အေအေပီပီမှ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်မင်းနိုင်(ခ) မီးသွေးအား မျက်စိခွဲစိ…

အေအေပီပီမှ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်မင်းနိုင်(ခ) မီးသွေးအား မျက်စိခွဲစိတ်ကုသရန်အတွက် ထောက်ပံ့ကြေးငွေပေးအပ်နေစဉ်။
AAPP-B provided 600000/- Kyats healthcare support to former political prisoner Aung Min Naing on September 17, 2013. at Rangoon office.

Emergency Healthcare Support for former political prisoners

Free Burma Info's Facebook Wall 2013-09-17 03:41:41

နိုင်/ကျဉ်းစာရင်းတွင် မတရားသင်းဖြင့် အကျဉ်းကျသူ အယောက် ၅၀ ထပ်မံထည့်သွင်း
www.mizzimaburmese.com
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ပုဒ်မဖြင့် အကျဉ်းကျခံနေရသူ အယောက် ၅၀အား နိုင်ငံအရေးအကျဉ်းသား စာရင်းတွင် ထည့်သွင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကြောင်းကြားလာသဖြင့် စက်တင်ဘာလတွင် ထပ်မံထည့်သွင်းလိုက်ကြောင်း နိုင်/ကျဉ်းစိစစ်ရေးကော်မတီမှ ဦးရဲအောင်က မဇ္ဈိမကိုပြောသည်။

Posted in Uncategorized |

People's Rallying Cry's Facebook Wall 2013-09-16 16:46:47

Timeline Photos
ရွာသားများ နှိပ်စက်ခံရမှု သတင်းကို ဖုံးကွယ်ဖို့ စစ်ဗိုလ်ဇာတ်ထွင်ခဲ့
====================================
(http://kachinduwa.blogspot.com.au/2013/09/blog-post_15.html)
Sunday, September 15, 2013

အင်ခန်ဂါး ကချင်ရွာသားများကို ရက်ရက်စက်စက် ညင်းပန်းနှိပ်စက်မှု သတင်း ထွက်လာအပြီး ဗိုလ် ဇော်မျိုးထက် သတင်းကို ဇာတ်နာအောင် ဖန်တီးကြတယ် လို့ ဆိုပါတယ်။ ထိုစစ်ကြောင်းမှာ ပါခဲ့တဲ့ ရ၀မ်အမျိုးသား တစ်ယောက် ပြောလာပါတယ်။

`စစ်ဗိုလ်ဆုံးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ပြောသလို ခေါင်းဖြတ်သတ်တယ် ဆိုတာ မဟုတ်ဘူး၊ ဗုံးဒဏ်နဲ့ ဗိုက်ပေါက်သွားတယ် ဆိုတာတော့ ဟုတ်တယ်၊´ လို့ ဆိုပါတယ်။

အင်ခန်းဂါး ကျေးရွာသားများ ၁၀၀ ကျော် ပျောက်ဆုံး နေဆဲ လို့ သိရပါတယ်။ သေလား၊ ရှင်လား ဆိုတာ မသိရသေးပါ။ တောင်ပေါ်သားများ တောမှာ လမ်းမှားရိုး ထုံးစံမရှိပါ။

ဖြစ်စဉ်ကတော့………

အင်ခန်းဂါး အနီးပတ်ဝန်းကျင်မှ ကေအိုင်အေ စခန်းတွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ် နဲ့ သွားတိုက်ပါတယ်။ လမ်းခုလတ်မှာ ခြုံခိုတိုက်ခြင်းခံရတယ်။ အထိနာခဲ့တယ်၊ ဆိုပါတော့။ စစ်ဗိုလ် တစ်ယောက်လုံးပါတဲ့ အဖွဲ့က လမ်းပျောက်ပြီး လူ ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ ကွဲသွားတယ် လို့ ဆိုပါတယ်။ (စကားပြောစက် မပါဘူးလားမသိဘူး။)

