Browsing: Letpadaung Movement

Letpadaung Movement
0


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မှာ မဟုတ်ကြောင်း ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ရိုက်ကူး – ကျော်ဇောဝင်း

Letpadaung Movement
0


DVB – မကွေး ဆေးကျောင်းသားတွေ အရိုက်ခံရတဲ့အမှု ဖော်ထုတ်ဖို့တောင်းဆို

မကွေးမြို့ ဆေးကျောင်းသားတွေ အရိုက်ခံခဲ့ရတဲ့အမှုတွေ ဖေါ်ထုတ်ပေးဖို့ သက်ဆိုင်ရာကို မကွေး ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်။…

Letpadaung Movement
0


Timeline Photos
ကိုထင်ကျော်ကို နောက်ထပ် ထောင်ဒဏ် ၁ နှစ်နဲ့ ၄ လ ချမှတ်

‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု’ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်နှစ်၊ တရားမ၀င်စီတန်း လှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ လ ကျခံဖို့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု’ အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုကျော်လွင်က အခုလို ပြောပါတယ်။

“၁၈ ရက် ၄ လပိုင်းက ပြည်ထောင်စုအစိုးရကို အလိုမရှိပေါ့၊ ဆန္ဒပြတာကို ၅၀၅ (ခ) နဲ့ အရေးယူတယ်၊ ညပိုင်းမှာ ဖယောင်းတိုင်မီးထွန်းပြီးတော့ ဆန္ဒထုတ်ဖော်တာကို ပုဒ်မ (၁၈) နဲ့ ၄ လ ချတယ်၊ ပုဒ်မ (၁၈) နဲ့က ကျောက်တံတားမှာ ၃ လ၊ သမီးကလေးကျေးရွာကို ဆန္ဒပြလို့၊ နောက်ပြီးတော့ ဗဟန်းမှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို မရမ်းကုန်း ပြည်သူတွေခေါ်သွားလို့ အဲ့ဒီမှာလည်း ၃ လ၊ အခုဒီမှာထပ်ချတာက ၄ လ”

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ကိုထင်ကျော်ကို မြို့နယ် ၁၁ မြို့နယ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပြီး ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်အပါအ၀င် ၉ မြို့နယ်က အမိန့်ချထားပြီးဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ မြို့နယ် ၉ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) အတွက် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၈ နှစ်နဲ့ ၆ လ ကျခံရမှာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကိုထင်ကျော်ကို ရွှေပြည်သာမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမိန့်ချမှာဖြစ်ပါတယ်။

Letpadaung Movement
0


Timeline Photos
ဧရာဝတီတိုင်း လယ်ယာမြေပြဿနာအရေး တိုင်းအစိုးရနဲ့ ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဧရာဝတီတိုင်းအတွင်းက လယ်သမားကိုယ်စားလှယ်တွေ၊ လယ်သမားအရေးဆောင်ရွက်သူတွေဟာ ဒီနေ့ ပုသိမ်မြို့နယ် မြို့တော်ခန်းမမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ညောင်တုန်းမြို့နယ်က လယ်သမားအရေးဆောင်ရွက်သူ ဦးမောင်မောင်တာက အခုလိုပြောပါတယ်။

“လယ်ယာမြေ ပြဿနာတွေကို ဥပဒေတွေကိုကျော်လွန်ပြီး သိမ်းဆည်းထားတာတွေရှိမယ်၊ ပြန်ပေးတဲ့အခါမှာ လယ်ယာမြေကော်မတီရဲ့ အဂတိလိုက်စားမှုတွေ၊ မြင်သာထင်သာရှိအောင် ဆွေးနွေးပြီးတော့မှ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ၊ အရေးယူမယ့်အပိုင်းတွေပါမယ်၊ လယ်ယာမြေနဲ့ ပတ်သက်လာလို့ အခြေခံကျတဲ့ မြို့နယ်၊ ခရိုင်၊ ရပ်ကျေးလယ်စီတွေရဲ့ အမှားတွေပေါ့၊ အဲဒီဟာတွေက တော်တော်များများဖြစ်နေတဲ့အတွက် ဒါလေးတွေကိုတည့်မတ်ဖို့ အဓိကထားပြီးတော့ ဆွေးနွေးတယ်”

