တပ်မတော် ဝတ်စုံသစ်ကို သရော်သူ NLD အဖွဲ့ဝင် ဖမ်းဆီးခံရ

တပ်မတော်ဝတ်စုံတွေ အရောင်ပြောင်း လဲခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာကို အင်တာနက် ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် မအူပင်မြို့ခံ မချောစန္ဒီထွန်း ဆိုသူ NLD အဖွဲ့ဝင်တစ်ဦးကို အီလက်ထရောနစ်အက် ဥပဒေနဲ့ မနေ့က ဖမ်းဆီးလိုက်ပြီး မအူပင်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ် ခဲ့ပါတယ်။

via သတင်းများ http://ift.tt/1LOlURB http://www.rfa.org

ကာချုပ်ကို ဖေ့ဘုတ်မှာသရော်သူနောက်တဦး ဖမ်းခံရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်ထားတဲ့ ဓါတ်ပုံကို Facebook လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အတွက် လှိုင်မြို့နယ်မှာ နေထိုင်သူ ပက်ထရစ်ကွမ်ဂျာလီ ကို လှိုင်ရဲစခန်းက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

via Voice of America http://ift.tt/1Qt0uHG http://ift.tt/Tf1V41

ကျန်းမာရေးဝန်ကြီးဌာနတွင် တပ်မတော်အရာရှိများ ပြောင်းရွေ့ခန့်ထားခြင်း ထပ်မံပြုလုပ်မည်မဟုတ်၊ မူလခေါ်ယူထားသည့် အရာရှိများကိုသာ ဆက်လက်ခန့်ထားမည်ဟု ပြည်ထောင်စု ၀န်ကြီးပြောကြား

ရန်ကုန်၊သြဂတ် ၁၁။
ကျန်းမာရေး ၀န်ကြီးဌာန၏ လစ်လပ်နေသည့် ကျန်းမာ/စီမံ အရာရှိ ရာထူးနေရာများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောင်းရွေကာ ခေါ်ယူခဲ့သည့်သတင်းများ လူမူကွန်ယက်တွင် ပျံနှံခဲ့ပြီးနောက် ကျန်းမာရေး ၀န်ထမ်း ဆရာဝန်အများစုက ကန့်ကွက်ကြောင်း စည်းရုံးလှုံဆော်သည့်( Campaign) များကို နေရာဒေသ အသီးသီးမှပြုလုပ်လာကြပြီးနောက် ကျန်းမာရေး ၀န်ကြီးဌာနတွင် တပ်မတော် အရာရှိများ ပြောင်းရွေ့ခန့်ထားခြင်းကို ထပ်မံပြုလု

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1ICGzU2 http://ift.tt/Y2RpwJ

မြန်မာဗိုလ်ချုပ် ၃ ဦးရဲ့ စစ်ရာဇဝတ်မှု ဟားဗတ် လေ့လာချက် ဖေါ်ထုတ်

စစ်အစိုးရ လက်ထက်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲ လက်ရှိ အစိုးရ အဖွဲ့ထဲက ထိပ်တန်း အရာရှိကြီးများ ပါဝင်ခဲ့တယ်လို့ ဟားဗတ် တက္ကသိုလ် ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ရဲ့ သုတေသီ တဦးက ပြောဆို လိုက်ပါတယ်။ မြန်မာစစ်အရာရှိကြီး ၃ ဦးနဲ့ ပတ်သတ်လို့ နိုင်ငံ တကာ ရာဇဝတ်မှုခုံရုံးက သူတို့ကို ဖမ်းဆီးနိုင်ဖို့ ကျေနပ်လောက်တဲ့ သက်သေ အထောက်အထားတွေ တွေ့ရှိ ထားတယ်လို့လည်း ဟားဗတ် ဥပဒေကျောင်း နိုင်ငံတကာ တရားရေးရာ သုတေသီ Matthew…

via Voice of America http://ift.tt/1xiJrAc http://ift.tt/Tf1V41

မြန်မာမီဒီယာကောင်စီ ကာချုပ်နဲ့တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဒီကနေ့ နေ့လည်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ နဲ့ တပ်မတော်အကြား တိုက်ပွဲတွေဖြစ်တဲ့အခါ နှစ်ဘက် မျှတမှုရှိတဲ့ သတင်းတွေ ဖော်ပြနိုင်အောင် တပ်မတော်ဘက်ကလည်း စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းပြီးတော့ သူတို့ဘက်က သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ နောက် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းမှာ တပ်မတော်ဘက်ကလည်း ဒီမိုကရေစီဘက်က အခုအတိုင်း ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့  အချက် ၂…

via Voice of America http://ift.tt/1v9rMu7 http://ift.tt/Tf1V41