ဒီတော့ အင်ခန်းဂါး မှာ နေတဲ့ ကချင်ရွာသားများကို ပုံစံ ပေးပါတော့တယ်။ ကာကွယ်ရေး ၀န်ကြီးဌာန က သတင်းထုတ်ပြန်တဲ့ နေရာမှာ အင်ခန်းဂါး ရွာသား တစ်ယောက်က ကေအိုင်အေ စစ်သားတွေကို သတင်းပေး တယ် ဆိုပြီး အရိပ်အရောင်ပြ အပစ်ဖို့ထားတာ တွေ့ရတယ်။

အခု တိုက်ပွဲ ဖြစ်တဲ့ နေရာက ဧရာဝတီမြစ်ဖျား မလိခ မြစ်ရိုးပေါ်မှာ ဖြစ်ပါတယ်။ နေရာတကာ ရွှေအလွန်ထွက်ပြီး ပွင့်လင်းရာသီတွေမှာ ကချင်ပြည်နယ်အနံ့က လာတဲ့ လူမျိုးပေါင်းစုံ လက်လုပ်လက်စား သမားများ ရွှေကျင်ပြီး မိသားစုများကို ကျေးမွေးနေသော နေရာလဲ ဖြစ်ပါတယ်။ အဲဒီ နေရာ တ၀ိုက်ကို ဦးတေဇ က တကိုယ်တော် သိမ်းပိုက်ချင်လို့ နယ်မြေရှင်းလင်းရေး လုပ်ခြင်း ဖြစ်ပါတယ်။

People's Rallying Cry's Facebook Wall 2013-09-16 16:46:19

https://fbcdn-profile-a.akamaihd.net/hprofile-ak-ash4/373599_334119789940281_1688581902_s.jpg