ဒီကနေ့ ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစန်းမောင်၊ ဒေသခံလယ်သမားတွေ၊ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ ဥပဒေပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်သိန်းကျော်ရှိပြီး မအူပင်၊ ပုသိမ်၊ ငွေဆောင်နဲ့ ဟင်္သာတခရိုင်တွေက လယ်ယာမြေအများဆုံး သိမ်းဆည်းခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လယ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ဥပဒေပညာရှင်တွေပါဝင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းသွားဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Letpadaung Movement
0


Timeline Photos
ကျနော်တို့ တိုင်းရင်း သားတွေကို ဗမာ စစ်တပ် က စော်ကားရုံတင်
မက ဗမာ မီဒီယာ များပါ ဒီလို စော်ကား နေ ကြပါတယ်။
ဒီလို လုပ်ပုံ နဲ့ ဒီလို စိတ်ဓါတ် မျိုး နဲ့ ဘယ်တော့ မှ တိုင်း
ပြည် ငြိမ်းချမ်း လာနိုင် မှာ မဟုတ် ဘူး။

Letpadaung Movement
0

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpa1/v/t1.0-1/c13.13.166.166/s100x100/63773_463684657002674_1706729444_n.jpg?oh=3165a665fb138573408200ef315460f5&oe=54CA08E0&__gda__=1418051381_13ad3f222867a307e0932c72af5095b3

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံကို အယ်လ်ကိုင်းဒါးဝင်မည်ဟု အဖွဲ့ခေါင်းဆောင် ဇာဝါဟီရီ ခြိမ်းခြောက်==== === ==== ===အရှေတောင်အာရှတခွင် ဂျီဟတ်အလံလွှင့်ထူမည်ဟူသောရည်ရွယ်ချက်ဖြင့် “အိန္ဒိယတိုက်ငယ်အယ်ကိုင်းဒါး”အကြမ်းဖက်အဖွဲ့ခွဲ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် အယ်လ်ဇာဝါဟီရီက ဗီဒီယိုမှတဆင့် ကြေငြာလိုက်သည်။အွန်လိုင်းပေါ်သို့ လွှင့်တင်လိုက်သော ၅၅ မိနစ်ကြာ အဆိုပါ ဗီဒီယိုတွင် ဇာဝါဟီရီက အာဖဂန် တာလီဘန်ခေါင်းဆောင် မူလာအိုမာအား ထောက်ခံကြောင်း ထပ်မံသစ္စာပြုခဲ့သည်။ယင်းကဲ့သို့ ကတိသစ္စာထပ်လောင်းပြုလိုက်ခြင်းမှာ အစ္စလာမ့်နိုင်ငံတော် IS အား အဖက်မတန်သလို ဥပေက္ခာပြုလိုက်ခြင်းဟု သုံးသပ်မှုများ ရှိနေသည်။ ယခုနောက်ပိုင်း ISIS ၏ ရက်စက်ကြမ်းကြုတ်မှုများ အရှိန်မြှင့်လှုပ်ဆောင်လာပြီးနောက် အယ်ကိုင်ဒါးအကြမ်းဖက်အဖွဲ့၏ အရှိန်အ၀ါ ကျဆင်းနေသည်။ IS က အယ်လ်ကိုင်းဒါးအဖွဲ့အား ကျော်လွန်၍ ကမ္ဘာအ၀ှမ်း အစ္စလာမ်စစ်သွေးကြွဝါဒကို