုပေါင်း ၁၅ ကြိမ်တိတိ ကျင်း ပမည်ဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်၊ မွန်၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ရှမ်း(တောင်)၊ ကယား၊ နေပြည်တော်၊ ရှမ်း (မြောက်)၊ ကချင်၊ တနင်္သာရီ စ သော တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီး၌ ဆက်တိုက် ပြုလုပ်မည်ဖြစ်သည်။

စက်တင်ဘာ ၂၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရန်ကုန်မြို့၌ စုဝေးကာဆက်လက် ပြုလုပ်မည်ဟု မဘသ (ဗဟို)မှ သိရသည်။

‘‘လိုအပ်တဲ့ မျိုးစောင့်ဥပဒေ လေးခုကို အောင်အောင်မြင်မြင် နဲ့ မိမိတို့ ခံစားခွင့်ရနေပါပြီ။ ၀မ်း သာစရာ ကြည်နူးစရာကောင်းပါ တယ်။ ရလာတဲ့ မျိုးစောင့်ဥပဒေ ကြီးကိုလည်း ဆက်လက်ထိန်း သိမ်းပြီး မျက်ခြည်မပြတ်ကြည့် နေရမှာဖြစ်ပါတယ်’’ဟု မဘသ ဆရာတော် အရှင်ပညိန္ဒ(ပွင့်လင်း ဆရာတော်)က မိန့်ကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦး ဆောင်၍ ပြည်သူအများ လိုလား တောင့်တခြင်းနှင့်အတူ ဆန္ဒပြု တောင်းဆိုခဲ့ကြသော (၁) ကိုး ကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ (၂)လူဦးရေတိုး ပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်း မာရေးစောင့်ရှောက်မှုဥပဒေ၊ (၃) မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီး များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ (၄) တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ ၎င်းအမျိုးစောင့်ဥပဒေ လေးရပ် ကို နိုင်ငံတော်သမ္မတနှင့် လွှတ် တော်နာယကကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြု ပြဋ္ဌာန်းခဲ့၍ မျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအ မှတ် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခြင်းဖြစ်သည်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၆) ရပ် ကွက်၊ ပုလဲရတနာလမ်းရှိ ပိဋိ ကတ်သုံးပုံနိကာယ် စာသင်တိုက် တွင် စက်တင်ဘာ ၁၄ ရက်က မဘသ ဦးဆောင်ဆရာတော်များ အပါအ၀င် သံဃာတော်အ ပါး ၁,၀၀၀ နှင့် မဘသအဖွဲ့ဝင် လူပရိသတ်များ တက်ရောက်၍ အခမ်းအနား ကျင်းပခဲ့ကြသည်။

via News http://ift.tt/1QBLeIM http://ift.tt/1Vus636

အခြေခံဥပဒေ ပြင်ဆင်ရေး ဆုံးဖြတ်ချက်အပေါ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

ပြည်ထောင်စု လွှတ်တော်တွင် မကြာခင်က အတည်ပြုလိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ပြင်ဆင်ရေး၌ အဓိကကျသည့် အချက်များအား ပြင်ဆင်နိုင်ခြင်း မရှိသည့်အပေါ် ကျောင်းသားများနှင့် ၀န်းရံပြည်သူများက ယနေ့ ဆန္ဒပြကြ သည်။

The post အခြေခံဥပဒေ ပြင်ဆင်ရေး ဆုံးဖြတ်ချက်အပေါ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1T1UUOq http://ift.tt/1iYMpUI

ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့် အမြန်ဆုံး တိုးချဲ့သတ်မှတ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်တိုးချဲ့သတ်မှတ်ဖို့[…]

The post ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို appeared first on DVB.

via DVB | DVB http://ift.tt/1LwYtK7 http://burmese.dvb.no

အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သော ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကေ…

အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သော ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ၄၈ ချက် ထပ်မံပြင်ဆင်