Yangon Media Group
စလင်းမြို့ တပ်သိမ်းမြေများအတွက် ကာကွယ် ရေးဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာငါးခုသို့ စာတင် [ဒီခေတ်နေ ၊ စက်တင်ဘာ၁၅ ၊ ရန်ကုန်] စလင်း မြို့နယ်ရှိ ခလရ(၂၅၃)နှင့် (၂၅၄) တို့မှသိမ်းဆည်းထားသော လယ် ယာမြေများအား လယ်ယာမြေ ဥပဒေနှင့်အညီ ပြန်လည်လုပ် ပိုင်ခွင့်ချထားပေးရန် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုး တက်ရေးပါတီ စလင်းမြို့နယ် ဥက္ကဋ္ဌ ဦးစိုးမြင့်က ကာကွယ်ရေး ဝန်ကြီးဌာနအပါအဝင် ဌာနဆိုင် ရာငါးခုသို့ စာတင်ထားကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး စ လင်းမြို့နယ် ရုံးပင်ကန်ကျေးရွာ မှ တောင်သူ ၃၃ ဦးတို့၏ တပ် သိမ်းမြေဧရိယာ ၁၁၅ဒသမ၈၀ ဧကတို့သည် ဘိုးဘွားစဉ်ဆက် နှစ်ပေါင်း၃ဝကျော်ကြာ လုပ်ကိုင် လာခဲ့ကြခြင်းဖြစ်၍ ၁၉၉၅ခုနှစ် တွင် ခလရ(၂၅၃)နှင့်(၂၅၄)တို့ မှ မြေအစားထိုးပေးခြင်း၊ နစ်နာ ကြေးပေးခြင်း လုံးဝမရှိဘဲ သိမ်း ဆည်းခဲ့ကြောင်း၊ ယခုအခါတွင် သိမ်းဆည်းထားသောမြေများ အနက် အဆောက်အအုံ ဆောက် လုပ်မည်မဟုတ်သောမြေများအား ပြန်လည်စိစစ်၍ လုပ်ပိုင်ခွင့်ချပေး စေချင်ကြောင်း တောင်သူလယ် သမားများထံမှ သိရသည်။ ဦးစိုးမြင့်က ''ကျွန်တော်တို့ ဌာနဆိုင်ရာငါးခုကို စာတင်ပြီး ပါပြီ။ တစ်ဆင့်တော့ အောင်မြင် သွားတာပေါ့။ လက်ရှိဖြစ်နေတဲ့ တောင်သူ ၃၃ဦးဟာ အမှန် တကယ်ကို နစ်နာနေတာဖြစ်တဲ့ အပြင် သိမ်းဆည်းခံရစဉ်ကလဲ လျော်ကြေး၊ နစ်နာကြေး တစ်စုံ တစ်ရာမရခဲ့တာကြောင့် အခုအ ဆောက်အအုံမဆောက်ဘဲ ပိုနေ တဲ့မြေနေရာမှာတော့ ပြန်လုပ်ကိုင်ဖို့ခွင့်ပြုပေးသင့်ပါတယ်''ဟု ပြောသည်။ ထို့ကြောင့် အဆောက်အ အုံ ဆောက်လုပ်မည်မဟုတ်သော တောင်သူများ၏ မြေများအား ပြန်လည်စိစစ်၍ လုပ်ပိုင်ခွင့်ချမှတ် ပေးပါရန်နှင့် ၂၀၁၂ခုနှစ် လယ် ယာမြေဥပဒေသစ် အခန်း(၃)၊ ပုဒ်မ-၁၆၊ ၁ရတို့ကို ရည်ညွှန်း၍ တောင်သူများ၏ဘဝ တိုးတက် အောင် ကူညီဆောင်ရွက်ပေးစေ ချင်ကြောင်း ဆက်လက်ပြောသည်။စလင်းမြို့နယ် ရှောက်တော ရွာမှ လယ်သမားဦးအောင်သိန်း ဦးက ''ကျွန်တော်တို့ ဒီလယ်မှာ လုပ်လာတာ နှစ်ပေါင်း၃ဝကျော် လာပါပြီ။ စစ်တပ်က သိမ်းတုန်း ကလဲ ဘာမှမပေးခဲ့ပါဘူး။ အခု သူတို့ဆောက်ပြီးတဲ့ အဆောက် အအုံတွေအပြင် ပိုနေတဲ့နေရာ မှာတော့ ပြန်ပြီးလုပ်ချင်ပါတယ်'' ဟု ပြောသည်။ အဆောက်အအုံဆောက် လုပ်ခြင်းမရှိသော သိမ်းဆည်းခံ မြေနေရာများတွင် မူလလုပ်ကိုင် သူ တောင်သူများကို ပြန်လည် လုပ်ကိုင်ခွင့်ပေးရန်အတွက် တင်ပြ စာကို ဩဂုတ် ၂၉ရက်တွင် ဌာန ဆိုင်ရာငါးခုသို့ တင်ပြထားပြီးဖြစ်၍ ယင်းဌာနဆိုင်ရာ ငါးခုမှာ ဝန်ကြီး ချုပ် မကွေးတိုင်းဒေသကြီး၊ မကွေး မြို့ တိုင်းဦးစီးမှူး၊ မကွေးတိုင်း မြေစာရင်းဦးစီးဌာန၊ မကွေးမြို့ တပ်နယ်မှူး၊ ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅)စလင်းနယ်မြေခံတပ်ရင်း များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စလင်းမြို့ ဦးစီးအရာ ရှိ၊ မြို့နယ် မြေစာရင်းဦးစီးဌာန၊ စလင်းမြို့တို့ဖြစ်သည်။

