ရဲဒုတပ်ကြပ်ကို လက်သီးဖြင့်ထိုးခဲ့သည်ဟုဆိုကာ ဘီဘီစီသတင်းထောက် အလုပ်နှင့်ထောင်သုံးလကျ

ကိုနေမျိုးလင်းကို ရဲအရာရှိတစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – မောင်တာ)

မန္တလေးမြို့တွင် ဆန္ဒပြ ပွဲကို တားဆီးထိန်းသိမ်းသော ရဲ ဒုတပ်ကြပ်ကိုလက်သီးဖြင့် ထိုး၍ ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့ သည်ဟုဆိုကာ ဘီဘီစီသတင်း ထောက် ကိုနေမျိုးလင်းအား အ လုပ်နှင့် ထောင်ဒဏ်သုံးလချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။


၂၀၁၅ မတ်လ ၂၇ ရက်က ချမ်းမြသာစည်မြို့နယ်တွင် အမျိုး သားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ပြန်လည်လွတ် မြောက်ရေးအတွက် ကျောင်းသား များက ဆန္ဒပြနေစဉ် ကျောင်းသား ၏ ဆိုင်ကယ်ကို တွန်းလှဲခဲ့သော ရဲ ဒုတပ်ကြပ်ကို ဘီဘီစီသတင်း ထောက်ကိုနေမျိုးလင်းက ထိခိုက် ဒဏ်ရာရရှိအောင် လက်သီးဖြင့် ထိုးခဲ့သည်ဟုဆိုကာ ပြစ်မှုပုဒ်မ ၃၃၂ ဖြင့် အလုပ်နှင့်ထောင်ဒဏ် သုံးလချမှတ်ခဲ့ကြောင်း မြို့နယ် တရားသူကြီးက ပြောသည်။

‘‘သက်သေခံအထောက်အ ထားတွေအရ အပြစ်ရှိတယ်လို့သုံး သပ်တဲ့အတွက် ထောင်ဒဏ်ချ မှတ်ခဲ့တာပါ။ ကျန်တဲ့ဘယ်အဖွဲ့ အစည်းကမှ ဖိအားပေးခြင်းလည်း မရှိပါဘူး။ ၀န်ထမ်းတစ်ဦးကို တာ ၀န်ထမ်းဆောင်နေစဉ်မှာ ဒီလို လက်သီးနဲ့ထိုးတာက ကျန်တဲ့ဝန် ထမ်းတွေ ဘယ်လိုအလုပ်လုပ် ကိုင်ကြတော့မလဲ။ ၀န်ထမ်းတစ် ဦးကမလုပ်ရဲ၊ မကိုင်ရဲဖြစ်တဲ့ကိစ္စ မှာ ပုဒ်မ ၃၃၂ နဲ့ အကာအကွယ် ပေးတာပါ။ တကယ်လို့ တရားမမျှ တဘူးဆိုရင်လည်း တရားခံဘက် က အယူခံတက်လို့ ရပါတယ်’’ဟု မြို့နယ်တရားသူကြီးက ပြောသည်။

အဆိုပါ အမှုကို ချမ်းမြသာ စည်မြို့နယ် အမှတ်(၁၁)နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ခဲ့ပြီး တရားခံပြသက်သေ ၂၀ ဦးကို စစ် ဆေးခဲ့ကာ တစ်နှစ်ကျော်ကြာမြင့် ခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးမှ သိရသည်။

‘‘ရဲကျင့်ဝတ်အရ ဘယ်နေရာ မှာမဆို တာဝန်ထမ်းဆောင်တယ် ဆိုတာ မှန်တယ်။ ဆန္ဒပြတာကို ဥပဒေမဲ့ဆိုင်ကယ်ကို ဆွဲလှည့် လိုက်တယ်ဆိုတာ အများလည်း မြင်ပါတယ်။ ဒီဟာကို မျက်ကွယ် ပြုပြီး ကျွန်တော့်ကို ပြစ်မှုပုဒ်မ ၃၃၂ နဲ့ တရားစွဲပြီး ထောင်ချလိုက် တာ လုံးဝမတရားပါဘူး။ နောက် တစ်ချက်က ကျွန်တော်တို့ မီဒီယာ တွေကို ကာကွယ်ပေးတဲ့အဖွဲ့အ စည်း မရှိသလောက်ဖြစ်နေတယ်။ အခုလို ဖြစ်ရတာက ကိုယ့်ရှေ့မှာ ပြည်သူတစ်ယောက်ကို မတရား ကျူးလွန်တာကို အကာအကွယ် ပေးတဲ့သဘောပါ။ ရဲကိုနာပါစေ ဆိုပြီး လုပ်တဲ့ရည်ရွယ်ချက် မရှိပါ ဘူး’’ဟု ကိုနေမျိုးလင်းက ပြော သည်။

