ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက အားရစရာတော့မရှိဘူး – ကိုစိုးမင်း (စာကြည့်တိုက်မှူး)

မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်းကနေပြီးတော့ ရည်ညွှန်းစာကြည့်တိုက်တခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဒီရည်ညွှန်းစာကြည့်တိုက်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုသုတေသန ရည်ညွန်းစာကြည့်တိုက် တာဝန်ရှိသူတဦးဖြစ်တဲ့ စာကြည့်တိုက်မှူး ကိုစိုးမင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်းကနေပြီးတော့ ရည်ညွှန်းစာကြည့်တိုက်တခုကို ဖွင့်ထားတယ်လို့ သိရတယ်ရှင့်။ အဲဒီတော့ ရည်ညွှန်းစာကြည့်တိုက် စပြီးတော့ ဖွင့်ဖြစ်တဲ့ အကြောင်းလေးပေါ့နော်။ အဲဒီအကြောင်းလေးကို အရင်ဆုံး ပြောပြပေးပါရှင့်။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်ကို ကျနော်တို့ ဘာကြောင့် စပြီးဖွင့်ဖြစ်လဲဆိုတော့ အရင်ဆုံး မြန်မာယဉ်ကျေးမှုသုတေသနအသင်း ဆိုပြီးတော့ စဖွဲ့တယ်။ အဲဒီမှာ ကျနော်တို့ ဘာတွေ ဆုံးဖြတ်လဲဆိုတော့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ဂျာနယ်တခု ထုတ်မယ်ပေါ့။ ပြီးရင် ရည်ညွှန်းစာကြည့်တိုက်တခုကို ဂျာနယ်နဲ့တွဲပြီးတော့ ဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ အဲဒီဟာနဲ့ ဆက်စပ်ပြီးတော့မှ ကျနော်တို့ အရင်ဆုံး စာအုပ်တွေစုတယ်။ အချင်းချင်းမှာရှိတဲ့ စာအုပ်တွေပေါ့။ ကျနော်တို့ဆီမှာရှိတဲ့ စာအုပ်တွေ၊ ကိုဖိုးသင်္ကြန်တို့ဆီမှာရှိတဲ့ စာအုပ်တွေ၊ အဲလိုပေါ့။ ဒေတာတွေစုပြီးတော့မှ တခြားဆီကလည်း ကျနော်တို့ ၀ယ်တာတွေရှိတယ်။ အရင်တုန်းကတော့ ကျနော်တို့ ရုံးခန်းမရှိဘူး။ ၂၀၁၆၊ ၅ လပိုင်းလောက်မှာ ကျနော်တို့ ဒီရုံးခန်းကို ငှားလိုက်တယ်။ ရုံးခန်းလည်းရှိပြီ၊ နေရာလည်းရှိပြီဆိုတော့မှ ကဲ အဲဒါဆိုရင်တော့ ငါတို့ စာကြည့်တိုက်ဖွင့်လို့ရပြီ၊ စာအုပ်တွေကလည်း အတော်အသင့် ကျနော်တို့ စုဆောင်းမိပြီဆိုတော့ ၇ လပိုင်း ၁ ရက်နေ့မှာ ကျနော်တို့ စဖွင့်တာပေါ့။

မေး – အခုဆို ၂ လလောက်ပဲ ရှိသေးတာပေါ့နော်။ အဲဒီတော့ ဘယ်လောက်အထိ ရသွားပြီလဲရှင့် စာအုပ်အရေအတွက်က။

ဖြေ – စာအုပ်အရေအတွက်က အခုလက်ရှိ ၅၀၀၀ လောက်တော့ ရှိပြီခင်ဗျ။

မေး – တဖြည်းဖြည်းနဲ့လည်း ထပ်စုသွားဖို့ ရှိတယ်ပေါ့နော်။

ဖြေ – ဟုတ်။ ထပ်စုသွားဖို့ ရှိပါတယ်။

မေး – အမျိုးအစားအနေနဲ့ရော ဘယ်လိုမျိုး ခွဲခြားထားလဲရှင့်။

ဖြေ – အမျိုးအစားက ကျနော်တို့က သမိုင်းရှိမယ်။ ပြီးရင် နိုင်ငံရေးရှိမယ်။ ပြီးရင် ရည်ညွှန်းစာအုပ်တွေရှိမယ်။ ပြီးတော့ မြန်မာ့စာပေနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ အင်္ဂလိပ်ပိုင်းကတော့ အရမ်းကြီးတော့ မများဘူး။ အရှေ့တောင်အာရှနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ Burma Study ဆိုတဲ့ မြန်မာနိုင်ငံအကြောင်းကို ရေးထားတဲ့ စာအုပ်တွေ ရှိမယ်ပေါ့။ ပြီးတော့ အင်္ဂလိပ်ဝတ္ထုတို့၊ ဘာတို့။ အဲဒါတွေရှိမယ်။

မေး – အဲဒီတော့ အစ်ကို၊ ရည်ညွှန်းစာကြည့်တိုက်ပေါ့နော်၊ ဒါက ရိုးရိုးစာကြည့်တိုက်တခုနဲ့ ဘယ်လိုကွာခြားမှုရှိလဲ။ ဘယ်လိုထူးခြားမှုရှိလဲ။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်က အများအားဖြင့်တော့ ပုံမှန် စာဖတ်တဲ့လူတွေနဲ့တော့ အရမ်းကြီးတော့ မသက်ဆိုင်ဘူး။ ရည်ညွှန်းရဲ့ သဘောသဘာဝကိုက လိုအပ်တဲ့ဒေတာပေါ့။ အချိန်တိုတိုနဲ့ အညွှန်း၊ အကိုးအကားပြုနိုင်အောင် စုဆောင်းထားတဲ့၊ ပြောရရင်တော့ စာအုပ်အမျိုးအစားတွေ ပိုများတယ်ပေါ့နော်။

မေး – ပညာရပ်တခုအတွက် လိုအပ်တဲ့ အထောက်အထားတွေပေါ့နော်။

ဖြေ – ဟုတ်တယ်ခင်ဗျ။

မေး – စာကြည့်တိုက်ရဲ့ အသုံးပြုတဲ့ ရက်တွေကရော ဘယ်လိုမျိုးလဲ။ နေ့တိုင်းဖွင့်လား။

ဖြေ – ကျနော်တို့က တနင်္လာကနေ စနေအထိပေါ့ စာကြည့်တိုက်ဖွင့်တာကတော့။ မနက်ဆိုရင် ၁၀ နာရီကနေ စဖွင့်တယ်။ ညနေ ၅ နာရီအထိပေါ့။

