မြန်မာအလုပ်သမားအရေး ကူညီသူ ဗြိတိန်နိုင်ငံသားကို ထိုင်းတရားရုံး ထောင်ဒဏ်အပြစ်ပေး

ထိုင်းနိုင်ငံက လူအခွင့်ရေးလှုပ်ရှားသူလည်းဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအ၀င်ရွှေ့ပြောင်း အလုပ်သမားရေး လှုပ်၇ှားဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံသား Andy Hall ကို ထိုင်းတောင်ပိုင်းက သစ်သီးစက်ရုံက အသရေဖျက်မူနဲ့ အီလက်ထရောနစ် မှုတွေနဲ့ တရားစွဲခဲ့တဲ့အမူနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၄နှစ်နဲ့ ငွေဒဏ်များ ချမှတ်လိုက်ပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2cWPrMy http://ift.tt/Tf1V41

အနည်းဆုံး တစ်ရက်လုပ်ခ ထပ်မံတိုးမြှင့်သွားနိုင်ဖို့ စီစဉ်

စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ ကို ထပ်တိုးမြှင့်ပေးသွားနိုင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီက စီစဉ်နေပါတယ်။

ကုန်ဈေးနှုန်းကြီးတာကြောင့် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ဟာ မလောက်ငှသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းနေတာကြောင့် တိုးမြှင့်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှဝ် ဦးကျော်ထွေး က ပြောပါတယ်။

"အနည်းဆုံးလုပ်ခလစာနဲ့ ပတ်သက်လို့ လွှတ်တော်မှာလည်း မေးခွန်းမေးထားတယ်လေ၊ လောလောဆယ် ဝန်ကြီးက လုပ်ခလစာပြောင်းလဲပေးဖို့ အစီအစဉ်မရှိတဲ့ သဘောပြောထားတယ်၊ ကျနော်တို့က ဥပဒေအရ ၂ နှစ် တစ်ခါ ပြန်လည်သုံးသပ်ရမယ့် သဘောလည်းရှိတယ်၊ ကျနော်တို့တွေက ပြည်သူတွေကြားထဲမှာ နေနေတဲ့ လူတွေဖြစ်တော့ ပြည်သူလူထုအနေနဲ့ ဒီ ၃၆ဝဝ နဲ့ လုံးဝမလောက်ငှဘူး၊ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်လည်း နိမ့်ပါးနေသေးတယ်၊ နိုင်ငံထဲမှာရှိတဲ့ လုပ်သားထုတွေအတွက် ဘယ်လောက်တိုးမြှင့်ပေးနိုင်မလဲဆိုတာကို ကျနော်တို့စတင်ပြီး စီစဉ်နေတာပါ"

အလုပ်ရှင် အလုပ်သမား အားလုံးအဆင်ပြေနိုင်မယ့် နှုန်းထားတစ်ခု သတ်မှတ်နိုင်ဖို့အတွက် အစိုးရ၊ လုပ်ငန်းရှင်၊ ကုန်သည်၊ ကုန်ဈေးနှုန်းစောင့်ကြည့်သူတွေ စတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး သွားမှာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေဥပဒေမှာ သတ်မှတ်ထားတဲ့ နှုန်းထားကို နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ် ပြင်ဆင်နိုင် တယ်လို့ သတ်မှတ်ထားတဲ့အတွက် ကုန်ဈေးနှုန်း အတက်အကျအလိုက် လိုအပ်တဲ့အချိန်မှာ ပြင်ဆင်သတ်မှတ်သွား ရမှာ ဖြစ်တယ်လို့လည်း ဦးကျော်ထွေး က ပြောပါတယ်။

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီက တစ်နိုင်ငံလုံးက အလုပ်သမားတွေကို လုပ်ငန်း အမျိုးအစားမရွေး တစ်ရက်အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ နှုန်းပေးဖို့ သတ်မှတ်ပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး အကျုံးဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အလုပ်ရှင်တွေက အလုပ်သမားအားလုံးကို ငွေကျပ် ၃၆၀၀ နဲ့သာ တန်းတူလုပ်ခပေးတာကြောင့် လုပ်သက်များသူတွေအတွက် ကျွမ်းကျင်ကြေး၊ အချိန်ပိုကြေးတွေ မရှိတော့တဲ့အတွက် အခက်အခဲတွေ ဖြစ်ခဲ့ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြား လုပ်ခလစာ ပြဿနာတွေ ပြန်လည်ဖြစ်ပေါ်ခဲ့ပါတယ်။

via သတင်းမဵား http://ift.tt/2aYdMOF http://www.rfa.org

အနည်းဆုံး တစ်ရက်လုပ်ခ ထပ်မံတိုးမြှင့်သွားနိုင်ဖို့ စီစဉ်

စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ ကို ထပ်တိုးမြှင့်ပေးသွားနိုင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီက စီစဉ်နေပါတယ်။

ကုန်ဈေးနှုန်းကြီးတာကြောင့် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ဟာ မလောက်ငှသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းနေတာကြောင့် တိုးမြှင့်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှဝ် ဦးကျော်ထွေး က ပြောပါတယ်။

