ဦးမျိုးရန်နောင်သိမ်းအမှု NLD ခုခံ ကာကွယ်မည်

တပ်မတော်ဘက်က စွဲချက်တင်ခံထားရပြီး ထိန်းသိမ်းခံထားရတဲ့ NLD ပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်း အမှုအတွက် ဥပဒေနည်းလမ်း အတိုင်းခုခံကာကွယ်ဖို့ ပြင်ဆင်ထားကြောင်း NLD ပါတီ တာဝန်ရှိသူတွေဘက်က ပြောကြားလိုက်ပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2eDMnVP http://ift.tt/Tf1V41

မန္တလေး ကျောင်းသားလေးဦး ဖမ်းဆီးခံရ

မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း အစိုးရဆန့်ကျင်ရေး ဆေးမှုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗကသများ အဖွဲ့ချုပ်ဝင်တချို့ကို ဒီကနေ့ ညနေမှာ အာဏာပိုင်တွေက ဖမ်းဆီးသွားပါတယ်။ ဒီအတောတွင်း ရန်ကုန်မြို့လယ်မှာ မနေ့က ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေထဲက ခေါင်းဆောင် တချို့ကိုလည်း ပုဒ်မ (၁၈)နဲ့ တရားစွဲ အမှုဖွင့်ထားတာ တွေ့ရပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်တဲ့စာတန်းတွေ မန္တလေးတက္ကသိုလ်ကျောင်းနံရံမှာ ဆေးနဲ့မှုတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့…

via Voice of America http://ift.tt/1LE0sfD http://ift.tt/Tf1V41

မန္တလေး ကျောင်းသားလေးဦး ဖမ်းဆီးခံရ

မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း အစိုးရဆန့်ကျင်ရေး ဆေးမှုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗကသများ အဖွဲ့ချုပ်ဝင်တချို့ကို ဒီကနေ့ ညနေမှာ အာဏာပိုင်တွေက ဖမ်းဆီးသွားပါတယ်။ ဒီအတောတွင်း ရန်ကုန်မြို့လယ်မှာ မနေ့က ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေထဲက ခေါင်းဆောင် တချို့ကိုလည်း ပုဒ်မ (၁၈)နဲ့ တရားစွဲ အမှုဖွင့်ထားတာ တွေ့ရပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်တဲ့စာတန်းတွေ မန္တလေးတက္ကသိုလ်ကျောင်းနံရံမှာ ဆေးနဲ့မှုတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့…

via Voice of America http://ift.tt/1LE0sfD http://ift.tt/Tf1V41

တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်း ပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင် ခမ်းနဲ့ အတွင်းရေးမှူးတို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန်ရှိ သူတွေက ပြောပါတယ်။

via သတင်းများ http://ift.tt/1e3Ytnz http://www.rfa.org

▬ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လက်ရှိ အကျပ် အတည်းနှင့်ပတ်သက်ပြီး ၈၈မျိုးဆ…

▬ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လက်ရှိ အကျပ်
အတည်းနှင့်ပတ်သက်ပြီး ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း)၏ သဘောထားထုတ်ပြန်ချက် ( ရုပ်/သံ) ▬


via The 88 Generation Peace and Open Society’s Facebook Wall http://ift.tt/1HoEZTY http://ift.tt/g8FRpY

အင်အားသုံးနှိမ်နင်းမှုအပေါ် တုံ့ပြန်ချက်

ဆန္ဒပြကျောင်းသားတွေကို အင်အားသုံး နှိမ်နှင်းဖမ်းဆီးရာမှာ စွမ်အားရှင်လို အရပ်ဝတ်တွေကို အသုံးပြုခဲ့တဲ့အတွက် ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပြီး မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် အယုံအကြည်မဲ့စေတယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ဝေဖန်ပါတယ်။

via Voice of America http://ift.tt/1BOHJKc http://ift.tt/Tf1V41

လွှတ်တော်အပေါ် ဖိအားမပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တ…

via RFA Burmese’s Facebook Wall http://ift.tt/1zADDQ6 http://ift.tt/g8FRpY

ဒေါက်တာ သိန်းလွင်ကို NLD က အရေးယူမယ်လို့ ဆို အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီ…

