Free Burma Info's Facebook Wall 2013-09-04 17:41:04



ပဲခူးတိုင်း ပြည်ခရိုင် နတ္တလင်းမြို့နယ်မှာ လယ်သမား အရေး ဆောင်ရွက်ပေးနေတဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေး၊ ဝိမုတ္ထိ္ထ လူမှုကူညီရေး အဖွဲ့က မခင်မိမိခိုင်နဲ့ နတ္တလင်း ပြည်သူ့အကျိုးဆောင်ကွန်ယက်က ကိုသန့်ဇင်ထက် တို့သုံးဦးကို စက်တင်ဘာ ၃ ရက်နေ့က ပေါင်းတည်ထောင်ကတဆင့် နတ္တလင်း တရားရုံးကို ၁၁ ကြိမ်မြောက် ရုံးတင်စစ်ဆေးခဲ့ပါတယ်။

Posted in Uncategorized |

Free Burma Info's Facebook Wall 2013-09-02 06:55:12


Naung Taw Lay's Photos
ဦးဝင်းချို နှင့် လယ်သမားများကို မနေ့က မိသားစုဝင်တွေ တွေ့ခွင့်ရခဲ့ပါတယ်။ ဦးဝင်ချိုထံမှ ထူးထူးခြားမှာတာမျိုးတော့ မရှိပါဘူးတဲ့။ ရမာန်ကြီးတစ်ပတ်နေမှ ရုံးထုတ်မယ်လို့ ပြောထားတဲ့ ဦးဝင်းချိုပါ တောင်သူများ ကို ဒီကနေ့ (အခု) ပဲခူးမြို့တရားရုံးမှာ ရုံးထုတ်ဖို့ စီစဉ်နေကြပြီလို့ သိရပါတယ်။

Posted in Uncategorized |

Free Burma Info's Facebook Wall 2013-08-31 07:15:30


ဟာဂျူလီ ကသာ's Photos
ပူတာအိုမြို့တွင် ခရိုင်စာရင်းစစ်အား တပ်ထိန်းဒုတပ်ကြပ်တစ်ဦးမှ ပစ္စတိုဖြင့် ပစ်သတ်..(ဟာဂျူလီ-ကသာ)
ကချင်ပြည်နယ်၊ပူတာအိုမြို့၊အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင် ၂၇၊၈၊၂၀၁၃ရက်နေ့ ည၉နာရီအချိန်က တပ်မတော်သားတစ်ဦးမှ အရပ်ဘက်ဝန်ထမ်းတစ်ဦးကို စကားများရန်ဖြစ်ရာမှ
သေနတ်ဖြင့် ပစ်သတ်လိုက်သော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်၊ဖြစ်ပွားပုံမှာ ၂၇၊၈၊၂၀၁၃ရက်နေ့ ညအစောပိုင်းအချိန်က ပူတာအို တဆညတိုက်ခန်းတွင် ဖွင့်လှစ်
ရောင်းချနေသော အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင်တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်နှင့် အဖွဲ့သည် မိန်းကလေးများနှင့်အတူ အရက်နှင့် အခြားအစားအသောက်များ လာရောက်စားသောက်
ခဲ့ကြပြီး ပြန်ပါသည်၊ည(၉)နာရီခန့်တွင် တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်တစ်ဦးတည်း ပြန်လှယ်ရောက်ရှိလာပြီး အရက်ထပ်သောက်ရန် ဆိုင်ရှင်အား မှာကြားခဲ့ပါသည်၊ဆိုင်ရှင်မှ ၉နာရီ
ထိုးပြီဖြစ်၍ ဆိုင်ပိတ်ပြီဖြစ်ကြောင်းပြောပြရာ ဆိုင်အတွင်း စားသောက်နေသော ပူတာအိုခရိုင်စာရင်းစစ်ကိုလမင်းမောင်မောင်နှင့်အဖေါ်တစ်ဦးကိုကြည့်၍ သူတို့ကိုတော့ ဘာကြောင့်ရောင်း
တာလဲဟု မေးမြန်းရာ စာရင်းစစ်ကိုလမင်းမောင်မောင်၏ အဖေါ်မှာကြောက်လန့်၍ ထွက်သွားခဲ့ကြောင်း သိရပါသည်၊ပူတာအိုခရိုင်စာရင်းစစ်ကိုလမင်းမောင်မောင်မှာ ဟန်မပျက်ဆက်လက်
စားသောက်နေရာ တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်မှ မင်းကဘာကောင်မို့ ဆက်စားနေတာလဲမေးရာမှ စကားများကြပြီး တပ်ထိန်းဒုတပ်ကြပ်ခန့်စိန်မှ သူ့ပါလာသော ပစ္စတိုဖြင့် ကိုလမင်းမောင်မောင်၏
ဦးခေါင်းကို အနီးကပ် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်းသိရပါသည်၊ကိုလမင်းမောင်မောင်မှာ မန္တလေးမြို့နန်းရှေ့တွင် နေထိုင်သော ဦးခင်မောင်တင့် ဒေါ်ဝင်းမာတို့၏ သားဖြစ်ပြီး ပူတာအို
ခရိုင်သို့ ခရိုင်စားရင်းစစ်အဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရင် ယခုလို ပစ်သတ်ခံရမှုဖြစ်ကြောင်သတင်းရရှိပါသည်၊ဒုတပ်ကြပ်ခန့်စိန်မှာ တပ်ထိန်းတပ်ရင်းမှ မဟုတ်လဲ ဗျူဟာ၏ တပ်ထိန်းဖြစ်ကြောင်း သိရပါသည်၊ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အတည်ပြုချက်ကို
တင်ပြနိုင်ရန် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(၀၇၄း၂၁၄၄၄)သို့ ဖုန်းဆက်သွယ်ခဲ့သောင်္လည်း ဖုန်းကိုင်မည့်တာဝန်ကျ မရှိပါသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆောင်ရွက်ချက်ကို ဖေါ်ပြနိုင်ခြင်းမရှိပါ၊(ဟာဂျူလီ-ကသာ)

Posted in Uncategorized |

အဖမ်းခံရတဲ့သူတွေချည်း သတင်းကို သည်မှာ သိမ်းထားတယ်

အဖမ်းခံရတဲ့သူတွေချည်း သတင်းကို သည်မှာ သိမ်းထားတယ်


ပဲခူးလယ်သမားအရေးကူညီဖို့သွားတဲ့ ဦးဝင်းချိုကို ပဲခူးမှာ ဖမ်းပြီ

Posted in Uncategorized |

အလုပ်ဖြစ်နေဆဲအိမ်မြေဈေးများ – သမ္မတဦးသိန်စိန်သမီးနှင့်မိတ်ဆွေဖြစ်လိုခြင်း (၄)


ရန်ကုန်မြို့တွင်းရှိလမ်းမဘေးတိုက်ခန်းများ (၂၀၁၃)

ဘာကြောင့်မှန်းတော့မသိပါ။ အသက်ကြီးလာလို့ဟုထင်ပါသည်။ လက်ရှိမြန်မာနိုင်ငံအဖြစ်ပျက်အများစုမှာ ကြေနပ်တာစရာများပါသည်။ အခုကိစ္စကိုတော့ အချိန်ယူ (နှစ်နဲ့ချီပြီး) ရှင်းရမဲ့ကိစ္စဖြစ်သည်။ လွန်ခဲ့သော၂နှစ်က အိမ်မြေဈေးနှုန်းအဆမတန် တက်သွားခြင်းအကြောင်းဖြစ်သည်။

နိုင်ငံတော်ကြီးကို ပုံစံအမျိုးမျိုးနှင့်စဉ်းစားကြသည်။ ယခင်က မြန်မာနိုင်ငံသည် ၁၉၆၂မှစတင်ပြီး စစ်အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သည်မှာ နှစ်၅၀ကြာသွားသည်။ တိုင်းပြည်လည်း အဖတ်ဆယ်စရာမရှိသလောက် ပျက်စီးသွားသည်။ အဆိုးဝါးဆုံးမှ အကျင့်ပျက်သူအလွန်များပြားလာခြင်းဖြစ်သည်။ ခရစ်ယာန်သမ္မာကျမ်းစာ၊ သုတ္တကျမ်းတွင် ဆင်းရဲခြင်းနှင့်ငွေရတတ်ခြင်း၂မျိုးကို မပေးပါရန်၊ ဆင်းရဲလွန်းပါက ခိုးယူအကျင့်ပျက်မည်ကိုစိုးရိမ်ရသို၊ ငွေရတတ်လွန်းပါက ဘုရားမေ့သွားမည်ကို စိုးရိမ်သည်ဟု ဆိုသည်။ လူတစ်ဦး၊ မိသားစုတစ်ခု၊ ကုမ္မဏီတစ်ခု ..ခပ်သေးသေးစဉ်းစားပါက ချမ်းသာလျှင် ဘုရားမေ့၊ တရားကိုကိုယ့်အကြိုက်လုပ်တတ်ကြသည်။ ဆင်းရဲလွန်းပါက အကျင့်ပျက်ပြီး၊ ခိုးယူတတ်လာပါသည်။

လူ့ဘဝတွင် များစွာသောအသီးအနှံကြဲသော်လည်း အသီးအနှံနည်းပါးရသည်။ စားရသော်လည်း ဝစွာမစားမသောက်ရကြ၊ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ကြရ၊ အလုပ်လုပ်၍အခရသော်လည်း မလုံလောက်သောအိပ်မှာသိုထားရသည်..စကားရပ်အတိုင်း လူလောကတွင်လူများစွာတို့သည် ချိုးခြံချွေတာရင်း သေသွားကြသည်။ ဥပမာ မက်ဒေါနယ်သူဌေးကြီးသည် ကွယ်လွန်သောအခါ ဒေါ်လာသန်းပေါင်း ၈ထောင်ကျော် ချန်ထားခဲ့သည်။ သူ့ကို ချစ်မေတ္တာပြနိုင်သော ညစားသောက်ဆိုင်အလုပ်သမလေးတစ်ဦးနှင့် လက်ထပ်ခဲ့သဖြင့် ထိုငွေအားလုံးသည် အလုပ်သမလေးလက်ထဲသို့ ရောက်သွားလေသည်။ အလုပ်သမလေးတဖြစ်လဲ ..သူဌေးမကြီးက ထိုငွေအားလုံးနီးပါးကို ဘုရားသခင်နှင့်လူမှုရေးဆိုင်ရာများသို့ လှုဒါန်းပစ်လိုက်သည်။ နိုင်ငံတကာတွင် ဘဏ်ထဲစုထားသောပိုက်ဆံများ ပိုင်ရှင်လာမထုတ်ပဲ နှစ်ပေါင်းများစွာ အကောင့်အသေဖြစ်သွားပါက၊ ဆွေမျိုးရှာမရလျှင့် နိုင်ငံတော်က ပိုင်သည်။ ဘဏ်ကလည်း ထိမ်းသိမ်းစောင့်ရှောက်သည့် အခကြေးငွေရပါသည်။ ထို့ကြောင့် လောကတွင် ရှာသမျှငွေများကို သားစဉ်မြေးဆက် စားမကုန်အောင် စုဆောင်းပေးထားလိုသူများကို မြန်မာပုံပမာ ကဋေကြွယ်သူဌေးသား – ကောင်သေလင်းတကျ၏တည်း …ဟု ပညာမတတ်ပါက၊ ရှိသမျှအကုန်ပြောင်မည်သာဖြစ်သည်။