ဦးဆောင်မှုပြုရန် ကြိုးပမ်းနေသည်။ “အိန္ဒိယတိုင်ငယ်အယ်လ်ကိုင်းဒါး” ဖွဲ့စည်းလိုက်ကြောင်းကြေငြာချက်ကို အာရဘီနှင့် ပါကစ္စတန်နိုင်ငံတွင်အပြောများသော အူရဒူ ၂ ဘာသာရောပြွန်းပြောဆိုသွားခဲ့ပြီး ဇာဝါဟီရီက လတ်တလော မှေးမှိန်နေသော အယ်ကိုင်းဒါ၏ အခန်းကဏ္ဍကို ပြန်လည်အရောင်တင်လိုသည့်အသွင် ရှိနေသည်ဟု သတင်းပေးပို့သူက ပြောသည်။ “အယ်ကိုင်းဒါးအဖွဲ့ဆိုတာ ရှင်သန်နေဆဲဖြစ်တဲ့ အီမန် ရှိုခ်အိုစမာဘင်လာဒင်ရဲ့ ဆော်သြချက်တွေကို ဖြန့်ဝေဖို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်၊ အာလ္လာရှင်မြတ်၏ သနားကြင်နာမှု သူ့ထံ ကျရောက်ပါစေ” ဟု ဇာဝါဟီရီက ပြောသည်။ထို့အပြင် ဇာဝါဟီရီက ရန်သူများအပေါ် ဂျီဟတ်လုပ်ကြဖို့နှင့် ၎င်းတို့နေထိုင်ရာ မြေများအား လွတ်မြောက်အောင် လုပ်ဆောင်ကြဖို့၊ အစ္စလာမ်နည်းကျ အချုပ်အချာအာဏာထူထောင်ဖို့၊ အစ္စလာမ်မြေများအား တဦးတည်းသော ခေါင်းဆောင်အောက်တွင် စုစည်းကြရန်(ကယ်လီဖိတ် ပြန်လည်ထူထောင်ရေး) မွတ်စလင်ထုအား တိုက်တွန်းလိုက်သည်။“အိန္ဒိယတိုက်ငယ်အယ်ကိုင်းဒါး”ဖွဲ့စည်လိုက်ခြင်းသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ ပြည်နယ်အချို့ရှိ မွတ်စလင်များအတွက် သတင်းကောင်းဖြစ်ပြီး ယင်းတို့အတွက် မတရားမှုနှင့် ဖိနှိပ်ခံရမှုတို့မှ ကယ်တင်မည်ဟုလည်း ဇာဝါဟီရီက ပြောသည်။အယ်ကိုင်းဒါး၏ ယခုလုပ်ရပ်သည် ကမ္ဘာအ၀ှမ်းမှ နောက်လိုက်ပေါင်းများစွာကို အောင်မြင်စွာစည်းရုံးနိုင်သည့်အပြင် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် နယ်မြေများစွာ တိုက်ခိုက်အောင်မြင်လာသော IS နှင့် အသဲအသန် ယှဉ်ပြိုင်ရန်ကြိုးပမ်းမှုဖြစ်သည်ဟု အကြမ်းဖက်နှိမ်နှင်းရေးကျွမ်းကျင်သူများက ရှုမြင်သည်။IS ခေါင်းဆောင် အဘူဘာကာအာလ်ဘဂ္ဂဒါဒီ ကလည်း ၎င်းသည် ကယ်လီဖိတ်၏ ခေါင်းဆောင်ဖြစ်ကြောင်းကြေငြာထားပြီး တကမ္ဘာလုံးမှ မွတ်စလင်များ၏ ထောက်ခံမှုကို တောင်းဆိုထားသည်။အယ်ကိုင်းဒါးနှင့် IS တို့သည် ဆီးရီးယားအတွင်း IS အဖွဲ့ နယ်ပယ်ချဲ့ထွင်ခြင်းအပေါ် သဘောထားမတိုက်ဆိုင်သဖြင့် ၂၀၁၃ ခုနှစ်က ကွဲပြဲခဲ့ကြခြင်းဖြစ်ပြီး ယခုနောက်ပိုင်း IS က ခေါင်းဖြတ်သတ်ခြင်းအပြင် အခြား ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းပေါင်းစုံဖြင့် ကွပ်မျစ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ Ref ; BBC