ဒေါက်တာ သိန်းလွင်ကို NLD က အရေးယူမယ်လို့ ဆို

အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသား၊ အစိုးရ၊ လွှတ်တော် တို့နဲ့အတူ လေးပွင့်ဆိုင် ဆွေးနွေးရာမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER မှာ ပါတီရဲ့ ခွင့်ပြုချက် မရဘဲ ဝင်ရောက် ဆောင်ရွက်တယ် ဆိုပြီး NLD ပါတီ အရန် ဗဟို ကော်မီတီဝင် ဒေါက်တာ သိန်းလွင်ကို အရေးယူမယ်လို့ NLD က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ရဲ့ ခွင့်ပြုချက် ရမှသာ အဲဒီလို ဆောင်ရွက်ခွင့် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရသူ တစ်ဦးဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းမြင့်က ပြောပါတယ်။

ဒေါက်တာ သိန်းလွင်ကို ဘယ်လို အရေးယူမယ် ဆိုတာကိုတော့ ပါတီစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကသာ ဆုံးဖြတ်မှာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ကို ပါတီဗဟို အလုပ်အမှုဆောင် ကော်မီတီကို တင်ပြရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေါက်တာ သိန်းလွင် ကတော့ သူ့ကို အရင်ကလည်း ဒီလိုပါဝင် ဆောင်ရွက်တာမျိုး ဆက်မလုပ်ဖို့ ပါတီခေါင်းဆောင်ပိုင်းက သတိပေးခဲ့တာ ရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူ့အနေနဲ့တော့ ပညာရေး ဆောင်ရွက်နေတဲ့ ပညာရှင်၊ အဖွဲ့အစည်းတွေ ပါဝင်တဲ့ ကွန်ရက် ဖြစ်လို့ လူထုကို ကိုယ်စားပြုတဲ့အတွက် ပါဝင်ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြန်ဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

NLD က ဒေါက်တာ သိန်းလွင်ကို NNER မှာ ဘာကြောင့် မပါစေချင်တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒေါက်တာ သိန်းလွင် ကတော့ သူ့အနေနဲ့ NNER ကွန်ရက်မှာ ဆက်လက် ပါဝင်ဆောင်ရွက်မှာ ဖြစ်ပြီး NLD ပါတီက အပြစ်ပေးမယ် ဆိုရင်လည်း ခံယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူက အင်္ဂါနေ့ နေပြည်တော်မှာ ကျင်းပမယ့် နောက်ထပ် လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာလည်း တက်ရောက်မှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြမှုကို ဦးဆောင်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မီတီ ကတော့ အန်အယ်ဒီ အနေနဲ့ အခုလို ကျောင်းသားတွေနဲ့ အစိုးရ ဆွေးနွေးနေချိန်နဲ့ အချိန်ကိုက်ပြီး NLD ကကြေညာချက် မထုတ်သင့်ဘူးလို့ ဆိုပါတယ်။


ဒေါက်တာ သိန်းလွင်ကို NLD က အရေးယူမယ်လို့ ဆို
www.bbc.co.uk
ပညာရေး စံနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER မှာ ခွင့်ပြုချက် မရဘဲ ပါဝင် တာကြောင့် လို့ အန်အယ်ဒီ ကပြော

via BBC Burmese’s Facebook Wall http://ift.tt/1z7nWEd http://ift.tt/g8FRpY

“ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်မှုများနှင့်ပ တ်သက်ပြီး RFAသတင်းဌာန၏…

via The 88 Generation – Public Relation’s Facebook Wall http://ift.tt/1wZxE6t http://ift.tt/g8FRpY