အထူးသဖြင့် ခေတ်ပြောင်းကာလအချိန်တွင် တောကြောင်လက်ခမောင်းခတ် ဆိုသည့်အတိုင်း၊ ဂျပန်ခေတ်၊ ဒုကမ္ဘာစစ်တွင် ဓါးပြများစွာပေါ်ပေါက်ခဲ့သည်။ ယခု မြန်မာပြည်ခေတ်ပြောင်းသောအခါ အေးဆေးစွာ၊ ပြောင်းလဲနေခြင်းမှာ ကျေနပ်စရာဖြစ်သည်။ လူသားဖြစ်သောကြောင့် မကျေနပ်စရာများစွာ ရှိနေသေးရာတွင် ခြစားမှုကို စိတ်အပျက်ဆုံးဖြစ်သည်။ ယခင်အစိုးရလက်ထက်ကတည်းက ကမ္ဘာ့ခြအစားဆုံးနိုင်ငံဖြစ်ရသော်လည်း စစ်အစိုးကဖမ်းမည်စိုးရိမ်သဖြင့် မပြောရဲ၊ မပြောဝံ့၊ ယခုအခါ မီဒီယာ၊ ဖေ့စ်ဘုတ်များဖြင့် လွတ်လပ်ခွင့်ကိုပေးထားသောကြောင့် ဖွဘုတ်အဖြစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖေါ်ပြနေကြသည်။

အိမ်မြေဈေးကြီးမှုသည် အရှေ့တောင်အာရှတွင်သာမက၊ ကမ္ဘာ့အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သိသမျှရေးပါမည်။ ကမ္ဘာ့ခြအစားဆုံး (အကျင့်ပျက်ဆုံး) မြန်မာနိုင်ငံနှင့် ခြမစားဆုံး(အကျင့်မပျက်ဆုံး) စင်ကာပူနိုင်ငံကို ယှဉ်ရေးမည်ဖြစ်သည်။ ကျနော်တို့ ပြည်ပရောက်မြန်မာအများစုတွင် ဝင်ငွေများသောအနောက်နိုင်ငံရောက်မြန်မာများက လစာကောင်းမည်ဖြစ်သော်လည်း၊ စင်ကာပူရောက်မြန်မာများက ငွေစုဆောင်းနိုင်မှုအကောင်းဆုံးဖြစ်သည်။ ထိုင်းနိုင်ငံကို ယှဉ်ပြီး မြေဈေးကြီးမှုကို ယှဉ်လိုသော်လည်း ထိုင်း၊မလေးရှားနိုင်ငံတွင် အိမ်ပိုင်သောမြန်မာများ အလွန်နည်းပါးသည်။ အမေရိကန်၊သြစတြေးလျှားရောက် မြန်မာများက လည်း စင်ကာပူကဲ့သို့သဘောထားနိုင်ပါသည်။

မင်္ဂလာတောင်ညွန်၊ ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ခန်းများ

အိမ်မြေဈေးနှုန်းထိမ်းချုပ်ချုပ်ခြင်း
အစိုးရတိုင်းသည် ပြည်သူလူထုအများစုကို စားဝတ်နေရေး၊ အဆင်ပြေရန် အလုပ်အကိုင်ရရှိရေး အိမ်မြေပိုင်ရေး၊ သက်ကြီးပင်စင်ကိစ္စများ စသည်တို့ကို လုပ်ဆောင်ပေးရသည်။ အထူးသဖြင့် နေစရာသည် အရေးကြီးသည်။ ဝင်ငွေကောင်းပါက အိမ်ငှားခမထောင်းသာ၊ ဝင်ငွေမရှိပါက အိမ်ငှားခသည် ပြသနာကြီးဖြစ်လာသည်။ စင်ကာပူ၊ အမေရိကားတွင် အလုပ်မရှိလျှင် Homeless အိမ်ခြေမဲ့အဖြစ် ရှောက်သွားနေရသူများစွာ ရှိသည်။ အိမ်ငှားဖို့ပင် မတတ်နိုင်ပါ။ စားစရိတ်က သိပ်မကြီးလှပါ။ မြန်မာပြည်တွင် အလုပ်မရှိပါက တောပြန်ပြီး၊ ထမင်းနှင့်ငပိ၊ငြုတ်သီးစား နေလို့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲနိုင်ငံများမှာ နေစရာထက်၊ စားဖို့ကို ပိုခက်ပါသည်။ ယခု မြန်မာပြည်ပြုပြင်ပြောင်းလဲလာသဖြင့် ခုပဲ အနောက်နိုင်ငံများကဲ့သို့ ချမ်းသာတော့မည့်အလား အိမ်မြေဈေးများ တဟုန်ထိုးတက်လာသည်ကို အစိုးရက ဝယ်ခွန် ၃၇%ဖြင့် ထိန်းချုပ်ထားသော်လည်း ယခုအချိန်တွင် ကမ္ဘာထိပ်ဆုံးတွင် တန့်နေပြီဖြစ်သည်။ တက်ပြီးပြန်ကျလေ့မရှိတော့။ ငွေဖေါင်းပွနှုန်း Inflation က ကမ္ဘာ့ပေါက်ဈေးပြန်ရောက်အောင် ဆွဲချမည်ဖြစ်သည်။ ၃နှစ်မှ ၅နှစ်ထိ စောင့်ရမည်။ ယခု သိန်း၁၀၀၀ တန်အိမ်သည် (1USD = 1000 kyat) ဒေါ်လာတစ်သိန်းနှင့်ညီမျှသည်။ နောက်၅နှစ်ကြာလျှင် (1USD=2000kyat) မလွဲမသွေဖြစ်လာတော့မည်။ ထိုအခါ သိန်း၁၀၀၀အိမ်ဈေးက မတက်၊မကျတော့ပဲဖြစ်နေမည်။ ထိုအချိန်တွင် ကျပ်ငွေဖြင့် သိန်း၁၀၀၀ ဈေးပေါက်သော်လည်း ဒေါ်လာအားဖြင့် ၅သောင်းပဲ တန်ဖိုးရှိတော့မည်ဖြစ်သည်။ ၅နှစ်အတွင်း အိမ်တန်ဖိုး ၂ဆ ပြန်ကျသွားမည်။ ကျပ်ငွေကိုသာ အာရုံထားသော ၉၀ရာနှုန်းသော မြန်မာများအဖို့ မိမိပိုင်သောအိမ်တန်ဖိုး ဈေးမကျဟု ဖြေပြီး၊ ကျေနပ်နေမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာနှင့် ကူသန်း၊ရောင်းဝယ်နေသူအဖို့ ယခုအချိန်၊ သူပိုင်သော အိမ်မြေအများပြားမှာ သိန်း၁၀၀၀တန်အိမ်ကို ရောင်းချပြီး၊ အရောင်းအဝယ်လုပ်သဖြင့် ငွေတိုးပွားလာဦးမည်။ နောက်၅နှစ်ကြာချိန် ကျပ်ငွေပြန်ပြောင်းပြီး အိမ်၂လုံးဝယ်နိုင်မည်ဖြစ်သည်။ အချိုက စီးပွားမလုပ်တတ်သဖြင့် အိမ်ရောင်းလိုက်မှ၊ အိမ်လဲဆုံး၊ ရောင်းရငွေလဲဆုံး ဖြစ်သွားမည်ကိုသိသဖြင့် ဒီအတိုင်းပဲနေကြသည်။

စင်ကာပူတွင်
၂၀၀၇တွင် ကမ္ဘာ့စီးပွားပျက်ချိန်၊ စကာပူနိုင်ငံသားများစွာ အလုပ်လက်မဲ့ဖြစ်ရသည်။ နိုင်ငံသားအားလုံးနီးပါးမှာ အကြွေးနှင့်အိမ်ဝယ်ကြသဖြင့် လစဉ်အိမ်ဖိုး Installment ဒေါ်လာ တစ်ထောင်မှ၊ နှစ်ထောင်အထိ ပေးသည်။ အလုပ်မရှိ၊ ဝင်ငွေမရှိသောအခါ အလုပ်သစ်ကလည်း အရင်လောက်လစာမရတော့။ အိမ်ကို အစိုးရထံထိုးအပ်လိုက်ရသည်။ (စင်ကာပူတွင် ၈၀% အိမ်အများစုမှာ အစိုးရကပိုင်သည်)။ စင်ကာပူအစိုးရတွင် အိမ်များစွာ ပိုလျှံနေပြီး၊ အရေးထဲ Reserve Money ဆိုသော ဒေါ်လာ ဘီလျှံ၂၀၀ကျော်မှာ ကမ္ဘာ့ ကုမ္ပဏီရှယ်ယာဈေးကသည်နှစ် တစ်ဝက်ခန့် တဟုန်ထိုးကျဆင်းသွားသည်။ တနည်းအားဖြင့် ဘလျှံ၁၀၀ကျော် ကမ္ဘာ့စီးပွားကပ်နှင်အတူ ဆုံးရှုံးသွားသည်။ နိုင်ငံသေးသဖြင့် ပိုခံရသည်။ နိုင်ငံတွင်းမှ အလုပ်သမားများစွာ အလုပ်ပြုတ်ရာတွင်၊ နိုင်ငံခြားအလုပ်သမားများ သိန်းနှင့်ချီပြီး အလုပ်ပြုတ်၊ မိမိနိုင်ငံသို့ပြန်ရသည်။ အိမ်ဈေးနှုန်းများမကျရန် အစိုးရက ရာဖြတ် Valuation ဖြင့်ထိန်းထားသည်။ လူများက အစိုးရရာဖြတ်ဈေးထက် လျှော့ရောင်းကြနေချိန်၊ အစိုးရက နိုင်ငံခြားသား တစ်သန်းကျော်ကို အမြဲနေထိုင်ခွင့် PR Permanence Resident ချပေးလိုက်သည်။ ထိုသူများက ငွေစုဆောင်းမိထားသူများဖြစ်သောကြောင့် ပိုလျှံနေသော အစိုးရအိမ်များကို ဝယ်ခွင့်ရသည်။ ထိုနည်းဖြင့် စင်ကာပူသည် နိုင်ငံခြားသားပေါင်းများစွာထံမှာ တစ်ဦးလျှင့် ဒေါ်လာတစ်သိန်းခန့် ပြန်ယူထားနိုင်ခဲ့သည်။
ယခု ၂၀၁၂တွင် အိမ်ဈေးများ ထပ်မံထိုးတက်လာသည်။ ကမ္ဘာ့စီးပွားရေးကလည်း ၂၀၀၈နောက်ပိုင်း နာလံမထူးနိုင်သေးပါ။ စင်ကာပူတွင်လည်း အိမ်များစွာ ပိုလျှံနေချိန်က အိမ်ဝယ်ရန်၊ ဘဏ်ချေးငွေ ၈၀%နှင့်၊ ကျန်သော၂၀%ကိုလည်း ချေးရနိုင်သဖြင့် လူတိုင်း Cash down payment မလိုပဲ ဝယ်ခွင့်ရသည်။ ထို့ကြောင့် အိမ်ဈေးများ ထိုးတက်လာရာ၊ ၂၀၁၂တွင် အမြင့်ဆုံးရောက်ခဲ့သည်။ ထိုအခါ စင်ကာပူနိုင်ငံသားများက အိမ်ကိုရောင်းပြီး အမြတ်ကိုထုတ်ယူ၊ နောက်တစ်အိမ်ကို ၈၀% ဘဏ်ချေးငွေဖြင့် ပြန်ဝယ်ကြသည်ဖြင့်၊ အိမ်အရောင်းအဝယ် အရမ်းကောင်းလာသည်။ အိမ်ဈေးအရမ်းတက်လာသဖြင့် စီးပွားရေးနလံထူနိုင်ပြီးဖြစ်သော စင်ကာပူအစိုးရက အိမ်ဝယ်သူများ ငွေသားမရှိပဲ ဝယ်မရအောင် နည်းမျိုးစုံဖြင့် ကျပ်ပစ်လိုက်ပါသည်။ ဒေါ်လာတစ်သိန်း လက်ထဲမရှိလျှင် အိမ်ဝယ်ရန်မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်သွားသည်။  အစိုးရတိုက်ခန်းအိမ်တစ်ခါေ၇ာင်းပြီး ၅နှစ်အတွင်း ပြန်မရောင်းရ သတ်မှတ်သည်။ ယခု ၂၀၁၃တွင် အိမ်အရောင်းအဝယ်မရှိသလောက်ဖြစ်သွားသည်။ အိမ်ဈေးလည်း တရိပ်ရိပ်ကျလာပါတော့သည်။ ဒေါ်လာ၎သိန်းတန် အိမ်ကို ငှားစားပါက တစ်လ ၂၄၀၀ဒေါ်လာ၊ တစ်နှစ်လျှင့်၂၈၈၀၀  ဒေါ်လာ (အိမ်တန်ဖိုး၏ ၇%) ရမည်ဖြစ်သည်။ စင်ကာပူတွင် ဘဏ်တိုးနှုန်းသည် ၀.၂ရာနှုန်းသာရှိသည်။
စင်ကာပူနှင့်တိုးတက်သောနိုင်ငံများတွင် Valuation ဟုခေါ်သောအိမ်မြေတန်ဖိုးဖြတ်ခြင်း (ရာဖြတ်)သည် ၅%မျှပင် အတိမ်စောင်မရှိအောင် စနစ်ကျလှသည်။ မြန်မာနိုင်ငံမှရာဖြတ်များ တကယ်အရောင်းဝယ်တန်ဖိုး၏ ၃၃%ဖြင့် ရာဖြတ်ပေးခွင့် အောက်ပါဖြစ်ရပ်မျိုး စင်ကာပူ၊အမေရိကားတွင် သွားလုပ်မိပါက ထောင်နှစ်ပေါင်းများစွာကျသွားနိုင်ပေသည်။ မြန်မာပြည်တွင် ထိုသို့အစိုးရကိုခြစားမှ အိုကေသည်။