"အနည်းဆုံးလုပ်ခလစာနဲ့ ပတ်သက်လို့ လွှတ်တော်မှာလည်း မေးခွန်းမေးထားတယ်လေ၊ လောလောဆယ် ဝန်ကြီးက လုပ်ခလစာပြောင်းလဲပေးဖို့ အစီအစဉ်မရှိတဲ့ သဘောပြောထားတယ်၊ ကျနော်တို့က ဥပဒေအရ ၂ နှစ် တစ်ခါ ပြန်လည်သုံးသပ်ရမယ့် သဘောလည်းရှိတယ်၊ ကျနော်တို့တွေက ပြည်သူတွေကြားထဲမှာ နေနေတဲ့ လူတွေဖြစ်တော့ ပြည်သူလူထုအနေနဲ့ ဒီ ၃၆ဝဝ နဲ့ လုံးဝမလောက်ငှဘူး၊ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်လည်း နိမ့်ပါးနေသေးတယ်၊ နိုင်ငံထဲမှာရှိတဲ့ လုပ်သားထုတွေအတွက် ဘယ်လောက်တိုးမြှင့်ပေးနိုင်မလဲဆိုတာကို ကျနော်တို့စတင်ပြီး စီစဉ်နေတာပါ"

အလုပ်ရှင် အလုပ်သမား အားလုံးအဆင်ပြေနိုင်မယ့် နှုန်းထားတစ်ခု သတ်မှတ်နိုင်ဖို့အတွက် အစိုးရ၊ လုပ်ငန်းရှင်၊ ကုန်သည်၊ ကုန်ဈေးနှုန်းစောင့်ကြည့်သူတွေ စတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး သွားမှာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေဥပဒေမှာ သတ်မှတ်ထားတဲ့ နှုန်းထားကို နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ် ပြင်ဆင်နိုင် တယ်လို့ သတ်မှတ်ထားတဲ့အတွက် ကုန်ဈေးနှုန်း အတက်အကျအလိုက် လိုအပ်တဲ့အချိန်မှာ ပြင်ဆင်သတ်မှတ်သွား ရမှာ ဖြစ်တယ်လို့လည်း ဦးကျော်ထွေး က ပြောပါတယ်။

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီက တစ်နိုင်ငံလုံးက အလုပ်သမားတွေကို လုပ်ငန်း အမျိုးအစားမရွေး တစ်ရက်အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ နှုန်းပေးဖို့ သတ်မှတ်ပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး အကျုံးဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ အလုပ်ရှင်တွေက အလုပ်သမားအားလုံးကို ငွေကျပ် ၃၆၀၀ နဲ့သာ တန်းတူလုပ်ခပေးတာကြောင့် လုပ်သက်များသူတွေအတွက် ကျွမ်းကျင်ကြေး၊ အချိန်ပိုကြေးတွေ မရှိတော့တဲ့အတွက် အခက်အခဲတွေ ဖြစ်ခဲ့ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြား လုပ်ခလစာ ပြဿနာတွေ ပြန်လည်ဖြစ်ပေါ်ခဲ့ပါတယ်။

via သတင်းမဵား http://ift.tt/2aYdMOF http://www.rfa.org

အလုပ်သမား အခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုသည့် မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံပိုင်ရှင်က အလုပ်ထုတ်

ထိုင်းနိုင်ငံရှိ ဂျယ်လီစက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားများ ဇူလိုင် ၇ ရက်တွင် ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရဲမင်း)

အလုပ်သမားအခွင့်အ ရေး အပြည့်အဝပေးရန် တောင်း ဆိုသော မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံပိုင်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံ လှပူရီမြို့နယ်ရှိ SIAMRACHABURI ဂျယ်လီစက် ရုံတွင် မြန်မာလုပ်သား ၅၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ ညဆိုင်း လုပ်ကိုင်သော မြန်မာလုပ်သား ၂၀၀ ခန့်သည် ဇူလိုင် ၆ ရက်က အလုပ်သမား အခွင့်အရေး များအပြည့်အဝပေးရန် တောင်းဆိုရာ စက်ရုံပိုင်ရှင်က ယင်းညတွင်းချင်း အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သား ၂၀၀ ခန့်ကို အလုပ်မှ ထုတ်ပယ်ခဲ့သောကြောင့် ကျန်မြန်မာလုပ်သား ၂၀၀ ခန့်က ထုတ်ပယ်ခံရသူများအား အလုပ်ပြန်ခန့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေးအပြည့်အဝပေးရေးကို ဇူလိုင် ၇ ရက်တွင် ဆန္ဒပြတောင်းဆိုရာ စက်ရုံပိုင်ရှင်က ဆန္ဒပြတောင်းဆိုသူများကို ထပ်မံ၍ အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ယင်းကိစ္စကို သွားရောက်ဖြေရှင်းပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