မေး – အဲဒီတော့ အစ်ကိုတို့ ဒီမှာဆိုရင် လာတဲ့လူတွေအတွက်ရော ဘာတွေလိုအပ်လဲ။ ဒီမှာ အသုံးပြုဖို့အတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးလဲရှင့်။

ဖြေ – လာတဲ့လူတွေအတွက်ကတော့ စာကြည့်တိုက်ကို သုံးမယ်ဆိုရင် ကျနော်တို့ ဖောင်တော့ဖြည့်ရတယ်။ စာကြည့်တိုက် သုံးစွဲခွင့်ဖောင်ပေါ့။ ပြီးရင် ဓာတ်ပုံတပုံလိုမယ်။ ဒါပဲ။ ၀န်ဆောင်မှုအနေနဲ့က ကျနော်တို့က ရည်ညွှန်းစာကြည့်တိုက် ဖြစ်တဲ့အတွက် စာအုပ်တော့ ကျနော်တို့ မငှားဘူး။ မငှားတဲ့အတွက်ကြောင့် ကျနော်တို့ စာကြည့်တိုက်ကတ် မထုတ်ပေးတာ။ ဒါပေမယ့် လိုချင်တဲ့ဒေတာ ရှိမယ်ဆိုရင် ကျနော်တို့ မိတ္တူဆွဲပေးတယ်။ ဒါမှမဟုတ် ဓာတ်ပုံရိုက်ချင်တယ် ဆိုရင်လည်း ဓာတ်ပုံရိုက်လို့ရမယ်။ မိတ္တူဆွဲပေးမယ်။ တကယ်လို့ Scan လိုချင်တယ်ဆိုရင်လည်း Scan ဖတ်ပေးမယ်။ ဒါ ကျနော်တို့ဘက်က ၀န်ဆောင်မှုပေးတာပေါ့။ ပြီးရင်လည်း ကော်ဖီတွေ ဘာတွေလည်း Free တိုက်တယ်။ အဲလိုမျိုးပေါ့။

မေး – အဲဒီတော့ ဒီမှာရော ခုနက အစ်ကိုတို့ပြောတဲ့ စာအုပ်ပေါင်း ၅၀၀၀ ၀န်းကျင် အဲဒီလောက် ရှိသွားပြီဆိုတော့ ဒီထဲမှာ ရှားရှားပါးပါး ထူးထူးခြားခြား စာအုပ်မျိုးတွေ စုဆောင်းမိတာ ရှိလားရှင့်။

ဖြေ – ရှားရှားပါးပါးက ကျနော်တို့အနေနဲ့က အဲလောက်ကြီးတော့ စုဆောင်းမိတာ မရှိဘူး။ ဒါပေမယ့် စာနယ်ဇင်းတွေတော့ရှိတယ်။ ဒီဘက်ခေတ်မဟုတ်တဲ့ စာနယ်ဇင်းတွေပေါ့။ တချို့စာနယ်ဇင်း ရှားရှားပါးပါးတွေဆိုရင် ဥပမာ GPRS ဆိုရင် အခုနောက်ပိုင်းက GPRS က ၀ယ်လို့ရတယ်။ CD နဲ့ဖြစ်ဖြစ်။ အရင်တုန်းကဆိုရင် GPRS ကို မ၀ယ်နိုင်ဘူး။ ရောင်းတဲ့နေရာ သိတယ်။ ဒါပေမယ့် အရမ်းဈေးကြီးတယ်။ ကျနော်တို့အနေနဲ့ လက်လှမ်းမမီဘူး။ အခုဆိုရင် ကျနော်တို့ဆီမှာ အတွဲလိုက်လည်း ရှိတယ်။ လိုချင်ရင် ကျနော်တို့ Free ကိုပေးတယ်။

မေး – ခုနက အစ်ကိုပြောတဲ့ သုတေသနအသင်းရဲ့ အညွှန်းပေါ့နော်။

ဖြေ – GPRS အသင်းရဲ့ သူတို့ထုတ်ခဲ့တဲ့၊ အညွှန်းအပြင်ကို စာအုပ်တွေက ကျနော်တို့ဆီမှာ CD နဲ့ ရှိတယ်။ လိုချင်ရင် ကျနော်တို့ CD ခုတ်ပေးတယ်။

မေး – အရင်ကထုတ်ခဲ့တဲ့ မြန်မာသုတေသနအသင်းရဲ့ စာအုပ်တွေ၊ အညွှန်းတွေကို အစ်ကိုတို့ဆီမှာ ၀န်ဆောင်မှု ပေးနေတယ်ပေါ့နော်။

ဖြေ – ဟုတ်ကဲ့။ ၀န်ဆောင်မှု ပေးနေပါတယ်ခင်ဗျ။

မေး – အစ်ကိုတို့ ဒီရည်ညွှန်းစာကြည့်တိုက်ရဲ့ တခြားလှုပ်ရှားမှုတွေကရော စာကြည့်တိုက်တခုအနေနဲ့ ဘာတွေရှိသေးလဲရှင့်။

ဖြေ – စာကြည့်တိုက်တခုရဲ့ လှုပ်ရှားမှုတွေအနေနဲ့ လောလောဆယ်တော့ ကျနော်တို့က ပြောရရင် တည်ထောင်ခါစဆိုတော့ လှုပ်ရှားမှုက အဲဒီလောက်ကြီး မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ အမှန်ဆိုရင် ကျနော်တို့ တခြားစာကြည့်တိုက်တွေနဲ့ လင့်ခ်ချိတ်ပြီးတော့ လုပ်ရမှာ။ ကျနော်တို့ အဲဒီအပိုင်းကတော့ မလုပ်နိုင်သေးဘူး။ ရိုးရိုးသားသားပြောရရင် အားနည်းနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာကြည့်တိုက်ကို စနစ်တကျဖြစ်အောင်ပဲ အရင်ဆုံး ကျနော်တို့ တည်ထောင်ချင်တာ။ စနစ်တကျ ဖြစ်သွားပြီဆိုတော့မှ တခြား Activity တွေပေါ့။ စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ဥပမာ ဟောပြောပွဲတွေ ကျနော်တို့ လုပ်မယ်။ နောက် စာကြည့်တိုက်နဲ့ပတ်သက်တဲ့ သင်တန်းတွေ။ ပြောရရင်တော့ စာကြည့်တိုက်အကြောင်းနဲ့ ကျနော်တို့ စာကြည့်တိုက်ကိုလည်း လူပိုသိလာမယ်။ ပြီးတော့ စာကြည့်တိုက်အကြောင်းဆိုတာ ကျနော်တို့ စာကြည့်တိုက်မှ မဟုတ်ဘူး။ စာကြည့်တိုက်ဆိုတာ ဘာလဲဆိုတဲ့ဟာကို သူတို့တွေလည်း သိစေချင်တယ်။ အဲလိုမျိုးလုပ်ဖို့တော့ ကျနော်တို့ Plan တော့ ချထားပါတယ်။