စာပေအနုပညာရှင်တွေရဲ့သြဇာကြောင့်မို့ နိုင်ငံရေးအရ၊ယဉ်ကျေးမူအရ အပြောင်းအလဲတွေအများ…

စာပေအနုပညာရှင်တွေရဲ့သြဇာကြောင့်မို့ နိုင်ငံရေးအရ၊ယဉ်ကျေးမူအရ အပြောင်းအလဲတွေအများကြီးဖြစ်နိုင်ပါတယ်လို့ စာပေအနုပညာရှင်တွေနဲ့တွေ့ဆုံပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စာရေးဆရာ၊ကဗျာဆရာ၊ဓါတ်ပုံဆရာ၊ကာတွန်းရေးဆရာ၊စာအုပ်တိုက်ပိုင်ရှင် ၁၃၀ဦးခန့် တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ယနေ့ ၁၀နာရီကစပြီးတွေ့ဆုံနေပါတယ်။
Author-ချောစုလိုင်

via Kumudra’s Facebook Wall http://ift.tt/1vDBLGn http://ift.tt/g8FRpY

အင်န်အယ်လ်ဒီ ရပ်ကျေးဒု-ဥက္ကဋ္ဌ အသတ်ခံရမှု အစိုးရအဖွဲ့ အကြောင်းမပြန်သေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊ မိုင်းကျဉ်းကျေးရွာရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင် ဒု-ဥက္ကဋ္ဌ ဦစိုင်းစံထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့ရုံးသို့ ဇွန်လ ၁၁ ရက်က စာတင်ခဲ့သော်လည်း အကြောင်းပြန်မှုမရှိဘဲ ကျူးလွန်သူကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဟု ဟိုပုန်းမြို့နယ်၊ အင်န်အယ်လ်ဒီအမှုဆောင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ပြောသည်။

via Burma News International | Burmese Version http://ift.tt/1pKcrND http://ift.tt/1pKcsBd

အလုပ်သမား၊ ကျောင်းသားအရေးအခင်းများ ဖြစ်ပွားခဲ့ခြင်းမှာ ကေဒါစနစ်မြှုပ်နှံပြီး တစ…

အလုပ်သမား၊ ကျောင်းသားအရေးအခင်းများ ဖြစ်ပွားခဲ့ခြင်းမှာ
ကေဒါစနစ်မြှုပ်နှံပြီး တစ်ဦးတည်းကဆုံးဖြတ်ခဲ့သည့်အတွက်ကြောင့်ဟုဆို
=========================================

မင်းအောင်ခိုင် ၊ ရန်ကုန်၊ ဇွန် ၆

အလုပ်သမားကျောင်း သားအရေးအခင်း (၇၄ ၊ ၇၅ ၊ ၇၆) ဖြစ်ပွား ခဲ့မှု၊ ပစ်ခတ်မှုများဖြစ်ပွားခဲ့ရသည့်အကြောင်း ရင်းမှာ ကေဒါစနစ်မြှုပ်နှံပြီး တစ်ဦးတစ် ယောက်တည်းက ဆုံးဖြတ်ခဲ့သည့်အတွက် ကြောင့် အရေးအခင်းဖြစ်ရသည်ဟု အမျိုး သားဒီမိုအရေစီအဖွဲ့ချုပ်နာယက သူရဦး တင်ဦးက ပြောကြားလိုက်သည်။

တော်ဝင်နှင်းဆီတွင် ဇွန် ၆ ရက် က ပြုလုပ်သော နှစ် ၄ဝ ပြည့် ၇၄ အလုပ် သမားအရေးအခင်းနှစ်ပတ်လည်နေ့နှင့် ၇၄၊ ၇၅၊ ၇၆ ကျောင်းသားအရေးအခင်း လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတွင် အဆိုပါ သူရဦးတင်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”အဲဒီတုန်းက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ပြီးရမယ့်ကိစ္စတွေပါ။ ဒီမိုကရေစီမရှိဘူး။ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်မှုမရှိဘူး။ စနစ် ကိုကကေဒါစနစ်မြှုပ်နှံပြီး တစ်ဦးတစ်ယောက် တည်းဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တဲ့အ တွက် ဒီလိုဖြစ်တယ်လို့မြင်တယ်”ဟု ဦးတင် ဦးကပြောသည်။

