U Win Cho – ဦးဝင်းချို


Timeline Photos
ဦးဝင်းချို ပါ (၆)ဦး ယနေ့ ရုံးထုတ်

ပဲခူးမြို့တွင် (၅.၉.၂၀၁၃)နေ့ နေ့လည်( ၁၂း၀၀ )အချိန်ခန့်က လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုပါ (၆)ဦးအား ရုံးထုတ်ခဲ့ ကြောင်း သိရသည်။

ရုံးထုတ်လာစဉ် ပဲခူးမြို့၊ ဥသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)မှ လယ်ယာမြေ သိမ်းခံလယ် သမားများက အောင်သပြေပန်းစည်းများကမ်း၍ “လယ်သမား အရေး ဆောင်ရွက် နေသည့် ဦးဝင်းချိုနှင့် အဖွဲ့ အောင်မြင်ပါစေ၊ အဆင်ပြေပါစေ၊ ကျန်းမာပါစေ“ ဟု လက်ခုပ်များ တီးကာ ကြိုဆိုခဲ့ကြသည်။

ဦးဝင်းချို ပါ (၆)ဦး အမှုအား ပဲခူးမြို့နယ် တရားသူကြီး ဒေါ်ခင်မေယုက ပုဒ်မ ၅၀၅ (ခ)အမှုမှ တရားလို ဦးတင့်ထွန်းဇော် ( ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး)အား စစ်ဆေးခဲ့ပြီး၊ ဦးဝင်းချို ပါ(၆)ဦးဘက်မှ ရန်ကုန်မြို့နေ တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင် မှ ဆောင်ရွက်ခဲ့သည်။

တရားလိုပြ သက်သေအဖြစ် ပဲခူးမြို့နယ် ဥပဒေရုံး ဦးစီးအရာရှိ ဒေါ်စောယုဝင်းမှ ဆောင်ရွက်ခဲ့ပြီး တရားခွင်စစ်ဆေးမှုများ ပြုလုပ်ခါ အမှုအား(၁၂.၉.၂၀၁၃)နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရှိရသည်။

Ko Thant Zin

by Myanmar News Now

လကျာ်ထွန်း ကို လွှတ်ပေးပါ

မောင်လကျာ်ထွန်းနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ မောင်လင်္ကျာထွန်းသည် အသက် (၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ဘဝထက်ဝက်ခန့် (နှစ်ပေါင်း၂၀) နီးပါးသည် အကျဉ်းထောင် အတွင်း၌သာ ရှင်သန်ခဲ့ရသူဖြစ်ကြောင်း သိခဲ့ရသည်။  သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်းဖြစ် သည်။ သူ၏ဘဝသက်တမ်း...