မြန်မာပြည်တွင်
၂၀၀၇ မတိုင်မီကတည်းက တရုပ်နှင့်မြန်မာကုမ္ပဏီများက မြန်မာနိုင်ငံရှိ လယ်မြေ၊ခြများစွာကို ဈေးသက်သာစွာဖြင့်၊ ဝယ်ယူထားပြီးဖြစ်သည်။ ၂၀၀၇နောက်ပိုင်းတွင် လယ်မြေကွက်သာမက မြို့ပေါ်မှအိမ်များပါ အရောင်းအဝယ် အရမ်းကောင်းလာသည်။ အရောင်းအဝယ် ကောင်းလာလျှင် ဈေးတက်လေ့ရှိသည့်အတိုင်း၊ ဝယ်ရောင်းလုပ်စားသူ၊ ငွေမဲပိုင်ရှင်များက အိမ်များကို ဆက်ကာ၊ ကုမ္မဏီငွေဖြင့် နိုင်ငံခြားကုမ္ပဏီကြီးများနှင့်အပြိုင်ပေးပြီး ဝယ်ယူကြသည်။ နောက်ဆုံး အရှေ့တောင်အာရှတွင် အိမ်မြေဈေးအကြီးဆုံး နိုင်ငံဘဝသို့ ရောက်သွားသည်။ စင်ကာပူတွင် ဒေါ်လာ ၃သိန်းတန်တိုက်ခန်းကိုလည်း မြန်မာပြည်တွင် ဒေါ်လာ၃သိန်းနီးပါးဈေးပေါက်သွားသည်။ ၇န်ကုန်တွင်သာမက နယ်မြိုအားလုံး ဈေးတက်သွားပြီး၊ အစိုးရကလဲ ၃၇% ဝယ်ခွန်တောင်းပြီး၊ ထိန်းချုပ်သည်။ နိုင်ငံခြားသားများနှင့်မြန်မာနိုင်ငံသားများက အိမ်မြေဈေး အဆမတန်ဈေးကြီးသွားခြင်းသည် တိုင်းပြည်စီးပွားပျက်၊ ခေတ်ပျက်သို့ ပိုပြီး ဇောက်ထိုးကျသွားရသည်။ မြန်မာနိုင်ငံတွင်နေသူများသာမက နိုင်ငံခြား (စင်ကာပူ)တွင် ကုတ်ကပ်လုပ်ကိုင်ပြီး၊ စုဆောင်းမိသော  ဒေါ်လာတစ်သိန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြန်မာပြည်သို့သွားက အိမ်ဝယ်ရန် လိုက်စုံစမ်း၊မေးမြန်းသည်။ တပ်ခေါက်ပြီး ဈေးမတတ်နိုင်သဖြင့် ပြန်လာရသည်။ ဒေါ်လာတစ်သိန်း (ကျပ်သိန်း၁၀၀၀) မှာ အိမ်ကောင်းကောင်း မရတော့ပါ။ ယခင်၂၀၀၆ခန့်က သိန်းတစ်ထောင်တန်အိမ်သည် ယခု သိန်း၅ထောင် အထက်ဖြစ်နေလေပြီ။  မြန်မာပြည်တွင် သိန်း၁၀၀၀တန် အိမ်ကိုငှားစားပါက တစ်လ၂သိန်းခန့်သာရသည်။ တစ်နှစ် ၂၄သိန်း (အိမ်တန်ဖိုး၏၂.၄%) သာရသည်။ စင်ကာပူတွင် ၇% ရသဖြင့် မြန်မာပြည်သည် ၃ဆခန့် အိမ်ဈေးဖောင်းပွနေသည်ဟု သတ်မှတ်ရပေမည်။


အစိုးရဌာနအားလုံး မြေပိုင်ရှင်ကြီးများဖြစ်နေသည်။ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးမွေးမြူရေးခြံ၊ တောင်ကြီးမြို့)

သမ္မတဦးသိန်းစိန်လည်းမတတ်နိုင်
အိမ်မြေ၊ ၂ခု၊ ၃ခု ပိုင်ရှင်များအတွက် ယခုကာလသည် အလွန်ကောင်းသည်။ တစ်လုံးကို သိန်းတစ်သောင်းနှင့် ရောင်းလိုက်သည်။ ဒေါ်လာ တစ်သန်းရသည်။ စင်ကာပူတွင် ကုမ္ပဏီလာထောင်ပြီး အိမ်ဝယ်သည်။ ဒေါ်လာ၂သိန်းပေးလျှင် ကွန်ဒိုတစ်လုံး ၈၀% အကြွေးဖြင့် ဝယ်ရသည်။ အိမ်ငှားတင်လျှင် တစ်လ ၄၀၀၀ဒေါ်လာရသည်။ ထိုအိမ်ငှားရငွေကို လစဉ်အိမ်ဖိုး ဘဏ်ချေးငွေပြန်သွင်းခြင်းဖြင့် စင်ကာပူတွင်လည်း အိမ်ပိုင်ရှင်ဖြစ်သည်။ အမေ၇ိကား၊ သြစတြေးလျားသွားပြီးလျှင် ဟိုမှာလည်း ကုမ္ပဏီထောင်ပြီး အိမ်ဝယ်ပြန်သည်။ နိုင်ငံခြာနေတာ သဘောကျသော ငယ်ရွယ်သူသားသမီးများကို နိုင်ငံခြားတွင်ထားခဲ့သည်။ သူတို့ကတော့ နိုင်ငံခြားမှ ပို့ပေးသောငွေဖြင့် နိုင်ငံတကာတွင် အိမ်ပိုင်ဖြစ်နေသည်။ စီးပွားလုပ်တတ်သောသူဖြစ်ပါက ခရိုနီဖြစ်လာတော့သည်။ ခရိုနီ၊ မိုနိုပိုလီ ငွေရှင်များသည် စစ်အာဏာရှင်ဟောင်းများနှင့်ပေါင်းဖေါ်ပြီး လက်ဝါးအုပ်စီးပွားရေးများတွင် ပါဝင်က ဒေါ်လာတစ်သန်းသည် တစ်နှစ်အတွင် ၁၀သန်းဖြစ်လာသည်။ ၂နှစ်အတွင်း အိမ်မြေဈေးများကို အစိုးရက မည်သို့မျှမချုပ်ကိုင်နိုင်တော့ပါ။ အစိုးရတွင် အခြား Fire Fighting များစွာရှိနေသဖြင့် အိမ်မြေဈေးကို ခရိုနီများဦးဆောင်သော၊ မြန်မာလူထုကြီးက အဆမတန်ဖြစ်အောင် ဈေးမြှင့်ပေးလိုက်သဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို အဟန်တားကြီးစွာဖြစ်စေခဲ့သည်။

ဖားအံမြို့ကို ကြည့်ပါ။ ကရင်ပြည်နယ်တွင် တောမြို့ကလေးက ၄၀x၆၀ ပေမြေနှင့်၊ အိမ်အစုတ်လေးတစ်ခုကို သိန်းတစ်ထောင်၊ နှစ်ထောင် အော်ဟစ်နေကြသည်။ တကယ်ဝယ်လျှင် သိန်း၇၀၀လောက်ဖြင့် ရနိုင်ပါသည်။ သို့သော် အိမ်ပိုင်ရှင်များက သူတို့အိမ်ဈေးကို ပါးစပ်ဖျားကမလျှော့၊ မနေ့က မြန်မာပြည်အလယ်ပိုင်မှ စင်ကာပူအလည်လာသော ခရစ်ယန်တရားဟောဆရာတစ်ဦးက သူဝယ်တုန်းက တစ်သိန်းပဲပေးရတယ်။ အခုတော့ သိန်းတစ်ထောင်ဖြစ်သွားပြီး..ဟု ကြွားဝါလိုက်ရာ၊ တရားနားထောင်နေသူ လူ၁၀၀ခန့်က ဟာကနဲ ဖြစ်သွားသည်။ စင်ကာပူတွင် အလုပ်လာလုပ်သူများမှာ တစ်လထောင်ဂဏန်းမျှသာ ရသဖြင့် တစ်နှစ်ငွေ၅ထောင်စုမိဖို့ဆိုသည်မှာ အရမ်းခက်ခဲသည်။ စင်ကာပူတွင် ကျွန်လာခံ၊ အလုပ်၅နှစ်လုပ်ပြီး ဒေါ်လာတစ်သောင်းရရင် မြန်မာပြည်မှာ ကိုယ်ပိုင်အိမ်နဲ့ အေးအေးဆေးဆေးနေမယ်။ စင်ကာပူက ဒေါ်လာ၎သိန်းတန်အိမ်မဝယ်နုင်တော့ မြန်မာပြည်မှာ ဒေါ်လာတစ်သောင်းဆို သိန်းတစ်ရာနဲ့ အိမ်ဝယ်ဖို့ ရည်မှန်းချက်ကြီးတွေ အားလုံးပြိုကျ၊ပျက်စီးသွားလို့ …ဟာ..ကနဲ့ အော်လိုက်ကြတာပါ။  မပူပါနဲ့။ ဒေါ်လာတစ်သောင်းကိုသာ စီးပွားမလုပ်တတ်ရင် မလုပ်ပါနဲ့။ ကျစ်ပါဆုတ်ထားရင် နောက်၅နှစ်ဆို ဒေါ်လာတစ်သောင်းနဲ့ အိမ်ပြန်ဝယ်နိုင်မှာပါ ။ မလေးရှားမှာဆို ဒေါ်လာတစ်သောင်းဆို အိမ်တစ်လုံး ရေမီးအပြည်စုံ၊ ကားတစ်စီး ဒေါ်လာ၅၀၀ နဲ့ဝယ်လို့ရပါသည်။