မေး – အစ်ကိုတို့စာကြည့်တိုက်က ရည်ညွှန်းစာကြည့်တိုက်ဆိုတော့ ရည်ညွှန်းစာကြည့်တိုက်တခုရဲ့ အရေးပါပုံပေါ့နော်။ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ပြောပြပေးပါဦးရှင့်။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်က၊ ပုံမှန်စာကြည့်တိုက်တွေဆိုရင် စာအုပ်တွေက အမျိုးအစားစုံတယ်ဗျာ။ ကျနော်တို့ကျတော့ ရည်ညွှန်းစာကြည့်တိုက် ဖြစ်တဲ့အတွက် တခုခုကိုပဲ ဦးစားပေးပြီးတော့ Special ပေါ့။ Special စုဆောင်းထားတာ ဖြစ်တဲ့အတွက်၊ ဥပမာ ထားပါ၊ ကျနော်တို့ဆိုရင် ယဉ်ကျေးမှုနဲ့ဆိုင်တယ် ကျနော်တို့စာကြည့်တိုက်က။ ဆိုတော့ ဥပမာ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ စာအုပ်တွေဆိုရင် ကျနော်တို့ဆီမှာ အများဆုံးရှိနိုင်တယ်။ ဒါက နာမည်ကို ကြည့်ပြီးတော့ အရင်ဆုံး ကောက်ချက်ချလိုက်လို့ရတယ်။ အဲဒီအခါကျတော့ သူများတကာ စာကြည့်တိုက်တွေကျတော့ အမျိုးအစားစုံတယ်ဗျာ။ ကိုယ်လိုချင်တဲ့ဟာကို ချက်ချင်းရှာလို့ခက်တယ်။ ရည်ညွှန်းစာကြည့်တိုက်ကျတော့ အဲလိုမျိုးမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို မကြာဘဲနဲ့ လျင်လျင်မြန်မြန် သိနိုင်တယ်။ ကျနော်တို့ဆီမှာ ရည်ညွှန်းကို ၁၀ မျိုး ခွဲထားတယ်။ ဆရာကြီးဦးသော်ကောင်းတို့ပေါ့၊ သူတို့လက်ထက်၊ ဆရာဇော်ဂျီတို့ လက်ထက်ကတည်းကိုက ရည်ညွှန်း ၁၀ မျိုးရှိတယ်။ ဥပမာ စွယ်စုံကျမ်းတွေ ပါမယ်။ Dictionary တွေ၊ စာစုစာရင်းတွေ။ ဆိုတော့ ဒါတွေက အပျော်ဖတ်မဟုတ်ဘူး။ ရည်ညွှန်းရဲ့သဘာဝက အပျော်ဖတ်မဟုတ်ဘူး။ သူက သုတနဲ့ဆိုင်တယ်။ အချက်အလက်ပေါ့လေ။ ဥပမာ အမျိုးသားအဘိဓာန်လိုမျိုးတို့။ ကျနော်တို့ဆီမှာ အခုထိ အမျိုးသားအဘိဓာန် မရှိဘူး။ ပြင်ပက လုပ်တဲ့လူတွေတော့ ရှိတယ်။ ဒါပေမယ့် မစုံလင်ဘူး။ ရည်ညွှန်းရဲ့သဘာဝက အဲလိုမျိုးပေါ့။ အရေးကြီးတဲ့ဟာလောက်ပဲ သူက ပါတာ။ ရသပိုင်းကို အဲလောက်ကြီး ဦးစားမပေးဘူး။ အချက်အလက်တွေပေါ့။ ဥပမာ ကျမ်းပြုတဲ့ လူတယောက်က သူလိုချင်တဲ့ပွိုင့်ပေါ့။ ဒေတာလေးကို ရည်ညွှန်းကျမ်းတွေထဲမှာ ရှာလို့တွေ့ပြီဆိုမှ ရှေ့ဆက်ပြီးတော့၊ ပြောရရင်တော့ ရည်ညွှန်းဆိုတာ သုတေသနသမားတွေအတွက် အများအားဖြင့် ပေါင်းကူးပေါ့။ ဒီကနေဖြတ်ပြီးတော့မှ ရှေ့ဆက်ပြီးတော့ ကျယ်ပြန့်တဲ့ သူလိုချင်တဲ့ဟာကို သွားလို့ရမှာကိုး။ ရည်ညွှန်းကျမ်းမရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရဘူး။

မေး – အစ်ကိုတို့ဆို ဒါ လူငယ်တွေစုပြီးပေါ့နော်၊ လူငယ်ရော လူကြီးရော အများအားဖြင့် လူငယ်တွေစုပြီးတော့မှ ကိုယ့်ဘာသာကိုယ် တနိုင်တပိုင် တည်ထောင်ထားတယ်ပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုအခြေအနေကရော ဘယ်လိုရှိလဲရှင့်။ ဒီလိုမျိုးဖြစ်လာအောင် အစ်ကိုတို့ ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။

