၂၁ ရာစု ပင်လုံညီလာခံ ကို KIO မှ ၂၅ ဦး ပါဝင် တက်ရောက်

မနက်ဖြန် သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ” ကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO မှ ပါဝင်မည့် လူ ၂၅ ဦး အမည်စာရင်းကို KIO မှ ယနေ့ ကချင် ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

via BURMESE.KACHINNEWS.COM http://ift.tt/2bDuIck http://ift.tt/1xzLfX3

KIO ဒုဥက္ကဌဟောင်းဒေါက်တာမနာမ်တူးဂျာမြစ်ကြီးနားမဲဆန္ဒနယ်မှရွေးကောက်ပွဲဝင်မည် …………………

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဒုဥက္ကဌဟောင်းဒေါက်တာမနာမ်တူးဂျာသည်ယခုနှစ်အတွင်းကျင်းပ မည့်အထွေထွေရွေးကောက်ပွဲကိုကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါက်တာမနာမ်တူးဂျာက The Voice သို့ပြောကြားသည်။ ကချင်ပြည်နယ်ဒီမိုကရေစီဥက္ကဌဒေါက်တာမနာမ်တူးဂျာသည်မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ထားကြောင်း၎င်းကဆိုသည်။ “အခုကျွန်တော့်မိတ်ဆွေတွေနဲ့ဆွေးနွေးပြီးတော့ဆုံးဖြတ်ထားတာပါ။ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာကိုဝင်ပြိုင်မယ်”ဟု၎င်းကဆိုသည်။ ထို့အပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသောကချင်ပြည်နယ်အတွင်းရှိမဲဆန္ဒ နယ်ပေါင်း ၆၆ နေရာတွင်ကချင်ပြည်နယ်ဒီမိုကရေစီပါတီက ၅၆ နေရာယှဉ်ပြိုင်မည်ဖြစ်ကြောင်းအဆိုပါ ပါတီထံမှ သိရသည်။ ၁၉၉၄ ခုနှစ်တွင် KIO နှင့်အစိုးရတို့သည်အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်ဒေါက်တာ မနာမ်တူးဂျာသည် ၁၄ နှစ်ကြာအခြေခံဥပဒေမူကြမ်းရေးစွဲရာတွင်ကချင်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်တက် ရောက်ခဲ့သည်။ ကချင်လွတ်လပ်ရေးအဖွဲ့KIOဒုဥက္ကဌဟောင်းဒေါက်တာမနာမ်တူးဂျာအပါအ၀င်ထိပ်ပိုင်းခေါင်းဆောင် ၆ဦးတို့သည်၂၀၀၉ခုနှစ်စက်တင်ဘာလတွင်KIOမှတရားဝင်နုတ်ထွက်ခဲ့ပြီး၂၀၁၀ ခုနှစ် ဧပြီလအတွင်း ကချင် ပြည်နယ်တိုးတက်ရေးပါတီKSPPကိုမှတ်ပုံတင်ခွင့်လျှောက်ထားခဲ့သည်။ သို့သော်လည်း အဆိုပါပါတီတွင်KIOခေါင်းဆောင်ဟောင်းဒေါက်တာမနာမ်တူးဂျာပါဝင်နေသဖြင့် ပါတီထူထောင်ရန်မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားခြင်းကိုအစိုးရကလက်မခံခဲ့ပေ။ ထို့ပြင် ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်းဒေါက်တာမနာမ်တူးဂျာသည်မိုးကောင်းမြို့ နယ်မဲဆန္ဒနယ်မှတစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန်ကြိုးစားခဲ့သည်။ ယင်းနောက် ၂၀၁၃ ခုနှစ်အတွင်းကချင်ပြည်နယ်ဒီမိုကရေစီပါတီကိုတည်ထောင်ခွင့်ရရှိခဲ့ပြီးပါတီ ဥက္ကဌအဖြစ်တာဝန်ယူလျက်ရှိသည်။ Credit To – The Voice Daily (Wednesday, July, 23, […]

via Myanmar Electoral Resource and Information Network http://ift.tt/1IlgI3Z http://ift.tt/1Ov7XVN

ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသမှာ အစိုးရတပ်တွေနဲ့ KIAတပ်တွေ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက အစိုးရဘက် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KIA စစ်မဟာ ဗျူဟာဌာန က RFA ကို ပြောပါတယ်။

via သတင်းများ http://ift.tt/1UST5VG http://www.rfa.org

ဆွမ်ပရာဘွမ်မြို့နယ်ထဲ မှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ထဲ မှာ ကေအိုင်အေတပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၇ နဲ့ အစိုးရတပ်တွေအကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား လို့ ကေအိုင်အေရဲ့ ရှေ့တန်းစခန်းငယ်တစ်ခု ဆုတ်ခွာပေး လိုက်ရတယ်လို့ သိရှိရပါတယ်။

via သတင်းများ http://ift.tt/1HuVsE6 http://www.rfa.org

ဖားကန့်လမ်း မိုင်းကွဲ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် ခွန်ဆိုင်ဇွပ်ရွာအနီးမှာ မိုးကောင်းကနေ ဖားကန့်ကို မောင်းနှင် လာတဲ့ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ခရီးသည် တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

via သတင်းများ http://ift.tt/1FNZPZH http://www.rfa.org

ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် နှစ်ဘက်တပ်ကြားမှာရှိတဲ့ ရွာသားတွေကို ဒီကနေ့နောက်ဆုံးထား[…]

