ရခိုင်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ရေး RWU ကြိုးပမ်းမည်

နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နိုင်မယ့် ရခိုင် တိုင်းရင်းသားအမျိုးသမီးတွေ ပိုမိုပါ ဝင်လာနိုင်ရေးအတွက် အရည်အသွေးမြှင့် တင်ဖို့ ကြိုးပမ်းမယ်လို့ ရခိုင်အမျိုးသမီး အစည်းအရုံးက ပြော ပါတယ်။

via သတင်းများ http://ift.tt/1Yve4Nm http://www.rfa.org

ရခိုင်ပြည်နယ်၏ လူဦးရေသုံးသန်းနီးပါးတွင် ဘင်္ဂါလီဦးရေတစ်သန်းကျော်ရှိဟု ပြည်နယ်အစိ…

ရခိုင်ပြည်နယ်၏ လူဦးရေသုံးသန်းနီးပါးတွင် ဘင်္ဂါလီဦးရေတစ်သန်းကျော်ရှိဟု ပြည်နယ်အစိုးရပြောကြား


ရခိုင်ပြည်နယ်၏ လူဦးရေသုံးသန်းနီးပါးတွင် ဘင်္ဂါလီဦးရေတစ်သန်းကျော်ရှိဟု ပြည်နယ်အစိုး

ရခိုင်ပြည်နယ်၏ လူဦးရေသုံးသန်းနီးပါးတွင် ဘင်္ဂါလီဦးရေတစ်သန်းကျော်ရှိဟု ပြည်နယ်အစိုးရပြောကြား

via Eleven Media Group’s Facebook Wall http://ift.tt/1tPRvbk http://ift.tt/g8FRpY

ANP ဗဟိုကော်မီတီဝင် ဦးသိန်းမောင် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် စစ်တွေထောင်တွင် ကွယ်လွန်

(နိရဉ္စရာ- ၁၂ ဧပြီ ၂၀၁၄) ရခိုင်အမျိုးသားပါတီ ( ANP) မှ ဗဟိုကော်မီတီဝင် ဦးသိန်းမောင်သည် စစ်တွေ ထောင်ထဲတွင် အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ဆက်စပ် ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် ကွယ်လွန်သွားခဲ့သည်ဟု သတင်း ရရှိသည်။ ကွန်လွန်ချိန်တွင် အသက် (၅၇) နှစ်သာ ရှိသေးသော ဦးသိန်းမောင်သည် စစ်တွေဆေးရုံကြီးတွင် ယမန်နေ့ (သောကြာနေ့)  ညဥ့် ၁၀ နာရီကျော် အချိန်တွင် ကွယ်လွန်သွားခဲ့သည်ဟု သားကြီးဖြစ်သူ နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုးက ပြောသည်။ “ မနေ့ညဥ့် ၁၀ နာရီ ၃၅ မိနစ်မှာ စစ်တွေ ဆေးရုံကြီးမှာ ဆုံးသွားပါတယ်။ ဆရာဝန်ပြောတာကတော့ ဥဏှောက်သွေးကြောပေါက်တဲ့ အတွက် ဆုံးသွားတာ ဖြစ်တယ်လို့ ပြောပါတယ်” […]

via Narinjara Online 24 X 7 | Arakan news Burmese news Myanmar http://ift.tt/1kFtsbJ

စစ်တွေမြို့၌ သန်းခေါင်စာရင်း စတင်ကောက်ယူ ============================= စစ်တွေ မတ…

စစ်တွေမြို့၌ သန်းခေါင်စာရင်း စတင်ကောက်ယူ
=============================
စစ်တွေ မတ် ၃၀