နေပြည်တော်၊ ဧပြီ ၂

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ၁၀၅ ချက် ဖြည့်စွက်၍ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက်ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၄၈ ချက် ပါရှိသော အစီရင်ခံစာကို ဧပြီလ ၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားသည့် ကျောင်းသားကိုယ်စားလှယ်နှင့် NNER ကိုယ်စားလှယ်များ၏ တောင်းဆိုချက် အများစုကို ယင်းအစီရင်ခံစာတွင် ထည့်သွင်းထားကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။

အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်း အခန်း၏ ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂတို့နှင့် သက်ဆိုင်သော ပုဒ်မခွဲနှစ်ခု အပါအဝင် အမျိုးသားလွှတ်တော်က အတည်ပြုထားသော ဥပဒေကြမ်းထဲမှ ၂၃ ချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ ပြင်ဆင်ဖြည့်စွက်ထားသော အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဧပြီလ ၂ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီ ကိုယ်စား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပညာရေး ဥပဒေကြမ်း အစီရင်ခံစာကို ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း ပညာရေး ဝန်ကြီးဌာနနှင့် ဥပဒေကြမ်း ကော်မတီဝင်များက မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သိရှိရသည်။

အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းရာတွင် ဆရာနှင့် ကျောင်းသားသမဂ္ဂများ ရွေးချယ်သူများ မထည့်သွင်းရခြင်းနှင့် ပတ်သက်၍ ပညာရေးမူဝါဒများ ရေးဆွဲရာတွင် အငြိမ်းစားဆရာကြီးများနှင့် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်သာ အဓိကကျ၍ အဆိုပါ ပုဒ်မခွဲကို ပယ်ဖျက်ခြင်း ဖြစ်ကြောင်း ဦးစောလှထွန်းက ရှင်းပြသည်။

အဆိုပါ အစီရင်ခံစာတွင် ကျောင်းသားကိုယ်စားလှယ်များ တောင်းဆိုထားသော ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးရန် ထည့်သွင်းထားသလို အခြေခံပညာအဆင့်တွင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ တွဲဖက်သင်ကြားနိုင်ကြောင်း ထည့်သွင်းထားသည်။

ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း တိုမြှင့်ရန် ထည့်သွင်းခဲ့သော်လည်း အခမဲ့အလယ်တန်း ပညာရေးစနစ်အထိ တိုးမြှင့်ရန်ကိုမူ ထည့်သွင်းထားခြင်း မရှိချေ။

အမျိုးသားလွှတ်တော်က မိခင်တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆုံးဖြတ်ရန် ထည့်သွင်းထားပြီး ကျောင်းအလိုက် ဆုံးဖြတ်ခွင့် မပေးခဲ့ခြင်းအပေါ် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က မတ်လ ၁ ရက်တွင် ကန့်ကွက်ခဲ့သည်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲအရ ကျောင်းသားအရေးအခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသူများကို ပညာ ဆက်လက်သင်ကြားခွင့်ပေးရန် သဘောတူညီခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အကြောင်းအမျိုးမျိုးကြောင့် သင်ကြားမှု ရပ်တန့်ခဲ့သော ကျောင်းသားများ ပညာဆက်လက်သင်ယူရန် လိုအပ်သော အစီအမံများပေးမည် ဖြစ်ကြောင်း ထည့်သွင်းခဲ့သေးသည်။

ယင်းကြောင့် အမျိုးသားလွှတ်တော်က ပယ်ဖျက်ခဲ့သော ကျောင်းသားကိုယ်စားလှယ်များ တောင်းဆိုချက်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရပ်တည်ပေးမည်ဟု မျှော်လင့်ကြောင်း NNER က တောင်းဆိုခဲ့သည်။

“ပြည်သူ့လွှတ်တော်က ကျောင်းသားနှင့် ပြည်သူလူထု၏ လိုလားချက်များအတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဧပြီလ ၂ ရက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးအကြံပြုလိုသော ကိုယ်စားလှယ်များကို ဧပြီလ ၅ ရက် နောက်ဆုံးထားကာ နာမည်စာရင်း ပေးသွင်းရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။