via 7 Days News http://ift.tt/1t66u2Q http://ift.tt/1Vus636

သတင်းထောက် ကိုနေမျိုးလင်း ထောင်ဒဏ် ၃ လ ချမှတ်ခံရ

မန္တလေးတရားရုံးတခုကနေ ဘီဘီစီ မြန်မာပိုင်းသတင်းထောက်တဦးကို ၀တ္တရားနှောက်ယှက်မှုနဲ့ အလုပ်နဲ့ထောင်ဒဏ် သုံးလ အမိန့်ချလိုက်ပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/1td3XEI http://ift.tt/Tf1V41

နိုင်ကျဉ်းလွှတ်ဖို့ ဆုတောင်းသူတွေ တရားစွဲခံရ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြောက်ဖို့အတွက် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့မှာ ပြီးခဲ့တဲ့နှစ်က ဆုတောင်းပွဲ ကျင်းပခဲ့သူ ၆ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

via သတင်းများ http://ift.tt/1SQqMpq http://www.rfa.org

ကျောင်းသားတွေ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မရ

လက်ပံတန်းကျောင်းသားသပိတ် အကြမ်း ဖက်ဖြိုခွဲခံရပြီး လက်ရှိသာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ ဆဲ ကျောင်းသူ ကျောင်းသားတွေဟာ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘူး လို့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ ကို သုတေသနပြုစုထားတဲ့ အဖွဲ့ ၃ ဖွဲ့က တွေ့ရှိချက်စာတမ်း ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

via သတင်းများ http://ift.tt/1TkiZBM http://www.rfa.org

ကရင်ပြည်နယ်မှာ သိမ်းဆည်း လယ်မြေပြန်ရရှိရေး ဆန္ဒပြသူ ၁၁ ဦးကို ထောင်ဒဏ်တွေ ချမှတ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးရွာ ၁၁ ရွာမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြတောင်း ဆိုခဲ့ကြတဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး အဖွဲ့ဝင် ၄ ဦးနဲ့ လယ်သမား ၇ ဦး စုစုပေါင်း ၁၁ ဦးကို တရားမဝင်စီတန်းလှည့်လည်မှုနဲ့ ဘားအံမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။

via သတင်းများ http://ift.tt/1NE0d1w http://www.rfa.org

ထိန်းသိမ်းခံ ကျောင်းသားတွေ သပိတ်လှန်ဖို့ ကိုမြအေး တိုက်တွန်း

ရွေးကောက်ပွဲအပြီး နိုင်ငံမှာလိုအပ်နေ တဲ့ ကျောင်းသားတွေအတွက် စိုးရိမ်မိ တာကြောင့် အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်း အပါအဝင် ထိန်းသိမ်းခံကျောင်းသားတွေ ကိုသပိတ်လှန်ဖို့ ၈၈ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေး က မနေ့က တွေ့ဆုံမေတ္တာရပ်ခံခဲ့ပါတယ်။

via သတင်းများ http://ift.tt/1Y5DP8M http://www.rfa.org

ကိုအောင်မှိုင်းဆန်း ထောင်တွင်းမှာ စတင်အစာငတ်ခံဆန္ဒပြ

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲမတိုင် ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်း သားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ထောင်တွင်းမှာ ဒီနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေပါတယ်။

via သတင်းများ http://ift.tt/1GndSgd http://www.rfa.org

ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တားမြစ်ပစ္စည်းသွင်းယူမှု နဲ့ ထောင်ဒဏ်တွေချမှတ်

 သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
 သာယာဝတီအကျဉ်းထောင်အတွင်း တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်တာကြောင့်ဆိုပြီး တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို သာယာဝတီမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ချုပ်ရက်တွေကို ထည့်သွင်းခံစားစေဆိုပြီး တရားသူကြီးက အမိန့်ချလိုက်တဲ့အတွက် ချုပ်ရက်က ၃ လ

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1LcvIkV http://ift.tt/Y2RpwJ

ရတနာပုံ တက္ကသိုလ်မှ ဖမ်းဆီးခံ ကျောင်းသားများ စာမေးပွဲဖြေရန် အာမခံလျှောက် ထားမှု ပယ်ချလိုက်ခြင်းကြောင့် အစာငတ်ခံ ဆန္ဒပြမည်