ဖြေ – မြန်မာနိုင်ငံမှာ ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက ကျနော်သိသလောက်ပေါ့လေ အားရစရာတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အမျိုးသားစာကြည့်တိုက်တောင်မှပဲ နေရာ ခဏခဏ အပြောင်းခံနေရတာ။ အခုတော့ မြို့ထဲကိုတော့ ပြောင်းမယ်လို့တော့ ပြောတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ စာကြည့်တိုက်ကို စပြီးတော့ ကြိုးစားတုန်းကတော့ ခက်ခဲတာပေါ့။ အဓိကက နေရာဗျာ။ စာကြည့်တိုက်ဆိုတော့ နေရာကို အရင်ရှာရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်ပိုင်မဟုတ်ဘူး။ ကိုယ်ပိုင်မဟုတ်တဲ့အတွက် ငှားရတယ်။ ပြောရရင်တော့ ပိုက်ဆံကုန်တယ်။ ဒီကြားထဲ စာအုပ်ကလည်း စုရသေးတယ်။ ကိုယ်နဲ့ဆိုင်တဲ့ စာအုပ်တွေပေါ့။ တွေ့သမျှ စာအုပ်တွေကိုလည်း ကျနော်တို့ ၀ယ်လို့မရဘူး။ တချို့စာအုပ်တွေဆိုရင် ကျနော်တို့ မိတ္တူဆွဲရတယ်။ မူရင်းတွေက ပြောရရင် မရှိတော့ဘူးဗျာ။ မတွေ့နိုင်တော့ဘူး။ အဲဒီဟာမျိုးတွေဆိုရင် ကျနော်တို့ မိတ္တူဆွဲရတယ်။ အများဆုံးကတော့ ဈေးများကြတာ များတယ်။ ဘာလို့လဲဆိုတော့လေ ပြန်ထုတ်တဲ့ စာအုပ်တွေလည်း မဟုတ်ဘူး။ တချို့စာအုပ်တွေဆို ပြန်မထုတ်တော့ဘူး။ ရှေးတုန်းက စာအုပ်တွေမျိုးဆိုရင် တအုပ်ကို ပထမပုံနှိပ်ဆိုရင် ပိုပြီးဈေးကြီးတယ်။ ဒီမှာ လုပ်နေကြတာ ၀ါသနာအရင်းခံနဲ့ပဲ လုပ်နေကြတာဆိုတော့။ တခြားဘက်ကနေ ကိုယ်က အလုပ်တခုခုလုပ်။ ပိုက်ဆံရလာတယ်။ ရလာတဲ့ဟာကို ဒီထဲမှာထည့်။ ထည့်ပြီးတော့မှ ကိုယ်ထူကိုယ်ထ ၀ိုင်းပြီးတော့ လုပ်နေရတာ။

မေး – အဲဒီတော့ ရှေ့လျှောက် ဒီရည်ညွှန်းစာကြည့်တိုက်ကို အစ်ကိုတို့အသင်းက ဖွင့်ထားတဲ့ ရည်ညွှန်းစာကြည့်တိုက်ရဲ့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်လေးတွေ နည်းနည်းပြောပြပေးပါလားရှင့်။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်ကတော့ ခုနက ပြောသလိုပဲ ကျနော်တို့ ပုံမှန်တော့ Activity လေးတွေ လုပ်ဖြစ်မယ်။ Society အနေနဲ့ကတော့ ကျနော်တို့ တလကို ပုံမှန် တခုလုပ်တယ်။ ဟောပြောပွဲတခု လုပ်တယ်လေ။ Debate သဘောမျိုးပါ။ အဲလိုမျိုး တခုလုပ်တယ်။ စာကြည့်တိုက်အနေနဲ့က နောက်ပိုင်းကျရင်တော့ ကျနော်တို့ ဟောပြောပွဲပေါ့၊ စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဆရာတွေကို ဖိတ်ပြီးတော့ စာကြည့်တိုက်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အဲလိုမျိုးတွေ ဟောပြောပွဲတွေ လုပ်ဖို့တော့ ရှိတယ်။ ပြီးရင် ကျနော်တို့ စာကြည့်တိုက်သင်တန်းပေါ့။ အဲဒါကို ကျနော်တို့ ဖွင့်နိုင်အောင်တော့ ကြိုးစားနေတယ်။ ရက်ရှည်တော့ မဟုတ်ဘူးပေါ့။ ဥပမာ နှစ်လဖြစ် နှစ်လ၊ သုံးလဖြစ် သုံးလပေါ့။ အလွန်ဆုံးတော့ သုံးလပါပဲ။ အဲလိုမျိုးဖွင့်ဖို့တော့ ကြိုးစားနေတယ်။ ပြီးရင် စာကြည့်တိုက်ကိုတော့၊ အဓိကက စာကြည့်တိုက်တခု ဖွင့်ပြီးရင်တော့ သုံးတဲ့လူရှိမှ။ သုံးတဲ့လူမရှိရင် သေနေတဲ့၊ ပြောရရင် ဂိုဒေါင်သဘောမျိုး ဖြစ်နေလိမ့်မယ်။ ဆိုတော့ သုံးမယ့်သူတွေ များများသိအောင်လို့ လုပ်ရမယ်လို့ ကျနော်တို့ ရည်မှန်းထားတယ်။ တက္ကသိုလ်တွေထဲမှာ ကျနော်တို့ ကြော်ငြာကပ်ချင် ကပ်မယ်ပေါ့။ သုတေသနလုပ်တဲ့ လူမျိုးတွေ၊ ပြင်ပသုတေသနပညာရှင်တွေ၊ အဓိကက သူတို့ကို သိစေချင်တာ။ သူတို့သိအောင် ကျနော်တို့ တခုခုပေါ့၊ ဥပမာ ရန်ကုန်တက္ကသိုလ်၊ တခြားတက္ကသိုလ်တွေပေါ့။ ကျောင်းတွေထဲမှာ ကြော်ငြာတခုခု လုပ်ချင်လည်း လုပ်မယ်။ ဒါမှမဟုတ် သူတို့ကိုဖိတ်ပြီးတော့ ကျနော်တို့ စာကြည့်တိုက်မှာ စာအုပ်တအုပ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ပေါ့။ အဲလိုမျိုးလေးတွေ၊ စာပေစကားဝိုင်းလေးတွေ လုပ်မယ်။ အဲဒါမျိုးလေးတွေတော့ ရည်မှန်းထားတယ်ပေါ့။ အကြီးကြီးတော့လည်း ကျနော်တို့ မရည်မှန်းထားပါဘူး။ နည်းနည်းပဲ။

မေး – ဟုတ်ကဲ့။ ဒါ အခုမှ အစဆိုတော့ ရှေ့လျှောက် တိုးချဲ့သွားဖို့လည်း ရှိတာပေါ့။

ဖြေ – ဟုတ်ကဲ့။ တခြားစာကြည့်တိုက်တွေနဲ့ လင့်ခ်ချိတ်ပြီးတော့၊ ပူးပေါင်းပြီးတော့ လုပ်ဖို့ ကျနော်တို့ အစီအစဉ် ရှိပါတယ်

The post ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက အားရစရာတော့မရှိဘူး – ကိုစိုးမင်း (စာကြည့်တိုက်မှူး) appeared first on DVB.

via DVB http://ift.tt/2dHng2U http://burmese.dvb.no

အေပီ ဒေါ်အေးအေးဝင်း အနားယူပြီ

မြန်မာနိုင်ငံဆိုင်ရာ အေပီ သတင်းဌာန အကြီး အကဲ ဒေါ်အေးအေးဝင်း ဟာ ၂၅ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် မနေ့က အနားယူလိုက်ပါပြီ။

via သတင်းများ http://ift.tt/1KIcPZn http://www.rfa.org

မဖြိုးဖြိုးအောင် (အထွေထွေအတွင်းရေးမှူး) ဗကသများအဖွဲ့ချုပ် နှင့် တွေ့ဆုံမေးမြန်းခ…