ထိုအချိန်က မဆလပါတီအာ ဏာရှင်စနစ်နှင့် အရပ်ဝတ်အရေခြုံဗိုလ်နေ ဝင်းအစိုးရသည် အလုပ်သမားနှင့်ကျောင်း သားထုကဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့ကြသည့် အခြေခံရပိုင်ခွင့်များ ရရှိရေးဆိုင်ရာတိုက်ပွဲများကို အပြန်အလှန် လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပေး ရမည့်အစား အလုပ်သမား ၂ဝဝ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ထောင်ချီသော အလုပ် သမားကျောင်းသားများကို အညှိုးကြီးစွာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)မှ ယင်းအခမ်းအနားသို့ပေးပို့ခဲ့သော သဝဏ် လွှာတွင် အထက်ပါအတိုင်းရေးသားထား သည်။

”ဒီအရေးအခင်းဖြစ်စဉ်တွေကို ကျွန်တော်တို့မေ့ပစ်လို့မရပါဘူး။ ချန်ထား ပစ်ပယ်လို့လဲ မရပါဘူး။ နောက်တစ်ချက် က အဲဒီမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဆက်လက် ပြီးတော့ တစ်စုတစ်စည်းတည်း ဒီမိုကရေစီ ထွန်းကားရေးကို ဆက်လက်ပူးပေါင်းပါဝင် လုပ်ဆောင်ရမယ်”ဟု ရခိုင်အမျိုးသားခေါင် ဆောင် ဦးအေးသာအောင်က ယင်းအခမ်း အနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေသည် ဒီမိုအရေစီတိုင်းပြည်ဖြစ် သည်ဟုပြော၍မရကြောင်း အာဏာရှင်တိုင်း ပြည်တွင်လည်း ရွေးကောက်ပွဲ၊ လွှတ်တော် များရှိကြောင်း ယင်းကြောင့်မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံနှင့် ဝေးနေသေးကြောင်း ဦးအေးသာအောင်က ဆိုသည်။

=========================================

Flower News Journal | Vol-10, No-22

http://ift.tt/1xGZYxM

=========================================

အလုပ်သမားအရေးအခင်းနှစ်ပတ်လည်တက်ရောက်လာသည့် ဦးတင်ဦးကို တွေ့ရစဉ်။ ( ဓာတ်ပုံ-မင်းအောင်ခိုင် )

via Yangon Media Group’s Facebook Wall http://ift.tt/1xGZWGa

(ရိုဟင်ဂျာလူမျိုး လုံးဝ လက်မခံဟု NLD ပြောပြီ)

ရလေ လိုလေ အိုတစ္ဆေဆိုသကဲ့သို့ ဆင်းသက်ရာ လူမျိုးမှာ ဘင်္ဂလီ ဖြစ်သော်လည်း ဘင်္ဂလီဟု အမှန် မခံဘဲ ရခိုင်မြေကို ရလိုဇောဖြင့် အမည်သစ်တပ်ကာ လိမ်လည်ထားသော လူမျိုးအမည် ဖြစ်သည့်ရိုဟင်ဂျာ လူမျိုးကို မြန်မာနိုင်ငံ တိုင်းရင်းသား ပေါင်းစုံက လက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်မှလည်း တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်သော ရိုဟင်ဂျာ လူမျိုးကို  လုံးဝ လက်ခံမည် မဟုတ်ကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။ မတ်လ ၂၉ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ခန်းမဆောင်တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ပါတီများ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဘင်္ဂလီ ကိစ္စနှင့် […]

via Narinjara Online 24 X 7 | Arakan news Burmese news Myanmar http://ift.tt/1iUWoZb