အလုပ်မှ ထုတ်ပယ်ခံရသူ များတွင် နှစ်နိုင်ငံ သဘောတူညီ မှုစာချွန်လွှာ (MoU) စာချုပ်ဖြင့် လာရောက်လုပ်ကိုင်သူ မြန်မာလုပ်သား ၁၀၀ ကျော်ပါဝင်ကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုခိုင်ကြီး က ပြောသည်။

‘‘ပထမ ညဆိုင်းဆင်းတဲ့ အ လုပ်သမားတွေက တစ်နေ့ လုပ် အားခထဲက ဘတ်ငွေ ၃၀ ဖြတ် တောက်ခံရမှုနဲ့ တနင်္ဂနွေနေ့မှာ အလုပ်ဆင်းခိုင်းပြီး လုပ်အားခ မပေးတာတွေကို တောင်းဆိုလို့ အလုပ်ရှင်က အလုပ်ထုတ်လိုက် တယ်။ နောက်ထပ် မြန်မာလုပ် သားတွေကထပ်ပြီး ဆန္ဒပြတောင်းဆိုလို့ အလုပ်ထုတ်လိုက်တာ။ အခုလောလောဆယ် ၄၀၀ လောက် အလုပ်ထုတ်ခံထားရတယ်’’ ဟု ကိုခိုင်ကြီးက ပြောသည်။

အလုပ်မှ ထုတ်ပယ်ခံရသောမြန်မာလုပ်သား ၄၀၀ ခန့်ကို အလုပ်ရုံပိုင်ရှင်က ၎င်းတို့နေထိုင် သောအဆောင်များ၌ ဆက်လက် နေထိုင်ခွင့်မပေးသောကြောင့် မြန်မာလုပ်သားများသည် ဇူလိုင် ၇ ရက် ညတွင် နေထိုင်ရန် အခက်အခဲဖြစ်နေကြောင်း ကိုခိုင်ကြီးက ဆက်လက်ပြောကြားသည်။

‘‘သံရုံးကိုလည်း အကြောင်း ကြားထားတယ်။ မနက်ဖြန် သံရုံးက လာပြီး ဖြေရှင်းပေးမယ်လို့ တော့ ပြောထားတယ်။ အခုက မြန်မာလုပ်သားတွေကို နေထိုင် တဲ့ အဆောင်တွေကနေပါ ကန် ထုတ်နေတာ’’ဟု ကိုရဲမင်းက ပြောသည်။

ဇူလိုင် ၁ ရက်ကလည်း မဟာချိုင်မြို့ နာနတ်သီးစက်ရုံတွင် MoU စာချုပ်ဖြင့် လာရောက်လုပ် ကိုင်သည့် မြန်မာလုပ်သား ၂၅ ဦး အပါအဝင် မြန်မာလုပ်သား ၁၂၇ ဦးတို့သည် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ကိုရဲမင်းက ပြောသည်။

ဇွန်လ ၂၀ ရက်တွင် မဟာ ချိုင်မြို့ရှိ ဖန်ထစ်အထည်ချုပ်စက် ရုံ၌ မြန်မာလုပ်သား ၄၅ ဦးကိုအလုပ်ရှင်က အလုပ်မှ ထုတ်ပယ် သောကြောင့် ထုတ်ပယ်ခံ မြန်မာလုပ်သားများက ယင်းစက်ရုံပိုင်ရှင်ကို အမှုဖွင့် တိုင်ကြားထားသည်။

ဇွန်လ ၂၇ ရက်ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် တွင် လုပ်ကိုင်နေသော မြန်မာရေ လုပ်သား ၂၁ ဦးက အလုပ်သမား အခွင့်အရေးများ တောင်းဆိုသည် ဆိုကာ ၎င်းတို့၏လှေပိုင်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဦး ထူးချစ်က ပြောသည်။

 ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ၏အခွင့်အရေးများ နှင့်ပတ်သက်၍ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်မှာများ လွန်းသည်ဆိုကာ ထိုင်းနိုင်ငံသား အချို့က မြန်မာမုန်းတီးရေးလှုပ် ရှားမှုများကို လူမှုကွန်ရက်စာမျက် နှာများပေါ် ရေးသားလှုံ့ဆော်နေ ပြီး ထိုင်းအစိုးရကလည်း မြန်မာ လုပ်သားများကို တင်းကျပ်စွာစစ် ဆေးမှုများ ပြုလုပ်လာကြောင်း ထိုင်းရောက်မြန်မာလုပ်သားများ အရေး ဆောင်ရွက်ပေးနေသည့် မြန်မာအဖွဲ့အစည်းများက ပြော သည်။

via 7 Days News http://ift.tt/29pd0Jb http://ift.tt/1Vus636

အလုပ်သမားသံအရာရှိထံ အပ်နှံထားသည့် လူကုန်ကူးခံ မြန်မာ ၃ ဦးထွက်ပြေး

လူကုန်ကူးမှု

ကယ်ဆယ်ပြီးတောက် ပြန်လည် ထွက်ပြေးသွားသော အလုပ်သမား ၃ ဦး (ဓာတ်ပုံ – MAT)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး အလုပ်သမားအရာရှိထံ အပ်နှံထားသည့် လူကုန်ကူးခံ မြန်မာ ၃ ဦး ယနေ့ မနက်တွင် ပျောက်ဆုံးသွားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် က ဧရာဝတီသို့ ယနေ့ ပြောဆိုသည်။