အမေရိကားမှာ စင်ကာပူသို့ အလယ်လာသော မြန်မာလူငယ်တစ်ဦးက စင်ကာပူလူငယ်၊ ဆွေမျိုးများကို ကြည့်ပြီး အင်း၊ တစ်ခန်းကို ဒေါ်လာ၄၀၀ပေးပြီး ၂ယောက်နေကြတယ်။ မာစတာအိပ်ခန်းဆို ကုတင်၃လုံးသွင်းပြီး ပြွတ်ကျပ်နေရတယ်။ အိမ်ဈေးတွေက ခေါင်ခိုက်လို့ အစိုးရကလဲ အိမ်မဝယ်နိုင်အောင်လုပ်ထားတော့ စင်ကာပူရောက်၊ မြန်မာများဘဝကို ကြည့်ပြီးစိတ်ပျက်တယ်တဲ့။ သူတို့ Taxas တက္ကဆက်ပြည်နယ်မှာ ဒေါ်လာတစ်သိန်းတန်အိမ်ဆို အကြီးကြီးပဲ၊ ဒေါ်လာတစ်သောင်း လက်ထဲရှိရင် ဝယ်လို့ရပြီး၊ အခန်းပေါင်း ၁၀ခန်းလောက်၊ ၂ထပ်တိုက်နဲ့ နေစမ်းပါ ..တစ်လကို အိမ်ဖိုး အရစ်ကျငွေ ဒေါ်လာ၅၀၀လောက်ပဲပေးရတယ်။ အမေရိကားဘဝ ကောင်းမွန်ကြောင်း လာပြီးပြောပြတယ်။ စင်ကာပူမှာ ၁၀နှစ်လောက်နေပြီး အိမ်တွေ၊ စီပီအက်စုဆောင်းငွေတွေ တန်ဖိုးက ဒေါ်လာတစ်သန်းခွဲလောက် ပိုင်ဆိုင်နေတဲ့ စင်ကာပူရောက်မြန်မာကတော့ အမေရိကားရောက်မြန်မာကို သနားနေမှာပါပဲ။ ဒီလိုပါပဲ။ လူဆိုတာ ကိုယ်နေတဲ့နေရာ ကုတင်ရွှေနန်းပါပဲ။

အိမ်မြေအရောင်းအဝယ် ခြစားမှုကြီးများ
ဖားအံက မြို့နယ်ဦးစီးမှုးတွေဆို လယ်မြေ၊ အိမ်တွေ အများကြီးပိုင်နေကြတာကို တွေ့ရတယ်။ တိုင်းဦးစီးမှုးဆို တိုင်းတစ်ခုထဲမှာ ပါတဲ့မြို့နယ်တိုင်းက အိမ်မြေ၊ ဝေစုတွေရယူထားတော့ အစိုးရဝန်ထမ်းများဟာ အိမ်မြေပိုင်ရှင်ကြီးဘဝကနေ၊ မမျှော်လင့်ပဲ ၂၀၁၂နောက်ပိုင်းမှာ မြေပိုင်ရှင်သူဌေးအကြီးစားဘဝ ရောက်သွားပါတော့တယ်။ အာဏာပိုင်များ၊ ကုမ္ပဏီပိုင်ရှင်သူဌေးများ၊ နိုင်ငံခြားသားပေါက်ဖေါ်များက အိမ်မြေအေ၇ာင်းဝယ်လုပ်တိုင်း ဝန်ထမ်းရာထမ်း၊ စာရေးများလည်း မြတ်မြတ်ကလေးရပါတယ်။ အရင်ခေတ် မနှစ်ကမကြည့်ပဲ ခြစားမှု အပြင်ထန်တိုက်ဖျက်နေတယ်ဆိုတဲ့ အခုခေတ်ကို ကြည့်ပါ။

ဖားအံမှာ သိန်း၅ထောင် တန်တဲ့ မြေကွက်အစုတ်တစ်ခုကို ပိုက်ဆံအလွယ်တကူသူ၊ လူတစ်ယောက်က ဝယ်မယ်ဆိုပါသည်။  ထိုလူ အလွယ်တကူ ကျပ်သိန်း၅ထောင်ရသလဲဆိုသည်ကို ထားတော့။ လောလောဆယ်တော့ အိမ်ပိုင်ရှင်က သိန်း၅ထောင် ပက်ကနဲရမည်။ ဖားအံတွင် တစ်သက်လုံးနေခဲ့ပြီး အထီးကျန်ဖြစ်နေချိန် သားသမီးများရှိသော ရန်ကုန် (သိုမဟုတ်) စင်ကာပူမှာ အိမ်ဝယ်ဖို့ ငွေမရှိဖြစ်နေတဲ့ သားသမီးများကို ပံ့ပိုးဖို့ဖြစ်လာသည်။ အရောင်းအဝယ်လုပ်သောအခါ ဝယ်သူက ၃၇% အခွန်ပေးရမည်ဆိုပါက ကျပ်သိန်းပေါင်း ၁၈၅၀ ပေးရမည်။ ဝယ်သူက မပေးချင်ပါ။ အလွန်များလှသောငွေကို ဘာဖြစ်လို့ အစိုးရဆိုတဲ့ အကောင်ထည်မရှိသူကို ပေးရခြင်းထက်၊ အခွန်ဆောင်ရုံး၊ မြေစာရင်းရံးမှာလူတွေကို သိန်း၃၀၀လောက် ပေးလိုက်တာက ကျေးဇူးတောင်ရှိသွားပြီး မိတ်ဆွေကောင်းတိုးပွားမယ်  ဟု ခံယူသူချည်းဖြစ်သည်။ ထို့ကြောင့် ယခုထုံးစံအတိုင်း ရာဖြတ်၊ တန်ဖိုးသတ်မှတ်သူက သုံးပုံတစ်ပုံ အိမ်တန်ဖိုးကို သိန်း၁၅၀၀ ဟု သတ်မှတ်လိုက်သည်။ အခွန်သိန်း၅၅၀ ကျသင့်သည်ဟု အခွန်ရုံးမှတွက်ပေးသည်။ အိမ်ဝယ်သူကလည်း မိမိငွေသည် ငွေမဲမဟုတ်၊ ဘာညာ၊ စာရွက်စာတမ်းတင်ပြကာ နောက်ဆုံး ဝယ်ခွန်သိန်း၄၀၀နှင့် တည့်သွားသည်။ ရောင်းဝယ်တွင် ပါဝင်သည့် ဌာနဆိုင်ရာလူ အဓိကလူ၃ဦးကို သိန်း၃၀ဆီ ပေးလိုက်သည်။ ကျန်လူမျာကို ကြည့်ပေးလိုက်သည်။ အစိုးရကတော့ သိန်း ၁၈၅၀ ရမည့်အစား သိန်း၄၀၀ပဲ ရရှိသည်။ အိမ်ရောင်းသူက ဘိုးဘွားပိုင်ဖြစ်လျှင် အခွန်သိပ်ပေးစရမလို၊ သို့သော် အရောင်းဝယ်လုပ်ပေးသူများနှင့် ပွဲစားခပေးရမည်ပင်။

ထိုနည်းဖြင့် ဖားအံမြို့ငယ်လေးတွင် အိမ်ယာများစွာ အရောင်းအဝယ်ဖြစ်နေရာ၊ ခြစားခွင့်ရှိသော ဝန်ထမ်းများသည် အကြီးအကျယ် ချမ်းသာနေသည်။ ယခင်က ဝန်ထမ်းများကိ မြေကွက်များဖေါ်ပေးသဖြင့် ရထားသောမြေယာများကိုလည်းေ၇ာင်းစားလျှင်လည်း ငွေလက်ဖျားသီးနေပြီဖြစ်သည်။ သူတို့ကတော့ ရှေးကုသိုလ်ကောင်းလှသည်ဟု ကြွေးကြော်၊ ကျေနပ်နေမည်ဖြစ်သည်။ အခြားသူများကလည်း ထိုသူများနှင့်စစ်အာဏာရှင်ဟောင်းများ၊ ခရိုနီများကို မုဒိတာမထားကြ၊ သြော် ကုသိုလ်ထူးတယ်  ..ဟု ခြအကြီးစားကြီးများကိုပင် ရိုသေလေးစားနေကြသည်မှာ ခေတ်ပျက်ကြီးဖြစ်လေတော့သတည်း။
 

ရန်ကုန်၊ ဒဂုံတောင် စက်မှုဇုံ

အဆင်ပြေသူလူနဲစုနှင့်ရွှေပုံပေါ်ထိုင်ထမင်းငတ်နေသူလူများစု
မြို့ပေါ်တွင် ကန်ထရိုက်တိုက် ထပ်မံဆောက်ခွင့်ရသောသူများမှာ ၁၀ထပ်တိုက်ဆောက်ပြီး၊ အခန်း၃၀တွင် ၁၀ခန်းပဲရောင်းချလျှင် အရင်းကျေပြီဖြစ်သည်။ ကျန်တိုက်ခန်းများကို မိမိတို့ကုမ္မဏီပိုင်အဖြစ် သတ်မှတ်ထားသည်။ သို့နှင့် ကုမ္မဏီပိုင်ဆိုင်မှုမှာ ကြီးသထက်ကြီးလာသည်။ ငွေစာရင်းရှင်းလိုက်သောခါ စာရင်းစစ်က အမြက်မရှိအောင်လုပ်ထားသော ကုမ္မဏီကြီးအတွက် အမြတ်ခွန်ပေးစရာမလိုတော့။ မိမိမိသားစု အားလုံးကို လခအများကြီးပေးထားပြီး၊ အလုပ်မလုပ်ပဲ တစ်လ ကျပ်သိန်း၂၀၊ ၄၀ လစာထုတ်သည်။ အပြင်မှာအလုပ်ခန့်ထားသော လုပ်သက်၂၀နှစ် အင်ဂျင်နီယာကြီးကို တစ်လ ၂သိန်းပေးပြီး၊ ဦးလေးက သိပ်တော်တယ်နော် ..ဟု သိန်း၂၀ရသူက မြှောက်ပင့်ခိုင်းစားနေသည်။ အလုပ်သမားများမှာ မြန်မာပြည်ပေါက်ဈေး တစ်လ ကျပ်၅သောင်း၊ ခရီးစရိတ်၊ စားစရိတ် ၂သောင်း၊ အိုဗာတိုင် တစ်သောင်း   .. မြန်မာလစာဖြင့် ကျေနပ်နေရသည်။ ထိုအလုပ်သမားများ (အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ)မှာ ယခုခေတ်တွင် ထိုလစာဖြင့်မည်သို့ရှင်သန်မည်မသိတော့။ အစိုးရ ကျောင်းဆရာမတစ်ဦး၊ ဆေးဆရာမတစ်ဦးမှာ လစာ တစ်သိန်းခန့်ရသော်လည်း ပြင်ပတွင်ကျူရှင်ဖွင့်ခြင်း၊ ဆေးခန်းဖွင့်ခြင်းများဖြင့် လုပ်စားနိုင်သည်။ အစိုးရဝန်ထမ်းအရှိန်အဝါဖြင့် လုပ်ပိုင်ခွင့်များစွာရှိသည်။ ကုမ္မဏီဝန်ထမ်းများမှာ ခြစားခွင့်မရပါ။ ခြစားနိုင်သောနေရာများ (ဥပမာ ဝယ်ယူရေး၊ အရောင်းမန်နေဂျာ စသည်တို့မှာ ဆွေမျိုးများကိုသာ ခန့်ထားကြသည်။ ထို့ကြောင့် ယခုခေတ် မြန်မာပြည်သည် ဆင်းရဲသူများ ပိုဆင်းရဲသွားပြီး၊ ချမ်းသာသူများ အဆမတန် ကျိကျိတက်ချမ်းသာလာသည့် ခေတ်ပျက်ကြီးဖြစ်သည်။