Letpadaung Movement
0


အမျိုးသားပညာရေး ဥပဒေမှုကြမ်းကို ဒဂုံတက္ကသိုလ်တွင်ဆန္ဒပြ

လွှတ်တော်နှစ်ရပ်တွင် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေကြမ်းတွင် ပညာရေးလွတ်လပ်ခွင့်မရှိခြင်း ၊ ဗဟိုချုပ်ကိုင်မှုများပြားခြင်းနှင့် လွတ်လပ်သောအသင်းများဖွဲ့စည်းခွင့်မပါရှိခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့အစည်းများက ကန့်ကွက်ဆန္ဒပြပွဲကို ရန်ကုန်မြို ဒဂုံတက္ကသိုလ်တွင် စက်တင်ဘာလ(၂)ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့သည် ။ အဆိုပါ ဆန္ဒပြပွဲ မပြုလုပ်မှီ ကျောင်းသားများကို တက္ကသိုလ်လုံခြုံရေးအဖွဲ့များမှ ကြမ်းတမ်းစွာလာရောက်တားမြစ်မှုကြောင့် တင်းမာမှုအချို့ရှိခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာလှဌေးမှ လာရောက်ညှိနှိုင်းမှုကြောင့် ကျောင်းသားများနှင့် လုံခြုံရေးများအကြား တင်းမာမှုများပြေလည်ခဲ့ကြသည်။ တောင်းဆိုချက်များစွာပါဝင်သော ဆိုင်းဘုတ်အသီးသီးကိုင်ဆောင်ထားသည့် ကျောင်းသားများသည့် ဒဂုံတက္ကသိုလ်ဝင်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြရာ ကျောင်းအဆောင်များကို ဆရာ၊ဆရာမများမှ တံခါးပိတ်ကာ ကျောင်းသားများပူးပေါင်းခွင့်မရအောင် တားမြစ်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများမှ အမျိုးသားပညာရေးကော်မရှင် ဖျတ်သိမ်းပေးရန် ၊ အဆင့်မြင့်ပညာပေါင်းစပ် ညှိုနှိုင်းကော်မတီ အလိုမရှိ ၊ ကျောင်းသားသမ္မဂများလွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေး ဒို့အရေး ၊ အစိုးရ၊လွှတ်တော်နှင့် (NNER)တွေ့ဆုံညှိုနိုင်းရေး ဒို့အရေးစသည်တို့ကို ဟစ်ကြွေးလှည့်လည်ခဲ့ကြသည်။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

Letpadaung Movement
0

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/p100x100/10649575_808494249171056_5654789312853236575_n.jpg?oh=fae07cdb7ee1062f132744846c873c8e&oe=54C5A1F4&__gda__=1421026218_ec33bf2821e22d2d70aed1561b174f58

Shwe Myitmakha Media Group

အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်ကျောင်းသားများ ကန့်ကွက်ဆန္ဒထုတ်ဖော်သီဟ(မြစ်မခ)”အမျိုးသားပညာရေးဥပဒေမှာ အချက်အားလုံးကို လက်မခံပါဘူး။ အဲဒီအထဲမှာပါတဲ့အချက်တွေက ပညာရေးစနစ်ကို ဖိနိပ်နေတယ် ချုပ်ချယ်နေတဲ့အတွက်ပါ။လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်က နိုင်ငံတကာနဲ့ ယှဉ်ရင် အရမ်းကိုနိမ့်ကျနေပါပြီ” ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထုတ်ထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းတစ်ခုလုံးအား ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့က ဒဂုံတက္ကသိုလ်အတွင်း၌ ပြုလုပ်ခဲ့သည်။http://myitmakhamediagroup.com/news/public-news/2082-2014-09-02-11-33-24

Letpadaung Movement
0

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/p100x100/10409785_808051632548651_2204800170828721851_n.jpg?oh=ef8ec458d5f0f5fee298608b082469d7&oe=54C13DFE&__gda__=1422397464_8159238d10288f91eaceafaa4a5759f6

Shwe Myitmakha Media Group

တိုင်းဧရာ မြေသိမ်းခံ တောင်သူတစ်ထောင်ကျော် ဆန္ဒထုတ်ဖော် မျိုးမင်းထွန်း (မြစ်မခ)“ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်မှာပါဝင်တဲ့ ကော်မတီအတွင်းရေးမှူးနဲ့ ဒီဘက်ကမြေယာကိစ္စတွေကို စုံစမ်းစစ်ဆေး မှုတွေပြုလုပ်ခဲ့တဲ့ မအူပင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရှိနေလည်း ဧရာဝတီတိုင်းထဲကဌာနတွေက ပြည်ထောင်စုလွှတ်တော်စုံစမ်းတွေ့ရှိချက်၊ အကြံပြုချက်တွေကို အကောင်အထည်ဖော်မပေးလို့ မအူပင်မှာ လယ်ယာမြေရရှိရေး စုစည်းပြီး အခုလို ဆန္ဒဖော်ထုတ်တာပါ” ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ မြေသိမ်းခံ တောင်သူလယ်သမား (၁၀၀၀)ကျော်မှာ မအူပင်မြို့၌ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် တရားဝင်ခွင့်ပြုမိန့်ယူကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။http://myitmakhamediagroup.com/news/regional-news/2077-2014-09-01-09-38-55

Letpadaung Movement
0


Timeline Photos
UNFC တွင် ပါဝင်မှုရပ်ဆိုင်း ၊ KNU နှစ်ခြမ်းမကွဲပါဘူးဟု နော်စီဖိုးရာစိန်ဆို

အောင်အောင်-ချင်းမိုင်(မြစ်မခ)

