ရန်ကုန်စည်ပင်သာယာ ပြဿနာ

မေ ၂၆၊ ၂၀၁၆ – ဝန်ကြီးချုပ်ဟောင်းလက်ထက်မှာ ပရမ်းပတာ ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီကို ဝန်ကြီးချုပ်သစ်က တာဝန်ကရပ်စဲပြီး ဥပဒေနဲ့နည်းဥပဒေကအစ ပြုပြင်ပြောင်းလဲနေပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင် က ရေးသားပြီး ကိုကျော်ကျော်သိန်းနဲ့အတူ တင်ပြထားပါတယ်။

via Voice of America http://ift.tt/1TZ5rbp http://ift.tt/Tf1V41

မြစ်ဆုံစီမံကိန်းရပ်ပြီး ဒေသခံများ မူလကျေးရွာတွင် နေခွင်ရရန် ဦးထင်ကျော်ထံ တောင်းဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲကျေးရွာအတွင်းရှိ မြစ်ဆုံအပန်းဖြေစခန်းတစ်နေရာ။ (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ)

ရန်ကုန်၊ မေ ၁၀ ။                    ။ မြစ်ဆုံရေကာတာ စီမံကိန်းရပ်တန့်နှင့် ရွေ့ပြောင်းခံ ဒေသခံတောင်သူများ မူလကျေးရွာများတွင် ပြန်လည် နေထိုင်ခွင့်ရရှိရေးအတွက် နိုင်ငံတော် သမ္မတနှင့် အစိုးရသစ်ထံ ဒေသခံများက တောင်းဆိုလိုက်သည်။

"အစိုးရသစ်က ဒီစီမံကိန်းကို မရပ်ဆိုင်းပေးဘူးဆိုရင် ကျွန်မတို့ ဒေသခံတွေ ဘယ်လိုနေတော့မလဲ။ ကျွန်မတို့ အရမ်းရင်တုန်တယ်။ ငိုချင်တယ်။ ဒုက္ခဆိုတာ အထပ်ထပ် ခံစားနေရတယ်။ ဒီဟာကို မဖျက်သိမ်းဘူး ဆိုရင် ကျွန်မ အဲဒီနေရာမှာပဲ အသေခံမယ်လို့ ဆုံးဖြတ်ထားပါတယ်"ဟု စီမံကိန်း ဧရိယာအတွင်း သိမ်းဆည်းခံခဲ့ရသည့် တန်ဖဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ်သည့်   ဒေါ်ဂျာခေါင်က မေလ ၁၀ရက်က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်တန်ပပေးရန်နှင့် မြစ်လက်တက်ပေါ်ရှိရေကာတာများ အားလုံးကို လုံးဝရပ်တန်ပပေး၇န်၊ ရွေ့ပြောင်းဒေသခံများ မူလကျေးရွာများသို့ တရားဝင်ပြန်လည်နေထိုင်ခွင့်နှင့် လုပ်ကိုင်စားသောက်ခွင့်ပေးရန်နှင့် မူလ ဥယဉ်ခြံမြေများတွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းပေးရန် ဒေသခံ (၁၀၈၀)ဦးက သမ္မတထံသို့ မေလ ၁၀ရက်နေ့တွင် စာပို့တောင်းဆိုထားကြောင်း သိရသည်။

မြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်း မဇွပ်ရွာ၊ တန်ဖဲရွာ၊ လဖဲ့ရွာ၊ ဒေါင်ပန်ရွာ၊ အောင်ဂျာယာန်ရွာနှင့် ဒိန်ဂူဇွပ်ရွာတို့အား ၂၀၀၉ – ၂၀၁၀ခုနှစ်က ပြောင်းရွေ့စေခဲ့သည့်အတွက် အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၂၅၇၅)ဦးတို့ ပြောင်းရွေ့ပေးခဲ့ရသည်။

အဆိုပါ ပြောင်းရွေ့ပေးခဲ့ရသူများအား ဦးပိုင်ကုမ္ပဏီက အောင်မြင်သာစံပြကျေးရွာဟု အမည်ပေးကာ ကျေးရွာသစ် တည်ပေးခဲ့ကြောင်းနှင့် ယင်းကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးများ လုပ်ကိုင်စားသောက်၍မရဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

"အခုတက်လာတဲ့အစိုးရက ကျွန်မတို့ရဲ့အခက်အခဲတွေကို လုပ်ပေးမယ် ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်" ဟု လက်ရှိအချိန်တွင် တန်ဖဲကျေးရွာ၌ ပြန်လည် နေထိုင်နေသည့်   ဒေသခံ ဒေါ်လုရာက ပြောသည်။

မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီနှင့် ယခင်စစ်အစိုးရလက်ထက်က သဘောတူခဲ့သည့် ရေကာတာ စီမံကိန်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆိုင်းငံ့ထားခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြသော်လည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တိကျသည့် ထုတ်ပြန်မှုမျိုး ထုတ်ပြန်ခြင်းမရှိသေးပေ။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1WmaPLD http://ift.tt/1nfHMox

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ တိုင်းပြည်က အခြားနေရာက ၀င်ငွေရှာပေးမယ်၊ ထိန်းဆိုရင်လည်း ထိန်း သွားမယ်ပေါ့

The post NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည် appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1NI4hEh http://ift.tt/1PXzsvq

တရုတ်က ကျနော်တို့ကို အကြွေးတောင်းသလို တခါလာလည်း ဒီမြစ်ဆုံဆည်လုပ်မယ်၊ တခါလာလည်း မြစ်ဆုံဆည်လုပ်မယ်နဲ့ – ဦးခင်မောင်မြင့်

အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်၊ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ဦးခင်မောင်မြင့်ကို မြစ်ဆုံဆည် စီမံကိန်းကိစ္စ၊ သဘာဝပတ်ဝန်းကျင်[…]

The post တရုတ်က ကျနော်တို့ကို အကြွေးတောင်းသလို တခါလာလည်း ဒီမြစ်ဆုံဆည်လုပ်မယ်၊ တခါလာလည်း မြစ်ဆုံဆည်လုပ်မယ်နဲ့ – ဦးခင်မောင်မြင့် appeared first on DVB.

via DVB http://ift.tt/1PCpSrH http://burmese.dvb.no

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြံပြုချက်တွေ NLD ဖိတ်ခေါ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ပညာရှင်တွေကနေ အချက်အလက်နဲ့ အကြံပြု ချက်တွေပေးကြဖို့ NLD က တိုက်တွန်းလိုက်ပါတယ်။

via သတင်းများ http://ift.tt/1RIs47X http://www.rfa.org