People's Rallying Cry's Facebook Wall 2013-09-16 16:45:51

ရေနစ်နေတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသားတွေရဲ့ အခက်အခဲ
မန္တလေးရေကြီးမှု၊ ရတနာပုံတက္ကသိုလ်ကျောင်းသားတွေ စာမေးပွဲဖြေဆိုဖို့ ရတက်မအေးနိုင်ကြဘဲ အကြီးအကျယ် အခက်ပွေနေ =============================== စက်တင်ဘာ ၁၅၊ ၂၀၁၃- မြစ်ရေလျှံမှုကြောင့် မန္တလေးမြို့တွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် (၁၅.၉.၂၀၁၃)ရက်နေ့မှ စတင်ကာ အတန်းတင်စာမေးပွဲ ဖြေဆိုကြရ မည့်မန္တလေးရတနာပုံတက္ကသိုလ် တွင်လည်း ရေကြီးနေသဖြင့် စာမေးပွဲ ဖြေ ကြရမည့် ကျောင်းသားကျောင်းသူများ အခက်အခဲများစွာ ကြုံတွေ့နေကြ ရသည်။ စာမေးပွဲအား သတ်မှတ်ထားသည့်အတိုင်း ယနေ့ နံက်တွင် စတင်ဖြေဆို ခဲ့ပြီး ကျောင်းဝင်းအတွင်း သုံးပေခန့်ထိ ရေနစ်မြုပ်နေသဖြင့် စာမေးပွဲခန်း သို့ ခက်ခဲစွာ သွားလာနေကြရသည်။ မြို့ထဲမှ ဖယ်ရီကားများဖြင့် လာရောက်ဖြေ ဆိုကြသော ကျောင်းသားများမှာလည်း ဖယ်ရီကားများ ရပ်ရန်နေရာ မရှိ သဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ကာ စာမေးပွဲဖြေဆိုချိန် နောက်ကျမည်ကို စိုးရိမ်နေကြရသည်။ ရတနာပုံတက္ကသိုလ်အနီး ကျောင်းသားဘော်ဒါဆောင်များမှာလည်း ရေနစ် လျက်ရှိပြီး အဆောင်နေကျောင်းသားကျောင်းသူများ စားဝတ်နေရေး မှအစ အစစအရာရာ ခက်ခဲနေကြောင်း၊ ထမင်းတစ်နပ်ထွက်ဝယ်စားဖို့အရေး သုံးပေ ခန့် နက်သည့်ရေထုကို ဖြတ်သွားနေရကြောင်း၊ ကျန်းမာရေး အတွက်လည်း စိုးရိမ်ရကြောင်း၊ စာမေးပွဲအားရက်ရွှေ့ဆိုင်းပေးစေလိုသော်လည်း သက်ဆိုင် ရာမှ ကြေညာထားသည့်အတိုင်း ဆက်လက် ဖြေဆိုကြရမည်ဟု ဆိုကြောင်း ကျောင်းသူကျောင်းသားများထံမှ သိရသည်။ ရတနာပုံတက္ကသိုလ် ရေကြီးမှုမှာ ၂၀၀၄၊ ၂၀၀၇ ခုနှစ်များတွင်လည်း ဖြစ်ပွား ခဲ့ဖူးကြောင်းလည်း သိရသည်။ ယခုအချိန်တွင်လည်း ရေမှာ လျော့သွားခြင်း မရှိဘဲ တစ်နေ့ချင်း ပိုတိုးလာနေကြောင်း သတင်းရရှိပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းသူကျောင်းသားများ စာမေးပွဲ ဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေရန် ညှိနှိုင်း ဆောင်ရွက်ပေး ကြစေလိုပါသည်။ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ======================================== Photos: Facebook

People's Rallying Cry's Facebook Wall 2013-09-16 16:45:33

https://fbcdn-profile-a.akamaihd.net/hprofile-ak-prn2/188034_273906262712373_2047118636_s.jpg