မဖြိုးဖြိုးအောင် (အထွေထွေအတွင်းရေးမှူး) ဗကသများအဖွဲ့ချုပ် နှင့် တွေ့ဆုံမေးမြန်းခန်း
ရိုက်ကူး ၊တည်းဖြတ် – ကောင်းထက်ကျော်


DVB -မဖြိုးဖြိုးအောင် နှင့် တွေ့ဆုံမေးမြန်းခန်း

DVB TV -မဖြိုးဖြိုးအောင် (အထွေထွေအတွင်းရေးမှူး) ဗကသများအဖွဲ့ချုပ် နှင့် တွေ့ဆုံမေးမြန်းခန်း ရိုက်ကူး ၊တည်းဖြတ် – ကောင်းထက်ကျော်

via DVB TV News’s Facebook Wall http://ift.tt/1waWkPc http://ift.tt/g8FRpY

တတိယ အကြိမ်မြောက်တွေ့ဆုံသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ဆုံပွဲမှ စကားသံများ

via moi http://ift.tt/1Db3W6t http://ift.tt/1KnLGaX

ဖမ်းဆီးခံ သံဃာငါးပါး၏ထောင်တွင်းအတွေ့အကြုံနှင့် သုံးသပ်မိန့်ကြားချက်များ ========…

ဖမ်းဆီးခံ သံဃာငါးပါး၏ထောင်တွင်းအတွေ့အကြုံနှင့် သုံးသပ်မိန့်ကြားချက်များ
====================================================

အဂ္ဂမင်း ရေးသားသည်။ ၊ Flower News Journal အတွဲ (၁၀) အမှတ် (၂၄)

" မဟာသန္တိသုခ ကျောင်းတော်ကြီးအတွင်းမှဖမ်းဆီး၍ လူဝတ်လဲကာ အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းထားသည့် အင်္ဂလန်ဆရာတော်ဦးဥတ္တရအပါအဝင် သံဃာ တော်ငါးပါးအား ဇွန် ၂ဝ ရက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် သုံးထပ် ကျောင်းတိုက်တွင် သိက္ခာထပ်ပြီးသည့်အခါ ¤င်းတို့ကြုံတွေ့ခံစားခဲ့ရသည့် အတွေ့အကြုံ များကို ယင်းဆရာတော်များမှ ဖလားဝါးနယူးစ်ဂျာနယ်သို့ မိန့်ကြားခဲ့ပါသည်။"
——————————————————————————–
မဟာသန္တိသုခ ကျောင်းတော် ကြီးဆီ ရောက်ရှိနေသော ဆရာတော်ဦးသုန္န ရမှာ အင်္ဂလန်နိုင်ငံမှ ဆရာတော်ဦးဥတ္တရ ရောက်ရှိနေသဖြင့် မနက်ခင်းကတည်းက တည်းခိုနေထိုင်သော ကမ္ဘာအေးကုန်းမြေ မှ မဟာသန္တိသုခကျောင်းတော်ကြီးသို့ ရောက် ရှိနေခဲ့သည်။

ဆရာတော်နှင့် တရားအကြောင်း အရာများ နိုင်ငံခြားတွင် ဗုဒ္ဓဘာသာကျောင်း များ ဘယ်လောက်ထွန်းကားနေပြီ ဆိုသည် များကို နာခံ မှတ်သားနေခဲ့သည်။ နေ့ဆွမ်း စားပြီးချိန်လောက် ကျောင်းတိုက်အပြင်ဘက် တွင် လုံခြုံရေးရဲများ ရောက်နေသည်ကို တွေ့ ရှိသဖြင့် စိတ်ထဲတွင် ထူးခြားနေမှန်းသိနေ သည်။ မွန်းလွဲချိန် ရောက်သည့်အခါတွင် ကျောင်းတိုက်မှ သံဃာများ၏ ပြောပြချက် အရ ကျောင်းတိုက်မှ သံဃာများအား ဖယ် ရှားတော့မည်ဟု သိလိုက်ရသည်။ သိသိချင်း စိတ်အတော်ပင်လှုပ်ရှား သွားမိသည်။
အကယ်၍ ထိုအချိန်ကမ္ဘာအေး ကျောင်းတိုက်သို့ ပြန်သွားမည်ဆိုပါက ကျောင်း တိုက်တွင် ကျန်ရှိသည့်သံဃာများကို သစ္စာ မဲ့ရာ ကျပေမည်။ ဆရာတော်ဆုံးဖြတ်လိုက် ပါသည်။ ကျောင်းတွင် ကြုံတွေ့လာရမည့် ဖြစ်သမျှ ကျောင်းရှိသံဃာများနှင့် စုပေါင်း ဖြေရှင်းကြမည်ဟု ဆရာတော်ဦးသုန္နရ ဆုံး ဖြတ်ခဲ့သည်။

တနင်္သာရီတိုင်း သရက်ချောင်း မြို့ သရက်ချောင်းကျောင်းတိုက်တွင် သီတင်း သုံးသည့်ဆရာတော်ဖြစ်ပြီး နိုင်ငံတော် ပရိ ယတ္တိသာသနတက္ကသိုလ်မှာ ဗြ(ႊ့န်င်) ကျမ်းပြုစုထားသည့် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။
”အဲဒီတုန်းက ဦးဇင်းတွေးနေ တယ်။ တစ်ခုခုတော့ ဖြစ်တော့မယ်။ ကောင်း တဲ့လက္ခဏာတော့ မဟုတ်ဘူးဆိုတာ ဦးဇင်း သိတယ်။ ညကျမှ သိလိုက်ရတာက နောက် ကျသွားပြီလေ။ ဦးဇင်းတို့ အမှန်တကယ် ကို ဘာမှ ပြင်ဆင်ချိန်မရလိုက်တာ ကြိုပြီး တော့သိရင် ဦးဇင်းတို့ဆင်းမှာပါ။ အားလုံး ကလဲ ဘာမှပြင်ဆင်ချိန်မရဘူး။ နောက် တော့ ဖမ်းသွားတာပဲပေါ့”ဟု ဆရာတော် က ပြောပြသည်။