ရခိုင်ပြည်နယ် စစ်တွေမြို့၌ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို မတ် ၃၀ ရက် နေ့လည်ပိုင်းတွင် စတင် ကောက်ယူရာ မွန်းလွဲ ၁ နာရီအချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ အိမ်တွင်လည်းကောင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဌ၏ အိမ်တွင်လည်းကောင်း စတင်ကောက်ယူခဲ့သည်။ ထို့နောက် ရူပမြောက်ရပ်ကွက်တွင် သန်းခေါင် စာရင်း ကောက်ယူမှုများအား သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းချစ်ဦး၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက ကြည့်ရှု အားပေးခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများကို စစ်တွေမြို့ရှိ ရပ်ကွက်အသီးသီးနှင့် ကျေးရွာအုပ်စုများတွင်လည်း တစ်ချိန်တည်း ကောက်ယူလျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတို့တွင်လည်း စတင်ကောက်ယူလျက်ရှိ ကြောင်း သိရှိရသည်။

via MOI Webportal Myanmar’s Facebook Wall http://ift.tt/1hON2Ll

ရခိုင်မှ သန်းခေါင်စာရင်း သပိတ်လှန်ပြီ

(နိရဉ္စရာ- ၃၀ မတ်လ ၂၀၁၄) သန်းခေါင်စာရင်း သပိတ်တိုက်ပွဲကို ယခုအခါ သပိတ်လှန်လိုက်ပြီ ဖြစ်ကြောင်း၊ ရခိုင်တမျိုးသားလုံး သန်းခေါင်စာရင်း အကောက်ခံကြပါရန် မေတ္တာရပ်ခံကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မတီ(စစ်တွေ)မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောသည်။ ယနေ့နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရကိုယ်စား ပေးပို့သော စာတွင် ရိုဟင်ဂျာဆိုသော နာမည်လိမ်ကို ထည့်သွင်း အသုံးပြုခွင့် ပြုမည် မဟုတ်ကြောင်း စာရေးသား ပေးပို့လာပြီးနောက်ပိုင်းတွင် မိမိတို့ လိုလားသောတောင်းဆိုချက်များကို ရရှိသဖြင့် သပိတ်တိုက်ပွဲကို လှန်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။ “ ဒီနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်လောက်က ရခိုင်ပြည်နယ် […]

via Narinjara Online 24 X 7 | Arakan news Burmese news Myanmar http://ift.tt/1gPfr8H

စစ်တွေတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

အလံဖြုတ်ချမှုကို မကျေနပ်သည့် ဒေသခံ ၅၀ ခန့်သည် ယမန်နေ့ည ၁၁ နာရီ ၀န်းကျင်တွင် ထိုနေအိမ်အား ခဲများဖြင့် ပစ်ပေါက်ပြီး တခြားနေရာရှိ ရုံးများကိုလည်း ခဲများဖြင့် ပစ်ပေါက်ကြကြောင်း

The post စစ်တွေတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/QkYAjw

စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်

စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။
ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။
အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1hve61Z

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်…

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်

ရန်ကုန်၊ မတ် ၁၆

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။

စစ်တွေမြို့၌ ဆန္ဒပြရာတွင် မြို့ခံ လူဦးရေ ငါးသောင်းဝန်းကျင် ပါဝင်ခဲ့ပြီး လေးနာရီခန့် အကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ ဂွမြို့နယ်တို့တွင် ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုလျှင် ရခိုင် တစ်မျိုးသားလုံး သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည်၊ ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ (လုံးဝ) လက်မခံ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အချက်များ အပါအဝင် အချက် ခုနစ်ချက်ကို ဆန္ဒပြရာတွင် တောင်းဆိုခဲ့ကြသည်။

ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြု မပြု မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခွင့်ကို ရုပ်သိမ်းကြောင်း အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင် တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ဦးသန်းထွန်းက ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည် ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့် အပြင် ပြည်တွင်း အချုပ်အခြာ အာဏာကိုပါ ထိပါးလာနိုင်သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများက ပြောဆိုကြသည်။

မြောက်ဦးမြို့တွင် မြို့ခံများအပြင် ကျေးရွာများကပါ ဒေသခံများ ဝင်ရောက် ဆန္ဒပြသဖြင့် လူဦးရေ ငါးထောင်ကျော်သွားကြောင်း မြို့ခံ တစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောကြားသည်။ အခြား မြို့နယ်များတွင်လည်း ဆန္ဒပြ လူဦးရေ အနည်းဆုံး တစ်ထောင် အထက်တွင်သာ ရှိကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရှိရသည်။