“တကယ်ရှိသင့်တာက လွတ်လပ်စွာ ဖွဲ့စည်းခွင့်။ ဘာဖြစ်လို့မပါလဲ ဆိုတော့ အန္တရာယ် ရှိတယ်လို့ ထင်နေကြလို့ မပါတာ။ ဘယ်လိုအန္တရာယ် ဆိုတော့ အလုပ်ပြုတ်နိုင်တယ်။ နယ်ပို့ခံရတာမျိုးတေ ဖြစ်နိုင်တယ် စသည်ဖြင့် ဒါမျိုးတွေ လုပ်ခံရနိုင်တယ် ဆိုပြီးတော့ စိုးရိမ်ကြောက်လန့်နေရလို့သာ ဆရာသမဂ္ဂထဲ မပါကြတာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က သုံးသပ်သည်။

via The Voice Weekly’s Facebook Wall http://ift.tt/1xGLEIR http://ift.tt/g8FRpY

မီဒီယာသမားတွေကို ကာကွယ်ဖို့ ရှေ့နေကွန်ရက်ဖွဲ့ မြန်မာ မီဒီယာသမားတွေ တရားစွဲခံ လာ…

မီဒီယာသမားတွေကို ကာကွယ်ဖို့ ရှေ့နေကွန်ရက်ဖွဲ့

မြန်မာ မီဒီယာသမားတွေ တရားစွဲခံ လာရမယ်ဆိုရင် ဥပဒေကြောင်းအရ အကာအကွယ်ပေး ဆောင်ရွက်နိုင်ဖို့အတွက် အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်က ရှေ့နေတွေ စုပေါင်းပြီး မြန်မာမီဒီယာ ရှေ့နေကွန်ရက်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ဟာ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး အကြမ်းဖျင်း ရေးဆွဲဖို့ ရှိပြီး မီဒီယာတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။

မီဒီယာတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေကိုလည်း ဒီအဖွဲ့က ထုတ်ပြန်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားရုံနဲ့ စစ်ဆေး အရေးယူခံရလောက်အောင် မီဒီယာ လွတ်လပ်ခွင့် ဆုံးရှုံးနေတယ်လို့ အထက်မြန်မာပြည်က ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ရွက်နုအောင်က ဘီဘီစီကို ပြောပါတယ်။

မီဒီယာ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်နေစဉ်အတွင်း မီဒီယာသမားတွေကို အရေးယူတာမျိုးတွေ လုပ်လာရင် ဒီအဖွဲ့က လိုက်လံ အကာအကွယ်ပေး ကူညီသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

via BBC Burmese’s Facebook Wall http://ift.tt/1CzJHwR http://ift.tt/g8FRpY

ပညာရေးဥပဒေ ပြင်ဆင်မှု ဥပဒေကြမ်း အထက်လွှတ်တော် ကြားနာမည်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပါဝင်တဲ့သူတွေ အားလုံးနဲ့ ကြားနာပွဲ ကျင်းပဖို့ အမျိုးသားလွှတ်တော်ဥက္ကဌက မနေ့တုန်းက ဖိတ်ခေါ်ခဲ့တဲ့ဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက တညီတညွတ်ထဲ ပြောဆိုကြပါတယ်။
တချိန်ထဲမှာပဲ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ယက် NNER ကလည်း ဒီအစည်းအဝေးကို တက်ရောက်မယ်လို့ အတည်ပြု ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က…

via Voice of America http://ift.tt/1vzDMYy http://ift.tt/Tf1V41

ပညာရေးဥပဒေပြင်ရန် ဥပဒေမူကြမ်း ပညာရေးဝန်ကြီးဌာန တင်ပြဆွေးနွေး

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ အမျိုးလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့ကိုတွေ့ရစဉ် ။ Photo: Thura U Shwe Mann Facebook
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ပါအချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်ထောင်စုလွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတွေကို တင်ပြခဲ့ကြပါတယ်။
နေပြည်တော် လွှတ်တော်မှာ ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါ်ခင်စန်းရီက ရှင်းပြခဲ့တာလို့ ဆွေးနွေး

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1L9vOZN http://ift.tt/Y2RpwJ