Monywa Times
သို့ / လျှပ်စစ်ဝန်ကြီး ဦးကျော်ဝင်းခင်ဗျား လျှပ်စစ်ဓာတ်အားလိုင်းများ မုံရွာမြို့ပေါ်တွင် မကြာခဏပျက်တောက်နေရပါသည်။ ယင်းအခြေအနေများကိုလည်း လူကြီးမင်းသိရှိပြီးဖြစ်မည်ဟု ယုံကြည်မိရပါသည်။ လျှပ်စစ်ဓာတ်အားများ မကြာခဏ ပျက်တောက်နေခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူလူထုသိရှိနိုင်ရန် သတင်းထုတ်ပြန်ပေးစေလိုပါသည်။ လျှပ်စစ်မီးပြတ်တော်မည်ဆိုပါက ပြတ်တောက်၍ ရနိုင်ပါသည် သို့သော် လူထုအားကြိုတင်အသိပေးစေလိုပါသည်။ ၀န်ကြီးချုပ် ဦးသာအေး ခရီးဝေးထွက်သည့်အခါတိုင်း လူကြီးမင်းတို့ ၏ဌာနမှ မီးဖြတ်တောက်နေခြင်းမှာ မလျော်ပြူမှုနေခြင်းပင်ဖြစ်ကြောင်း ထင်မြင်ယူဆမိရပါသည်။ သို့ပါ၍ လျှပ်စစ်မီးပြတ်တောက်မည်ဆိုပါက ပြည်သူလူထုထံ ဦးစွာ သတိသတင်းထုတ်ပြန်ပေးစေလိုပါသည်။ သတင်းထုတ်ပြန်ရန်အခက်အခဲရှိပါက ဤသတင်းဌာန၏ massages – box သို့ ရေးသားပေးပို့ခြင်းဖြင့် သတင်းထုတ်ပြန်နိုင်ပါသည်။

People's Rallying Cry's Facebook Wall 2013-09-16 16:45:08

https://fbcdn-profile-a.akamaihd.net/hprofile-ak-prn2/188034_273906262712373_2047118636_s.jpg

Monywa Times
Zar Ti Nwe စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တန်ဘိုးနည်းဖုန်းများကို မဲနှိုက်ချထားခဲ့သည်ဟု သိရပါသည်။ သို့သော် မုံရွာမြို့ရှိ ဟောင်ကောင်စတိုးတွင် အဘယ့်ကြောင့် CDMA 800 ၁၅၀၀ိ/ တန် ဖုန်းများ နာမည်ပေါက်ရနေသည်ကို နားမလည်နိုင်အောင် ဖြစ်မိပါသည်။ CDMA 800 ၁၅၀၀ိ/ ဖုန်းတစ်လုံးကို 140000/150000 ကျပ်ဖြင့် အမြတ်ယူ ရောင်းချနေပါသည်။ ဌာနဆိုင်ရာများနှင့် ဟောင်ကောင်စတိုး မည်သို့များ အပေးအယူလုပ်ထားကြသနည်း။ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး (သို့) တာဝန်ရှိဌာနဆိုင်ရာအဖွဲ့များ ပွင့်လင်းမြင်သာအောင် စုံစမ်းဖော်ထုတ်ပေးစေလိုပါသည်။

People's Rallying Cry's Facebook Wall 2013-09-16 16:44:36

https://fbcdn-profile-a.akamaihd.net/hprofile-ak-ash4/373038_161087474023583_605662580_s.jpg