The post ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး appeared first on DVB.

via DVB | DVB http://ift.tt/1HqGX8C http://burmese.dvb.no

KIO ဌာနချုပ် သေဆုံးသူတွေထဲမှာ ABSDF အဖွဲ့က၂ ယောက်ပါဝင်

ကေအိုင်အို ဌာနချုပ် အနီးရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရတပ်က မနေ့က လက်နက်ကြီး နဲ့ ပစ်ခတ်လို့ ကေအိုင်အို ဗိုလ်လောင်း ၂၀ ကျော်သေဆုံးသွားခဲ့ရာမှာ၊ အဲ့ဒီမှာသင်တန်းတက်နေတဲ့ ABSDF မြောက်ပိုင်းကျောင်းသားတပ်မတော်အဖွဲ့ က ၂ ယောက်လည်း ပါဝင်တယ်လို့ သတင်းရရှိ ပါတယ်။

via သတင်းများ http://ift.tt/1x25IyH http://www.rfa.org

တပ်မတော်က လက်နက်ကြီးနဲ့ပစ်လို့ KIA ဗိုလ်လောင်း ၂၀ သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၉…

တပ်မတော်က လက်နက်ကြီးနဲ့ပစ်လို့ KIA ဗိုလ်လောင်း ၂၀ သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို မြန်မာ့တပ်မတော်က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ လက်နက်ကြီးကျည်နဲ့ ပစ်ခတ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ဗိုလ်လောင်း ၂၀ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ဆီကနေ သိရပါတယ်။

လိုင်ဇာမြို့နဲ့ သုံးမိုင်ခန့် အကွာမှာရှိတဲ့ KIA စစ်သင်တန်းကျောင်းအနီးက ခယာတောင်ကုန်းပေါ်မှာ ရှိတဲ့ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၃၈၉) က လက်နက်ကြီးနဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်ခဲ့တာလို့ PCG မှ ဦးလမိုင်ဂွန်ဂျာက အတည်ပြုပြောဆိုပါတယ်။

“အဲ့ဒီမတိုင်ခင်ရက်တွေက မန်စီနဲ့ အင်းတော်ကြီးမှာ တပ်မတော်နဲ့ ကေအိုင်အေ ထိတွေ့မှုတွေ ရှိတယ်” လို့ သူကဆိုပါတယ်။
အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO/KIA နဲ့ မြန်မာ့တပ်မတော်တို့ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ အခုထိတွေ့မှု ကတော့ ၂၀၁၄ ခုနှစ် ဧပြီလနောက်ပိုင်း အသေအပျောက် အများဆုံးဖြစ်တယ်လို့ နှစ်ဘက်မှတ်တမ်းတွေအရ သိရှိရပါတယ်။

via The Voice Weekly’s Facebook Wall http://ift.tt/1AjiZJE http://ift.tt/g8FRpY

ကချင် အမျိုးသမီး ပျောက်ဆုံးမှု စုံစမ်း အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်တောင်းဆို

အစိုးရ စစ်တပ်က ဖမ်းဆီး သွားပြီးနောက် သုံးနှစ်ကြာ ပျောက်ဆုံးနေသည့် ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ အမှုအား သေချာစွာစုံစမ်း၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က အစိုးရ ထံသို့ လက်မှတ် ထိုး တောင်းဆို လိုက်သည်။

The post ကချင် အမျိုးသမီး ပျောက်ဆုံးမှု စုံစမ်း အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်တောင်းဆို appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/130X9ge http://ift.tt/1iYMpUI

ကချင် အမျိုးသမီး ပျောက်ဆုံးမှု စုံစမ်း အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်တောင်းဆို

အစိုးရ စစ်တပ်က ဖမ်းဆီး သွားပြီးနောက် သုံးနှစ်ကြာ ပျောက်ဆုံးနေသည့် ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ အမှုအား သေချာစွာစုံစမ်း၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က အစိုးရ ထံသို့ လက်မှတ် ထိုး တောင်းဆို လိုက်သည်။

The post ကချင် အမျိုးသမီး ပျောက်ဆုံးမှု စုံစမ်း အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်တောင်းဆို appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/130X9ge http://ift.tt/1iYMpUI

ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် ကချင်အာဇာနည်နေ့တွင် ကေအိုင်အိုဥက္ကဋ္ဌ တိုက်တွန်း

ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်နှင့် ရဲဘော်ရဲဘက်များအား ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ၃၉ နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်းတွင် တော်လှန်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြရန် ဥက္ကဋ္ဌ ဦးဇောင်းဟရာက တိုက်တွန်းလိုက်သည်ဟု KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