အိမ်မြေဈေးတက်ရာတွင် ထူးဆန်းသည့်တစ်ချက်မှာ နေပြည်တောရှိ အိမ်မြေ၊ တိုက်ခန်းများ ဈေးမတက်ခြင်းဖြစ်သည်။ ရောင်းခွင့်မရှိ၍လား၊ ရောင်းရခတ်သောကြောင့်လာ .. ဈေးတော့မတက်ပါ။ သမ္မတဦးသိန်းစိန်ကို ကြောက်သောကြောင့်လား၊ လေးစားသောကြောင့်လား..နေပြည်တော်အိမ်မြေများမှာ အေးချမ်းနေပါသည်။ အခြားတပြည်လုံး အိမ်ယာမြေဈေးမှာ ပူလောင်လှပေသည်။ ကျနော့်မိတ်ဆွေတစ်ဦး အကြောင်းတစ်ခုကြောင့် သူတို့ဇနီးမောင်နှံပိုင်ဆိုင်သော သိန်း၁သောင်းခန့်တန်သော အိမ်မြေဥစ္စာများ ရောင်းမရဖြစ်နေသည်။ စီးပွားရေးလုပ်ငန်းကလည်း တပြည်လုံးလုပ်ငန်းရှင်များကဲ့သို့ ခွက်လန်ရှုံးနေသဖြင့် လုပ်ငန်းကိုရပ်ထားရသည်။ မလည်မဖြစ် လည်ပတ်နေသောလုပ်ငန်းကလေးမှာပင် တစ်လကို သိန်း၅၀ခန့် ရှုံးနေသောကြောင့် ဘာမှမလုပ်ပဲ၊ အိမ်မြေအားလုံးကို အငှားတင်လိုက်ပြီး၊ ရတဲ့ငွေသိန်း၅၀နဲ့ပဲ ထိုင်စားနေပါလား…ဟု အကြံပေးသောအခါ၊ အမျိုးသမီးက လုပ်ငန်းရပ်လိုက်ပါက၊ အရှက်ကွဲပြီး၊ မိမိကိုယ်သတ်သေပစ်ချင်သည်ဟု ပြန်ပြောသည်။ သြော်..ပူလောင်လှပါသည်။ မိမိအိမ်မြေများ ရောင်းလဲမရ၊ ငှားလဲမရ၊ တရားတဘောင်ရင်ဆိုင်နေရသူများအတွက် ..ရွှေပုံပေါ်ထိုင်ငိုနေရသော စီးပွားပျက်သူဌေးများစွာရှိသည်။ သူတို့ထံတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးက သူဌေးခွက်ပျောက်တာ အရေးမကြီးဘူး၊ သူတို့လစာမှန်မှန်ရဖို့လိုကြောင်း ..ပြောပြသည်။ အချို့ မြန်မာပြည်မှလုပ်ငန်းရှင်များစွာ စီးပွားပျက်၊ ငွေထုတ်ပိုက်ပြီး၊ အမေရိကားရောက်လာကြသည်။

သို့သော် အခွင့်အရေးကို အသုံးချတတ်သော လူငယ်၊လူကြီးများသည် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်ပြီး၊ လုပ်ကိုင်ကြသည်ဖြင့် ထိုလူငယ်၊လူကြီးအတွက် အခွင့်အရေးကြီးတစ်ခုဖြစ်သည်။ ပြောင်းလဲသောခေတ်တွင် မိမိကိုယ်ကိုပြောင်းလဲနိုင်ပါက အဆင်ပြေမည်ဖြစ်ပါသည်။ အင်္ဂလိပ်လို Illegal Land Transfer ဟုခေါ်သော လယ်မြေများအား လွန်ခဲ့သော ၅နှစ်ကျော်က ပေါက်ဈေး၊ တဧက ကျပ်တစ်သိန်းခန့်ပေးဝယ်ခဲ့ခြင်းများမှာ ယခုအခါ ထိုမြေများက သိန်း၁၀၀ကျော် ဈေးပေါက်နေပြီးဖြစ်သည်။ လယ်သမားများနှင့်နော်အုန်းလှကဲ့သို့ ဆင်းရဲသားများဖက်တွင် လိုက်ပါလုပ်ဆောင်သူများမှာ အဖမ်းခံ၊ ထောင်ချ လုပ်ခံနေရသည်။

အိမ်မြေ၊ လယ်မြေများ အဆမတန်ဈေးကြီးပြီး မြန်မာပြည် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲနေချိန်ဖြစ်သည်။ စင်ကာပူအထိ စင်ကြယ်အိမ်ယာများ လာရောက်ရောင်းချရာ ကုန်သွားသည်ဟု ဆိုသည်။ အိမ်မြေဈေးတက်ချိန် ဈေးကြီးသော ကန်ထရိုက်တိုက်များလည်း အရောင်းကောင်းနေသည်ကို တွေ့ရသည်။ စက်မှုဇုံများတွင်လည်း မြေယူထားပြီး၊ စက်မှုမလုပ်သော စက်မှုလုပ်ငန်းရှင်။ လယ်မြေ ဝယ်ထားပြီး လယ်မလုပ်သော လယ်ပိုင်ရှင်၊ အိမ်ခြံမြေအများကြီးပိုင်ထားပြီး Property Tax မပေးသောသူ သူဌေးကြီးများကို အစိုးရက မြေကွက်အသစ်ဖေါ်ကာ အိမ်မြေများ၊ တန်ဖိုးနည်းအိမ်ယာများ၊ စက်မှုဇုံများစွာ လုပ်ပေးနိုင်ပါသည်။ ထိုအခါ အိမ်မြေခြံများ ဈေးကျသွားမည်။ မိမိပိုင်သော အိမ်မြေခြံများအား ဈေးကျသွားအောင် အစိုးလူတန်းစားက ဘယ်တော့မှမလုပ်ပါ။ သူတို့ပိုင်သော အိမ်မြေဈေးကျသွားလျှင့် အိပ်မပျော်ဖြစ်နေကြရှာသည်။ ပူလောင်နေကြရှာသည်။ သမ္မတဦးသိန်စိန် မိသားစုကတော့ စီးပွားမလုပ်ကြဟုဆိုသည်။ စီးပွားမလုပ်သော ဝန်ထမ်းမျိုး၊ လခစားမျိုးဖြစ်သော သမ္မတဦးသိန်းစိန်၏ သမီးသည်လည်း ပူလောင်နေမည်မဟုတ်ပါ။ သို့သော် အခြားသူများ ပူလောင်နေခြင်းကို သူမသိမည်ဖြစ်သည်။ သို့သော် မကယ်နိုင်ပါ။ ထို ပူလောင်နေသော အစိုးရလူတန်းစားဘဝတွင် ကျန်ုပ်မပါဝင်ရခြင်းသည်၊ အပယ်ငရဲမှလွတ်သည့်အပြင်၊ နိဗာန်ရောက်ဖို့ဖြစ်လာသည်ဟုသာ ဖြေသာမိပါကြောင်း။
ဝတ်မှုန် (ဝန်ထမ်းဟောင်းတစ်ဦး)
၃၀-သြဂုတ်-၂၀၁၃
 

Asian Wings Airway ပြည်တွင်းလေယာဉ်ကုမ္ပဏီခရီးစဉ်များ

****************************************



တန်ဘိုးနည်းအိမ်ယာစီမံကိန်နှင့်ရန်ကုန်ဆောက်လုပ်ရေးလောက
ကိုယ်ပိုင်မြေပေါ်တွင်တည်ဆောက်သည့်တန်ဖိုးကြီးအိမ်ယာများ
ရန်ကုန်တစ်မြို့တည်းတွင် တိုက်အိမ်များစွာ စည်းကမ်းမဲ့စွာ ဆောက်လုပ်နေကြပါတယ်။ ယခုတစ်ပတ် သတင်းစာမှာ မရမ်းကုန်းမြို့နယ်၊ တိုက်အလုံးပေါင်း ၅၀၀ကျော်ကို စည်ပင်မှခွင့်ပြုချက်မရပဲဆောက်လုပ်ပြီးစီးနေသောကြောင့်၊ ကိုယ်ပိုင်မြေကွက်ရှင်များကို တရားစွဲမည် ..လို့ဖတ်ရပါတယ်။ နောက်ပြီးတော့ ဘူဒိုဇာနှင့်ပြန်ဖြိုဖျက်ပြီး ဖြိုဖျက်ခတောင်းမည် ..လို့ ကောလဟာလများထွက်နေတာကြောင့် အိမ်ဖျက်လုပ်ငန်းလိုင်စင် လျှောက်ထားရန် စိတ်ကူးနေမိပါတယ်။ ရယ်စရာပါ။ ကြည့်မြင်တိုင်မှာနေတဲ့ ဦးကျော်ရဲ့ ၄ထပ်က ပေ၈၀၀ တိုက်ခန်းလေးကိုလည်း တစ်သက်လုံးအေးအေးဆေးဆေး နေမယ်စိတ်ကူးနေချိန်၊ အိမ်မြေလုပ်ငန်းရှင်မိတ်ဆွေတစ်ဦးက မင်းတိုက်ခန်း အခုဆို သိန်း၅၀၀လောက် ဈေးပေါက်နေပြီး..လို့ ပြောလာတယ်။ သင်္ဘောသားဟောင်း အသက်၅၀ကျော်ကြီးက ဒေါ်လာနဲ့ပြန်တွက်ကြည့်တော့ ဒေါ်လော၅သောင်းကြီးများတောင်တန်ဘိုးရှိနေပြီလို့ သိလိုက်ရတယ်။ ဝယ်တုန်း ၁၉၉၅က ဒေါ်လာတစ်သောင်းလောက်ပဲရှိတာ အခု ၅ဆတောင် ဈေးတက်သွားတော့ ကျေနပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေါ့.. အိမ်ပိုင်တဲ့လူတွေက အိမ်မြေဈေးတက်တော့ ကျေနပ်ပီတဖြစ်နေပေမဲ့ အိမ်မပိုင်သူများတော့ ရန်ကုန်မှာကိုယ်ပိုင်အိမ်ရဖို့ အိပ်မက်တွေပျက်သွားရတယ်။ စင်ကာပူမှာအလုပ်လာလုပ်ပြီး မြန်မာပြည်ကိုယ်ပိုင်အိမ်ဝယ်မဲ့လူများ အရမ်းစိတ်ပျက်သွားတဲ့ ခေတ်ပျက်ကြီးပါ။