ဝှိုက်ကတ်မဲပေးခွင့်ကို ရခိုင်ဒေသခံများ သာသနာအလံစိုက်ထူကာ ကန့်ကွက်မည်

 ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်သော ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ကို နေအိမ်များတွင် သာသနာ့အလံများ စိုက်ထူကာ ကန့်ကွက်ဆန္ဒဖော်ထုတ်မည်ဟု ရခိုင်အမျိုးသမီးကွန်ရက်အပါအ၀င် တက်ကြွလှုပ်ရှားသူများက ဖေဖော်ဝါရီ ၅ ရက်တွင် ဆုံးဖြတ်လိုက်သည်။

ထိုဆန္ဒထုတ်ဖော်မှုကို ရခိုင်အမျိုးသမီးကွန်ရက်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူများနှင့် လူမှုအဖွဲ့အစည်း နှစ်ဆယ်ကျော်ပါဝင်သော အစည်းအဝေးတစ်ရပ်ကို စစ်တွေမြို့တွင် နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ရခိုင် တစ်ပြည်နယ်လုံးက ပူးပေါင်းလာအောင်လည်း လှုံ့ဆော်မယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း အိမ်တိုင်းအိမ်တိုင်းမှာ သာသနာ့အလံတွေ စိုက်ထူးပြီး ဆန္ဒထုတ်ဖော်မယ်”ဟု ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးရှိ လူမှုအဖွဲ့ အစည်းများ ဖေဖော်ဝါရီ ၇ ရက်တွင် ထပ်မံ၍ တွေ့ဆုံကာ ဆွေးနွေး မှုများ ပြုလုပ်မည် ဖြစ်သည်။ ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းအချို့နှင့် ရခိုင်လူငယ်များအဖွဲ့က လည်း ဖေဖော်ဝါရီ ၅ရက်က စတင်ကာ ခုနစ်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး ကန့်ကွက်မည့် အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

via သတင်း http://ift.tt/1D5pwYC http://ift.tt/1mP7bZA

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ…

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံ

အစိုးရက နိုင်ငံပိုင်မီဒီယာများကို အသွင်ပြောင်းရန် စီစဉ်နေသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံသည့် တွေ့ဆုံပွဲတစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်က NLD Capacity Building Center ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်း၊ ဥပဒေပညာရှင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် မီဒီယာသမားများ တက်ရောက်ခဲ့သည်။

တွေ့ဆုံပြုလုပ်ရသည့် အကြောင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ရှင်းလင်းခဲ့ပြီး အသေးစိတ် အကြံပြုချက်များ ပေးပို့ရန်လည်း တောင်းဆိုခဲ့သည်။

မီဒီယာသမားများက မျှတမှုမရှိဟု သတ်မှတ်ထားပြီး လွှတ်တော်၌ ဆွေးနွေးဆဲဖြစ်သော အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနှင့် အမျိုးသားလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်း နှစ်ရပ်လုံးကို လွှတ်တော်၌ ဆွေးနွေးရာတွင် မီဒီယာသမားများနှင့် ပြည်သူတို့အသံကို ကိုယ်စားပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့အပြင် ဥပဒေအဖြစ် အတည်ပြုထားခြင်းမရှိ၊ ဆွေးနွေးဆဲဖြစ်သော အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းမှ စာသားများကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေကြမ်းတွင် အသုံးပြုထားခြင်းမှာ ဥပဒေပြုရေးအရ မဖြစ်သင့်သောကိစ္စ ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ထောက်ပြသည်။

ပုံမှန်အားဖြင့် ဥပဒေအဖြစ် အတည်မပြုနိုင်သေးသော ဥပဒေကြမ်းမှ စာသားများကို ဥပဒေအဖြစ် အတည်ပြုပြီး သဘောသက်ရောက်စေသည့် ပုံစံမျိုးဖြင့် အခြားဥပဒေကြမ်းတစ်ခု၌ ထည့်သွင်းခွင့်မရှိကြောင်း ဦးဖြိုးမင်းသိန်း၏ ထောက်ပြချက်အရ သိရသည်။