အဆိုပါ လုပ်သား ၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) က ချုံဘူရီမြို့နယ်၊ အချောင်ငါးဖမ်း လှေဆိပ်မှ ကယ်ထုတ်လာခဲ့ပြီး အလုပ်သမား သံအရာရှိထံ အပ်နှံထားရာမှ ဇွန်လ ၂၈ ရက်နေ့က ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က “မနေ့က သူဟာသူတို့ ထွက်ပြေးသွားတယ်ဗျာ။ ကျနော်တို့ အစီအစဉ်က သူတို့ကို စစ်ဆေးပြီးတဲ့အချိန် မြန်မာနိုင်ငံကို ပြန်လွှဲမှာ၊ သူတို့က လှေလုပ်သားဖြစ်တဲ့အတွက် လူကုန်ကူးမှု စစ်၊ မစစ်ဆိုတာ စစ်ဆေးပြီး ပြန်ပို့မှာ။ ဒီမှာ အလုပ် ဆက်လုပ်ချင်ပါတယ်ဆိုလို့ မရဘူး။ ကျနော်တို့က တရားဝင်ပြန်ပို့မှာ၊ သူတို့က ဒီမှာ မူးယစ်ဆေးတွေ ဘာတွေသုံးစွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အလုပ်သမား ၃ ဦးကို သံရုံးအလုပ်သမား သံအရာရှိက မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရုံးတွင် ထားရှိထားရာက ထွက်ပြေးသွားကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သား ၃ ဦးသည် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အထောက်အထား ပန်းရောင်ကတ်ရှိပြီး ၎င်းတို့က မြန်မာနိုင်ငံ ပြန်ပို့လျှင် အလုပ်အကိုင်နှင့် ငွေကြေး အခက်အခဲများ ကြုံမည်စိုးရိမ်သဖြင့် ထိုင်းတွင် ဆက်လက်၍ အလုပ် လုပ်ကိုင်လိုကြောင်း တောင်းဆိုထားသည်ဟု MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

“ကျနော်တို့ ကယ်ထုတ်ခဲ့တုန်းကလည်း သူတို့က ပြောတယ်။ သူတို့ဟာ ပိတ်လှောင်ခိုင်းစေ ခံထားရတဲ့အတွက် လစာလည်း မရဘူး။ အဲဒီအတွက် မိသားစုအတွက် ပိုက်ဆံမပါဘဲ မြန်မာပြည် မပြန်လိုကြဘူး။ မြန်မာပြည်ကလည်း အလုပ်အကိုင် ရှားတော့ ဒီမှာ လှေအလုပ် မဟုတ်တဲ့ တခြားအလုပ် လုပ်လိုကြောင်း အကူအညီတောင်းတယ်။ မြန်မာသံရုံးဘက်က ပြန်ပို့မယ်ဆိုတော့ သူတို့ ထွက်ပြေးသွားကြတာ ဖြစ်မယ်” ဟု ဦးကျော်သောင်း က ဧရာဝတီသို့ ပြောသည်။

အဆိုပါ မြန်မာ အလုပ်သမား ၃ ဦးသည် အချောင်ငါးဖမ်းလှေဆိပ်တွင် ၃ လမှ ၃ နှစ်ကျော်အထိ ရောင်းစား ခံထားရသူများဖြစ်ပြီး လှေပိုင်ရှင်နှင့် လှေဦးစီးများကလည်း အဆိုပါ မြန်မာလုပ်သားများအား စိတ်ကြွဆေးများ ကြွေး၍ ပင်လယ်ငါးဖမ်း လုပ်ငန်းကို လုပ်ခိုင်းခဲ့ကြောင်း ကာယကံရှင်များကလည်း ပြောသည်။

သူတို့ အသက်မသေဘဲ လွတ်မြောက်လာမှုကို ဝမ်းသာကြောင်း ၎င်းလုပ်သက် ၃ နှစ်အတွင်း လှေပေါ်တွင် လှေပိုင်ရှင်နှင့် လှေဦးစီးများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာ ရေလုပ်သားပေါင်း ဆယ်ဂဏန်းခန့် ရှိကြောင်း လွတ်မြောက်လာသည့် ၃ ဦးအနက် မန္တလေးသားဖြစ်သည့် ကိုအောင်ပိုင်က ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ကိုအောင်ပိုင်က “ကျနော်တို့ကို အလုပ်သမားကတ်တွေပေးပြီး လွှတ်လိုက်တယ်။ ကျနော်တို့ လစာတောင်းရင်တော့ အသတ်ခံရမှာ သေချာတယ်။ ဘာလို့လဲဆိုရင် ဒီလိုတောင်းလို့ အသတ်ခံရတဲ့ သူတွေ ကျနော့်မျက်စိရှေ့မှာတင် မနည်းဘူး။ သူတို့က မူးယစ်ဆေးဝါးတွေလည်း ရောင်းတယ်။ ကျနော်တို့ကိုလည်း အဲဒါတွေပဲ တိုက်ပြီး ပိတ်လောင်ပြီး အလုပ်လုပ်ခိုင်းခဲ့တာ” ဟု ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်၌ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အခက်အခဲ ကြုံတွေ့နေရသည့် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မြန်မာသံရုံးထံ သွား၍ အကူအညီ တောင်းခံကြရန် လိုအပ်ကြောင်း မြန်မာသံရုံးအနေဖြင့် အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