ရတနာပုံတက္ကသိုလ်မှ ဖမ်းဆီးခံကျောင်းသားများ စာမေးပွဲဖြေဆိုခွင့်ရရှိရန် အာမခံလျှောက် ထားမှုကို သြဂုတ် ၂၁ ရက်တွင် အမရပူရမြို့နယ် တရားရုံးက ပယ်ချလိုက်ခြင်းကြောင့် ဖမ်းဆီးခံကျောင်းသားများ ကအကျဉ်းထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြသွားမည်ဟု ဖမ်းဆီးခံထားရသူ ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေ က ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသော ကျောင်းသားများသည် ရတနာပုံ တက္ကသိုလ်ရှေ့တွင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်း ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခြင်းနှင့်ကျောင်းရှေ့နံရံများနှင့် မုခ်ဦးများတွင် အစိုးရ ဆန့်ကျင်သောစာများကို မှုတ်ဆေးများနှင့် ရေးသား ခဲ့ခြင်းကြောင့် ဇူလိုင် ၁ ရက်တွင် ကိုနိုင်ရဲဝေ၊ ကိုဂျစ်တူး၊ ကိုဉာဏ်လင်းထက်၊ ကိုအောင်ဆန်းဦးတို့ကို အမရပူရမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၄၄၊ ၁၄၃၊ ၁၄၇၊ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆို ဖမ်းဆီး ထားခြင်း ဖြစ်ကာ ဇူလိုင်  ၁၅ ရက်တွင် ရုံးတင် စစ်ဆေးခဲ့သည်။

သြဂုတ် ၂ ရက်တွင် ဒုတိယရုံးချိန်းနှင့် သြဂုတ်  ၁၉ ရက်တွင် တတိယရုံးချိန်းအဖြစ် စစ်ဆေး ခဲ့ရာ ထိုနေ့တွင် စာမေးပွဲဖြေဆိုရန် အာမခံ လျှောက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၁ ရက်တွင် အာမခံလျှောက် ထားခြင်းကို မြို့နယ်တရားရုံးက ပယ်ခဲ့ခြင်း ဖြစ်သည်။

ကိုနိုင်ရဲဝေက “တရားဥပဒေအထက်မှာ အာဏာပိုင်အဖွဲ့ ရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့ ကို စာမေးပွဲဖြေဖို့ အာမခံမပေးတာပဲ။ ဒါကြောင့် ကျွန်တော်တို့ အစာငတ်ခံ ဆန္ဒပြသွားမယ် ” ဟု ပြောသည်။
ဆက်လက်၍ ကိုနိုင်ရဲဝေက “ ကျွန်တော်တို့ အနာဂတ်အတွက် စာမေးပွဲဖြေချင်တယ်။ လက်ပံတန်းမှာ အဝေးသင်ကျောင်းသားတွေ အာမခံရတယ်။ ကျွန်တော်တို့ လက်ရှိတက်နေ တဲ့ဒေးကျောင်းသားတွေ ကျတော့ အာမခံမရဘူး။ ဥပဒေက တစ်နေရာနဲ့တစ်နေရာ မတူလို့တော့ မရပါဘူး” ဟု ပြောသည်။

သို့သော်လည်း အမရပူရ မြို့နယ် တရားသူကြီးကမူ ၎င်းတို့အား ဖမ်းဆီးထားသည့် ပုဒ်မများတွင် ပုဒ်မ ၅၀၅(ခ) ပါနေသောကြောင့် အာမခံပေး၍ မရဟု ဆိုသည်။ အမရပူရမြို့နယ် တရားသူကြီးက “ အဲဒီပုဒ်မ ပါရဲ့သားနဲ့ အာမခံပေးလိုက်ရင် နောက်လူ တွေလည်း ပေးရတော့မယ်။ နောက်တစ်ချက်က သူတို့စာမေးဖြေဖို့ စာတင်တာမှာ ကျောင်းက ထောက်ခံပေးထားတာ ဘာမှမပါဘူး။ ဒါကြောင့် အာမခံ မရတာပါ” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါဖမ်းဆီးခံထားရသော ကျောင်းသား ၄ ဦး အာမခံရရှိရေးနှင့် စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် တောင်းဆိုပေးမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသုတက မဇ္ဈိမကိုပြော သည်။