မီဒီယာဆိုင်ရာ ဥပဒေကြမ်းနှစ်ရပ်အပေါ် မီဒီယာသမားများက ဆွေးနွေးရာတွင် ဥပဒေနှစ်ရပ်လုံးသည် မျှတမှုမရှိဘဲ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို တားဆီးပိတ်ပင်ထားပြီး အစိုးရမီဒီယာများကို အသာစီးပေးထားကြောင်း၊ ယင်းအပြင် အများပြည်သူ ဝန်ဆောင်မှု မီဒီယာအတွက် အစိုးရထံမှ ထောက်ပံ့ငွေ ရာခိုင်နှုန်း ၇ဝ၊ ကြော်ငြာဝင်ငွေမှ ရာခိုင်နှုန်း ၃ဝ ရယူခြင်းမှာလည်း သဘာဝမကျသော ကိစ္စဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေကြမ်းတွင်လည်း ဇုန်တစ်ခုအတွင်း ပုဂ္ဂလိက မီဒီယာများအား ရုပ်သံနှင့် ပုံနှိပ်မီဒီယာကို တွဲဖက်လုပ်ကိုင်ခွင့်မပြုခြင်း အချက်သည် မမျှတမှုကို ဖြစ်စေသည်ဟု ဆို ကြသည်။ အစိုးရအနေဖြင့်မူ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ရုပ်သံနှင့် ပုံနှိပ်မီဒီယာကို တွဲဖက်လုပ်ကိုင်ခွင့် ရှိမည်ဖြစ် သည်။ ဥပဒေကြမ်းနှစ်ရပ်ပါ ကောင်စီဖွဲ့စည်းခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့မှာလည်း မျှတမှုမရှိသော အနေအထားများ ဖြစ်နေပြီး ထို့အဖွဲ့များတွင် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများသာ များပြားနေကာ မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်ကန့်သတ်မည့် ပုံစံသက်ရောက်နေကြောင်း ဆွေးနွေးခဲ့သည်။

“ဥပဒေတွေအားလုံးက ကျွန်တော်တို့အတွက် အကာအကွယ်ပေးတယ် ဆိုသော်ငြား တကယ်တမ်းပြန်စဉ်းစား လိုက်လို့ရှိရင် အမြဲတန်းထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ နောက်တစ်ခုက နယ်စည်းမခြား သတင်းထောက်များအဖွဲ့က နှစ်စဉ်ညွှန်းကိန်းတွေ ထုတ်ပေးနေတယ်။ အချက်ခြောက်ချက်နဲ့ ညွှန်းကိန်းတွေကို တောင်းတယ်။ တိုင်းတဲ့အခါ သတင်းမီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ လွတ်လပ်မှုရှိသလဲ၊ ဘယ်လိုမျိုးလုပ်သလဲဆိုတဲ့ စံချိန်စံညွှန်းတွေလည်း ပါတယ်။ အဲဒီဘက်က ပြန်စဉ်းစားလို့ရှိရင် ကျွန်တော်တို့ဆီမှာ အတည်ပြုဖို့ ရည်ရွယ်နေတဲ့ ဥပဒေရေးရေးဆွဲဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ဟာ အားလုံးဟာ ဘယ်လိုနည်းနဲ့မှ အဲဒီစံနှုန်းတွေနဲ့ မမှီနိုင်ဘူး။ ကျွန်တော်တို့ကို အမြဲတမ်း ထိန်းဖို့ကြိုးစားနေတယ်ဆိုတာ ကျွန်တော်ရဲရဲဝံ့ဝံ့ ပြောလို့ရပါတယ်” ဟု ပဲ့တင်သံသတင်းဂျာနယ်မှ အယ်ဒီတာကိုဟန်ဇော်က တွေ့ဆုံပွဲတွင် ပြောကြားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုနိုင်မင်းဝေကမူ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေသည် အစိုးရ၏ ဝါဒဖြန့်ချိရေး အနေဖြင့် အသုံးပြုလာနိုင်သည့် ကိစ္စရပ်အပေါ် လွှတ်တော်တွင်း၌ သတိထားပြီး အဓိကထား ဆွေးနွေးစေလိုကြောင်း အကြံပြုခဲ့သည်။