ကျောင်းတိုက်နှင့် သံဃာတော် များ မည်သို့ ပတ်သက်ပုံကိုလည်း ယခုလို ဆရာတော်က ဆက်လက်မိန့်ကြားသည်။
”ဒီကျောင်းတိုက်က ဆရာတော် တွေဆိုတာကလဲ ပီနန်ဆရာတော်ကြီးနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး။ ဒါပေမဲ့ ပီနန် ဆရာတော်ကြီးနဲ့ နိုင်ငံခြားမှာ တပည့်တော် ခဲ့ရင်တော်မယ်။ ဒီလိုပတ်သက်မှုပဲ ရှိတဲ့အ တွက် ဘာမှ ဦးဇင်းတို့က မသိဘူး”ဟု မိန့် ကြားသည်။
ယခုလို အာမခံဖြင့် လွတ်မြောက် ခဲ့ပြီးနောက် ဆရာတော်၏ ခံစားချက်များ ကိုလည်း ယခုလို ဆက်လက်မိန့်ကြားသည်။

”မြန်မာတစ်မျိုးသားလုံးပဲ အမျိုး ဘာသာ သာသနာအရေးမှာ နောက်မကျ ဘဲနဲ့ အားပေးကာကွယ်တဲ့အတွက်ကြောင့် အခုလို ပြန်လည်လွတ်ခွင့်ရတာပါ။ အရင် တုန်းကဆိုရင်တော့ အဲဒီလောက်မသိခဲ့ဘူး။ အပြင်နဲ့ ဦးဇင်းတို့က အဆက်ပြတ်နေတာ ၁ဝ ရက်လောက်ရှိပြီလေ။ အပြင်ကိုရောက် လာတော့ ဦးဇင်း မျက်ရည်လည်တယ်။ မျက် ရည်ပါ ကျတယ်။ ကိုယ့်ဟာကို ဝမ်းနည်း တာလဲ ပါတယ်။ ဒါပေမဲ့ ဦးဇင်းက အငြိုးအ တေးမထားပါဘူး။ ဦးဇင်းတို့ ကိုယ်၌ကဖြစ် ချိန်တန်လို့ ဖြစ်တယ်ပဲ”ဟု မှတ်တော်မူ ကြောင်း မိန့်ကြားသည်။

ဆရာတော်သည် ကျမ်းပြုစုပြီး နောက် တောင်တန်းသာသနာပြုရန် စောင့် ဆိုင်းနေစဉ်ကာလအတွင်း ယခုကဲ့သို့ ဖြစ် ပွားခဲ့ရခြင်းဖြစ်သည်။
”အဲဒီမှာဦးဇင်းတို့ စာသင်သား သံဃာတွေဆိုတာကလဲ ကျောင်းမှာ မမြဲ ဘူး။ အဲဒီနေ့က လန်ဒန်က လက်ထောက် ဆရာတော်ဦးဥတ္တရက မဟာသန္တိသုခ ကျောင်းကို ရောက်နေတယ်ဆိုတာ ဦးဇင်း တို့သိရတော့ နိုင်ငံခြားပြန်ဆိုရင် ဒီမှာက ဦးဇင်းတို့လဲ ဖူးချင်တာပေါ့။ တွေ့ချင်တာ နဲ့ အဲဒီနေ့က သွားတာပါ။ အဲဒီနေ့မနက် ခင်းကတည်းက ရောက်နေတာ။ အဲဒီနေ့က ဝင်စီးတော့ စိတ်လဲလှုပ်ရှားတယ်။ ဝမ်းလဲ နည်းတယ်။ ဦးဇင်းတို့ဘဝမှာ ၁၃နှစ်သား ကိုယ်ရင်ဝတ်ပြီးကတည်းက တစ်ခါမှ ဒီလို မကြုံဖူးဘူး။ အဲဒီလိုမျိုးဖြစ်တော့ ဝမ်းနည်း တယ်။ ဘယ်သူ့အပေါ်မှတော့ အငြှိးအတေး မထားပါဘူး”။
ဆရာတော်မှာ ဖမ်းဆီးအကျဉ်း ကျခံရချိန် ကြုံတွေ့ရသည်များကိုလည်း ယခုကဲ့သို့ မိန့်ကြားခဲ့ပြန်သည်။

”ဦးဇင်း ထောင်ထဲမှာ နေတုန်း ကလဲ အဲဒီလိုမျိုးပဲ၊ အထူးသဖြင့် ထောင် ဝန်ထမ်းတွေကို ချီးမွမ်းချင်တယ်။ မိသားစု လိုပဲ ဦးဇင်းတို့ကို လိုလေသေးမရှိအောင် ထားကြပါတယ်။ ပြုစုကြပါတယ်။ အဲဒီကျေး ဇူးတွေကိုလဲ ဦးဇင်းမမေ့ပါဘူး။ အစကမ သိဘူးလေ တအားကြီးလဲ ကြောက်လန့်နေ တာပေါ့။ ဒါပေမဲ့ ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်” ဟု မိန့်ကြားသည်။