ပထမဆုံး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်လထော်ဇော်ဆိုင်း အပါအ၀င် ခေါင်းဆောင်သုံးဦး လုပ်ကြံခံခဲ့ရသည့် ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်ကို အစွဲပြု၍ တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးသွားသော သူရဲကောင်းများအား ရည်စူးကာ ကချင်ဘာသာဖြင့် “Share shagan Nhtoi”ဟု ခေါ်ဆိုသော အခမ်းအနားကိုဂုဏ်ပြုသော မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌရဲ့ ဂုဏ်ပြုမိန့်ခွန်း ဖတ်ကြားတယ်။ ငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြဖို့၊ တခြားတိုင်းရင်း သားတွေနဲ့ ကျွန်တော်တို့ အစည်းအဝေးတွေ လုပ်ခဲ့တယ်။ လိုင်ဇာမှာလုပ်တဲ့ အစည်းအဝေးမှာက ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံပါဝင်လို့ ဒါက တရားဝင်အသိအမှတ်ပြုတဲ့ အစည်းအဝေး ဖြစ်တယ်။ ဒါက အောင်မြင်မှုတွေ ဖြစ်တယ်။ ကျွန်တော်တို့ အမျိုးသားရေးကို ကမ္ဘာက အသိအမှတ်ပြုပြီဆိုတာကို ထည့်သွင်း ပြောသွားတယ်”ဟု ဦးဒွဲပီဆာက မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် မြန်မာအစိုးရသည် စစ်မှန်သည့်နည်းလမ်းဖြင့် ဆွေးနွေးရန်၊ နိုင်ငံရေးဆွေးနွေးမှုတွင်လည်း လက်နက်ကိုင် တိုင်းရင်းသားများ လိုလားချက်များကို အသိအမှတ်ပြုပြီး ဆက်လက် အကောင်အထည်ဖော်သွားရန်တာဝန်မှာ အစိုးရတွင် အဓိကရှိသည်ဟု KIO ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့ကြောင့် KIO အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစိုးရနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းရန်လည်း တိုက်တွန်းခဲ့သည်။

ယင်းသို့ KIO ဥက္ကဋ္ဌ မတိုက်တွန်းမီ သြဂုတ် ၆ ရက်မှစ၍ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIO တို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသဖြင့် ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌဒေါ်ဘောက်ဂျာက ပြောသည်။

သြဂုတ် ၁၀ ရက်အထိ တိုက်ပွဲဖြစ်ပွားနေသဖြင့် စဘော်မှော်တွင် လုပ်ကိုင်စားသောက်နေသူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆိုသည်။

ယင်းဒေသအနီး ကပ်မှော်ကျေးရွာ ဒေသခံတစ်ဦးက တိမ်းရှောင်နေရသည့် ဒုက္ခသည်တို့သည် ၎င်းတို့ရွာရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများတွင် မှီခိုနေရသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ အသေးစိတ်သတင်း မသိရသေးဘဲ အတည်မပြုနိုင်ဟု ဖားကန့်မြို့ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုင်ဇာထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက်ပိုင်း တိုက်ပွဲပြန်ဖြစ်သဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဒေါ်ဘောက်ဂျာက ပြောဆိုသည်။

via သတင်း http://ift.tt/1oOkCsK http://ift.tt/1mP7bZA

ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် ကချင်အာဇာနည်နေ့တွင် ကေအိုင်အိုဥက္ကဋ္ဌ တိုက်တွန်း

ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်နှင့် ရဲဘော်ရဲဘက်များအား ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ၃၉ နှစ်မြောက် အာဇာနည်နေ့မိန့်ခွန်းတွင် တော်လှန်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြရန် ဥက္ကဋ္ဌ ဦးဇောင်းဟရာက တိုက်တွန်းလိုက်သည်ဟု KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

via Burma News International | Burmese Version http://ift.tt/1oOkCsK http://ift.tt/1pKcsBd

”အစိုးရနှင့်ကေအိုင်အို ဆွေးနွေးရာတွင် စစ်ရှောင်ဒုက္ခသည် စခန်းလုံခြုံရေး ထည့်သွင်…

via Tomorrow’s Facebook Wall http://ift.tt/1qeLxQt

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ်လို့ အကြောင်…

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ်လို့ အကြောင်းကြားစာ ပို့လိုက်ပါတယ်။

တစ်ချိန်တည်းမှာ NCCT တိုင်းရင်းသား လူမျိုးများ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကလည်း မေလ နောက်ဆုံးအပတ်မှာ အစိုးရနဲ့ တွေ့ဆုံမယ်လို့ ဒီကနေ့ပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်က ဦးဝင်းမြင့်က ပြောပြထားပါတယ်။


အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကေအိုင်အို အကြောင်းကြားစာပို့
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ်လို့ အကြောင်းကြားစာ ပို့လိုက်ပါတယ်။ တစ်ချိန်တည်းမှာ NCCT တိုင်းရင်းသား လူမျိုးမ…

via BBC Burmese’s Facebook Wall http://ift.tt/1hOiVHP

KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ် အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။
"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1hzDUhP

KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ် အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။
"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1hzDUhP