ThanLarWaddy Times
မူလတန်းကျောင်းအုပ်မှ ကျောင်းသားများထံမှ အလှူငွေကောက်ခံ မုံရွာ စက်တင်ဘာ ၁၆ မုံရွာမြို့၊ အ.မ.က(၂၄) မူလတန်းကျောင်း အရပ်ခေါ် ဘုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးသည် ကျောင်းသားကျောင်းသူများထံမှ မီးစက်နှိုးရန်အတွက် ဒီဇယ်ဖိုးဟုဆိုကာ တစ်ယောက်လျှင် (၁၀၀၀)နှုန်းဖြင့် ကောက်ခံခဲ့သော်လည်း မီးပျက်သည့်အချိန်တွင် မီးစက်နှိုးခြင်းမရှိကြောင်း သိရသည်။ "မီးပျက်တဲ့အချိန်ကျတော့ မီးစက်နိုးလားဆိုတော့ လာကြည့် မနှိုးပါဘူး။ ကျောင်းစဖွင့်ခါကလည်း ကောက်ပါသေးတယ် ခုနဲ့ဆိုနှစ်ကြိမ်ရှိပါပြီ။ နောက်ပြီးပြောပါသေးတယ် မိဘတွေ အင်တာနက်ပေါ်တော့မတင်ပါနဲ့တဲ့၊ ကျောင်းအုပ်ဖြစ်ပြီး ကျူရှင်ကဖွင့်ပါသေးတယ်သူကျူရှင်တက်တဲ့လူကတော့ မြေကြီးလက်ခတ်မလွဲ အဆင့်(၁)ပေါ့ဗျာ။ မတက်တဲ့လူကတော့ (ဥပမာ အမှတ် ၅၀ ဖိုးဖြေရင် ၄၉+၁ ဆိုပြီး +၁ ကို ခဲတံလေးနဲ့ ရေးထားသတဲ့) ဒါကဖြစ်သင့်ရဲ့လားဗျာ။ မြန်မာပြည်ပညာရေးမှာ ဒါမျိုးတွေ ရှိနေသရွေ့တော့ တိုင်းပြည်ဟာ ဘယ်တော့မှ ခေါင်းထောင်လာမှာမဟုတ်ပါဘူး။ ပြောရင်ဆုံးမှာမဟုတ်ဘူး အများကြီးကျန်သေးတယ် တအားလွန်တဲ့ အချက်လေးတွေအရင်ရေးပေးလိုက်ချင်းဖြစ်ပါတယ်" ဟု ကျောင်းသားမိဘတစ်ဦးမှ သလ္လာဝတီတိုင်းမ်သို့ ရင်ဖွင့်စာ ပေးပို့ခဲ့သည်။

People's Rallying Cry's Facebook Wall 2013-09-15 11:06:47

Timeline Photos
အစိုးရစစ်တပ်အရာရှိ သတ်ဖြတ်ခံရကြောင်း စွပ်စွဲချက် ကေအိုင်အို ငြင်းဆို

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိတစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။

မချမ်းဘောမြို့နယ် အင်ခန်ဂါးရွာနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် လူစုကွဲသွားပြီး ဒဏ်ရာရထားတဲ့ အစိုးရတပ်ကအရာရှိဟာ အင်ခန်ဂါးရွာမှာ ရှိနေခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့မှာ ကေအိုင်အေတပ်က အင်ခန်ဂါးရွာမှာ အဲဒီအရာရှိကို လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ကေအိုင်အေတပ်မှူးနဲ့ တပ်သားတွေကို အရေးယူပေးဖို့ အစိုးရက မချမ်းဘောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းလည်း ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ထံကို ဖြေရှင်းချက်တောင်းထားတယ်လို့ သိရပါတယ်။

KIO အဖွဲ့ကပြောရာမှာတော့ ဒီဖြစ်ရပ်ဟာ လက်တွေ့ဖြစ်ရပ်နဲ့ လွဲချော်နေတာကြောင့် ဖြေရှင်းချက်ပေးစရာမလိုဘူးလို့ ပြောပါတယ်။ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းပြောတာက

“သူတို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်စာပို့ထားတယ်၊ ကျနော်တို့ဘက်က အဲဒီအပေါ်မှာ ဘာမှပြန်ကြားစရာမရှိဘူးခင်ဗျ၊ ဒီဖြစ်တာကလည်း အမှန်တကယ် ဖြစ်ခဲ့တဲ့ဖြစ်စဉ်မဟုတ်ဘူး၊ တိုက်ပွဲဖြစ်တာကတော့ သြဂုတ် ၂၈ ရက် တိုက်ပွဲဖြစ်တယ်၊ အရာရှိငယ်တစ်ယောက်ကျသွားတယ်၊ အဲဒီအရာရှိငယ်ကို ကျနော်တို့ဘက်က မြေမြှုပ်သင်္ဂြိုလ်လိုက်တယ်၊ အဲဒီအရာရှိရဲ့အလောင်းကို ဘယ်မှာမြှုပ်ထားသလဲဆိုတာ ကျနော်တို့ဘက်ကို PCG ကနေတဆင့် စုံစမ်းလာတာရှိတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း မြှုပ်ထားတဲ့နေရာကို ပြောတဲ့အတွက်ကြောင့်မို့ သူတို့က စက်တင်ဘာလ ၅ ရက်နေ့ကျတော့ အဲဒီအလောင်းကိုပြန်ဖော်ယူတယ်၊ ကျနော်တို့ဘက်ကအလောင်းကို ဘာမှခေါင်းဖြတ်တာတို့၊ ဗိုက်ခွဲတာတို့ မလုပ်ဘူး၊ အဲလိုမျိုးလုပ်ရိုးလုပ်စဉ်လည်းမရှိခဲ့ဘူး”လို့ပြောပါတယ်။