ဆရာတော်ဦးသုန္နရကဲ့သို့ ဖမ်း ဆီးခံရသည့် ဆရာတော်များထဲတွင် တစ် ပါးအပါအဝင်ဖြစ်သည့် ဆရာတော်ဦးနန္နိ ယမှာ ပီနန်ဆရာတော်ကြီး မဟာသန္တိသုခ ကျောင်းတော်ကြီးသို့ရောက်ရှိလျှင် သီတင်း သုံးသည့်အခန်းတွင် သီတင်းသုံးပြီး ပီနန် ဆရာတော်ကြီး၏ ဝေယျာဝစ္စများကို အလုပ် အြေ<ွကးပြုရသော အနီးနေ သံဃာတော်တစ် ပါးဖြစ်သည်။
ဆရာတော်က အဆိုပါအဖြစ် အပျက်အား ကြုံတွေ့ခဲ့ရပုံများနှင့် အင်းစိန် ထောင်အတွင်း တွေ့ကြုံခဲ့သည်များကို ယခု ကဲ့သို့ မိန့်ကြားခဲ့သည်။
”ရောက်ရောက်ချင်း ရွှေတိဂုံဘု ရား အရှေ့ဘက်မုဒ်ကနေပြီးတော့ နေ့ခင်း ၁၂ နာရီလောက်ကနေ သင်္ကန်းတွေချွတ် ပြီး တရားရုံးကို သွားရမယ်လို့ပြောတယ်။ တရားရုံးက ဦးဇင်းတို့ကို ဘာပြောသလဲဆို တော့ ဒကာကြီးဦးစိန်မောင်က ဦးဇင်းတို့ ငါးပါးကို တရားစွဲထားတယ်လို့ ပြောတယ်။ အဲဒီလိုလဲပြောပြီးရော ဘုန်းကြီးတို့ကို အင်း စိန်ကို ပို့တယ်။ ပို့ပြီးတော့ အင်းစိန်မှာ အ ခန်းလေးတွေနဲ့ တစ်ပါးကိုတစ်ခန်း၊ တစ် ပါးကို တစ်ခန်းနဲ့ ထားတယ်။ အခန်းက ငါး ပေပတ်ချာလည်လောက်တော့ ရှိမယ်။ အိပ် တော့လဲ အဲဒီမှာပဲ အိပ်၊ ကျင်ကြီးကျင်ငယ် ကိုလဲ အဲဒီမှာပဲ စွန့်ပေါ့၊ အခန်းထဲမှာပဲ အ ညစ်အကြေးစွန့်ဖို့ ထားပေးထားပါတယ်။ ကျိန်းတော့ စောင်ပဲခင်းရတာပေါ့။ ခေါင်း အုံးက အုံးလို့ မရဘူးလို့ပြောတယ်။ အဲဒီမှာ ဦးဇင်းတို့အပေါ်ကိုတော့ ဝန်ထမ်းတွေက ကောင်းပါတယ်။ အဲဒီထဲမှာတော့ ကုဋီတွေ ဘာတွေတော့ မရှိဘူးပေါ့။ ဒါပေမဲ့အဆင် ပြေပါတယ်။ တစ်နေ့ကို မနက် ၇ နာရီက နေ ၈ နာရီ တစ်ကြိမ်၊ ညနေကျတော့ တစ် ကြိမ် အပြင်ထွက်ရတယ်။ အဲဒီ့ဝင်းထဲမှာပဲ ခြေလက်ဆေး၊ မျက်နှာသစ်၊ အာရုံဆွမ်း ဘုန်းပေးပြီး ပြန်ဝင်ရတယ်။ ၁၁ နာရီလောက် ကျတော့ ပြန်ထွက်၊ နေ့ဆွမ်စားဖို့ ပြန်ထွက် ပြီးတော့ ပြန်ဝင်ပေါ့။ ၁၂ မတ်တင်းလောက် ကျတော့ပြန်ဝင်၊ ဝန်ထမ်းတွေလဲပြန်သွား။ ဦးဇင်းတို့ကို ကူညီပေးဖို့ ထောင်သား နှစ် ယောက်နဲ့ စစ်သား တစ်ယောက်ကို ထား ပေးတယ်။ သူတို့က ဦးဇင်းတို့ ဝေယျာဝစ္စ လုပ်ပေးပေါ့။ လောလောဆယ်တော့ ဇွဲက ပင်ဆရာတော်ကြီးဆီမှာပဲ သီတင်းသုံးမှာ ပါ”ဟု မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယက တက္ကသိုလ်တွင် ကယားပြည်နယ်အဆောင် မှူးအဖြစ်

တာဝန်ယူကာ ကမ္ဘာအေးကုန်းမြေရှိ သံဃာ့တက္က သိုလ်ဝင်းအတွင်း နေထိုင်သည့် ဆရာတော်ဦးတေ ဇိန္နသည်လည်း ဖမ်းဆီးခံရသည့်အထဲတွင်တစ်ပါး ပါဝင်သည်။ ဆရာတော်သည် ယင်း၏မိတ်ဆွေဖြစ် သူ ဦးပညာစာရနှင့် မဟာသန္တိသုခကျောင်းကြီးသို့ လိုက်ပါလာစဉ်အတွင်း ဖြစ်ပျက်ခဲ့ပုံများကို ယခု ကဲ့သို့ မိန့်ကြားခဲ့သည်။
”ခဏတစ်ဖြုတ် အလည်လာရင်းနဲ့ ပြန် ထွက်မရ ဖြစ်သွားတာ။ ဦးဇင်းက တက္ကသိုလ်မှာ နှစ်နာရီ စာချတယ်။ စာချပြီးတော့ သူငယ်ချင်း တစ်ပါး ဈာပနအတွက် ယပ်တောင်ကို စလင်း ကွင်းနားက ထားဝယ်ကားဂိတ်မှာ သွားပို့ကြတယ်။ အဲဒီမှာ ဆရာတော်ဦးပညာစာရက ကျောင်းခဏ လိုက်ခဲ့။ ကျောင်းမှာ စာချဖို့ကိစ္စ ပြောစရာရှိတယ် ဆိုတာနဲ့လိုက်လာတာ။ ဘုန်းဘုန်းတို့ကလဲ ကျောင်း စာနဲ့ ကိုယ့်အာရုံနဲ့ကိုယ် လောနေတာဆိုတော့ အပြင်မှာ ဘာဖြစ်မှန်းမသိဘူး။ ပြီးတော့ အပြင် မှာ ရဲတွေလဲလာတယ်။ လုံထိန်းတွေလဲလာတယ် ဆိုတော့ အပြင်ထွက်လို့မရဘူး။ နောက်ပြီး သူ ငယ်ချင်းကလဲရှိတော့ မထွက်ဘဲနဲ့ နေလိုက်တာ ညနေလဲရောက်ရော ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပြန် ထွက်မရဖြစ်ကာ နောက်ဆုံးအဖမ်းခံလိုက်ရတာ ပဲ”ဟု မိန့်တော်မူသည်။

ထောင်တွင်းအတွေ့အကြုံများကိုလည်း ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။
”အင်းစိန်ထောင်ရောက်တော့လဲ သူ တို့ စည်းကမ်းအတိုင်းပဲပေါ့။ အရမ်းကြီးလဲမတင်း ကျပ်သလို အရမ်းကြီးလဲ လွှတ်မထားဘူး။ ဘယ် သူနဲ့မှတော့ တွေ့ခွင့်မရဘူး။ တိုက်ပုံစံက ၁ဝခန်း တွဲနှစ်ဆောင်မှာ နေရတာ ကျယ်ဝန်းပါတယ်။ ဘုန်းဘုန်းလမ်းလျှောက်ချိန် လမ်းလျှောက်ကြည့် တဲ့အခါ လူသွားစင်္ကြန်က ဘုန်းဘုန်းခြေလှမ်းနဲ့ ၁ဝ၈ လှမ်းလောက်ရှိတယ်။ နေရတဲ့ အဆောင်က တော့ ၁၂လှမ်းလောက်ရှိတယ်။ ကွပ်ပျစ်ပေါ်မှာ အိပ်တယ်။ ဆွမ်းစားပြီးရင်ပရိတ်ရွတ်မယ်။ ပဋ္ဌာန်း ရွတ်မယ်။ ဒါပဲ ဘုန်းဘုန်းလုပ်တယ်။ ဘုန်းဘုန်း အတွက်ကတော့ ဘာမှမဖြစ်ဘူး။ ကိုယ့်ကံကြောင့် ဖြစ်တာလေ။ ရှင်မောဂ္ဂလန်တောင်မှ ဖြစ်ခဲ့သေး တာပဲ။ ဘုန်းဘုန်းအနေနဲ့ အတိတ်ကံမကောင်း လို့ ခံရတယ်ပဲ သဘောထားပါတယ်။ ဘုန်းဘုန်း တို့ငါးပါးကို သီးသန့်ထားတယ်။ တစ်ခန်းစီပေါ့။ အဲဒီကအကျဉ်းသားတွေက ဘုန်းကြီးတွေနဲ့လဲ မတွေ့တာကြာနေကြတော့ ဘုန်းကြီးတွေမှန်းလဲ သိတော့ သူတို့ရဲ့ငပိကြော်လေးတွေ လက်ဖက်သုပ် လေးတွေ လာကပ်ကြတာပေါ့။ ဘုန်းဘုန်းတို့က လဲ အဲဒီအတွက်ကျေးဇူးမမေ့ပါဘူး။ ဒီလိုဖြစ်တာ ကလဲ အတိတ်ကကံကြောင့်ပါပဲ”