MAT ဒါရိုက်တာ ဦးကျော်သောင်း က “ဒေါ်အောင်ဆန်းစုကြည် လာတုန်းက အလုပ်သမားတွေ အခက်အခဲရှိရင် သံရုံးကို တိုက်ရိုက် အကြောင်းကြားဖို့ မှာခဲ့တယ်။ ကျနော်တို့ ကယ်ထုတ်ပြီး သွားအပ်တယ်။ သံရုံးအနေနဲ့လည်း တာဝန်ယူ ဆောင်ရွက်ပေးသင့်တယ်” ဟု ဆိုသည်။

MAT အဖွဲ့သည် ပင်လယ်ပြင် ငါးဖမ်းလှေများ အပါအဝင် ထိုင်းနိုင်ငံအတွင်း ရောင်းစားခံနေရသည့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကယ်တင်နေသည့် အဖွဲ့ဖြစ်ပြီး မေလလယ်ပိုင်းကလည်း ပင်လယ်ပြင်တွင် နှစ်ချီ ရောင်းစားခံထားရသည့် မြန်မာရေလုပ်သား ၁၃ ဦးကို ကယ်ထုတ်ခဲ့သေးသည်။

၎င်းတို့ ကယ်တင်ခဲ့သည့်အထဲ ယခု အကြိမ်အပါအဝင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၇၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံရသူပေါင်း ၅၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂၆၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ ဦး နှင့် ၂၀၁၅ ခုနှစ်တွင် ၁၇၄ ဦးတို့ကို MAT အဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

The post အလုပ်သမားသံအရာရှိထံ အပ်နှံထားသည့် လူကုန်ကူးခံ မြန်မာ ၃ ဦးထွက်ပြေး appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/295YGpY http://ift.tt/1OYtTeJ

ပန်ဒါစက်ရုံပိုင်ရှင် ကြေညာချက် အလုပ်သမားတွေ လက်မခံ

တရားစွဲခံထားရတဲ့ ပုလိပ်မြို့ ပန်ဒါချည်မျှင်နဲ့အထည်စက်ရုံပိုင်ရှင်က အလုပ်သမားတွေကို ဖြတ်တောက်ခဲ့တဲ့ အချိန်ပိုလုပ်ခလစာတွေပေးမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြီး အသိပေးလိုက်ပါတယ်။

သပိတ်မှောက် အလုပ်သမားတွေအနေနဲ့ အဲ့ဒီငွေကို အခုချိန်မှာမထုတ်သေးဘဲ တရားရုံးအမိန့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဇာခြည်ဝင်းက ပြောပါတယ်။

"မနေ့ကညပိုင်းမှာ ကျမတို့ခေါင်းဆောင်တွေကို ခေါ်ပြောတယ်ပေါ့၊ အလုပ်ရှင်က ဖြတ်တောက်ထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးမယ်ဆိုတဲ့အကြောင်းခေါ်ပြောတယ်၊ အရင်တုန်းက သူတို့ပဲ ဥပဒေကြောင်းအရဖြတ် တာပါ၊ ဥပဒေနဲ့အညီ လုပ်တာပါဆိုပြီး အခုဥပဒေအရ အရေးယူခံရတော့မယ်ဆိုမှ ကျမတို့ကိုပေးပါမယ် ဆိုပြီး ချွေးသိပ်တဲ့ဟာမျိုးလုပ်နေတယ်၊ ဒါပေမဲ့ ကျမတို့ဝန်ထမ်းအများစုရဲ့ သဘောဆန္ဒကတော့ ဖြတ်တောက် ထားတဲ ပိုက်ဆံတွေကို သူတို့လာထုတ်ပေးတယ်ဆိုရင်လည်း လတ်တလောမှာတော့ ကျမတို့ ထုတ်ဖို့အစီအစဉ် မရှိသေးဘူး"

ပြည်သူပိုင် ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပန်ဒါကုမ္ပဏီက စက်မှုဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုပြီး နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခဲ့တာပါ။ အဲဒီစာချုပ်ကို ပိုင်ရှင်ဘက်က ချိုးဖေါက်တဲ့အတွက် အလုပ် သမားတွေက အခုဆိုရင် ၃ နှစ်အတွင်း ၃ ကြိမ်မြောက် သပိတ်မှောက် ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ဖေါက်ဖျက်မှုနဲ့ ပန်ဒါကုမ္ပဏီပိုင်ရှင်ကို အလုပ်သမားဦးစီးဌာနက တရားစွဲလိုက်ပြီး၊ လာမယ့် ဇွန်လ ၂၃ ရက်နေ့ကျရင် စဥ့်ကိုင်မြို့နယ် တရားရုံးမှာ ပထမဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပုလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်ရှင်-အလုပ်သမား ပြဿနာနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့  အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မဇာခြည်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါပြီ။