ဦးလာနန်းအဆိုအရ သြဂုတ် ၂၈ ရက်နေ့တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းနယ်မြေအတွင်း စစ်ကူဝင်ရောက်လာတဲ့ အစိုးရတပ်တွေက ဒေသခံတွေကို နှိပ်စက်တာတွေလုပ်တဲ့ သတင်းတွေ ထွက်လာတာကြောင့် အခုလိုKIO ကို အပြန်အလှန်စွပ်စွဲမူတွေ လုပ်တာဖြစ်တယ်လို့ပြောပါတယ်။

အစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ကာလမှာပဲ အစိုးရတပ်နဲ့ KIA တပ်ကြားမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့အတွက် ဆွေးနွေးပွဲတွေဆက်ဖြစ်မလားဆိုပြီး သံသယတွေဖြစ်နေပါတယ်။

People's Rallying Cry's Facebook Wall 2013-09-15 11:06:35

Timeline Photos
တရုတ်ပြည်သူ့သမ္မတ မြန်မာ နိုင်ငံတော် MAKE IN CHINA
================================
ကျောက်ဖြူ ကူမင်း ဓါတ်ငွေ့ပိုက်လိုင်း အမ်းမှာ ပေါက်ကွဲမီးလောင်

ဂတ်ပိုက်လိုင်းကြီး ပေါက်ကွဲပြီး မီးလောင် နေပြီတဲ့ ၊ အမ်း မှာတဲ့ ၊
မတော်တဆလား တမင်လုပ်တာလား ၊

ဒါကို အကြောင်းပြပြီး တရုတ်စစ်တပ်တွေ မြန်မာနိုင်ငံထဲ ဝင်လာကြတော့ မယ် ထင်ပါရဲ့ ၊

ဒီဂါတ်စ် ပိုက်လိုင်းကို ကမန်းကတန်း အတင်းနင်းကန် ပြီးအောင်လုပ်နေကတည်းက သန်းရွှေကြီးလက်ထဲမှာ ဝှက်ဖဲအဖြစ်ထားချင်နေလို့ ၊
ဝှက်ဖဲကတော့ ဒါပါပဲ ၊ ထစ်ကနဲရှိရင် ဓါတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်စစ်တပ်ကို မြန်မာပြည်ထဲပေးဝင်လိုက်မယ်ပေါ့ ၊

မြန်မာပြည်ကြီးကို တရုတ်လက်ထဲ ထိုးထည့်လိုက်ပြီး သား ဖြစ်သွားပြီပေါ့ ၊

ဒီမိုကရေစီ + ပြန်ပြင်ရန်လိုအပ်သော ၂၀၀၈ဖွဲ့စည်းပုံ + မြန်မာနိုင်ငံ + ပိုက်လိုင်းလုံခြုံရေးအကြောင်းပြ ဝင်ရောက်လာသော ကွန်မြူနစ် တရုတ် စစ်တပ် = မြန်မာပြည်အနာဂတ်အတွက် ရတက်မအေးရပါလား သန်းရွှေရယ် . . .
(copy from-Hawdeka Khalaylay')

People's Rallying Cry's Facebook Wall 2013-09-15 11:04:52

https://fbcdn-profile-a.akamaihd.net/hprofile-ak-ash4/373038_161087474023583_605662580_s.jpg