အဆိုပါ ဆန္ဒပြ ကန့်ကွက်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးကမူ “လောလောဆယ် ဘာမှ မှတ်ချက်ပေးလို့ မရသေးဘူး။ ဘာမှ ဖြေလို့ မရသေးဘူး။ အရမ်း အလုပ်ရှုပ်နေတယ်” ဟု ပြန်လည် ဖြေကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် စစ်တွေမြို့ မြို့မိမြို့ဖများ မတ်လ ၁၄ ရက်နေ့က စစ်တွေမြို့၌ တွေ့ဆုံခဲ့ရာတွင် ဦးခင်ရီက ရိုဟင်ဂျာ ထည့်ခွင့် ပြု မပြု တိကျသည့် အဖြေ မပေးခဲ့ကြောင်း မြို့မိမြို့ဖများ ထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများ အပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှုများကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရုံဖြင့် နိုင်ငံသားဖြစ်ခွင့် ရမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

via The Voice Weekly’s Facebook Wall http://ift.tt/1nymExB

ရခိုင်အဖွဲ့ တိုက်ခိုက်ခံရမှု မြန်မာတဦးအား မလေးရှားရဲဖမ်းဆီး

ပြီးခဲ့တဲ့လတုန်းက မလေးရှားနိုင်ငံကို  မြန်မာပြည်က ရောက်ရှိခဲ့တဲ့ ရခိုင်ခေါင်းဆောင်တွေကို သေနက်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူ မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထားပြီဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မလေးရှားရဲချုပ်က သတင်းမီဒီယာကိုပြောပါတယ်။ မလေးရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်ပေးနေတဲ့အပေါ် ကျေနပ်အားရမှုရှိပါတယ်လို့လည်း မလေးရှားသွားစဉ်က တိုက်ခိုက်ခံခဲ့ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့…

via Voice of America http://ift.tt/1olZKVk

ဒုချီးရားတန်းပြဿနာနှင့်စပ်လျဉ်းပြီး MSF ကို လုပ်ငန်းလုပ်ခွင့် ရုပ်သိမ်း

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုထားတဲ့ နားလည်မှုစာချွန်လွှာ[…]

via DVB | DVB http://ift.tt/1cVBtnb

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် လူငယ်များ လုံခြုံရေးနှင့် ပညာရေးထိခိုက်

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူငယ်တွေဟာ လုံခြုံမှု မရှိသလို ပညာရေးနဲ့ အလုပ်အကိုင်တွေမှာလည်း ထိခိုက်မှုရှိနေတယ်လို့ ရခိုင်လူငယ်တွေက[…]

via DVB | DVB http://ift.tt/1pt1z6c

ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့က မြန်မာ အစိုးရဟာ ရခိ…

ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့က မြန်မာ အစိုးရဟာ ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေအပေါ် မူချပြီး စနစ်တကျ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

Fortify Rights ဆိုတဲ့ အဖွဲ့က ဒီကနေ့ပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ အထဲမှာ အစိုးရက ရိုဟင်ဂျာတွေကို အိမ်ထောင်ပြုခွင့်၊ သားသမီးယူခွင့်နဲ့ ခရီးသွားလာခွင့်တွေ ကန့်သတ်ထားဖို့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေ သူတို့ ရရှိထားတယ်လို့ ဆိုပါတယ်။

ဒီအကြောင်း အပြည့်အစုံကို နားဆင်နိုင်ပါတယ်။


ရိုဟင်ဂျာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံဖို့ မြန်မာအစိုးရက မူချထားဟုဆို
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့က မြန်မာ အစိုးရဟာ ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေအပေါ် မူချပြီး စနစ်တကျ လူ့အခွင…