“ကျွန်တော်တို့စိုးရိမ်စိတ်က အခုမြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာရဲ့ အရည်အသွေးကိုကြည့်လိုက် သတင်းလွတ်လပ်မှုနဲ့ သတင်းတန်ဖိုးကို ကျွန်တော်တို့ကတော့ ပုဂ္ဂလိကသတင်းစာလောက် တန်းတူမသတ်မှတ် သေးဘူးပေါ့ဗျာ။ အဲဒါမျိုးအခြေအနေမှာ အစိုးရက တစ်သက်လုံး ဝါဒဖြန့်ချိရေးလုပ်လာတဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကို အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုပြီးတော့မှ သူတို့က အစိုးရဘတ်ဂျက်လည်းယူမယ်။ ကြော်ငြာကလည်းရှိမယ်။ အဲဒါလည်း လက်ခံဖို့ခက်ပါတယ်” ဟု DVB သတင်းဌာနမှ ဦးခင်မောင်ဝင်းက ပြောကြားသည်။

“သေချာတာကတော့ နိုင်ငံတစ်ခုမှာ နိုင်ငံပိုင်မီဒီယာဆိုတာက အစိုးရက အသ စီးရအောင် တမင်တကာလုပ်ထားတဲ့ ကိစ္စရပ်ပါပဲ။ မီဒီယာက ဝါဒဖြန့်ချိရေးပါပဲ။ နိုင်ငံပိုင်မီဒီယာဆိုတာက အစိုးရကို အသာစီးပေးတဲ့ ဝါဒဖြန့်ချိရေးဖြစ်ပြီးတော့ အခု Public Media တွေဖြစ်တဲ့ Eleven တို့၊ BBC တို့ RFA တို့က ပြည်သူတွေရဲ့ အသံဘက်ကလိုက်တဲ့ ဝါဒဖြန့်ချိရေးတွေ ဖြစ်ပါတယ်။ နှစ်ခြမ်းပါ။ အဲဒီလို ဝါဒဖြန့်ချိရေးမှာ ပြည်သူတွေဘက်ကလိုက်တဲ့ မီဒီယာတွေက ကိုယ့်ဘာသာ ရပ်တည်ရတယ်။ ပြည်သူ့အားပေးမှုနဲ့ ရပ်တည်ရတယ်။ ပြည်သူတွေက ဒီရင်းနှီးမြှုပ်နှံမှုအတွက် ဘယ်သူ့မှ ကြိုတင်ငွေမပေးဘူး။ သတင်းမီဒီယာတစ်ခု၊ ရုပ်သံတစ်ခု၊ အသံလွှင့်မီဒီယာတစ်ခုကို နောက်ကနေ ဘယ်သူကမှ ရန်ပုံငွေထောက်ပံ့ငွေ ပေးတယ်ဆိုတာ မရှိဘူး။ အဲဒီသတင်းဌာနတွေက ထုတ်လွှင့်လာတဲ့ အချက်အလက်တွေ၊ မီဒီယာတွေအပေါ်မှာ ပြည်သူတွေက သူနဲ့တစ်ထပ်တည်း ကျတယ်ဆိုတာအပေါ်မှာ အားပေးတယ်။ အဲဒီအားပေးမှုနဲ့ သူကဆက်ပြီး ရပ်တည်ပြီး ခိုင်မာမှုကို တည်ဆောက်တယ်။ အစိုးရကျတော့ ဒီအသံလွှင့်ဌာန အပေါ်မှာ သူကငွေကြေး အထောက်အပံ့ ပေးထားပြီးတော့ ပြည်သူတွေ အပေါ်မှာ သူတို့ဘာတွေလုပ်ပါတယ်ဆိုတဲ့ ဝါဒဖြန့်ချိမှုကို ကောင်းကောင်းလုပ်တယ်။ အခုလက်ရှိ အခြေအနေအရဆိုရင် ကျွန်တော်တို့က နှစ်ပေါင်းများစွာ အလိမ်ခံခဲ့ရတဲ့အထဲမှာ ဒီလေးနှစ်လောက်မှာလည်း တောက်လျှောက်လိမ်ဖို့၊ ဝါဒဖြန့်ဖို့ကြိုးစားနေတယ်။ အဲတာကို ကျွန်တော်တို့က ရာခိုင်နှုန်း ၇ဝ နဲ့ နိုင်ငံပိုင်မီဒီယာကို ပြည်သူတွေရဲ့ အခွန်ပေးရမယ်။ ထည့်အသုံးပြုရမယ်။ ကျွန်တော်တို့ ကျွန်တော်တို့ ပြည်သူတွေကို ထပ်ခါထပ်ခါ လိမ်လည်လှည့်ဖြားဖို့အတွက် ပြည်သူတွေရဲ့အခွန်ကို အသုံးချခွင့်ပေးသလို ဖြစ်မနေဘူးလား။ ကျွန်တော်တို့ နှစ်ခါမနာဘူးလား” ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသည့် စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေနှင့် ပတ်သက်၍ ထင်မြင်ချက်ပေးခဲ့သည်။