ThanLarWaddy Times
အလုံရဲကင်းအချုပ်ခန်းတွင်း ချုပ်ထားသော တရားခံရုတ်တရက်သေဆုံးသွား ======================================== မုံရွာမြို့ မြို့ရဲစခန်းအပိုင်နယ်မြေဖြစ်သော အလုံရဲကင်းစခန်းရှိအချုပ်ခန်း တွင် ဟန်းဆက်ခိုးသူဟုယူဆကာ မသင်္ကကာသဖြင့် ဖမ်းဆီးချုပ်နှောင် ထားသော အဘ-ဦးစောမောင် ၏သားဖြစ်သူ အောင်ဆန်းလင်း အသက်(၂၉)နှစ် စစ်ပင်ရပ်ကွက်၊ပန်းဘဲတန်းရပ်နေသူသည် 2013 ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ (၆)နာရီ(၃၀)မိနစ်ခန့်တွင် အလုံရဲကင်းအချုပ် ခန်းတွင် သေဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ရုံး(နေပြည်တော်) ရှိ ၀န်ထမ်းတစ်ဦးထံမှသိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်း မှ သေမှုသေခင်း အမှတ်စဉ်-၁၇/၂၀၁၃ ဖြင့် ဖွင့်လှစ်ကာ တရားလိုအဖြစ် လ-၁၃၀၇၅ ရဲအုပ် မိုးကျော်အောင်၊အလုံရဲကင်းစခန်းမှူးမှ တရားလိုပြုလုပ်ပြီး အမှုစစ်အဖြစ် ဒုရဲမှူး-ကျော်ကျော်ညွန့် မြို့မရဲစခန်းမှူး ကဆောင်ရွက်ကာ သေဆုံးသူအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် မုံရွာပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။ “လာပြီးဖမ်းတုန်းကတော့ လူကနည်းနည်းမူးနေတာကလွှဲလို့ ကျန်းမာရေး ကောင်းတယ်။ရပ်ကွက်ထဲက မှတ်ကြီး ရဲ့ဖုန်းကိုခိုးလို့ဆိုပြီး ရပ်ကွက်အုပ် ချုပ်ရေးမှူးက တိုင်လို့ ရဲတစ်ယောက်ကဖမ်းခေါ်သွားတာ။နောက်ကျမှ ရဲတစ် ယောက်က အောင်ဆန်းလင်း ရဲ့မိန်းမဖြစ်သူ တင်နွဲ့ ကိုလာခေါ်တယ်။လာ ခေါ်ပြီး အချိန်သိပ်မကြာခင်မှာ အောင်ဆန်းလင်း အချုပ်ခန်းထဲတင်ဆုံးသွား ပြီလို့ကြားရတယ်။ ဖမ်းသွားတုန်းကမြင်တဲ့သူတွေကတော့ လမ်းမှာကတည်း က လာပြီးဖမ်းတဲ့ရဲက ဆောင့်ကန် လက်သီးနဲ့ထိုးတာတွေလုပ်လို့သေရ တယ်ဆိုပြီး အရပ်ထဲမှာတော့ပြောနေကြတယ်လို့”အဆိုပါသေဆုံးသူ၏ အိမ်အနီးရှိ အသက်(၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးက သလ္လာဝတီတိုင်းမ် ကိုအတည်ပြုပြောကြားခဲ့ပါတယ်။ အောင်ဆန်းလင်း အားသွားရောက်ဖမ်းဆီးသူမှာ လ-၁၃၀၇၅ ရဲအုပ်မိုးကျော်အောင် ဖြစ်သည်ဟုလည်းသိရပြီး အောင်ဆန်းလင်း ၏ ဇနီးသည်ဖြစ်သူ မတင်နွဲ့အားသွားရောက်ခေါ်ဆောင်သူမှာ ရဲတပ်ကြပ် သန်းလွင် ဖြစ်သည်ဟု သိရသည်။