via သတင်းမဵား http://ift.tt/1Xsc6Bg http://www.rfa.org

ကျွန်ပြုခိုင်းစေခံရတဲ့ မြန်မာ ၅ သိန်းကျော်ရှိ

"ကျနော်တွေ့ဖူးသလောက် ကယ်ထုတ်တဲ့ အတွေ့အကြုံတွေအရ ပြောမယ်ဆိုလို့ရှိရင် ထိုင်းငါးဖမ်းလှေတွေ ပေါ်မှာရှိတဲ့ ၉၇% လောက်က လူကုန်ကူးခံကြရတဲ့ မြန်မာအလုပ်သမားတွေဖြစ်တယ်။"

via VOA News: မြန်မာသတင်း http://ift.tt/1sK5IZg http://ift.tt/Tf1V41

သဘောတူညီချက်အချို့ ချမှတ်နိုင်၍ တိုင်ရီဆန္ဒပြအလုပ်သမား ၉၀၀ကျော် အလုပ်ပြန်ဆင်းမည်

ဓာတ်ပုံ-စိုးသူအောင်

ရန်ကုန်၊ ဒီဇင်ဘာ ၅ ။          ။ တိုင်ရီစက်ရုံအလုပ်ရှင်၊ အလုပ်သမား ၊ဝန်ကြီးဌာနတို့ ဒုတိယအကြိမ်အဖြစ် သုံးပွင့်ဆိုင်ဆွေးနွေးအပြီး အပြုသဘောဆောင်သည့် သဘောတူညီချက် အချို့ကိုချမှတ်နိုင်ခဲ့   သောကြောင့် ဆန္ဒပြအလုပ်သမား ၉၀၀ကျော် အလုပ်ပြန်ဆင်းကြမည် ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာန မှ ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။

အလုပ်သမားအဖွဲ့စည်း ဥပဒေတွင် ပါဝင်သည့် လုပ်ပိုင်ခွင့် ရပိုင်ခွင့်များကိုမရ ရှိဟုဆိုကာ ဆန္ဒပြတောင်းဆိုနေသည့် တိုင်ရီအလုပ်သမားအဖွဲ့သည် သဘောတူညီချက် ၇ချက်ကို သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လာမည့် ဒီဇင်ဘာ ၇ရက်နေ့တွင် အချိုးတူကိုယ်စားလှယ်များပါဝင်သည့် သုံးကြိမ်မြောက်ဆွေးနွေးရန် သဘောတူလက်မှတ်ထိုးခဲ့ကြောင်း ဦးထင်အောင်ကပြောသည်။

တိုင်ရီအလုပ်သမားအဖွဲ့အစည်းအနေဖြင့် တောင်းဆိုသည့် အချက်များကို အားလုံးမရရှိသေးသော်လည်း အပြုသဘောဆောင်သည့် အနေဖြင့် အလုပ်ပြန်လည်ဆင်းမည်ဖြစ်ပြီး ဆက်လက်   ဆွေးနွေးရာတွင် သဘော တူညီမှု မရရှိသေးသည့် အချက်များကို ၂၀၁၂အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် အညီ အဆင့်ဆင့်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်ရီအလုပ်သမားသမဂ္ဂဥက္ကဌ ဒေါ်မိုးဝေက ပြောသည်။

အချက် ၇ချက်ပါရှိသည့် သဘောတူစာချုပ်ကို တိုင်ရီအလုပ်သမားအဖွဲ့မှ ၇ဦး အလုပ်ရှင်ဘက်မှ ၃ဦးနှင့် ဝန်ကြီးဌာနဘက်မှ ဒုဝန်ကြီး ဦးထင်အောင်က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး လာမည့် ဒီဇင်ဘာ ၇ရက်နေ့ မနက်၉နာရီခွဲ အချိန်တွင် လှိုင်သာယာစက်မှု့ဇုန်ရှိ ကနောင်ခမ်းမတွင်ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1TLao9z http://ift.tt/1nfHMox

ဟန်ဂျင်းအထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး စက်ရုံအတွင်း အလုပ်ရပ် ဆန္ဒဖော်ထုတ်နေတဲ့ ရွှေပြည်သာစက်မှုဇုန် ၁ ဟန်ဂျင်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေ[…]

The post ဟန်ဂျင်းအထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ appeared first on DVB.

via DVB | DVB http://ift.tt/1FCrYKc http://burmese.dvb.no

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလစာသတ်မှတ်ရေး အမေရိကန် FLA အလုပ်သမားသမဂ္ဂထောက်ခံ