“ကျမတို့ နှစ်ခြမ်း မကွဲပါဘူး၊ ကျမတို့ ဆုံးဖြတ်ခဲ့တာတော့ KNU မှာ ဆုံးဖြတ်ထားတဲ့ တပ်ပေါင်းစုအပါအ၀င် ပူးပေါင်းမှုဟာ KNU ရဲ့ မူသဘောထားရှိတယ်၊ ဒါကိုလည်း ဆက်လက်ပြီးတော့ သွားမှာကတော့ ဗဟိုကော်မတီက အားလုံးသဘောထားရှိပြီးသား ဖြစ်တယ်။ ဒီမူကတော့ ကျမတို့ကတော့ မပယ် ပျက်ရသေးဘူး၊ ချထားတဲ့မူအတိုင်းပဲ ရှေ့သွားသေးတယ်လို့ အဲ့ဒါ ဒီကွန်ဖရင့်က ဆုံးဖြတ်တဲ့မူပဲ ရှိသေးတယ် အဲ့ဒါကြောင့် ကျမတို့ ဒါကိုဆိုလိုတာလေ၊ ကျမတို့ KNU ဗဟိုကော်မတီတွေကတော့ ဒီမူအတိုင်းပဲ သွားတာ ။အဲ့ဒါကြောင့် KNU က ဒီ မဟာမိတ် ပူးပေါင်းဆောင်ရွက်ရေးမူကို ဆက်လက်ကိုင်သွားရမှာ”

ကရင်အမျိုးသားအစည်းအရုံး KNU အနေနှင့် UNFC အဖွဲ့တွင် ပါဝင်တော့မှာ မဟုတ်ကြောင်း ကိုယ်စားလှယ် အားလုံးကို ရုတ်သိမ်းကြောင်း UNFCညီလာခံနောက်ဆုံးနေ့၌ KNU က အကြောင်းကြားစာပေးပို့ခဲ့သလို အဖွဲ့အစည်းအတွင်း၌လည်း စိတ်ဝမ်းကွဲမှုမရှိဟု ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။

http://myitmakhamediagroup.com/news/political-news/2078-unfc-knu
မေလ ၁၈ ရက်နေ့ ည၁ ၀န်းကျင်ခန့် နာရီအချိန်မှစပြီး စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းရှိ ဂွဈေး မီးစတင်လောင်ကျွမ်းလျက်ရှိရာ ယခုအချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်ပြီး တဈေးလုံးနီးပါး ကူးစက်လောင်းကျွမ်းပြီး ဖြစ်ကြောင်း မြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။ သတင်းများကို ဆက်လျက်ဖော်ပြပေးပါမည်။

Letpadaung Movement
0


စက်တင်ဘာလ ၁ ရက်နေ့ RFA ဗီဒီယို သတင်းတို- အမျိုးသားပညာရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲပေးဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ စစ်ကိုင်းမြို့မှာ ဆန္ဒပြတောင်းဆို- ရန်ကုန်ပြည်သူ့ဆေးရုံးကြီး အရေးပေါ်ဌာနမှာ ကျန်းမာရေးဝန်ဆောင်မှုအချို့ကို ဒီနေ့စတင် အခမဲ့ကုသပေးနေ

Letpadaung Movement
0


Timeline Photos
မြေသိမ်းခံ လယ်သမားများ လွှတ်တော်အမတ်နဲ့ ဆွေးနွေး

မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ် ၂၆ မြို့နယ်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ အမှုတွေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားသမဂ္ဂနဲ့ လယ်သမားတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေဟာ မကွေးမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

မကွေးတိုင်းအတွင်းက လယ်သမားတွေတင်ပြတဲ့ လယ်ယာမြေအမှုတွေကို လာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်ပြပေးသွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောပါတယ်။