ဒါပေမဲ့ စိတ်ပျက်စရာမရှိပါ။ မြန်မာ့ခရိုနီစိတ်ထားရှိတဲ့ လူတန်းစားများကြောင့် အိမ်မြေဈေးတက်ရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း နည်းမျိုးစုံနဲ့ အိမ်မြေဈေးကို ထိန်းချုပ်နိုင်ဖို့ ခရိုနီအုပ်စုနဲ့ ယှဉ်ပြိုင်နေရပါတယ်။ နိုင်ငံတော်လူကြီးမင်းနဲ့ ခရိုနီလူကြီးမင်းတို့ တစ်ယောက်တည်းမဟုတ်ဘူးလို့ ယူဆတဲ့အတွက် ပြသနာပြေလည်သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာဈေးနှုန်းကို ကြည့်ပါ။ ဘန်ကောက်၊ ချင်းမိုင်၊ ဂျာကာတာ၊ ပီနန်၊ ကွာလာလန်ပူ၊ ဟိုချီမင်း စတဲ့အရှေ့တောင်အာရှမြို့တွေကိုကြည့်ပါ။ တန်ဖိုးနည်းအိမ်ယာဆိုတာ ဒေါ်လာတစ်သောင်းပတ်ဝန်းကျင်ကို ခေါ်ပါတယ်။ ဒေါ်လာ၂သောင်းအထက် ဈေးနှုန်းဆိုရင် လူလတ်တန်းစားများရဲ့ အိမ်ယာဖြစ်သွားပြီး၊ ဒေါ်လာ၃သောင်းအထက်ဆိုရင်တော့ အဆင့်မြင့်အိမ်ယာ၊ ကွန်ဒိုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလို သတ်မှတ်ချက်များဘောင်အတွင်းကို မြန်မာပြည်လည်း ရောက်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း တန်ဘိုးနည်းအိမ်ယာတိုက်ခန်းများ Low Cost Housing လုပ်ဖို့ အခုလုပ်နေတဲ့ ၈ထပ်၊ ၁၆ထပ် တိုက်ခန်းများကို ကြည့်ရင် ဆောက်လုပ်ရေးကန်ထရိုက်များပေးသွင်းရမဲ့ငွေများဟာ အလွန်များပါတယ်။ တရားဝင်ပေးသွင်းရမှာက ၈ထပ်ဆို သိန်း၃၀၀၊ လိုင်စင်ကြေး သိန်း၃၀ရှိနေပါတယ်။ ဒါက တရားဝင်ဈေးပါ။ ဥပဒေနဲ့မညီဆောက်လုပ်၊ ပုံစံမကိုက်တာမျိုးကို စည်ပင်ဝန်ထမ်းရဲ့ အလွန်တောက်ပြောင်လှတဲ့ ထောက်လှမ်း၊ ဒဏ်ကြေးများကို ရှောင်ရှားဖို့က လုံးဝမဖြစ်နိုင်ပါ။ ဒီတော့ မလည်လို့ကတော့ ကန်ထရိုက်တာ တစ်ခါတဲနဲ့ပွဲပြီး၊ ထောင်ထဲရောက်သွားနိုင်ပါတယ်။ ရန်ကုန်စည်ပင်အဖွဲ့ကလည်း စင်ကာပူလို BCA Building Control Acts မပြောနဲ့ ထိုင်း၊ လာအိုလိုတောင်မှ ဥပဒေမရှိဘူး။ ရှိတဲ့ဥပဒေဥပဒေကလည်း ထုံးစံအတိုင်း မလိုက်နာနိုင်တဲ့ဥပဒေထုတ်ပြန်ထားတော့ အားလုံးဟာ ဥပဒေချိုးဖောက်သူဖြစ်နေပါတယ်။ ဥပမာ ..ဧည့်စာရင်းတိုင်ရမယ်။ အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာပါမှ ခရီးသွားရမယ် ဆိုတဲ့ အူကြောင်ကြောင် ဥပဒေနဲ့ ဦးကျိုးနေတာကြာလှပြီဆိုတော့ … လက်ရှိဆောက်လုပ်ရေးဥပဒေဆိုတာကလည်း  ဥပဒေ၆မျိုးရှိတယ်လို့ကြားရတယ်။ ကျုပ်သိတာတော့ ၂မျိုးပဲ၊ လိုတမျိုး၊ မလိုတမျိုး ..  ဒေါ်အောင်ဆန်းစုကြည် ဥပဒေစိုးမိုးရေးကို လွှတ်တော်အထက်ပိုင်း ဥပဒေကြီးတွေချပြနေတာ တချိန်တော့ ဆောက်လုပ်ရေးဥပဒေတွေကို ပြဌာန်းပြီး၊ တကယ်လုပ်မဲ့အခြေအနေ ရောက်လာမှာပါ။ စိတ်ရှည်ရှည်နဲ့ စောင့်တာပေါ့လော…။

ဒီဆောင်းပါးမှာတော့ အိမ်ဆောက်လိုင်စင်ဈေးကြီး၊ အိမ်ဆောက်ပစ္စည်းဈေးကြီးမှုတွေကိုပဲ ရေးပါမယ်။

အရှေ့တောင်အာရှတန်ဖိုးနည်းအိမ်ဈေးနှုန်း

ဘာကြောင့် အရှေ့တောင်အာရှမြို့ကြီးတွေမှာ တန်ဘိုးနည်းတိုက်ခန်းကို ဒေါ်လာတစ်သောင်း (သိန်း ၁၀၀) နဲ့ ဆောက်နိုင်ပြီးတော့ မြန်မာနိုင်ငံမှာ မရဘူးလဲလို့ လူကြီးတွေက မေးခွန်းထုတ်ပါတယ်။ ဟ.. ဆောက်လုပ်ရေးပစ္စည်းဈေးက ကြီးတာကိုး ….လို့ သိသွားပြီး၊ ဆောက်လုပ်ရေးပစ္စည်း သံ၊သွတ်၊ ဘိလပ်မြေ၊ အုတ်ဈေးတွေ ဘာကြောင့်ကြီးရသလဲ လေ့လာတော့ လူကြီးတွေက နိုင်ငံခြားကနေ မြန်မာပြည်တွင်းအဝင်ပေးကမ်းရတာ (ရက်တိတ် Red Tape) ကြောင့်ဖြစ်တယ်ဆိုတာ သိသွားပါလေရောဗျာ…။ ကွန်တိန်နာနဲ့ နိုင်ငံတကာပုံစံဖြစ်အောင် ပစ္စည်းတွေသွင်းဖို့ အခွန်တွေလျှော့ကောက်၊ လပ်ဘ်စားသူတွေ ပြောင်းရွှေ့ပစ်လုပ်ပါတယ်။ ကြောက်လို့ မှန်မှန်လုပ်ကြပါတော့တယ်။ သွင်းကုန်ပစ္စည်း အမျိုးပေါင်း ၁၂၀၀မှာ မပါတဲ့ပစ္စည်းတွေလည်း ရှိသေးတယ်။ ဒါလည်း ဆောက်လုပ်ရေးပစ္စည်းများလို့ သတ်မှတ်ပြီး လုပ်ပေးကြပါတယ်။ ထုံးစံအတိုင်း ခရိုနီကြီးများက အကြီးအကျယ်သွင်းလာတာမျိုးတွေတော့ လွတ်ပြီး၊ ကွန်တိန်နာ နည်းနည်းပဲသွင်းလာသူများကတော့ အေးဂျင့်နဲ့ထုတ်ယူရတယ်။ ပစ္စည်းဈေးက ဒေါ်လာတစ်သောင်းဆိုရင် စာရွက်စာတန်းကြေးပေါင်းလိုက်ရင် ဒေါ်လာ၂သောင်းကျော်သွားပြီး။ ဒီတော့ အိမ်နီးချင်းနိုင်ငံများထက် တိုက်အိမ်ဈေးက ၂ဆဈေးကြီးသွားပါပကောလား။

ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ပို့ခမှာ ကားခကတော့ အရှေ့တောင်အာရှဈေးနှုန်းလောက်ဖြစ်ပေမဲ့၊ ဂိတ်ကြေးတွေက ပေးလွန်းလှပါပကောလား။ အေရှားဝေါက လုပ်ပေးတဲ့လမ်းမကြီးက ကောက်လိုက်တာ ကားတစ်စီးကို ကျပ်သောင်းနဲ့ချီပေးရတယ်။

နောက်ဆုံး ဆောက်လုပ်တဲ့နေရာမှာ စည်ပင်ဌာနက တာဝန်ကျေဝန်ထမ်းက အမေရိကန်ထောက်လှမ်းရေးထက်တောင် အစွမ်းထက်သေးတယ်။ ဆေးမှားသုတ်မိရင်တောင် အဆောက်ဦးပုံစံမှာပါတာနဲ့ မတူလို့ဆိုပြီး ချက်ချင်းရောက်လာတယ်။ ထုံးစံအတိုင်း ဘောင်ထဲဝင်သွားအောင် လုပ်ရတော့ ပိုကုန်ပြန်တယ်။ အဲ .. အဆင်ပြေတဲ့ ကန်ထရိုက်တာများရဲ့ တိုက်အိမ်တွေကတော့ အိုကေတာပေါ့ဗျာ။ ကျုပ်တို့လည်း ပုံစံဒီဇိုင်းပေး ဆိုတော့ ပေးလိုက်ရတယ်။ ဘယ်ကသာ အတိအကျဖြစ်ရမှာလဲ။ မြေပိုင်ရှင်နဲ့ငွေပိုင်ရှင်များက ဒီလိုလုပ်ပါ ပြောတာလွယ်တယ်။ ဒီတော့ တကယ်နဲ့ စည်ပင်ကိုပေးထားတဲ့ ပုံစံက ဘယ်လိုနည်းနဲ့မှ မတူနိုင်ဘူး။ အိမ်ပုံစံကလည်း သူများဆီက ကော်ပီကူးယူထားတာကို ဟိုဖြည့်သည်ဖြေ့ လုပ်ရတာတောင် တစ်လလောက်ကြာတယ်။ ကိုယ့်ဖာသာလုပ်ရင် ပိုကြမယ်။ ဒီတော့ အာခီတက်ပုံစံက တစ်မျိုး ၊ အထဲက Civil Drawing ဆွဲတဲ့လူကလည်း မီးစဉ်ကြည့်ကပေတော့။ ဆောက်ရင်းဆွဲ၊ ဆွဲရင်းဆောက်နဲ့ မြန်မြန်ပြီးအောင်လုပ်ရပါတယ်။ အခြေအနေမဟန်ရင် ကန်ထရိုက်တာတွေ ပြေးဖို့ ပြင်ထားရတယ်။

မြန်မာပြည် ဆောက်လုပ်ရေးဈေးကွက်က ပစ္စည်းဝယ်ဆောက်ရမယ်ဆိုရင် အမေရိကန်မှာဆောက်တာထက်တောင် အနည်းဆုံး ၃ဆလောက် ဈေးကြီးနေပါပြီ။ အရှေ့တောင်အာရှမြိုတော်များက တန်ဖိုးနည်းအိမ်ယာ ဈေးနှုန်းကို မီမဲ့အချိန်ကတော နောက် ၅နှစ် (သို့မဟုတ်) ၁၀နှစ်ဖြစ်ပါတယ်။ နောက်၅နှစ်ဆို အရှေ့တောင်အာရှက ပြုပြင်ပြောင်းလဲတဲ့ ဗီယက်နမ်လို အရင်၁၀နှစ်က တစ်ဒေါ်လာ ဗီယက်နမ်ငွေ ၂၀၀၀ ဒေါင် ရှိပါတယ်။ အခု တော့ ကန်တစ်ဒေါ်လာကို ၂၀၀၀၀ ဒေါင် (၁၀ဆ) တက်သွားပါပြီး။ မြန်မာနိုင်ငံအုပ်ချုပ်သူနဲ့ ခရိုနီများကလည်း ဗီယက်နမ်ပုံစံ ပြုပြင်ပြောင်းလဲရင်း အခု ကန်တစ်ဒေါ်လာ ၁၀၀၀ ကျပ်ကနေ နောက်၅နှစ်ကြာတဲ့အချိန် ကန်တစ်ဒေါ်လာ ၂၀၀၀ကျပ် အသာလေးဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ၅နှစ်အတွင်းမှာ အိမ်ဈေး တစ်အိမ် ကျပ်သိန်း၅၀၀တော့ လျှော့မှာမဟုတ်ပေမဲ့၊ အခုသိန်း၅၀၀=ကန်ဒေါ်လာ၅သောင်း ကနေ နောက်၅နှစ်မှာ ကျပ်သိန်း၅၀၀=ကန်ဒေါ်လာ၂သောင်းခွဲဖြစ်သွားပါလိမ့်မယ်။ ဒီလိုနည်းနဲ့ပဲ အရှေ့တောင်အာရှ အိမ်မြေဈေးကွက်နှုန်းထားကို တဖြေးဖြေးပြန်ရောက်သွားမယ် ဖြစ်ပါတယ်။ ဒါကတော့ စာရေးသူရဲ့ မှန်းဆချက်ဖြစ်ပါတယ်။ ကိုယ့်အိမ်ကို ရောင်းပြီး ငှားနေမယ်ဆိုရင် ငှားခကိုလည်းတွက်ရပါမယ်။ ကိုယ့်မှာအပိုရလာတဲ့ ငွေကလည်း အငြိမ်မနေပါဘူး။ ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ ခဏလေးကုန်သွားရင် နောက်ငါးနှစ်နေမှ အိမ်ပြန်ဝယ်လိုသူ ငိုသွားရပါလိမ့်မယ်။ ဒီတော့ သွားမလုပ်နဲ့နွားပြုတ်သွားမယ် ဆိုစကားအတိုင်း အိမ်မြေဈေးကွက်၊ ကန်ထရိုက်တာလုပ်ငန်းကို စာရေးသူ ဝေးဝေးကရှောင်ပါတယ်။ ဥာဏ်မမီတဲ့အလုပ်ပါ။