၎င်းက “ သာယာဝတီမှာလည်း အာမခံရတယ်။ ရန်ကုန်မှာလည်း အာမခံရတယ်။ တရားရေး မဏ္ဍိုင်မှာ တရားမျှတမှု မရှိဘူး။ ရှိတယ်ဆိုတာ ဒီအာမခံက သက်သေပဲ။ တရားရုံးက လုံးဝ အာမခံ မပေးတော့ဘူးဆိုရင် ထောင်အတွင်းမှာ စာမေးပွဲဖြေဆိုခွင့် ပေးရပါမယ်။ သူတို့က အမှုရင်ဆိုင်တုန်းပဲ ရှိသေးတယ်။ ထောင်မကျသေးဘူး။ ဒါကြောင့် တရားရုံးအနေနဲ့ ထောင်ထဲမှာ ဖြေဆိုခွင့် ပေးရမှာပါ” ဟု ဦးသုတ က ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသော ကျောင်းသား လေးဦးကို သြဂုတ် ၂၅ ရက်တွင် လေးကြိမ်မြောက် ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1hzqWEh http://ift.tt/1nfHMox

၈၈ ကရင်​မျိုးဆက်​​ကျောင်းသား အစည်းအရုံး ဥက္ကဋ္ဌကို တရားစွဲ ရုံးထုတ်

အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်က ဗိုလ်မှူးစောဆန်းအောင်တို့အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး  ၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး ဥက္ကဋ္ဌ စောမောင်ကြီးကို မတရားအသင်းဆက်သွယ်မှု[…]

The post ၈၈ ကရင်​မျိုးဆက်​​ကျောင်းသား အစည်းအရုံး ဥက္ကဋ္ဌကို တရားစွဲ ရုံးထုတ် appeared first on DVB.

via DVB | DVB http://ift.tt/1PEyEYP http://burmese.dvb.no

ကိုနေမျိုးဇင်နှင့် နော်အုန်းလှတို့ကို ယနေ့ အမိန့်ချမှတ်မည် (ဓာတ်ပုံ)

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲအပြီး ဖမ်းဆီးတရားစွဲခံကြရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဖြတ်သန်းသွားတဲ့ မြို့နယ်အလိုက် ပုဒ်မ ၁၈[…]

The post ကိုနေမျိုးဇင်နှင့် နော်အုန်းလှတို့ကို ယနေ့ အမိန့်ချမှတ်မည် (ဓာတ်ပုံ) appeared first on DVB.

via DVB | DVB http://ift.tt/1PnzsAs http://burmese.dvb.no

နိုင်ငံရေးအကျဉ်သား ၁၁၉ ဦး အကျဉ်းကျနေပြီး တရားရင်ဆိုင်ဆဲ ၄၆၁ ဦး ရှိဟု နိုင်/ကျဉ်း အဖွဲ့ပြော ရွေးကောက်ပွဲ မတိုင်မီ ပြန် လည် လွတ်မြောက်ရန် နိုင်ငံတော်အစိုးရကို တောင်းဆိုထားဟု ဆို………………

နိုင်ငံတော်အစိုးရများမှ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားမရှိဟု ဆိုသော်လည်း နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၁၉ ဦးနှင့် နိုင်ငံရေးပုဒ်မဖြင့် တရားရင်ဆိုင်နေရသူ ၄၆၁ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းကြည်က ပြောသည်။ နိုင်ငံသားတန်းတူအခွင့်အရေးနှင့် ရွေးကောက်ပွဲကို တစ်ထောင့်တစ်နေရာမှ ပါဝင်ပံ့ပိုးရန်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပြန်လည်လွတ်မြောက်ခွင့်ပေးရန် ပြီးခဲ့သည့် ဇွန်လ ၆ ရက်က နိုင်ငံတော်သမ္မတနှင့် လွှတ်တော်သုံးရပ်ကို အကြောင်းစာပို့ထားသော်လည်း ယခုအချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်းလည်း ၎င်းက ပြောသည်။ “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးအကျဉ်းသား ၁၁၉ ဦး အကျဉ်းထောင်ထဲမှာရှိပြီး၊ တရားရုံးတွေမှာ အမှုရင်ဆိုင်နေရသူ ၄၆၁ ဦး ရှိတယ်”ဟု လက်ရှိအကျဉ်းထောင်အသီးသီးတွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် […]

via Myanmar Electoral Resource and Information Network http://ift.tt/1JgQN9G http://ift.tt/1Ov7XVN

ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းသမား ၅ ဦး လွတ်မြောက်

သမ္မတက အကျဉ်းသား ၇ ထောင်နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ပြန်လွှတ်ပေးရာမှာ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းသမား ၅[…]

The post ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းသမား ၅ ဦး လွတ်မြောက် appeared first on DVB.

via DVB | DVB http://ift.tt/1LTug7Q http://burmese.dvb.no

သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်ကို နောက်ထပ် တစ်မှုတိုး အမှုဖွင့်