“ကျနော်တို့ အဓိကထားတာကတော့ အခုပြည်သူ့လွှတ်တော်မှာ မေးခွန်းများနဲ့မေးပါမယ် ၊ ပြည်ထောင်စုလွှတ်တော်မှာ အဆိုရှင်များနဲ့ တင်ပြပြီးတော့ဆွေးနွေးပါမယ်၊ အဲ့ဒါအပြင် သိမ်းဆည်းခံမြေယာ စုံစမ်းရေးကော်မရှင်ကိုလည်းပဲ ကျနော်တို့ တင်သွင်းသွားပါမယ်၊ အဲ့ဒါအပြင်မှာ မြေယာအသုံးချမှု စီမံခန့်ခွဲရေးအဖွဲ့ ဒုသမ္မတနဲ့ ဦးဥာက်ထွန်းအဖွဲ့ကိုလည်း ကျနော်တို့ တင်ပြသွားပြီး ဆောင်ရွက်ဖို့တွေလည်း ရှိပါလိမ့်မယ်၊ အစိုးရသစ်ရဲ့ သက်တမ်းဟာ ၃ နှစ်ကျော်လာပါပြီ၊ သူတို့ ၂၀၁၁ ခုနှစ်ကတည်းက မြေယာပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းတွေ သူတို့ထုတ်ပြန်ညွှန်ကြားပြီး ဆောင်ရွက်လာခဲ့တာ ၃ နှစ်ကျော် မှာတောင်ဘာမှ ထိထိရောက်ရောက် မရှိသေးဘူးဆိုတော့ ကျန်တဲ့ ၁ နှစ်ခွဲလောက်ကာလ မှာတော့ အလွန်ဆုံး တစ်ဝက်ပြီးရင်တောင် ကံကောင်းလို့တော့ ပြောရမှာပါ”

မြို့နယ် ၂၆ မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက သိန်းဂဏန်းလောက်ရှိပြီး တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို လယ်သမား ၁၅၀ ကျော်တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်း၊ နိုင်ငံတော်သမ္မတအကြံပေး ဦးဇော်မင်းနဲ့ ဥပဒေပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။

Letpadaung Movement
0


မအူပင်က လယ်သမားထောင်နဲ့ချီပြီး အဓမ္မမြေသိမ်းမှုကို ဆန္ဒပြ
www.kamayutmedia.com
မြန်မာနိုင်ငံက လယ်ယာမြေသိမ်းယူခံရမှု အများဆုံးဖြစ်နေတဲ့ ဆန်စပါးအဓိကထွက်ရှိရာ ဧရာဝတီတိုင်းက တောင်သူလယ်သမား တစ်ထောင်ကျော်လောက်ဟာ သြဂုတ်၃ဝက မအူပင်မြို့မှာစုစည်းပြီး ဆန္ဒပြခဲ့ပါတယ်။ နယ်ပေါင်းစုံက လယ်သမားတွေ စုပေါင်းပြီး ဘာကို တောင်းဆိုခဲ့ကြလဲ။၂ဝ၁၂ လယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့၊ တောင်သူတွေကိုယ်တိုင်ပါဝင်တဲ့…

Letpadaung Movement
0


ကာချုပ်မိန့်ခွန်းက အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပင် ဖြစ်စေဟု သုံးသပ်
www.7daydaily.com
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည့် စကား ကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားတစ် ရပ်ပင် ဖြစ်စေကြောင်း နိုင်ငံရေး အင်အားစုများက ဆိုလာသည်။ ဦးသိန်းစိန် အစိုးရသက် တမ်း…

Letpadaung Movement
0


မအူပင်မြို့တွင် လယ်သမားတစ်ထောင်ကျော်ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများပြန်လည်ရရှိရေး ၊ လယ်ယာမြေဥပဒေများပြင်ဆင်ရေးဆွဲရေး ၊လယ်ယာမြေသိမ်းဆည်းထားသူများကို အရေးယူပေးရေး၊ လယ်ယာမြေဆုံးရှုံးမှုကြောင့် ဘ၀ပျက်ခဲ့ရသည့် လယ်သမားများကို လျှော်ကြေးပြန်လည်ပေးအပ်ရေး ၊ တောင်သူလယ်သမားအရေးကိစ္စရပ်များကို အစိုးရအဖွဲ့များ၊၀န်ကြီးဌာနများ ၊ နိုင်ငံရေးပါတီများမှဝိုင်းဝန်းဖြေရှင်းပေးရေးစသည်တို့ကို တောင်းဆိုခဲ့သည့် အင်အားတစ်ထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲကို သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ လယ်သမားများပူးပေါင်းပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်ကာ မအူပင်မြို့ တပတ်နီးပါး လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