ဆရာတော်ဦးဥတ္တရ (အင်္ဂလန်ဆရာ တော်)သည် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သည့်အပေါ် သဘောထားအား အာမခံဖြင့်လွတ် မြောက်ခဲ့သည့် ဇွန် ၂ဝရက်တွင် ဇွဲကပင်ကျောင်း တိုက်၌ သတင်းမီဒီယာများအား ယခုကဲ့သို့မိန့် ကြားခဲ့သည်။
”ဘုန်းကြီးတို့ အခုလို ထောင်ကျတာ၊ တရားစွဲခံရတာတွေဟာ ဘုန်းကြီးတို့ ကိုယ်တိုင်တင် မဟုတ်ဘူး တခြားဘယ်ပုဂ္ဂိုလ်ကိုမှ မဖြစ်စေချင် ဘူး။ အဲဒီတော့ တရားမျှတတဲ့ဘက်ကနေ မှန်မှန် ကန်ကန်နဲ့တရားစီရင်တဲ့ကဏ္ဍတွေမှာ အားလုံးက ဝိုင်းဝန်းကူညီတယ်ဆိုတာ တိုင်းပြည်ရဲ့သာသနာ အတွက် ကူညီရာရောက်ပါတယ်။ နောက်ဘယ် နေရာပဲဖြစ်ဖြစ် သူဖြစ်ရင် ကိုယ်လဲဖြစ်နိုင်တာပဲ ဆိုတဲ့ အသိတရားလေးရှိဖို့ အားလုံးကသဘော ပိုက်တားကြပါ။ အခုဘုန်းကြီးတို့ တရားရင်ဆိုင် ကြရဦးမယ်။

အခုကအာမခံနဲ့လွှတ်တာဆိုတော့ ၂၇ရက်မှာ တရားရင်ဆိုင်ရဦးမယ်။ ဒါကိုဘုန်းကြီး တို့ လုံးဝမကြောက်ပါဘူး။ ဒါပေမဲ့ မဟုတ်တမ်းတ ရား မမှန်မကန်စွပ်စွဲတာတွေကိုတော့ ဘုန်းကြီးတို့ လုံးဝမခံဘူး။ ဘယ်ပုဂ္ဂိုလ်မျိုးမဆို ကိုယ်မှားရင်မှား တယ်ဆိုတာ ကြီးကြီးငယ်ငယ်ဝန်ခံရဲရမယ်။ ဘုန်း ကြီးတို့က မှန်ကန်တဲ့အတွက် မကြောက်ပါဘူး။ နိုင်ငံတော်သံဃမဟာနာယက ဖြစ်ပေါ်လာတယ် ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဒီ လွှတ်တော်နဲ့တူတဲ့ သံဃမဟာနာယကဟာ သံ ဃာတော်တွေကို တရားစီရင်ရေးမှာ မျှတတယ် မမျှတဘူးဆိုတာ ဝိုင်းဝန်းပြီးတော့ စဉ်းစားÓဏ် နဲ့ ပြုပြင်နိုင်ကြပါစေလို့လဲ ဘုန်းကြီး ပန်ကြား လျှောက်ထားလိုပါတယ်”။
အင်္ဂလန်ကျောင်းဆရာတော် ဦးဥတ္တရ က ထောင်တွင်းအတွေ့အကြုံအား အောက်ပါအ တိုင်း မိန့်ကြားခဲ့သည်။

”တကယ့်အရေးကြီးတဲ့ အချုပ်တွေ ဘာတွေ ထားတဲ့နေရာမှာထားတာပါ။ ဒီတိုင်းပါ ပဲ အဆင်ပြေပါတယ်။ အိပ်တာတော့ ကွပ်ပျစ်ပေါ် မှာအိပ်ရပါတယ်။ ထားတဲ့အခန်းတွေက သန့်ရှင်း ပါတယ်။ တစ်ခုပါပဲ လေဟာပြင်ဆိုတော့ ခြင်ကိုက် တာပေါ့။ ဒါပါပဲ။ ကျန်တာတော့ဘာမှမရှိပါဘူး”။
ဆရာတော်သည် လက်ရှိတွင် မဟာ သန္တိသုခကျောင်းတော်ကြီး မည်သူပိုင်ဆိုင်သည် ကို မပြောနိုင်သေးကြောင်း၊ လက်ရှိအာမခံရရှိထား ချိန်တွင် ဇွဲကပင်ဆရာတော်ကြီး၏ သုံးထပ်ကျောင်း တိုက်သို့ြ<ွကရောက် သီတင်းသုံးနေထိုင်မည်ဖြစ်ပြီး အမှုကိစ္စပြီးပြတ်မှသာ အင်္ဂလန်နိုင်ငံသို့ ပြန်ြ<ွကမည် ဟုလည်း သိရသည်။
ဇွန် ၂ဝ ရက်တွင် ဖမ်းဆီးခံသံဃာတော် များ ပြန်လည်၍အာမခံဖြင့် လွတ်မြောက်လာပြီး နောက် တူညီသောစကားတစ်ခွန်းကို မိန့်ကြားခဲ့ ကြသည်။ ထိုစကားမှာ ”ဘုန်းဘုန်းတို့ဘယ်သူ့မှ အပြစ်မတင်ပါဘူး။ ဘယ်သူ့အပေါ်မှာမှလဲ အာ ဃာတတွေ၊ အငြှိုးတရားတွေ မထားပါဘူး”ဟူ၍ ပင်ဖြစ်သည်။

via Yangon Media Group’s Facebook Wall http://ift.tt/1nxNIHF