မြန်မာနိုင်ငံမှာ မကြာသေးခင်က အဆိုပြုထားတဲ့ အနိမ့်ဆုံးလုပ်ခလစာအဖြစ် တနေ့ကို မြန်မာကျပ် ၃,၆၀၀ နှုန်းကို အမေရိကန်ပြည်ထောင်စုအခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးနဲ့ နာမည်ကျော် စီးပွားရေးကုမ္ပဏီတွေက ထောက်ခံကြိုဆိုလိုက်ပါတယ်။
ဒါ့အပြင် ဒီနှုန်းအောက်လျှော့ပေးဖို့ စည်းရုံးလုပ်ဆောင်နေတဲ့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်တွေရဲ့ လုပ်ရပ်တွေကို ကန့်ကွက်လိုက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မျှတတဲ့ လုပ်ခလစာကိုပေးဖို့ လိုလားကြောင်း ပြောကြားလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့…

via Voice of America http://ift.tt/1CP4ZKJ http://ift.tt/Tf1V41

စည်းမျဉ်းနှင့်မညီဘဲ စက်ရုံများပိတ်သိမ်းလျှင် ဥပဒေအရ အရေးယူမည်

လုပ်ငန်းရှင်တွေအနေနဲ့ စည်းမျဉ်းနဲ့မညီဘဲ စက်ရုံတွေ ပိတ်သိမ်းမယ်ဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောပါတယ်။[…]

The post စည်းမျဉ်းနှင့်မညီဘဲ စက်ရုံများပိတ်သိမ်းလျှင် ဥပဒေအရ အရေးယူမည် appeared first on DVB.

via DVB | DVB http://ift.tt/1eWsGp3 http://burmese.dvb.no

လုပ်ခလစာ အနည်းဆုံး ကျပ် ၄,၀၀၀ ရရှိရေး အလုပ်သမား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်

လှိုင်သာယာ စက်မှုဇုန်မှ အလုပ်သမားများ အနည်းဆုံး လုပ်ခလစာ ကျပ် ၄,၀၀၀ ရရှိရေး ဆန္ဒပြနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
    မြန်မာနိုင်ငံအတွင်းရှိ အခြေခံအလုပ်သမားများ တစ်နေ့လျှင် လုပ်ခလစာ အနည်းဆုံး ကျပ် ၄,၀၀၀ ရရှိရေးအတွက် ယနေ့ အလုပ်သမား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်။
လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ စက်ရုံ ၁၅ ရုံမှ အလုပ်သမား ၃၀၀ ကျော်သည် ယနေ့ နံနက် ၉ နာရီတွင် လှိုင်သာယာ မီးခွက်ဈေး အောက်

via သစ်ထူးလွင် (နေ့စဉ်သတင်း) – Thit Htoo Lwin http://ift.tt/1GfGykf http://ift.tt/Y2RpwJ

အလုပ်ပိတ်ပြီး ပြန်သွားတယ်ဆို ဒီအတိုင်းထွက်သွားလို့ မရဘူး၊ ဥပဒေကရှိပြီးသား၊ အလုပ်သမားကို အလုပ်အတွက် နစ်နာကြေး လျော်ကြေးပေးရမယ်

via moi http://ift.tt/1NNHd2D http://ift.tt/1KnLGaX

အနည်းဆုံး အခကြေးငွေ ၃,၆၀၀ ကျပ်၌ ထပ်တိုးစရိတ်များ ပေါင်းထည့်ရမည်ဟု ဆို

အစိုးရက တရားဝင် ထုတ်ပြန်လိုက်သည့် အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား ၃,၆၀၀ ကျပ်တွင် ထပ်တိုး စရိတ်များ ပေါင်း ထည့်ပေးမှသာ လက်ခံနိုင်မည်ဖြစ်ကြောင်း အလုပ်သမား သမဂ္ဂများက ပြောဆိုသည်။

The post အနည်းဆုံး အခကြေးငွေ ၃,၆၀၀ ကျပ်၌ ထပ်တိုးစရိတ်များ ပေါင်းထည့်ရမည်ဟု ဆို appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1IySmUX http://ift.tt/1iYMpUI

တရက် အနည်းဆုံး လုပ်ခ ၃၆၀၀ ကျပ် သတ်မှတ်မည့်အပေါ် အမြင်များ

အလုပ်သမားတွေ ဘက်က တောင်းဆိုထားတာ ၄၀၀၀ ကျပ်ဆိုတော့ ဒီအပေါ်မှာ ကျေနပ်ကြမှာ မဟုတ်ဘူး။ ၄၀၀၀ ကျပ်ကို မလျှော့ဘူး ဆိုတဲ့ သဘောမျိုး ရှိနေတယ်

The post တရက် အနည်းဆုံး လုပ်ခ ၃၆၀၀ ကျပ် သတ်မှတ်မည့်အပေါ် အမြင်များ appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1HqMUCH http://ift.tt/1iYMpUI