via BBC Burmese’s Facebook Wall http://ift.tt/1duslmb

တတိယနေ့မြောက် MSF ကို စစ်တွေတွင် ဆန္ဒပြ

နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (ခေါ်) AZG ရခိုင်ပြည်မှ ထွက်သွားရေး အတွက် သုံးရက်မြှောက်နေ့ ဆန္ဒပြပွဲကို စစ်တွေမြို့တွင် ယနေ့ ဆက်လက် ဆင်နွဲနေသည်ဟု သိရသည်။
ယနေ့ နေ့လယ် တစ်နာရီက စတင်ခဲ့သော ဆန္ဒပြ ထိုင်သပိတ် တိုက်ပွဲကို ကျောင်းတက်လမ်းသွယ် တစ်ခုဖြစ်သော ဦးအောင်ထွန်းဦး လမ်း အတွင်းရှိ MSF ရုံးရှေ့တွင် ဆင်နွှဲနေကြသည်ဟု ဆိုသည်။
“ ပထမတော့ လူ၂၀၀ လောက်က ထိုင်သပိတ်ဆင်နွှဲနေတာပါ။ အခုတော့ နေရာပေါင်းစုံက

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1etbdwN

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာရန် စစ်တွေတွင် ထိုင်သပိတ် ယနေ့စတင်မည် နယ်စည်…

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာရန် စစ်တွေတွင် ထိုင်သပိတ် ယနေ့စတင်မည်

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရခိုင်ပြည်နယ်က ထွက်ခွာသွားရန် စစ်တွေမြို့ရှိ MSF ရုံးရှေ့တွင် ဒေသခံ ၂၀ က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ ထိုင်သပိတ်ဆင်နွှဲမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်လူမှု ကွန်ရက်မှ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

ငါးရက်ကြာ သပိတ်ဆင်နွှဲရန် စီစဉ်ထားသော်လည်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက နှစ်ရက်သာ ခွင့်ပြုခဲ့ကြောင်း ၎င်းကဆိုသည်။

MSF အဖွဲ့သည် ရခိုင်တိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ ဘင်္ဂါလီများကိုသာ ဆေးဝါးကုသပေးခြင်း၊ ထောက်ပံ့ ကူညီမှုများပေးခြင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိအားပေးခြင်း၊ ဇန်နဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ အကြမ်းဖက်မှုတွင်လည်း သတင်းမှားများကို ထုတ်ပြန်ခဲ့ခြင်း တို့ကြောင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ရခိုင်လူမှု ကွန်ရက်ထံမှ သိရှိရသည်။
“ပဋိပက္ခတွေ ဖြစ်တဲ့အခါ သတင်းမှားတွေ ဖြန့်တယ်။ ဘင်္ဂါလီတွေ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတယ်ဆိုပြီး နိုင်ငံတကာကို ဖြန့်တယ်။ အဲဒါကို ရခိုင်တစ်မျိုးသားလုံးက လက်မခံနိုင်ဘူး” ဟု ဦးသန်းထွန်းက ပြောဆိုသည်။

MSF နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ လက်မှတ်ထိုးထားသော နားလည်မှု စာချွန်လွှာ (MoU) ကို ပယ်ဖျက်ပေးရန် အတွက်လည်း နိုင်ငံတော်သမ္မတထံ စာတင်တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်က ထွက်ခွာရန် MSF ကို တောင်းဆို ထားသော်လည်း သတ်မှတ်ရက်အတွင်း ထွက်ခွာသွားခြင်း မရှိသဖြင့် ယင်းသို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက်ထံမှ သိရှိရသည်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် နိုင်ငံပေါင်း ၆၀ ကျော်တွင် ကျန်းမာရေး လိုအပ်ချက်အပေါ် မူတည်ကာ လူမျိုး၊ ဘာသာ၊ ကျား၊ မ ခွဲခြားမှု မရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Peter-Paul de Groote က ပြောကြားသည်။
“ကျန်းမာရေး လိုအပ်ချက်အပေါ်ပဲ မူတည် လုပ်ပေးနေတာပါ။ ရခိုင်မှာဆိုလည်း ကျွန်တော်တို့ ဆေးခန်းတွေက လူမျိုးဘာသာမရွေး ကျန်းမာရေး လိုအပ်ချက်ရှိတဲ့ သူတိုင်းအတွက် ဖွင့်ထားတာပါ” ဟု ၎င်းကဆိုသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ရခိုင်ပြည်နယ်က ထွက်သွားရန် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့တိုတွင် ဖေဖော်ဝါရီလအတွင်း ဒေသခံများ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

via The Voice Weekly’s Facebook Wall http://ift.tt/1ddCZh6