အမြန်ဆုံးတိုက်အိမ်ဈေးမှန်ရန်ဖြေရှင်းနည်း
ရန်ကုန်ကွန်တိန်နာဆိပ်ကမ်းမှာ ဆောက်လုပ်ရေးပစ္စည်းဆိုရင် လျှောလျှောလျူလျူ သွင်းလာနိုင်ရေးအတွက် ဗီယက်နမ်အစိုးရဆီက အကူညီတောင်းပါ။ ဆောက်လုပ်ရေး ကွန်တိန်နာဆိပ်ကမ်းတစ်ခုကို ၆လအတွင်း အပြီးဆောက်ပြီး၊ ဗီယက်နမ် အစိုရဝန်ထမ်းများနဲ့ ဗီယက်နမ်စစ္စတမ်၊ ကွန်ပြူတာများကို အသုံးပြုပြီး ဗီယက်နမ်က ဈေးချို၊ အရည်သွေးကောင်းတဲ့ ဗီယက်နမ်ထုတ် ဆောက်လုပ်ရေးပစ္စည်းများကို တင်သွင်းစေပါ။ ဘာမှာ အခွန်မကောက်ပါနဲ့။ နှစ်နိုင်ငံအကျိုးကျေးဇူးဖြစ်စေပါတယ်။ ၂နှစ်စာချုပ်နဲ့လုပ်ပြီးရင် မြန်မာဝန်ထမ်းများက တာဝန်လွဲယူနိုင်ပါတယ်။ ဗီယက်နမ်ဘက်ကလည်း ဆောက်လုပ်ရေးပစ္စည်းဖြစ်ကြောင်း Export Check လုပ်မယ်။ မြန်မာပြည်ဘက်ကလည်း Import Check လုပ်မယ်။ ဝိသမစီးပွားလုပ်ချင်တဲ့ လပ်ဘ်ပေး ပစ္စည်းသွင်းလာသူများကို ထောင်ချပစ်လိုက်မယ် ..ဆိုရင်တော့ လမ်းကြောင်းလေးတစ်ခု ပွင့်လာမယ်ထင်ပါတယ်။

နောက်တစ်နည်းကတော့ ဒေသအစိုးရများ ဥပမာ မွန်ပြည်နယ် ဒေသအစိုးရကို လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ပြီး၊ ဆောက်လုပ်ရေးပစ္စည်းများကို အခွန်မဲ့ တင်သွင်းခွင့်ပေးမယ်။ ဒါဆိုရင် ကွန်တိန်နာများ မွန်ပြည်နယ်ကတဆင့် ရန်ကုန်ကို သယ်လာရင်လည်း ရန်ကုန်က ဖျက်ပစ်ဖို့မလွယ်တဲ့ Red Tape စနစ်ကို ကျော်လွှားနိုင်မဲ့နည်းလမ်းဖြစ်ပါတယ်။ အဲ… ရန်ကုန်ကွန်တိန်နာ အစိုးရဆိပ်ကမ်းက Red Tape စနစ်မသုံးပဲ၊ အေရှားဝေါ အကြီးဆုံးကွန်တိန်နာဆိပ်ကမ်းကို တင်သွင်းရင်ကော Red Tape စနစ်မရှိဘူးလား မေးပါမယ်။ အဖြေကတော့ အေရှားဝါးလို ဧရာမကုမဏီကြီးများမှာလည်း ဗဟိုဦးစီးစနစ် Red Tape ရှိပါတယ်။ ဝန်ထမ်းစီနီယာကြီးများဟာ အစိုးရဝန်ထမ်းဟောင်းများဖြစ်တော့ ဟိုဘက်မှာလုပ်တဲ့အတိုင်း ခရိုနီပိုင်ကုမဏီမှာလဲ လုပ်ပါတယ်။ ဒီတော့ Red Tape ဟာ စနစ်ကြောင့်မဟုတ်ပဲ လူကြောင့်ပေါ်လာခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ပါစေ  ခရိုနီလိုအဆင့်မျိုးအတွက်တော့ လွယ်ကူ၊ ပေးရကမ်းရနည်းတဲ့အတွက် စီးပွားရေးတကယ်လုပ်ချင်ရင် ၂၀၁၃မှာတော့ ခရိုနီကုမဏီများကို ချဉ်းကပ်ခြင်းဟာ အမြတ်အများဆုံးဖြစ်ပါတယ်။ မြန်မာလူငယ်များအဖို့တော့ ၂၀၁၅နောက်ပိုင်းမှာ ခရိုနီများကို ကျော်လွန်မဲ့ အင်အားစုကြီးတစ်ရပ် တရုပ်ပြည်ကြီးလို တရှိန်ထိုးပေါ်လာမဲ့ အလားအလာရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနဲ့ အလုပ်သမားများ ဝင်ငွေကောင်းနိုင်ကြပါစေ။  ဝတ်မှုန်  ၃-အောက်တိုဘာ-၂၀၁၃

ကွန်ဒိုဝယ်လိုသူများအတွက် ကန်ထရိုက်တာများစွာထဲမှကြော်ငြာတစ်ခု
မိုးမြင့်စံမိသားစုဆောက်လုပ်ရေးကုမဏီလိမိတက် (Download Link)
http://mingalaronline.biz/stories/lowcost.housing.pdf

Free Burma Info's Facebook Wall 2013-08-29 19:28:27


ရဲကြောင့် သေဆုံးသူ ကလေးသူငယ်…
moemaka.com
ရဲကြောင့် သေဆုံးသူ ကလေးသူငယ် ဆယ်တန်းကျောင်းသား မောင်ကောင်းဆက်ပိုင် ချမ်းမြ (မိုးမခပေးစာ)၊ သြဂုတ် ၂၉ ၊ ၂၀၁၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တရားရုံး ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂) တရားရုံးတင်…..၂၃-၁-၂၀၁၂ခုနှစ်၊…

Posted in Uncategorized |

Free Burma Info's Facebook Wall 2013-08-29 19:28:12


ဒီမိုကရေစီအစိုးရလက်ထက်မှာ…
moemaka.com
မိုးမခ သြဂုတ် ၂၉၊ ၂၀၁၃ လက်ပံတောင်းတောင်ရပ်ဆိုင်းရေးကိစ္စ ဆန္ဒထုတ်ဖော်မှုကြောင့် မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်ခေါင်းဆောင်ဖြစ်သူ ဖမ်းဆီးခံထားရသည့် နော်အုံးလှအား မုံရွာတရားရုံးတွင် နံနက် ၁၁…

Posted in Uncategorized |

Free Burma Info's Facebook Wall 2013-08-29 06:14:05


Kyi Linn's Photos
ပုဒ်မ(၅)ဖြင့် အမှု့ဆင် ဖမ်းဆီးခြင်းခံထားရသည့် ရွာသားသုံးဦး နှင့်ပါတ်သက်၍ နောက်ဆက်တွဲ ဖြစ်လာမည့် ကိစ္စရပ်များအား တရားသူကြီးပါ တာဝန်ယူရမည်ဖြစ်ကြောင်း(၈၈)ပြော။
“တရားရုံး ရောက်သွားတဲ့ အမှုပေါ်မှာတော့ ကျနော် တို့ပြောခွင့်မရှိတာမှန်တယ်။ ဒါပေမယ့် လက်ရှိခံစားနေရတဲ့ တရားခံတွေရဲ့ တင်ပြချက်တွေ အပေါ် တရားသူကြီးအနေနဲ့ တိတိကျကျ လေ့လာသင့်တယ်။—————– ရဲကတင်တဲ့ အမှုပေါ်မှာသာ လက်ခံစဉ်းစားမယ်ဆိုတာမျိုးတော့ လုံးဝ မဖြစ်သင့်ဘူး။ ————– ရဲနဲ့ပေါင်းပြီးရိုက်စား လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လဲထွက်လာနိုင်ပါတယ်။တိုင်းပြည်ရဲ့ အနာဂါတ်မှာ တရားသူကြီးတွေရဲ့ကဏ္ဍဟာအရေးကြီးသလို ကိုယ်ရဲ့ နောင်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။” ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုမျိုးသန့်မှ ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ(၂၉)ရက်နေ့ က ပဲခူးတိုင်း သနပ်ပင် မြို့နယ် ကလိုင်ကျေးရွာနေ လယ်သမား ဦးတင်ဝင်း၊ဦးစံမြင့်နှင့် ဦးပေါက်စီတို့သည် လယ်လုပ်ရန် သုံးခွမြို့နယ် ကရင်ဆိပ်ကျေးရွာတွင် ခိုင်းနွားများသွားရောက်ဝယ်ယူရာ သနပ်ပင်မြို့နယ် အုပ်ချုပ်ေ၇းမှူး၊ကလိုင်းကျေးရွာ၊ကရင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များနှင့်အတူ နွားအရောင်းအ၀ယ်စာချူပ်များ ယူဆောင်၍ ဘော့သပြေကန်ရွာသား (၃)ဦးအား ၀ယ်ယူလာသောနွား(၅)ကောင်အားမောင်းယူလာခိုင်းချိန်တွင် သုံးခွ-သန်လျှင် ကားလမ်းအနီးတွင် သုံးခွ မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်လင်းအောင် နှင့်အဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ထိုသို့ဖမ်းဆီးရာတွင် တရားခံဟုစွပ်စွဲခံရသူ များနှင့်အတူပါလါသည့် ထောက်ခံစာ အထောက်အထားများကိုသိမ်းဆည်း၊၍ ဖျောက်ဖျက်ပစ်ပြီးပုဒ်မ(၅)တပ်၍ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။၎င်းအမှုကို သြဂုတ်လ(၂၆)ရက်နေ့အထိ ခရမ်းတရားရုံးမှ စစ်ဆေးခြင်းမရှိသေးဘဲ နွားပိုင်ရှင်များအားဖမ်းမိပြီးမှဆက်လက်စစ်ဆေးမည်ဟုသိရပြီး စက်တင်ဘာလ(၂)ရက်နေ့ ကိုရုံးချိန်း သတ်မှတ်ထားကြောင်းသိရသည်။

Posted in Uncategorized |

လယ်ပန်တောင်းတောင်ဒေသစစ်ခရိုနီဆန့်ကျင်ရေးလယ်သမားလှုပ်ရှားမှု ကိုအားပေးထောက်ခံခဲ့သ…