via Eleven Media Group’s Facebook Wall http://ift.tt/1oJ8ag7 http://ift.tt/g8FRpY

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အာဏာပိုင်များငြင်းပယ်၍မရတော့ —— ရန်ကုန်-…

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အာဏာပိုင်များငြင်းပယ်၍မရတော့
——
ရန်ကုန်- ငြိမ်းချမ်းစွာစုဝေးလှည့်လည်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ပိတ်ပင်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံ..http://ift.tt/1pgeiJM


ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အာဏာပိုင်များငြင်းပယ်၍မရတော့
www.7daydaily.com
ရန်ကုန်- ငြိမ်းချမ်းစွာစုဝေးလှည့်လည်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ပိတ်ပင်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

via 7Day News Journal’s Facebook Wall http://ift.tt/1pgeiJO

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆို…

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

ရန်ကုန်၊ မေ ၁၄

လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

via The Voice Weekly’s Facebook Wall http://ift.tt/1lEK9BB

ပညာရေးဥပဒေ မူကြမ်း အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိဟု အန်အန်အီးအာရ်ြေ…

ပညာရေးဥပဒေ မူကြမ်း အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိဟု အန်အန်အီးအာရ် ပြော
ထွန်းထွန်းသိန်း၊ ၂၁ မတ် ၂၀၁၄

အစိုးရ ပညာရေးမြှင့်တင်မူအကောင်အထည်ဖော်ဆောင်ရေး (အီးပီအိုင်စီ)မှာ ရေးသားပြီး
မတ် ၁၃ ရက်နေ့တွင် လွှတ်တော်ကို တင်သွင်းခဲ့သည့် ပညာရေးဥပဒေ မူကြမ်းမှာ ပညာရေးကဏ္ဍကို အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိလိုခြင်း ဖြစ်သည်ကို သိသာ ထင်ရှားစွာ တွေ့ရှိရကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာရ်) ဦးဆောင်ကော်မတီဝင် ဒေါက်တာသိန်းလွင်က ဒီဗွီဘီကို အီးမေးလ်မှ တဆင့် ပြောကြားပါတယ်။
http://ift.tt/1hNLm61


ပညာရေးဥပဒေ မူကြမ်း အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိဟု အန်အန်အီးအာရ် ပြော | DVB
burmese.dvb.no
အစိုးရ ပညာရေးမြှင့်တင်မူအကောင်အထည်ဖော်ဆောင်ရေး (အီးပီအိုင်စီ)မှာ ရေးသားပြီး မတ် ၁၃ ရက်နေ့တွင် လွှတ်တော်ကို တင်သွင်းခဲ့သည့် ပညာရေးဥပဒေ မူကြမ်းမှာ ပညာရေးကဏ္ဍကို အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိလိုခြင်း ဖြစ်သည်ကို သိသာ ထင်ရှားစွာ တွေ့ရှိရကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ…

via DVB TV News’s Facebook Wall http://ift.tt/1hNLm67