Letpadaung Movement
0


Kantbalu Framers 302014

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ထဲက လယ်မြေသိမ်းဆည်းခံတောင်သူတွေ ကို နယ်မြေကျူးကျော်မှုနဲ့ ပြစ်ဒဏ်ချမှတ်ပြီးတဲ့အပြင် ထပ်မံ တရားစွဲခံနေရတဲ့အတွက် မိသားစုဝင်တွေက ကန့်ဘလူမြို့နယ် တရားရုံးရှေ့မှာ ရှစ်ခိုးအကူအညီတောင်းခံခဲ့ကြပါတယ်။ ဒေါ်ခင်မင်းဇော်သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး မတင်မာဆွေ

Letpadaung Movement
0

https://fbcdn-profile-a.akamaihd.net/hprofile-ak-xpf1/v/t1.0-1/p100x100/1380303_651511624892993_2051738987_n.png?oh=f3bb29aadd71b8e13e1692dc6d57402e&oe=54BA7469&__gda__=1418012995_bdb9c76908d918811f90428966c9cb3b

The Irrawaddy (Burmese Version)

Breaking News-ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမိသားစုဝင်တဦး စင်ကာပူတွင် ဆေးကုသမှု ခံယူပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ဧရာဝတီ၊ သြဂုတ် ၃၀၊ ၂၀၁၄ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေမိသားစုဝင်တဦး စင်ကာပူနိုင်ငံတွင် သွားရောက် ဆေးကုသမှု ခံယူပြီးနောက် ယနေ့တွင် ပုဂ္ဂလိကပိုင် ဂျက်လေယာဉ် တစီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း နေပြည်တော်ရှိ ခိုင်လုံသော သတင်း ရပ်ကွက်တခုမှသိရှိရသည်။ ဦးသန်းရွှေမိသားစု အသုံးပြုသော ပုဂ္ဂလိကပိုင် ဂျက်လေယာဉ်သည် ဦးတေဇပိုင် ဂျက်လေယာဉ်ဟု ယုံကြည်ရပြီး စင်ကာပူ တွင် ဆေးကုသမှု ခံယူသူမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ မိသားစုဝင်တဦးသာဖြစ်ပြီး မည်သူ မည်ဝါ ဖြစ်ကြောင်း၊ စင်ကာပူတွင် သွားရောက် ဆေးကုသမှု သွားရောက်ခံယူသည့်အချိန် အပါအ၀င် အသေးစိတ်သတင်း အချက် အလက် များကို အတည်ပြုနိုင်ခြင်းမရှိဘဲ စင်ကာပူတွင် ဆေးကုသမှု ခံယူပြီး ပုဂ္ဂလိကပိုင် ဂျက်လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာခြင်းကိုသာ အတည်ပြုနိုင်သည်။မကြာသေးခင်က ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကျန်းမာရေးမကောင်းမွန်၍ တပ်မတော်စစ်ဆေးရုံတခုတွင် ဆေးကုသမှု ခံယူရကြောင်းသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ယခင်စစ်အစိုးရ ခေါင်းဆောင်အများစုသည် ကျန်းမာရေးမကောင်းမွန်တိုင်း စင်ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူလေ့ရှိသည်။

Letpadaung Movement
0

https://fbcdn-profile-a.akamaihd.net/hprofile-ak-xfp1/v/t1.0-1/c0.17.100.100/p100x100/10273988_770069049694669_8416165503500770035_n.jpg?oh=3227862958ae99340553cdbf390cbed4&oe=54B6419A&__gda__=1418142750_e10555dedd6f21795efdc057642010d4

Mizzima – News in Burmese

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ် ထူးဝင်းက ပြောသည်။#Mizzimadailyသတင်းအပြည့်အစုံဖတ်ရန် – http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/26793-unfc-knu-knu

Letpadaung Movement
0


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေးတောင်းဆိုဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ဒီမိုကရေစီအင်အားစုမှ တောင်းဆိုဆန္ဒပြပွဲကို ရန်ကုန်မြို့လယ်တွင် သြဂုတ်လ(၂၉)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ လက်ပံတောင်းတောင်ဒေသတွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည့် ပြည်သူနှင့် ရဟန်းသံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့် (၂၁)လပြည့်သည့် နေ့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို လူဦးရေ နှစ်ဆယ်ဝန်းကျင်ပါဝင်ခဲ့ပြီး လမ်းလျှောက်ဆန္ဒပြသည့်အနေဖြင့် မဟာဗန္ဓုလပန်းခြံကို တစ်ပတ်ပတ်လမ်းလျှောက်ခဲ့ကာ ဆူးလေစေတီတော်ကြီးပေါ်တတ်ရောက်ပြီး ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

1 2 3 32