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် သဘောတူညီမှုရ

မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး ကိစ္စမှာ တရက် ၄၀၀၀ နီးပါး သတ်မှတ်ပေးနိုင်ဖို့အတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မီတီက ကြားဝင် ညှိနှိုင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလာမယ့် ရက်ပိုင်းအတွင်း အစိုးရက အတည်ပြုပေး ပြီးရင်တော့ အလုပ်သမားရေး ၀န်ကြီးဌာနက တရားဝင်ကြေညာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဒီသတင်းပတ်ထဲ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွေအပြီး အခုလို ဖြစ်ပေါ်လာတာပါ။ ဆက်သွယ်မေးမြန်း ထားတဲ့ကိုဉာဏ်ဝင်းအောင်က…

via Voice of America http://ift.tt/1GCwUIU http://ift.tt/Tf1V41

ဆန္ဒပြအထည်ချုပ်အလုပ်သမ ၂၇ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးမှာ ထိုင်သပိတ်ဆင်နွှဲဆန္ဒပြ ခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန် ၃က အလုပ် သမ ၂၇ ယောက်ကို ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးထား ဆဲလို့ အလုပ်သမားတွေက ပြောပါတယ်။

via သတင်းများ http://ift.tt/1aNKr8i http://www.rfa.org

ရွှေပြည်သာ အလုပ်သမားတွေ တရားဝင်ဆန္ဒပြခွင့် ငြင်းပယ်ခံရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်က Eland Myanmar စက်ရုံရှေ့မှာ တစ်လနီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့်ရဖို့ ခွင့်ပြုချက်တောင်းရာမှာ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့က ငြင်း ပယ်လိုက်ပါတယ်။

via သတင်းများ http://ift.tt/1awglWW http://www.rfa.org


ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်နှစ်ဦးကို ၅ဝ၅/ခ နဲ့ တရားစွဲ
burmese.voanews.com
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်ရုံသုံးရုံကအလုပ်သမားတွေ စုပေါင်းဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးခံထားရတဲ့အလုပ်သမားခေါင်းဆောင်နှစ်ဦးကို နိုင်ငံတော်ကိုအကြည်ညိုပျက်စေတဲ့ပုဒ်မနဲ့ တရားစွဲလိုက်ပါတယ်…

via Assistance Association for Political Prisoners (Burma)’s Facebook Wall http://ift.tt/1D8inTH http://ift.tt/g8FRpY

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄…

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
သတင်းထုတ်ပြန်ချက် (၂/၂၀၁၅)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့
၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်

၁။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့တို့မှ အလုပ်သမားအချို့တို့သည် လုပ်အားခတိုးရလိုမှုနှင့် စပ်လျဉ်း၍ ဆန္ဒပြတောင်းဆိုမှုများအပေါ် ရန်ကုန် တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့သည် သက်ဆိုင်ရာ စက်ရုံအသီးသီးမှ အလုပ်ရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပဒေနှင့် မညီညွှတ်သော ကိစ္စရပ်များကို ဦးတည်ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၅) ဖြင့် (၁၇-၂-၂၀၁၅) ရက်နေ့က ထုတ်ပြန်၍ သတိပေးခဲ့ပါသည်။

၂။ (၂၀-၂-၂၀၁၅) ရက်နေ့က ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ(၃) ရုံရှေ့တွင် ယာယီတဲများထိုး၍ ညအိပ်ခြေပြုကာ ပိတ်ဆို့ဆန္ဒပြနေသော အစုအဖွဲ့များကိုလည်း မြို့မမြို့ဖများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့များက ညှိနှိုင်းဖြန်ဖြေခဲ့ပါ သည်။ ထိုသို့ ဆွေးနွေးညှိနှိုင်း ဆွေးနွေးမှုများကြောင့် စက်ရုံ(၂)ခုရှေ့မှ ယာယီတဲများနှင့် အစုအဖွဲ့များကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သော်လည်း ကျန်စက်ရုံ (၁) ရှေ့ရှိ အစုအဖွဲ့များမှာမူ ပြင်ပမှ ဆူပူလိုသူများနှင့် ပေါင်းမိပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်လာပါ သည်။ ထို့ကြောင့် တာဝန်ရှိသူများက တည်ဆဲဥပဒေနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ တားဆီး ဆောင်ရွက်ခဲ့ရာ မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၃။ ယနေ့အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၏ ကြိုးပမ်း စွမ်းဆောင်မှုနှင့် တာဝန်ရှိ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု များကြောင့် ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ(၁)ရုံမှအပ ကျန်ဆန္ဒပြစက်ရုံအားလုံး အလုပ်ရှင်၊ အလုပ်သမားများ၏ ညှိနှိုင်းပြေလည် မှုများ ရရှိကာ အလုပ်သမားများအနေဖြင့် လုပ်ခလစာတိုးမြှင့်ရရှိပြီး အလုပ်ရှင်များအနေဖြင့်လည်း စက်ရုံများ ဆက်လက်လည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

၎။ သို့ဖြစ်ပါ၍ တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆောင်ရွက်သင့်သည်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး ဥပဒေနှင့်မညီညွတ်သော အကြမ်းဖက်တောင်းဆိုဆန္ဒပြမှုများ၊ အဖျက်အမှောင့် ပြုလုပ် ပိတ်ဆို့မှုများ အပါအဝင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေ ရန် ဦးတည်ဆောင်ရွက်သူများကို တည်ဆဲဥပဒေများနှင့် အညီအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်မံ သတိပေး လိုက်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

via MOI Webportal Myanmar’s Facebook Wall http://ift.tt/1Glh8UP http://ift.tt/g8FRpY