လယ်ပန်တောင်းတောင်ဒေသစစ်ခရိုနီဆန့်ကျင်ရေးလယ်သမားလှုပ်ရှားမှု
ကိုအားပေးထောက်ခံခဲ့သည့်ဒေါ်နော်အုံးလှအားအာဏာပိုင်တို့ပုဒ်မ(၅၀၅)ခ/
ဖြင့်အမှုဖွင့်ရုံးထုတ်လာရာ၊ဒေသခံပြည်သူများဒီမိုကရေစီအင်အားစုများသွား
ရောက်တွေ့ဆုံအားပေးခဲ့ကြသည်၊ဒေါ်နော်အုံးလှအားမုံရွာမြို့တရားရုံးမှမနက်ဖြန်
၂၈-၈-၂၀၁၃တွင်ရုံးချိန်းထပ်မံချိန်းဆိုလိုက်သော်လည်းမတရားအကြမ်းဖက်ဖမ်းဆီးခြင်းနှင့်ပုဒ်မ(၅၀၅)ခ/တို့အမှုဖွင့်ရုံးတင်ခြင်းတို့သည်အဏာပိုင်တို့၏မတရားဖိနှိပ်မှု
သက်သက်ဖြစ်သောကြောင့်ဆန့်ကျင်ဆန္ဒပြသောအားဖြင့်ဒေါ်နော်အုံးလှတရားရုံးသို့
ထွက်မည်မဟုတ်ပေ၊၊
၂၇-၈-၂၀၁၃
ဆက်သွယ်ရန်၊၊. ၀၉၄၂၀၀၅၅၅၂၆

Posted in Uncategorized |

Free Burma Info's Facebook Wall 2013-08-27 19:44:29


ဟာဂျူလီ ကသာ's Photos
" ၂၇.၈.၂၀၁၃ မုံရွာတရားရုံးကနေ ဒေါ်နော်အုန်းလှ စကားအမှာပါးပြီ "

အကျဉ်းခံစေတာ မှန်တယ်ဆိုရင် မညီမျှတဲ့ ဥပဒေရဲ့ အကာအကွယ် နဲ့ အကျိုးခံစားခွင့်အတွက်
ယုံကြည်ချက်နဲ့ ငြင်းဆန်ရဲတဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်မှ . . .
အမျိုးသမီးထု နှင့် ပြည်သူ့အကျိုးပြုခေါင်းဆောင် ဒေါ်နော်အုန်းလှ . . .

မတရား ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေါ်နော်အုန်းလှ ၂၇.၈.၂၀၁၃ တရားရုံးချိန်းထုတ်ပါတယ် ။
ဒေါ်နော်အုန်းလှကို မေးမြန်း စစ်ဆေးခြင်းမပြုပဲ တရားလိုကိုသာ စစ်ဆေးမေးမြန်းပြီး ရုံးချိန်းကို မနက်ဖြန် ၂၈.၈.၂၀၁၃ ပြန်ချိန်းတယ် ။ ဒေါ်နော်အုန်းလှကတော့ မိမိကိုယ် ယခုကဲ့သို့ ပုဒ်မတပ်ပြီး တရားစွဲတာဟာ ဥပဒေရဲ့ အကာအကွယ်နဲ့ညီမျှတဲ့အကျိုးခံစားခွင့်ဆုံးရှုံးတယ်လို့ယုံကြည်တာကြောင့်
မုံရွာထောင်မှ မနက်ဖြန် ရုံးတော်သို့ နိင်ငံသားရပိုင်ခွင့်အရ ထွက်ဆိုရန် အကျဉ်းခံပြီး ငြင်းဆန် သွားမည်ဟု သိရသည် ။

ဆက်သွယ်ရန်
မသန္တာ ၀၉ ၄၂၀၀ ၅၅၅၂၆

လေးစားလျှက်
ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်

Posted in Uncategorized |

Free Burma Info's Facebook Wall 2013-08-23 04:02:36

https://fbcdn-profile-a.akamaihd.net/hprofile-ak-prn1/173644_100003485241392_2104879221_s.jpg

Ant Bwe Kyaw
ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦး ပုံမှန်နေသားအတိုင်း လွတ် ******************************************** မ၀ါ (ခေါ်) မစမ်း၊ ပုဒ်မ ၁၇/ ၁ (ပေါက်ပင်ကွင်းရွာ၊ ကံပေါက်မြို့၊ ထားဝယ်ခရိုင်) ( မွန်သူပုန်နဲ့ ဆက်သွယ်တာကြောင့် ၂၀၁၀ မှာ ဖမ်းဆီးထောင်ချခံရ) ဟာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီး ၊ ထောင်တွင်း နေသား ၂ နှစ် ၆ လ နီးပါးရှိခဲ့ ပြီးတဲ့နောက် ဒီနေ့မနက် ၉း၀၀ နာရီမှာ ထားဝယ်ထောင်က ပြန်လည်လွတ်မြောက်လာပြီလို့ သတင်းရပါတယ်။ ထောင်ပိုင်ကျန်ရက် ၇ ရက်ကို (ပုံမှန် လျော့ပေးတာက လွဲလို့) ဘာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့မှ လွတ်မြောက်ခဲ့ခြင်း မဟုတ်ပါကြောင်း။

Posted in Uncategorized |

Ilegal Tax for import/export special items

မိုးမခပေးစာ၊ သြဂုတ် ၂၂၊ ၂၀၁၃

အကြောင်းအရာ။          ။တရားမ၀င်ရေမဆေးကျောက်များ သယ်ထုတ်ရောင်းချခြင်းကိစ္စ နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာဌာနများမှ သိစေလိုခြင်း။
တရားမ၀င်ရေမဆေးကျောက်များကို သယ်ယူပို့ဆောင်-ထုတ်ရောင်းချနေသည့် ကောင်းခါးပြည်သူ့စစ်က ဗိုလ်ကြီးအဆင့်ရှိသူ ဦးကျော်သန်းဝင်းသည် တရုတ်ပြည်သို့ တင်သွင်းပို့ဆောင်နေသည်မှာ ခေါက်ခေါက်ခါခါ အကြိမ်ပေါင်းများပြားလှပါပြီ။
ယခုလက်ရှိမှာလည်း တရားမ၀င်ရေမဆေးကျောက်များကို (၁၀)ဘီး – (၁၂)ဘီးကားကြီးများဖြင့် သယ်ယူလာခါ တရုတ်ပြည်သို့ ပိုဆောင်ရန် ကာမိုင်းမြို့နယ်၊ကချင်ပြည်နယ်-နန်းသိန်း/နန်းယားရွာအထိရောက်နေပါပြီဟု ၄င်းကျေးရွာမှ အမည်မဖော်လိုသူ တစ်ဦးမှပြောပါသည်။
ယခုသယ်ဆောင်လာသော တရားမ၀င်ရေမဆေးကျောက်များ၏ တန်ချိန်မှာ (၃၀၀)ကျော်တန်ချိန်ခန့်  ရှိနိုင်သည်ဟု ၄င်းမှ ဆက်လက်ပြောကြားပါသည်။ နိုင်ငံတော်အစိုးရမှလည်းတရားဝင်လုပ်ကိုင်ခွင့်ရရှိခဲ့သော လုပ်ကိုင်ခဲ့သော ကုမ္ပဏီများကို ခေတ္တပိတ်ထားခဲ့သည်မှာလည်း (၁)ကျော်ခန့်ရှိပါပြီ။  သို့ပါသော်လည်း တရားမ၀င်ရေမဆေး ကျောက်များမှာ ဘာကြောင့်မို့ တရားမ၀င်လမ်းကြောင်းမှ တရုတ်ပြည်သို့  အစဉ်အမြဲ ထွက်ရှိနေတာကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနအသီးသီးကို ဒီလိုလုပ်ရပ်တွေကို ဘာကြောင့်အရေးယူခြင်း၊ ဖမ်းဆီးခြင်း၊မလုပ်တာပါလဲလို့၊ သို့မဟုတ်  အဖွဲ့စည်းမို့လို့ ခွင့်ပြု (သို့ )နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်အစိုးရဌာန အသီးသီးက လျစ်လျူရူနေတာလားဆိုတာကို နိုင်ငံတော်မှ သက်ဆိုင်ရာဌာနအသီးသီးမှ ပုဂ္ဂိုလ်များကို သိစေလိုပါသည်။
သြဂုတ်လ ၂၀ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ်အား ဖုန်းဆက်အကြောင်းကြားသော်လည်း သတင်းမှာ ထူးခြင်း မရှိပါကြောင်း သိရပါသည်။ အရေးမယူမဖမ်းဆီဘဲ ဆက်လက်ထွက်ခွါခွင့်ကိုသာ ပေးသောကြောင့် မအူပင်၊ကာမိုင်း ဧရာဝတီမြစ်အစဉ်အတိုင်း တောလမ်းမှ သြဂုတ် ၂၀ နေ့တွင် နန်းဆိုင်ယန် သို့သွားနေသည်ုဖြစ်ပါတယ်။
၎င်းနန်းဆိုင်ယန်မှ တဆင့် KIA မှ တာဝန်ယူပြီး လိုင်ဇာသို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်ဟု ပြောကြားပါသည်။
တဖက်မှာတော့ ဗန်းမော်မြို့နယ် လွယ်ကျယ်လမ်းမှ သစ်ကားများကိုတော့ ဖမ်းဆီးအရေးယူတယ်။ မြန်မာနိုင်ငံ၏
တန်ဖိုးများစွာရှိလှသော ကျောက်စိမ်း၊ တရားမ၀င်ရေမဆေးကျောက်များကို တရားမ၀င်လမ်းကြောင်းမှ ထုတ်ယူပို့ဆောင်နေသည်ကို နိုင်ငံတော်မှ သက်ဆိုင်ရာဌာနအသီးသီးမှ ပုဂ္ဂိုလ်များကို သိစေလိုပါသည်။
ယုံကြည်အားကိုးမျှော်လင့်စွာဖြင့်……
အလေးထားအားကိုးယုံကြည်လျှက်
တာဝန်သိပြည်သူတစ်ယောက်

Free Burma Info's Facebook Wall 2013-08-13 18:16:45


Htin Kyaw and 3 Activists Appear at Township Court for Protests without Permission
အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသူ ကိုထင်ကျော်အပါအဝင် ၄ဦး တရားရုံးထုတ် ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ ၅ဝဝနဲ့ ပုဒ်မ ၁၈တို့နဲ့ ဖမ်းဆီးခံထားရတဲ့ အင်းစိန်ထောင်အတွင်း အစာ…

Posted in Uncategorized |

Free Burma Info's Facebook Wall 2013-08-13 17:12:19


Aungmyo Tun's Photos
“အပြစ်ရှိသလား၊ မရှိဘူးလားဆိုတာ မေးမနေပါနဲ့ ။ မတရားသူတွေရဲ့ 
တရားစီရင်တာကို ကျွန်တော်တို့ အသိအမှတ် မပြုနိုင်ဘူး။
ကြိုက်သလို စီရင်လို့ ရတယ်။ ဒါပေမယ့်.. ဒါဟာမတရားမှုဘဲ”

စည်သူ

ကိုစည်သူ (ခေါ်) ရဲနိုင်။ ။ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့ နယ်တွင် နေထိုင်ခဲ့သည်။
၁၉၉၁ ခုနှစ်၊ ဇွန်လတွင် ဖမ်းဆီးခြင်းခံရသည်။ ၂၀၀၀ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်
နေ့ တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၃၅)နှစ်ရှိပြီဖြစ်သည်။

(“ရှစ်စက္ကန့် ငြိမ်” မှ ကောက်နုတ်ပါသည်)

Posted in Uncategorized |