တရားမ၀င်အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ကိုဇော်ဇော်လတ်ကို လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ ဒီနေ့ ထပ်တိုးပြီး အမှုဖွင့်လိုက်ပါတယ်။

via သတင်းများ http://ift.tt/1MtfPrQ http://www.rfa.org

တိုင်းပြည်မတည်ငြိမ်အောင် အစိုးရကိုယ်တိုင် အမှုဆင် ပြဿ နာရှာတာ -ဒေါ်စုစုနွေး

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးကို အင်းတကော်မြို့နယ် ရဲစခန်းက ဖမ်းဆီးပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ပဲခူးအချုပ်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဇူလိုင်လ ၂၃[…]

The post တိုင်းပြည်မတည်ငြိမ်အောင် အစိုးရကိုယ်တိုင် အမှုဆင် ပြဿ နာရှာတာ -ဒေါ်စုစုနွေး appeared first on DVB.

via DVB | DVB http://ift.tt/1KpTIAm http://burmese.dvb.no

ဆန္ဒပြပွဲ ဗီဒီယိုခွေ လက်ဝယ်ရှိသူ တစ်ဦး ဖမ်းဆီးခံရ

မိုးကုတ်မြို့နယ် ရေပူကျောင်းတိုက် ဆရာတော် လွတ်မြောက်ရေးအတွက် ဒေ သခံတွေရဲ့ ဆန္ဒပြတောင်းဆိုပွဲကို ဗီဒီယို ဖိုင်ရိုက်ကူးပြီး အခွေထုတ်ထားတဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးကျော်ဆွေလတ်ကို လယ်ဝေးမြို့နယ်ရဲစခန်းက ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂ (ခ) နဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

via သတင်းများ http://ift.tt/1IrUwai http://www.rfa.org

ဒေါ်စုစုနွေး ဖမ်းဆီးတရားစွဲဆိုခံရ

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးကို ပဲခူးတိုင်း အင်းတကော်ရဲစခန်းက ဖမ်းဆီးပြီး တရားစွဲဆိုဖို့ ပဲခူးမြို့တရားရုံးကို ခေါ်ဆောင်ပါတယ်။ ညောင်လေးပင်မြို့ကနေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပြန်လာတဲ့[…]

The post ဒေါ်စုစုနွေး ဖမ်းဆီးတရားစွဲဆိုခံရ appeared first on DVB.

via DVB | DVB http://ift.tt/1OBlWJU http://burmese.dvb.no

မစုစုနွေးကို ဖမ်းဆီးပြီး ပဲခူး အကျဉ်းထောင်မှာ ထိန်းသိမ်း

လယ်သမားအရေးကိစ္စတွေကို လိုက်ပါကူညီပေးနေ တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေးကို ဒီနေ့ညနေပိုင်းမှာ ပဲခူးတိုင်း၊ အင်းတကော်ရဲစခန်းက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးခဲ့ပြီး ပဲခူးအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

via သတင်းများ http://ift.tt/1ekup70 http://www.rfa.org

မတရားအသင်း ဆက်သွယ်မှုဖြင့် မန္တလေး NLD လူငယ်တဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်ထဲက စစ်ဖြစ်နေတဲ့ နေရာကို အလှူလုပ်ဖို့သွားတုန်း ရိုက်ခဲ့တာပါ။ ဂဠုန်နီဆရာတော်လို ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အပါအ၀င် တခြားဘာသာရေး ခေါင်းဆောင်တွေလည်း ပါပါတယ်။

The post မတရားအသင်း ဆက်သွယ်မှုဖြင့် မန္တလေး NLD လူငယ်တဦး ဖမ်းဆီးခံရ appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1gH0841 http://ift.tt/1iYMpUI

နှစ်ရှည်ထောင်ဒဏ်ကျ သတင်းသမားတွေ ပြန်လွှတ်ဖို့ AI တိုက်တွန်း

နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတဲ့သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့ကြီးက မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ယူနတီဂျာနယ်နဲ့ BI မွန်းတည့်နေ ဂျာနယ်က သတင်းထောက်နဲ့ ထုတ်ဝေသူ စုစုပေါင်း ၁၀ ဦးတို့ကို ထောင်ဒဏ် ချမှတ်အပြီး တနှစ်အကြာ ဒီကနေ့မှာ အခုလို ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အပေါ် ဖိနှိပ်တဲ့ ဥဒေတွေကို နိုင်ငံတကာ စံနှုန်းထားတွေနဲ့အညီ ပြောင်းလဲ ပြင်ဆင်ဖို့ ကိုလည်း AI အဖွဲ့က မြန်မာအစိုးရကို…

via Voice of America http://ift.tt/1J9jtSe http://ift.tt/Tf1V41